← Chapters

အခန်း (၉၃-၉၄)

Vol. 7 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 7 Ch. 93-94

အပိုင်း(၉၃)

တစ်ခဏမျှ အိပ်ပျော်သွားပြီးနောက် လင်းတုန်း၏ မျက်လုံးများသည် ယီရင်နှင့် တစ်ချိန်တည်းမှာပင် ပွင့်လာခဲ့သည်။ ဤတစ်ကြိမ်တွင်မူ ရွံရှာဖွယ်ကောင်းသော ခွေးများ၏ အသွင်အပြင်က သူ၏ အာရုံကို မဖမ်းစားနိုင်ခဲ့ပေ။ ချုံပုတ်များကြားတွင် တွားသွားနေသော မည်းမှောင်သည့် အရိပ်များကို လျစ်လျူရှုကာ၊ သူ ဘယ်ဘက်သို့ လည်ပင်းကို ဆန့်ကြည့်လိုက်သည်။

မွန်းလွဲပိုင်း နေရောင်အောက်တွင် တောက်ပသော အစိမ်းရောင် အရိပ်တစ်ခု ထွက်ပေါ်လာသည်။ ကင်းခြေများ အလား လက်သည်းများကို လေထဲတွင် ဝှေ့ယမ်းကာ မြွေတစ်ကောင်ကဲ့သို့ လိမ်ယှက် တွားသွားနေလေသည်။

ဝိညာဉ်အကြွင်းအကျန် များက ၎င်းတို့ကို ရှာတွေ့သွားခဲ့လေပြီ။

ယီရင် ယိမ်းယိုင်စွာ မတ်တတ်ရပ်လိုက်၏။ သူမ သစ်ပင် ပင်စည်ကို အားပြု မှီထားလိုက်သည်။

"ဒါက စိတ်ပူစရာ မရှိပါဘူး…"

လင်းတုန်းက စိတ်သက်သာရာ ရစေရန် ကြိုးစားရင်း ပြောလိုက်သည်။

"ဒီစက်ဝိုင်းက ဝိညာဉ်အကြွင်းအကျန် တွေ ရန်ကနေ ငါတို့ကို ကာကွယ်ဖို့ ရည်ရွယ်ထားတာ… အဲဒီတော့ ခွေးတွေထက်စာရင် သူတို့ကို ပိုပြီးတောင် ကာကွယ်နိုင်စွမ်း ရှိရမှာပေါ့…"

ယီရင်က သူမ၏ ညာဘက် ပခုံးကို ဖြေလျှော့လိုက်ရာ၊ နာကျင်သွားသကဲ့သို့ မျက်နှာရှုံ့မဲ့သွားသည်။

"အေး… သူတို့က ခွေးတွေလောက်တော့ မသန်မာဘူး…”

သူမက သူမ၏ အဖြူရောင် ဓားကို ဆွဲထုတ်လိုက်သည်။

ဤတစ်ကြိမ်တွင် ဓားကိုယ်ထည်ကိုပင် မမြင်ရလောက်အောင် သိပ်သည်းစွာ စုဝေးနေသော အော်ရာ ကို လင်းတုန်း သတိပြုမိလိုက်သည်။ ၎င်းက ရေခဲကဲ့သို့ အေးစက်သည်။ သင်တုန်းဓားကဲ့သို့ ထက်မြက်၏။

"ဒါပေမယ့် သူတို့က ပိုပြီး ဉာဏ်ကောင်းတယ်။"

သူမ ဘာကြောင့် စိုးရိမ်နေသနည်း ဆိုသည်ကို သူ ချက်ချင်းပင် နားလည်သွားသည်။

ခွေးများသည် စက်ဝိုင်းကို မဖျက်ဆီးနိုင်သောကြောင့် မဟုတ်ဘဲ၊ မည်သို့ ဖျက်ဆီးရမည်ကို မသိသောကြောင့်သာ ဖြစ်သည်။ သို့သော်လည်း… ဤကောင်ကြီးများကတော့ အဆင့်နိမ့် ရွှေအဆင့် နှစ်ဦး၏ ဝိညာဉ်အကြွင်းအကျန် တစ္ဆေများ ဖြစ်သည်။ အထွတ်အမြတ် တောင်ကြားတွင် လင်းတုန်း မြင်တွေ့ခဲ့ဖူးသော မည်သည့် ဝိညာဉ်များထက်မဆို ၎င်းတို့က ပို၍ သန်မာပြီး ဉာဏ်ကောင်းပေလိမ့်မည်။

စက်ဝိုင်းက ၎င်းတို့ကို ခဏတာမျှ တားဆီးထားနိုင်သော်လည်း၊ အချိန်လုံလောက်စွာ ရရှိသွားပါက ဝိညာဉ်အကြွင်းအကျန်များသည် ၎င်း၏ အပေါ်သို့ မြေကြီးများ ပစ်တင် ဖုံးအုပ်ကြမည် ဖြစ်သည်။

