← Chapters

တိမ်တိုက်နှင့်ရွှံ့နွံလိုပဲ

Vol. 10 Ch. 935

တိမ်တိုက်နှင့်ရွှံ့နွံလိုပဲ

Vol. 10 Ch. 935

နေစကြာတထာဂတဿ စကားလှည့်ပြောလိုက်သည့် ဗောဓိသကျမှာ ဖူရှန်မယ်တော် ဖြစ်လေသည်။

ဝန်စူးမယ်တော်က အသိပညာ၏အချုပ်အချာဖြစ်သည်ဆိုလျှင် ဖူရှန်မယ်တော်ကတော့ သစ္စာတရား၏ အချုပ်အချာဖြစ်သည်။

ဗုဒ္ဓဘာသာကျမ်းစာများထဲတွင် ဖူရှန်မယ်တော်သည် "အကြောင်းကြောင့်အကျိုးကို ဖြစ်တည်စေပြီ ၊ အကျိုးမှ အကြောင်းတရားကို ပြန်လည်ဖြစ်ပေါ်စေသည်" ဟု ဆိုကြသည်။

ထိုစကားက သူမ၏ မယုံကြည်နိုင်စရာ စွမ်းရည်ကို အရိပ်အမြွက်မျှသာ ဖော်ပြထားခြင်း ဖြစ်၏။

ဝါရသတ္တ၀ ခြင်္သေ့ကိုယ်တော်သည် ဖူရှန်မယ်တော်၏ ကျင့်ကြံခြင်းများထဲမှ ရလဒ် (၁)ခုမျှသာ ဖြစ်သည်။

ခြင်္သေ့ကိုယ်တော်က ဆန်းလျန်ကို မတားဆီးနိုင်ခဲ့သည့်တိုင် အနည်းငယ်တော့ တုံ့ဆိုင်းစေခဲ့သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ဖူရှန်မယ်တော်၏ စွမ်းအားမည်မျှ နက်ရှိုင်းသည်ကို သိရှိနိုင်သည်။

ထို့ပြင် ဖူရှန်မယ်တော်၏ အဆင့်က ကြီးမြတ်သည့် နေစကြာတထာဂတဿထက် မသာလျှင်တောင် မလျော့ပေ။

ယခုလည်း ခြင်္သေ့ကိုယ်တော် ပျက်စီးသွားရသည့်အတွက် ဖူရှန်မယ်တော်၏ နူးညံ့သိမ်မွေ့သည့်မျက်နှာထက်တွင် စိတ်အနှောက်အယှက်ဖြစ်သွားခြင်းကို မတွေ့ရပေ။

ဖူရှန်မယ်တော်က…

"'ရွှေသားအတိလက်' ပညာဟာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားမယ့် ပညာပါပဲ ၊ ဒါကြောင့် ဖူရှန်အနေနဲ့ ဆုံးရှုံးမှုလို့ မယူဆပါဘူး ၊ ဒါပေမဲ့ ဆန်းလျန်ထျန်းကျွင်းကို တားဆီးဖို့ကတော့ တော်တော်ခက်ခဲလိမ့်မယ် ၊ ဝန်စူးမယ်တော်က ကျွန်မတို့ထဲမှာ ပညာဉာဏ်အမြင့်မားဆုံးပဲ ၊ ဆန်းလျန်ကိုတားဆီးဖို့ ဘာနည်းလမ်းများ ရှိသလဲ…"

ဝန်စူးမယ်တော်က လက်ဖဝါးကို အသာဖြန့်လိုက်ပြီး…

"ငါနဲ့ ဆန်းလျန်ထျန်းကျွင်း ယှဉ်လိုက်မယ်ဆိုရင် တိမ်တိုက်နဲ့ ရွှံ့နွံလိုပဲ ၊ ငါ့ရဲ့အသိပညာဟာ သူ့ရဲ့ အသိပညာကို မမီပါဘူး ၊ ငါ့အနေနဲ့ သူ့ကို အနိုင်ယူဖို့ ခက်ခဲလိမ့်မယ်…"

နေစကြာတထာဂတဿက မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီး…

"ဒါဆို သူသာ ဗောဓိပင်ကို ရှာတွေ့သွားရင် အခြေအနေတွေ ပိုဆိုးကုန်မှာပေါ့…"

