← Chapters

ဂိုဝူကမ္ဘာ၏ မြို့တော်သို့ လျူယောင် ရောက်လာခြင်း

Vol. 54 Ch. 642

ဂိုဝူကမ္ဘာ၏ မြို့တော်သို့ လျူယောင် ရောက်လာခြင်း

Vol. 54 Ch. 642

မြို့တော်သို့ ခရီးထွက်ရန် လျူယောင် ပြင်ဆင်နေ သော်လည်း ဧည့်သည်မပြတ်နိုင်အောင် များပြားနေ သောကြောင့် ခရီးစဉ်မှာ နှစ်ရက်မျှ နောက်ကျသွား ခဲ့ရသည်။လာရောက်နှုတ်ဆက်သူများလွန်းသဖြင့် သူလည်း ဘယ်လိုမှ မတတ်နိုင်ပေ။

​သူ့ဆီ ပထမဆုံး ရောက်ရှိလာသူမှာ ဝူမိသားစုခေါင်း ဆောင် ဝူရွှမ်းပင် ဖြစ်၏။

​လျူယောင် ပြန်ရောက်လာပြီဟူသော သတင်းကို ကြားသည်နှင့် ဝူရွှမ်းသည် ရွှေလက်မှတ် သန်းချီကို ကိုင်ဆောင်ကာ ချက်ချင်း ရောက်လာခဲ့သည်။လျူ ယောင် ပေးသော မှော်လက်နက် ဒါဇင်နှင့်ချီကို သူ က လေလံတင်ရောင်းချရာတွင် လက်နက်တစ်ခုလျှ င် ယွမ် ၃ သန်းမှ ၄ သန်းကျော်အထိ ဈေးကောင်းရ ခဲ့သဖြင့် မျှော်လင့်ထားသည်ထက်ပင် ပိုမြတ်ခဲ့၏။

​လေလံဝန်ဆောင်မူ့မှာ ရာခိုင်နှုန်းနည်းပါးသော်လ ည်း အရောင်းပမာဏ အဆမတန် များပြားသော ကြောင့် ဝူမိသားစုအတွက်မူ နှစ်ပေါင်းများစွာ စု ဆောင်းရမည့် ဝင်ငွေမျိုးအား တစ်ကြိမ်တည်းနှင့် ရ ရှိလိုက်ခြင်းပင်။

​

​ဝူရွှမ်းသည် ဝမ်းသာအားရဖြင့် နှုတ်ဆက်ရင်း သူ နှင့်အတူပါလာသော ရွှေလက်မှတ်ထုပ်ကြီးကို ကမ်း ပေးလိုက်၏။

​"သခင်လေးလျူ... ခင်ဗျား နောက်ဆုံးတော့ ပြန်ရေ ာက်လာပြီပဲဗျ.. ဒီမှာ စုစုပေါင်း ရွှေဒင်္ဂါးပြား ၄ ၆. ၂၁ သန်း ရှိပါတယ် အားလုံးက သခင်လေးဟာတွေ ပါပဲ..”

​ရွှေလက်မှတ်ထုပ်ကြီးမှာ တော်တော်ပင် ထူထဲလှ၏ ။ .

ထိုလက်မှတ်များမှာ အနည်းဆုံး တစ်သိန်းတန်မှသ ည် အများဆုံး တစ်သန်းတန် အထိ ပါဝင်ပြီး ယင်း မှာ မဟာရှ တစ်နိုင်လုံးတွင် အမြင့်ဆုံးလို့ သတ်မှတ် ထားသည့် တန်ဖိုးကြီး ငွေစက္ကူများ ဖြစ်လောက် မည်။

လျူယောင်သည် ဝူရွှမ်းကမ်းပေးသော ရွှေလက်မှ တ်ထုပ်ကြီးကို ပြုံးရွှင်စွာ လက်ခံလိုက်ရင်း စိတ်ထဲ မှ ရေရွတ်မိလိုက်၏။

​"အင်း ငါ မြို့တော်ကို ရောက်တာနဲ့ အကြီးဆုံးဘဏ် ကို အရင်သွားပြီး ဒါတွေအကုန်လုံးကို ရွှေဒင်္ဂါးပြား တွေနဲ့ လဲပစ်ရမယ်.."

