← Chapters

အထီးကျန်ခြင်း

Vol. 10 Ch. 940

အထီးကျန်ခြင်း

Vol. 10 Ch. 940

ထိုအထိမ်းအမှတ် ကျောက်စာတိုင်ကို ဆန်းလျန် စိုက်ကြည့်နေလေသည်။

ထိုကျောက်စာတိုင်ထက်တွင်ရေးသားထားသည့် စကားလုံးများမှ မတိုင်းတာနိုင်သည့် တာအိုတန်ခိုးစွမ်းအားများ ထွက်ပေါ်လျှက်ရှိသည်။

ထို့ပြင်… နက်ရှိုင်းလှသည့် အသူရာချောက်နက်ကြီးတစ်ခုကိုလည်း ဖုံးကွယ်ထားဟန် ရှိသည်။

မိုးမြေတစ်ခွင်မှ မည်သည့် သက်ရှိသတ္တဝါမဆို ထိုစကားလုံးများမှ ထွက်ပေါ်နေသည့် တာအိုတရားများကို နားလည်နိုင်စွမ်း ရှိမည် ဖြစ်သည်။

သို့သော်… ဆန်းလျန်ကတော့ အခြားသူများထက်ပိုပြီး နားလည်နိုင်စွမ်းရှိ၏။

ဆန်းလျန်အနေဖြင့် ဤနေရာမှ အစပြုရန်လိုအပ်သည်။ ဤသည်မှာ အလွယ်ကူဆုံးဖြစ်ပြီး ဤနေရာမှပင် အရာအားလုံးကို ရယူရမည် ဖြစ်သည်။

ကျောက်စာတိုင်ထက်တွင် တာအိုဆရာသခင်ကြီးတစ်ပါး လက်ဆင့်ကမ်းပေးခဲ့သည့် လမ်းစဉ်ကို သတ္တဝါများအားလုံး သိရှိနိုင်ရန် ဖော်ပြထားသည်။ တာအိုတရားကို ဖော်ပြထားသည့်အတွက် မည်သည့်ခြိမ်းခြောက်မှုမှ မရှိသလို ၊ မည်သည့်အတားအဆီးမှလည်း ပြုလုပ်ထားခြင်း မရှိခဲ့ပေ။

တာအိုဆရာသခင်ကြီး၏ လမ်းစဉ်သည် ပြောစရာစကားမရှိလောက်အောင် ပြီးပြည့်စုံပြီး နေနှင့်လတို့အလား ထွန်းလင်းတောက်ပလျှက် ရှိသည်။

"ဗောဓိပင်က ဒီနေရာမှာ ရှိသင့်တာ…"

ဆန်းလျန် စိတ်ထဲမှ ဝေဖန်သုံးသပ်လိုက်သည်။

ဆန်းလျန်က သူ၏ နတ်မျက်စိနှင့် နတ်ဘုရားစိတ်အာရုံကို အသုံးပြုကာ ထွင်းဖောက်ကြည့်လိုက်သော်လည်း ကျောက်စာတိုင်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးတွင် မည်သည့်ထူးခြားချက်ကိုမှ မတွေ့ရပေ။

ထိုအချက်က အလွန်မှ ထူးဆန်းလေ၏။

ဆန်းလျန်၏ နတ်ဘုရားစိတ်အာရုံက နက်ရှိုင်းပြီး ဝေးကွာလွန်းသည့်နေရာများကိုလည်း ရောက်ရှိနိုင်စွမ်းရှိသည်။ သို့သော်… သူ၏စိတ်အာရုံက ထက်ရှသည့်ပတ်ဝန်းကျင်ကို ထိုးဖောက်နိုင်ခြင်း မရှိပေ။

ပတ်ဝန်းကျင်မှ ထက်ရှပြီး တည်ငြိမ်သည့် ဗုဒ္ဓဘာသာတန်ခိုးစွမ်းအားများက ဆန်းလျန်၏ နတ်ဘုရားစိတ်အာရုံးများကို တားဆီးဖြတ်တောက်နေပြီး တဖြည်ဖြည်း ဆန်းလျန် အပြင်ပန်းအရာများနှင့်ပတ်သက်ပြီး ခံစားချက် ကင်းမဲ့လာသည်။

ဆန်းလျန်က ကျောက်စာတိုုင်အနားသို့ လျှောက်သွားပြီး ပထမဆုံး ရေးသားထားသည့် စာလုံးဖြစ်သည့် "ပြုခဲ့သမျှ" ဆိုသည့်စာလုံးကို လက်ဖြင့် ထိကိုင်လိုက်သည်။

