← Chapters

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်းး ၈၃ - အနီနက်ရောင် သံချပ်ကာပုရွက်ဆိတ် နှင့် မြွေဟောက်နက်ကြီးအား ဆင့်ခေါ်ခြင်း။

တစ်ညလုံး ကျင့်ကြံပြီးနောက် လုပေါင်သည် ကွဲအက် သံများကြောင့် လန့်နိုးလာခဲ့သည်။

“ဒါ ဘာအသံလဲ။”

လုပေါင်သည် တောင်စောင့်နတ််ပုံရိပ်ယောင်ကို ရုပ်သိမ်းလိုက်ပြီး အသွင်ပြောင်းကျား ကို ကြည့်လိုက်သည်။ မဆင်မခြင် လုပ်ရပ်ကြောင့် ရခဲ့သော ဒဏ်ရာများမှာ လုံးဝပျောက်ကွယ်သွားပြီး ၎င်း၏ အမွှေးအမျှင်များမှာလည်း ဖိတ်ဖိတ်တောက် တောက်ပနေသည်။

နီနီလေးမှာ လုပေါင်၏ ပုခုံးပေါ်တွင် နားနေပြီး သူ့ကို ကြည့်နေသည်။မြွေဟောက်နက်ကြီးမှာလည်း သူ၏ ခေါင်းကြီးကို လုပေါင်ရှေ့တွင် ချထားပြီး အတော်လေး လိမ္မာယဉ်ကျေးနေပုံရသည်။

လုပေါင် မတ်တပ်ရပ်ကာ မြွေဟောက်နက်ကြီး၏ ဂူအပေါက်တစ်ခုဆီသို့ လျှောက်သွားလိုက်သည်။ မီးပုရွက်ဆိတ်များမှာ နေရာအနှံ့ တရှုံ့ရှုံ့ သွားလာနေကြသည်။ခဏမျှ လျှောက်ပြီးနောက် မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ မှင်သက်သွားရသည်။

အရွယ်စုံ မြွေအရေခွံ အမည်းရောင် အမြောက်အမြားမှာဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေသည်။မရေမတွက်နိုင်သော မီးပုရွက်ဆိတ်များမှာ သတ္တုကဲ့သို့ မာကျောသော ထိုအရေခွံများကို ဝိုင်းဝန်းကိုက်ခဲ စားသောက်နေကြသည်။သူသည် မြွေဟောက်နက်ကြီး၏ အရေခွံအကြီးကြီးတစ်ခုကို ထိကြည့်လိုက်သည်။ ၎င်းမှာ မာကျောပြီး သတ္တုဆန်သော်လည်း အသွင်ပြောင်း မီးပုရွက်ဆိတ်များ၏ ထက်မြက်သော မေးရိုးများအောက်တွင် ဖြည်းဖြည်းချင်း ပျောက်ကွယ်နေသည်။

မကြာမီ မီးပုရွက်ဆိတ်များကြားတွင် အနီနက်ရောင် အရိပ်အချို့ကို သူ သတိထားမိသွားသည်။သေချာမြင်လိုက်ရချိန်တွင် လုပေါင်၏ ရင်ခုန်သံ မြန်သွားခဲ့သည်။

‘နောက်ထပ် အသွင်ပြောင်း မီးပုရွက်ဆိတ်တစ်မျိုး ထပ်မံဆင့်ကဲပြောင်းလဲသွားပြီ။’

သူ တစ်ကောင်ကို ကောက်ကိုင်ကြည့်လိုက်ရာ ၎င်းမှာ လက်သန်းခြေသည်းခွံလောက်သာ ရှိသော်လည်း တစ်ကိုယ်လုံးမှာ တောက်ပသော အနီနက်ရောင် အကြေးခွံများဖြင့် ဖုံးလွှမ်းနေသည်။၎င်းမှာ မြွေဟောက်နက်ကြီး၏ အရောင်နှင့် ဆင်တူနေသည်။ သူ၏လက်ထဲတွင် ရှိနေစဉ်မှာပင် ၎င်း၏အရောင်မှာ ဖြည်းဖြည်းချင်း မှိန်သွားသည်။

“ကိုယ်ယောင်ဖျောက်ခြင်း...”

“အံ့သြစရာပဲ နောက်ထပ် မျိုးစိတ်သစ်တစ်ခု တိုးလာပြန်ပြီ။”

“မင်းတို့ကို အနီနက်ရောင် သံချပ်ကာပုရွက်ဆိတ် လို့ပဲ ခေါ်တော့မယ်။”

ခဏမျှ လေ့လာပြီးနောက် လုပေါင် အကြမ်းဖျင်း နားလည်သွားခဲ့သည်။၎င်းတို့တွင် အလွန်ကောင်းမွန်သော ခံစစ်နှင့် ခွန်အား ရှိကြပြီး မြွေဟောက်နက်ကြီး၏ ကိုယ်ယောင်ဖျောက်နိုင်စွမ်းကို အမွေဆက်ခံထားကြသည်။၎င်းတို့၏ အဆိပ်နှင့် သက်လုံကိုမူ အပြင်ရောက်မှ စမ်းသပ်ရမည်။

ဤဂူထဲတွင် မြွေဟောက်နက်ကြီး မည်မျှကြာအောင် နေထိုင်ခဲ့သည်ကို မြင်နိုင်သည်။တစ်မီတာခန့်သာရှိသော မြွေအရေခွံသေးလေးများကိုပါ တွေ့ရသဖြင့် မြွေဟောက်နက်ကြီးမှာလည်း တစ်ချိန်က ချစ်စရာကောင်းသော မြွေလေး ဖြစ်ခဲ့ဖူးကြောင်း သိလိုက်ရသည်။

အသွင်မပြောင်းနိုင်သော မီးပုရွက်ဆိတ်များမှာ အသက်ဆုံးရှုံးကြရပြီး အောင်မြင်သူများမှာမူ ဆင့်ကဲပြောင်းလဲခြင်း လမ်းစဉ်ကို ဆက်လျှောက်ကြရသည်။