​သူ့အတွက်မူ သန်းနှင့်ချီသော ရွှေဒင်္ဂါးပြားများက သာ ပို၍ စိတ်ချရသည်။မည်မျှပင် တန်ဖိုးကြီးသည် ဆိုစေ ရွှေလက်မှတ်ဆိုသည်မှာ အစစ်အမှန် ရွှေဒင်္ဂါ းများနှင့် မလဲလှယ်ရသေးသရွေ့ စက္ကူတစ်ရွက်ပ င် မဟုတ်ပေလော။

​

​ဝူရွှမ်း ထွက်ခွာသွားပြီးနောက် ဒုတိယမြောက် ရော က်လာသူမှာ ဟိုင်ကျိုးမြို့၏ မြို့စားအသစ် ကျုံး ကျီပင် ဖြစ်၏။သူသည် မြို့စားမင်းဟူသော ဂုဏ်ပု ဒ်နှင့်ပင် မလိုက်အောင် အလွန်အမင်း နှိမ့်ချသော သဘောထားဖြင့် ရောက်လာခဲ့သည်။

​လျူယောင်၏ ရှေ့မှောက်တွင်မူ ကျုံးကျီသည် မြို့ စားတစ်ဦး၏ ဟန်ပန်မျိုး လုံးဝမရှိတော့ဘဲ ရိုကျိုး လွန်းလှသည့် အစေခံတစ်ယောက်ကဲ့သို့ ရှိနေ၏။

​ကျုံးကျီသည် အခြေအနေကို ကောင်းစွာ သိတတ်န ားလည်သူတစ်ဦးပင် ဖြစ်သည်။ယခင် မြို့စားမင်း မှာ လျူယောင်ကြောင့် အသတ်ခံခဲ့ရ၏။​ပထမမင်း သားကိုယ်တိုင်ပင်လျှင် အရှက်တကွဲ ပြန်ပြေးခဲ့ရသ ည်မဟုတ်ပေလော။

​သို့သော်လည်း လျူယောင်မှာမူ ဘာမှမဖြစ်သည့်အ ပြင် ပို၍ပင် တန်ခိုးအာဏာ ကြီးထွားလာခဲ့၏။ဤ သို့သော အခြေအနေမျိုးတွင် ကျုံးကျီအနေဖြင့်လ ည်း မြို့စားမင်းဟန်ပန် ထုတ်ကာ ဂုဏ်မောက်ရဲခြ င်း မရှိခဲ့ပေ။

​

လျူယောင်၏ အိမ်တော်၌ ​ဝူရွှမ်းနှင့် ကျုံးကျီတို့အ ပြင် ဟိုင်ကျိုးမြို့၏ ထင်ရှားကျော်ကြားသူ အကုန် လုံးနီးပါးသည်လည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကာ လျူယောင့်အား လာရောက်နှုတ်ဆ က် ဂါရဝပြုကြ၏။ဟိုင်ကျိုးတစ်မြို့လုံးတွင် လျူ ယောင်တစ်ဦးတည်းကသာ ထိုမျှအထိ ဩဇာတိက္က မ ကြီးမားသူ တစ်ဦးပင် ဖြစ်လောက်မည်။

လာရောက်လည်ပတ်သူ အလွန်များပြားလွန်းသဖြင့် လျူယောင်သည်လည်း ဟိုင်ကျိုးမြို့ရှိ အဆင့် အ တန်းမြင့်သူ အနည်းငယ်ကိုသာ ကိုယ်တိုင်လက်ခံ တွေ့ဆုံပြီး ကျန်သည့်ဧည့်သည်များကိုမူ ထန်ဟုန်ယိီ သို့မဟုတ် ဆွန်လိီယောင် တို့အား လွှဲပြောင်းဧည့်ခံ စေခဲ့သည်။

​ထိုသို့ဖြင့် နှစ်ရက်ကြာပြီးနောက် လျူယောင်သည် မြို့တော်၏ ဖိတ်ကြားချက်အရ ဟိုင်ကျိုးမြို့မှ စတ င်ထွက်လာခဲ၏။သူသည် အဖော်တစ်ယောက်မှ မ ခေါ်ဘဲ ဂျစ်ကားအား လမ်းမကြီးအတိုင်း ကိုယ်တိုင် မောင်းလာခဲ့သည်။

........

