ဒီထက် ပိုကောင်းတဲ့ နတ်ဆေးမျိုး ရှိသေးတာလား
Vol. 54 Ch. 641
ပြီးခဲ့သည့်တစ်ခေါက်က ပထမမင်းသားကို ဆုံးမ ခဲ့ သည့်ကိစ္စအတွက် မဟာရှအင်ပါယာ နန်းတော်မှ သူ့ အား လက်စားချေရန် မည်သူ့ကိုမျှ စေလွှတ်ခြင်း မ ရှိခဲ့ပေ။ထူးခြားသည်မှာ မြို့တော်မှ ပဉ္စမမင်းသား ကိုယ်တိုင် သူ့ထံသို့ လာလည်ခြင်းပင် ဖြစ်သည်။
ထိုအခြေအနေသည် သူ တွက်ချက်ထားသည်ထက် အနည်းငယ် ကျော်လွန်နေ၏။
ပဉ္စမမင်းသား၏ ကိုယ်ရေးလက်မှတ်ပါသော စာလွှ ာကို ထန်ဟုန်ယီက သတိရသွားကာ ပြောလိုက်၏ ။
"ပဉ္စမမင်းသားက သခင်ပြန်လာတာကို မစောင့်နိုင် တော့လို့ စာတစ်စောင် ချန်ထားခဲ့ပါတယ် ..ကျွန် တော် သွားယူပေးမယ်သခင် ခဏစောင့်ပါအုံးခဗျ ..."
စာလွှာသွားယူပြီးနောက် သူက လျူယောင့်ဆီသို့ ရို သေစွာ ကမ်းပေးလိုက်၏။လျူယောင်သည်လည်း ဘာတွေရေးထားသနည်း ဆိုသည်အား သိချင်စိတ် ဖြင့် ဖတ်ကြည့်လိုက်သည်။
"မစ္စတာလျူ... ကျွန်တော်တို့ လူချင်းမဆုံဖူးသေး ပေမဲ့ ဒါက ခင်ဗျားအပေါ်ထားတဲ့ ကျွန်တော့်ရဲ့ လေး စားမှုကိုတော့ အဟန့်အတား မဖြစ်စေခဲ့ပါဘူး..."
စာထဲတွင် ရေးသားထားသော ပဉ္စမမင်းသား၏လေ သံမှာ အလွန်ပင် ယဉ်ကျေးပျူငှာပြီး နှိမ့်ချမှု ရှိလှ ၏။
စာကိုဖတ်ပြီးနောက် လျူယောင်၏ နှုတ်ခမ်းထောင့် တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။နန်းတော်မှ သူ့အ ပေါ် လက်စားချေရန် စိုးစဉ်းမျှပင် မကြံရွယ်ရဲကြဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
"ခွန်အားကြီးသူကိုသာ လေးစားကြတယ်ဆိုတာ တ ကယ်ပဲကိုး..."
ဤကမ္ဘာတွင် ခွန်အားသည် အတိုင်းအတာတစ်ခုသို့ ရောက်ရှိသွားပါက မိမိအလိုရှိရာကို အနှောင်အဖွဲ့က င်းမဲ့စွာ လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။
လျူယောင်၏ ခွန်အားသည် အနည်းဆုံး ကောင်းက င်အဆင့် ၈ သို့မဟုတ် အဆင့် ၉ လောက်ရှိမည်ဟု လူတိုင်းက ခန့်မှန်းထားကြပြီး အချို့ကမူ ထိုအဆင့် ထက်ပင် ကျော်လွန်နေပြီဟု ယုံကြည်နေ၏။
ထိုမျှ မြင့်မားသော ကျင့်စဉ်အဆင့်ရှိသူအား မဟာ ရှအင်ပါယာက မည်သို့ ရန်ပြုရဲမည်နည်း။
၎င်းတို့အနေဖြင့် လျူယောင်၏ မျက်နှာသာရရန်ပင် လျှင် အပြိုင်အဆိုင် ကြိုးပမ်းနေရသည်။အမှန်တရ ား ကို နားလည်သွားသောအခါ လျူယောင်၏ စိတ် ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့၏။
ဤလောက၌ "ခွန်အား" သည်သာ အရေးအကြီးဆုံး ဖြစ်သည်ကိုပင်။
......
