ဓမ္မမရှိတော့ရင်ရော
Vol. 10 Ch. 934
ခြင်္သေ့ကိုယ်တော်က သတ္တိနှင့်ပြည့်စုံပြီး အကြောက်အလန့်ကင်းမဲ့သူဖြစ်သည်။
သူက ဆန်းလျန်ကို စိုက်ကြည့်လိုက်ရင်း…
"ထျန်းကျွင်း ဘာလို့ သက်ပြင်းချရတာလဲ…"
"ကျုပ် ဒီနေ့ သက်ပြင်းချရတာ လောကမှာ 'ရွှေသားအတိလက်' ပညာကို ဘယ်သူမှ နောက်ထပ် မကျင့်ကြံနိုင်တော့ဘူးဆိုတာ သိလိုက်ရလို့ပဲ…"
ဆန်းလျန်က အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
ဆန်းလျန်၏ စကားကြောင့် ခြင်္သေ့ကိုယ်တော်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိပေ။
"ဓမ္မက အမြဲတမ်း ရှိနေပါတယ် ၊ 'ရွှေသားအတိလက်' ပညာဟာ ဘယ်တော့မှ သေဆုံးသွားမှာ မဟုတ်ပါဘူး…"
သူဆိုလိုသည့်အဓိပ္ပါယ်မှာ … အနာဂတ်တွင် သူ့တွင်တပည့်တစ်ယောက်ရှိလာပြီး ပညာကို အမွေဆက်ခံကာ 'ရွှေသားအတိလက်' ရအောင် ကျင့်ကြံနိုင်လိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ဆန်းလျန်က ခပ်တိုးတိုးလေသံဖြင့်…
"ဒါဖြင့် ဓမ္မ မရှိတော့ရင်ရော…"
ဆန်းလျန်၏စကားကြောင့် ခြင်္သေ့ကိုယ်တော် ထောင်းခနဲ ဒေါသထွက်သွားသည်။
"ထျန်းကျွင်းမှာ ဒီလိုအတွေးမျိုးရှိနေမှတော့ ဗုဒ္ဓဘာသာရဲ့ အကြောင်းအကျိုးဆိုတဲ့တရားနဲ့ မကိုက်ညီတော့ဘူး ၊ ထျန်းကျွင်း ကိုယ့်ဟာကိုယ်ကြိုးစားပြီး သံသရာကို ကျော်လွန်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး…"
ဆန်းလျန်က ပေါ့ပါးသည့်လေသံဖြင့်…
"ကျုပ်လည်းတွေးမိပါတယ် ၊ ဒါပေမဲ့ ကျုပ်ကို ယှဉ်နိုင်တဲ့သူလည်း မရှိပါဘူး…"
ခြင်္သေ့ကိုယ်တော် ဒေါသချောင်းချောင်းထွက်လာမိသည်။
"ထျန်းကျွင်းက အတိတ်နဲ့ပစ္စုပ္ပန်မှာ အတော်ဆုံးတစ်ယောက်ပါ ၊ အရာအားလုံးကိုလည်း သိမြင်နိုင်တယ် ၊ ဒါပေမဲ့ ကျုပ်ကတော့ ကျောက်သားကို အရည်ဖျော်ဖို့ ဆုံးဖြတ်ပြီးပါပြီ ၊ ဒါကြောင့်… ထျန်းကျွင်း တိုက်ခိုက်ခွင့်ပြုပါ…"
ပြောစရာစကားက ဤနေရာတွင် အဆုံးသတ်သွားပြီ ဖြစ်သည်။
ဗုဒ္ဓဘာသာတွင် အသိဉာဏ်ပညာနှင့်ပြည့်စုံပြီး သတ္တိနှင့်ပြည့်စုံသူများထဲတွင် ခြင်္သေ့ကိုယ်တော်လည်း တစ်ယောက်အပါအဝင် ဖြစ်သည်။
