← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 7 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 7 Ch. 109-110

စူပါ-ဖမ်း(SFS)

SFS 109

အခန်း ၁၀၉ ။ အသုံးမချရသေးတဲ့ ပိုက်ဆံဟာ စက္ကူသက်သက်ပဲ

ငွေကြေးနှင့် ပတ်သက်လျှင် လင်းယန်သည် လိုအပ်သည်မှာ မှန်သော်လည်း အလွန်အမင်းတော့ အရေးမစိုက်လှပေ။

အကြောင်းမှာ သူ အလွန်ရှင်းလင်းစွာ သိထားသည့် အချက်တစ်ချက် ရှိသောကြောင့် ဖြစ်သည်။

၎င်းမှာ... သုံးလိုက်မှသာ 'ပိုက်ဆံ' ဖြစ်ပြီး၊ မသုံးဘဲ ထားထားလျှင်တော့ 'စက္ကူ' သက်သက်သာ ဖြစ်သည်ဟူသော အချက်ပင်!

ချင်းရှန်းရွာကလေးသည် ပြင်ပကမ္ဘာနှင့် အဆက်ပြတ်နေသည့် အချိန်တုန်းက သူသည် ဤစကား၏ အဓိပ္ပာယ်ကို အလွန်နက်နက်ရှိုင်းရှိုင်း နားလည်ခဲ့ရသည်။

ထိုစဉ်က သူ၏ ပိုင်ဆိုင်မှုသည် ယွမ်သန်း ရာနှင့်ချီ ရှိနေလျှင်ပင် ဘာကိုမှ ပြောင်းလဲပေးနိုင်ခြင်း မရှိခဲ့ပေ။

နောက်ဆုံးတွင် သူသည် သူ့အကောင့်ထဲရှိ လက်ကျန်ငွေ အားလုံးနီးပါးကို အသုံးပြုကာ ရွာသူရွာသား အဆက်ဆက် ဖောက်လုပ်ချင်ခဲ့သည့် လမ်းမကြီးကို ဖောက်လုပ်နိုင်ခဲ့သည်။

သို့သော် ဤလမ်းမကြီးကြောင့်ပင် သူ့လက်ထဲရှိ ပိုက်ဆံများ အားလုံးမှာ အသုံးချစရာနေရာ ရရှိလာခဲ့သည် မဟုတ်လား။

ဤလမ်းကြောင့်ပင် ချင်းရှန်းရွာသည် ပြင်ပမှ ကုန်ပစ္စည်း အမြောက်အမြားကို ရရှိနိုင်ခဲ့သည်။

ထိုအခါမှသာ လင်းယန်သည် သူကိုယ်သူ ချမ်းသာသူတစ်ဦးဖြစ်ကြောင်း အမှန်တကယ် ခံစားလိုက်ရခြင်း ဖြစ်သည်။

ယခု ဧက ၈၀၀ ကျော်သော လယ်မြေများတွင် သီးနှံများ အကုန်စိုက်ပျိုးပြီးစီးသွားသောအခါ လင်းယန်သည် စိတ်ညစ်စရာ အသစ်တစ်ခုကို ထပ်မံ တွေ့ရှိလိုက်ရပြန်သည်။

သူက အရမ်းချမ်းသာနေတာပဲ!

၂ ဘီလီယံခန့်ရှိသော ငွေများမှာ ဘဏ်အကောင့်ထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေသည်။

ထိုမျှမက... ၎င်းမှာ ဆက်တိုက် တိုးပွားနေဆဲပင်ဖြစ်သည်။

စနစ်မှ ပေးသော ဝင်ငွေမှာ သူ ခန့်မှန်းထားသည်ထက်ပင် ပိုမို များပြားနေသည်။

အကယ်၍ ရိတ်သိမ်းပြီးနောက် ဆောင်းစိုက်ပျိုးရေးကိုသာ ဆက်လုပ်မည် ဆိုပါက...

နှစ်ကုန်လျှင် သူ၏ကတ်ထဲရှိ ပိုက်ဆံများသည် ၁၀ ဘီလီယံ နီးပါး ဖြစ်လာနိုင်ချေ ရှိသည်။

ဤသည်မှာ သေးငယ်သော ကိန်းဂဏန်း မဟုတ်ပေ။

အသုံးစရိတ်နှင့် ပတ်သက်၍မူ...

သူသည် တစ်နေ့ ၂၄ နာရီလုံး ပစ္စည်းများ ဇွတ်မှိတ် ဝယ်နေလျှင်ပင် ဤမျှများပြားသော ပိုက်ဆံကို ကုန်အောင် သုံးနိုင်မည် မဟုတ်ပေ။

တကယ်တမ်း တန်ဖိုးကြီးလှသည်ဆိုသော ယွမ် သန်းဆယ်ချီတန်သည့် ဇိမ်ခံပစ္စည်းများမှာလည်း သူ၏ မျက်စိထဲတွင် ဘာတန်ဖိုးမှ မရှိလှပေ။

ဥပမာအားဖြင့် လွန်ခဲ့သည့် ရက်ပိုင်းက ယွမ် သန်း ၅၀ တန် Limited Edition နာရီတစ်လုံး ကိစ္စရှိခဲ့သည်။ ကျင်းယွမ်ဟန်က လင်းယန် စိတ်ဝင်စားမှု ရှိမရှိ လာရောက် မေးမြန်းခဲ့သေးသည်။

ကျင်းယွမ်ဟန်၏အမြင်တွင်မူ အမျိုးသားဆိုသည်မှာ နာရီ မကြိုက်သူ မရှိဟု ယူဆထားသောကြောင့်ပင်။

