← Chapters

အခန်း (၉၇-၉၈)

Vol. 7 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 7 Ch. 97-98

စူပါ-ဖမ်း(SFS)

SFS 97

အခန်း ၉၇ ။ လယ်စိုက်တာကလည်း ခေတ်သစ်ကို ဦးဆောင်နိုင်တယ်

"အပြည့်အဝ အလိုအလျောက် စိုက်ပျိုးရေးစနစ်? ဒါက ပြည်တွင်းမှာ ရှိနေတာ ကြာလှပြီလေ။ ရို့ချန်ခရိုင်ဘက်က ဝါဂွမ်းစိုက်ခင်းတွေမှာဆိုရင် အလိုအလျောက် ထုတ်လုပ်ရေးစနစ်ကို သုံးနိုင်တဲ့ အခြေအနေ ရှိနေပြီ။

ဒါပေမဲ့ မင်းတွေးထားသလို လူတစ်ယောက်မှ မပါဘဲ လုံးဝကြီး ထားထားလို့တော့ မရသေးဘူး။ စက်ကို စောင့်ကြည့်ဖို့ လူတစ်ယောက်လောက်တော့ ထားရတယ်။

ငါ ဗီဒီယိုတစ်ခု ရှာပြမယ်၊ ကြည့်ကြည့်။"

မကြာခင်မှာပဲ လောင်ဝမ်က ကျောင်းသားတစ်ယောက်ကို အချက်အလက်တွေ ရှာခိုင်းပြီး လင်းယန်ကို ပြလိုက်ပါတယ်။ ဗီဒီယိုထဲက အလိုအလျောက် စနစ်တွေက လင်းယန်ကို တော်တော်လေး အံ့ဩသွားစေတယ်။ နိုင်ငံခြားက အကြီးစား စိုက်ပျိုးရေးခြံကြီးတွေနဲ့ ယှဉ်ရင်တောင် စက်မှုလုပ်ငန်း အဆင့်အတန်းက လုံးဝမနိမ့်ဘူး။ ပြည်တွင်းရဲ့ အီလက်ထရောနစ် သတင်းအချက်အလက် နည်းပညာက အားကောင်းတဲ့အတွက်၊ အလိုအလျောက် ထိန်းချုပ်မှု အပိုင်းမှာဆိုရင် လင်းယန် ရွာအပြင်မှာ စုပုံထားတဲ့ နိုင်ငံခြားစက်ကြီးတွေထက်တောင် ပိုသာနေပါသေးတယ်။

"ဒီစက်တွေရဲ့ အလိုအလျောက်စနစ်က တော်တော်ကောင်းပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ လူက စောင့်ကြည့်ပေးနေရဦးမှာပဲလေ။ ကျွန်တော် တွေးထားတဲ့ ပုံစံမျိုး မဟုတ်သေးဘူး။" လင်းယန်က ပြောလိုက်သည်။

"ကျွန်တော် လိုချင်တာက... တကယ့်ကို အပြည့်အဝ အလိုအလျောက်စနစ်ပါ။ ပြီးတော့ အခုဗီဒီယိုထဲက စက်တွေက သီးနှံတစ်မျိုးတည်းအတွက်ပဲ သီးသန့်ထုတ်ထားတာ။ ကျွန်တော် လိုချင်တာက သီးနှံစုံ စိုက်လို့ရမယ့် ဘက်စုံသုံးစက်မျိုးပါ။"

လောင်ဝမ်က ခေါင်းယမ်းလိုက်သည်။

"မင်းပြောတာက ရှေ့ပြေးလွန်းနေပြီ။"

"ဒါပေမဲ့ ကျွန်တော် တကယ်ပဲ အဲ့ဒီလို လုပ်ချင်တာ။"

"ဒါဆိုရင်တော့... မင်းက ခေတ်ကြီးတစ်ခုလုံးကို ပြောင်းလဲပစ်တော့မှာပဲ။ လူသားတွေဟာ စိုက်ပျိုးရေး လုပ်ငန်းကနေ အပြည့်အဝ လွတ်မြောက်သွားလိမ့်မယ်။"

ဒီအကြောင်း ပြောရင်းနဲ့ လောင်ဝမ် ကိုယ်တိုင်တောင် အနာဂတ်ကို စိတ်ကူးယဉ်လာမိသည်။

"ဒါပေမဲ့... မင်း ပြဿနာတစ်ခုကို စဉ်းစားကြည့်ဖူးလား? မင်းပြောတဲ့ အပြည့်အဝ အလိုအလျောက် စက်တွေသာ တကယ်ပဲ နေရာအနှံ့ ရောက်သွားမယ်၊ စက်တွေက သူ့ဘာသာသူ လယ်စိုက်၊ မျိုးစေ့ချ လုပ်နေနိုင်ပြီဆိုရင်... လယ်သမားတွေ ဘာဆက်လုပ်ကြမလဲ?

နေ့တိုင်း အိမ်မှာပဲ ထိုင်နေကြတော့မလို့လား?"

