လက်ထပ်ခွင့် တောင်းခြင်း
Vol. 54 Ch. 639
ထိုအချိန်တွင် ကောင်းကင်ကို မော့ကြည့်နေသူတွေ ပိုများလာသလို တချို့ကလည်း ကျယ်လောင်စွာ အော်ပြောနေ၏။
"ဟေး ကြည့်ပါဦး..ဒရုန်းတွေ အများကြီးပဲကွာ.."
ညမှောင်ရီစပျိုးချိန်တွင် ကောင်းကင်ယံ၌ ဒရုန်းအစ င်းပေါင်း ထောင်နှင့်ချီ၍ ပျံဝဲတက်လာကြသည်။ထို ဒရုန်းလေးများသည် ညကောင်းကင်ယံ တစ်ခုလုံး တွင် ကြယ်ပွင့်လေးများအလား တဖျတ်ဖျတ် တော က်ပနေကြ၏။
"အားပါးပါး..ခမ်းနားလိုက်တာကွာ..."
လူတိုင်းက အံ့အားသင့်ကာ စိတ်ဝင်တစား စောင့်ကြ ည့်နေစဉ်မှာပင် ကောင်းကင်ပေါ်မှ ဒရုန်းအုပ်ကြီးသ ည် ဟန်ချက်ညီညီ ပုံစံပြောင်းလဲလိုက်ကြပြီး ခဏ လေးအတွင်းမှာပင် အသည်းပုံကြီး တစ်ပုံအဖြစ် ဖ န်တီးလိုက်သည်။
"ဝါး... ကြည့်စမ်း.. တကယ့်ကို လှလိုက်တာကွာ.."
ဘေးနားမှ လူများစွာက အားကျမဆုံး ရေရွတ်နေ ကြသည်။
"အဲ့တာ သူဌေးကြီးတစ်ယောက်က သူ့ချစ်သူကို လ က်ထပ်ခွင့်တောင်းနေတာ ဖြစ်ရမယ်.. သူ့ရည်းစား ကတော့ ကံကောင်းလိုက်တာဗျာ.."
ထိုစဉ်မှာပင် လျူယောင်က လီချန်လဲ့၏ လက်က လေးကို အသာအယာ ဆုပ်ကိုင်လိုက်၏။ကောင်းက င် ပေါ်မှ အလင်းတန်းလေးများကို လျူယောင်က ငေးကြည့်ရင်း တိုးတိုးလေးမေးလိုက်သည်။
"လဲ့လဲ့..ကြိုက်ရဲ့လား"
လီချန်လဲ့သည် အခြေအနေအားလုံးကို ရိပ်မိသွားပြီ း မျက်နှာတွင် ပျော်ရွှင်ကြည်နူးမှုများ အတိုင်းသား ပေါ်လွင်လျက် ခေါင်းကို အသာအယာ ငြိမ့်ပြလိုက် ၏။
"အင်း ကြိုက်တယ်..ကျွန်မ အရမ်းကြိုက်တယ်.."
ကောင်းကင်ထက်၌ ဒရုန်းထောင်ပေါင်းများစွာသ ည် ပုံသဏ္ဌာန်အမျိုးမျိုးကို အဆက်မပြတ် ဖန်တီး နေပေသည်။အချိန်ခဏလေးအတွင်းမှာပင် ကြီးမား သောနှလုံးသား ပုံစံမှသည် မြားနတ်မောင် မြားပစ် နေသည့် ပုံစံ၊ထိုမှတစ်ဆင့် ချစ်သူနှစ်ဦးပူးတွဲနေသ ည့်ပုံစံ များအဖြစ် အံ့ဩဖွယ်ရာ ပြောင်းလဲသွားကြ ၏။
ပတ်ဝန်းကျင်ရှိ လူငယ်များမှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်အားပေးနေကြပြီး အချို့ကလည်း ထိုအမှ တ်တရ မြင်ကွင်းကို လက်လွတ်မခံဘဲ ဖုန်းကိုယ်စီ ဖြင့် မှတ်တမ်းတင်ကာ လူမှုကွန်ရက်ပေါ်သို့ အပြိုင် အဆိုင် တင်နေကြသည်။
"ခုနက ခမ်းခမ်းနားနား လက်ထပ်ခွင့်တောင်းနေတဲ့ ညီလေးက ဘယ်သူလဲဟ.. ဟိုမှာလား..."