ထို့ပြင်… ခြင်္သေ့ကိုယ်တော်၏ ဇာစ်မြစ်က ပေါ့သေးသေး မဟုတ်ပေ။
ခြင်္သေ့ကိုယ်တော်၏လက်ဖဝါးထက်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး စစ်မှန်သည့်ဗုဒ္ဓဘာသာတန်ခိုးစွမ်းအားများ စီးဆင်းနေလေသည်။ ဤသည်မှာ မပျက်စီးနိုင်သည့် ရွှေခန္ဓာ၏ သဘောသဘာဝဖြစ်သည်။
ကောင်းကင်နှင်မြေပြင်တွင် သန့်စင်သည့် ရွှေရောင်အလင်းတန်းများလင်းလက်လာပြီး ရွှေရောင်သဲမှုံများအလား အဆုံးမရှိ တောက်ပစူးရှလျှက် ရှိသည်။
ရွှေရောင်သဲမှုံများက ဆန်းလျန်ကို လှည့်ပတ်ပိတ်ဆို့ထားသည်။ ထိုအချိန် ဆန်းလျန်၏ ခန္ဓာကိုယ်မှ အရံအတားတန်ခိုးစွမ်းအားတစ်ခုထွက်ပေါ်လာပြီး ရွှေခန္ဓာဓမ္မ၏ သဘောသဘာဝကို ပိတ်ဆို့တားဆီးထားလိုက်သည်။
ဆန်းလျန်က အေးဆေးသည့်လေသံဖြင့်…
"သိုင်းကွက် (၃)ကွက်…"
ဟုပြောလိုက်၏။
အဓိပ္ပါယ်မျာ ဆန်းလျန်က ခြင်္သေ့ကိုယ်တော်၏ ဆုံးဖြတ်ချက်ခိုင်မာမှုများကို သိုင်းကွက် (၃)ကွက်အတွင်း ဖျက်စီးပစ်မည်ဟု ဆိုလိုခြင်းဖြစ်သည်။
သို့သော်… ကျယ်ပြောသည့် စကြာဝဠာတစ်ခုလုံးတွင် ဆန်းလျန်ဖြင့် သိုင်းကွက် (၃)ကွက် ယှဉ်နိုင်သူ အလွန်ရှားပါး၏။ အနည်းငယ်သာ ရှိသည်။
ခြင်္သေ့ကိုယ်တော်ကတော့ ထိုသူများထဲတွင် တစ်ယောက်အပါအဝင် ဖြစ်သည်။ သူက ရွှေခန္ဓာကိုု ရရှိအောင်မြင်ထားသည်သာမက မြင့်မြတ်သည့်ဗောဓိသကျ (၄)ပါးထဲတွင်ပါဝင်သည့် ဖူရှန်မယ်တော်၏ ယောကျ်ားလေးအသွင် ကိုယ်ခွဲတစ်ခု ဖြစ်သည်။
ထို့ပြင် ခြင်္သေ့ကိုယ်တော်က ဗုဒ္ဓဘာသာတွင် ဆရာတစ်ဆူဖြစ်ပြီး အများကလေးစားခြင်းကို ခံရသူတစ်ယောက်လည်း ဖြစ်သည်။
ကျူဖူကိုယ်တော် အပါးပေါင်း (၃၀၀၀)ရှိသော်လည်း ထိုအကြောင်းကို သိသူ သိပ်မရှိလှပေ။
ဆန်းလျန်အတွက်တော့ မိုးနှင့်မြေတွင် သူ မသိမြင်နိုင်သည့် လျှို့ဝှက်ချက်ဟူ၍ မရှိပေ။ သို့သော်… ဆန်းလျန်က ခြင်္သေ့ကိုယ်တော်ကို လေးစားသူဖြစ်သည်။
ဖူရှန်မယ်တော်သည် တိကျန်ဗောဓိသကျလောက် မတော်သော်လည်း သူ့နေရာနှင့်သူ အောင်မြင်သူတစ်ယောက် ဖြစ်လေရာ ဆန်းလျန်သည် ခြင်္သေ့ကိုယ်တော်ကို ရင်ဆိုင်ရာတွင် မပေ့ါဆရဲပေ။
ရွှေရောင်သဲမှုံများက ပျံ့လွင့်နေသော်လည်း ဆန်းလျန်အနားသို့ ရောက်ရှိနိုင်ခြင်း မရှိပေ။