လင်းတုန်းက သူ့ကိုယ်သူ တွန်းအားပေးလိုက်ပြီး၊ ကပ်ပါး လက်စွပ် ကို ချွတ်ကာ ထို့အစား ငွေတစ်ဝက် ဓားမြှောင်ကို ဆုပ်ကိုင်လိုက်သည်။ ခွေးများသာ ဖောက်ထွက်လာနိုင်ခဲ့ပါက မိမိကိုယ်ကို ကာကွယ်နိုင်မည်ဟူသော အတွေးဖြင့် နှစ်သိမ့်ကာ၊ လွန်ခဲ့သော နာရီပေါင်းများစွာ ကတည်းက ထိုလက်နက်ကို သူ ထုတ်ယူထားခဲ့ခြင်း ဖြစ်သည်။

ဝိညာဉ်အကြွင်းအကျန် တစ္ဆေများ ပတ်လည်ရှိ သက်စောင့် အော်ရာ ကို မြင်တွေ့နိုင်ရန် အတွက် လင်းတုန်းသည် ယီရင်ကို ကျော်လွန်ကာ ကြည့်ရှုလိုက်သည်။

သို့သော်… သူ၏ အာရုံများ လွဲချော်သွားပြီး ယီရင်၏ ခါးကို စိုက်ကြည့်မိလျက်သား ဖြစ်သွားသည်။ ပို၍ တိတိကျကျ ဆိုရလျှင် သူမ၏ ခါးပတ်ကိုပင်။

၎င်းမှာ အနီရောင် မာဒြာ ဖြင့် ဖန်တီးထားသော မှော်ပစ္စည်း တစ်မျိုးမျိုး ဖြစ်မည်ဟု သူ ထင်သည်။ သူမက ၎င်းကို ဖက်ရှင် တစ်ခုကဲ့သို့ ဝတ်ဆင်ထားခြင်းလောဟု တွေးတောမိခဲ့ဖူးသည်။ အထွတ်အမြတ် တောင်ကြား အပြင်ဘက်က ကျင့်ကြံသူ များသည် ရင်ထိုးတံဆိပ်များ အစား၊ မာဒြာ ဖြင့် ပြုလုပ်ထားသည့် အဝတ်အစားများဖြင့် ၎င်းတို့ကိုယ်ကို ခွဲခြား သတ်မှတ်ကြခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေမည်။

သို့သော် ယခု ကြည့်လိုက်သောအခါ... ၎င်းမှာ ခဲတက်နေသည့် အနီရောင် စွမ်းအားများဖြင့် ပြုလုပ်ထားသည့် သိပ်သည်းသော ကြိုးတစ်ချောင်း ဖြစ်နေသည်။ ခွေး၏ ပါးစပ်မှ တစ်စက်စက် စီးကျနေသော အော်ရာ နှင့် တူညီသော်လည်း၊ အဆပေါင်း တစ်ထောင်ခန့် ပိုမို ပြင်းထန် အားကောင်းနေ၏။

ထိုအရာထံမှ ထွက်ပေါ်နေသော သွေးအရသာကို သူ လက်တွေ့ခံစား သိရှိနိုင်လုမတတ် ဖြစ်သွားပြီး၊ ၎င်းက သူ့ကို အန်ချင်စိတ် ပေါက်သွားစေသည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ စစ်တပ်တစ်တပ်စာမျှ ရှိသော လူသေအလောင်းများ၏ မြင်ကွင်းများက သူ၏ အမြင်အာရုံထဲတွင် ပြည့်နှက်သွားတော့သည်။

ထိုအရာကို ယီရင် မည်သို့ ဝတ်ဆင်ထားနိုင်ရသနည်း။ ၎င်းမှာ သွေးမြစ် တစ်စင်းကို ကိုယ့်ပတ်လည်တွင် ရစ်ပတ်ထားသည်နှင့် တူလှသည်။

တစ်စုံတစ်ယောက်က ဝမ်းဗိုက်ကို ထိုးကြိတ်လိုက်သကဲ့သို့ ရုတ်တရက် လင်းတုန်း ပျို့တက်သွားသော်လည်း၊ ဘာမျှ ထွက်မလာခဲ့ပေ။ ထိုသို့ ဖြစ်သွားသည့်အတွက် သူ ဝမ်းသာမိသည်။

သူ့ထံ၌ ပလုတ်ကျင်းစရာ ရေမရှိသောကြောင့် သာမက၊ ထိုလှုပ်ရှားမှု၏ ရုတ်တရက် ရိုက်ခတ်မှုက သူ့ကို ကြေးအဆင့် အမြင်အာရုံ မှ ဆွဲထုတ်သွားသောကြောင့်ပင်။

ယီရင်က သူမ၏ ဖြောင့်တန်းသော ဆံပင်မည်းများ အောက်မှနေ၍ သူ့ကို ကြည့်နေ၏။ သူမ၏ မျက်လုံးများတွင် နားလည်မှုများ ရှိနေ၏။

"တစ်ချိန်ချိန်တော့ ဒီတံတားကို ငါတို့ ရောက်လာမယ်ဆိုတာ သိပါတယ်… ဒါပေမယ့် နောက်မှပဲ ကူးကြတာပေါ့… သဘောတူလား… "

လင်းတုန်းက အာရုံကို ပြန်လည် စုစည်းလိုက်ပြီး ဓားနှင့် အသက်ရှူနှုန်း နှစ်ခုစလုံးကို တည်ငြိမ်အောင် ထိန်းလိုက်သည်။