"မြို့တော်ကို သွားဖို့ စိတ်ကူးရှိတာလားသခင်.."
အိမ်တော်ထိန်းထန်က ဤကဲ့သို့ မေးလာခဲ့လျှင် လျူ ယောင်က တုံ့ဆိုင်းမှုမရှိဘဲ ပြန်ဖြေမိပေမည်။
"သွားမှာပေါ့... သေချာပေါက် ငါ သွားရမှာပေါ့.."
သူသည် ဤဂေါ်ဝူကမ္ဘာသို့ အကြိမ်ကြိမ် ရောက်ဖူး သော်လည်း သူ၏ လှုပ်ရှားမှုနယ်ပယ်မှာ ဟိုင်ကျိုး မြို့ ထဲတွင်သာ ကန့်သတ်နေခဲ့ရသည်။မြို့တော်သို့ မသွားဘဲ နေမည်ဆိုပါက ရေတွင်းထဲက ဖားတစ် ကောင်ကဲ့သို့ အမြင်ကျဉ်းမြောင်းသူ ဖြစ်နေပေလိမ့် မည်။
ဤဂိုဝူကမ္ဘာ၏ မြို့တော်ကြီးမှာ မည်မျှ ခမ်းနားထ ည်ဝါမည်ကို လျူယောင်တစ်ယောက် အလွန်ပင် သိ ချင်နေမိသည်။ပဉ္စမမင်းသားကသာ ဖိတ်ကြားခြင်း မပြုခဲ့လျှင်တောင် သူကိုယ်တိုင် သွားရောက် လေ့ လာရန် ပြင်ဆင်ထားပြီးသား ဖြစ်၏။
ယခုတစ်ခေါက် ဂေါ်ဝူကမ္ဘာသို့ အလာတွင် သူသည် တန်ဖိုးရှိသော ပစ္စည်းအမြောက်အမြားကို တစ်ပါတ ည်း ယူဆောင်လာခဲ့သည်။အခွင့်သာပါက မဟာရှအ င်ပါယာ၏ ဧကရာဇ်နှင့်ပင် တိုက်ရိုက် အရောင်း အ ဝယ်ပြုလုပ်ရန် လျူယောင် စိတ်ကူးထား၏။
သူ၏ ကျင့်စဉ်အဆင့်မှာ ကောင်းကင်အဆင့်သို့ ရေ ာက်ရှိနေပြီဖြစ်ရာ အဆင့်မြင့်ဓားသိုင်းနည်းစနစ်မျ ား မရှိလျှင်ပင် သူ၏ အမြန်နူန်း၊ခွန်အားနှင့်ပင် ဤကမ္ဘာမှာရှိသည့် ကောင်းကင်အဆင့် ကျင့်ကြံသူ များကို အလွယ်တကူ တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။
"ငါက ဓားသိုင်းလေ့ကျင့်ဖို့ မလိုပါဘူးကွာ.."
ယခင်က ဤကဲ့သို့ လျူယောင် တွေးခဲ့ဖူးသော် လ ည်း နောက်ပိုင်းတွင်မူ သူ၏အမြင် ပြောင်းလဲလာခဲ့ သည်။ဤကမ္ဘာ၏ ဓားသိုင်းပညာရပ်မှာအလွန်ထူး ခြားဆန်းပြားလှ၏။
အထူးသဖြင့် ထိုဓားသိုင်းအား အစစ်အမှန်ချီ စီးဆ င်းမှုနှင့် ပေါင်း စပ်လိုက်သောအခါ လှုပ်ရှားမှုတိုင်း သည် ပိုမိုပြောင်မြောက်သွားတတ်သည်။အစစ်အမှ န်ချီသာ မပါဝင်ပါက ထိုဓားသိုင်းများသည် အလှပြ ကွက်သက်သက်သာ ဖြစ်နေပေလိမ့်မည်။
.......