အရုဏ်တက်နေပြီဖြစ်ကာ နှစ်တစ်ထောင် မီးဝိညာဉ်သီး မှည့်ရန် ၅ နာရီသာ လိုတော့သည်။

လုပေါင်သည် အသွင်ပြောင်းကျားကို စီးပြီး မီးတောင်သို့ သွားခဲ့သည်။ထိုနေရာမှာ ငြိမ်သက်မနေတော့ပေ။တောသားရဲ အချို့၏ အလောင်းများမှာ ပျံ့ကျဲနေပြီး ငှက်အုပ်များမှာလည်း ကောင်းကင်တွင် ဝဲပျံနေကြသည်။ ၎င်းတို့အားလုံးမှာ မီးဝိညာဉ်သီး၏ ရနံ့ကြောင့် ရောက်လာကြခြင်း ဖြစ်သည်။

“ဝုန်းးးး”

မီးတောင်ဂူဝမှ မီးတောက်များ ကောင်းကင်သို့ ပန်းထွက်လာသည်။မီးတောက်များ ဝန်းရံနေသော သတ္တဝါကြီးတစ်ကောင်မှာ ဟိန်းဟောက်ရင်း ပြေးထွက်လာသည်။လေချန်မှာ ပေထောင်ချီအောင် အသည်းအသန် ထွက်ပြေးရပြီး သူ၏နောက်တွင် မီးလုံးကြီး ပေါက်ကွဲသွားသည်။

“ထပ်ပြီး ထွေးထုတ်ပြန်ပြီ။”

လုပေါင်ရေရွတ်မိသည်။ချီလင်လေး၏ ထွေးထုတ်လိုက်သော မီးစွမ်းအားမှာ အလွန်ပင် ကြီးမားလှသည်။

“တော်တော် ကပ်စေးနှဲတာပဲ။”

လေချန်သည်ပြန်ထလာပြီး သူ၏ဝတ်ရုံကို ခါထုတ်လိုက်သည်။သူက အသီးကြွေတာ ရှိမလားလို့ ဝင်ကြည့်တာကို မီးတောက်နဲ့ နှုတ်ဆက်ခံလိုက်ရခြင်း ဖြစ်သည်။

ဖြူကြီးကမူ တည်ငြိမ်စွာ ထိုင်နေသော်လည်း စစ်သူကြီးလေးယောက်မှာမူ အလွန် သတိရှိနေကြသည်။ယုန်ပျံနှင့် ကင်းခြေများကြီးမှာလည်း အနားက သတ္တဝါတွေကို သတ်ဖြတ်နေကြသည်။အကြမ်းဆုံးမှာ မျက်လုံးတစ်ဖက်တည်း ဝံပုလွေကြီးဖြစ်ပြီး ဝက်ဝံနက်ကြီးတစ်ကောင်ကို ကိုက်သတ်နေသည်။ ဝက်ဝံနက်ကြီးမှာလည်း မညံ့ပေ။သူ မသေခင် ဝံပုလွေကြီးကို ဒဏ်ရာအပြင်းအထန် ပေးသွားခဲ့သည်။

“အူးဝူး...”

ဝံပုလွေနက်ကြီးမှာ ဟိန်းဟောက်ကာ ပတ်ဝန်းကျင်ကို ခန့်ညားစွာ ကြည့်ပြီးနောက် သူ၏ သားကောင်ကို စားသောက်နေတော့သည်။

“နှစ်ကောင်လုံး အမည်းရောင်တွေပဲကို ဘာလို့ သတ်နေကြတာလဲ။”

လုပေါင်သနားသလို ကြည့်မိသည်။ ဝက်ဝံနက်ကြီးမှာလည်း ပတ်ဝန်းကျင်ကြောင့် ဆင့်ကဲပြောင်းလဲထားသဖြင့် အရည်အသွေးကောင်းသော်လည်း ယခုတော့ ဝံပုလွေလက်ချက်နဲ့ သေရပြီ။

“ရှူးးး”

ရုတ်တရက် လုပေါင်၏ နောက်ကျောမှ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။

“ကောင်လေး” “သတိထား”

ဖြူကြီးနှင့်လေချန်တို့၏ အသံများ ပြိုင်တူ ထွက်လာသည်။လုပေါင်၏ စိတ်စွမ်းအား မှာ ချက်ချင်းပင် ပွင့်ထွက်သွားတော့သည်။ ကံကောင်းထောက်မစွာဖြင့် တောင်စောင့်နတ် ပုံရိပ်ယောင်ကျင့်စဥ် ကြောင့် သူ၏ စိတ်စွမ်းအားမှာ အပြင်သို့ ထုတ်လွှတ်နိုင်သည့် အဆင့်သို့ ရောက်နေပြီဖြစ်သည်။ငွေရောင် မြားတစ်စင်း ရောက်ရှိလာပြီးစိတ်စွမ်းအားကြောင့် အရာအားလုံးမှာ နှေးကွေးသွားသလို ခံစားရပြီး လုပေါင်မှာ ကိုယ်ကို အသာလေး လွှဲလိုက်ရာ မြားမှာ ဘေးကနေ ဝှေ့ခနဲ ဖြတ်သွားသည်။

“ဘုန်းးး”

လေချန် ခေါ်လာသော မိန်းကလေးမှာလည်း တုံ့ပြန်မှု မြန်လှသည်။သူမက လက်ထဲက ဓားဖြင့် ကာလိုက်သော်လည်း မြား၏ အရှိန်ကြောင့် ပေ ၄၀ ခန့် လွင့်ထွက်သွားသည်။ သူမမှာ အသည်းအသန် ရှောင်လိုက်ရသဖြင့် အသက်ဘေးမှ လွတ်သွားခြင်း ဖြစ်သည်။

“ဒါက ဂုဏ်ထူးဆောင် အဆင့်ရှိတဲ့ လေးသည်တော်ပဲ။ မင်းရဲ့ အာရုံခံစားမှုကြောင့် အသက်ဘေးက လွတ်သွားတာ။”