ပိုပြီး တိတိကျကျ ပြောရရင်... သူတို့ အကုန်လုံး အလုပ်လက်မဲ့ ဖြစ်သွားလိမ့်မယ်! ပြည်တွင်းမှာ လယ်သမား ဘယ်နှစ်ယောက်များ ရှိလဲ? အဲ့ဒီ ကိန်းဂဏန်းကို မင်း စဉ်းစားကြည့်ဖူးလား? မင်း အဲ့ဒီစက်ကို တကယ်ပဲ တီထွင်နိုင်ခဲ့ရင်တောင်... တခြား အလုပ်အကိုင် အခွင့်အလမ်း ပြဿနာတွေကြောင့် အဲ့ဒါကို လက်တွေ့ အသုံးပြုခွင့် ရမှာမဟုတ်ဘူး။"

လင်းယန် နားထောင်ရင်းနဲ့ လောင်ဝမ်ပြောတာ တကယ်ကို အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရသည်။

ပြည်တွင်းမှာက တည်ငြိမ်တဲ့ ဂေဟစနစ်တစ်ခု ဖြစ်ပေါ်နေပြီးသားပါ။ လင်းယန်သာ ဒီလိုစက်မျိုးကို တီထွင်လိုက်မယ်ဆိုရင်... လယ်သမားတွေ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ လယ်မြေတွေကို သူတို့လက်ထဲကနေ အလွယ်တကူ ဆွဲလုလိုက်သလို ဖြစ်သွားလိမ့်မည်။ အဲ့ဒီအခါကျရင် မိုးနဲ့မြေ ပြောင်းပြန်လှန်သလို အပြောင်းအလဲကြီးတွေ ဖြစ်လာမှာပဲ။ ခေတ်ကြီးကို ဦးဆောင်သွားမလား... ဒါမှမဟုတ် နိုင်ငံမငြိမ်မသက် ဖြစ်သွားမလား ဆိုတာ တကယ်ကို ပြောရခက်ပါတယ်။ လူသားတွေရဲ့ သမိုင်းမှာ စက်မှုတော်လှန်ရေး ဖြစ်ပေါ်လာတိုင်း၊ နောက်ဆုံးရလဒ်က စစ်ပွဲတွေနဲ့ ကမ္ဘာ့အင်အားစုတွေ အပြောင်းအလဲ ဖြစ်သွားတာချည်းပဲ မဟုတ်လား။ တခြားကြောင့် မဟုတ်ပါဘူး။ 'စနစ်တကျ နေထိုင်မှု' ဆိုတဲ့ ပြဿနာကြောင့်ပါ။

ဒါပေမဲ့ စဉ်းစားရင်း စဉ်းစားရင်းနဲ့... သူ သိပ်ပြီး တွေးလွန်နေပြီလို့ လင်းယန် ခံစားလိုက်ရသည်။

'ငါ လုပ်ချင်တာ ငါလုပ်မယ်။ တီထွင်ပြီးသွားရင် ဘာတွေပဲဖြစ်ဖြစ် ဂရုစိုက်နေစရာ မလိုဘူး။'

'နောက်ပြီး တကယ်လို့ တီထွင်နိုင်ခဲ့ရင်တောင် ဒီစက်က ဈေးအရမ်းကြီးမှာပဲလေ။ နေရာတိုင်းမှာ သုံးနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။'

လင်းယန် မေးစေ့ကို ပွတ်ရင်း တွေးလိုက်သည်။

"လောင်ဝမ်... အဲ့ဒီ အလိုအလျောက် စနစ်တွေနဲ့ ပတ်သက်တဲ့ ပညာရှင်တွေကို ကျွန်တော့်ကို ရှာပေးလို့ ရမလား။ ကျွန်တော် တကယ်ပဲ စမ်းကြည့်ချင်လို့ပါ။"

"ငါ့ဆီမှာ မင်းနဲ့ ပူးပေါင်းနိုင်တဲ့သူ တချို့တော့ ရှိပါတယ်။ ဒါပေမဲ့..." လောင်ဝမ်က တွေဝေစွာ ပြောလိုက်သည်။

"လောင်စူးဘက်က လူတွေနဲ့ယှဉ်ရင်တော့ အများကြီး ကွာသေးတယ်။ လောင်စူး လက်အောက်မှာက တကယ့် ပညာရှင်တွေ အများကြီး ရှိတာကွ။ မင်း သိလား... တချို့ အနုစိတ် စက်ကိရိယာတွေကို စက်နဲ့ လုပ်ထားတာ မဟုတ်ဘူး။ လူလက်နဲ့ ကိုယ်တိုင် လုပ်ထားတာ။ တကယ် တော်တဲ့ အဲ့ဒီ လက်မှုပညာရှင်တွေက၊ မျက်စိနဲ့ ကြည့်ရုံနဲ့တင် မိုက်ခရိုမီတာအဆင့်ရှိတဲ့ အမှားအယွင်းတွေကိုတောင် မြင်နိုင်စွမ်းရှိတယ်။ သူတို့ တိုင်းတာတာက စက်နဲ့ တိုင်းတာထက်တောင် ပိုပြီး တိကျသေးတယ်။"

လင်းယန် လျှာသပ်လိုက်မိသည်။

ဒီလူတွေက တကယ့် 'ပါရမီရှင်' တွေပဲဆိုတာ သံသယဖြစ်စရာတောင် မလိုပါဘူး။ ပြည်တွင်းက အဆင့်မြင့် နည်းပညာတွေက နည်းနည်းတော့ လိုအပ်ချက်ရှိသေးတယ်လို့ သူ ကြားဖူးတယ်။ အရမ်းကို တိကျလွန်းတဲ့ စက်ပစ္စည်းတွေကို မထုတ်လုပ်နိုင်သေးဘူးလေ။ ဒါပေမဲ့ အဲ့ဒီ လက်မှုပညာရှင်ကြီးတွေကတော့... သူတို့ တစ်သက်လုံး စုဆောင်းလာတဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေကို သုံးပြီး စက်တွေထက်တောင် ပိုတိကျတဲ့ အရာတွေကို ဖန်တီးနိုင်ကြတယ်။ ဤလူမျိုးတွေက တစ်နည်းအားဖြင့်ပြောရရင် လူသားဆိုတဲ့ အဆင့်ကိုတောင် ကျော်လွန်နေကြပြီ။