ဖူရှန်မယ်တော်က မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း…

"အခုပဲ အခြေအနေဆိုးစရာတွေက ရောက်လာပြီ…"

နေစကြာတထာဂတဿနှင့် ဝန်စူးမယ်တော်တို့ ဖူရှန်မယ်တော်ကြည့်ရာ နေရာသို့ ပြိုင်တူလှမ်းကြည့်လိုက်ကြသည်။

ထိုအခါ… မျက်နှာချင်းဆိုင်ရှိ လုန်ဟွာသစ်ပင်အောက်တွင် မတ်တတ်ရပ်နေသည့် တာအိုဆရာလူငယ်လေးတစ်ယောက်ကို တွေ့လိုက်ကြရသည်။

ထိုတာအိုဆရာလူငယ်လေးက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်မှလွဲပြီး မည်သည့်ထူးခြားချက်မှမရှိပေ။ လူငယ်တွင် တာအိုဆရာများ ကိုင်ဆောင်လေ့ရှိသည့် ဖူချန်ကိုပင် ကိုင်ဆောင်ထားခြင်း မရှိပေ။

ထိုလူငယ်က တစ်ယောက်တည်း ရောက်လာခြင်း ဖြစ်၏။

သူ၏ပုံစံက သုခဘုံသို့ရောက်လာသည့် ဧည့်သည်တစ်ယောက်နှင့်မတူဘဲ သုခဘုံ၏ အရှင်သခင်တစ်ပါးနှင့် ဆင်တူနေသည်။

သူတို့ (၃)ယောက်လုံး ထိုတာအိုဆရာလူငယ်ကို လေးစားမိသွားကြသည်။

ထိုလူငယ်ကိုကြည့်ပြီး ဖူရှန်မယ်တော်၏ မျက်ဝန်းများက တောက်ပသည်ထက်တောက်ပလာ၏။ နေနှင့်လထက်ပင် တောက်ပနေသည်ဟု ထင်မှတ်ရ၏။

သူမက ဆန်းလျန်ကို ပထမဆုံးတွေ့သည့်အချိန်မှာပင် အလွန်တရာ မယုံကြည်နိုင်စရာကောင်းလောက်အောင် စိတ်လှုံ့ဆော်ခံစားလိုက်ရသည်။ သူမ၏အမူအရာကိုကြည့်ပြီး ဆန်းလျန်ပင် အနည်းငယ် အံ့အားသင့်သွားရသည်။

ဖူရှန်မယ်တော်၏ ဘေးတွင်တော့ ဝန်စူးမယ်တော်က ပြုံးလျှက်မတ်တတ်ရပ်နေ၏။ သူမက ဆန်းလျန်ကို ခြေဆုံးခေါင်းဆုံး အကဲခတ်လျှက် ရှိသည်။

နေစကြာတထာဂတဿကတော့ ဦးခေါင်းအနောက်ဘက်မှ ရောင်ခြည်များ ဖြည်းဖြည်းချင်း ထုတ်လွှတ်လိုက်သည်။ ထိုရောင်ခြည်များက ရေလှိုင်းများကဲ့သို့ ဖြစ်ပြီး အတိတ်ကိုထိုးဖောက်မြင်နိုင်သည့် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ဆန်းလျန်က ခန့်မှန်းရခက်သူတစ်ယောက်ဖြစ်ကြောင်း နေစကြာတထာဂတဿ ကောင်းကောင်းသိသည်။ ထို့ကြောင့် လက်ဦးမှုယူပြီး တိုက်ခိုက်နိုင်မှသာ တန်ကာကျမည်။ မဟုတ်ပါက ဆန်းလျန် လွတ်မြောက်သွားရန် အခွင့်အရေး ရသွားပေလိမ့်မည်။

"ဘာလို့ တာအိုရောင်းရင်း (၃)ယောက်က တိုက်ခိုက်ဖို့ ဟန်ပြင်နေရတာလဲ ၊ ကျုပ်က သုခဘုံကို လာလည်တာပါ ၊ လူသတ်ဖို့လာတာ မဟုတ်ပါဘူး…"

ဆန်းလျန်၏ စကားလုံးများက တစ်ဖက်လူကို အမြင်ရှင်းစေပြီး ချွင်းချက်မရှိ သူ့ကို ယုံကြည်စေမည့် တန်ခိုးစွမ်းအားများ ပါဝင်လေသည်။