ရုတ်တရက်… ခြင်္သေ့ကိုယ်တော်က ကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး မိုးကောင်းကင် (၉)ထပ်နှင့် အသူရာချောက် (၉)ထပ် ၊ လူ့လောကတစ်ခုလုံး တုန်လှုပ်သွားသည့်အလား ထင်မှတ်ရသည်။
သူ၏လက်ဖဝါးများကို အရှေ့ဆီသို့ ဆန့်ထုတ်လိုက်ပြီး များပြားလှစွာသော ရွှေရောင်သဲမှုံများက ချက်ချင်းပင် အသက်ဝင်လာသည်။ သဲမှုံ တစ်မှုံချင်းစီတိုင်းတွင် တောင်နှင့်ပင်လယ်ကဲ့သို့ ပြင်းထန်သည့် တန်ခိုးစွမ်းအားများ ပါဝင်နေပြီး မုန်တိုင်းအလားအပြင်းအထန် လွင့်စင်ထွက်လာသည်။
ဆန်းလျန်က ခြင်္သေ့ကိုယ်တော်၏ ခန္ဓာကိုယ် တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ ထိုအရာသည် သေခြင်းတရား၏ သင်္ကေတ ဖြစ်၏။
ဆန်းလျန် တီးတိုးရေရွတ်လိုက်သည်။
"ဗုဒ္ဓဘာသာကနေ တာအိုကို တက်လှမ်းသွားနိုင်တဲ့ နောက်တစ်ယောက် ထွက်ပေါ်လာပြန်ပြီပေါ့…"
မြင့်မြတ်စွာအသက်စွန့်သည့် သေခြင်းတရားကို ရင်မဆိုင်ရလျှင် ကြီးမားသည့် တန်ခိုးစွမ်းအားလည်း ထွက်ပေါ်လာမည် မဟုတ်ပေ။
ကြီးမားသည့် တန်ခိုးစွမ်းအား ထွက်ပေါ်မလာဘဲ အဘယ်မှာ ဆန်းလျန်ကို ရင်ဆိုင်နိုင်ပါမည်နည်း။
ခြင်္သေ့ကိုယ်တော်သည် သူ့တစ်ဘဝလုံး ကျင့်ကြံခြင်းဖြင့် အချိန်ကုန်ခဲ့သည်။ ယခုတော့ သူက အသက်အသေခံ၍ ဆန်းလျန်ကိုတိုက်ခိုက်ပြီး တာအိုတန်ခိုးစွမ်းအားများကို အမြင့်ဆုံး ဖော်ထုတ်နေသည်။
တောင်နှင့်ပင်လယ်ကဲ့သို့ ကြီးမားသည့်စွမ်းအားများပါဝင်သည့် မရေမတွက်နိုင်သော သဲမှုံများကို ရင်ဆိုင်လိုက်ရသည့်တိုင် ဆန်းလျန်ကတော့ တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သည်။
ထို့နောက် ကမ္ဘမြေကြီးတစ်ခုလုံး တုန်လှုပ်သွားစေသည့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်သွားပြီး ခြင်္သေ့ကိုယ်တော်၏ ခန္ဓာကိုယ်တစ်ခုလုံးလည်း ပေါက်ကွဲထွက်သွားသည်။ ယွမ်ကျိုးနယ်တစ်ခုလုံးပင် ခံနိုင်ရည်မရှိလောက်အောင် ပေါက်ကွဲမှုက ပြင်းထန်လွန်း၏။
ဆန်းလျန်ပင်လျှင် နောက်သို့ ခြေလှမ်း (၃)လှမ်းခန့် ဆုတ်လိုက်ရသည်။