ယွမ် သန်း ၅၀ ဆိုသည်မှာ သူ့အတွက်တော့ များလှသည် မဟုတ်ပေ။

အကယ်၍ လင်းယန်နှင့်သာ ဆက်ဆံရေး ပိုမို ရင်းနှီးသွားမည်ဆိုပါက သူ့အတွက် အကျိုးကျေးဇူးတွေက အများကြီး ရှိနေသည် မဟုတ်လား။

လက်ရှိတွင်မူ သူသည် လင်းယန်နှင့် စကားပြောခွင့်ရသည့် အဆင့်သာ ရှိသေးသည်။

၎င်းမှာလည်း လင်းယန်အတွက် လဝက်ခန့် လယ် အခမဲ့ ကူစိုက်ပေးခဲ့ရခြင်းကြောင့် ရရှိလာသော ရလဒ်ဖြစ်သည်။

အဆင့်အတန်းနှင့် ပတ်သက်၍မူ...

ကျင်းယွမ်ဟန်သည် သူကိုယ်သူ ကတုံးချန်လောက်တောင် အဆင့်မရှိဟုပင် ခံစားနေရသည်။

ထို ဇိမ်ခံပစ္စည်းများမှာ လင်းယန်ကို မျက်နှာချိုသွေးရန်အတွက် လက်ဆောင်များ သက်သက်သာ ဖြစ်သည်။

သို့သော် လင်းယန်မှာ ဤမျှ ပိုက်ဆံများနေသော်လည်း နားမလည်နိုင်သော အချက် ရှိနေသည်။

'ယွမ် သန်း ၅၀ တန် နာရီကို ဝယ်ပြီးရင် တန်ဖိုးက ထပ်တက်ဦးမှာတဲ့လား? နှစ်တိုင်း ယွမ် သန်းဂဏန်းလောက် တိုးနေမှာတဲ့လား?'

လင်းယန်သည် ဤကဲ့သို့သော အရာမျိုးကို အတော်လေး ရယ်စရာကောင်းသည်ဟု တွေးမိသည်။

'ယွမ် သန်း ၅၀ နဲ့ တခြား အကျိုးရှိတာတွေ လုပ်တာက ပိုမကောင်းဘူးလား? ရွာရဲ့ အခြေခံ အဆောက်အအုံတွေ တည်ဆောက်တာက ပိုပြီး အဓိပ္ပာယ် မရှိဘူးလား?'

ထိုမျှမက... သူသည် ဤဇိမ်ခံပစ္စည်းများ၏ ဈေးနှုန်းသတ်မှတ်ပုံကိုလည်း နားမလည်နိုင်ပေ။

သူ၏ အမြင်တွင်မူ ထိုဇိမ်ခံပစ္စည်းဆိုသည်မှာ မည်သည့် ဇိမ်ခံမှု အနှစ်သာရမှ မရှိပေ။

'ယွမ် သန်း ၅၀ တန် နာရီဆိုတာ... ရှင်းရှင်းပြောရရင် တချို့လူတွေအတွက်တော့ တရားမဝင်ရထားတဲ့ ပိုက်ဆံတွေကို တရားဝင်ဖြစ်အောင် လုပ်တဲ့ ကိရိယာ သက်သက်ပဲ။ သူတို့က နာရီကို ရောင်းနေတာလို့ တကယ် ထင်နေကြတာလား?'

'သူတို့ ရောင်းနေတာက... ဘယ်ကမှန်းမသိတဲ့ နည်းလမ်းနဲ့ ရထားတဲ့ ပိုက်ဆံတွေကို တရားဝင် သုံးလို့ရအောင် လုပ်ပေးတဲ့ အခွင့်အရေးကို ရောင်းနေတာပဲ။'

ထိုနည်းတူပင်။

တန်ဖိုးကြီးလှသော ဇိမ်ခံပစ္စည်း အားလုံးနီးပါးမှာ ဤသို့သော လုပ်ဆောင်ချက်မျိုး ရှိနေတတ်သည်။

သေချာသည်မှာ... လင်းယန် ဆိုလိုသည်မှာ ယွမ် သန်းဆယ်ချီ၊ သန်းရာချီ တန်သော အရာများကို ပြောခြင်း ဖြစ်သည်။

ဟို 'LV' အိတ်တို့ ဘာတို့ဆိုသော နိုင်ငံခြား တံဆိပ်များကိုတော့ သူ ထည့်တောင် မတွက်ပေ။

ဈေးနှုန်းသာ မြင့်သော်လည်း လက်ရာမှာ အလွန်ညံ့ဖျင်းလှပြီး၊ အလွယ်တကူရနိုင်သဖြင့် ရှားပါးမှု လုံးဝ မရှိလှပေ။

စစ်မှန်သော ဇိမ်ခံပစ္စည်း ဆိုသည်မှာ ၎င်း၏ ကိုယ်ပိုင် အနှစ်သာရ ရှိရမည်ဖြစ်ပြီး၊ ဤကမ္ဘာပေါ်တွင် တစ်ခုတည်းသော အရာ ဖြစ်ရပေမည်။

ဟို ယွမ် သန်း ၅၀ တန် နာရီဆိုသည်မှာလည်း ပုံတူပြန်လုပ်၍ ရနေဆဲဖြစ်သဖြင့် စစ်မှန်သော 'တစ်ခုတည်းသော အရာ' ဟု မခေါ်နိုင်ပေ။

"တစ်ခါတလေကျတော့လည်း... ပိုက်ဆံ အရမ်းများတာက စိတ်ညစ်စရာပဲဗျာ" ဟု လင်းယန်က အကူအညီမဲ့စွာ ခေါင်းယမ်းရင်း ညည်းတွားလိုက်သည်။