ရှေးဟောင်းနတ်ဘုရား (၃)ပါးသည့် ထိုသို့သော တန်ခိုးစွမ်းအားများနှင့် ပတ်သက်ပြီး အတွေ့အကြုံမရှိကြပေ။

နေစကြာတထာဂတဿက ပြုံးလိုက်ရင်း…

"အခုဆိုရင် သုခဘုံမှ ကျူဖူကိုယ်တော် နည်းနည်းလေးပဲ ကျန်ပါတော့တယ် ၊ ဆန်းလျန်ထျန်းကျွင်းက သတ်လို့ မဝသေးဘူးလား…"

ဆန်းလျန်က မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး ပေါ့ပါးသည့်လေသံဖြင့်…

"သုခဘုံမှာရှိတဲ့ ပန်းတိုင်း ၊ သစ်ရွက်တိုင်းမှာ ဗောဓိတရားကို တွေ့မြင်နိုင်တယ် ၊ ဒါပေမဲ့ မင်းတို့က အဲဒါကို ဖုံမှုန့်တွေနဲ့ ဖုံးလွှမ်းထားတယ် ၊ ဘယ်လိုလုပ ်ကျူဖူကိုယ်တော် နည်းနည်းလေးပဲ ရှိတယ်လို့ ပြောနိုင်မလဲ…"

ဆန်းလျန်၏ စကားများက ကြီးမြတ်သည့် "ဇင်" ဗုဒ္ဓဘာသာ အယူအဆများ ဖြစ်သည်။ နက်ရှိုင်းပြီး ကျယ်ပြန့်လွန်းသည့်အတွက် နေစကြာတထာဂတဿ ၊ ဝန်စူးမယ်တော်နှင့် ဖူရှန်မယ်တော်တို့၏ စိတ်နှလုံးများကို တုန်လှုပ်သွားစေသည်။

ဝန်စူးမယ်တော်က ရယ်မောလိုက်ရင်း…

"ထျန်းကျွင်းက တို့တွေရဲ့စိတ်ကို လှုပ်ရှားအောင် လုပ်နေတာလား…"

ဆန်းလျန်က နက်ရှိုင်းသည့်မျက်ဝန်းများဖြင့် ဝန်စူးမယ်တော်ကို ကြည့်လိုက်သည်။

ဆန်းလျန်၏မျက်ဝန်းများထဲတွင် တာအိုမဟာလမ်းစဉ်က ထင်ရှားပေါ်လွင်လာပြီး ဝန်စူးမယ်တော်၏ စိတ်ထဲတွင် လေးလံသွားသည်။

ဆန်းလျန်က…

"ဒါဖြင့် တာအိုရောင်းရင်းရဲ့ စိတ်က မလှုပ်ရှားဘူးပေါ့…"

ဝန်စူးမယ်တော်က အေးဆေးစွာ ပြုံးလိုက်စဉ် ဖူရှန်မယ်တော်က စကားပြောလိုက်သည်။

"ရုပ်ခန္ဓာလှုပ်ရှားတာပဲ ဖြစ်ဖြစ် ၊ စိတ်နှလုံးလှုပ်ရှားတာပဲဖြစ်ဖြစ် ၊ ကျင့်ကြံထားတဲ့ ဓမ္မကလှုပ်ရှားတယ်လို့ခေါ်တယ်…"

ဝန်စူးမယ်တော် စကားသံအဆုံးသတ်သွားသည်နှင့် ကောင်းကင်က တုန်ခါလာပြီး မြေပြင်ထက်တွင် ရွှေရောင်ကြာပန်းများ ပွင့်လန်းလာလေသည်။

ထွက်ပေးလာသည့် ရှုမျှော်ခင်းက အံ့သြစရာကောင်းလှသည်။ ထိုရှုမျှော်ခင်းများက အော်မီတော်ဖူဗုဒ္ဓ၏ တန်ခိုးစွမ်းအားများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