ထန်ဟုန်ယိီ က လေသံတိုးတိုးလေးဖြင့် ရှင်းပြလိုက် ၏။
"သခင်... ပဉ္စမမင်းသားရဲ့ သဘောထားက တကယ် ကို ရိုးသားပုံရပါတယ်..သူ ဒီကို အကြိမ်ကြိမ် လာခဲ့ ပေမဲ့ သခင်က ခရီးလွန်နေတာနဲ့ပဲ လွဲနေခဲ့တာပါခဗျ .."
"သူက သခင့်အတွက် ဒီစာကို ချန်ထားခဲ့ပြီး မြို့တေ ာ်ကို လာခဲ့ဖို့ ဖိတ်ကြားသွားတာပါ သခင် ... သခင် ကရော မြို့ တော်ကို တကယ်ပဲ သွားဖို့ ဆုံးဖြတ်လို က်ပြီလား .."
လျူယောင်က ခေါင်းညိတ်ရင်း တည်ငြိမ်စွာ ပြန်ပြေ ာလိုက်သည်။
"ငါ သွားရမှာပေါ့... သွားပြီးတော့ အခြေအနေတွေ ကို လေ့လာကြည့်ရမယ်.. ဒီက ကိစ္စအဝဝကိုတော့ မင်းပဲ ထပ်ပြီး တာဝန်ယူပေထားဦးတော့.."
ထန်ဟုန်ယီက ရိုသေစွာ ကတိကဝတ်ပြုလိုက်၏။
"သခင့်အတွက် အလုပ်အကျွေးပြုရတာ ကျွန်တော့် အတွက် ဂုဏ်ယူစရာပါပဲခဗျ.. ဒီအိမ်တော်ကအလု ပ် တွေအားလုံးကို စိတ်ချလက်ချသာ ထားခဲ့ပါ သ ခင်... ဘာမှ စိတ်ပူစရာမလိုအောင် ကျွန်တော် အစွ မ်းကုန် စီမံပေးထားပါ့မယ်.."
လျူယောင်အနေဖြင့်လည်း ထန်ဟုန်ယိီကို အပြည့် အဝ ယုံကြည်စိတ်ချရပေသည်။ထန်ဟုန်ယိီသည် လုပ်ငန်းကျွမ်းကျင်ရုံသာမက တာဝန်ယူမှု၊တာဝန်ခံ မှု အပြည့် ရှိသူတစ်ဦးလည်းဖြစ်၏။ထိုထက် ပို၍ အရေးကြီးသည်မှာ သူ၏ ယိမ်းယိုင်ခြင်းမရှိသော "သစ္စာတရား"ပင် ဖြစ်သည်။
ဤကမ္ဘာတွင် သူမရှိသည့် အချိန်အတောအတွင်း ထန်ဟု န်ယိီသည် အိမ်တော်အတွက် လိုအပ်သည့် လူအင် အားကိုလည်းခန့်ထားခဲ့၏။စားဖိုမှူးများ၊ဥ ယျာဉ်မှူးများနှင့် အိမ်ဖော်များအပါအဝင် အလုပ်သ မား အင်အား တစ်ဒါဇင်ကျော်ရှိလာသည့်အပြင်၊အ စောင့်အင်အားမှာလည်း အစပိုင်းကထက် များစွာ တိုးတက်လာကာ ယခုအခါ အယောက် ၃၀ ကျော် အထိ ရှိနေပြီဖြစ်သည်။
လျူယောင်က သဘောကျစွာ ခေါင်းညိတ်ရင်း ပြန် ပြောလိုက်၏။
"ငါ့ဆီမှာ ကျင့်စဉ်အရည်အချင်းကို မြှင့်တင်ပေးနိုင် တဲ့ ဆေးရည်တွေ ရှိသေးတယ် မင်းနဲ့ ဆွန်လိီယောင် တို့ရဲ့ တပည့်တွေထဲက ယုံကြည်ရတဲ့လူအချို့ကို ရွေးပြီး ခေါ်လာခဲ့ပါ..ငါ သူတို့ကို ဒီဆေးရည် ပေး မယ်..."