ဖြူကြီးကလုပေါင်အနား ရောက်လာပြီး လေးသည်တော် ပုန်းနေသည့်နေရာကို အာရုံခံနေသည်။

လေချန်ကမူ သူ့သမီးရှေ့မှာ ရပ်ကာ ကာကွယ်ထားသည်။သမီးဖြစ်သူမှာ မြား၏ အရှိန်ကြောင့် အတွင်းကလီစာများ ဒဏ်ရာရကာ သွေးအန်နေသည်ကို မြင်သောအခါ လေချန်မှာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

“ထော်လေ... မင်း သေချင်နေတာလားးးး”

ကင်းခြေများကြီးမှာ ပုန်းသွားပြီး ယုန်ပျံကလည်း ကောင်းကင်သို့ ပျံတက်သွားလေသည်။ ဝံပုလွေနက်ကြီးလည်း တောထဲ ပျောက်ကွယ်သွားသည်။တောသားရဲများသည် အန္တရာယ်ကို အလွန် အာရုံခံနိုင်ကြသည်။အသွင်ပြောင်းကျားမှာလည်း လုပေါင်အနားတွင် ဂဏာမငြိမ်ဘဲ လမ်းပတ်လျှောက်နေသည်။

နာရီဝက်... တစ်နာရီ... အခြေအနေမှာ တင်းမာနေဆဲ ဖြစ်သည်။

“တော်တော် ရှက်ဖို့ကောင်းတာပဲ။ငါတို့က ခွေးလို မျက်လုံးပြူးပြီး စောင့်နေရတာ သူကတော့ မြက်တောထဲမှာ တစ်ရေးတောင် အိပ်နေလောက်ပြီ။”

လုပေါင်အတော်ဒေါသထွက်နေသည်။

‘ဒီအလုပ်ကတကယ့်ကို အောက်တန်းကျတာပဲ။’

“သူက ငါတို့ရဲ့ စိတ်ဓာတ်ကို ဖြိုခွဲနေတာ ပြီးမှ အသေအလဲ တစ်ချက်တည်းနဲ့ တိုက်ခိုက်မှာ။”

ဖြူကြီးကစစ်သူကြီးလေးယောက်ကို အချက်ပြလိုက်ရာ သူတို့က လုပေါင်ကို ဝိုင်းပတ်ကာကွယ်လိုက်ကြသည်။

နောက်ထပ် တစ်နာရီ ကုန်ဆုံးသွားသည်။မီးဝိညာဉ်သီး မှည့်မည့်အချိန်မှာ နီးကပ်လာပြီဖြစ်သည်။ဖြူကြီးလည်း ဂူဝဘက်ကို ခဏခဏ ကြည့်နေသည်။အသီးမှည့်သည်နှင့် တိုက်ပွဲကြီး ဖြစ်တော့မည်။

“အနန္တကောင်းကင်ဘုံ... ဆရာကြီး ထော်လေ ငါတို့ ပူးပေါင်းကြရင်ကော ဘယ်လိုလဲ။”

တျန်ချန်းကရုတ်တရက် ပြောလိုက်သည်။

“မစဉ်းစားနဲ့။ အချိန်တန်ရင် သူ ဘယ်သူ့ကို သတ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။”

လေချန်ကဒေါသတကြီး ပြောသည်။ သူကိုယ်တိုင်လည်း လေးသည်တော် ပုန်းနေသည့်နေရာကို မသိသဖြင့် ဘာမှမတတ်နိုင်ပေ။

လုပေါင် အချိန်ကြည့်နေစဉ် ရုတ်တရက် စိမ့်ခနဲ ခံစားလိုက်ရသည်။သူ၏ စိတ်စွမ်းအားကို အပြင်သို့ ချက်ချင်း ထုတ်လွှတ်လိုက်သည်။

‘ဘာမှမရှိဘူးလား။မဟုတ်ဘူး မြေအောက်က။’

လုပေါင် ချက်ချင်း အာရုံရလိုက်သည်။သူ ခုန်လိုက်သည်နှင့် သူရပ်နေသော နေရာမှ မြားတစ်စင်း မြေပေါ်သို့ ထိုးထွက်လာသည်။ဖြူကြီးတို့လည်း အံ့သြသွားကြသည်။ မြေအောက်ကနေ မြားထွက်လာလိမ့်မည်ဟု မည်သူမှ မထင်ထားကြပေ။

“ဒီခွေးမသား ငါ့ကို တကယ်ပဲ အနိုင်ကျင့်လို့ရတဲ့သူ မှတ်နေတာလား မြားတွေ တစ်စင်းပြီးတစ်စင်း ပစ်နေတာ။”

လုပေါင် ဒေါသထွက်သွားသည်။ လူတွေအများကြီးထဲကမှ သူ့ကိုပဲ ရွေးပြီး တိုက်ခိုက်နေသည်ကိုး။သူသည် အသွင်ပြောင်းကျားကို ဆွဲကာ ကာလိုက်ပြီး အသွင်ပြောင်း မီးပုရွက်ဆိတ်များကို မြားထွက်လာသည့် အပေါက်ထဲသို့ လွှတ်လိုက်သည်။၎င်းတို့မှာ ဒုတိယအကြိမ် ဆင့်ကဲပြောင်းလဲထားသော အမျိုးအစားများ ဖြစ်ကြသည်။

နီနီလေးလည်း သူ၏ ကျောပိုးအိတ်ပေါ်တွင် ပေါ်လာပြီး အာရုံခံနေသည်။အစကတော့ ဒီနေရာက ကျယ်လွန်းသဖြင့် ပုရွက်ဆိတ်တွေနဲ့ ရှာဖို့ လုပေါင် လက်လျှော့ထားသော်လည်း ယခုမူ ထိုလူ၏ တိုက်ခိုက်မှုက လုပေါင်အတွက် လမ်းစ ဖြစ်သွားခဲ့သည်။