"ဟင့်အင်း၊ အဲဒီလို လုပ်ဖို့ မလိုပါဘူး… ဒါ ငါနဲ့ဆိုင်တဲ့ ကိစ္စမှ မဟုတ်တာ… နင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေမိရင် ငါ တောင်းပန်ပါတယ်…"

သူမက သူ့ကို စက္ကန့်အနည်းငယ်မျှ ထပ်မံ စောင့်ကြည့်လိုက်ပြီးနောက်၊ အဖြူရောင် ဓားကို မြှောက်ကာ ချဉ်းကပ်လာသော ဝိညာဉ်အကြွင်းအကျန် များဆီသို့ ပြန်လှည့်သွားသည်။

"ငါတို့ စကားပြောကြတာပေါ့…"

သူမက ပြောလိုက်သည်။

ထိုအခိုက်တွင်ပင် အက်စစ်လို အစိမ်းရောင် ဝိညာဉ်အကြွင်းအကျန်များ ထပ်မံ ရောက်ရှိလာကြပြီး ၎င်းတို့၏ ကင်းခြေများ ခြေထောက်များဖြင့် တွားသွား ချဉ်းကပ်လာကြသည်။

ခွေးများက လင်းတုန်းဘက်သို့ အမြီးလှည့်ကာ တရှူးရှူး မြည်လိုက်ကြပြီး၊ ခုန်အုပ် တိုက်ခိုက်ရန် ပြင်ဆင်နေသကဲ့သို့ ခန္ဓာကိုယ်ကို နှိမ့်ချလိုက်ကြသည်။

၎င်းကို တုံ့ပြန်သည့် အနေဖြင့်၊ ဝိညာဉ်အကြွင်းအကျန် နှစ်ခုက ၎င်းတို့၏ မေးရိုးများကို ဖွင့်လိုက် ပိတ်လိုက် လုပ်ပြကြသော်လည်း မည်သည့် အသံမျှ ထွက်မလာခဲ့ပေ။ လေဟာနယ်ကို ကိုက်ခဲနေသော မြွေများ၏ အရိပ်များကဲ့သို့ပင်။

ထို့နောက်တွင်မူ ၎င်းတို့က အော်ဟစ်သံ တစ်ခုကို ပြုလုပ်လိုက်သည်။ ၎င်းမှာ စခန်းချရာ နေရာမှစ၍ ယီရင်နှင့် လင်းတုန်း နောက်သို့ လိုက်ပါလာခဲ့သော ရေနွေးအိုး၏ လေမှုတ်သံ ကဲ့သို့ စူးရှသည့် အသံပင် ဖြစ်သည်။

လင်းတုန်း၏ စိတ်ဓာတ်များ တက်ကြွလာသည်။ ဤအရာမှာ သူ ထည့်မတွက်ထားမိခဲ့သော အချက်ပင်။ အကြောင်းတစ်ခုခုကြောင့်၊ ဝိညာဉ်အကြွင်းအကျန် များနှင့် ခွေးများသည် စက်ဝိုင်းကို ဖောက်ထွက်ရန်နှင့် လူသားများကို ကိုက်စားရန် ပူးပေါင်း လုပ်ဆောင်ကြလိမ့်မည်ဟု သူ ယူဆထားခဲ့မိသည်။

ထိုအချိန်ကျမှသာ ၎င်းမှာ မည်မျှ ရယ်စရာ ကောင်းကြောင်း သူ သဘောပေါက်သွားသည်။ သားရဲ အုပ်စု တစ်စုသည် ၎င်းတို့၏ သားကောင်ကို အခြား အုပ်စုနှင့် မျှဝေစားသုံးမည် မဟုတ်ပေ။ ၎င်းတို့က အရင်ဆုံး အချင်းချင်း တိုက်ခိုက်ကြမည်ဖြစ်ပြီး၊ ထို ဖရိုဖရဲ အခြေအနေကြားတွင် လူသားများ လွတ်မြောက်သွားနိုင်လေသည်။

အူ… ဝူး…

အဝေးရှိ တောအုပ်ထဲတွင် ကျက်စားနေသော သားရဲ အချို့က ဟိန်းဟောက်သံများကို သံပြိုင် ထုတ်လွှတ်လိုက်ကြသည်။ နောက်ထပ် ရောဂါရ ခွေး နှစ်ကောင့် ချုံပုတ်များထဲမှ ထွက်လာကြပြီး၊ ၎င်းနောက်တွင် နောက်ထပ် နှစ်ကောင် ထပ်မံ ထွက်ပေါ်လာပြန်သည်။

အခြေအနေ အပေါ် လင်းတုန်း၏ အကောင်းမြင်စိတ်များ ပျောက်ကွယ်သွားပြီး၊ ယီရင်ကလည်း သူမ၏ ဓားကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

သားရဲများသာ ပူးပေါင်းသွားကြပါက၊ ၎င်းမှာ ဝိညာဉ်အကြွင်းအကျန် များနှင့် တိုက်ခိုက်ရမည့် တိုက်ပွဲတစ်ခု မဟုတ်တော့ဘဲ၊ မျိုးဖြုတ် သတ်ဖြတ်ခြင်းသာ ဖြစ်သွားပေလိမ့်မည်။

