← Chapters

အဲ့လူက ဒီအိမ်တော်ရဲ့သခင်ကွ

Vol. 54 Ch. 640

အဲ့လူက ဒီအိမ်တော်ရဲ့သခင်ကွ

Vol. 54 Ch. 640

ပဉ္စမမင်းသားသည် ဟိုင်ကျိုးမြို့တွင်ပင် ဆက်လ က်သောင်တင်နေခဲ့သည်။

မြို့တော်နှင့် ဟိုင်ကျိုးမှာ ဝေးလွန်းသဖြင့် လာရသ ည်မှာ မလွယ်ကူလှပေ။ သူသည် ရက်အနည်းငယ်မျှ ထပ်မံစော င့်ဆိုင်းရန် ဆုံးဖြတ်လိုက်ပြီး အကယ်၍ သခင်လျူယောင်သာ ရောက်မလာတော့ပါက မြို့ တော်သို့ ပြန်လာရန်သာ ရှိတော့၏။

​သို့သော်လည်း စောင့်နေသည့် အချိန်အတောအတွ င်း သူ့ကို စိတ်လှုပ်ရှားစေသည့် သတင်းတစ်ခုအား ကြားလိုက်ရသည်။၎င်းမှာ ဝူမိသားစုမှ လေလံပွဲ ကျ င်းပတော့မည်ဟူသော သတင်းပင်။

ထိုလေလံပွဲတွင် အစွမ်းထက် မှော်လက်နက်ပေါင်း တစ်ဒါဇင်ကျော်ကို လေလံတင်ရောင်းချမည် ဆိုသ ည်အား သူ သတင်းရလိုက်၏။

​ထိုမှော်လက်နက်များ၏ ဂုဏ်သတင်းကို သူ ကြားဖူ းနားဝရှိထားခဲ့သည်။ယခင်တစ်ကြိမ် လေလံပွဲက ဆိုလျှင် ပထမမင်းသား ကိုယ်တိုင်ပင် မှော်လက်န က်တစ်ခု ရရှိရန်အတွက် မြို့တော်မှနေ၍ ဤမြို့အ ထိ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့ဖူးသည်။

ထို့ကြောင့် ဤလေလံပွဲကို သူ မဖြစ်မနေ တက်ရော က်ရပေမည်။

​ပဉ္စမမင်းသား တက်ရောက်မည်ဟူသော သတင်း ကြောင့် ဝူမိသားစုမှာလည်း များစွာပျော်ရွှင်ခဲ့ရသ ည်။ မင်းသားတစ်ပါး လာရောက်သည် ဆိုသည်မှာ သူတို့အတွက် ဂုဏ်ယူစရာဖြစ်သဖြင့် ဝူမိသားစု ကလည်းမင်းသားအတွက် အကောင်းဆုံးနေရာကို သီးသန့်စီစဉ်ပေးခဲ့၏။

​လေလံပွဲကျင်းပမည့်ရက် နီးကပ်လာသည်နှင့်အမျှ ဟိုင်ကျိုးမြို့သည် ယခင်ကထက် ပိုမိုစည်ကားလာ ပြီး လူစိမ်းများစွာဖြင့် ပြည့်နှက်နေပေသည်။

ယခုလေလံပွဲသို့ မြေကမ္ဘာအဆင့်များသာမက ကေ ာင်းကင်အဆင့် ကျင့်ကြံများပင် ရောက်နေကြပြီဖြ စ်သည်။သူတို့အားလုံး၏ ရည်ရွယ်ချက်မှာ ရိုးရှင်း လှ၏။ထိုသူတို့မှာ မိမိတို့ နှစ်သက်သဘောကျသည့် မှော်လက်နက်အား ရယူပိုင်ဆိုင်နိုင်ရန်ပင် ဖြစ်သည် ။

​ဝူမိသားစုသည် ကြိုတင်ပြင်ဆင်မှုနှင့် သတင်းဖြန့် ချီရေးတွင် အလွန်ကျွမ်းကျင်လှ၏။

၎င်းတို့သည် လေလံပွဲအကြောင်း အသေးစိတ်ပါဝင် သည့် စာအုပ်ငယ်ပေါင်း သောင်းနှင့်ချီ၍ ပုံနှိပ်ကာ လမ်းမများပေါ်တွင် လိုက်လံဖြန့်ဝေခဲ့ကြသည်။