ဒီလိုလူတွေရှိနေလို့သာ နိုင်ငံတော်က ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တာပေါ့။ တကယ်လို့သာ ဒီလူတွေကို ဆုံးရှုံးလိုက်ရရင်၊ နိုင်ငံအတွက်တော့ အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုကြီး ဖြစ်သွားမှာပါ။ ပရောဂျက်တစ်ခုလုံး ရှေ့ဆက်လို့ မရတော့တဲ့အထိ ဖြစ်သွားနိုင်တယ်။ ကံကောင်းတာက... လင်းယန်က အဲ့ဒီလောက် အဆင့်မြင့်တဲ့ လူတွေကို မလိုအပ်ပါဘူး။ သူ လိုအပ်တာက စက်ယန္တရား ထုတ်လုပ်မှုနဲ့ အလိုအလျောက် စနစ်တွေကို ကျွမ်းကျင်တဲ့သူတွေပါ။ ဥပမာ - စက်ရုပ်တွေ၊ စက်ရုပ်ခွေးတွေ တီထွင်တဲ့ အဖွဲ့မျိုး၊ ဒရုန်း ကျွမ်းကျင်သူတွေဆိုရင်လည်း အရမ်းကောင်းတာပေါ့။

"ဒါဆို ကျွန်တော် အဘိုးစူးဆီ သွားမေးကြည့်လိုက်မယ်။"

လင်းယန် မနေနိုင်တော့ဘဲ သွားမေးလိုက်သည်။

သို့သော် အဘိုးစူးက ချက်ချင်းပဲ ငြင်းလိုက်လေသည်။

"နိုင်ငံတော်ရဲ့ ပစ္စည်းတွေကို ကိုယ်ပိုင်အတွက် ဘယ်လိုလုပ် သုံးလို့ရမှာလဲ? ငါ လုံးဝ သဘောမတူနိုင်ဘူး။"

"အငြိမ်းစား ယူသွားတဲ့ သူတွေရော မရှိဘူးလား?"

"အဲ့ဒါလည်း မရဘူး။"

လင်းယန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

တကယ်လို့ လုံးဝ မရဘူးဆိုရင်... လောင်ဝမ်က ဘာလို့ သူ့ကို အဘိုးစူးဆီ သွားမေးဖို့ အကြံပေးရတာလဲ? သေချာပေါက် နည်းလမ်းတစ်ခုခုတော့ ရှိရမယ်။ ဘယ်လို နည်းလမ်းလဲ ဆိုတာကိုတော့ သေချာ စဉ်းစားရဦးမယ်။

နောက်ရက်တွေမှာတော့ လင်းယန်ဟာ ပုံမှန်အတိုင်း လယ်ထဲသွားပြီး အလုပ်တွေ ဘယ်လောက် ပြီးနေပြီလဲဆိုတာကို လိုက်စစ်ဆေးနေလိုက်သည်။ တကယ်တမ်းတော့ သူ ဒီလို လိုက်စစ်ဖို့တောင် မလိုပါဘူး။ စနစ်ထဲမှာ ဝင်လာတဲ့ ဆုကြေးတွေ နှေးသွားပြီဆိုရင် ဘယ်လယ်ကွက်မှာ ပြဿနာ တက်နေလဲဆိုတာ သူ အလိုလို သိနေတာပဲလေ။ ဒါပေမဲ့ လယ်ထဲ လိုက်သွားရတာ သူ ကျင့်သားရနေပြီ။ မြင်းလေးကိုလည်း လမ်းလျှောက် ထွက်ပေးရင်းပေါ့။

'ဝူးယာက မြေပဲပင်တွေကို စားပြီးကတည်းက ကြီးတာ အရမ်းမြန်လာသလိုပဲ။ အခုဆို စီးလို့တောင် ရနေပြီလား မသိဘူး?'

လင်းယန်က ဝူးယာလေးရဲ့ ပြောင်လက်နေတဲ့ အမွေးတွေကို ပွတ်သပ်ရင်း တွေးလိုက်သည်။

ဒီမြင်းလေးက တကယ့် မြင်းကောင်းတစ်ကောင် ဖြစ်လာမယ့် လမ်းကြောင်းပေါ်မှာရှိနေတာ သေချာတယ်။ သူ့ရဲ့ နက်မှောင်နေတဲ့ မျက်လုံးတွေထဲမှာ ထူးခြားတဲ့ အသိဉာဏ်တွေ ကိန်းအောင်းနေသလိုပဲ။ နတ်ဝင်တော့မယ့် ပုံစံမျိုးတောင် ပေါက်နေတယ်။ အထူးသဖြင့်... ဒီရက်ပိုင်းအတွင်း ဝူးယာလေးဆီမှာ ထူးဆန်းတဲ့ အကျင့်တစ်ခု ထပ်တိုးလာတယ်။

အစပ်ချောင်းတွေ စားတာပဲ!