"အမိုးဖွင့်ထားတဲ့ BMW ကားဘေးက တစ်ယောက် ကို ပြောတာလား.."
လူအုပ်ကြီးက BMW ကားအနီးမှာ ဝိုင်းအုံနေကြပြီး ဖုန်းကိုယ်စီဖြင့် ဗီဒီယိုရိုက်ကာ စပ်စုနေကြ၏။လက် ထပ်ခွင့် တောင်းခံရသည့် မိန်းကလေးမှာလည်း ရှ က်သွေးဖြာကာ ရင်ခုန်လျက် တွေးတောရင်း ပျှော်ရွှ င်နေခဲ့သည်။
"အိုး... ဒါတွေ အားလုံးကို သူပဲ စီစဉ်ထားတာလား"
သို့သော်လည်း ထိုအချိန်မှာပင် ကောင်းကင်ပေါ်မှ ဒ ရုန်းများသည် ပုံသဏ္ဌာန် ထပ်မံပြောင်းလဲသွားပြန် သည်။ယခင်ကထက် ပိုမိုကြီးမားခမ်းနားပြီး ရိုမန်တ စ်ဆန်လှသော ပုံရိပ်များက ညကောင်းကင်ယံတွင် လှပပစွာ ပေါ်ထွက်လာ၏။
အလယ်တွင် ကြီးမားလှသော အသည်းပုံရိပ်ကြီး ရှိ နေပြီး ဘေးတစ်ဖက်တစ်ချက်တွင်မူ "လီချန်လဲ့" နှ င့် "လျူယောင်"ဟူသော နာမည်နှစ်ခုက တောက်ပစွ ာ လင်းလာခဲ့သည်။
"အမ်..လီချန်လဲ့ဆိုတာ ဘယ်သူလဲ..ဒါ မိန်းကလေး နာမည်ဖြစ်ရမယ်.."
"လျူယောင်ဆိုတာကကော ဘယ်သူလဲဟ..."
နာမည်များ ပေါ်လာသည်နှင့် လူအုပ်ကြီးကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။အချို့က BMW မော င်းလာသည့် လူငယ်အား လှမ်းမေးလိုက်သည်။
"ကောင်လေး..မင်းနာမည် လျူယောင် လား"
BMW နှင့် လူငယ်မှာ မူ အံ့အားသင့်ကာ ကြောင်တေ ာင်တောင် ဖြစ်နေ၏။
သူ့နာမည်မှာ လျူယောင် မဟုတ်သကဲ့သို့ ထိုဒရုန်း အစီအစဉ်မှာလည်း သူနှင့် လုံးဝမသက်ဆိုင်ပေ။
ထိုစဉ်မှာပင် ကောင်းကင်ယံထက်သို့ ရဟတ်ယာဉ် အ ချို့ ပျံသန်းရောက်ရှိလာပြီး ရင်ပြင်တစ်ခုလုံးအ နှံ့ နှင်းဆီပန်းပွင့်ချပ်များကို မိုးဖွဲလေးများအလား သွန်ချလိုက်ပေသည်။
လေထဲတွင် ဝဲပျံနေသော နှင်းဆီပွင့်ချပ်များနှင့် မြေ ပြင်ထက်က နီရဲနေသည့် ပန်းခင်းကြီးက ညကောင်း ကင်ယံထက်တွင်မူ စကားလုံးများဖြင့် ဖော်ပြ၍ မရ နိုင်အောင် ကြည်နူးစရာ ကောင်းနေလှ၏။
"ဝိူး..ဒါတွေက... တကယ့် နှင်းဆီပွင့်ချပ်တွေပဲ.."
"မယုံနိုင်စရာပဲ.. နှင်းဆီပွင့်တွေ အများကြီးပဲဟ.. ဒီ လောက်ထိ အကြီးအကျယ် လုပ်နိုင်တာကတော့ တ ကယ့် ဒိတ်ဒိတ်ကျဲ သူဌေးကြီးပဲ ဖြစ်ရမယ်ကွာ.."
