← Chapters

ဗျူဟာပြောင်းမည်

Vol. 54 Ch. 638

ဗျူဟာပြောင်းမည်

Vol. 54 Ch. 638

​"ဟေး ဟိုမှာ..သူတို့..ဆိပ်ကမ်းကို လာနေကြပြီ.."

​

သင်္ဘောအုပ်စုကြီးသည် တစ်စီးပြီးတစ်စီး ဆိပ်ကမ် းသို့ တန်းစီကာ ချဉ်းကပ်လာနေကြသည်။ထိုမျှ ကြီးမားလှသည့်သင်္ဘောအုပ်စုမျိုးကို မြင်တွေ့ ရဖို့ ဆိုသည်မှာ လွန်စွာမှ ရှားပါးလှသော အခွင့်အရေးပ င် ဖြစ်၏။

​

လျူယောင်၏ ထက်မြက်လှသော အမြင်အာရုံကြေ ာင့် သင်္ဘောတစ်စီးချင်းစီပေါ်တွင် သယ်ဆောင်လာ သော သတ္တုများကို အတိုင်းသား မြင်နေရသည်။သူ က ဘေးနားမှာရှိသော သတ္တုဌာနမှရှင်းဖေးဝမ်ထံသို့ လှည့်ကြည့်ကာ ပြုံး၍ ပြောလိုက်၏။

​"အကြီးအကဲရှင်း.. ခင်ဗျားရဲ့ ဧရာမသိုလှောင်ရုံကြီး ကတော့ တကယ်ကို အသုံးတည့်တော့မှာပဲဗျ.."

​ယူနီဗာဆဲလ်ကဲ့သို့သော လုပ်ငန်းစုကြီး၏ ဌာနခွဲမှ ဒါရိုက်တာတစ်ဦး ဖြစ်သော်လည်း သူ့ရှေ့မှ သတ္တု များ သယ်လာသည့်ကို မြင်သောအခါ ရှင်းဖေးဝမ် တစ်ယောက် စိတ်တည်ငြိမ်မှုအား မထိန်းနိုင်ခဲ့ပေ။ သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် လက်သီးကို တ င်းတင်းဆုပ်ထားမိသည်။

​"သတ္တု တန်ချိန် သိန်းနဲ့ချီတောင်မှလား..."

​သူ့စိတ်ထဲတွင် ထိုကဲ့သို့ ရေတွက်ရင်း အံ့ဩမှင်သ က်နေမိ၏။ထိုမျှများပြားလှသော သတ္တုပမာဏမှာ စိတ်ကူးကြည့်ရုံဖြင့်ပင် ရင်ခုန်စရာကောင်းလှသည် ။

​သင်္ဘောအုပ်စုကြီးသည် ဆိပ်ကမ်းသို့ တဖြည်းဖြည် း ဆိုက်ကပ်လာသည်နှင့်အမျှ ပတ်ဝန်းကျင်မှာ ရှိ နေသော လူများစွာ၏ အာရုံမှာလည်း ထိုသင်္ဘော ကြီးတွေဆီသို့သာ ရောက်ရှိသွားပေသည်။လမ်းသွာ း လမ်းလာများကပင် ခြေလှမ်းများကို ရပ်တန့်ကာ မယုံ ကြည်နိုင်သည့် အမူအရာများဖြင့် ဝိုင်းကြည့် နေ၏။

လူအုပ်ထဲမှ တစ်ဦးက အံအားသင့်ကာ ရေရွတ်လို က်သည်။

​"ဟေး... ကြည့်စမ်းပါဦး..သင်္ဘောကြီးတွေ အများ ကြီးပဲ..ဘယ်နှစ်စီးတောင်မှပါလိမ့်.."