ထိုစကားကို ကြားလိုက်ရသည့်အခါ ထန်ဟုန်ယိီ ခ ဗျာ အလွန်အမင်း ဝမ်းသာသွားရသည်။ကျင့်စဉ် အ ရည်အချင်းကိုပင် တိုးတက်စေနိုင်သော ဆေးရည် မျိုးအား သူလည်း သောက်ဖူးခဲ့သည် မဟုတ်ပေ လော။
ထန်ဟုန်ယီ က စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေကာ အ လျှင်အမြန် ထွက်ခွာသွားပေသည်။
"ကျွန်တော် အခုချက်ချင်းပဲ သူတို့ကို သွားခေါ်လိုက် ပါ့မယ် သခင်.. သူတို့ကိုယ်စား သခင့်ကို ကျွန်တော် ကျေးဇူးတင်ပါတယ်ခဗျ.."
ကျင့်စဉ်လေ့ကျင့်မှု အရည်အချင်းကို မြှင့်တင်နိုင်ခြ င်းသည် ကျင့်ကြံသူတိုင်း၏ တသက်တာလုံး မက်ခဲ့ ရသည့် အိပ်မက်ပင် ဖြစ်၏။သို့သော်လည်း ထိုအရာ သည် စိတ်ကူးယဉ်အိပ်မက်သက်သက်သာ ဖြစ်ခဲ့ရ ပြီး လက်ရှိကမ္ဘာတွင်မူ လူတစ်ဦး၏ ပါရမီနှင့် အရ ည်အချင်းကို တိုးတက်စေနိုင်သော ဆေးဝါးဟူ၍ လုံး ဝမရှိသေးပေ။
ပုံမှန်အားဖြင့် သိုင်းပညာလေ့ကျင့်ရန် ပါရမီအရည် အချင်းသည် မွေးကတည်းက သတ်မှတ်ပြီးသား ဖြ စ်ပြီး နောက်ပိုင်းတွင် ပြောင်းလဲ၍မရသော "မွေးရာ ပါ နိယာမ"တစ်ခုလည်း ဖြစ်၏။သို့သော်လည်း လျူ ယောင်နှင့် တွေ့သောအခါတွင်မူ ထိုနိယာမမှာ အလို အလျောက် ပျက်ပြယ်သွားခဲ့ရသည်။
ထန်ဟုန်ယိီနှင့် ဆွန်လိီယောင်တို့သည် စုစုပေါင်း လူ ၃၀ ကျော်ကို ခေါ်လာခဲ့ကြ၏။ဆေးရည် မသောက် ဖူးသေးသော အစောင့်များမှာမူ သူတို့၏ အရည်အ ချင်းကို မြှင့်တင်နိုင်တော့မည်ဟူသော သတင်းကြေ ာင့် အားတက်သရော ရောက်လာကြခြင်းဖြစ်သည် ။
ထိုလူအုပ်စုထဲတွင် အစောင့်များအပြင် အခြားလူ သုံးဦးလည်း ပါဝင်နေ၏။၎င်းတို့မှာငွေစာရင်းကိုင် တစ်ဦး၊အိမ်ဖော်များကို စီမံခန့်ခွဲရသည့် အိမ်တော် ထိန်းအမျိုးသမီးကြီးတစ်ဦး၊လက်ထောက် အိမ်တေ ာ်ထိန်း တစ်ဦးတို့ပင် ဖြစ်သည်။
ထိုသုံးဦးမှာ ထန်ဟုန်ယိီ၏ ဘယ်ညာ လက်ရုံးများ ဖြစ်ကြောင်း သိသာလှသဖြင့် လျူယောင်ကလည်း ကန့်ကွက်ခြင်းမရှိဘဲ ခွင့်ပြုလိုက်၏။ထန်ဟုန်ယိီသ ည် အိမ်တော်၏ အကြီးအကဲပီပီ သူ့ လက်အောက် တွင် ယုံကြည်စိတ်ချရသော လူယုံများ ရှိနေခြင်းမှာ ကောင်းမွန်သောအချက်ပင် မဟုတ်ပေလော။