သုခဘုံသည် အော်မီတော်ဖူဗုဒ္ဓ ဖန်ဆင်းခဲ့သည့် နေရာတစ်ခု ဖြစ်၏။ ထို့ကြောင့် အော်မီတော်ဖူဗုဒ္ဓ၏ ဓမ္မကို နက်ရှိုင်းစွာ သိရှိကြသူများသည် ဆန်းလျန်ကို တိုက်ခိုက်ရန်အတွက် အော်မီတော်ဖူဗုဒ္ဓ၏ တန်ခိုးစွမ်းအားများကို ထုတ်ဖော်အသုံးပြုနိုင်စွမ်း ရှိသည်။

သို့သော်… အော်မီတော်ဖူးဗုဒ္ဓ၏ တန်ခိုးစွမ်းအားသည် အော်မီတော်ဖူဗုဒ္ဓ ကိုယ်တိုင်တော့ မဟုတ်ပေ။

ဆန်းလျန်က မျက်လုံးဖြင့် တစ်ချက်ကြည့်လိုက်သည်နှင့် ထိုရှုမျှော်ခင်းများ ပျောက်ကွယ်သွားပြီး ရွှေရောင်ကြာပန်းများလည်း ညှိုးနွမ်းခြောက်သွေ့သွားကြသည်။

ဆန်းလျန်၏ တန်ခိုးစွမ်းအားက ထူးခြားဆန်းကျယ်ပြီး လောကကို တုန်လှုပ်သွားစေသည်။ တာ့လော်အဆင့် နတ်ဘုရားတစ်ပါးမဟုတ်လျှင် ဆန်းလျန်၏တန်ခိုးစွမ်းအားကို နားလည်နိုင်မည် မဟုတ်ပေ။

သို့သော်… နေစကြာတထာဂတဿနှင့် အခြားသူများကတော့ ချက်ချင်းပင် နားလည်လိုက်၏။

ဆန်းလျန်က မျက်ဝန်းများမှတစ်ဆင့် သူ၏ကိုယ်ပိုင်ဓမ္မကို ဖော်ထုတ်ကာ အော်မီတော်ဖူဗုဒ္ဓ၏ ဓမ္မကို ဖျက်စီးပစ်လိုက်ခြင်း ဖြစ်သည်။

သူ၏ထိပ်တန်းအဆင့် ကိုယ်ပိုင်တန်ခိုးစွမ်းအားကို အသုံးပြုကာ အော်မီတော်ဖူဗုဒ္ဒ၏ ကြီးမြတ်သည့် အခွင့်အာဏာကို စိန်ခေါ်လိုက်ခြင်း ဖြစ်၏။

သုခဘုံသို့ရောက်လာပြီး ထိုသို့လွှမ်းမိုးနိုင်သူဆို၍ ယခင်က တစ်ယောက်မှ မရှိခဲ့ဖူးပေ။

ဖူရှန်မယ်တော်က ချက်ချင်းပင် စတင်တိုက်ခိုက်လိုက်သည်။ သူမ၏တိုက်ခိုက်မှုက မယုံကြည်နိုင်စရာ ကောင်းလောက်အောင် လျှင်မြန်လွန်းသည်။

ဆန်းလျန်ည် အော်မီတော်ဖူဗုဒ္ဓကိုယ်တိုင်နှင့်ရင်ဆိုင်ရလျှင် မည်သို့မှ အနိုင်ရနိုင်မည်မဟုတ်ပေ။

တာအိုဆရာသခင်ကြီးများ၏ တန်ခိုးစွမ်းအားများကို မည်သူမှ မခန့်မှန်းနိုင်ကြပေ။ သို့သော် … ဆန်းလျန်ကတော့ တာအိုဆရာသခင်ကြီးတစ်ပါး မဟုတ်သေးပေ။

ဖူရှန်မယ်တော်က အရင်ဆုံးတိုက်ခိုက်ပြီး နောက်ပိုင်းမှ ဝန်စူးမယ်တော်နှင့် နေစကြာတထာဂတဿတို့က တိုက်ခိုက်လိမ့်မည်ဟု ဆန်းလျန်က ထင်ထားခဲ့သည်။

သို့သော်… ရုတ်တရက် သူတို့ (၃)ယောက်က တစ်ပြိုင်နက်တည်းဝင်ရောက်လာပြီး ဓမ္မ (၃)သွယ်တန်ခိုးစွမ်းအားများ ပေါင်းစပ်ကာ တိုက်ခိုက်လာသည့်အတွက် ဆန်းလျန် ချက်ချင်း ပြန်လည်ခုခံရန် မလွယ်ကူနိုင် ဖြစ်သွားရသည်။