ပရိသတ်တွေ အံ့ဩလို့မဆုံးခင်မှာပဲ လူအုပ်ကြီးကြ ားထဲမှ တစ်ယောက်က အလန့်တကြား အော်ဟစ် လိုက်ပြန်သည်။
"ဟေ့... ကြည့်ကြဦး..စာအိတ်အနီတွေ ..စာအိတ်နီ တွေ အများကြီး ကျလာနေပြီ.."
ကောင်းကင်ယံထက်ကနေ နှင်းဆီပွင့်ချပ်တွေနဲ့အ တူ စာအိတ်အနီလေးတွေဟာ မိုးဖွဲလေးတွေအလား တဖွဲဖွဲ ကျလာ၏။တစ်စုံတစ်ယောက်က ကောက်ယူ ပြီး ဖွင့်ကြည့်လိုက်သည့်အခါ အနီရောင် ငွေစက္ကူအ သစ်ကို တွေ့လိုက်ရ၏။
"ဘုရားရေ... ငါ..ငါ..အိပ်မက်မက်နေတာလား ..ဒီတ စ်အိတ်တည်းတင် ယွမ် ၈၀၀ တောင် ပါတယ်."
"ငါ့ဆီမှာလည်း ယွမ် ၆၀၀ ပါတယ်ဟ..ရူးတော့မှာပဲ . ဒါ..ဒါက တကယ်ကြီးလားဗျာ..."
ရင်ပြင်တစ်ခုလုံးရှိ လူများစွာသည် ရူးသွပ်မတတ် စိ တ်လှုပ်ရှားနေပြီး မြေပြင်ပေါ်မှ စာအိတ်အနီတွေကို အလုအယက် ကောက်ယူလိုက်ကြသည်။စာအိတ် တစ်အိတ်ချင်းစီတွင် အနည်းဆုံး ယွမ်ဆယ်ဂဏန်းမှ အများဆုံး ယွမ် ၈၀၀ အထိ ပါဝင်နေခြင်းက လူအုပ် ကြီးကို ပိုမို ရုန်းရင်းဆန်ခတ် ဖြစ်သွားစေခဲ့၏။
အချို့လူများကလည်း ကံကောင်းလွန်းသဖြင့် စာအိ တ်ငါး ခြောက်ခုအထိ ကောက်ရကြပြီး အချို့ကမူ နှစ်ခု၊သုံးခုခန့် ရရှိကြသည်။လက်နှေးသွားသဖြင့် ဘာမှမရလိုက်သူများကတော့ ကောက်ရသူ များအာ း မနာလိုအားကျသည့် မျက်လုံးများဖြင့်သာ ငေး ကြည့်နေရရှာသည်။
လူငယ်တစ်စုက ကောင်းကင်ကို ကြည့်ပြီး အော်ဟ စ် ကာ တောင်းဆိုလိုက်၏။
"သူဌေးကြီးခင်ဗျာ... စာအိတ်အနီတွေကို ထပ်ပြီး ပ စ်ချပေးပါဦးလားဗျာ.."
လူတစ်ယောက်ကလည်း ဝမ်းသာအားရ ပြောလိုက် သည်။
"ဟားဟား..ငါတော့ ဒီနေ့ ကံထူးပြီကွာ..အိမ်မှာ ဂိမ်း ပဲ ထိုင်ဆော့နေမလို့ကို ကံကောင်းလို့ အပြင်ထွက်လ ာမိတာ..မဟုတ်ရင် ဒီလိုအခွင့်အရေးမျိုးနဲ့ လွဲသွား မှာကွာ.."