ပေသုံးထောင်ခန့် အကွာက သစ်ပင်တစ်ပင်နောက်တွင် လေးကို ကိုင်ထားသော လူလတ်ပိုင်းတစ်ဦးမှာ မျက်မှောင်ကြုတ်ကာ မလှုပ်မယှက် စောင့်ကြည့်နေသည်။

သူ၏ခြေထောက်အနားက သစ်ရွက်များကြားတွင် ပုရွက်ဆိတ်အချို့ သွားလာနေသော်လည်း သူ ဂရုမစိုက်ပေ။ မီးဝိညာဉ်သီးက သူ့အတွက် အလွန်အရေးကြီးသည်။

လုပေါင်ကမူ ထော်လေကို လုံးဝ အာရုံခံမိသွားပြီဖြစ်သည်။သူသည် ဒေါသတကြီးဖြင့် အသွင်ပြောင်းကျားကို ပုတ်ကာ ဖြူကြီးကို အချက်ပြပြီး တောထဲ ပျောက်ကွယ်သွားသည်။

နီနီလေးကအချက်ပြချက်တွေ အဆက်မပြတ် ပို့နေသည်။အမျိုးအစားသစ်ဖြစ်သော အနီနက်ရောင် သံချပ်ကာပုရွက်ဆိတ် နှစ်ကောင်မှာ လုပေါင်၏ ဘောင်းဘီပေါ်သို့ တက်လာကြပြီး နောက်ထပ် အများကြီးလည်း လိုက်လာကြသည်။

ထော်လေက ပုရွက်ဆိတ်တွေကို သတိထားမိသော်လည်း ဂရုမစိုက်ပေ။သူသည် မြွေအုပ်ကြားထဲမှာ အိပ်နေရင်တောင် စိတ်မလှုပ်ရှားအောင် လေ့ကျင့်ထားသူဖြစ်သည်။ဒီတစ်ခါတော့ သူ လေချန်ကို အာရုံစိုက်လိုက်သည်။

“သားလေးးး”

ထိုစဉ် လုပေါင်သည် အလွန်မြင့်သော သစ်ပင်တစ်ပင်ပေါ်တွင် ပေါ်လာပြီး အော်ဟစ်လိုက်သည်။

“လာလေ ငါဒီမှာရှိတယ်။”

ပုရွက်ဆိတ်စစ်သည်တွေရဲ့ မြင်ကွင်းကြောင့် သူ ဘာမှမကြောက်တော့ပေ။အနည်းဆုံးတော့ ကြိုတင်ရှောင်တိမ်းနိုင်သည်လေ။

“သူက သေချင်နေတာလား။”

လေချန်မျက်မှောင်ကြုတ်မိသည်။

‘ဂုဏ်ထူးဆောင်အဆင့် လေးသည်တော်ကို သွားစိန်ခေါ်နေတာလာ။’

ဒီလေးသည်တော်ကဘယ်လောက် ကြောက်စရာကောင်းသလဲဆိုတာ သူအသိဆုံးဖြစ်သည်။

ထိုစဉ် လုပေါင်သည် အောက်သို့ ခုန်ဆင်းကာ တောထဲ ထပ်မံ ပျောက်ကွယ်သွားပြန်သည်။

ပုရွက်ဆိတ်စစ်သည်တွေ နေရာယူပြီးပြီဖြစ်သည်။

ထော်လေသည် မျက်စိမှိတ်ကာ အသံတွေကို နားထောင်နေသည်။သူသည် အသံလာရာကို ကြည့်ပြီး ပုံရိပ်ကို အကြမ်းဖျင်း ဖော်နိုင်သော်လည်း ဖြူကြီးကလည်း သူ့ကို လိုက်ရှာနေသဖြင့် သူ မလှုပ်ရဲပေ။

“ဘာ...ငါ့ကို ရှာတွေ့သွားတာလား။”

ရုတ်တရက် လုပေါင်မှာ ပေ ၁၅၀၀ အကွာအထိ ရောက်လာပြီး သူ့ဆီသို့ တိုက်ရိုက် ပြေးလာနေသည်။?

“တိုက်ဆိုင်တာလား ဒါမှမဟုတ်...။”

သူ မျက်လုံးဖွင့်ကြည့်လိုက်ရာ ဒေါသထွက်နေသော လုပေါင်၏ မျက်နှာကို အတိုင်းသား မြင်လိုက်ရသည်။

‘သူတကယ်ပဲ ရှာတွေ့သွားတာပဲ။’

“ကောင်လေးတို့ သူ့ရဲ့ ညီလေး ကို ကိုက်ဖြတ်ပစ်လိုက်ကြစမ်း။”

ထော်လေ မြားတစ်စင်းကို ကျိတ်ဆွဲလိုက်စဉ်မှာပင် လုပေါင်က နီနီလေးတို့ကို တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်သည်။

‘မင်းကဆရာကြီးဆိုတော့ကော သံမဏိကိုယ်ထည် ကျင့်စဉ် တတ်နေလို့လား။’

“ဝီးး”

ထော်လေ၏ စိတ်ဓာတ်မှာ တည်ငြိမ်နေသော်လည်း ထိုခဏ၌ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းမှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်ပေါ်က နေရာအနှံ့မှာ အပ်နဲ့ ထိုးသလို နာကျင်လာသည်။

“အားးးး”

မခံမရပ်နိုင်သော နာကျင်မှုကြောင့် သူ အော်ဟစ်လိုက်ရသည်။ဂုဏ်ထူးဆောင်ဆရာကြီးဖြစ်သော်လည်း သူ မမျှော်လင့်ထားခဲ့ပေ။ သူသည် ချီစွမ်းအင် ဖြင့် ချက်ချင်း ကာကွယ်လိုက်သော်လည်း နာကျင်မှုကြောင့် ဒူးထောက်ကျသွားရသည်။သူ၏ ကိုယ်ပေါ်တွင် ထူးဆန်းသော ပုရွက်ဆိတ်များကို မြင်လိုက်ရသည်။