ထိုခြေလှမ်း (၃)လှမ်းတွင် မြေကြီးက ကွဲအက်ပွင့်ထွက်သွားပြီး အဆုံးမရှိသည့် တွင်းနက်ကြီးများထွက်ပေါ်လာသည်။ သို့သော်… ဆန်းလျန်က ချက်ချင်းပင် နတ်ဘုရားတန်ခိုးစွမ်းအားများကို အသုံးပြုကာ တွင်းနက်ကြီးများကို အကောင်းအတိုင်း ပြန်ဖြစ်သွားအောင် ပြုပြင်ပေးလိုက်သည်။
ဆန်းလျန်နှင့် ခြေင်္သေ့ကိုယ်တော်တိုက်ခိုက်နေသည့် နေရာဒေသသည် ရိုးရှင်းစွာ နှင်းများဖုံးလွှမ်းနေသည့် ဒေသတစ်ခု မဟုတ်ပေ။ ထိုဒေသသည် လောကတစ်ခု ဖြစ်၏။ အော်မီတော်ဖူဗုဒ္ဓဖွင့်လှစ်ခဲ့သည့် 'အရောင်မဲ့လောက' ဖြစ်သည်။
အရောင်မဲ့လောကသည် သုခဘုံ အဝင်တွင်ရှိပြီး သုခဘုံကို ကာကွယ်ပေးထားသည့် အရံအတားဖြစ်သည်။
ခြင်္သေ့ကိုယ်တော်က သုခဘုံသို့ သွားရောက်မည့်ဆန်းလျန်ကို တားဆီးရန် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
အရောင်မဲ့လောက…။
ဤလောကသည် အချိန်မရွေးစုတ်ပြဲသွားနိုင်သည့် ရွက်ဖျင်သားအလားဖြစ်သည်။
တန်ခိုးစွမ်းအား မည်မျှ မြင့်မားပါစေ နောက်ဆုံးတော့ ဘာမှမရှိသည့် အရာဖြစ်သည်။ ဤသည်မှာ ဤလောက၏ စရိုက်လက္ခဏာပင် ဖြစ်သည်။
ထို့ကြောင့် သူတို့ (၂)ယောက် တိုက်ခိုက်ခြင်းကြောင့် ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားများသည် အခြားနေရာသို့ ပျံ့နှံ့သွားခြင်းမျိုးမရှိဘဲ ဤနေရာတွင်ပင် တည်နေမည် ဖြစ်သည်။
ဆန်းလျန်အနေဖြင့် အရောင်မဲ့လောကကို အသာလေးကျော်ဖြတ်ကာ သုခဘုံသို့ ဝင်ရောက်သွားနိုင်စွမ်းရှိသည်။ သို့သော်… သူက မသွားခဲ့ပေ။
ခြင်္သေ့ဘုန်းတော်ကြီးက ဆန်းလျန်နှင့်တိုက်ခိုက်ရန်အတွက် အချိန်အကြာကြီး ပြင်ဆင်ခဲ့သူဖြစ်သည်။
သို့သော်… သူ၏ စွမ်းအားပြည့်တိုက်ခိုက်မှုက ဆန်းလျန်ကို ခြေလှမ်း (၃)လှမ်းခန့်သာ နောက်ဆုတ်သွားစေသည့်အတွက် ခြင်္သေ့ကိုယ်တော် အကြီးအကျယ် အံ့အားသင့်သွားသည်။
ခြင်္သေ့ကိုယ်တော်၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေသည်။
သေလုဆဲဆဲအခြေအနေအောက်တွင် ထိုသွေးစက်များက အငွေ့ပျံပျောက်ကွယ်သွားသည်။ ထို့နောက် ပျောက်ကွယ်မှုက အရှိန်မြှင့်သွားပြီး လူတစ်ကိုယ်လုံးပါ ပျောက်ကွယ်လုနီးပါးဖြစ်လျှက် ရှိသည်။