ရင်ပြင်တစ်ခုလုံး အပျော်ကြီးပျော်ကာ သက်ဝင်လှု ပ်ရှားနေစဉ်မှာပင်၊ကောင်းကင်ယံထက်က ဒရုန်းအု ပ်ကြီးသည် ပုံသဏ္ဌာန်အသစ် တစ်ခုအားပြောင်းလဲ သွားပြန်သည်။ထိုပုံသဏ္ဍန်မှာ ယူနီဗာဆဲလ်၏ ခမ်းန ားလှသော လိုဂိုအမှတ်တံဆိပ်ပင် ဖြစ်၏။
စက္ကန့်အနည်းငယ်အကြာမှာပဲ ကောင်းကင်ယံက ဒရု န်းအလင်းတန်းတွေဟာ တစ်ဖန်ပြန်လည် စုစည်းသွ ားကြပြီး လက်တွဲထားကြတဲ့ နတ်သားနဲ့ နတ်သမီး ပုံစံ အချစ်ပုံရိပ်အဖြစ် ပြောင်းလဲသွားပြန်သည်။
ထိုမြင်ကွင်းအား ကြည့်နေသူ မိန်းကလေး တစ်ဦးက လည်း စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။
"အား..တကယ့်ကို ရိုမန်တစ်ဆန်လိုက်တာရှင်... ကြ ည့်ရင်းနဲ့တင် ကြည်နူးရလွန်းလို့ ကျွန်မတောင် အရ ည် ပျော်တော့မယ်.."
"အော် ငါ အခုမှ သဘောပေါက်တော့တယ်.. ..ယူနီ ဗာဲလ်ရဲ့ သူဌေးနာမည်က လျူယောင်ပဲ..သူက သူ့ ချစ်သူကို လက်ထပ်ခွင့် တောင်းနေတာကိုး.."
"သူဌေးလျူက ဘယ်မှာလဲဟ..ဘယ်သူ မြင်မိလိုက် လဲ"
လူအုပ်ကြီးက သူဌေးလျူကို စူးစမ်းရှာဖွေနေကြစဉ် မှာပင် တစ်စုံတစ်ယောက်က လက်ညိုးထိုးပြလိုက် သည်။
"ဟေး ဟိုဘက်ကိုလည်း ကြည့်ဦး..အဲ့တာ ယူနီဗာဆဲ လ်တာဝါပေါ်ကမို့လား..."
အမှန်တကယ်ပင် ယူနီဗာဆဲလ်တာဝါပေါ်မှနေ၍ မီး ရှူးမီးပန်းများက ကောင်းကင်ယံသို့ ဝုန်းခနဲ ပစ်လွှ တ်လိုက်ပြီး ရောင်စုံပန်းပွင့်ကြီးများအလား ဖြာထွ က်လာ၏။ထိုမြင်ကွင်းက ခမ်းနားထည်ဝါလွန်းလှသ ဖြင့် ဟွာဟိုင်းမြို့သူ မြို့သား ထက်ဝက်နီးပါးကို ဆွဲ ဆောင်ထားနိုင်ခဲ့သည်။
ဟွာဟိုင်းမြို့၏ လူမှုကွန်ရက်စာမျက်နှာများအားလုံ း၌ ထိုသတင်းဖြင့် ပြည့်နှက်သွားမည်မှာ မြေကြီး လက်ခတ်မလွဲပေ။
ဟွာဟိုင်းမြို့၏ ထိပ်တန်းရုပ်သံလိုင်းများကပင် ထို ခမ်းနားလှသော လက်ထပ်ခွင့်တောင်းဆိုမှုကို တိုက် ရိုက်ထုတ်လွှင့်ရန် ချက်ချင်း ပြင်ဆင်လိုက်၏။
ထိုအချိန်တွင် လျူယောင်သည် လီချန်လဲ့၏ လက် ကလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ပြုံးလျက် မေးလိုက်သည်။
"လဲ့လဲ့...ကိုယ့်ရဲ့ လက်ထပ်ခွင့်တောင်းတဲ့ အစီအစဉ် လေးက မဆိုးဘူးမလား"
လီချန်လဲ့ကလည်း .ကြည်နူးစွာ ပြန်ဖြေလိုက်၏။
"အင်း... မဆိုးပါဘူး..ရှင် လုပ်ပေးတာကို ကျွန်မ အ မှတ် ၉၀ ပေးပါတယ်.."