"ဒါပေမဲ့ ဒီပြတိုက်ကတော့... ငါ့လက်ထဲက ပိုက်ဆံတွေကို ကုန်အောင် သုံးပေးနိုင်မှာပဲ။"

ဤအချက်ကိုတော့ လင်းယန် အတော်လေး ကျေနပ်နေသည်။

ဤပြတိုက်သည် သူ့ဝါသနာကို ဖြည့်ဆည်းပေးနိုင်သလို၊ ထူးခြားသော သင်ကြားရေး အနှစ်သာရလည်း ရှိသည်။

အရေးအကြီးဆုံးမှာ... စိုက်ပျိုးရေး ယဉ်ကျေးမှု၏ ပြောင်းလဲတိုးတက်မှုကို ပြသနိုင်မည်ဖြစ်သဖြင့် ၎င်း၏ တန်ဖိုးမှာ ခန့်မှန်း၍ပင် မရနိုင်ပေ။

ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍မူ...

လင်းယန်သည် အပြင်လူ၏ အကူအညီကို လုံးဝ မလိုအပ်ပါချေ။

ပါမောက္ခအိုကြီးများက ဆောက်လုပ်ရေး အဖွဲ့-၂ မှ ပေးလာသော ဒီဇိုင်းပုံစံကို လင်းယန်အား ပြသသောအခါ၊ လင်းယန်၏ အဖြေက လူတိုင်း၏ ရင်ထဲက အတွေးကို ထိမှန်သွားစေခဲ့သည်။

"ဒီဒီဇိုင်းက နည်းနည်း ကျဉ်းလွန်းသေးတယ်... မလုံလောက်ဘူး။ လယ်ယာသုံး စက်ပစ္စည်းတွေ ထားဖို့လောက်ဆိုရင်တော့ ရပါတယ်၊ ဒါပေမဲ့ ကျွန်တော် စဉ်းစားထားတဲ့ ပုံစံမျိုးဆိုရင်တော့ ဒါက အဝေးကြီး လိုသေးတယ်။

မြေအောက်ကိုပါ တူးလိုက်ကြရအောင်။ အဲ့ဒီမှာ စာအုပ်တွေ ထားဖို့ပေါ့။ နောက်ပြီး ဒီဇိုင်းပုံစံကိုလည်း သေချာ ပြန်လေ့လာရမယ်။ ရှေးခေတ်ကနေ အခုခေတ်အထိ အရာအားလုံးကို ပေါင်းစပ်ထားရမယ်။ စင်္ကြံလမ်းအတိုင်း လျှောက်သွားရင်းနဲ့ သမိုင်းရဲ့ ပြောင်းလဲမှုတွေကို ခံစားနိုင်စေမယ့် ပုံစံမျိုးက အကောင်းဆုံးပဲ။"

ဆောက်လုပ်ရေး အဖွဲ့မှ လူများအပါအဝင် ပါမောက္ခအိုကြီးများ အားလုံး သက်ပြင်းချလိုက်ကြရသည်။

'မှန်းထားတဲ့အတိုင်းပဲ!'

'ဒီဇိုင်းနာ အဖွဲ့ ၃ ဖွဲ့က ၁၀ ရက်ကျော်ကြာ အပင်ပန်းခံ ဆွဲထားတဲ့ ဒီဇိုင်းက... လင်းယန်ရဲ့ လက်ချက်နဲ့ တစ်ခါတည်း အပယ်ခံလိုက်ရပြီ!'

လင်းယန်၏အတွေးမှာ ရိုးရှင်းပါသည်။

လယ်ယာသုံး စက်ပစ္စည်း ပြတိုက်သက်သက်ပဲ လုပ်မည်ဆိုပါက အနည်းငယ် ပျင်းစရာကောင်းပြီး၊ တစ်ဖက်သတ် ဆန်လွန်းသည်ဟု သူ ယူဆသည်။

လုပ်မည်ဆိုလျှင်တော့ အစုံလင်ဆုံးဖြစ်အောင် လုပ်မည်!

"ဆောက်လုပ်ရေးအဖွဲ့ကလူတွေ... ပါမောက္ခရှောင်လင်းရဲ့ စိတ်ကူးအတိုင်း အခုချက်ချင်း ဒီဇိုင်း ပြန်ဆွဲလိုက်ကြပါ" ဟု လောင်ဝမ်က အမိန့်ပေးလိုက်သည်။

လင်းယန်က ခေါင်းညိတ်လိုက်ပြီး-

"ပိုက်ဆံက ပြဿနာ မဟုတ်ဘူး။ အရည်အသွေးကတော့ အဆင့်မီရမယ်နော်။"

လင်းယန်သည် သူ ဆောက်လုပ်မည့် အရာကို မြို့ပေါ်က ကွန်ကရစ်အဆောက်အအုံများလို မဖြစ်စေချင်ပေ။

ထိုအဆောက်အအုံများမှာ ဆယ်စုနှစ် အနည်းငယ်ကြာပြီးနောက် နေပူမိုးရွာဒဏ်ကြောင့် ဟောင်းနွမ်း ပျက်စီးသွားတတ်ကြသည်။

မိသားစုများစွာမှာ တစ်သက်လုံး စုဆောင်းထားသမျှ ပုံအောပြီး နောက်ဆုံး ဝယ်လိုက်ရသည်မှာ... တဖြည်းဖြည်းနှင့် လူမနေတော့ဘဲ ဆင်းရဲသားရပ်ကွက်က အပျက်အစီးများ ဖြစ်သွားမည့် အရာများသာ ဖြစ်နေတတ်သည်။

၎င်းမှာ ရင်းနှီးရကျိုး မနပ်ပေ။

သူ လိုချင်သည်မှာ ချင်းရှန်းရွာကဲ့သို့ပင်... အမှန်တကယ် ကျန်ရစ်နေနိုင်မည့် အဆောက်အအုံမျိုး ဖြစ်သည်။

အချိန်ကာလ၏ပြောင်းလဲမှုကြောင့် အချို့အစိတ်အပိုင်းများ ပျက်စီးသွားနိုင်သော်လည်း...