​ဘေးနားရှိ အခြားတစ်ဦးကလည်း စိတ်လှုပ်ရှားစွာ ဖြင့် ချက်ချင်းပင် တုံ့ပြန်လိုက်၏။

​"ရေမနေနဲ့တော့.. ငါရေပြီးပြီ..စုစုပေါင်း သင်္ဘော ကြီး ခုနစ်စီးတောင်ဗျ..အဲဒီထဲမှာ အသေးဆုံးလို့ ပြေ ာလို့ရတဲ့ သင်္ဘောတောင် တန်ချိန် တစ်သိန်းကျော် လောက် ရှိတယ်ဟ.."

​"ဟိုမှာကြည့်စမ်း... သင်္ဘောပေါ်က လိုဂိုကို.. အားလုံ းက ယူနီဗာဆဲလ်က သင်္ဘောတွေချည်းပဲ.. တက ယ်ကို အံ့မခန်းပါပဲဗျာ"

​"ဟုတ်ပါ့ဗျာ.... သူတို့က ကမ္ဘာ့အကြီးဆုံး သင်္ဘော လုပ်ငန်းစုကြီး မဟုတ်လား.. သူတို့ရဲ့ စုစုပေါင်း တန် ချိန်ပမာဏက ဒုတိယနေရာမှာရှိတဲ့ ကုမ္ပဏီနဲ့တောင် အပြတ်အသတ် ကွာနေပြီဗျ.."

​လူများစွာ၏ မျက်စိရှေ့မှောက်မှာပင် ထိုဧရာမသ င်္ဘောကြီးများသည် ဆိပ်ကမ်းသို့ တစ်စီးပြီးတစ်စီး အစီအရီ ဆိုက်ကပ်လာကြသည်။ဆိပ်ခံတံတားဘေ းတွင် သင်္ဘောများနေရာယူလိုက်သည်နှင့် တစ်ပြို င်နက် ငြိမ်သက်နေသော ဆိပ်ကမ်းတစ်ခုလုံးမှာ သ က်ဝင်လှုပ်ရှားလာခဲ့၏။

ကရိန်းကြီးများက ဟန်ချက်ညီညီ လှုပ်ရှားလာပြီး သင်္ဘောပေါ်မှ သတ္တုချောင်းများကို မ တင်ကာ စန စ်တကျ ချနေကြသည်။

​ဆိပ်ကမ်းမှ ကီလိုမီတာ အနည်းငယ်အကွာရှိသည့် ယူနီဗာဆဲလ်မှ သိုလှောင်ရုံကြီးဆီသို့ သတ္တုသယ် လာသည့် ကားများ အဆက်မပြတ် မောင်းဝင်လာ ကြ၏။ထို့နောက်စက်ယန္တရားများဖြင့် သတ္တုချောင်း များကို သပ်ရပ်စွာ စုပုံလိုက်ကြသည်။

​အမျိုးအစားအလိုက် ခွဲခြားထားရာတွင် မီးခိုးနက် ရောင် သတ္တုချောင်းများက အများဆုံးဖြစ်ပြီး အန က် ရောင် သတ္တုချောင်းများနှင့် တလက်လက်တော က်ပနေသော ငွေထြူရောင်သတ္တုချောင်းများကိုလ ည်း အစီအရီ စုပုံထားသည့် မြင်ကွင်းမှာတောင်တန်း ငယ်များသဖွယ် ဖြစ်နေပေသည်။

​တစ်ချိန်တည်းမှာပင် အခြားတစ်နေရာရှိ အဆင့်မြင့် အစည်းအဝေးခန်းမကြီးတစ်ခုအတွင်း၌ လူတချို့ က စုဝေးကာ ဆွေးနွေးနေကြ၏။ထိုအစည်းအဝေး ခန်းမ၏ မျက်နှာပြင်ကျယ်ကြီးပေါ်တွင် ဂြိုလ်တုမှ ရိုက်ကူးထားသော ဓာတ်ပုံတစ်ပုံကို ပြသထား ပေ သည်။

အကယ်၍သာ ရှင်းဖေးဝမ်သာ ထိုနေရာတွင် ရှိနေ ပါက ထိုပုံများကို မြင်သည်နှင့် ဤကဲ့သို့ တအံ့တ ဩ ရေရွတ်မိပေလိမ့်မည်။