ထိုစဉ် ကောင်းကင်ပေါ်မှ ရဟတ်ယာဉ်အချို့ ပျံသန် းလာပြီး မျက်စိကျိန်းမတတ် တောက်ပသည့် စလို က်မီးများဖြင့် အောက်သို့ ထိုးလိုက်သည်။ထိုစလို က် မီးအလင်းတန်းသည် လူအုပ်ကြားထဲရှိ လျူယေ ာင်နှင့် လီချန်လဲ့တို့ဆီသို့ တည့်တည့်မတ်မတ် ကျ ရောက်လာ၏။
ဤအခိုက်အတန့်မှာတော့ လူတိုင်းက စောင့်မျှော်နေ သည့် အဓိကဇာတ်ဆောင်နှစ်ဦးမှာ မည်သူမည်ဝါ ဖြ စ်ကြောင်းကိုမူ နောက်ဆုံး၌ သိရှိသွားကြပေသည်။
"သူဌေးလျူ... အဲ့ဒါ သူဌေးလျူပဲ.."
"ဟိုမှာကြည့်စမ်း... သူဌေးလျူက အဲ့နေရာမှာရှိနေ တာကိုး. ."
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးဆီမှ အံ့အားသင့်သံများ ထွက်လာစဉ်မှာပင် ကောင်းကင်ထက်မှ ရဟတ်ယာ ဉ်တစ်စီးသည် လျူယောင်နှင့် လီချန်လဲ့တို့ရှိရာနေရ ာသို့ ဖြည်းညှင်းစွာ ဆင်းသက်လာ၏။
"လဲ့လဲ့...ကိုယ်တို့..ရဟတ်ယာဉ်ပေါ် တက်ကြရအော င်.."
လီချန်လဲ့က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ပြလို က်သည်။
"ဟုတ်.."
ထောင်ပေါင်းများစွာသော လူအုပ်ကြီး၏ အားကျ သည့်အကြည့်များအောက်တွင် နှစ်ဦးသား လက်ချ င်းတွဲကာ ရဟတ်ယာဉ်ပေါ်သို့ တက်လိုက်ပြီး တဖြ ည်းဖြည်း ပျံသန်းကာ ပျောက်ကွယ်သွားပေသည်။
ထိုမျှ ခမ်းနားလှသော လက်ထပ်ခွင့်တောင်းဆိုမှု သ ည် တစ်ညအတွင်းမှာပင် တစ်နိုင်ငံလုံးကို လှုပ်ခတ် သွားစေခဲ့၏။ TV ရုပ်သံလိုင်းများ၊အွန်လိုင်းစာမျက် နှာများနှင့် သတင်းစာများတွင်မူ ထိုသတင်းမှာ ရေ ပန်းအစားဆုံး ဖြစ်လာခဲ့ပြီး လူမှုကွန်ရက်၏ ရှာဖွေ မှုအများဆုံး စာရင်းတွင်လည်း ထိပ်ဆုံးမှ နေရာယူ ထားပေသည်။
....
အပြင်လောကတွင် သတင်းများကြောင့် ဆူညံပွက် လောရိုက်နေသော်လည်း ဖုန်းရှန်းတောင်မှ ဗီလာ ကြီးထဲတွင်မူ လျူယောင်နှင့် လီချန်လဲ့တို့သည် အေ းချမ်းစွာ ရှိနေကြ၏။တစ်ယောက်က စာအုပ်ဖတ် နေပြီး တစ်ယောက်က ဖုန်းကြည့်နေသည့် မြင်ကွင်း မှာ အပြင်လောကနှင့် လုံးဝခြားနားကာ အေးချမ်း လွန်းလှသည်။
သူတို့သောက်နေသည့် လက်ဖက်ရည်မှာလည်း သာ မာန်မဟုတ်ပေ။ဂိုဝူကမ္ဘာမှ ယူလာခဲ့သော လက်ဖက် ခြောက်ဖြင့် ဖျော်စပ်ထားခြင်းဖြစ်ရာ တစ်ငုံသောက် လိုက်တိုင်း မွှေးရနံ့က ခံတွင်း၌ စွဲကျန်နေပြီး ထူးခြာ းသော အရသာကို ပေးစွမ်းနေပေသည်။
လီချန်လဲ့က လက်ဖက်ရည်ခွက်ကို ကိုင်ရင်း မေးလို က်သည်။
"ကို... ကျွန်မတို့ မင်္ဂလာဆောင်ကို တကယ်ပဲ နှစ်သ စ်ကူးနေ့မှာ လုပ်မှာလား...