ခရီးစဉ်တစ်လျှောက်လုံး၌ လမ်းအခြေအနေမှာ မ ဆိုးလှဟု ဆိုရပေမည်။

ယေဘုယျအားဖြင့် လမ်းနှစ်သွယ်သွားနိုင်လောက် အောင် ကျယ်ဝန်းပြီး အချို့နေရာများတွင် မြေနီလ မ်းဖြစ်ကာ အချို့နေရာများတွင်မူ ကျောက်စရစ်လ မ်းများ ခင်းထားသည်။

​

လမ်း၏ မျက်နှာပြင်မှာလည်း အတော်အတန် ပြန့် ပြူးချောမွေ့နေ၏။​ဟိုင်ကျိုးမြို့မှ မြို့တော်အထိ ကီ လိုမီတာ ၆၀၀ မှ ၇၀၀ ခန့် ကွာဝေးသည်။ဤခရီးမှာ အလွန်ဝေးလွန်းသည်မဟုတ်သော်လည်း မနီးလှဟု လည်း ဆိုနိုင်ပေသည်။

ပုံမှန် မြင်းရထားများဖြင့်ဆိုလျှင် အနည်းဆုံး တစ်ပ တ်ခန့် ကြာမြင့်နိုင်သော်လည်း လျူယောင်၏ ဂျစ် ကားမှာ ပိုမိုမြန်ဆန်သောကြောင့် ခရီးလမ်းမှာ ပိုမို ချောမွေ့နေ၏။

ခရီးစဉ်၏ ပထမဆုံးနေ့တွင် လျူယောင်သည် ကီ လို မီတာ ၄၀၀ ကျော်ခန့်ကို မရပ်မနား မောင်းနှင်ခဲ့ ပြီး နေ့လယ်စာစားချိန်ကျမှသာ လမ်းဘေးစားသော က်ဆိုင်တစ်ဆိုင်တွင် ခေတ္တရပ်နားခဲ့သည်။

​သူ့စိတ်ထဲတွင်မူ အဝေးပြေးလမ်းမကြီးများသာ ရှိ လျှင် ၇ နာရီ သို့မဟုတ် ၈ နာရီအတွင်း ရောက်နိုင်မ ည်ဖြစ်သော်လည်း ယခုမူ ၁၀ နာရီနီးပါး မောင်းနှင်ခဲ့ ရသည့်တိုင် ကီလိုမီတာ ၄၀၀ ကျော်သာ ခရီးပေါက် သဖြင့် သိပ်ပြီး အားမရမိပေ။ခေတ်မီအ ဝေးပြေးလ မ်းမနှင့် ယဉ်ပါးနေသော လျူယောင်အတွက်မူ ဤ အမြန်နူန်းမှာ နှေးကွေးနေသလို ခံစားရခြင်းပင်။

​သို့သော်လည်း ဤဂိုဝူကမ္ဘာမှာ နေထိုင်သည့် လူမျာ းကသာ လျူယောင်၏ တစ်နေ့တာခရီးစဉ်မှာ မိုင် ပေါင်း ၈၀၀-၉၀၀ နီးပါး ရှိသည်ကိုသာ သိသွားပါက ထိုကဲ့သို့ သေချာပေါက် အော်ဟစ်နေပေလိမ့်မည်။

"ဘုရားရေ ဒါက လုံးဝ မဖြစ်နိုင်ဘူး..ဒီလောက် မြန် တဲ့ အရှိန်ဆိုတာ ဘယ်မှာရှိလို့လဲ"ဟူ၍ပင်။

​....

​နောက်တစ်နေ့ နေ့လယ်ခင်းတွင်မူ မြို့တော်သို့ လျူ ယောင် ရောက်ရှိရန် ၂ နာရီ သို့မဟုတ် ၃ နာရီခန့်သာ လိုတော့၏။နေ့လယ်စာစားရန် အချိန်ကျရောက်လာ ပြီဖြစ်သဖြင့် လျူယောင်သည် ရှေ့တွင်မြင်ရသော မြို့ငယ်လေးအတွင်းသို့ ဂျစ်ကားလေးကို မောင်းလ ာခဲ့သည်။