လူတိုင်းသည် မျိုးရိုးဗီဇပြောင်းဆေးရည် တစ်ပုလ င်းစီကို သောက်သုံးလိုက်ကြ၏။ထိုအချိန်တွင် လျူ ယောင်သည် စနစ်၏ မျက်နှာပြင်ကို ဖွင့်လိုက်ပြီး တစ်ဦးချင်းစီအား စွမ်းရည်အမှတ် ၃၀၀ စီကို တိ တ်တိတ်လေး ပေါင်းထည့်ပေးလိုက်သည်။
ဤသို့ဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ သိသိသ ာသာ မြင့်မားလာပြီး အထူးသဖြင့် ကျင့်စဉ်လေ့ကျ င့်ရာတွင် ယခင်ကထက် ဆယ်ဆကျော် ပိုမိုမြန် ဆန် လာတော့မည် ဖြစ်သည်။
ထန်ဟုန်ယီနှင့် ဆွန်လိီယောင်တို့သည် သစ္စာရှိရုံသာ မက စီမံခန့်ခွဲမှုတွင်လည်း ထူးချွန်ကြသဖြင့် လျူ ယောင်အနေဖြင့် အလွန် စိတ်အေးရ၏။ထို့ကြောင့် ၎င်းတို့နှစ်ဦးအတွက် အထူးဆုလာဒ်ကို ပေးရန် ဆုံး ဖြတ်လိုက်သည်။
ယခင် ဆေးရည်များမှာ ပုလင်းဝါလေးများ ဖြစ်သေ ာ်လည်း ယခု လျူယောင် ထုတ်လိုက်သည့် ဆေးရ ည်နှစ်ပုလင်းမှာ အပြာရောင် တောက်နေသည့် ပုလ င်းလေးများ ဖြစ်၏။
"အိမ်တော်ထိန်းထန်၊ဆွန်လိီယောင်...ခဗျား.တို့နှစ်ယောက်ရဲ့ ကြိုးစားမှုကို ငါအသိအမှတ်ပြုတယ်... ဒါကြောင့် ဒီအဆင့်မြင့်ဆေးရည်နှစ်ပုလင်းကို ခဗျာ း တို့အတွက် အထူးဆုအဖြစ် ငါ ပေးမယ်..."
၎င်းတို့နှစ်ဦးမှာ ဝမ်းသာအားရဖြင့် အဆင့်မြင့် ဆေး ရည်ကို လက်ခံလိုက်ကြသော်လည်း သူတို့၏ ရင်ထဲ တွင်မူ သံသယနည်းနည်း ရှိနေကြသည်။သခင်ပေး သ ည့်အရာမှာ အဖိုးတန်မည်မှန်း သိသော်လည်း ထို ဆေးရည်၏ အာနိသင်ကိုမူ မသိသောကြောင့်ပင် ဖြ စ်၏။
ထိုလူတို့၏ အတွေးကို ရိပ်မိပုံရကာ လျူယောင်က ပြုံးရင်း ရှင်းပြလိုက်၏။
"ဒီဆေးက အခုနကဆေးထက် အဆပေါင်းများစွာ ပိုစွမ်းတယ်.. မင်းတို့ရဲ့ ပါရမီအရည်အချင်းကို နော က်တစ်ဆင့် ထပ်ပြီး မြင့်တက်စေလိမ့်မယ်"
"ဘာ....."
"ဒီထက် ပိုကောင်းတဲ့ နတ်ဆေးမျိုး ရှိသေးတာလား ..."
၎င်းတို့နှစ်ဦးမှာ အံ့သြဝမ်းသာဖြစ်သွားသလို ဘေး မှကြည့်နေကြသည့် အစောင့်များမှာလည်း မနာလို ဖြစ်ကာ မျက်လုံးများ အရောင်တောက်နေကြသည်။ လူတိုင်း၏ မျှော်လင့်တကြီး ဖြစ်နေသော အမူအရာ ကို ကြည့်ပြီး လျူယောင်က အားပေး စကားပြောလို က်၏။
"မင်းတို့တွေလည်း ကြိုးစားပြီး လေ့ကျင့်ကြပါ..စွမ်း ဆောင်ရည်ကောင်းရင် မင်းတို့လည်း အနာဂတ်မှာ ဒီလိုအခွင့်အ ရေးမျိုးကို ရနိုင်တယ်.."