‘ဒါကမြောင် လူမျိုးတွေရဲ့ အဆိပ်အတတ်ပညာလား။’

ဆရာကြီးတစ်ယောက်ဖြစ်သဖြင့် အဆိပ်ကို ခံနိုင်ရည်ရှိသော်လည်း ပုရွက်ဆိတ်တွေရဲ့ အဆိပ်က သူ့ကို စိတ်မစုစည်းနိုင်အောင် နှောင့်ယှက်နေသည်။

ထိုစဉ် လုပေါင် ပြေးလာပြီး အော်ဟစ်လိုက်သည်။

“ဝိညာဉ်ဆင့်ခေါ်ခြင်း အတတ် မင်းတို့ရဲ့ ဘိုးအေကို ခေါ်မယ် သူ့ကို သတ်ပစ်စမ်းးး”

‘အောက်ခြေမရှိသော တွင်းနက်ကြီးပွင့်စမ်း။’

မြွေဟောက်နက်ကြီး။

“ဝုန်းးး”

ကြောက်မက်ဖွယ်ကောင်းသောမြွေဟောက်နက်ကြီး ချက်ချင်း ပေါ်လာသည်။၎င်း၏ ဟိန်းဟောက်သံနှင့်အတူ အမည်းရောင် လေစီးကြောင်းကြီးတစ်ခုမှာ မြွေဟောက်နက်ကြီး၏ ပါးစပ်ထဲတွင် စုစည်းလာတော့သည်။

မီးမှုတ်တော့မည်။

ထော်လေ၏ မျက်နှာ ပျက်သွားသည်။ .

‘ဒါ.. ဒါ ဘာသတ္တဝါကြီးလဲ ဘယ်ကနေ ရောက်လာတာလဲ။’

အခန်း၈၄ - ဂုဏ်ထူးဆောင်ဆရာကြီးကို သတ်ဖြတ်သည့် မြွေဟောက်နက်ကြီး။

“ခြေလှမ်းတစ်ရာ နတ်မင်းလက်သီးးး”

ထော်လေသည် သူ၏လျှာဖျားကို ကိုက်လိုက်ရာ ပြင်းထန်သော နာကျင်မှုကြောင့် စိတ်အာရုံ အနည်းငယ် ပြန်လည်ကြည်လင်လာသည်။သူသည် ဟိန်းဟောက်ရင်း လက်သီးတစ်ချက် ပစ်သွင်းလိုက်တော့သည်။လေထုထဲတွင် စူးရှသော ဆွဲဖြတ်သံကြီး ထွက်ပေါ်လာသည်။လုပေါင် အံ့သြသွားရသည်မှာ ထော်လေ၏ လက်သီးချက်မှ နီရဲသော လက်သီးရိပ်ကြီးတစ်ခု ဝှေ့ခနဲ ထွက်ပေါ်လာပြီး မြွေဟောက်နက်ကြီးကို တိုက်ရိုက် ဦးတည်သွားခြင်းပင်။

‘ခြေလှမ်းတစ်ရာ နတ်မင်းလက်သီး။’

“ဝုန်းးးးး”

မြွေဟောက်နက်ကြီးသည် အမည်းရောင် လေစီးကြောင်းကို မှုတ်ထုတ်လိုက်သည်။ထိုခဏ၌ လေထု၏ အပူချိန်မှာ တဟုန်ထိုး မြင့်တက်သွားသည်ကို လုပေါင် ခံစားလိုက်ရသည်။သူကိုယ်တိုင်ပင် အပူရှိန်ကို သိသိသာသာ ခံစားနေရပြီဖြစ်၏။

ဤအမည်းရောင် လေစီးကြောင်းမှာ အမှန်စင်စစ် ကြောက်မက်ဖွယ်ကောင်းသော မီးလျှံနက် များ ဖြစ်နေသည်။ ထည်ဝါလှသော ခြေလှမ်းတစ်ရာ နတ်မင်းလက်သီးမှာ ထိုမီးလျှံများနှင့် ထိတွေ့မိသောအခါ ရေကန်ထဲ ကျောက်ခဲပစ်ချသလို လှိုင်းအနည်းငယ် ထသွားသော်လည်း မကြာမီမှာပင် ပြန်လည် ငြိမ်သက်သွားတော့သည်။

ထော်လေ၏ မျက်လုံးများ ပြူးထွက်သွားသည်။မြွေဟောက်နက်ကြီး ပေါ်လာကတည်းက သူ မယှဉ်နိုင်မှန်း သိပြီးသားဖြစ်သည်။သူ၏ ကိုယ်ဟန်မှာ လျင်မြန်စွာ လှုပ်ရှားသွားသော်လည်း မီးလျှံနက်များမှာ ပတ်ဝန်းကျင်ရှိ တောအုပ်တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။သစ်ပင်ကြီးများ လောင်ကျွမ်းကုန်ပြီး မြက်ပင်များမှာလည်း တခဏချင်း အငွေ့ပျံသွားကြသည်။ ကျောက်တုံးများမှာလည်း မျက်စိရှေ့မှာတင် ရဲရဲတောက် လာတော့သည်။နေရာအနှံ့မှာ မီးလျှံနက်တွေချည်းပြည့်လျှံနေသည်။

ထော်လေသည် လောင်ကျွမ်းနေသော သစ်ပင်ကြီးများကြားမှ ခုန်ထွက်လာသည်။ သူ၏ကိုယ်ပေါ်တွင် မီးလျှံနက်အချို့ ကပ်ပါနေဆဲဖြစ်ကာ သူသည် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