​ထိုမြို့လေး၏ အတိုင်းအတာမှာ မသေးလှပေ။ အနည်းဆုံးတော့ သူ ဤကမ္ဘာသို့ ပထမဆုံး စတင် ရောက်ရှိစဉ်က တွေ့ခဲ့ရသည့် ကျောက်ကျားမြို့ထ က်ပင် ပို၍ ကြီးမားစည်ကားနေပေသည်။

မြို့ငယ်လေးအတွင်းရှိ လမ်းမများကိုမူ ကျောက်ပြာ းများခင်းထားပြီး အတော်အတန် ကျယ်ဝန်းသပ်ရ ပ်လှ၏။လျူယောင်သည် တစ်မြို့လုံးတွင် အကြီး ဆုံးနှင့် အကောင်းဆုံးဟု ထင်ရသည့် စားသောက် ဆိုင်တစ်ဆိုင်ကို ရွေးချယ်ကာ ဝင်လိုက်သည်။

​သူသည် စားပွဲတစ်လုံးတွင် နေရာယူပြီး ဟင်းပွဲအန ည်းငယ်နှင့် လက်ဖက်ရည်တစ်အိုးအား မှာယူကာ အေးအေးဆေးဆေးပင် စားသောက်နေခဲ့သည်။ သူက ကားဆက်မောင်းရဦးမည်ဖြစ်သောကြောင့် အရက်ကိုမူ မမှာဖြစ်ခဲ့ပေ။ဤကမ္ဘာတွင် ယာဉ်ထိန်း ရဲဟူ၍ မရှိသော်လည်း ဘေးကင်းရန်အတွက် သူကို ယ်တိုင်ပင် ထိန်းသိမ်းခြင်းပင် ဖြစ်၏။

......

​လျူယောင် ထမင်းစားနေစဉ်မှာပင် ဆိုင်တံခါးဝ၌ ရု တ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။၎င်းမှာ သံချပ်ကာ အပြည့်အစုံ ဝတ်ဆင်ထားသည့် စစ်သည်အင်အား ဒါဇင်နှင့်ချီကာ ရောက်လာခဲ့ပြီး ဆိုင်အပြင်ဘက်တွ င် ဝန်းရံထားလိုက်ကြသည်။

​ထို့နောက် ခန္ဓာကိုယ်သန်မာသော အမျိုးသားအချို့ နှင့် အဝတ်အစား ခပ်ကြမ်းကြမ်းဝတ်ဆင်ထားသ ည့် အမျိုးသမီးအချို့ ဝင်လာကြ၏။ထိုသူတို့အလ ယ်တွင်မူ အနီရောင်အဝတ်အစား နှင့် အသက် ၁၇၊၁ ၈ နှစ်ခန့်ရှိသော မိန်းကလေးတစ်ဦး ရှိနေသည်။

သူမ၏ ရုပ်ရည်နှင့် စိတ်နေသဘောထားမှာ အထက် တန်းလွှာမှ ဆင်းသက်လာသူမှန်း သိသာလှ၏။

​လျူယောင်က သူမကိုကြည့်ကာ စိတ်ထဲကနေ မှတ် ချက်ပေးမိလိုက်သည်။

"အိုး ဒီလိုလှပတဲ့ မိန်းကလေးလည်း ရှိတာပဲဟ.. အ ခြွေအရံတွေ ဒီလောက်များတာကြည့်ရင် သူမရဲ့ အ ဆင့်အတန်းက ပေါ့သေးသေးတော့ မဟုတ်လောက် ဘူး"

​

ထို​မိန်းကလေး ဝင်လာသည်နှင့် သူမနောက်မှ ပါလာ သော သန်မာသည့် အမျိုးသားတစ်ဦးက အသံ ကျ ယ်ကြီးဖြင့် အမိန့်ပေးလိုက်သည်။

​"အလုပ်မရှိတဲ့လူတွေ မင်းတို့ အကုန်လုံး အခုချက် ချင်း ရှောင်ပေးကြစမ်း..."