ကျန်ရှိနေသော အစိတ်အပိုင်းများမှတစ်ဆင့် အတိတ်သမိုင်း၏ အပိုင်းအစတစ်ခုကို လှမ်းကြည့်နိုင်မည့် အရာမျိုး ဖြစ်ရပေမည်။

နောက်ဆုံးတွင် ဖုန်မှုန့်များအဖြစ် ပျောက်ကွယ်သွားမည့် အရာမျိုး မဟုတ်ရပေ။

"နားလည်ပါပြီ။"

ဆောက်လုပ်ရေး အဖွဲ့-၂ မှ လူများက လင်းယန်ကို ရှင်းလင်းသော ကတိပေးလိုက်ကြသည်။

မည်သို့ပင်ဆိုစေ ယခုအခါ လင်းယန်မှာ သူတို့၏ အကြီးမားဆုံးသော ရွှေတွင်းကြီးဖြစ်နေသည် မဟုတ်လား။

သူ ဘယ်လို စီစဉ်ပေးသလဲ၊ သူတို့က ထိုအတိုင်း လုပ်ဆောင်ကြရမည်သာ။

တစ်ချိန်တည်းမှာပင် သူတို့ တစ်ခုကို သတိထားမိလိုက်ကြသည်။

၎င်းမှာ... ချင်းရှန်းရွာသည် တောင်ပေါ်မှ တောင်အောက်အထိ၊ ဤပြတိုက်ပါ ထပ်တိုးလိုက်မည်ဆိုပါက... 'ခေတ်ကို ဖြတ်ကျော်သွားရခြင်း' ကဲ့သို့သော ခံစားချက်မျိုး ပေးစွမ်းနိုင်လိမ့်မည် ဖြစ်သည်။

ချင်းရှန်းရွာသည် မင်၊ ချင်း ခေတ်ဟောင်းမြို့ကလေး ဖြစ်ပြီး၊ သမိုင်းအမွေအနှစ်များ အမှန်တကယ် ရှိနေကာ၊ ရှေးဟောင်း လူနေမှုစနစ်ကို အမှန်တကယ် ထိန်းသိမ်းထားသည့် နေရာဖြစ်သည်။

သမိုင်းမှသည် ခေတ်သစ်ဆီသို့ ဦးတည်မည့် ဤအဆောက်အအုံသည် ခေတ်နှစ်ခေတ်ကို ပိုင်းခြားထားသည့် မျဉ်းကြောင်းသဖွယ် ဖြစ်လာပေလိမ့်မည်။

တောင်အောက်ရှိ တက္ကသိုလ်ခွဲသို့ ရောက်သောအခါတွင်မူ ခေတ်မီသော အငွေ့အသက်များကို အပြည့်အဝ ခံစားရမည်ဖြစ်သည်။

ချင်းရှန်းရွာမှ တက္ကသိုလ်ခွဲသို့ သွားလျှင်ဖြစ်စေ၊ တက္ကသိုလ်ခွဲမှ ချင်းရှန်းရွာသို့ ပြန်လာလျှင်ဖြစ်စေ...

လူကို ပြင်းထန်သော ခေတ်ဖြတ်ကျော်မှု ခံစားချက်မျိုး ပေးစွမ်းနိုင်မည် ဖြစ်သည်။

အမြဲတမ်း မပြောင်းလဲဘဲ ကျန်ရစ်နေမည့် အရာကတော့... လမ်းဘေး တစ်ဖက်တစ်ချက်ရှိ လယ်ကွင်းပြင်ကြီးများပင် ဖြစ်ပေလိမ့်မည်!

လယ်ယာမြေသည်သာ ယဉ်ကျေးမှု တစ်ခုလုံးကို ချိတ်ဆက်ပေးထားသည့် အရာ ဖြစ်သည်။

လူသားများသည်လည်း အစားအသောက်နှင့် ကင်းကွာ၍ မရနိုင်ပါချေ။

အချို့အချိန်များတွင် ရှားပါးသော အစားအစာသည်သာ စစ်မှန်သော ဇိမ်ခံပစ္စည်းဖြစ်သည်။

အရသာရှိသော အစားအစာသည် ခန္ဓာကိုယ်ကို ဝလင်စေရုံတင်မကဘဲ၊ စိတ်ပိုင်းဆိုင်ရာကိုလည်း ကြီးမားသော ကျေနပ်မှုကို ပေးစွမ်းနိုင်သည် မဟုတ်လား။

"အားလုံးကို အားနာပါတယ်။"

လင်းယန်သည် အားလုံးနှင့် အမြင်ချင်း ဖလှယ်လိုက်ပြီးနောက်၊ စိုက်ပျိုးရေး ယဉ်ကျေးမှုကို ဖော်ညွှန်းမည့် ဤကိုယ်ပိုင်ပြတိုက်၏ အစီအစဉ်ကို အတည်ပြုလိုက်တော့သည်။

စီမံကိန်းအရဆိုလျှင် ဤသည်မှာ ပြည်တွင်းတွင် တည်ဆောက်စရိတ်အမြင့်မားဆုံး ကိုယ်ပိုင်ပြတိုက် ဖြစ်လာပေလိမ့်မည်။

လင်းယန် ဆွေးနွေးမှုများ ပြီးဆုံး၍ ပြန်ရန် ပြင်နေစဉ်မှာပင်... ချင်အဖေ၏ Audi A8L ကားကြီးမှာ လူအုပ်ရှေ့တွင် ဖြည်းညှင်းစွာ ရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။

ဤသည်က လင်းယန်ကို အနည်းငယ် ဇဝေဇဝါ ဖြစ်သွားစေသည်။

ချင်အဖေ သူ့ရဲ့ ဒီကားကို မစီးတာ ဘယ်လောက်တောင် ကြာသွားပြီလဲ?