မြွေဟောက်နက်ကြီးမှာ ခေါင်းကို စောင်းကာ မျက်တောင်တခတ်ခတ် လုပ်နေသည်။ဒီလူက ဘာလို့ မီးလောင်ပြီး မသေတာလဲဆိုတာကို သူ နားမလည်ပုံရသည်။သူသည် အောက်ခြေမရှိသော တွင်းနက်ကြီး ထဲတွင် နှစ်ပေါင်းတစ်ထောင် နေထိုင်ခဲ့သော်လည်း တိုက်ပွဲအတွေ့အကြုံ အလွန်နည်းပါးလှသည်။သူ့စိတ်ထဲမှာတော့ မီးတစ်ချက် မှုတ်လိုက်ရုံနဲ့ အပြတ်ရှင်းသွားမည်ဟုထင်နေခြင်းပင်။

“ငါ့ရဲ့ရတနာလေး... ဘာတွေ ကြည့်နေတာလဲ။”

လုပေါင်ကမြွေဟောက်နက်ကြီးကို ကြည့်လိုက်သည်။

‘ဒီကောင်ကြီးဘာဖြစ်နေတာလဲ။အပြတ်ရှင်းလိုက်တော့လေ။’

မြွေဟောက်နက်ကြီးက လုပေါင်ကို နှာခေါင်းဖြင့် အသာလေး လာတိုးသည်။

“သူ မီးလောင်ပြီး မသေသေးဘူး။”

လုပေါင်သည်ထွက်ပြေးသွားသော ထော်လေကို ကြည့်ရင်း မြွေဟောက်နက်ကြီး၏ ခေါင်းပေါ် ခုန်တက်ကာ

“ဒီမှာ ကြောင်မနေနဲ့ လိုက်ကြ”

ထော်လေ လွတ်သွားမှာ စိုးသဖြင့် သူသည် ဒုတိယအကြိမ် ဆင့်ကဲပြောင်းလဲထားသော ရွှေတောင်ပံမီးပုရွက်ဆိတ်များကို အမြန်လွှတ်လိုက်သည်။ထော်လေကဲ့သို့ လေးသည်တော် ဆရာကြီးမှာ အလွန် အန္တရာယ်များသည်။အနည်းဆုံးတော့ နောက်ကျောကို မြားနဲ့ အပစ်မခံရအောင် သူ့ဆီက လေးကို လုယူရမည်ဖြစ်၏။

“ရှူးးးး”

မြွေဟောက်နက်ကြီးမှာ ကိုယ်ထည်ကြီးမားသော်လည်း အလွန်လျင်မြန်လှသည်။သူသည် လုပေါင်ကို တင်ဆောင်ကာ တောအုပ်ထဲသို့ တခဏချင်း ပျောက်ကွယ်သွားသည်။

ခဏအကြာတွင် ဖြူကြီး တျန်ချန်း နှင့် အခြားလူများ ရောက်လာကြသောအခါ ထိုနေရာမှာ မီးလျှံနက်များကြောင့် မီးသွေးခဲများ ဖြစ်နေပြီဖြစ်သည်။

“စီနီယာ တျန်ချန်း... အဲဒါ ဘာကြီးလဲ။”

လေချန်သည် လောင်ကျွမ်းနေသော မီးလျှံနက်များကို ကြည့်ကာ ပျောက်ကွယ်သွားသော သတ္တဝါကြီး၏ အရိပ်ကို ငေးကြည့်ရင်း ရင်ထဲတွင် စိမ့်ခနဲ ခံစားလိုက်ရသည်။

‘သူထော်လေကို ဘယ်လို ရှာတွေ့သွားတာလဲ။ရုတ်တရက် ပေါ်လာတဲ့ အဲဒီ မြွေနက်ကြီးကကော ဘာလဲ။’

“အဖေ... ကျွန်မ ဆင့်ခေါ်ဂါထာသံ ကြားလိုက်သလိုပဲ။သားရဲတွေကို ဆင့်ခေါ်လို့ ရတာလား။”

လေယင်းယင်းသည် လေချန်နောက်တွင် ကြောက်ကြောက်လန့်လန့် ပုန်းနေသည်။

“ဒီလောကမှာ ဆင့်ခေါ်ဂါထာဆိုတာ မရှိပါဘူး။”

တျန်ချန်းကမီးလျှံနက်ကို လက်ဖြင့် တို့ကြည့်ပြီးနောက် အေးစက်သော လေကို ရှူသွင်းလိုက်သည်။

“ဒါက ကိုယ်ယောင်ဖျောက်ရာမှာ ကျွမ်းကျင်တဲ့ သားရဲကြီး တစ်ကောင်က ဒီနားမှာ ပုန်းနေတာ ဖြစ်လိမ့်မယ်။ ဒီမီးတွေကို မထိနဲ့အင်မတန် ပြင်းထန်လွန်းတယ်။”

ဂုဏ်ထူးဆောင် ဆရာကြီးတစ်ယောက်ကိုတောင် သတ်နိုင်တဲ့ မီးလျှံနက်တွေပင်။

ဖြူကြီးကတော့ အနည်းငယ် နားလည်သွားသည်။လုပေါင်မှာ သိုလှောင်အိတ် ရှိတာ သူ သိသည်။သို့သော် အိတ်ထဲတွင် ဒီလောက်ကြီးတဲ့ သားရဲကြီးကို ထည့်ထားလို့ ရပါ့မည်လား။ပြီးတော့ ဒီလောက် အစွမ်းထက်တဲ့ သားရဲကြီးက ဘာလို့ အဲဒီထဲမှာ ပုန်းနေရသနည်း။အကယ်၍ လုပေါင်သာ ဖြူကြီး ဘာတွေတွေးနေလဲဆိုတာ သိရင် မျက်လုံးအသာလေး လှန်မိမှာ အသေအချာပင်ဖြစ်သည်။

‘ခင်ဗျားတောင်ပေါင်ရှင်းကျီနဲ့ ကျင့်ကြံဖော်ဖြစ်ချင်နေတာပဲလေ။’