လင်းတုန်း ယီရင်ထံမှ လှည့်ကာ အော်ရာ ပေါ်သို့ နောက်တစ်ကြိမ် အာရုံစိုက်လိုက်သည်။

"ငါ စက်ဝိုင်းကို ဖျက်မယ်"

သူက ပြောလိုက်သည်။

"ငါ အဲဒီလို လုပ်လိုက်တဲ့အခါ၊ အဲဒီကောင်တွေ ငါတို့အနား မကပ်နိုင်အောင် နင် တားထားပေး၊ ငါ တိမ်တိုက်ဆီကို သွားမယ်"

ယီရင်၏ ကျောက သူ၏ နောက်ကျောနှင့် ဖိကပ်ထားရာ သူမ ခေါင်းညိတ်လိုက်သည်ကို သူ ခံစားလိုက်ရသည်။ သူ၏ အရှေ့ဘက် မြင်ကွင်းက ရှင်းလင်းနေ၏။ ဝိညာဉ်အကြွင်းအကျန် များနှင့် ခွေးများကြားတွင် မကြာမီ ဖြစ်ပွားတော့မည့် တိုက်ပွဲအပေါ်သို့ မျက်လုံး တစ်ဖက်ဖြင့် အကဲခတ်နေလိုက်သည်။ ထိုသို့ ပြုလုပ်နေရင်းနှင့်ပင် သူက အစီအရင် အနီးသို့ တဖြည်းဖြည်း တိုးကပ်သွားလေသည်။

အစီအရင်က အားသာချက်နှင့် အားနည်းချက်တို့ ဒွန်တွဲနေခြင်း ဖြစ်သည်။ မှန်သည်။ ၎င်းမှာ သားရဲများနှင့် ဝိညာဉ် အကြွင်းအကျန် တစ္ဆေများကို ယာယီ ဟန့်တား ထားနိုင်သည်။ သို့သော် ထိုအရာ အသက်ဝင်နေစဉ်အတွင်း ယီရင် အသုံးပြုမည့် မည်သည့် မာဒြာ ကိုမဆို သက်ရောက်မှု ရှိစေမည် ဖြစ်သည်။ အကယ်၍ သူမက အစီအရင် အတွင်းမှနေ၍ 'တိုက်ခိုက်သူ' နည်းစနစ် တစ်ခုကို အသုံးပြုရန် ကြိုးစားပါက၊ ၎င်း၏ စွမ်းအားမှာ အားနည်းသွားမည် ဖြစ်သည်။ လုံးဝ အသုံးမဝင်သည့် အခြေအနေအထိပင် ရောက်သွားနိုင်သည်။ အကယ်၍ သူမက 'ကာကွယ်သူ' တစ်ဦးအနေဖြင့် စွမ်းအားများကို မိမိကိုယ်တွင်းသို့ ဆွဲယူထားပါကလည်း၊ စက်ဝိုင်းကို ဖြတ်ကျော် နင်းလိုက်သည်နှင့် ထိုစွမ်းအားများ ပြန့်ကျဲ ပျောက်ကွယ်သွားမည် ဖြစ်သည်။

ခြုံငုံကြည့်လျှင်၊ ၎င်းတို့အတွက် ထောင်ချောက်တစ်ခု မဖြစ်လာမီ အစီအရင် ကို ဖျက်သိမ်းပစ်လိုက်ခြင်းက ပို၍ ကောင်းမွန်သည်။ သို့သော် သူ ပို၍ နီးကပ်စွာ တိုးသွားချိန်တွင်၊ မိမိ၏ လှေကို ကိုယ်တိုင် အပေါက်ဖောက်နေသကဲ့သို့ သူ ခံစားနေရဆဲ ဖြစ်သည်။

ပုပ်ပွနေသော သားရဲများ ပတ်လည်ရှိ သက်စောင့် အော်ရာက ရုတ်တရက် အမည်းရောင် မီးတောက်များကဲ့သို့ ထတောက်လာချိန်တွင်၊ သူ မအီမသာ ဖြစ်သွားရလေသည်။ ၎င်းတို့၏ အော်ရာ များက ဖောင်းကားလာပြီး၊ ယခင်ကထက် နှစ်ဆခန့် ပိုမို သိပ်သည်းလာကာ နှစ်ဆ သုံးဆခန့် ပို၍ ကြီးမားလာကြသည်။ တစ်နည်းနည်းဖြင့် ၎င်းတို့က ပိုမို အားကောင်းလာနေကြသည်။

ထိုအခါမှသာ အော်ရာ တိုင်းက ထိုနည်းတူစွာပင် ဖောင်းကားလာကြောင်းကို သူ သဘောပေါက်သွားလေသည်။

ရုတ်တရက်… သူ၏ ကြေးအဆင့် အမြင်အာရုံ အောက်တွင် ကမ္ဘာကြီးသည် ဖရိုဖရဲ အရောင်အသွေးများဖြင့် ပြည့်နှက်သွားပြီး၊ မြေကြီးထဲရှိ အဝါရောင် သွေးကြောများနှင့် မြက်ခင်းထဲရှိ အစိမ်းရောင် ရေစီးကြောင်းများက ပိုမို တောက်ပလာကြသည်။ ထို့နောက် လေပြင်းတိုက်ခိုက်ခံရသော သစ်ကိုင်းများကဲ့သို့ ကွေးညွတ်သွားကြသည်။