ဖူရှန်မယ်တော်က လက်သီးချက်ဖြင့် ဆန်းလျန်ကို တိုက်ခိုက်ရန် အစပြုလိုက်ချိန်တွင် ဝန်စူးမယ်တော်က လက်ချောင်းသိုင်း ၊ နေစကြာတထာဂတဿက လက်ဖဝါးသိုင်းများ အသီးသီးထုတ်ဖော်ကာ ဆန်းလျန်ကို စုပေါင်းတိုက်ခိုက်လိုက်ကြ၏။

သူတို့ (၃)ယော်ကအသုံးပြုသည့် ဓမ္မ (၃)သွယ်က အဓိပ္ပါယ် လုံးဝမတူညီဘဲ အခြေခံအချက်ကအစ ကွဲပြားခြားနားလေသည်။

ဆန်းလျန်အမြင်အရဆိုလျှင် ဖူရှန်မယ်တော်၏ လက်သီးချက်က အပြင်းထန်ဆုံး ဖြစ်၏။

ဝန်စူးမယ်တော်၏ လက်ချောင်းသိုင်းကတော့ အလွန်ပင် ထူခြားဆန်းကျယ်လွန်းသည်။

နေစကြာတထာဂတဿ၏ လက်ဝါးသိုုင်းကတော့ ဗုဒ္ဓလက်ဖဝါးတန်ခိုးစွမ်းအားကို အပြည့်အ၀ ဖော်ထုတ်ထားသည်။ ခုံရွှမ်းအသုံးပြုသည့် ဗုဒ္ဓလက်ဖဝါးတန်ခိုးစွမ်းအားနီးပါး အဆင့်မြင့်လွန်းလှလေ၏။

သူတို့ (၃)ယောက်အနက် (၁)ယောက်နှင့် ရင်ဆိုင်ရလျှင်ပင် အတော်လေး ခေါင်းခဲရမည် ဖြစ်လေရာ ယခု (၃)ယောက်လုံးနှင့် ရင်ဆိုင်နေရသည့် ဆန်းလျန်အတွက်တော့ ပြောနေစရာပင် မလိုတော့ပေ။

ထို့နောက်… လောကတစ်ခုလုံး ပြိုကျသွားသည့်အလား ထင်မှရသည့် စူးရှသည့် အော်မြည်သံများထွက်ပေါ်လာသည်။

ဖူရှန်မယ်တော် ဒေါသချောင်းချောင်းထွက်နေလေ၏။ သူ၏လျှင်မြန်မှုက သတ်မှတ်နှုန်းထားထက်ကျော်လွန်နေပြီး လုန်ဟွာသစ်ပင်အောက်တွင်ရပ်နေသည့် ဆန်းလျန်ကို လျှပ်တပြက်အတွင်း အပြင်းအထန် ထိုးနှက်လိုက်သည်။

ဆန်းလျန်၏ ခန္ဓာကိုယ်မှ ထူးခြားသည့် တန်ခိုးစွမ်းအား စက်ဝန်းတစ်ခု ထွက်ပေါ်လာပြီး သူမ၏လက်သီးချက်က အရှိန်လျော့ကျသွားသည်။

သို့သော်… ဖူရှန်မယ်တော်ကိုတော့ ရပ်တန့်သွားစေခြင်း မရှိခဲ့ပေ။

ဖူရှန်မယ်တော်၏ လက်သီးချက်က မြင်းဇောင်းမှလွှတ်လိုက်သည့် မြင်းရိုင်းတစ်ကောင်ပမာ မရပ်တန့်သည့် အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။

ဝန်စူးမယ်တော်ကတော့ ခြေတစ်လှမ်းချင်း လှမ်းလာလေသည်။ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းတွင် ကြာပန်းများ ပွင့်လန်းလာလျှက် ရှိ၏။

ထိုခြေလှမ်းတိုင်းတွင် ဓမ္မအားလုံ၏ သစ္စာတရားကို တွေ့မြင်ရပြီး သူမ၏ ပညာဉာဏ်ကလည်း အဆုံးမရှိပေ။

ရုတ်တရက်… သူမက ဖူရှန်မယ်တော်နှင့် လက်ချင်းယှက်လိုက်သည်။ ထို့နောက် ဆန်းလျန်၏ တန်ခိုးစွမ်းအားစက်ကွင်းကို အတူတူ ကြံ့ကြံ့ခံ ရင်ဆိုင်လိုက်ကြသည်။