ခြင်္သေ့ကိုယ်တော်က သေခြင်းတရားနှင့် ခန္ဓာပျက်ရန် သူကိုယ်တိုင်ရွေးခြယ်ခဲ့ခြင်း ဖြစ်သည့်အတွက် လူပြန်ဝင်စားနိုင်မည် မဟုတ်တော့ပေ။
သူက ထိုသို့ပြုလုပ်ရန် စိတ်ဆုံးဖြတ်ပြီးသား ဖြစ်သည်။
သူ၏ခန္ဓာကိုယ်မှ တန်ခိုးစွမ်းအားများကို ထိန်းချုပ်ထားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ထို့နောက် ဒုတိယတိုက်ကွက်ဖြစ်သည့် လက်ချောင်းသိုင်းကို ထုတ်ဖော်လိုက်သည်။ ထိုအခါ…အလင်းတန်းများက ကောင်းကင်တစ်ခွင်လုံးသို့ ထိုးဖောက်ပျံ့နှံ့သွားသည်။
ခြင်္သေ့ကိုယ်တော်၏ ဆံပင်များ လေထဲတွင် ပျံ့လွင့်နေသည်။ သူ၏ပုံစံက အရူးတစ်ယောက်နှင့်ဆင်တူလှသည်။ လေထုက တစ်ချက်တုန်ခါသွားပြီး နက်ရှိုင်းသည့် မာန်သွင်းအော်ဟစ်သံတစ်ချက် ထွက်ပေါ်လာသည်။
ခြင်္သေ့ကိုယ်တော်ကိုကြည့်ရင်း… စတေးခံရဲသည့် သတ္တိ ၊ အကြောက်အရွံ့ကင်းသည့်ဓမ္မ အငွေ့အသေက်များ ဆန်းလျန်၏ နှလုံးသားထဲတွင် ရုတ်တရက် ခံစားလိုက်ရသည်။
မာန်သွင်းအော်ဟစ်သံကို သူ့နားထဲတွင် ကြေကွဲဖွယ်ရာ ကြားလိုက်ရသည်။ ထိုအသံက အလွန်တရာလေးလံလွန်းပြီး ရပ်တန့်ခြင်း မရှိပေ။
"စစ်သည်တော်ကဲ့သို့ သတ္တိရှိသူများက အနိုင်ရကြသည်" ဟု ရှေးလူကြီးများက အဆိုရှိကြသည်။
ဆန်းလျန်ရှေ့တွင် ကိုယ့်ကိုကိုယ် အသက်သေရန် ရွေးခြယ်ပြီး တိုက်ပွဲဝင်သွားသည်မှာ ကရုဏာသက်ဖွယ် အတိဖြစ်သည်။
ထိုသို့သော အဖြစ်အပျက်မျိုးက တွေ့မြင်ခဲလှသည့် အဖြစ်အပျက်မျိုးပင်ဖြစ်သည်။
ချန်ကျန့်မေ ဓားတစ်လက်အဖြစ်အသွင်ပြောင်းကာ သူ့ကိုယ်သူ စတေးခံသွားသည့် အဖြစ်အပျက်များကို ဆန်းလျန် ပြန်လည်သတိရလိုက်မိသည့်အခါ ရင်ထဲတွင် တစ်ချက်လှုပ်ရှားသွားသည်။
ယခု တိုက်ခိုက်နေစဉ် ဆန်းလျန် စိတ်အာရုံပျံ့လွင့်ခြင်း မရှိသော်လည်း ချန်ကျန့်မေ အသက်စွန့်သွားခြင်းက သူ့ဘဝတွင် မမေ့နိုင်သည့် အနည်းငယ်သောအဖြစ်အပျက်များထဲမှ (၁)ခု ဖြစ်သည်။
ဆန်းလျန်တစ်ခဏမျှ သတိလွတ်သွားသည်ကို တွေ့လိုက်သည်နှင့် ခြင်္သေ့ကိုယ်တာ်က ရှားပါးသည့် အခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။