ထို စာအုပ်ငယ်များထဲတွင် မှော်လက်နက်တစ်ခုချင် းစီ၏ ပုံစံများ၊အရွယ်အစားနှင့် အလေးချိန် စသ ည့် အချက်အလက်များကိုလည်း အသေးစိတ် ဖော် ပြထား၏။

ဝူမိသားစုက ​သတ်မှတ်ထားသည့် အစီအစဉ်အတိုင် း လေလံပွဲကြီးကို စည်ကားသိုက်မြိုက်စွာစတင် ကျင်းပခဲ့ကြသည်။

ဝူမိသားစုခေါင်းဆောင်​ဝူရွှမ်းပင်လျှင် လေလံပွဲသ ည် ထိုမျှအထိ နာမည်ကျော်ကြားပြီး လူစည်ကား လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ပထမဆုံးသော မှော်လက်နက်ကို စတင်ပြသလိုက်သည်နှင့်တစ်ပြိုင် နက် လေလံစံအိမ်တစ်ခုလုံး ရုတ်ရုတ်သဲ သဲဖြစ်သွာ းကြသည်။

​ပထမဆုံးသော လက်နက်ကိုပင် ရွှေဒင်္ဂါးပြား ၃ သ န်းကျော်ဟူသော မယုံနိုင်စရာဈေးဖြင့် ရောင်းချခဲ့ရ သည်။ထို့နောက်ပိုင်း ပြသခဲ့သည့် လက်နက်များမှာ လည်း စွမ်းဆောင်ရည် မညံ့ခဲ့ပေ။

ဆက်လက်ပြသခဲ့သည့် ဓားရှည်တစ်လက်ဆိုလျှင် ရွှေဒင်္ဂါးပြား ၄ သန်းကျော် အထိပင် စံချိန်တင် ဈေး ရရှိခဲ့၏။

​မှော်လက်နက် တစ်ဒါဇင်ကျော်ကို လေလံတင် ရော င်းချပြီးနောက် ရရှိလာသည့် စုစုပေါင်းပမာဏမှာ ရွှေဒင်္ဂါးပြား သန်းဆယ်ဂဏန်း အထိ ရှိခဲ့သည်။ ဝူရွှမ်းသည် ဝူမိသားစု၏ ခေါင်းဆောင်တစ်ဦး ဖြစ် သော်လည်း သူ့ တစ်သက်တာတွင် ထိုမျှများပြားလှ သော ငွေကြေးပမာဏကို တစ်ခါမျှ မမြင်ဖူးခဲ့သဖြ င့် အိပ်မက်တစ်ခုလိုပင် သူ ခံစားနေရသည်။

​ရွှေဒင်္ဂါးပြား သန်းဆယ်ဂဏန်းဆိုသည်မှာ သာမန် ပမာဏမဟုတ်ပေ။ထိုငွေများဖြင့် ကမ္ဘာပေါ်ရှိ ရှားပါ းရတနာများ၊တန်ဖိုးကြီးပစ္စည်းများနှင့် အဆင့်မြင့် စိတ်စွမ်းရည်ကျင့်စဉ် လျှို့ဝှက်ချက်များကိုပင် စိတ် တိုင်းကျ ဝယ်နိုင်ပေသည်။

​

လေလံပွဲအပြီးတွင် မှော်လက်နက်များကို အောင်မြ င်စွာ လေလံဆွဲနိုင်ခဲ့သည့် ကျင့်ကြံသူများမှာ ဝမ်းသ ာပီတိဖြစ်နေကြသော်လည်း မရသည့်လူများမှာမူ နှမြောတသခြင်းနှင့် စိတ်ပျက်အားငယ်ခြင်းတို့ဖြင့် ကျန်ရစ်ခဲ့ကြ၏။