ထို့အပြင်... ဤကားပေါ်တွင် ချင်အဖေအပြင် အသက်မငယ်တော့သော အမျိုးသားတစ်ဦးလည်း ပါလာခဲ့သည်။

သူတို့နှစ်ဦး ကားပေါ်မှ ဆင်းလာချိန်တွင် အားလုံး၏အကြည့်များမှာ ထို ဧည့်သည်အသစ်အပေါ်သို့ ကျရောက်သွားကြတော့သည်။

လူအများအပြား၏ မျက်လုံးများတွင် အလွန်တရာ စိတ်အားထက်သန်သော အကြည့်များပင် ရှိနေကြသည်။

အကြောင်းကတော့ ဤ အနည်းငယ်ခပ်ဝဝအမျိုးသားကို မသိသူဟူ၍ လုံးဝမရှိသလောက် ဖြစ်သောကြောင့်ပင်!

***

စူပါ-ဖမ်း(SFS)

SFS 110

အခန်း ၁၁၀ ။ လူတိုင်းသိတဲ့ မစ္စတာချုံ

ဘေးပတ်ပတ်လည်မှာ တဖြည်းဖြည်း စုရုံးလာပြီး အုတ်အော်သောင်းတင်းဖြစ်နေကြတဲ့ လူအုပ်ကြီးကို ကြည့်ရင်း လင်းယန်တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်နေမိသည်။

"ဘယ်သူလဲ? ဒီလူက အဲ့ဒီလောက်တောင် နာမည်ကြီးလို့လား? ကြည့်ရတာ တစ်နေရာရာမှာ မြင်ဖူးသလိုလိုတော့ ရှိသားပဲ။"

ဘေးနားက ပါမောက္ခအိုကြီးက လင်းယန်ကို အံ့ဩတကြီး စိုက်ကြည့်ရင်း-

"ဒါ ဆရာတော်ကြီးလေကွ! "

"???"

လင်းယန် ပိုပြီး ဇဝေဇဝါ ဖြစ်သွားသည်။

"ဘာ။"

"ထန်စန်းကိုယ်တော်လေ! ၈၆ ခုနှစ်က ထွက်ခဲ့တဲ့ 'အနောက်ဘက်သို့ ခရီးသွားခြင်း' ဇာတ်လမ်းတွဲထဲမှာ ထန်စန်းကိုယ်တော်အဖြစ် သရုပ်ဆောင်ခဲ့တဲ့သူလေ! တစ်နိုင်ငံလုံး မသိသူ မရှိဘူးကွ။"

"......"

ပါမောက္ခကြီးက အဲ့ဒီလို ပြောလိုက်တော့မှ လင်းယန် တကယ်ပဲ မှတ်မိသွားတော့သည်။ ဒါပေမဲ့ သူ အခုလို မေးမိတာကလည်း အရင်တုန်းက ဒီရွာလေးဟာ ပြင်ပနဲ့ အရမ်း အဆက်ပြတ်နေခဲ့တာကြောင့်လည်းပါတာမို့ ဘယ်သူကမှ သူ့ကို အပြစ်မတင်ကြပါဘူး။

မကြာခင်မှာပဲ လူနှစ်ယောက်က လင်းယန်ရဲ့ ရှေ့ကို ရောက်လာကြသည်။

ပြောရမယ်ဆိုရင်... အသက်အရွယ်က ဒီလောက်ကြီးနေပြီဖြစ်ပေမဲ့၊ အဲ့ဒီလို ဝဖြိုးကျန်းမာတဲ့ ပုံစံရယ်၊ ပြောင်နေတဲ့ ဦးခေါင်းရယ်နဲ့ ပေါင်းစပ်လိုက်တော့ သူ့ရဲ့ အရှိန်အဝါက တကယ့်ကို ထူးခြားနေပါတယ်။ ဒါက ပြိုင်ဘက်ကင်းတဲ့ ဆွဲဆောင်မှု တစ်ခုပါပဲ။

မြင်းဖြူစီးတိုင်း မင်းသားမဟုတ်ဘူး၊ ထန်စန်းကိုယ်တော်လည်း ဖြစ်နိုင်တယ်လို့ ပြောလေ့ရှိကြပေမဲ့... လင်းယန် ပြောချင်တာကတော့ ဒီထန်စန်းကိုယ်တော်သာ ငယ်ငယ်တုန်းကဆိုရင် အမျိုးသမီးတွေအတွက်တော့ မင်းသားထက်တောင် ဆွဲဆောင်မှု ပိုရှိနိုင်ပါတယ်။ မဟုတ်ရင် နတ်သမီးနိုင်ငံက ဘုရင်မကြီးကို ဘယ်လိုလုပ် ညှို့ယူနိုင်ပါ့မလဲ?