"ဟုတ်တယ်... နှစ်သစ်ကူးနေ့က အကောင်းဆုံးပဲ လေ .."
"ဒါပေမဲ့ နှစ်သစ်ကူးတဲ့နေရောက်ဖို့က ရက် ၂၀ ကျော်ပဲ လိုတော့တာလေ.. အချိန်က လုံလောက်ပါ့မ လား..အရမ်းများ အလျင်လိုနေမလားလို့.."
လျူယောင်က လီချန်လဲ့ကို နူးညံ့စွာ ကြည့်ရင်း ပြန် ပြောလိုက်၏။
"ဘာမှ စိတ်ပူစရာမလိုဘူး..ချစ်က အလှဆုံး သတို့ သမီးလေးဖြစ်ဖို့ပဲ ပြင်ဆင်ထားလိုက်.. ကောင်းကေ ာင်းစား ကောင်းကောင်းအိပ်ပြီး စိတ်ကို အေးအေး ထားရမယ်..ဗိုက်ထဲက ကလေးအတွက်လည်း ဖိအာ းမရှိအောင် နေရမယ်လေ.."
လီချန်လဲ့က နာခံစွာဖြင့် ချိုသာစွာ ပြန်ဖြေလိုက်ပေ သည်။
"ကောင်းပါပြီရှင်... အရာအားလုံး ရှင့်အစီအစဉ် အ တိုင်းပါပဲ.."
...
ဂိုကမ္ဘာမှ ဟိုင်ကျိုးမြို့တွင်မူ..
ယနေ့တွင် ဟိုင်ကျိုးမြို့တစ်မြို့လုံး ပုံမှန်ထက်ထူး ကဲစွာ စည်ကားသိုက်မြိုက်နေ၏။၎င်းမှာ ဝူမိသားစု လေလံစံအိမ်တွင် ခမ်းနားထည်ဝါသည့် လေလံပွဲ ကြီး ကျင်းပတော့မည် ဖြစ်သောကြောင့်ပင်။
ထိုလေလံပွဲတွင် အဖိုးတန်လှသည့် သဘာဝဆေး ဘ က်ဝင်ပစ္စည်းများ၊မြေအောက်ရတနာများ၊အမြင့်မြင့်လှသော ကျင့်စဥ်စာအုပ်များသာမက လူအားလုံး ကို အံ့အားသင့်စေမည့် အဆင့်မြင့်မှော်လက်နက်မှာ လည်း (၁၂)ခုထက်မနည်း ပါဝင်လာမည်ဟု သတင်း ထွက်ပေါ်နေခဲ့သည်။
"ဒါတွေက နတ်ဘုရားတွေဖန်တီးထားတဲ့ လက်နက် တွေပဲကွ.."
ကျင့်ကြံတိုင်းအတွက်မူ ထိုမှော်လက်နက်များသည် အသက်နှင့်လဲ၍ပင် ပိုင်ဆိုင်ချင်သည့် ရတနာများဖြ စ်ရာ နိုင်ငံအနှံ့အပြားမှ နာမည်ကြီးကျင့်ကြံသူများ ကလည်း မြို့အတွင်းသို့ တရစပ် ဝင်ရောက် လာကြ သည်။လွန်ခဲ့သည့် နှစ်ရက်ကတည်းက ဟိုင်ကျိုးမြို့ ရှိ တည်းခိုခန်းများအားလုံး လူပြည့်နေခဲ့ပြီး ယခု အ ချိန်တွင်မူ အခန်းတစ်ခန်းရရန် မည်သို့မျှ မဖြစ်နိုင် တော့ပေ။
လေလံပွဲသို့ တက်ရောက်လာသူများထဲတွင် နာမည် ကျော် သိုင်းပညာရှင်များ၊အင်အားကြီးမားလှသည့် မိသားစုခေါင်းဆောင်များနှင့် ဂိုဏ်းပေါင်းစုံမှ ဂိုဏ် းချုပ်ကြီးများသာမက အလွန်ထူးခြားသူ တစ်ဦး လည်း ပါဝင်နေ၏။
ထိုလူမှာ အခြားသူမဟုတ် မဟာရှအင်ပါယာမှ ပဉ္စမ မင်းသားပင် ဖြစ်ပေသည်။