နေစကြာတထာဂတဿက အဖြူရောင်ကျောက်စိမ်းနှင့်အလားသဏ္ဍန်တူသည့် ဗုဒ္ဓလက်ဖဝါးဖြင့် စကြာဝဠာတစ်ခုလုံးကို ဖြန့်ကျက်ဖုံးအုပ်လိုက်သည်။ ထို့နောက် သူက နောက်ဘက်မှ အေးအေးသက်သာ လမ်းလျှောက်လာပြီး ဖူရှန်မယ်တော်နှင့် ဝန်စူးမယ်တော်တို့၏ ရှေ့တွင် ရပ်လိုက်၏။

သူတို့ (၃)ယောက်၏ တန်ခိုးစွမ်းအား (၃)မျိုး ပေါင်းစပ်လိုက်သည့်အခါ ထူးခြားနက်နဲသည့် တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ဆန်းလျန်သည် သူတို့နှင့် သိပ်ပြီးမဝေးကွာသည့် နေရာတစ်ခုတွင် ရပ်နေခြင်း ဖြစ်သည်။

သို့သော်… ဆန်းလျန်အနားသို့ ရောက်ရန်မှာ ကောင်းကင်ထက်သို့ သာမန်ခြေထောက်ဖြင့် တက်လှမ်းရန် ကြိုးစားနေသည့်အလား အလှမ်းဝေးခက်ခဲလွန်းနေ၏။

ဆန်းလျန်က ချက်ချင်းပင် အလွန်နက်ရှိုင်းကျယ်ပြန့်သည့် အပြာရောင်ကောင်းကင်အဖြစ် အသွင်ပြောင်းသွားသည်။

ဖူရှန်မယ်တော်၏ လက်သီးချက်က ပြင်းထန်သည့် မိုးကြိုးအလားဖြစ်သည်။

ဝန်စူးမယ်တော်၏ လက်ချောင်းသိုင်းကတော့ မြွေနဂါးတစ်ကောင် လှည့်ပတ်နေသည့်အလား လင်းလက်တောက်ပလျှက် ရှိသည်။ မြွေနဂါးသည် မိစ္ဆာများ၏ ဦးခေါင်းများကို ဖြတ်တောက်ပစ်တော့မည့်အလား ထင်မှတ်ရသည်။

နေစကြာတထာဂတဿ၏ ဗုဒ္ဓလက်ဖဝါးတန်ခိုးစွမ်းအားကတော့ မိုးကုတ်စက်ဝိုင်းကို ဖိနှိပ်ထားလေ၏။

သူတို့ (၃)ယောက် စုပေါင်းတိုက်ခိုက်မှုက ကာရံညီလှသည်။

ကောင်းကင် ၊ မြေကြီးနှင့် လူသား အကြောင်း (၃)ပါး ညီညွှတ်နေသည့်အလား တိုက်ခိုက်မှုက အထာကျလျှက် ရှိသည်။

လက်သီးချက် ၊ လက်ချောင်းသိုင်းနှင့် လက်ဖဝါးသိုင်းများအားလုံးက ဆန်းလျန်ဖန်ဆင်းထားသည့် အပြာရောင်ကောင်းကင်ရှိရာသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ဆန်းလျန်၏ ဆံနွယ်ရှည်များက လေထဲတွင် ပျံ့လွင့်နေပြီး သူ၏ ခြေဖဝါးများက လေထုအထက် (၃)လက်မ အကွာအဝေးတွင် ခိုင်ခိုင်မာမာ ရပ်တည်နေသည်။

သူ၏လက်များကတော့ အင်္ကျီလက်များထဲတွင် နစ်မြုပ်လျှက်ရှိပြီး တွေ့မြင်ရခြင်း မရှိပေ။

သူ၏ခန္ဓာကိုယ်ကတော့ ခိုင်ခိုင်ခံ့ခံ့ရပ်တည်နေပြီး နေရာမှ တစ်ဖဝါးပင် ရွေ့လျားသွားခြင်း မရှိပေ။