ထိုအခါ တာအိုစာလုံးက ဆန်းလျန်၏ လက်ချောင်းကို ထိရှသွားပြီး လက်ချောင်းများဆီမှ သွေးများထွက်လာသည်။ တာအိုစာလုံးက သူ၏လက်ကို ဖြတ်ရှလိုက်ခြင်း ဖြစ်၏။

ကျောက်စာတိုင်၏နောက်ကွယ်တွင်ပုန်းကွယ်နေသည့် ဓမ္မတရားအဓိပ္ပါယ်က ထက်ရှလွန်းပြီး ဆန်းလျန်၏ နတ်ဘုရားခန္ဓာကိုပင် ပျက်စီးသွားစေနိုင်သည်။

ဆန်းလျန် လက်ကိုအသာပြန်ရုတ်သိမ်းလိုက်သည့်အခါ ပြတ်ရှဒဏ်ရာက ပျောက်ကွယ်သွားသည်။ သို့သော်… လက်ချောင်းထက်တွင် ရွှေရောင်မှိန်ပျပျလင်းလက်နေသည့် အနာရွတ်တစ်ခု ထင်ကျန်ခဲ့လေသည်။

ဤသည်မှာမယုံကြည်နိုင်စရာကောင်းသည့် ဗုဒ္ဓဘာသာ၏ တန်ခိုးစွမ်းအားပင် ဖြစ်လေ၏။

ဆန်းလျန် ရေကန်ထဲမှ ရေရှိရာသို့ လက်ဖြင့်အသာထိကြည့်လိုက်သည်။ ထိုအခါ ရေကန်ထဲမှ မိုးကောင်းကင်တန်ခိုးစွမ်းအားတစ်ခုထွက်ပေါ်လာပြီး ဆန်းလျန်၏ လက်မှ အနာရွတ်ကို ဆေးကြောပေးလိုက်သည်။

တန်ခိုးစွမ်းအားဖြင့် ထိတွေ့ခံလိုက်ရသည့်အခါ ဆန်းလျန်၏လက်ချောင်းထက်မှ ရွှေရောင်အနာရွတ်က ပျောက်ကွယ်သွားလေသည်။

သို့သော်… ကျောက်စာတိုင်၏စာလုံးကြောင့် "ထျန်းရှန်းဝူထိုက်" တန်ခိုးစွမ်းအာ (၃)ခု အနည်းငယ် ပျက်စီးသွားသည်။

သို့သော်… အတိတ်က သူကျင့်ကြံခဲ့သည့် ပင်မစိတ်ဝိညာဉ်ဖြစ်သော မူလဝိညာဉ်ခန္ဓာက အားကောင်းလွန်းသည့်အတွက် ထျန်းရှန်းဝူထိုက်တန်ခိုးစွမ်းအား (၃)ခု ပြန်လည်ကောင်းမွန်လာစေရန် အချိန်သိပ်မယူ လိုက်ရပေ။ လျှင်မြန်စွာပင် ပြန်လည်ကောင်းမွန်သွားခဲ့သည်။

ဆန်းလျန်က သူရရှိသွားသည့် ထိခိုက်မှုအပေါ်တွင် လုံး၀ မစိုးရိမ်ခဲ့ပေ။

တာအိုဆရာသခင်ကြီးတစ်ပါးဖြင့် ကစားရသည့် ကစားပွဲတွင် တန်ခိုးစွမ်းအားက အောင်မြင်မှုအတွက် အဓိကသော့ချက်မဟုတ်သလို အသိဉာဏ်ပညာကလည်း အရေးပါသည့်အရာတစ်ခု မဟုတ်ပေ။

အရေးအကြီးဆုံးမှာ "စိတ်နှလုံးပင်" ဖြစ်သည်။

"ငါ့နှလုံးသားထဲက ဆန္ဒကို လက်မလျှော့နိုင်ဘူး"

ဆန်းလျန် တိုးတိတ်သည့် လေသံဖြင့်ရေရွတ်လိုက်သည်။

သူ၏အသံက ရေကန်ထဲတွင်လွင့်မျောသွားသည်။

သို့သော် ကန်ရေပြင်က လှိုင်းထသွားခြင်းမရှိသလို ကျောက်စာတိုင်သည်လည်း တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်သည်။

ကျောက်စာတိုင်အတွင်းမှ အဆုံးမရှိသည့် ထာဝရဓမ္မသည် ကျောက်စာတိုင်အတွင်းမှ စီးဆင်းထွက်ပေါ်လာသည်။