​နေ့လည်စာစားချိန်ဖြစ်သဖြင့် ဆိုင်ထဲတွင်မူ လူစည် ကားနေသော်လည်း ထိုအသံကြောင့် လူအားလုံး ထိ တ်လန့်သွားကြ၏။နောက်ကျနေလျှင် အရိုက်အနှ က် ခံရမည်ကို ကြောက်ရွံ့ကြသဖြင့် တစ်ယောက်ပြီ းတစ်ယောက် အလျင်အမြန်ပင် ဆိုင်အပြင်သို့ ထွ က်ပြေးသွားကြသည်။

လူအများအပြား ကြောက်လန့်တကြား ထွက်ပြေးသွ ားကြသော်လည်း လျူယောင်ကမူ မလှုပ်မယှက် ဘဲ မူလနေရာမှာပင် ဆက်လက်စားသောက်နေ၏။

​သူက စိတ်ထဲကနေ ရေရွတ်လိုက်သည်။

"ငါလည်း ထမင်းစားနေတာပဲ..ဘာလို့ ထသွားရမှာ လဲ.. ဘယ်နေရာမဆို အရင်ရောက်တဲ့သူက အရင်စ ားရတာ ထုံးစံပဲလေ..မထနိုင်ဘူးကွာ.."

​ထိုစဉ် ခန္ဓာကိုယ်ထွားကြိုင်းသော အမျိုးသားတစ် ဦးက လျူယောင်ထံ ဒေါသတကြီး လျှောက်လာပြီး ကြမ်းတမ်းသော လေသံဖြင့် ခြိမ်းခြောက်လိုက်၏။

​"ဟေ့လူ... မြန်မြန်ထွက်သွားစမ်း.. ကိုယ့်ကိုယ်ကိုယ် ဒုက္ခမရှာချင်နဲ့..."

​လျူယောင်ကမူ ဘာမှမကြားသလို ဟန်ဆောင်ကာ တည်ငြိမ်အေးဆေးစွာပင် ဆက်စားနေ၏။ထိုသူမှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းလာပြီး ထပ် မံအော်ဟစ်ရန် ပြင်လိုက်စဉ်မှာပင် အနီရောင်အဝတ် အစားနှင့် မိန်းကလေးက တစ်ချက်ကြည့်ကာ တား လိုက်သဖြင့် ထိုသန်မာသော အမျိုးသားမှာ ချက်ချ င်းပင် ရိုသေစွာ ပြန်ဖြေကာ နောက်သို့ ဆုတ်လိုက် သည်။

" ဟင်း..မင်း နေနှင့်အူံး.."

​

ထိုလူသည် နေရာမှ ထွက်ခွာသွားစဉ် လျူယောင်ကို မူ မကျေနပ်သည့် မျက်လုံးများဖြင့် စိုက်ကြည့်ကာ နှာမှုတ်၍ ကျိန်ဆဲ သွားခဲ့သေးသည်။

​

​ထို့နောက် အနီရောင်အဝတ်အစားနှင့် မိန်းကလေး သည် နေ့လယ်စာ စတင်စားသောက်လိုက်၏။သူမ ၏ အနီးအနားတွင်ဝန်ဆောင်မှုပေးမည့်သူများ ဝန်း ရံနေကြပြီး သူမနှင့်အတူပါလာသော မိန်းကလေး များသာမက စားသောက်ဆိုင်ပိုင်ရှင်ပင်လျှင် သူမ ဘေးနားတွင် ခါးညွှတ်၍ ရိုကျိုးစွာ ရပ်နေရရှာသည် ။

​လျူယောင်နှင့် ထိုမိန်းကလေး၏အဖွဲ့သည် တစ်ဆို င်တည်းတွင် ရှိနေသော်လည်း တစ်ဖက်က အခြွေအ ရံများဖြင့် ခမ်းနားနေပြီး တစ်ဖက်ကမူ တစ်ကိုယ်တ ည်း အေးအေးဆေးဆေး စားသောက်နေသည်မှာ ထူ းခြားသည့် မြင်ကွင်းတစ်ခု ဖြစ်နေ၏။

လျူယောင်သည် ထိုမြင်ကွင်းကို တစ်ချက်ကြည့် ပြီ းနောက် ဘာကိုမှ ဂရုမစိုက်ဘဲ ဆက်လက်စား သေ ာက်နေခဲ့သည်။ဗိုက်ပြည့်သွားသောအခါမှသာ အေ းအေးဆေးဆေးပင် ငွေရှင်းပြီး ဆိုင်ပြင်သို့ သူ ထွ က်လာခဲ့၏။ထိုအနီရောင်ဝတ်စုံနှင့် မိန်းကလေးမှာ မည်သူပင်ဖြစ်စေ သူ့အတွက်တော့ အ ရေးမပါလှ ပေ။