ဒါပေမဲ့ အခု လင်းယန်ရဲ့ စိတ်ထဲမှာရှိတဲ့ 'အနောက်ဘက်သို့ ခရီးသွားခြင်း' အပေါ် အမြင်ကတော့ အိမ်မှာရှိတဲ့ ရှေးဟောင်း မူရင်းကျမ်းစာတွေပေါ်မှာပဲ ရှိနေတာပါ။ ချင်းမင်းဆက်ခေတ်က စာမူတွေနဲ့ အခုခေတ် ပြင်ဆင်ထားတဲ့ မူတွေကြားမှာတော့ ကွာခြားချက်တွေရှိနိုင်ပေမဲ့ ဒါကလည်း အရေးမကြီးပါဘူး။

ချင်အဖေကတော့ အရမ်းကို စိတ်လှုပ်ရှားနေပြီး အရင်ဆုံး မိတ်ဆက်ပေးလာသည်။

"ဒါက မစ္စတာချုံတဲ့။ ငါတို့ဆီမှာ စန္ဒကူးနီတွေ ရှိတယ်လို့ ကြားလို့ လာကြည့်တာ။"

ချုံရွေ့ကတော့ လင်းယန်ကို ပြုံးပြုံးလေး ကြည့်နေသည်။ ပြောရမယ်ဆိုရင် သူ့ရဲ့ပုံစံက တကယ်ပဲ ဇာတ်ကားထဲက ထန်စန်းကိုယ်တော်နဲ့ တော်တော်လေး ဆင်တူပါတယ်။ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ထန်စန်းကိုယ်တော်ရဲ့ပုံရိပ်က သူ့ရဲ့ အရိုးထဲအထိ စွဲမြဲနေခဲ့ပုံရပါတယ်။ သူ့ရဲ့ အသံနေအသံထားကလည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်လို အေးချမ်းပြီး နားထောင်ရတာ လေပြေသွေးသလို ခံစားရစေသည်။

"ပါမောက္ခလင်းရဲ့ အကြောင်းတွေကို ကျွန်တော် ကြားဖူးပါတယ်။ တကယ့်ကို ငယ်ရွယ်တဲ့ သူရဲကောင်းလေးပဲ။ အဲ့ဒါကြောင့် အားနာနာနဲ့ပဲ ဒီအထိ လာနှောင့်ယှက်မိတာပါ" ဟု ချုံရွေ့က ဆိုသည်။

"ကြိုဆိုပါတယ်။"

လင်းယန်ကလည်း အားနာပါးနာစကားတွေ အများကြီး မပြောတတ်တာကြောင့် ပုံမှန်အတိုင်းပဲ ပြန်ပြောလိုက်သည်။ သူက လယ်စိုက်တာကလွဲရင် ကျန်တဲ့ကိစ္စတွေမှာ တော်တော်လေးကို အေးအေးဆေးဆေး နေတတ်သူပါ။

"လင်းအိမ်တော်က အဆောက်အအုံတွေက မင် နဲ့ ချင်ခေတ်က စန္ဒကူးနီ အစစ်တွေလို့ ကြားမိလို့ပါ။ အဲ့ဒါကို တစ်ချက်လောက် လေ့လာခွင့်ရမလားလို့?"

"ကျွန်တော် အခု တခြား..."

လင်းယန်က အလုပ်ရှိသေးတယ်လို့ ပြောမလို့ ရှိသေး၊ ပါမောက္ခအိုကြီးတွေက ကြားဖြတ် ပြောလိုက်ကြသည်။

"မအားတာ မရှိပါဘူး၊ ကိစ္စကြီးကြီးမားမား မရှိပါဘူး။ သွားကြစို့... ပါမောက္ခလင်း၊ ငါတို့လည်း မင်းရဲ့ အိမ်ဝင်းထဲကို လိုက်ကြည့်ချင်နေတာ။"

"အတူတူ သွားကြမယ်လေ။ ဒီဇိုင်းပိုင်းဆိုင်ရာ အိုင်ဒီယာတွေတောင် ရနိုင်သေးတယ်" ဟု အားလုံးက ရယ်ရယ်မောမောနဲ့ ဝင်ပြောကြသည်။

သူတို့ အိမ်ဝင်းကို သွားကြည့်ချင်တယ်ဆိုတာက အကြောင်းပြချက်သက်သက်ပါ။ တကယ်ကတော့ နာမည်ကြီး သရုပ်ဆောင်ကို အနီးကပ်တွေ့ချင်ကြတာ သက်သက်ပါပဲ။ အိမ်ထဲက စန္ဒကူးနီ အဆောက်အအုံတွေကို ကြည့်ရင်လည်း သူတို့ကတော့ အကောင်းအဆိုး ခွဲခြားတတ်မှာ မဟုတ်ပါဘူး။

"ကောင်းပြီလေ၊ ကျွန်တော် လမ်းပြပါ့မယ်။"

လင်းယန်ကတော့ အလွန်သန့်ရှင်းနေတဲ့ လန်ဘိုဂီနီကားကြီးပေါ်ကို တိုက်ရိုက် တက်ထိုင်လိုက်သည်။ ဒါက အခုတော့ သူ့ရဲ့ ပုံမှန် သွားလာရေး ကိရိယာ ဖြစ်နေပါပြီ။

အရင်တုန်းက ရွှံ့တွေ ပေကျံနေတဲ့ ပုံစံမျိုး မရှိတော့ပါဘူး။ ကတုံးချန်တို့ တစ်သိုက်က နေ့တိုင်း ကားကို ပြောင်လက်နေအောင် တိုက်ချွတ်ပေးချင်နေကြတာလေ။ ဘယ်သူကားဆေးမလဲဆိုတဲ့ ကိစ္စနဲ့တောင် ဟိုကျောင်းသားတွေနဲ့ ရန်ဖြစ်လုနီးပါး ဖြစ်ခဲ့ကြသေးတာ။ ဘာလို့လဲဆိုတော့ သူတို့အတွက် ဒီကားက အိပ်မက်ထဲက ကားမျိုး ဖြစ်နေလို့ပါပဲ။