လျူယောင်၏ စကားကြောင့် လူတိုင်း၏ မျက်ဝန်း ထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပလာ ကြသည်။၎င်းတို့သည် မိမိတို့၏ စွမ်းဆောင်ရည်ကို အစွမ်းကုန်ပြသရန်နှင့် သခင်ဖြစ်သူ လျူယောင် အ ပေါ် အသက်ပေး၍ သစ္စာစောင့်သိရန် စိတ်ထဲတွင်ပြ တ်ပြတ်သားသား ကျိန်ဆိုလိုက်ကြ၏။
အပျော်ရွှင်ရဆုံးနှင့် စိတ်အလှုပ်ရှားဆုံးလူများမှာမူ ထန်ဟုန်ယိီနှင့် ဆွန်လိီယောင် တို့ပင် ဖြစ်သည်။
၎င်းတို့၏ ကျင့်စဉ်အဆင့်မှာ မြေကမ္ဘာအဆင့်သို့ ရောက်ရှိပြီးနောက် ကျင့်ကြံမှုအရှိန်မှာ သိသိသာသ ာ နှေးကွေးလာ၏။၎င်းတို့၏ လက်ရှိ ကိင့်ကြံနူန်း ဖြင့်သာဆိုလျှင် အဆင့်တစ်ခု တိုးတက်ရန် အနည်း ဆုံး တစ်လကျော်ခန့် အချိန်ယူရမည်ဟု ခန့်မှန်းရသ ည်။
အမှန်တကယ်တွင်မူ မြေကမ္ဘာအဆင့် ကျင့်ကြံသူတ စ်ဦးအဖို့ တစ်လအတွင်း အဆင့်တစ်ခု တက်နိုင်ခြင် းမှာ အံ့သြစရာကောင်းလှ၏။ အဘယ်ကြောင့်ဆို သော် ပါရမီအရှိဆုံးဆိုသည့် ကျင့်ကြံသူများပင် ထို အဆင့်၌ အဆင့်တစ်ခု တက်လှမ်းရန် နှစ်နှင့်ချီ၍ အချိန်ယူရလေ့ရှိသောကြောင့် ဖြစ်သည်။
......
နှစ်ယောက်သားမှာ စိတ်လူပ်ရှားနေသဖြင့် လက်မျာ းပင် အနည်းငယ် တုန်ယင်နေ၏။၎င်းတို့သည် လျူယောင်၏ရှေ့မှာပင် အဆင့်မြင့် ဆေးရည်ပုလ င်းငယ်များကို သောက်လိုက်ကြသည်။
လျူယောင်က စနစ်၏ မျက်နှာပြင်ကို ထပ်မံဖွင့်လှ စ်ကာ ၎င်းတို့နှစ်ဦးအား စွမ်းရည်အမှတ် ၃၀၀ စီ ထ ပ်မံ ပေါင်းထည့်ပေးလိုက်၏။ယခင်က သူ ပေးထား သည့် အမှတ်များနှင့် ပေါင်းစပ်လိုက်ပါက ၎င်းတို့ နှစ်ဦးရရှိထားသည့် စုစုပေါင်းစွမ်းရည်အမှတ်မှာ ၈ ၀၀အထိ ရှိသွားခဲ့ပြီဖြစ်သည်။
ထိုမျှ များပြားသော အထောက်အပံ့ကြောင့် ၎င်းတို့ ၏ ကျင့်စဉ်အရှိန်မှာ မှန်းဆ၍မရအောင် မြန်ဆန်နေ မည်မှာ သေချာလှ၏။သူတို့နှစ်ဦး၏ လက်ရှိအခြေ အနေမှာ နောက်ထပ် တစ်နှစ်ခွဲခန့် အချိန်ပေးရုံဖြင့် ကောင်းကင်အဆင့်သို့ လှမ်းတက်နိုင်မည်ဟု ခန့်မှန်း ရပေသည်။