လူများစွာက ဝူရွှမ်းထံသို့ ဝိုင်းအုံလာပြီး စိတ်အား ထက်သန်စွာ မေးမြန်းနေကြသည်။

"နောက်တစ်ကြိမ် လေလံပွဲကို ဘယ်တော့ကျင်းပမှာ လဲ"

"အဲဒီပွဲမှာကော မှော်လက်နက် ဘယ်နှစ်ခု ပါဦးမှာ လဲ ဝူသခင်ကြီး. "

ထိုသို့ မေးမြန်းမူများကြောင့် ​ဝူရွှမ်းသည်လည်း အ လွန်ပင် ကြည်နူးနေမိ၏။လေလံပွဲတွင် ရွှေဒင်္ဂါးပြား သန်းဆယ်ဂဏန်းနီးပါး ရလာခြင်းမှာ ဝူမိသားစု၏ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော ဝင်ငွေနှင့် နှို င်းယှဉ်နိုင်ပေသည်။

​ထိုလေလံပွဲတွင် ပဉ္စမမင်းသားသည်လည်း သူ အလွ န်နှစ်သက်သော လက်နက်တစ်ခုကို ရယူနိုင်ခဲ့၏။ ၎င်းမှာ အနက်ရောင်သတ္တုဖြင့် သွန်းလုပ်ထားပြီး အ လေးချိန် ၅၀ ကီလိုဂရမ်မှ ၆၀ ကီလိုဂရမ်ခန့် ရှိသော လှံရှည် တစ်လက်ပင် ဖြစ်သည်။

ထိုလှံရှည်ကို ရရှိပြီးကတည်းက ပဉ္စမမင်းသားသည် အလွန်သဘောကျနေပြီး လက်မှပင်မချဘဲ တမြတ် တနိုး ကိုင်ထား၏။

............

ဟွာဟိုင်းမြို့၌ မင်္ဂလာဆောင်မည့်ရက်ကို အတည် တကျ သတ်မှတ်ပြီးစီးသွားပြီ ဖြစ်သည်။

ထို့ကြောင့် နောက်ဆက်တွဲအနေဖြင့် မင်္ဂလာပွဲအတွ က် လိုအပ်သည်များကို အသေးစိတ်စီစဉ်ရန်သာ ကျန်တော့၏။လျူယောင် အနေဖြင့် ထိုကိစ္စများကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံလုပ်ဆောင်နေရန် မလို ပေ အကြောင်းရင်းမှာ ပရော်ဖက်ရှင်နယ် မင်္ဂလာ ဆောင်ကျင်းပရေး ကုမ္ပဏီများ ရှိသောကြောင့် ဖြစ် သည်။

​

ယူနီဗာဆဲလ်၏ ကြွယ်ဝမှုနှင့် ဩဇာအာဏာမှာ ကြီး မားလှသဖြင့် သူက ဖုန်းတစ်ချက်ခေါ်လိုက်ရုံမျှဖြင့် ယန်နိုင်ငံ၏ မင်္ဂလာဆောင်စီစဉ်ရေးကုမ္ပဏီကြီးမျာ းမှ အကြီးအကဲများသည် ဟွာဟိုင်းမြို့သို့ ချက်ချ င်းဆိုသလိုပင် စုရုံးကာ ရောက်ရှိလာကြသည်။

ယူနီဗာဆဲလ်မှ သူဌေးလျူယောင်၏ မင်္ဂလာပွဲဖြစ် ကြောင်း သိလိုက်ရသောအခါ ထိုသူတို့မှာ အလွန် စိ တ်လှုပ်ရှားသွားခဲ့၏။

အကယ်၍သာ ထိုကဲ့သို့ ထင်ရှားကျော်ကြားသူ တစ် ဦး၏ မင်္ဂလာပွဲကို စီစဉ်ခွင့်ရရှိခဲ့မည်ဆိုလျှင် သူတို့ ၏ လုပ်ငန်းသက်တမ်းတစ်လျှောက် အမြင့်ဆုံးအေ ာင်မြင်မှုမှတ်တိုင်တစ်ခု ဖြစ်လာမည်မှာ မြေကြီးလ က်ခတ်မလွဲပင်။