အကြောင်းရင်းကတော့... စိုက်ပျိုးရေးတက္ကသိုလ်က ကျောင်းသားတစ်ယောက်က ဝူးယာလေးကို စနောက်ဖို့ အစပ်ချောင်းလေး ကျွေးကြည့်လိုက်ရာကနေ... မထင်မှတ်ဘဲ ဝူးယာလေးက အစပ်ချောင်း အရသာကို အကြီးအကျယ် စွဲလမ်းသွားတာပါပဲ။ ဒါပေမဲ့ ဝူးယာလေးက နာမည်အကြီးဆုံးတံဆိပ်က ထုတ်တဲ့ အစပ်ချောင်းကိုပဲ ရွေးစားတာနော်။ တခြားဟာတွေဆို သူ မစားဘူး။ ကံကောင်းတာက... အစပ်ချောင်းစားလို့ ဘာရောဂါမှ မဖြစ်လာတာပါပဲ။ ဒါကြောင့် လင်းယန်လည်း လွှတ်ထားလိုက်ပါတယ်။ ဒါပေမဲ့ တခါတလေ မြင်းကိုယ်လုံးကနေ အစပ်ချောင်းနံ့တွေ ထွက်နေတာကတော့... ဟူး... ပြောရခက်လိုက်တာ။

တာ့ဟွမ်ဆိုရင်လည်း တကယ်ကို နတ်ဝင်နေပြီလို့ ပြောလို့ရပါတယ်။ သူ့ရဲ့မျက်လုံးတွေက လူတစ်ယောက်ရဲ့ မျက်လုံးတွေနဲ့ ဘာမှကို မကွာတော့ဘူး။ ပြီးတော့... ခွေးတစ်ကောင် ဖြစ်နေပြီး အရိုးကို ကောင်းကောင်း မကိုက်ဘဲ၊ ဝူးယာလေးရဲ့ မြေပဲပင် အစာတွေကို သွားလုစားနေတာလေ။ အရမ်းကို အစွမ်းထက်နေပြီပဲ။ ဒါပေမဲ့ ဒါကလည်း သက်သေပြနေတာပါပဲ။ ဒီမြေပဲပင်တွေရဲ့ အသုံးဝင်မှုက မြေပဲဆီကို လေယာဉ်ဆီအဖြစ် သုံးလို့ရတာအပြင်၊ အပင်တွေကလည်း တိရစ္ဆာန်တွေရဲ့ အသိဉာဏ်ကို မြှင့်တင်ပေးနိုင်တယ်ဆိုတာကိုပါပဲ။

'ဝူယင်းက ဒီလောက်ကြာကြာ ဓာတ်ခွဲစမ်းသပ်နေတာတောင် ဘာရလဒ်မှ မထွက်လာဘူးနော်။'

'ဒါမှမဟုတ်... ဒီမြေပဲပင်တွေထဲမှာ လက်ရှိ နည်းပညာနဲ့ စစ်ဆေးလို့မရတဲ့ ဓာတ်ပစ္စည်းတစ်ခုခုများ ပါနေလို့လား?'

လင်းယန် ခေါင်းယမ်းလိုက်သည်။

သူ သိပ်ပြီး တွေးလွန်နေပြီ ထင်တယ်။ ဒါပေမဲ့ တာ့ဟွမ်ကြီးသာ တကယ် နတ်ဝင်သွားရင် ဘာတွေ ဆက်ဖြစ်မလဲတော့ မသိဘူး။ စကားများ ပြောတတ်လာမလား? ကျောင်းသားတွေ ပြောပြချက်အရတော့ Short ဗီဒီယိုတွေထဲက တချို့ခွေးတွေက စကားတောင် ပြောတတ်နေပြီတဲ့။ ကျစ်ကျစ်... နိုင်ငံတည်ထောင်ပြီးကတည်းက တိရစ္ဆာန်တွေ နတ်ဝင်ခွင့်မရှိဘူးလို့ သတ်မှတ်ထားတာ မဟုတ်ဘူးလား? အဲ့ဒီ အတားအဆီးတွေများ ပွင့်သွားပြီလား?

ကောင်းကင်ပြာပြာ၊ တိမ်ဖြူဖြူအောက်မှာ လင်းယန်ရဲ့ဘဝလေးက အရမ်းကို အေးချမ်းသာယာလှပါတယ်။ စိတ်ကူးတွေယဉ်ရင်း အချိန်ကုန်နေရတာပေါ့။ ဒါပေမဲ့ ဝူးယာလေးနဲ့ တာ့ဟွမ်တို့ လိမ္မာလာတော့လည်း ပြဿနာတွေ အများကြီး ကင်းသွားပါတယ်။ ဝူးယာလေးက လင်းယန်ကို ပိုပြီး တွယ်တာလာတယ်။ လင်းယန်ရဲ့လက်ကို ခေါင်းလေးနဲ့ လာပွတ်သပ်တတ်တယ်။ တာ့ဟွမ်ကလည်း လျှာလေးထုတ်ပြီး အမြီးကို ပန်ကာလို တဖျပ်ဖျပ် ခါရမ်းပြတတ်တယ်။ ဒီမြင်ကွင်းလေးကို ကြည့်လိုက်ရင် စိတ်ညစ်နေတဲ့သူတောင် အလိုလိုပြုံးမိသွားမှာ သေချာပါတယ်။ စူးရို့ရို့တို့လည်း အားနေရင် တာ့ဟွမ်နဲ့ ဝူးယာလေးကို ကစားဖို့ အရမ်း သဘောကျကြတယ်။

သို့သော်... လင်းယန် လယ်တွေကို လိုက်ကြည့်လို့တောင် မပြီးသေးခင်မှာ၊ ကျောင်းသားတစ်ယောက်က အလွန်စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် သူ့ဆီကို ပြေးလာသည်။

"ပါမောက္ခလင်း... လူတစ်ယောက်က ပါမောက္ခကို တကူးတက လာရှာနေတယ်။"

***

စူပါ-ဖမ်း(SFS)

SFS 98

အခန်း ၉၈ ။ လီရှောင်ချီးက ချင်းရှန်းရွာမှာ အခြေချချင်နေသလား?