သက်စောင့် အော်ရာ များသည် ၎င်းတို့၏ အရင်းအမြစ်မှနေ၍ ပုံရိပ်ယောင် မြစ်တစ်စင်း အတွင်းသို့ စီးဝင် ခန်းခြောက်သွားကာ၊ တောအုပ်ထဲသို့ ပိုမို နက်ရှိုင်းစွာ စီးဆင်းသွားကြလေသည်။

ထိုစီးဆင်းမှုက သက်တံရောင် မြစ်တစ်စင်းနှင့် တူနေပြီး၊ ၎င်း၏ အနောက်တွင် ကမ္ဘာကြီးကို ခြောက်သွေ့ကာ ဟာလာဟင်းလင်း ဖြစ်သွားသကဲ့သို့ ခံစားရစေသည်။

သတ္တဝါတိုင်းက ရုတ်တရက် ထွက်ပြေးသွားကြသည်။

ဝိညာဉ်အကြွင်းအကျန် တစ္ဆေများက ပွက်ပွက်ဆူသံ၊ လေမှုတ်သံများကို ပြုလုပ်လျက် သက်စောင့် အော်ရာ ၏ စီးဆင်းမှု နောက်သို့ လိုက်ပါကာ ပထမဆုံး ထွက်ပြေးသွားကြခြင်း ဖြစ်သည်။ ပုပ်ပွနေသော ခွေးများမှာ တစ်ခဏတာမျှ တွေဝေသွားကြပြီး၊ ပိတ်မိနေသော သားကောင်များကို တစ်လှည့်၊ အလျင်အမြန် စီးဆင်းသွားသော အလင်းရောင်များဆီသို့ တစ်လှည့်ကြည့်ကာ၊ ဝေခွဲမရ ဖြစ်နေပုံပေါ်သည်။

နောက်ဆုံးတွင်၊ ၎င်းတို့ထဲမှ တစ်ကောင်က လည်ချောင်းထဲမှ အသံဖြင့် ဟောင်လိုက်ပြီးနောက် အားလုံး ထွက်ပြေးသွားကြတော့သည်။

အစောင့်အရှောက် စက်ဝိုင်း နှင့် ပို၍ ဝေးကွာသော နေရာရှိ ခွေးများပင်လျှင် နောက်မှ လိုက်ပါသွားကြပြီး၊ ဝိညာဉ်အကြွင်းအကျန် များကို အလျင်အမြန် ကျော်တက်သွားကြလေသည်။

နောက်ခံမြင်ကွင်းရှိ သစ်ပင်များနှင့် ချုံပုတ်များကြားတွင် တည်ရှိနေသည့် ပို၍ ကြီးမားသော သားရဲကြီးများလည်း ထွက်ခွာသွားကြသည်။

၎င်းတို့သည် မီးလောင်နေသော အဆောက်အအုံ တစ်ခုမှ ထွက်ပြေးလာကြသကဲ့သို့ ပြေးထွက်သွားကြခြင်း ဖြစ်ပြီး၊ အသက်သုံးခါရှူစာ အချိန်အတွင်းမှာပင် လင်းတုန်းနှင့် ယီရင်တို့ နှစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

***

အပိုင်း(၉၄)

လင်းတုန်းက ပတ်ဝန်းကျင် ကမ္ဘာကို နောက်တစ်ကြိမ် ကြည့်ရှုလိုက်ပြီး ယီရင်နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။

"အဲဒါ ဘာလဲဆိုတာကို နင်များ သိနေမလား…”

လင်းတုန်းက တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။

"နင်က ငါ့ကို မေးတယ်၊ ဒါပေမယ့် ငါကရော ဘယ်သူ့ကို သွားမေးရမှာလဲ…"

သူမက အဖြူရောင် ဓားကို လက်တစ်ဖက်တွင် ကိုင်ဆောင်ထားလျက် မတ်တတ်ရပ်ကာ အဝေးသို့ ငေးကြည့်နေလေသည်။

ယခုအခါ အန္တရာယ် ကင်းရှင်းသွားပြီဖြစ်ရာ၊ လင်းတုန်း၏ ခန္ဓာကိုယ် တစ်ခုလုံး ပျော့ခွေသွားပြီး သစ်ပင်ကို မှီလျက် မောဟိုက်နေတော့သည်။

"သူတို့က ခြောက်လှန့်ခံလိုက်ရလို့ ထွက်ပြေးသွားတာလား… ပိုဆိုးတဲ့ အရာတစ်ခုခုများ လာနေလို့လား…"

ယီရင်က သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

"ဘာလဲ… မဟုတ်ပါဘူး၊ သားရဲတွေ ဘာဖြစ်သွားလဲ ဆိုတာက ရှင်းရှင်းလေးပါ… သူတို့က သက်စောင့် အော်ရာ နောက်ကို လိုက်ကြတာ ဆိုတော့၊ အဲဒီနောက်ကို လိုက်သွားကြတာပေါ့… ရိုးရှင်းပါတယ်… ဒါပေမယ့် အော်ရာ ကို အဲဒီလို ဖြစ်သွားအောင် ဘာက လုပ်လိုက်တာလဲ ဆိုတာကိုတော့ ငါ စဉ်းစားလို့ မရဘူး… အဲဒါတွေက စုဝေးသွားပြီးတော့ မျက်တောင်တစ်ခတ် အတွင်းမှာ ပြေးထွက်သွားသလိုပဲ… ကြည့်စမ်း၊ မြေကြီးပေါ်မှာ သက်စောင့် အော်ရာ တွေ ဒီလောက်အထိ ပါးလျသွားတာမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး…"