​ကျိုးယန်က မင်္ဂလာဆောင်အတွက် အသုံးစရိတ်ကို ယွမ် (၁) ဘီလီယံ ဟု သတ်မှတ်လိုက်ကြောင်း ကြေ ညာလိုက်ချိန်တွင်မူ အဆိုပါအကြီးအကဲများသည် ယူနီဗာဆဲလ်လုပ်ငန်းစု၏ ကြွယ်ဝမှုကို ထပ်မံ၍ အံ့ ဩခဲ့ရသည်။

​မင်္ဂလာပွဲတစ်ခုတည်းအတွက် အသုံးစရိတ် ဘီလီယံ ချီ သုံးစွဲခြင်းမှာ သူတို့တစ်သက်တွင် တစ်ခါမျှ မ ကြုံဖူးသေးသည့် ကိစ္စရပ်ပင် ဖြစ်သည်။

သို့သော်လည်း အရင်းအနှီး အကန့်အသတ်မရှိ ရရှိ ထားသဖြင့် ဤမင်္ဂလာပွဲကို ကမ္ဘာကပင် အံ့ဩရ လောက်အောင် အကောင်းဆုံးနှင့် အခမ်းနားဆုံး စီ စဉ်နိုင်မည်ဟု သူတို့ကိုယ်သူတို့ အပြည့်အဝ ယုံကြ ည်နေမိ၏။

နှစ်သစ်ကူးနေ့သို့ ရောက်လာသောအခါ ဟွာဟိုင်းတ စ်မြို့လုံးတွင် ပွဲလမ်းသဘင်အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေပေသည်။

အကြောင်းရင်းမှာ ထိုနေ့သည် သူဌေးလျူယောင် ၏ ခမ်းနားလှသော မင်္ဂလာပွဲကြီး ကျင်းပသည့်နေ့ ဖြစ်သောကြောင့်ပင်။ထိုမင်္ဂလာပွဲ၏ ကြီးကျယ်ခမ်း နားမှု၊အဆင့်အတန်းမြင့်မားမှုနှင့် ဇိမ်ခံနိုင်မှုတို့မှာ သာမန်လူတို့ စိတ်ကူးနှင့်ပင် မယှဥ်နိုင်သည့် အခြေ အနေမျိုးပင် ဖြစ်သည်။

​

မင်္ဂလာဆောင်ခန်းမသို့သွားသည့် ကားတန်းတွင် က ားအစီးရေ(၁၀၀) ခန့် ပါဝင်ပြီး ထိုကားတန်းထဲတွင် အနိမ့်ဆုံး ကားပင် ရိုးလ်ရိုက်စ် အမျိုးအစား ဖြစ်၏ ။ထို ခမ်းနားလှသော ကားတန်းရှည်ကြီးက လမ်းမ ပေါ်သို့ ထွက်လာချိန်တွင်မူ မြို့သူမြို့သားများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

​ခမ်းနားထည်ဝါသော မင်္ဂလာပွဲကြီး ပြီးဆုံးပြီးနောက် လျူယောင် သည် သူ၏ ပျားရည်ဆမ်းခရီးကို ပြည် ပသို့မသွားဘဲ ယန်နိုင်ငံအတွင်း၌ပင် အပန်းဖြေခရီး ထွက်ရန် ရွေးချယ်ခဲ့သည်။လီချန်လဲ့၏ ကိုယ်ဝန်မှာ လအနည်းငယ် ရှိနေသဖြင့် ဇနီးသည်၏ ကျန်းမာ ရေးကို ထောက်ထား၍ နိုင်ငံခြားခရီး စဉ်များကို သူ က ခေတ္တဆိုင်းငံ့ထားလိုက်ခြင်းဖြစ်၏။

​

အမှန်တကယ်တွင်မူ သူ့အတွက်က နိုင်ငံခြားသို့ သွာ းရောက်ခြင်းမှာ သာမာန်လူများ ဈေးဝယ်ထွက် ရ သည်ထက်ပင် ပိုမိုလွယ်ကူလှသဖြင့် နောင်တစ်ချိန် တွင် လီချန်လဲ့နှင့်အတူ လည်ပတ်ဖို့အတွက် အခွင့် အရေးများစွာ ရှိနေပါသေးသည်။