လင်းယန်က စိတ်လှုပ်ရှားလွန်း၍ စကားပင် ကောင်းကောင်း မပြောနိုင်တော့သော ကျောင်းသားကို ကြည့်လိုက်သည်။

"ဘယ်သူ ရောက်လာလို့လဲ?" ဟု လင်းယန်က မေးလိုက်သည်။

"ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်ထဲမှာတောင်ပါတဲ့ ပုဂ္ဂိုလ်လေ!"

'ပြဋ္ဌာန်းစာအုပ်? လောင်ဝမ်လို သက်တမ်းရင့်ပြီး အောင်မြင်မှုတွေ အများကြီး ရထားတဲ့သူတောင် ပြဋ္ဌာန်းစာအုပ်ထဲမှာ မပါသေးဘူးလေ။ ဘယ်သူများလဲ! ဒီလောက်တောင် အစွမ်းထက်နေတာ!'

တစ်ချိန်တည်းမှာပင် လင်းယန်၏ရင်ထဲမှာလည်း လှုပ်ခတ်သွားသည်။ သူ့အနေဖြင့်ရော ပြဋ္ဌာန်းစာအုပ်ထဲ ပါနိုင်မလား။ အခွင့်အရေး မရှိဘူးလို့တော့ မပြောနိုင်ဘူးလေ။

မကြာခင်မှာပင် သူက ဝူးယာလေးကိုဆွဲပြီး ကျောင်းသားနှင့်အတူ ရွာထဲကို ပြန်လာခဲ့သည်။ အခုဆိုရင် လင်းယန်တို့ အိမ်ကြီးက ပိုပြီးတော့တောင် ခမ်းနားထည်ဝါလာပါပြီ။ ချင်အဖေက ဘယ်ကနေ ရလာမှန်းမသိသည့် ဆိုင်းဘုတ်ကြီးတစ်ခုကို ယူလာပြီး 'လင်းအိမ်တော်' ဆိုသည့် စာလုံးကြီး နှစ်လုံးဖြင့် ချိတ်ထားလိုက်သည်။ လင်းယန်သာ မတားရင် သူက 'လင်းစံအိမ်' ဆိုပြီးတောင် တပ်လိုက်ဦးမည်။ ခေတ်သစ်ကြီးမှာ ဒါမျိုးတွေ ခေတ်မစားတော့ဘူးလေ။

အရှေ့ဘက် အိမ်ဝင်းကို ဖြတ်ပြီး အလယ်အိမ်ဝင်းကို ရောက်တော့၊ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်လှပသော မိန်းကလေးတစ်ယောက် ကုလားထိုင်ပေါ်တွင် အေးအေးဆေးဆေး ထိုင်နေသည်ကို သူ တွေ့လိုက်ရသည်။ သူမက အနည်းငယ် ရှက်ရွံ့နေပုံရသော်လည်း၊ ပေါ့ပေါ့ပါးပါးလေးလည်း ရှိနေသည်။ လက်နှစ်ဖက်ဖြင့် ရေနွေးကြမ်းခွက်လေးကို ကိုင်ကာ မှုတ်သောက်နေသည်။

ဒီအတိုင်းလေး ထိုင်နေတာတောင် သူမက ပတ်ဝန်းကျင်က သဘာဝတရားနှင့် တစ်သားတည်း ဖြစ်နေသလိုပင်။ သူမဆီက ထွက်ပေါ်နေသော အရှိန်အဝါက လင်းယန်နှင့် နည်းနည်း ဆင်တူသည်။ လူနှင့် သဘာဝတရားကြားက အလွန် သဟဇာတဖြစ်သည့် ခံစားချက်မျိုးပေါ့။ သဘာဝတရားကြီးထဲမှာ လုံးဝ ပျော်ဝင်နေသလိုမျိုးပင်။

"လီရှောင်ချီး လား?" ဟု လင်းယန်က ရေရွတ်လိုက်သည်။

လင်းယန် ချက်ချင်း မှတ်မိသွားသည်။ အရင်တုန်းက စူးရို့ရို့ ပြဖူးသည့် ဗီဒီယိုတွေထဲက သူမလေ။ လီရှောင်ချီးက မှတ်တမ်းရုပ်ရှင်ပုံစံမျိုးဖြင့် ပြည်တွင်းက ရိုးရာဓလေ့များကို အလွန်လှပသော မြင်ကွင်းများဖြင့် ရိုက်ကူးပြသသူဖြစ်သည်။ သူမ ဗီဒီယို၏ Frame တိုင်းက အလှဆုံး ပန်းချီကား တစ်ချပ်လိုပါပဲ။ အရေးအကြီးဆုံးက၊ သူမ ရိုက်ကူးထားသော ပြည်တွင်းက ရိုးရာယဉ်ကျေးမှု မြင်ကွင်းများက နိုင်ငံတကာမှာပါ ကြီးမားသည့် ဩဇာလွှမ်းမိုးမှုများ ရရှိခဲ့ပြီး၊ ထူးချွန်သည့် ရိုးရာယဉ်ကျေးမှုများကို ကမ္ဘာသိအောင် ဖြန့်ဝေပေးနိုင်ခဲ့သည်။