​"လခွမ်း..ဒါ..ဒါက . သိုလှောင်ရုံကြီးရဲ့ ဓာတ်ပုံမဟု တ်ဘူးလား" ဟူ၍ပင်။

​အမှန်တကယ်တွင်မူ ထိုသိုလှောင်ရုံကြီးကို စတင် ဆောက်လုပ်စဉ်ကတည်းက E နိုင်ငံ အပါအဝင် က မ္ဘာ့အင်အားကြီး နိုင်ငံများနှင့် ထိပ်တန်းကော်ပိုရေး ရှင်းလုပ်ငန်းကြီးများက မျက်တောင်မခတ် စောင့် ကြည့်နေကြခြင်း ဖြစ်၏။

​"အင်း..ဒါက ငါတို့ ခန့်မှန်းထားတဲ့အတိုင်းပါပဲ... ဒီ လောက်ကြီးမားတဲ့ သိုလှောင်ရုံကြီးမှာ သတ္တုတွေ အလုံးအရင်းနဲ့ သိုလှောင်ဖို့ပဲ ဆောက်ထားတာပဲ.."

​အစည်းအဝေးခန်းမအတွင်းရှိ လူများ၏ မျက်လုံး ထဲတွင်မူ မနာလိုသည့် အရိပ်များ ယှက်သန်းနေပေ သည်။

​"ဒါက သတ္တုတန်ချိန် သိန်းနဲ့ချီတောင်မှပါလား... တကယ်ကို အံ့ဩစရာပဲကွာ.. ပြီးတော့ တကယ်ကို မနာလိုစရာကောင်းတဲ့ ပမာဏပဲ.."

​သူတို့ ထိုမျှအထိ မနာလိုဖြစ်နေရသည်မှာ အကြော င်းမဲ့မဟုတ်ပေ။

သူတို့နိုင်ငံ၏ အဆင့်မြင့်ကုန်ထုတ်လုပ်မှု ကဏ္ဍများ တွင် ထိုသတ္တုပစ္စည်းများကို အရေးတကြီး လိုအပ် နေသော်လည်း ယူနီဗာဆဲလ်ဘက်မှ တင်ပို့ရောင်းချ မှု မူဝါဒက အလွန်ပင် တင်းကျပ်လွန်းနေသည်။

ယူနီဗာဆဲလ်၏ သဘောထားမှာ ရှင်းလင်းပြတ်သား လွန်းလှ၏။​ယန်နိုင်ငံနှင့် ရင်းနှီးသော နိုင်ငံများကို လိုသလောက် တင်ပို့ပေးခဲ့သည်။သူတို့နှင့် ဆက်ဆံ ရေး ခပ်တန်းတန်း ရှိသူများကိုမူ အနည်းငယ်သာ ခွဲတမ်းချပေး၏။

​ရန်လိုသော သဘောထားရှိသူများကိုမူကား တစ်ကီ လိုဂရမ်ပင် ရောင်းမပေးဘဲ လုံးဝ ပိတ်ပင်ထားခဲ့သ ည်။

​E နိုင်ငံ သည်လည်း M နိုင်ငံ ၏ ခြေလှမ်းအတိုင်း လိုက်နေသူ ဖြစ်သောကြောင့် ယူနီဗာဆဲလ်ထံမှ ဝယ် ယူခွင့်ရသည့် သတ္တုပမာဏမှာ အလွန်နည်းပါးလှ၏ ။ ယခုအချိန်အထိ သူတို့လက်ထဲတွင် စုဆောင်းမိသ ည်မှာ ကီလိုဂရမ် ရာဂဏန်းလောက်သာ ဖြစ်ပေသ ည်။

​အခြားနိုင်ငံများက "တန်"နှင့်ချီပြီး သုံးစွဲနေချိန်တွင် E နိုင်ငံမှာမူ "ကီလိုဂရမ်" အနည်းငယ်ကိုပင် ကျော က်မျက်ရတနာသဖွယ် တမြတ်တနိုး သုံးစွဲနေရသည့် ဖြစ်ရပ်ပင်။

​"လူကြီးမင်းတို့... ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရ င်တော့ ငါတို့အတွက် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး ယူနီဗာဆဲလ်က ငါတို့ကို သတ္တုတွေများများ ရောင်း ချဖို့ကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ဘူးဆိုတာ အ ခု ရှင်းလင်းသွားပြီ ထင်တယ်..."