​ပျားရည်ဆမ်းခရီးစဉ် ပြီးဆုံးသွားသည့်တိုင် လျူ ယောင်သည် ဂိုဝူကမ္ဘာသို့ ချက်ချင်းပြန်မသွားသေး ပေ။

အကြောင်းရင်းမှာ နှစ်သစ်ကူးကာလ ရောက်တော့ မည် ဖြစ်သောကြောင့် သူက မိသားစုနှင့်အတူ နေ လို၍ ဖြစ်သည်။ထို့ကြောင့် နှစ်သစ်ကူးပွဲတော်များ ကုန်ဆုံးပြီး ၁၅ရက်မြောက်နေ့သို့ ရောက်ရှိမှသာ လျူယောင်သည် ဂိုဝူကမ္ဘာသို့ နောက်တစ်ခေါက် ပြ န်လာခဲ့၏။

​ဤသို့ဖြင့် လျူယောင်က ဂိုဝူကမ္ဘာမှ ထွက်ခွာသွား ခဲ့သည်မှာ နှစ်လကျော်မျှ ကြာသွားခဲ့သည်။

​ထိုအတောအတွင်း ပဉ္စမမင်းသားသည်လည်း မြို့ တော်သို့ ပြန်သွားခဲ့၏။သူသည် ဟိုင်ကျိုးမြို့တွင် ရ က်ပေါင်းများစွာ ကြာအောင် စိတ်ရှည်လက်ရှည် စေ ာင့်ဆိုင်းခဲ့သော်လည်း သခင်လျူယောင်၏ သတင် း တစ်စုံတစ်ရာ မကြားရသဖြင့် နောက်ဆုံးတွင်မူ စိ တ်ပျက်အားငယ်စွာဖြင့်ပင် လှည့်ပြန်သွားခဲ့ရသည်။

​ယခုအခါ လျူယောင်သည် ဂိုဝူကမ္ဘာသို့ တစ်ကျော့ ပြန်လည် လာကာ ဟိုင်ကျိုးမြို့သို့ ပြန်ရောက် လာခဲ့ သည်။သူသည် သူ၏ လမ်းကြမ်းမောင်း ဂျစ်ကား ကို ကျွမ်းကျင်စွာ မောင်းနှင်လျက် မြို့တံခါးမှတစ် ဆင့် ခန့်ညားစွာ ဝင်ရောက်လာ၏။

​ရှေးဟောင်းဆန်သော လမ်းမများပေါ်တွင် ခေတ်မီ ဆန်းပြားသည့် ကားတစ်စီးကို မောင်းနှင်လာခြင်း မှာ လူများစွာ၏ အာရုံကို ဖမ်းစားလိုက်ပြီး အချိန် ခ ဏလေးအတွင်းမှာပင် လူတိုင်း၏ ပါးစပ်ဖျား၌ အဓိ ကအကြောင်းအရာ ဖြစ်လာခဲ့သည်။

​မြို့ခံအချို့မှာမူ ထိုကားမှာ သခင်လျူ၏ ကားဖြစ် ကြောင်းနှင့် မောင်းနှင်လာသူမှာလည်း သခင်လျူ ကိုယ်တိုင်ဖြစ်ကြောင်း မှတ်မိကြသော်လည်း လူအ များစုမှာမူ ထိုဆန်းကြယ်လှသော အရာကြီးကို ငေး မောကာ ကြည့်ရှုနေကြ၏။

သူတို့အမြင်တွင်မူ ထိုအရာကြီးမှာ အလွန်ထူးဆန်း အံ့ဩစရာ ကောင်းလှသည်။

​ဂိုဝူကမ္ဘာ၏ သမိုင်းတစ်လျှောက်တွင် ထိုကဲ့သို့သော ဂျစ်ကားမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။

ထို့ကြောင့် လူအုပ်ကြီးမှာ ထိုကားကြီး မျက်စိတဆုံး ပျောက်ကွယ်သွားသည်အထိ တအံ့တဩ ငေးမော ကြည့်ရှုရင်း ကျန်ရစ်ခဲ့ကြ၏။