ဒီလို စွမ်းဆောင်ရည်တွေကြောင့်ပဲ သူမက လောင်ယွမ် (စပါးမျိုးစပ်ပညာရှင် ယွမ်လုံဖျင်) လိုမျိုး ပြဋ္ဌာန်းစာအုပ်ထဲမှာ ထည့်သွင်းခံခဲ့ရတာပါ။ သေချာတာပေါ့... သူမကို ဝေဖန်တဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ လူငယ်တစ်ယောက်အနေနဲ့ ဒီလောက်ကြီးမားတဲ့ အောင်မြင်မှုတွေ ရထားတာက လူငယ်တွေအတွက် စံပြတစ်ယောက်ဖြစ်ဖို့ လုံလောက်ပါတယ်။

ပြဋ္ဌာန်းစာအုပ်ထဲမှာပါတဲ့ နောက်ထပ် အရွယ်ရောက်ခါစ လူငယ်အဆိုတော်လေးကိုတော့ လင်းယန် သိပ်နားမလည်ပါဘူး။ ကျောင်းထွက်ပြီး သီချင်းဆိုလို့ နာမည်ကြီးတာ၊ ဆယ်ကျော်သက်လေးတွေ အများကြီး အားပေးတာက... အောင်မြင်မှုလို့ သတ်မှတ်လို့ ရလို့လား? လင်းယန်လည်း မသိပါဘူး။ ဒီလိုကိစ္စတွေထက်စာရင် သူက လယ်စိုက်ရတာကိုပဲ ပိုသဘောကျတယ်။

လီရှောင်ချီးက လက်ဖက်ရည်ခွက်ကို ချပြီး မတ်တပ်ရပ်လိုက်သည်။ သူမ၏မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးများ ပြည့်နှက်နေသည်။

"ရှင့်ကို လိုက်ရှာနေတာ အရမ်းကြာပြီ... အခုမှပဲ တွေ့တော့တယ်။"

"???" လင်းယန် အူကြောင်ကြောင် ဖြစ်သွားသည်။

လီရှောင်ချီးက သူမပြောလိုက်သည့် စကားက နည်းနည်း အထင်လွဲစရာ ဖြစ်သွားမှန်း သတိထားမိပြီး၊ မျက်နှာလေး နီရဲကာ အမြန် ရှင်းပြလိုက်သည်။

"ရှင့်ရဲ့ ဖရဲသီးရောင်းတဲ့ ဗီဒီယိုကို စမြင်ကတည်းက၊ ရှင်က သဘာဝတရားနဲ့ အရမ်း သဟဇာတဖြစ်နေတယ်လို့ ခံစားမိတယ်။ အဲ့ဒါကြောင့် ရှင့်ကို လိုက်ရှာပြီး ဗီဒီယို နှစ်ခုလောက် တွဲရိုက်လို့ ရမလားလို့ လာမေးတာပါ။ အဓိကကတော့ ရှင့်ရဲ့စတိုင်က ကျွန်မရဲ့ ဗီဒီယိုတွေနဲ့ အရမ်း လိုက်ဖက်နေလို့ပါ။"

လီရှောင်ချီး၏မျက်လုံးများက အလွန် စိတ်အားထက်သန်နေသည်။ အခုဆိုရင် သူမက အသက် ၃၀ နား ကပ်နေပါပြီ။ ဒါပေမဲ့ အမြဲတမ်း တောရွာတွေမှာပဲ နေနေရသလို၊ အောင်မြင်မှုတွေကလည်း ကြီးမားလွန်းတော့ သူမနှင့် ထိုက်တန်မည့် လူတစ်ယောက်ကို ရှာတွေ့ဖို့က အရမ်း ခက်ခဲတယ်။ အဓိကက သူမက အရမ်းလှတယ်၊ အရည်အချင်းလည်း ရှိတယ်၊ ကမ္ဘာကျော်တဲ့ သူတစ်ယောက်လေ။

သူမနှင့် တန်မည့်သူတွေ အများကြီး ရှိကောင်း ရှိနိုင်သည်။ ဒါပေမဲ့... အဲ့ဒီလူတွေထဲက ဘယ်သူကများ သူမနှင့်အတူ တောရွာလေးမှာ သိုသိုသိပ်သိပ်နှင့်နေပြီး ရှေးရိုးရာအတိုင်း 'ယောကျ်ား လယ်ထွန်၊ မိန်းမ ရက်ကန်းရက်' တဲ့ ဘဝမျိုးကို ဖြတ်သန်းချင်ကြမှာလဲ? ရည်မှန်းချက်ရှိတဲ့ ယောကျ်ားတိုင်းက ဘယ်သူက လယ်စိုက်ချင်ကြမှာလဲ? (လင်းယန်ကလွဲရင်ပေါ့လေ... ဘာလို့လဲဆိုတော့ လယ်စိုက်တာက လင်းယန်ကို ပိုပြီး ချမ်းသာလာစေလို့ပါ)

လင်းယန်က လီရှောင်ချီးကို ထိုင်ဖို့ ဖိတ်ခေါ်လိုက်သည်။ အဲ့ဒီအချိန်မှာ စူးရို့ရို့တို့အဖွဲ့က အဝေးကနေ ကြည့်နေကြတာကို သူ တွေ့လိုက်ရသည်။ သူတို့ပုံစံက နည်းနည်း စိုးရိမ်နေပုံရသည်။