လင်းတုန်းက ကြည့်လိုက်ရာ သူမပြောသည်မှာ မှန်ကန်ကြောင်း တွေ့ရှိလိုက်ရသော်လည်း ထိုအရာက အံ့ဩစရာတော့ မဟုတ်ပေ။ သူ၏ ကြေးအဆင့် အမြင်အာရုံ ထဲရှိ ကမ္ဘာကြီးမှာ မှေးမှိန်နေပြီး၊ မြင်ကွင်းကို အရောင်လွင့်နေသော ဆေးရောင်များဖြင့် ခြယ်သထားသကဲ့သို့ ရှိလေသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…"

သူ သင်ကြားခဲ့ရသည့် အတိုင်းဆိုလျှင် သက်စောင့် အော်ရာ သည် သဘာဝ ကမ္ဘာကြီး၏ မာဒြာ နှင့် တူသည်။ ၎င်းက ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်း ရွေ့လျားသွားသည်နှင့်အမျှ ကွဲပြားသော အသွင်သဏ္ဍာန်များကို ဆောင်သွားသော်လည်း၊ အားလုံးက ဆက်စပ်နေကြသည်။

ပုံမှန်ဆိုလျှင် သက်စောင့် အော်ရာများကို စုပ်ယူလိုက်ခြင်းမှာ သမုဒ္ဒရာထဲမှ ရေတစ်ခွက်ကို ယူဆောင်လိုက်ခြင်းနှင့် တူလေသည်။ စောသည် ဖြစ်စေ၊ နောက်ကျသည် ဖြစ်စေ… ၎င်းသည် အရင်းအမြစ်ဆီသို့ ပြန်လည် ရောက်ရှိသွားမည်သာ ဖြစ်သည်။

လင်းတုန်းသည် သမုဒ္ဒရာကို တစ်ခါမျှ မမြင်ဖူးသော်လည်း ပုံပြင်များကို ဖတ်ဖူးခဲ့သည်။

ဤအခြေအနေက ဒီရေများ လုံးဝ ဆုတ်ခွာသွားပြီး၊ ကမ်းခြေကို ဗလာကျင်းကာ ခြောက်သွေ့စွာ ချန်ထားရစ်ခဲ့သကဲ့သို့ သူ့ကို ခံစားရစေသည်။

ယီရင်က သူမ၏ ဓားကို ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်ပြီး လင်းတုန်း၏ အစောင့်အရှောက် စက်ဝိုင်း ကို ပေါ့ပေါ့ပါးပါး ဖြတ်လျှောက်လာခဲ့သည်။ သူမက စုတ်ပြဲနေသော အပြင်ဝတ်ရုံပေါ်ရှိ ပေကျံနေသော မြေကြီးများကို ဖယ်ရှားရန်ပင် အလုပ်ရှုပ်မခံခဲ့ချေ။

"အစီအရင်တွေက အမျိုးအစားကို ထည့်မတွက်ဘဲ သက်စောင့် အော်ရာ အများကြီးကို စုစည်းနိုင်တယ်… တစ်ခါတစ်ရံ တွန်းထုတ်နိုင်တယ်… စောစောက ကိစ္စကို အစီအရင် တစ်ခုက လုပ်နေတာ ဆိုရင်တော့... အဲဒီ အစီအရင်က ဆယ်မိုင်လောက် ကျယ်ပြီး၊ ကျောက်ဆောင်ကြီးတွေပေါ်မှာ ထွင်းထုထားကာ ဝိညာဉ်အကြွင်းအကျန် တစ်သောင်းလောက်နဲ့ စွမ်းအင် ပေးထားရမယ်လို့ ငါ ဆိုရလိမ့်မယ်..."

လင်းတုန်းက ထပ်မံ မေးခွန်း မထုတ်တော့ပေ။ ထိုဖြစ်ရပ်က မည်သည့်အရာပင် ဖြစ်ပါစေ... ၎င်းက သူတို့ကို သားရဲ စစ်တပ်ကြီး တစ်ခုထဲမှနေ၍ တိုက်ခိုက် ထွက်ပြေးရမည့် အရေးမှ ကယ်တင်ခဲ့လေပြီ။ သူ ကျောပိုးအိတ်ကို ဆွဲယူကာ မိုင်တစ်ထောင် တိမ်တိုက် ဆီသို့ ကပျာကယာ သွားရောက်လိုက်သည်။

မာဒြာ အများအပြား ပြန်လည် စုစည်းနိုင်ဖို့ သူ့အတွက် အချိန်မရခဲ့သလို၊ ၎င်းကို အချိန်ကြာကြာ သို့မဟုတ် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်နိုင်မည်ဟူသော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း မရှိခဲ့ပေ။ ထို့ကြောင့်ပင်... ယီရင် အနေဖြင့် တိမ်တိုက်ဆီသို့ စွမ်းအင် ပေးနိုင်မည်ဟု မျှော်လင့်လျက် သူက နောက်သို့ လှည့်ကာ မေးလိုက်သည်။

"နင့်ရဲ့ ဝိညာဉ်ကရော ဘယ်လောက်လောက် နာလန်ထူလာပြီလဲ..."