​အစည်းအဝေးခန်းအတွင်းမှ လူတစ်ဦး ပြောလိုက် သော စကားကြောင့် တစ်ခန်းလုံး တိတ်ဆိတ်သွား ပေသည်။

​"ဟုတ်တယ်... ဒါက တကယ်ကို စိုးရိမ်စရာကောင်း တဲ့ အခြေအနေပဲ.. ငါတို့ရဲ့ နည်းဗျူဟာကို အခုချ က်ချင်း ပြောင်းလဲရတော့မယ်.. အမ်နိုင်ငံရဲ့ ခြေလှ မ်း နောက်ကိုပဲ ငါတို့က မျက်စိမှိတ်လိုက်နေလို့ မဖြ စ်တော့ဘူး"

​"ကျွန်တော်လည်း သဘောတူပါတယ် ..အဆင့်မြင့် အရာရှိကြီးတွေကိုယ်တိုင် ယူနီဗာဆဲလ်ကို သွားရော က်လည်ပတ်ပြီး ဆက်ဆံရေးကောင်းကို ပြန်လည် တည်ဆောက်ဖို့ ကျွန်တော် အကြံပြုချင်ပါတယ်"

​

သိုလှောင်ရုံကြီးထဲတွင် စုပုံထားသည့် သတ္တုတန်ချိ န်သိန်းချီကို ကြည့်ပြီး မနာလိုဖြစ်နေသည်မှာ E နိုင်ငံ တစ်နိုင်ငံတည်း မဟုတ်ပေ။ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီ ကြီးများနှင့် နိုင်ငံအများအပြားသည်လည်း ၎င်းတို့ ၏ အကျိုးစီးပွားအတွက် တိတ်တဆိတ် ဗျူဟာ ပြောင်းလဲကာ ယူနီဗာဆဲလ်နှင့် နီးစပ်နိုင်ရန်အတွက် ကြိုးပမ်းလာကြ၏။

....

​သိုလှောင်ရုံအတွင်းသို့ သတ္တုတန်ချိန် သိန်းနှင့်ချီ ရောက်ရှိလာခြင်းမှာ အစပျိုးရုံသာ ရှိသေးသည်။

ဧရာမသင်္ဘောကြီးများသည် သတ္တုများ ချပြီးသည် နှင့် အနားယူခြင်းမရှိဘဲ ရက်အနည်းငယ်အတွင်းမှာ ပင် ကျွန်းငယ်လေးဆီသို့ ပြန်လည် ခုတ်မောင်းလာ ကြပြန်၏။ထိုကျွန်းငယ်လေးအနီးရှိ ရေတိမ်ပိုင်းနေ ရာတွင်မူ စုစုပေါင်း တန်ချိန် ၁ သန်း ကျော်ခန့် သ တ္တုများ ရှိနေဆဲပင် ဖြစ်သည်။

ထိုသင်္ဘောကြီးများသည် ကျန်နေသော သတ္တုများ အား ဆက်လက်သယ်ယူရန်ပင် ဖြစ်၏။

........