"အကုန်လုံး လာထိုင်ကြလေ"

နောက်ဆုံးတော့ လင်းယန်က စူးရို့ရို့တို့ကို လှမ်းခေါ်လိုက်သည်။

ချင်စုစုကတော့ နည်းနည်း ရှက်နေပြီး မလာရဲဘူး။ ယန်ကျင်းလီကတော့... မျက်လုံးတွေက အရောင်တောက်နေပြီး ပရိသတ်လေး တစ်ယောက်လို ဖြစ်နေပြီ။ သူမကိုယ်တိုင်လည်း နာမည်ကြီးနေသည့် ကြယ်ပွင့် တစ်ယောက်ဆိုတာကို လုံးဝ မေ့သွားပုံရသည်။ ရှုချင်ကတော့ မျက်မှန်ကို အသာပင့်ကာ အလွန်ကျက်သရေရှိစွာ ထိုင်လိုက်သည်။ သူမ လက်ဖက်ရည်ခွက်ကို ကိုင်ထားပုံက ကော်ဖီသောက်နေသလိုပါပဲ။ ဒီမိန်းကလေးတွေ အကုန်လုံး ထိုင်နေကြတာ... တစ်ယောက်တစ်မျိုးစီ လှနေကြပြီး အလှဆုံး ပန်းချီကားတစ်ချပ်လိုပါပဲ။

လီရှောင်ချီး အနည်းငယ် အံ့ဩသွားသည်။ လင်းယန် အနားမှာ ဒီလောက် မိန်းမလှလေးတွေ အများကြီး ရှိနေလိမ့်မည်လို့ သူမ မထင်ထားခဲ့ဘူး။ ဒီလို ခေါင်တဲ့နေရာမျိုးမှာ သူတို့ကို တွေ့ရတာက... ပြဿနာတော်တော်များများကို ရှင်းပြနေသလိုပါပဲ။ အထူးသဖြင့် ရှုချင်ပေါ့... သူမသာ ရိုးရာဝတ်စုံလေး ဝတ်ထားလိုက်ရင်တော့၊ ရီပတ်ဘလစ်ခေတ်က နာမည်ကြီး အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်ရဲ့ အရှိန်အဝါ အပြည့်ပဲ။ သေချာတာပေါ့... သူမက တကယ့် အထက်တန်းလွှာ အစစ်ပါ။

"မိတ်ဆက်ပေးလို့ ရမလား?"

လီရှောင်ချီးက ပေါ့ပေါ့ပါးပါးပဲ မေးလိုက်သည်။ ဒီမိန်းကလေးတွေနှင့် လင်းယန်ရဲ့ ဆက်ဆံရေးကို သိချင်ရုံ သက်သက်ပါ။ ဒီခေတ်ကြီးမှာ... 'မယားသုံးယောက်၊ ကိုယ်လုပ်တော်လေးယောက်' ဆိုတာမျိုးတော့ မရှိနိုင်ပါဘူးလေ...

ရှုချင်ကတော့ အလွန်တည်ငြိမ်စွာဖြင့် အရင်ဆုံး စကားစလိုက်သည်။

"ကျွန်မက ချင်းရှန်းရွာရဲ့ အုပ်ချုပ်ရေးမှူး အသစ်၊ ရှုချင်ပါ။ ဒီရွာရဲ့ ကိစ္စ အကြီးအသေး အကုန်လုံးကို တာဝန်ယူပါတယ်။ ရှင် လင်းယန်နဲ့ ဗီဒီယို တွဲရိုက်ချင်တယ်ဆိုတာက... မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့..."

ဒီအချိန်မှာတော့ ရှုချင်က လင်းယန်၏ မန်နေဂျာလိုမျိုး အရှိန်အဝါတွေ ထွက်လာတယ်။ လင်းယန် ကိုယ်တိုင်တောင် ရှုချင် ဘာလုပ်ချင်နေလဲဆိုတာ နားမလည်ဘူး။

"ဒါပေမဲ့... ရှင့်ရဲ့ ဗီဒီယိုတွေထဲမှာ ချင်းရှန်းရွာအကြောင်းကိုပါ ပရိုမိုးရှင်းလုပ်ပေးရမယ်။"

ရှုချင်က မျက်မှန်ကို အသာပင့်ရင်း ပြုံးကာ ပြောလိုက်သည်။

လင်းယန် ချက်ချင်း သဘောပေါက်သွားသည်။ ရှုချင်က လီရှောင်ချီးကို သုံးပြီး ချင်းရှန်းရွာ တစ်ခုလုံးကို နာမည်ကြီးအောင် လုပ်ချင်နေတာပဲ! ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး မှတ်တမ်းရုပ်ရှင်ကြောင့် ချင်းရှန်းရွာကို လူသိများလာပြီး လင်းယန်မှာလည်း အမျိုးသမီး ပရိသတ်တွေ အများကြီး ရှိနေတယ် ဆိုပေမဲ့... လီရှောင်ချီးနှင့် ယှဉ်လိုက်ရင်တော့ အဆင့်ချင်း လုံးဝ မတူတော့ပါဘူး။ လီရှောင်ချီးရဲ့ ဗီဒီယိုတွေက ကမ္ဘာအနှံ့မှာပါ နာမည်ကြီးတာလေ။ ဒါက ချင်းရှန်းရွာကို ကမ္ဘာကပါ သိသွားအောင် ကြော်ငြာပေးလိုက်သလို ဖြစ်သွားမှာပါ။