ဆန်းလျန်၏ မျက်လုံးများ တစ်ျက်လှုပ်ရှားသွားပြီး ကျောက်စာတိုင်ကို လက် (၂)ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

ဆန်းလျန်၏ လက်မှ အဆုံးမရှိသည့် တန်ခိုးစွမ်းအားများထွက်ပေါ်လာပြီး ကြယ်စင်သန်းပေါင်းသောင်းနှင့်ချီ၍ပင် သူ့လက်ဖြင့် ရွေ့လျားပစ်နိုင်စွမ်းရှိလောက်အောင် စွမ်းအား ပြင်းထန်လွန်းလှသည်။

သို့သော်… ကျောက်စာတိုင်ကို ဆွဲနှုတ်ရသည်ကတော့ ဆန်းလျန်အတွက် လေးလံလွန်းလှသည်။

ဤကျောက်စာတွင် ဗုဒ္ဓဘာသာ၏ခမ်းနားမှုကိုတွေ့မြင်ရပြီး ဗုဒ္ဓတရားတော်ကလည်း သူခန့်မှန်းထားသည်ထက်ပင် လေးနက်လွန်းလှသည်။

ကျောက်စာတိုင်ကို ဆွဲနှုတ်နေသည့် ဆန်းလျန်မှာ သုခဘုံတစ်ခုလုံးကို ဆွဲ မ နေသည့်အလား ခံစားလိုက်ရသည်။ သူ့ဘဝတွင် တစ်ခါမှ မခံစားဖူးသည့် ဖိအားကို ခံစားရလေသည်။

ဆန်းလျန်က လွယ်လွယ်နှင့် လက်လျှော့တတ်သူတစ်ယောက် မဟုတ်သလို ညည်းတွားတတ်သူတစ်ယောက်လည်း မဟုတ်ပေ။ သူက ဖြစ်နိုင်ချေများကို သုံးသပ်ပြီး အခြေအနေကိုကြည့်ကာ လှုပ်ရှားတတ်သူတစ်ယောက် ဖြစ်သည်။

သို့သော်… ကျောက်စာတိုင်ကို ဆုပ်ကိုင်ပြီး ဆွဲနှုတ်လိုက်သည့်အချိန်တွင် ကျောက်စာတိုင်၏ လေးလံမှုသည် ဖြစ်နိုင်ချေအားလုံးမှ လွတ်ထွက်သွားသည်။ ကျောက်စာတိုင်က ရှိရမည့်အလေးချိန်ထက် အဆမတန် ပိုမိုလေးလံနေလေ၏။

မည်သို့ပင်ဖြစ်စေ… ဆန်းလျန် လုံး၀ စိတ်ဓာတ်မကျခဲ့ပေ။

စဉ်ဆက်မပြတ်စီးဆင်းနေသည့် ဆန်းလျန်၏ ဝိညာဉ်စွမ်းအားများက စမ်းချောင်းတစ်ခုအလား အသက်ဓာတ်စွမ်းအားများဆီသို့ အဆက်မပြတ် စီးဆင်းဝင်ရောက်နေလေသည်။

ဆန်းလျန်သည် ဝိညာဉ်မြစ်ထဲမှ မြစ်ရေများကို အဆက်မပြတ်စုပ်ယူနေသည့် တိကျန်ဗောဓိသကျကဲ့သို့ ပြင်ဖြစ်သည်။

"မဖြစ်နိုင်" ဆိုသည့် အခြေအနေကို နားလည်ထားသည့်တိုင် မလျှော့သောဇွဲဖြင့် ရအောင်လုပ်မည်ဟူသော စိတ်ဓာတ်ခိုင်မာမှုကို ချမှတ်ထားသည်။

အထိမ်းအမှတ်ကျောက်စာတိုင်သည် သုခဘုံ၏ လေးနက်မှုတစ်ခုဖြစ်လေရာ လူ့လောကို ထမ်းပိုးထားရသလောက် လေးလံမည်ဖြစ်၏။

သို့ရာတွင်… သူတော်စင်သည် ငရဲကိုပင် သူ၏ကျောထက် ထမ်းပိုးထားနိုင်သေးသည်ဆိုလျှင် ဆန်းလျန်သည်လည်းအ ဘယ့်ကြောင့် သုခဘုံတစ်ခုလုံးကို ထမ်းပိုးထားနိုင်စွမ်း မရှိပါမည်နည်း။