သူမက ခုန်တက်လိုက်ပြီး မြင်းတစ်ကောင်ကို စီးသကဲ့သို့ တိမ်တိုက်၏ အရှေ့ပိုင်းကို ခွထိုင်လိုက်သည်။

"အပြည့်အဝ ပြန်ကောင်းသွားတာတော့ မဟုတ်ပေမယ့်၊ ဒီမြင်းလေးကို စီးဖို့တော့ လုံလောက်ပါတယ်..."

သူမက သူမ၏ အနောက်ရှိ တိမ်တိုက်ကို ပုတ်ပြလိုက်သည်။

"တက်ခဲ့လေ.."

လင်းတုန်းက မတက်ခင် ဒူးထောက်လိုက်ပြီး တိမ်တိုက်၏ ဘေးဘက် တစ်လျှောက်ကို လက်ဖြင့် ပွတ်ဆွဲကြည့်လိုက်သည်။ သူ မျှော်လင့်ထားသည့် အတိုင်းပင်၊ တိမ်တိုက်မှာ ယခင်နေ့ကထက် အနည်းငယ် ပို၍ သေးငယ်သွားပြီး ၎င်း၏ ဘေးဘက်များမှာ ပို၍ ပါးလျနေ၏။

ပြုပြင် ထိန်းသိမ်းရန် တစ်ရက် ပျက်ကွက်သွားခြင်းက ၎င်း၏ စွမ်းဆောင်ရည်ကို များစွာ ထိခိုက်စေမည် မဟုတ်သော်လည်း၊ ပေါင်းပင် တစ်ပင်ကလည်း ဥယျာဉ် တစ်ခုလုံးကို လွှမ်းမိုးသွားနိုင်သည် မဟုတ်ပါလော။ ပြဿနာ ကြီးထွားမလာမီ သေးငယ်နေချိန်တွင် ဖြေရှင်းလိုက်ခြင်းက ပို၍ ကောင်းမွန်ပေသည်။

လင်းတုန်း သန့်စင်သော မာဒြာ များကို အတွင်းသို့ ပို့လွှတ်လိုက်ရာ တိမ်တိုက်၏ ဗဟိုရှိ အစီအရင်က ၎င်းတို့အား ဖမ်းယူသွားသည်ကို သူ ခံစားလိုက်ရသည်။ သူသည် ပိုမို အားနည်းသော အမြုတေ ထဲမှ မာဒြာ များကို ဆွဲယူ အသုံးပြုနေခြင်း ဖြစ်သည်။ မာဒြာများကို သုံး၍ တိမ်တိုက် မာဒြာ များကို အာဟာရ ဖြည့်တင်းရန် အသုံးပြုသည့် နည်းလမ်းက အနည်းငယ် ကြန့်ကြာမှု ရှိလေသည်။

ဟူး... ဟူး...

မာဒြာများကို ထည့်သွင်းနေသည်နှင့် အမျှ တိမ်တိုက်မှာ ပို၍ ထူထဲလာပြီး အရွယ်အစားအားဖြင့် လက်မဝက်ခန့် ပိုမို ကြီးမားလာသည်။ စိတ်ကူးယဉ်မှု သက်သက်မျှသာ ဖြစ်နိုင်သော်လည်း၊ ၎င်းက ပို၍ မြင့်မားစွာ လွင့်တက်သွားသည်ဟုပင် သူ ထင်မှတ်လိုက်မိသည်။

ထိုအားထုတ်မှုက ထို အမြုတေ ကို လုံးဝ ခန်းခြောက်သွားစေသည်။ အမှန်စင်စစ် ၎င်းမှာ ယခင်ကတည်းက အများစု ကုန်ခမ်းနေခဲ့ခြင်း ဖြစ်သည်။ လင်းတုန်း အမြုတေ နောက်တစ်ခုကို ပြောင်းလဲ အသုံးပြုလိုက်ပြီး၊ ယီရင်၏ အနောက်သို့ တက်လိုက်လေသည်။

"နင်က အသေးအဖွဲလေးကအစ ဂရုစိုက်တတ်တဲ့ လူပဲ..."

သူမက မှတ်ချက်ချလိုက်သည်။

"ရှေ့ကနေ အလုပ်နည်းနည်း ပိုလုပ်ထားတာက နောက်ပိုင်းမှာ အရာရာကို ပိုလွယ်ကူသွားစေတယ်လေ... အဲ့တာက ငါ့ အတွေ့အကြုံပဲ”

တိမ်တိုက်ပေါ်သို့ တက်ကာ သူတို့ နှစ်ဦးကြားတွင် ကျောပိုးအိတ်ကို သေချာချထားရင်း သူက ပြောလိုက်သည်။

သူ သေချာ နေရာ မယူရသေးမီမှာပင် သူမက တိမ်တိုက်ကို အရှိန်မြှင့်လိုက်ရာ၊ သူ နောက်သို့ လန်ကျသွားပြီး အားပြုရန်အတွက် သူမ၏ ပခုံးများကို ဖမ်းဆုပ်လိုက်ရသည်။

"အရင်တုန်းက ပြင်းထန်တဲ့ အလုပ်တွေကို နင် မြင်ဖူးခဲ့လိမ့်မယ်လို့ ငါ ထင်တယ်..."