လင်းယန် မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ ရှုချင်ရဲ့အတွေးက တကယ် ကောင်းတယ်။ ချင်းရှန်းရွာကို ကမ္ဘာကျော် ရွာတစ်ရွာဖြစ်အောင် သူမ လုပ်ချင်နေတာ။ လီရှောင်ချီးမှာလည်း အဲ့ဒီစွမ်းရည် အပြည့်အဝရှိသလို၊ သူမရဲ့ ဗီဒီယို စတိုင်ကလည်း ချင်းရှန်းရွာနှင့် အရမ်းကို လိုက်ဖက်နေတယ်။

လီရှောင်ချီးကတော့ အလွန်တည်ငြိမ်နေသည်။

"အဆင်ပြေမယ်ဆိုရင်... ကျွန်မရဲ့ ရိုက်ကူးရေး နေရာကို ချင်းရှန်းရွာမှာ အတည်တကျ ထားလိုက်လို့ ရပါတယ်။"

သူမ၏ စကားကြောင့် ရှုချင်တောင် လုံးဝ အံ့ဩသွားရသည်။ လီရှောင်ချီးက ပြုံးရင်း ဆက်ပြောသည်။

"ကျွန်မ ရိုက်ကူးရေး နေရာတွေ ခဏခဏ ပြောင်းခဲ့ရတယ်။ နေရာပေါက်ကြားသွားတာနဲ့ ပရိသတ်တွေ အများကြီး လာနှောင့်ယှက်ကြလို့ အေးအေးဆေးဆေး ရိုက်လို့ မရဘူးလေ။ အစကတော့ ဒီမှာ လာရိုက်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ ဒါပေမဲ့ ရွာထိပ်က ဂိတ်ကို စောင့်နေတဲ့ စစ်သားတွေရယ်၊ ညဘက် ကင်းလှည့်နေတဲ့ စစ်သားတွေရယ်ကို မြင်လိုက်ရတော့၊ ဒီနေရာက အရမ်းကို လုံခြုံတယ်လို့ ခံစားလိုက်ရတယ်။ သေချာတာကတော့... ရှင့်တို့ရဲ့ သဘောတူညီချက်ကိုတော့ အရင်ယူရမှာပေါ့။"

ရှုချင်၏ရင်ထဲတွင် ပျော်ရွှင်မှုများကို ဖုံးကွယ်ထားလို့ မရတော့ပေ။ လီရှောင်ချီး ဒီကို ရောက်လာတာက... အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှု တစ်ခုကို ဖိတ်ခေါ်နိုင်လိုက်တာနှင့် အတူတူပါပဲ။ လုံးဝကို အရှုံးမရှိတဲ့အရာကြီးလေ! မြို့ကြီး တော်တော်များများကတောင် လီရှောင်ချီးကို သူတို့မြို့မှာ လာအခြေချဖို့ အမျိုးမျိုး ဖိတ်ခေါ်နေကြတာပါ။ ဘာလို့လဲဆိုတော့ သူမက ကြီးမားတဲ့ လူအဝင်အထွက်နှင့် စိတ်ဝင်စားမှုတွေကို ယူဆောင်လာပေးနိုင်လို့ပဲ။ အလားတူပဲ... လီရှောင်ချီး ချင်းရှန်းရွာကို ရောက်လာမယ်၊ လင်းယန်ရဲ့ လက်ရှိ နာမည်ကျော်ကြားမှုနှင့်လည်း ပေါင်းစပ်လိုက်မယ်ဆိုရင်... ချင်းရှန်းရွာက ပြည်တွင်းမှာရော၊ နိုင်ငံတကာမှာပါ အကြီးအကျယ် နာမည်ကြီးသွားတော့မှာ သေချာပါတယ်။ ဒါက တကယ်ကို အကောင်းဆုံး ကိစ္စကြီးပါ။

ဒါပေမဲ့... ဒီကိစ္စကို လင်းယန်က သဘောတူဖို့တော့ လိုသေးသည်။ ရှုချင်က လင်းယန်ကို မျှော်လင့်တကြီး လှမ်းကြည့်လိုက်သည်။

ယန်ကျင်းလီကလည်း အလွန် စိတ်လှုပ်ရှားစွာဖြင့် ဝင်ပြောသည်။

"ဒါက တကယ့်ကို သတင်းကောင်းကြီးပဲ!"

စူးရို့ရို့တောင်မှ နည်းနည်း လှုပ်ခတ်သွားသည်။

ဒါပေမဲ့ လင်းယန်ကတော့ စဉ်းစားခန်း ဝင်နေဆဲပင်။ အစတုန်းက ယန်ကျင်းလီတို့ အစီအစဉ်အဖွဲ့ကို ရိုက်ကူးခွင့်ပြုခဲ့တာက ချင်းရှန်းရွာကို နာမည်ကြီးအောင် လုပ်ချင်လို့ပါ။ အဲ့ဒီတုန်းက ရည်ရွယ်ချက်က... ရွာကနေ အပြင်ကို ထွက်တဲ့ လမ်းဖောက်နိုင်ဖို့အတွက် သက်သက်ပါပဲ။

'အခု... ချင်းရှန်းရွာကို ဆက်ပြီး နာမည်ကြီးအောင် လုပ်ဖို့ လိုအပ်သေးလို့လား??' ဟု လင်းယန် စိတ်ထဲမှ တွေးတောနေမိလေသည်။

***

All Chapters