​လျူယောင်သည် သူ၏ အိမ်တော်တံခါးဝသို့ တိုက် ရိုက်မောင်းလာပြီးနောက် စက်ကိုသတ်ကာ ထိုင်ခုံခါ းပတ်ကို ဖြုတ်လိုက်သည်။ထို့နောက် ဂျစ်ကားပေါ် မှ ပေါ့ပါးစွာ ခုန်ဆင်းပြီး အိမ်တော်အတွင်းသို့ ဦးတ ည်ကာ ဝင်လာခဲ့၏။

​သူသည် အိမ်တော်တံခါးဝသို့ ရောက်လာကာ အတွ င်းသို့ ဝင်မည်အပြုတွင် တံခါးဝ၌ တာဝန်ကျနေ သော တံခါးစောင့်နှစ်ယောက်က ရှေ့မှပိတ်၍ သူ့အ ား တားဆီးလိုက်ကြသည်။သူတို့အနေဖြင့် "မည် သူ့ကိုမျှ အိမ်တော်အတွင်း ဝင်ခွင့်မပြုနိုင်ကြောင်း" ပြောရန် ပြင်ဆင်နေစဉ်မှာပင် အိမ်တော်ထိန်းခေါင်း ဆောင် ထန်ဟုန်ယိီ၏ ပြင်းထန်သော ဆူပူသံကြီး ထွက်ပေါ်လာ၏။

​"မင်းတို့ရဲ့ ခွေးမျက်လုံးတွေကို ဖောက်ထုတ်ပစ်လို က်ကြစမ်း အဲ့လူက ဒီအိမ်တော်ရဲ့ သခင်ကွ သွား သွား မင်းတို့ အခုချက်ချင်း ထွက်သွားကြ.."

​ထိုသို့ ကြိမ်းမောင်းလိုက်ပြီးနောက် ထန်ဟုန်ယိီသည် လျူယောင်ကို မြင်လိုက်ရသောအခါ အံ့ဩဝမ်းသာ သွားသည့် အမူအရာဖြင့် ကြိုဆိုလိုက်၏။

"အိုး..သခင်... သခင် ပြန်လာပြီပဲ.."

​လျူယောင်ကလည်း တည်ငြိမ်စွာပင် ပြန်ပြောလို က်သည်။

"အင်း... ငါ ပြန်လာပြီ"

​ထိုအခါမှ တံခါးစောင့်နှစ်ယောက်မှာ တုန်လှုပ်ခြော က်ခြားသွားကြပြီး မိမိတို့တားဆီးလိုက်သော လူင ယ်မှာ ဤအိမ်တော်၏ တကယ့်သခင်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့၏။

အမှန်တကယ်တွင်လည်း သူတို့ကိုလည်း အပြ စ်ဆို၍ မရပေ။

အကြောင်းရင်းမှာ လျူယောင် ထွက်ခွာသွားသည့် နှ စ်လအတွင်း ထန်ဟုန်ယိီက လူအသစ်ထပ်မံခေါ် ယူ ခဲ့ရာတွင် ထိုနှစ်ဦးသည်လည်း အပါအဝင်ဖြစ်သဖြ င့် သူတို့က အိမ်တော်သခင်လျူယောင်ကို တစ်ခါမျှ မမြင်ဖူးကြခြင်းပင် ဖြစ်သည်။

​"ဟေး..သခင်လျူ ပြန်လာပြီဟေ့.."