ယီရင်က အနောက်သို့ လှမ်းပြောလိုက်သည်။

"ဒါပေမယ့် အဲဒီအရာနဲ့ လက်ဆွဲနှုတ်ဆက်ရလောက်တဲ့ အထိတော့ နင် ဘယ်တုန်းကမှ နီးနီးကပ်ကပ် မရှိခဲ့ဖူးဘူး..."

သူမသည် စမားရ တောင် ပေါ်မှ ဆင်းလာစဉ်က အရှိန်ထက်ပင် ပိုမို မြန်ဆန်စွာဖြင့် တောအုပ်ကို ဖြတ်သန်း မောင်းနှင်သွားရာ၊ မည်းနက်သော သစ်ရွက်များ ပါရှိသည့် သစ်ကိုင်းများက လင်းတုန်း၏ နားဘေးမှ တရွှမ်းရွှမ်း ဖြတ်သန်းသွားကြသည်။

သူမ၏ သေးငယ်သော ကျောပြင်က အကာအကွယ် များများစားစား မပေးနိုင်သော်လည်း၊ သူ ယီရင်၏ အနောက်တွင် သူက ကိုယ်ကို ကိုင်းချထားလိုက်သည်။

အရှိန်နှင့် အသားကျသွားသော အခါမှသာ ဦးတည်ရာကို သူ သတိပြုမိသွားသည်။

"တောင်းပန်ပါတယ်၊ ဒါပေမယ့်... ငါတို့တွေ သားရဲတွေ နောက်ကို လိုက်နေတာလား..."

ဖြတ်သန်းသွားစဉ် သစ်ကိုင်းများက ရိုက်ခတ်သွားသော်လည်း၊ ယီရင်ကတော့ ထိုအရာများကို သာယာသော လေပြေလေး တစ်ခုထက် မပိုသကဲ့သို့ လျစ်လျူရှုထားလိုက်သည်။

"အော်ရာ တွေ ဒီဘက်ကို ဦးတည်သွားတာ အကြောင်းအရင်း တစ်ခုခု ရှိလို့ပဲ... အဲဒီနေရာက ဘယ်မှာလဲ ဆိုတာကို ငါတို့ သွားရှာကြတာပေါ့..."

"သူတို့ ဘယ်ကို သွားနေလဲ ဆိုတာနဲ့ ပတ်သက်ပြီး ငါတို့ သိတာ တစ်ခုပဲ ရှိတယ်... အဲဒီမှာ သားရဲ စစ်တပ်ကြီး တစ်ခု ရှိနေတယ် ဆိုတာပဲ... အဲဒါတော့ ငါတို့ သိတယ်..."

သူမ ရယ်မောလိုက်သည်ကို သူ ခံစားလိုက်ရသည်။

"သူ တစ်ဘဝလုံး သိခဲ့ဖူးတဲ့ တစ်ခုတည်းသော အိမ်ကနေ ထွက်ခွာလာဖို့ သွေးမြေကျခံခဲ့တဲ့ ကောင်လေးကို ငါတို့ ဘယ်မှာများ ထားခဲ့မိပါလိမ့်... နင်က အားနည်းတယ်၊ ဒါပေမယ့် နင့်ကို သတ္တိကြောင်တဲ့ လူလို့တော့ ငါ မထင်ထားဘူး..."

ထိုစကားက ဂုဏ်သိက္ခာကို ထိခိုက်သွားစေသဖြင့်၊ လင်းတုန်းက ကိုယ်ကို မတ်လိုက်သည်။ မိုက်မဲသော လှုပ်ရှားမှု တစ်ခုပင်။ အဘယ်ကြောင့်ဆိုသော် သူ၏ မျက်နှာကို သစ်ကိုင်း တစ်ကိုင်းက ချက်ချင်း ရိုက်ချလိုက်သောကြောင့် ဖြစ်သည်။

ပုပ်သိုးနေသော ဟင်းသီးဟင်းရွက် အရသာရှိသည့် သစ်ရွက်များကို ထွေးထုတ်လိုက်ရင်း သူက ပြန်ပြောလိုက်သည်။

"ငါ မသွားဘူးလို့ ပြောနေတာ မဟုတ်ဘူး၊ ငါက နည်းနည်းပါးပါးတော့ သတိထားချင်တယ်လို့ ပြောတာပါ..."

"အိုး... ငါ သတိထားပါ့မယ်..."

သူမက ချုံပုတ်တစ်ခုကို ကျော်ဖြတ်ရန် တိမ်တိုက်ကို ထိန်းချုပ်လိုက်ပြီး တောင်ကုန်းငယ် တစ်ခုပေါ်မှ လျှောဆင်းလိုက်၏။ သူက အားပြုရန်အတွက် သူမ၏ လက်မောင်းများကို တင်းကျပ်စွာ ဖမ်းဆုပ်ထားလိုက်ရသည်။

"နည်းနည်းပါးပါး ပေါ့လေ..."

***

All Chapters