ထော်လေမှာ ဒဏ်ရာ အပြင်းအထန် ရနေသည်။သူ၏ ဘယ်ဘက်လက်မှာ မီးလောင်ကျွမ်းပြီး မည်းနက်နေသည်။နောက်ကျောမှ နာကျင်မှုကြောင့် သူ သေလုမတတ် ဖြစ်နေရပြီး ဆံပင်တွေလည်း လေးကြိုးကြောင့် ပြတ်တောက်နေသည်။ဤအချိန်တွင် သူသည် ဂုဏ်ထူးဆောင် ဆရာကြီးတစ်ယောက်နှင့်ပင် မတူတော့ဘဲ အလွန် သနားစရာကောင်းသော အခြေအနေသို့ ရောက်နေသည်။

‘ပြေးရမယ်။ရပ်လို့မရဘူး။’

ထော်လေ သိသည်။ သူသာ ရပ်လိုက်လျှင် ဤနေရာက ဘယ်တော့မှ ထွက်သွားနိုင်တော့မှာ မဟုတ်ပေ။သူသည် ဂုဏ်ထူးဆောင် ဆရာကြီး ဖြစ်သော်လည်း လုပေါင်နှင့် တွေ့သောအခါ လွတ်မြောက်ဖို့ မျှော်လင့်ချက် မရှိတော့ပေ။အသွင်ပြောင်း ရွှေတောင်ပံပုရွက်ဆိတ်တွေက ကောင်းကင်ကနေ သူ့ကို ခြေရာခံနေသလို သူ၏ကိုယ်ပေါ်မှာ မီးလျှံနက်တွေ ကပ်ပါနေသဖြင့် မြွေဟောက်နက်ကြီးရဲ့ အာရုံကနေ လုံးဝ မလွတ်နိုင်တော့ပေ။

“ဟင်”

ပြေးနေသော ထော်လေ ရုတ်တရက် ရပ်လိုက်သည်။သူ၏ ညာဘက်လက်တွင် လေးကို ကိုင်ထားရင်း ရှေ့ရှိ ကျောက်ဆောင်ကို ကြည့်လိုက်သည်။သူ၏ အာရုံခံစားမှုမှာ လေးသည်တော်ပညာရှင် ဖြစ်သည့်အတွက် အလွန် ထက်မြက်လှသည်။

“ရှဲ...ရှဲ”

ဧရာမ သတ္တဝါကြီးတစ်ကောင်မှာ ဖြည်းဖြည်းချင်း ပေါ်လာသည်။၎င်းမှာ မြွေဟောက်နက်ကြီးပင်ဖြစ်သည်။

လုပေါင်သည်မြွေခေါင်းပေါ်တွင် ရပ်ကာ ထော်လေကို အေးအေးဆေးဆေး ကြည့်နေလိုက်သည်။သူနှင့် မြွေဟောက်နက်ကြီးမှာ ဤနေရာတွင် စောင့်နေသည်မှာ ကြာပြီဖြစ်သည်။

“ဒါ ဘာသားရဲမျိုးလဲ။”

ထော်လေသည်သူ လွတ်ဖို့ လမ်းမရှိမှန်း သိသွားသဖြင့် စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထားလိုက်သည်။

“ဒါ မြွေဟောက်နက်ကြီးပါပဲ။”

လုပေါင်သည်မြွေခေါင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ထော်လေကို ကြည့်ကာ

“ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိဘဲနဲ့ ခင်ဗျားလို ဆရာကြီးတစ်ယောက်က ဘာလို့ ငါ့ကို သတ်ဖို့ ကြိုးစားရတာလဲ။”

သူသည် ထော်လေနှင့် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်ကြောင်း သေချာသည်။သို့သော် ဤလူက သူ့အသက်ကို လိုချင်နေသည်။ဒီလိုလူတွေအတွက်တော့ ရတနာအတွက် သတ်ဖြတ်တာက သဘာဝကျနေလို့ ဖြစ်လိမ့်မည်။

ထော်လေသည် မြွေဟောက်နက်ကြီးကို စိုက်ကြည့်ရင်း သူ၏ အရှိန်အဝါကို မြှင့်တင်နေသည်။ဂုဏ်ထူးဆောင် ဆရာကြီးတစ်ယောက်အနေနဲ့ သေရင်တောင် သိက္ခာရှိရှိ သေရမည်။သူက လုပေါင်ကို လှောင်ပြောင်သည့်အမူအရာဖြင့်

“မင်းလို ပုရွက်ဆိတ်တစ်ကောင်ကို သတ်ဖို့ ငါက ဘာအကြောင်းပြချက် လိုဦးမှာလဲ။”

မြွေဟောက်နက်ကြီးမှာ ရုတ်တရက် ပါးစပ်ဟလိုက်ပြီး မီးလျှံနက်အုပ်ကြီးမှာ ထော်လေကို ဝါးမြိုသွားတော့သည်။

“နှစ်ပေါင်းများစွာ... ပြင်းပြင်းထန်ထန်... ကျင့်ကြံခဲ့တာ... အလဟဿပဲ...”

မည်သည့်အော်သံ သို့မဟုတ် ရုန်းကန်သံမျှ မရှိဘဲ ထော်လေသည် မီးလျှံနက်ထဲတွင် ပြာအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။ မြေပြင်ပေါ်တွင် လေးကြီးတစ်လက်သာ ကျန်ရစ်ခဲ့၏။

လုပေါင်က မြွေဟောက်နက်ကြီးကို လှည့်ကြည့်လိုက်သည်။ဒီကောင်ကြီး ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထော်လေက သူ့ကို ပုရွက်ဆိတ်လို့ ပြောပြီး လှောင်ပြောင်တာကို မြွေဟောက်နက်ကြီးက မကြိုက်တာ ဖြစ်လိမ့်မည်။ ဒီကောင်ကြီးက တကယ်ကို ဉာဏ်ကောင်းလေသည်။