​ထိုသတင်းကြောင့် အိမ်တော်တစ်ခုလုံး ရုတ်ရုတ်သဲ သဲဖြစ်လာကာ လူအားလုံးမှာ လျူယောင်၏ အနား တွင် ဝိုင်းအုံ၍ ဝန်ဆောင်မှုပေးရန် ပြင်ဆင်လိုက်ကြ ၏။

အိမ်တော်ထဲသို့ လျူယောင် ရောက်လာသည်နှင့်တ စ်ပြိုင်နက် မင်းစိုးရာဇာကဲ့သို့ သက်တောင့်သက်သာ ဝန်ဆောင်မှုပေးခြင်းကို ခံလိုက်ရသည်။ညဘက် သူ ရေချိုးသည့်အချိန်တွင်ပင် မိန်းကလေးငယ်အချို့ က အလိုက်တသိ ဝေယျာဝစ္စများကို ကူညီပေးလိုက် သည်။

​အရာအားလုံးထက် လျူယောင်ကို အကျေနပ်ဆုံးဖြ စ် စေသည့်အရာမှာ သူ မရှိသည့်အတောအတွင်း ထ န်ဟုန်ယိီနှင့် ဆွန်လိီယောင်တို့ နှစ်ဦးစလုံးမှာ ကျင့်စ ဉ်များ တိုးတက်လာပြီး မြေကမ္ဘာအဆင့် ကျင့်ကြံသူ များ ဖြစ်လာကြခြင်းပင်။

နှစ်လ၊သုံးလမျှသော အချိန်တိုအတွင်းမှာပင် သူတို့ နှစ်ဦးသည် မြေကမ္ဘာအဆင့်သို့ တက်လှမ်းနိုင်ခြင်း သည် လောကနိယာမကို ဆန့်ကျင်နေသကဲ့သို့ပင်။ တစ်လောကလုံးတွင် ထိုကဲ့သို့သော အံ့ဖွယ်တိုးတ က်မှုကို လျူယောင်တစ်ယောက်သာ ဖန်တီးပေးနိုင် ပေလိမ့်မည်။

​ထို့အပြင် သူသည် အစောင့်တစ်ဦးချင်းစီကို စွမ်းရ ည်အမှတ် ၃၀၀စီ ခွဲဝေပေးခဲ့ရာ ၎င်းတို့၏ ကျင့်စဉ် တိုးတက်မှုမှာလည်း အားရစရာကောင်းလှ၏။ယခု အခါ၌ အစောင့်အားလုံးမှာ ရွှမ်အဆင့်များ ဖြစ်နေ ကြပြီး အချို့မှာမူ ရွှမ်အဆင့် ၈ အထိပင် ရောက်ရှိ နေကြသည်။

​နောက်ထပ် လအနည်းငယ်ကြာလျှင် ထန်ဟုန်ယိီနှင့် ဆွန်လိီယောင်တို့သည် ကောင်းကင်အဆင့်သို့ ရော က်ရှိနိုင်မည်ဖြစ်ပြီး စွမ်းရည်အမှတ်များ ရရှိထား သော အစောင့်များသည်လည်း မြေကမ္ဘာအဆင့်သို့ တက်လှမ်းရန်မှာ မခဲယဉ်းပေ။

​ထိုစဉ် ထန်ဟုန်ယိီက လျူယောင့် အနားသို့ ကပ်လာ ကာ အခြေ အနေအရပ်ရပ်ကို သတင်းပို့လိုက်၏။

"သခင်... သခင် ထွက်သွားပြီး မကြာခင်မှာပဲ ပဉ္စမ မင်းသားက သခင့်ကို တွေ့ဆုံဖို့ မြို့တော်ကနေ ဟိုင် ကျိုးမြို့အထိ လူကိုယ်တိုင် ရောက်လာခဲ့ပါတယ်.. သူ ဒီမှာ ဆယ်ရက်ကျော်အောင် စောင့်ဆိုင်းခဲ့ပေမဲ့ သခင့်သတင်း မကြားရတဲ့အတွက် နောက်ဆုံးမှာ တော့ စိတ်ပျက်အားငယ်စွာနဲ့ပဲ မြို့တော်ကို ပြန်သွား ရပါတယ်ခဗျ.."

​ထန်ဟုန်ယိီ၏ စကားကို နားထောင်ပြီးနောက် လျူ ယောင်က အနည်းငယ် အံ့အားသင့်ခဲ့ရသည်။ပဉ္စမမ င်း သားမှာ သူ့ကိုတွေ့ရန် ဇွဲနပဲနှင့် စောင့်ဆိုင်းခဲ့လိမ့် မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

All Chapters