​ဤအတောအတွင်း ယူနီဗာဆဲလ်၏ အဆင့်မြင့်ဝန် ထမ်းများမှာမူ အပြောင်းအလဲတစ်ခုကို သတိပြုမိ လာကြသည်။သူတို့ဆီဆို့ ကမ္ဘာကျော် ကုမ္ပဏီကြီး များ၏ ဥက္ကဋ္ဌများ၊ဂုဏ်သရေရှိ ပုဂ္ဂိုလ်များနှင့် နိုင် ငံအသီးသီးမှ အဆင့်မြင့် အရာရှိကြီးများ၏ လာရေ ာက်လည်ပတ်မှုမှာ ယခင်ကထက် သိသိသာသာ များပြားလာခဲ့ခြင်းပင်။

သူတို့​အားလုံး၏ ရည်ရွယ်ချက်မှာ တစ်ခုတည်းသာ ဖြစ်သည်။ "သတ္တုများ၏ ဝေစုကို ပိုမို ရရှိရန်ပင် ဖြ စ်ပေသည်။"

အမှန်တကယ်တွင် လျူယောင်သည်လည်း ထို လူ တွေ၏ ရည်ရွယ်ချက်ကို ကောင်းကောင်းရိပ်မိပြီးသ ား ဖြစ်၏။ထိုလူများသည် သတ္တုများထက် ဘက် ထရီနည်းပညာကို ပိုမိုမက်မောနေကြခြင်းပင် ဖြစ် သည်။

သို့သော်လည်း လျူယောင်သည် ထိုလူများနှင့်တွေ့ ဆုံရန် စိတ်မပါလှသဖြင့် အောက်ခြေမှ တာဝန်ရှိသူ များကိုသာ လွှဲပြောင်းပေးအပ်ပြီး သူသည် လူ မြင် ကွင်းမှ ကိုယ်ယောင်ဖျောက်နေလိုက်၏။

​အကြောင်းရင်းမှာ သူသည် လီချန်လဲ့နှင့်အတူ မင်္ဂ လာဆောင်ရန်အတွက် ပြင်ဆင်ခြင်းပင် ဖြစ်သည်။

​....

​လီချန်လဲ့နှင့် တွေ့ဆုံခဲ့သည်မှာ သုံးနှစ်တာ ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ယခုအခါ နှစ်ဦးသဘောတူ မင်္ဂလာပွဲ ကျင်းပရန် အချိန်ကျလာခဲ့ပြီ ဖြစ်၏။

​ဟွာဟိုင်းမြို့၏ အကြီးဆုံး အပန်းဖြေနှင့် ဈေးဝယ် စင်တာကြီးအတွင်းရှိ ဆိုင်တစ်ဆိုင်တွင် နှစ်ဦးသား ပြတင်းပေါက်နား၌ ယှဉ်တွဲ၍ ထိုင်နေကြသည်။

​လီချန်လဲ့က နို့လက်ဖက်ရည်ကို တစ်ငုံသောက်လိုက် ပြီး လျူယောင်ကို နောက်ပြောင်သော မျက်လုံးလေ းများဖြင့် ကြည့်ကာ ပြောလိုက်၏။

​"ကိုကို... ရှင့်ဘက်က ကျွန်မကို တရားဝင် လက်ထ ပ်ခွင့် မတောင်းရသေးဘူးနော်..မရဘူး..ရှင်တောင်း ကို တောင်းရမယ်.. မဟုတ်ရင် ကျွန်မအတွက် ဒီမင်္ဂ လာပွဲက တစ်ခုခု လိုအပ်နေသလို ခံစားရလိမ့်မယ်"

​လျူယောင်က သူမ၏ ချစ်စဖွယ် ဂျီကျမှုကို ပြုံးရင် း ကြည့်နေမိသည်။ထို့နောက် သဘောတူသည့် ပုံစံ ဖြင့် သူက ပြန်ပြောလိုက်၏။

​"အော် လက်ထပ်ခွင့်တောင်းဖို့လား အဲဒါက ပြဿန ာ မရှိပါဘူး..ဒါပေမဲ့ အဲဒီမတိုင်ခင်... အရင်ဆုံး ကို ယ်တို့ ရုပ်ရှင်သွားကြည့်ကြရအောင်လေ.."