​မြို့ပြင်သို့ လျူယောင် ရောက်သည်နှင့် ပတ်ဝန်းကျ င်ကို အကဲခတ်ကာ ဘယ်သူမှမရှိခိုက် သိုလှောင်လ က်စွပ်ထဲမှ ဂျစ်ကားအား ပြန်ထုတ်လိုက်သည်။ထို့ နောက် မြို့တော်ဘက်သို့ ဦးတည်ကာ လမ်းမကြီးအ တိုင်း အရှိန်မြှင့်ကာ မောင်းလာခဲ့၏။

​

​မွန်းလွဲပိုင်းတွင်မူ လျူယောင်သည် မြို့တော်သို့ ဆို က်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။

​ဟိုင်ကျိုးမြို့၏ မြို့ရိုးများနှင့် နှိုင်းယှဉ်ပါက ကော င်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှ၏။ဟိုင်ကျိုး မြို့ ရိုးမှာ သုံးပေခန့်သာ မြင့်သော်လည်း ဤမြို့တေ ာ်၏ မြို့ရိုးမှာ ငါးပေ (ရှေးဟောင်းအတိုင်းအတာ ယူနစ်) နီးပါး မြင့်မားကာ အမြင့်မှာလည်း နှစ်ဆခန့် ပိုများနေသည်။

​ကြီးမားလှသော မြို့တံခါးကြီးနှင့် မြို့ရိုးတံတိုင်းမှာ ဘယ်လောက်အထိ ရှည်လျားသည်အား အဆုံးပင် မမြင်နိုင်အောင်ပင်။

နည်းပညာ မဖွံ့ဖြိုးသေးသည့် ဤကမ္ဘာတွင် ယခု ကဲ့ သို့ ဧရာမ မြို့ရိုးကြီးကို မည်သို့ တည်ဆောက်ခဲ့သ ည်မှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှ၏။

​

​မြို့တံခါးနှင့် လျူယောင် နီးကပ်လာသည်နှင့်အမျှ လူစည်ကားလာသောကြောင့် သူသည် ကားပေါ်မှ ဆင်းကာ ဂျစ်ကားကို ပြန်သိမ်းလိုက်ပြီး ခြေလျင်ပ င် ဆက်လျှောက်လာခဲ့သည်။

​မြို့တံခါးအတွင်းသို့ ဝင်လိုက်သည်နှင့် ကျယ်ဝန်းပြီ း ဖြောင့်တန်းလွန်းသည့် လမ်းမကြီးတစ်လမ်းအား သူ စတင်တွေ့လိုက်ရသည်။ထိုလမ်းမကြီးမှာ အဆုံ း မမြင်နိုင်လောက်အောင် ရှည်လျားနေကာ မြို့ တော်၏ ခန့်ညားမှုကို မီးမောင်းထိုးပြနေသည်။

မြို့တော်အတွင်းရှိ လမ်းမကြီးမှာလည်း အလွန်ကျ ယ်ဝန်းပြီး ဖြောင့်တန်းနေ၏။မြေပြင်တွင်လည်း ကျောက်ပြားကြီးများကို စနစ်တကျ ခင်းထားသဖြ င့် လမ်းတစ်လမ်းလုံးမှာ သန့်ရှင်းသပ် ရပ်ကာ ကြည့် ကောင်းနေပေသည်။

​လမ်း၏ ဘေးတစ်ဖက်တစ်ချက်တွင်မူ ဆိုင်ခန်းများ စွာဖြင့် စည်ကားနေပြီး အဆောက်အဦးများမှာလည် း ဟိုင်ကျိုးမြို့ထက် သိသိသာသာ မြင့်မားလှ၏။

ထိုမြင်ကွင်းကို ကြည့်ရှုရင်း လျူယောင်က စိတ်ထဲ မှ အားရကျေနပ်စွာ ရေရွတ်မိလိုက်သည်။

"ဟုတ်တယ် ဒါမှ တကယ့်ကို မြို့ကြီးပြကြီးရဲ့ အရှိန် အဝါမျိုးပဲကွ.."

All Chapters