ဆန်းလျန် ခွန်အားများကို အဆက်မပြတ်ထုတ်ပြီး ကျောက်စာတိုင်ကို ဆွဲနှုတ်လျှက်ရှိသည်။ သူ၏ ဝိညာဉ်စွမ်းအားအရင်းအမြစ်ထံမှ ဝိညာဉ်စွမ်းအားများကလည်း အဆက်မပြတ်စီးဆင်းထွက်ပေါ်လျှက် ရှိ၏။

လက်ရှိအချိန်တွင် တာအိုဆရာသခင်ကြီးတစ်ပါးကို အနိုင်ယူနိုင်မည့်သူတစ်ယောက်ကို ပြပါဆိုလျှင် ဆန်းလျန်ကလွဲပြီး အခြားသူ မဖြစ်နိုင်ပေ။

ဤသည်က စိတ်စွမ်းအား ယှဉ်ပြိုင်ခြင်းဖြစ်သည်။

မျှော်လင့်ချက်ကင်းမဲ့သည့်အခြေအနေထဲမှ မျှော်လင့်ချက်အလင်းရောင်တစ်စကို မရရအောင် ပြန်လည် ရယူခြင်း ဖြစ်သည်။

ဆန်းလျန်က ခွန်အားကို အဆက်မပြတ် အသုံးပြုပြီး အထိမ်းအမှတ်ကျောက်တိုင်ကို မြေကြီးအတွင်းမှ တစ်လက်မပြီးတစ်လက်မ ဆွဲထုတ်နေခဲ့သည်။

သုခဘုံတစ်ဝှမ်းရှိ ရွှေရောင်သဲမှုံများက မိုင်ထောင်ချီအောင် တုန်လှုပ်နေပြီး ရေကန်သည်ပင် လှိုင်းများ လှုပ်ခတ်လာလေသည်။

သုခဘုံတစ်ခုလုံး အောက်သို့ နိမ့်ဆင်းသွားသည့်အလား ခံစားလိုက်ရသည်။

ရုတ်တရက် ဆန်းလျန်၏ မြင်ကွင်းထဲတွင် အထိမ်းအမှတ်ကျောက်စာတိုင် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲထွက်သွားပြီး သူ၏ ဝိညာဉ်စွမ်းအားအရင်းအမြစ်ကို ဖြတ်တောက်ပစ်လိုက်လေသည်။

ဆန်းလျန် သတိကင်းမဲ့သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို မေ့လျော့သွားသည်။

ဆန်းလျန် သတိပြန်ရလာသည့်အခါတွင်တော့ သူ့ပတ်ဝန်းကျင်တွင် မည်သည့်အရာမှ မရှိတော့ပေ။

အခြေအနေက "မရှိမှုကျေးရွာ" သို့ရောက်ရှိနေခြင်း နှင့်ဆင်တူသည်။ သို့သော်… မရှိမှုကျေးရွာနှင့်လည်း လုံး၀ ဆင်တူနေခြင်း မဟုတ်ပြန်ပေ။

မရှိမှုကျေးရွာတွင် မည်သည့်အရာမှ မရှိသော်လည်း အရာအားလုံးကို ဖန်ဆင်း၍ ရနိုင်သည်။ သို့သော်… ဤနေရာတွင် မည်သည့်အရာမှ မရှိခြင်းသလို မည်သည့်အရာကိုမှလည်း ဖန်ဆင်း၍ မရနိုင်ပေ။ စစ်မှန်သည့် ဗလာနယ်တစ်ခုအလား အရာအားလုံး မျိုးသုဉ်းပျောက်ကွယ်လျှက် ရှိ၏။

ဆန်းလျန်၏လက်ထဲတွင် အထိမ်းအမှတ်ကျောက်စာတိုင်ကို ကိုင်ထားဆဲဖြစ်ပြီး ကျောက်စာတိုင်အတွင်းမှ ဗုဒ္ဓဘာသာသဘောတရားများက ထင်ရှားသော်လည်း မှောင်မိုက်နေ၏။ အော်မီတော်ဖူဗုဒ္ဓပြုလုပ်ထားသည့် အထိမ်းအမှတ် ကျောက်စာတိုင် ပျက်စီးလုနီးပါး ဖြစ်သွားဟန်ရှိသည်။

ဆန်းလျန်၏ ဝိညာဉ်က ကျောက်စာတိုင်ရှိရာသို့ ရောက်ပြန်ဟပ်နေပြီး အလင်းရောင်များ တောက်ပနေသည်။ ထို့ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး လင်းလက်လျှက် ရှိ၏။