​လျူယောင်၏ လျှို့ဝှက်ချက်များ ပါဝင်နေဟန် ရှိ သော အပြုံးကြောင့် လီချန်လဲ့မှာမူ စိတ်လှုပ်ရှားစွာ ဖြင့် စောင့်မျှော်နေမိတော့သည်။

​လျူယောင်၏ စိတ်ထဲတွင် ဘာတွေ ကြံစည်ထားလဲ ဆိုသည်အား လီချန်လဲ့တစ်ယောက် လုံးဝ ရိပ်မိခြင်း မရှိပေ။သူမက စူးစမ်းချင်စိတ်ဖြင့် နှုတ်ခမ်းလေး ကို အနည်းငယ် စူရင်း ပြန်ပြောလိုက်၏။

​"ရုပ်ရှင်ကြည့်တာလည်း ကောင်းတာပဲလေ... ကျွန် မကတော့ အခုတလော နာမည်ကြီးနေတဲ့ ဟာသကာ းလေးကိုပဲ ကြည့်ချင်တာ.."

​"ကိုယ် သိတာပေါ့... ချစ်ချစ်က ဟာသကားတွေဆို သိပ်ကြိုက်တာပဲ မဟုတ်လား..ဒါကြောင့် ကိုယ်က ရုပ်ရှင်လက်မှတ်တွေ ကြိုဝယ်ထားပြီးသားပါကွာ.."

​လျူယောင်က ပြောပြောဆိုဆိုနှင့် အိတ်ကပ်ထဲမှ ရု ပ်ရှင်လက်မှတ်နှစ်စောင်ကို ထုတ်ပြလိုက်သည်။ထို ကားမှာ ရက်အနည်းငယ်ကမှ ရုံတင်ထားပြီး လက် မှတ်ရဖို့ ခဲယဉ်းလောက်အောင် ပရိသတ်အကြိုက် ဟာသဇာတ်ဇာတ်ကောင်းတစ်ကားပင် ဖြစ်၏။

လီချန်လဲ့က ဝမ်းသာအားရ ပြန်ပြောလိုက်သည်။

​"အိုး..ကိုကိုကတော့ တကယ်ပဲ..ကျွန်မကို အံ့ဩရ အောင် လုပ်နိုင်လွန်းတယ်...ဒီကားကို ကျွန်မ အရမ်း ကြည့်ချင်နေတာရှင့်.."

​နှစ်ဦးသား နို့လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်ပြီးနောက် ရုပ်ရှင်ရုံဆီသို့ အတူတူ ထွက်လာ ခဲ့ကြသည်။ရုပ်ရှင်ကြည့်ပြီးပြန်ထွက်လာချိန်တွင်မူ ကောင်းကင်ယံထက်၌ မှောင်ရိပ်သန်းနေ၏။

​ဟွာဟိုင်းမြို့၏ ညမြင်ကွင်းမှာမူ ရောင်စုံမီးများဖြင့် ဝေေဝဆာဆာ တောက်ပနေပေသည်။ကောင်းကင် ယံတွင်လည်း လဝန်းကြီးက ကြည်လင်စွာ ထွန်းလင် းနေပြီး ကြယ်ကလေးများကလည်း ဟိုတစ်ပွင့်၊ဒီ တစ်ပွင့်နှင့် လှပလွန်းလှ၏။

လီချန်လဲ့က အံ့ဩတကြီးဖြင့် လက်ညှိုးထိုးပြလိုက် သည်။

​"ကို... ဟိုဘက်ကို ကြည့်ပါဦး.."