မြွေဟောက်နက်ကြီးမှာ ထော်လေ ရှိခဲ့သည့်နေရာသို့ တွားသွားကာ မီးလျှံနက်များ ဝန်းရံနေသည့် လေးကြီးကို ခေါင်းလေးစောင်းကာ ကြည့်နေသည်။လုပေါင် စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်သွားရသည်။သူ့လက်နဲ့ကိုယ်တိုင် မသတ်ခဲ့ပေမဲ့ သိပ်တော့ မခြားနားလှပေ။ သို့သော် သူ စိတ်ထဲမှာတော့ သိပ်ပြီး ဝန်လေးမနေတော့ပါ။

“ပုရွက်ဆိတ်တဲ့လား... သွားစမ်းပါ။”

စိတ်ကို ပြန်တည်ငြိမ်အောင် ထားပြီး လုပေါင်သည် အနည်းငယ် ပူနေသော လေးကြီးကို ကောက်ကိုင်လိုက်သည်။လေးမှာ မီးလျှံနက်တွေကြားထဲမှာတောင် ဘာဒဏ်ရာမှ မရဘဲ အကောင်းတိုင်း ရှိနေသည်။ လေး၏ကိုယ်ထည်မှာ လက်ရာမြောက်လှပြီး ဂမ္ဘီရစာသားများနှင့် ပုံစံများ ထွင်းထုထားသည်။ အလေးချိန်မှာ ပေါင် ၅၀ နီးပါး ရှိသည်။ ဂုဏ်ထူးဆောင် ဆရာကြီးတွေအတွက်တော့ ဒီအလေးချိန်က ဘာမှမဟုတ်ပေ။

“အောက်ခြေမရှိသော တွင်းနက်ကြီး ထဲ အရင်ပြန်နားတော့။ နှစ်တစ်ထောင် မီးဝိညာဉ်သီးက မှည့်တော့မယ် ခဏနေရင် မင်းကို ပြန်ထုတ်ပြီး တိုက်ခိုင်းရဦးမှာ။”

လုပေါင်ကမြွေဟောက်နက်ကြီးကို ပုတ်ကာ တွင်းနက်ကြီးကို ဖွင့်ပေးလိုက်သည်။

“ရှူးးး”

မြွေဟောက်နက်ကြီးသည်လိမ္မာစွာ ပြန်ဝင်သွားပြီး ကောင်းကင်က ပုရွက်ဆိတ်စစ်သည်များလည်း လုပေါင်၏ အချက်ပြမှုကြောင့် ပြန်လာကြသည်။

လုပေါင် ပြန်ရောက်လာသောအခါ တျန်ချန်း၊ လေချန် နှင့် အခြားလူများ၏ အကြည့်မှာ လုပေါင်လက်ထဲက လေးကြီးဆီသို့ ရောက်နေကြသည်။

“နတ်ဘုရားလေးက ပိုင်ရှင် ပြောင်းသွားပြီပဲ။ ထော်လေတော့ ကံဆိုးသွားပြီ ထင်တယ်။”

လေချန်သည် လုပေါင်ကို အစက မျိုးဆက်သစ်လူငယ်လေးတစ်ယောက်အဖြစ်ပဲ သဘောထားခဲ့သော်လည်း ယခုတော့ သူ၏ ကျောရိုးထဲအထိ စိမ့်တက်သွားရသည်။ အကယ်၍ လုပေါင်သာ ထိုမြွေနက်ကြီးကိုထုတ်၍ သူ့အား တိုက်ခိုက်ခိုင်းလျှင် သူလည်းရှုံးလိမ့်မည်။ဆရာကြီးတွေကြားမှာ အနိုင်အရှုံး သတ်မှတ်ဖို့ လွယ်သော်လည်း သတ်ဖို့ကျတော့ အင်မတန် ခက်ခဲလှသည်။

နတ်ဘုရားလေးဆိုတာ ထော်လေ ဘယ်တော့မှ လက်ကမချတဲ့ လက်နက်ကောင်းတစ်ခုဖြစ်၏။အခုတော့ လုပေါင်လက်ထဲ ရောက်နေပြီဆိုတော့ ထော်လေ သေသွားပြီဆိုတာ အထင်အရှားပင်ဖြစ်သည်။

“ခုနက သားရဲကြီးက ချီလင်သားရဲထက်တောင် ပိုပြီး အစွမ်းထက်နိုင်တယ်။ဒီတစ်ခါ နှစ်တစ်ထောင် မီးဝိညာဉ်သီးကို အတင်းအကျပ် မလုသင့်ဘူး ကံတရားအပေါ်ပဲ မူတည်တော့မယ်။”

တျန်ချန်းလည်းဘယ်လိုလူမျိုးက ဒီလောက်အစွမ်းထက်တဲ့ သားရဲကြီးကို ထိန်းချုပ်နိုင်တာလဲဆိုတာ စဉ်းစားလို့ မရနိုင်တော့ပေ။ သားရဲတွေဆိုတာ ရိုင်းစိုင်းပြီး ယဉ်ပါးဖို့ ခက်ခဲတာ သောကြောင့်ဖြစ်သည်။

မြွေဟောက်နက်ကြီး ပေါ်လာပြီး ဆရာကြီးတစ်ယောက်ကို သတ်ဖြတ်လိုက်ခြင်းက ထိုနေရာသို့ ငြိမ်းချမ်းမှု ပြန်လည် သယ်ဆောင်လာခဲ့သည်။မျက်လုံးတစ်ဖက်တည်း ဝံပုလွေကြီးမှာ ထွက်ပြေးသွားပြီ ကင်းခြများကြီးကိုလည်း ရှာမတွေ့တော့သလို ယုန်ပျံမှာလည်း ပေ ၃၀၀၀ အကွာ ကောင်းကင်မှာပဲ ဝဲပျံနေပြီး အောက်ကို မဆင်းရဲတော့ပေ။သူတို့ကသားရဲတွေရဲ့ အသိစိတ်ကို ကြောက်လန့်စေခဲ့သည်။

ကောင်းကင်တွင် ရောင်စုံတိမ်တိုက်များ စုဝေးလာကြသည်။နှစ်တစ်ထောင် မီးဝိညာဉ်သီး မှည့်တော့မည်။

All Chapters