ဒါပေမဲ့ ချင်စုစုကလွဲရင် ဘယ်သူကမှ လင်းယန်ဆီကနေ ကားခဏ ငှားမောင်းဖို့ မပြောရဲကြပါဘူး။ တကယ်လို့ တိုက်မိခိုက်မိရင် မလျော်နိုင်မှာ စိုးလို့လေ။

ချင်စုစုကတော့... ကားကိုယ်ထည် ဘေးပတ်လည်က လမ်းကြမ်းမောင်းကားတွေ ဆေးသုတ်ထားတာတွေက တောင်လမ်းတွေမှာ သွားလာရ လွယ်ကူဖို့အတွက်လို့ တကယ် ထင်နေကြတာလား? အမျိုးသမီး ဒရိုင်ဘာဖြစ်တဲ့ သူမ လက်ချက်နဲ့ ကားမှာ ပွတ်တိုက်မိထားတာတွေ ဘယ်နှစ်ကြိမ်ရှိနေပြီလဲ မသိပါဘူး! ဒါပေမဲ့ ဒါက သွားလာရေး ကိရိယာ သက်သက်ပဲမို့ လင်းယန်ကတော့ သိပ်ဂရုမစိုက်ပါဘူး။

ကားပေါ်မှာတော့ ချင်စုစုကတစ်ဆင့် လင်းယန်ဟာ မစ္စတာချုံရဲ့ အကြောင်းကို အသစ်ထပ်သိလိုက်ရသည်။ အထူးသဖြင့် အခုချိန်မှာ ချင်စုစုက စိတ်လှုပ်ရှားလွန်းလို့ ဖုံးမရနိုင်အောင် ဖြစ်နေတာပါ။

"ကျွန်မ ငယ်ငယ်တုန်းက 'အနောက်ဘက်သို့ ခရီးသွားခြင်း' ကြည့်ပြီး ကြီးလာတာလေ။ ဒါပေမဲ့ အကြိုက်ဆုံးကတော့ စွန်းဝူခုန်း ပါ။ အခု ထန်စန်းကိုယ်တော် အစစ်ကြီးကို တွေ့ရမယ်လို့ မထင်ထားဘူး၊ အရမ်း ပျော်တာပဲ။"

"......"

လင်းယန် သူ့ရဲ့ နဖူးကို လက်နဲ့ ပွတ်လိုက်မိသည်။ ဤကဲ့သို့သော စကားမျိုးကို ချင်စုစု ဘယ်နှခါတောင် ပြောနေမှန်း မသိတော့ပါဘူး။

"သူက ငါတို့အိမ်ကိုပဲ တန်းလာတဲ့ ပုံစံပဲနော်။"

"မစ္စတာချုံက စန္ဒကူးနီ ဝါသနာအိုးလေ။ ကျွန်မ အဖေတို့နဲ့လည်း တစ်အသိုင်းအဝိုင်းထဲကပဲ။ ရှင် 'စန္ဒကူးနီ ပြတိုက်' အကြောင်း ကြားဖူးလား? ကိုယ်ပိုင်ပြတိုက် ဖြစ်ပေမဲ့ 'နိုင်ငံတော်အဆင့်' ဘွဲ့ထူးကို ရထားတာလေ။"

"မကြားဖူးဘူး။"

"......"

ချင်စုစု နှုတ်ခမ်းလေး တွန့်သွားပြီး ဆက်ရှင်းပြသည်။ "အင်းလေ... ဒါက မစ္စတာချုံရဲ့ဇနီးနဲ့ ပတ်သက်တယ်။ သူ့ဇနီးက အရမ်းချမ်းသာတယ်၊ သူဌေးမကြီးပေါ့။ စန္ဒကူးနီကို အရမ်းကြိုက်တော့ ကမ္ဘာ့အကြီးဆုံး ကိုယ်ပိုင် စန္ဒကူးနီပြတိုက်ကြီးကို ပိုက်ဆံအကုန်ခံပြီး ဆောက်လိုက်တာ။ စိုက်ပျိုးရေး လောကတင်မကဘဲ အပြင်မှာပါ အရမ်းနာမည်ကြီးတယ်။"

"တချို့ကတော့ မစ္စတာချုံက သူ့ထက် ၁၁ နှစ်ကြီးတဲ့ သူဌေးမကြီးရဲ့ အထောက်အပံ့ကို ယူထားတာမို့ အိမ်မှာ အဆင့်အတန်းမရှိဘူးလို့ ထင်ကြတယ်။ ဒါပေမဲ့ ကျွန်မ အဖေကတော့ အသေအချာ သိတယ်။ သူ့ဇနီးက အဲ့ဒီပြတိုက်ကြီးကို ဆောက်ဖြစ်သွားတာက မစ္စတာချုံရဲ့ လွှမ်းမိုးမှုကြောင့်ပဲ။"

လင်းယန် ခေါင်းညိတ်လိုက်သည်။ မစ္စတာချုံ ဘာလို့ လာတာလဲဆိုတာကို အကြမ်းဖျင်း သိသွားပါပြီ။

ချင်စုစုက ဆက်ပြီး သတင်းပေးလာပြန်သည်။

"ကျွန်မ အဖေက အိမ်ပြင်ပြီးသွားတာကို မနေနိုင်ဘဲ လိုက်ကြွားလိုက်လို့ သူတို့တွေ အာရုံစိုက်မိသွားတာ ဖြစ်မယ်။ အစ်ကိုလင်း... စိတ်မဆိုးဘူးမလား?"