​လျူယောင်ကတော့ ခပ်ပြုံးပြုံးသာ။သူက ထိုမြင်ကွ င်းကို မြင်တွေ့ပြီးသား ဖြစ်သည်။ရင်ပြင်ကျယ်ပေါ် တွင် လူအုပ်ကြီးက ဝိုင်းအုံကြည့်ရှုနေကြပြီး အလ ယ်တွင် ဖယောင်းတိုင်လေးများဖြင့် ဧရာမအသည်း ပုံစံကြီးတစ်ခုအား ပုံဖော်ထား၏။

ထိုအသည်းပုံ၏ အလယ်တွင်မူ လူငယ်တစ်ဦးက နှ င်းဆီပန်းစည်းကြီးကို ကိုင်ကာ ရပ်နေသည်။

​ထိုမြင်ကွင်းက လီချန်လဲ့ကို ရင်ခုန်သွားစေသော်လ ည်း.သူမ၏ ဘေးနားရှိ လျူယောင်ကမူ ထို့ထက်ပို ၍ ကြီးကျယ်ခမ်းနားသော အစီအစဉ်တစ်ခုကို သူ မအတွက် ပြင်ဆင်ထားလိမ့်မည်ဟု မည်သူက သိနို င်မည်နည်း။

​ထိုလူငယ်၏ ဘေးနားတွင် အမိုးဖွင့် BMW ကား တ စ်စီးလည်း ရပ်ထားသေးသည်။လူအုပ်ထဲမှ လူတစ် ယောက်က အံအာားသင့်ကာ မှတ်ချက်ပေးလိုက်၏ ။

"ဝိုး ဒီညီလေးက တော်တော်ချမ်းသာတာပဲကွာ.. အ မိုးဖွင့် BMW နဲ့တောင် လက်ထပ်ခွင့်တောင်းနေတာ ပဲကွာ "

​သို့သော်လည်း ဘေးနားမှ လူတစ်ဦးကမူ နှာခေါင်း ရှုံ့ရင်း ခပ်ချေချေ ပြန်ပြောလိုက်၏။

"မသေချာပါဘူးဗျာ... ကားက ငှားလာတာလည်း ဖြ စ်နိုင်တာပဲ"

​မည်သို့ပင်ဖြစ်စေ ထိုလူငယ်လေးသည် လူများစွာ ၏ အာရုံကို ဖမ်းစားထားနိုင်သည်မှာ အမှန်ပင်။ လက်ထပ်ခွင့် တောင်းခံရသည့် မိန်းကလေးမှာ ရှက် သွေးဖြာနေပြီး ဘေးပတ်ပတ်လည်ရှိ လူအုပ်ကြီးက လည်း အားပေးတိုက်တွန်းသံများဖြင့် ဆူညံနေပေ သည်။

​"လက်ခံလိုက်..လက်ခံလိုက်ပါဗျ..."

​ဟွာဟိုင်းမြို့၏ အစည်ကားဆုံးသော နေရာတွင် လူ ငယ်များပြားလှသဖြင့် ထိုကဲ့သို့ ဝိုင်းဝန်းဟစ်အော် အားပေးကြသည်မှာ မဆန်းပေ။

လက်ထပ်ခွင့်တောင်းခံရသည့် မိန်းကလေးမှာလည်း စိတ်လှုပ်ရှားနေပုံရပြီး အကယ်၍သာ ထိုကောင်လေ းက သူမကို ရဲရဲဝံ့ဝံ့ နမ်းရှိုက်လိုက်မည်ဆိုပါက သူ မ လုံးဝ ငြင်းဆန်နိုင်လိမ့်မည် မဟုတ်ပေ။

​သို့သော်လည်း ရုတ်တရက် အခြေအနေများက ပြေ ာင်းလဲသွားပေသည်။

​လူအုပ်ကြီးထဲမှ တစ်စုံတစ်ယောက်က ထိတ်လန့်တ ကြား အော်ဟစ်လိုက်သံကြောင့် လူများစွာ၏ အာရုံ မှာ BMW နှင့်ကောင်လေးထံမှ ကွာလွင့်သွားပြီး ကေ ာင်းကင်ထက်ဆီသို့သာ ရောက်ရှိသွားကြ၏။

​လျူယောင်၏ နှုတ်ခမ်းထောင့်တွင်မူ လျို့ဝှက်သေ ာ အပြုံးတစ်ပွင့် ပေါ်လာပေသည်။

​

All Chapters