သူ၏ လက်ချောင်းသိုင်းမှ အလင်းတန်းများက ပိုမိုသိပ်သည်းလာပြီး ပြိုင်ဘက်မရှိအောင် ထက်ရှလာသည်။ အလင်းတန်းများက တိတ်ဆိတ်စွာဖြင့် တုန်ခါနေပြီး အဆုံးမရှိသော သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် ဆန်းလျန်ထံသို့ ဝင်ရောက်သွားလေတော့သည်။
ဆန်းလျန်ပြုလုပ်ထားသည့် အရံအတား ချက်ချင်းပင် အပိုင်းပိုင်း ပျက်စီးသွားသည်။ ရွှေခန္ဓာတန်ခိုးစွမ်းအားများက အဆမတန် မြင့်တက်လာပြီး မည်သည့်အရံအတားကမှ တားဆီးနိုင်ခြင်း မရှိတော့ပေ။
ပြုလုပ်ထားသည့်အရံအတား တစ်စစီပျက်စီးသွားသည်နှင့် ဆန်းလျန်၏ ညာဘက်လက်ခလယ်က အလိုလိုလှုပ်ရှားပြီးသား ဖြစ်သွားသည်။
ဆန်းလျန်၏လက်သည် ကြိုးတစ်ချောင်းအလား သို့မဟုတ် ညနေခင်းလေပြေထဲတွင် တီးမှုတ်နေသည့် ပုလွေအလား ခန့်မှန်းရခက်လှသည်။ ထို့ပြင် ရူးသွပ်စွာဖြင့် တိုက်ခိုက်နေသည့် ပေါ့ပါးသည့်ဓား (၁)လက်နှင့်လည်း ဆင်တူသည်။
လက်တစ်ချောင်းတည်းကပင် မြင့်မြတ်သည့်နတ်ဘုရားတစ်ပါး လူ့လောကသို့ ဆင်းသက်လာသည့်အလား မိုးနှင့်မြေအပေါ်တွင် လွှမ်းမိုးနိုင်စွမ်း အပြည့်ရှိနေသည်။
ခြင်္သေ့ဘုန်းတော်ကြီး၏ လက်ချောင်းသိုင်းသည် ဆန်းလျန်၏ လက်ချောင်တစ်ချောင်းအောက်တွင် ဖိနှိပ်ခံရကာ ရုတ်တရက် အလင်းရောင်များ မှေးမှိန်သွားပြီး ပျက်စီးနေသည့် သူ၏ခန္ဓာကိုယ်ရှိရာသို့ ပြန်လည် ထိုးစိုက်ဝင်ရောက်သွားသည်။
ဆန်းလျန်က သူ၏လက်ချောင်းထက်မှ သွေးများကို တစ်ချက်ကြည့်လိုက်ပြီး လက်ချောင်းကို ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းလိုက်သည်။
"ခင်ဗျား အကောင်းဆုံး ကြိုးစားခဲ့ပါတယ်…"
ခြင်္သေ့ကိုယ်တော်သည် ဆန်းလျန်ကိုစိုက်ကြည့်နေပြီး စကားတစ်ခွန်းမှ မဆိုခဲ့ပေ။
သူ့ခန္ဓာကိုယ်သည် လှိုင်းလေထန်သည့် စွမ်းအားများနှင့် ပြည့်နက်နေပြီး သူ၏ ပင်ကိုယ်သဘာဝသည် ကွဲအက်နေသည့် ကြက်ဥတစ်လုံးအလား ကြေမွလွယ်လျှက် ရှိသည်။
သူရှုံးနိမ့်သွားပြီ ဖြစ်သည်။ အရှုံးကြီး ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်လေ၏။
ဆန်းလျန်က သိုင်းကွက် (၃)ကွက်ဟု ပြောခဲ့သည်။ သို့သော်… သူက (၂)ကွက်သာ တိုက်ခိုက်ရသေးသည်။