သူ့ကိုကြည့်ရသည်မှာ သဘာဝကျစွာစီးဆင်းနေသည့် မြစ်တစ်စင်းနှင့်ဆင်တူလှသည်။

ရှေးဟောင်းနတ်ဘုရား (၃)ပါး၏ ထူးခြားလွန်းသည့်တိုက်ခိုက်မှုက ဆန်းလျန်ဖန်ဆင်းထားသည့် အပြာရောင်ကောင်းကင်ရှိရာသို့ စုပေါင်းရောက်ရှိသွားပြီး ကောင်းကင်ထဲတွင် ပေါင်းစပ်သွားကြသည်။

ထို့နောက် ဆန်းလျန်က ခပ်မှန်မှန်ပင် လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်သည်။ ထိုအခါ … မမျှော်လင့်စွာပင် အချိန်နှင့်ရောများ ပိုင်းခြားကွဲထွက်သွားလေတော့၏။

နေစကြာတထာဂတဿ ၊ ဖူရှန်မယ်တော် ၊ ဝန်စူးမယ်တော်တို့၏ (၃)ယောက်ပေါင်းတိုက်ခိုက်မှုသည် မတူညီသည့် အချိန်ကာလ (၃)ခုတွင် နေရာ (၃)နေရာ ကွဲထွက်သွားလေသည်။

တစ်ချိန်တည်းမှာပင်… သူတို့ (၃)ယောက်သည် မတူညီသည့် အချိန်နှင့်နေရာတစ်ခုချင်းစီတွင် ဆန်းလျန် (၃)ယောက်ဖြင့် တစ်ယောက်ချင်း ရင်ဆိုင်လိုက်ကြရလေတော့သည်။

သူတို့(၃)ယောက် သီးခြားစီရင်ဆိုင်လိုက်ရသည့်ဆန်းလျန် (၃)ယောက်မှာလည်း တန်ခိုးစွမ်းအားတူညီသည့် ၊ အကောင်းဆုံး အနေအထားရှိသည့် ၊ စွမ်းအားဖြင့်ပြည့်နေသည့် ဆန်းလျန်များသာ ဖြစ်ကြသည်။

ထိုသို့သော တိုက်ခိုက်မှုမျိုးကို သူတို့ (၃)ယောက်ဘဝတွင် တစ်ခါမှ ရင်မဆိုင်ခဲ့ဖူးပေ။

ဆန်းလျန်၏ တိုက်ခိုက်မှုက မှော်ဆန်လွန်းသည်။ အံ့သြစရာကောင်းသည်။ မယုံကြည်နိုင်စရာကောင်းသည်။

သူတို့ (၃)ယောက်၏ စုပေါင်းတိုက်ကွက်ကို အချိန်နှင့်နေရာ (၃)နေရာ ပိုင်းခြားပစ်လိုက်ပြီး တစ်ယောက်ချင်းကို ရင်ဆိုင်ရန် ဆန်းလျန်က ခွဲထုတ်လိုက်လိမ့်မည်ဟု သူတို့ လုံး၀ ထင်မှတ်မထားခဲ့ကြပေ။

ဆန်းလျန်သည် မတူညီသည့် အချိန် (၃)ခု ၊ နေရာ (၃)ခု ကို တစ်ချိန်တည်းမှာပင် တစ်ပြိုင်တည်း ပိုင်းခြားပစ်လိုက်ခြင်း ဖြစ်သည်။

ဆန်းလျန်၏ တန်ခိုးစွမ်းအားက တာအိုတရား၏ မှော်ဆန်ခြင်းကို ပြသနေသည်သာမက မိုးကောင်းကင်၏ မခန့်မှန်းနိုင် ၊ မရပ်တန့်နိုင်သည့် ဆန္ဒကိုလည်း ထုတ်ဖော်ပြသလျှက် ရှိသည်။

ရုတ်တရက်… ကောင်းကင်တစ်ခုလုံး တုန်လှုပ်သွားပြီး နေစကြာတထာဂတဿ ၊ ဝန်စူးမယ်တော်နှင့် ဖူရှန်မယ်တော်တို့ (၃)ယောက် လေနှင့်အတူ အဝေးသို့ လွင့်ထွက်သွားကြလေသည်။

သူတို့အားလုံး၏မျက်နှာများကတော့ မယုံကြည်နိုင်မှုများဖြင့် ပြည့်နက်လျှက် ရှိနေကြလေတော့သည်။

***

All Chapters