လင်းယန်ကတော့ အေးအေးဆေးဆေးပါပဲ။

"အလယ်အိမ်ဝင်းတစ်ခုလုံးက မင်းအဖေ ပြင်ပေးထားတာပဲလေ။ လာကြည့်တာလည်း ဘာမှ မဖြစ်ပါဘူး။"

လင်းယန်ကတော့ ဒါကို ဂရုမစိုက်ပါဘူး။ ဘာလို့လဲဆိုတော့ အခု သူ့အိမ်ကြီး ဒီလောက် ခန့်ညားထည်ဝါနေတာက ချင်အဖေရဲ့ကျေးဇူးတွေကြောင့်ပဲလေ။ ပြီးတော့ သူက အနောက်အိမ်ဝင်းမှာ နေတာမို့ သူ့ရဲ့ဘဝကိုလည်း ဘာမှ လာမနှောင့်ယှက်နိုင်ပါဘူး။

ချင်အဖေရဲ့ ကြွားလုံးထုတ်ထားတဲ့ Moments (WeChat) တွေကို ကြည့်လိုက်ရင်တော့၊ သူ့အိမ်ကို လာကြည့်ချင်တဲ့သူက မစ္စတာချုံ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ လင်းယန် သိလိုက်ရသည်။ အခုထိ ဒီလောက် တိတ်ဆိတ်နေတာကတော့ ချင်အဖေကပဲ ကြားထဲကနေ တားပေးထားလို့ ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ ချင်အဖေက လင်းယန်ထက်တောင် အဲ့ဒီ ရှေးဟောင်းပစ္စည်းတွေကို ပိုပြီး နှမြောတတ်လို့ပါပဲ။

သိပ်မကြာခင်မှာပဲ အားလုံး အိမ်ရှေ့ကို ရောက်သွားကြသည်။ အဲ့ဒီအချိန်မှာ အဘိုးစူးက အိမ်ရှေ့မှာ လမ်းလျှောက်နေရင်း လင်းယန်ကို လှမ်းတားလိုက်သည်။

"ဘယ်သူလဲကွ? လူတွေ အများကြီးနဲ့။"

"မြင်းဖြူစီးတဲ့သူလေ။"

"???" အဘိုးစူးက အိမ်ရှေ့မှာ ချည်ထားတဲ့ မြင်းနက်လေး ဝူးယာကို လှမ်းကြည့်လိုက်သည်။

'ဒီခေတ်ကြီးမှာ ဘယ်သူက မြင်းစီးနေသေးလို့လဲ?'

ဒါပေမဲ့ မစ္စတာချုံ ကားပေါ်က ဆင်းလာတဲ့အခါမှာတော့ အဘိုးကြီးစူးတောင် အံ့ဩသွားရသည်။

"ဟာ... ထန်စန်းကိုယ်တော်ကြီးပါလား။ တကယ်ပဲ မြင်းဖြူစီးတဲ့သူ (ထန်စန်းကိုယ်တော်) ပါလား။"

ဒါပေမဲ့ အံ့ဩဆုံးလူကတော့ မစ္စတာချုံ ဖြစ်နေသည်။

သူ ဒီကိုလာတာက စန္ဒကူးနီတွေကို တွေ့ချင်လို့ သက်သက်ပါ။ လင်းယန်ရဲ့ အကြောင်းကိုတော့ သူ ကြားဖူးပါတယ်၊ ဒါပေမဲ့ အစတုန်းကတော့ ဒီလူငယ်လေးက တော်တော်လေး အစွမ်းထက်တယ် ဆိုတာလောက်ပဲ သဘောထားခဲ့တာပါ။ လင်းအိမ်တော်မှာ မင်မင်းဆက်က စန္ဒကူးနီ အဆောက်အအုံတွေရှိတယ်ဆိုတဲ့ သတင်းကို ကြားတော့မှ သူ မနေနိုင်တော့ဘဲ စုံစမ်းပြီး ဒီကို လာခဲ့တာပါ။

ဒါက သူ ထန်စန်းကိုယ်တော်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ အရှိန်အဝါတွေ ရှိနေသေးတာနဲ့လည်း ဆိုင်ပါတယ်။ အဲ့ဒီ 'အနောက်ဘက်သို့ ခရီးသွားခြင်း' က ဂန္ထဝင်တွေထဲက ဂန္ထဝင် မဟုတ်လား။ ဒါက သူ့ဇနီးက သူဌေးမကြီး ဖြစ်နေတာနဲ့တော့ မဆိုင်ပါဘူး။

ပြီးတော့ သူ့ဇနီးကလည်း ဒီကိစ္စကို အရမ်း စိတ်ဝင်စားနေပေမဲ့၊ အသက်ကြီးပြီမို့ လာရတာ အဆင်မပြေတာကြောင့် သူ့ကိုပဲ လာကြည့်ခိုင်းလိုက်တာ။ ဖြစ်နိုင်ရင် ဒီအိမ်ဝင်းတစ်ခုလုံးကို ပိုက်ဆံပုံအောပြီး ဝယ်ချင်နေတာပါ။

ဒါပေမဲ့ ဒီလောက် သန့်ရှင်းသပ်ရပ်နေတဲ့ ရွာထဲကို ဝင်လာပြီး၊ သေနတ်တွေနဲ့ ကင်းလှည့်နေတဲ့ စစ်သားတွေကို မြင်လိုက်ရတဲ့ အခါမှာတော့... အဲ့ဒီ ဝယ်ယူမယ့် စိတ်ကူးကို သူ လုံးဝ လက်လျှောက်လိုက်ပါတော့တယ်။

ဒီရွာက... ပိုက်ဆံနဲ့ ဝယ်လို့ရမယ့် နေရာမျိုး မဟုတ်တော့ဘူးဆိုတာကို သူ ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့ပြီလေ။

***

All Chapters