နဂါးငွေ့တန်းနှင့် သာမန်မြစ်တစ်စင်း ခြားနားသည်သို့ သူနှင့်ဆန်းလျန်သည်လည်း အသိဉာဏ်ပညာအရာရော သတ္တိအရာတွင်ပါ ကြီးမားစွာ ခြားနားလေသည်။
"ခင်ဗျား အကောင်းဆုံး ကြိုးစားခဲ့ပါတယ်…" ဆိုသည့်စကားက ခြင်္သေ့ကိုယ်တော် နောက်ဆုံးကြားလိုက်ရသည့် စကားတစ်ခွန်းဖြစ်သည်။
ထို့နောက်… ခြင်္သေ့ကိုုယ်တော်၏ ခန္ဓာကိုယ်တစ်ခုလုံး အလင်းတန်းများအဖြစ် ပေါက်ကွဲထွက်သွားပြီး ရွှေရောင်ကြာပန်းတစ်ပွင့် ပွင့်လန်းထွက်ပေါ်လာသည်။
ထို့နောက် ကောင်းကင်တစ်ခုလုံး ရွှေရောင်ကြာပန်းမှထွက်ပေါ်လာသည့် ရွှေရောင်အမှုံများဖြင့် ပြည့်နက်သွားပြီး ခြင်္သေ့ကိုယ်တော်ကတော့ အဝတ်များပါမကျန်အောင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
အရောင်မဲ့လောကတစ်ခုလုံး ရွှေရောင်များ ဖုံးလွှမ်းသွားသည်။ ပုဇဉ်းရင်ကွဲအော်ဟစ်သံများသည် တေးသီချင်းသံအလား ဆူညံလျှက်ရှိပြီး အရောင်မဲ့လောကသည် တဖြည်းဖြည်း ထူးခြားသည့် အရောင်အဆင်းများဖြင့် ပြည့်နက်လာသည်။
အရောင်မဲ့လောကတွင် အရောင်ဝင်လာသည်နှင့် အော်မီတော်ဖူဗုဒ္ဓပြုလုပ်ထားသည့် အရံအတား ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ဆန်းလျန်ရှေ့တွင် အရောင်စုံသည့် သက်တန့်တစ်စင်း ထွက်ပေါ်လာသည်။ ထိုသက်တန့်၏နောက်တွင်တော့ အနောက်ဘက်ဒေသ၏ သန့်စင်သည့် သုခဘုံကို တွေ့မြင်လိုက်ရလေတော့သည်။
***
"ဆန်းလျန်ထျန်းကျွင်းက ယင်နဲ့ယန် အပြောင်းအလဲကို ဖျက်စီးပစ်လိုက်ပြီ ၊ တန်ခိုးစွမ်းအားနဲ့ ဒြပ်စင်စွမ်းအားတွေ ညီညွတ်သွားပြီ ၊ ဘယ်သူ့ကိုမှ မျက်လုံးထဲထားမှာ မဟုတ်တော့ဘူး ၊ ဝါရသတ္တဝကို နှိမ်နင်းခဲ့တာတောင် သူ့စိတ်ထဲမှာ ဘာခံစားချက်မှ မရှိဘူး ၊ ဗုဒ္ဓနဲ့ တာအိုဆရာသခင်ကြီးတွေပဲ သူ့ရဲ့ ဖြစ်တန်စွမ်းကို သိမြင်နိုင်ကြလိမ့်မယ်…"
သုခဘုံတွင် ဝန်စူးမယ်တော်က နေစကြာတထာဂတဿကို ထိုစကား ပြောလိုက်ခြင်း ဖြစ်သည်။
နေစကြာတထာဂတဿက သူ့ဘေးနားမှ နူးညံ့သိမ်မွေ့သည့် အငွေ့အသက်များနှင့်ပြည့်နေသော ကြီးမြတ်သည့် ဗောဓိသကျကို လှည့်ကြည့်လိုက်သည်။
"ဒီအတိုင်းပဲ ဖြစ်လာမယ်ဆိုတာ ကျုပ်သိခဲ့ပါတယ် ၊ ဒါကြောင့် ဝါရသတ္တဝကို ကျုပ ်သတိပေးခဲ့ပါသေးတယ်…"
***