ဆန်းလျန်၏ ဝိညာဉ်အလင်းရောင်က အမှောင်ထုကို ဖုံးလွှမ်းသွားစေလေသည်။

ဆန်းလျန် ကောင်းကင်ထက်သို့ မော့ကြည့်ပြီးနောက် အောက်ဘက်မြေပြင်သို့ လက်ဖြင့် အသာအယာ ထိကိုင်ကြည့်လိုက်သည်။ သို့သော်… သူ မည်သည့်နေရာ ၊ မည်သည့်အချိန်ကာလသို့ ရောက်ရှိနေသည်ကို ခန့်မှန်း၍ မရနိုင်ခဲ့ပေ။

သူ့ရင်ထဲတွင် အထီးကျန်မှုကို ခံစားလိုက်ရသည်။

"သံသရာက မပြတ်တောက်နိုင်သေးဘူးပဲ…"

ထိုစကားကို ဆန်းလျန် စိတ်ထဲမှ ပြောလိုက်ခြင်း ဖြစ်၏။

သူရောက်ရှိနေသည့်နေရာသည် အဆုံးမရှိသည့်  မဟာအဝီဇိငရဲကြီး ဖြစ်ဟန်တူသည်။

ထိုငရဲသို့ကျသွားသည်နှင့် ပြန်လမ်းမရှိတော့ပေ။

ကြောက်စရာအကောင်းဆုံးအချက်မှာ မဟာအဝီဇိငရဲတွင် ထာဝရပိတ်မိနေကြသည့် ဝိညာဉ်များသည် မည်သည့်အခါမှ လူသားအဖြစ် လူပြန်ဝင်စားနိုင်တော့မည် မဟုတ်ဆိုသည့် အချက်ဖြစ်၏။

မရှိမှုကျေးရွာတွင်တော့ တန်ခိုးစွမ်းအားမြင့်မားသည့် နတ်ဘုရားများ ၊ နတ်မိစ္ဆာများက ကောင်းကင်ဘုံများ ၊ ကိုယ်ပိုင်ကျောက်ဂူများကို ဖွင့်လှစ်နိုင်သည်။ ထို့ပြင်… ငှက်များ ၊ သားရဲများ ၊ ပိုးမွှားများ ၊ ငါးများ စသည်တို့ကို စိတ်ဖြေဖျော်ရာအဖြစ်လည်း ဖန်ဆင်းထားနိုင်သေးသည်။

သို့သော်… အချိန်ကာလကြာလာသည်နှင့်အမျှ အရာအားလုံးက ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် မရှိမှုတရားသာ ကျန်ရစ်ခဲ့ပေလိမ့်မည်။ အရာအားလုံးက "နတ္ထိ" ပင် ဖြစ်၏။

ဆန်းလျန် သူ၏ တန်ခိုးစွမ်းအားများကို အသုံးပြုကြည့်လိုက်သည်။ သို့သော် အလုပ်မဖြစ်ပေ။

ယခု ရင်ဆိုင်ရသည့်အတွေ့အကြုံသည် ဆန်းလျန်ဘဝတွင် ရင်ဆိုင်ရသမျှ အခက်အခဲများထဲတွင် အကြီးမားဆုံးပြဿနာတစ်ခု မဟုတ်သော်လည်း အတော်လေးတော့ ခက်ခဲသည့် ပြဿနာတစ်ခု ဖြစ်သည်။

ဆန်းလျန်၏ တန်ခိုးစွမ်းအားများ လုံး၀ အသုံးပြု၍ မရတော့ပေ။ သူသည် လူ့လောကသံသရာ ၊ ဒုက္ခပင်လယ်တွင် ကူးခတ်နေကြရသည့် သတ္တဝါများနှင့် မည်သို့မှ မခြားနားတော့ပေ။

ဗုဒ္ဓဘာသာအယူအဆအရဆိုလျှင် သတ္တဝါများအားလုံးက အတူတူပင်ဖြစ်သည်။ ထိုအချက်ကို ယခုအချိန်ခဏအတွင်း သက်သေပြလိုက်နိုင်ပြီဖြစ်၏။

ဆန်းလျန်သည်လည်း သတ္တဝါအနန္တထဲမှ တစ်ယောက်မျှသာဖြစ်ပြီး နတ်ဘုရားတစ်ပါး မဟုတ်တော့ပေ။

တာအိုဆရာသခင်ကြီးတစ်ပါး မဖြစ်မချင်း  (သို့မဟုတ်) ဗုဒ္ဓမဖြစ်မချင်း သူ့အနေဖြင့် သံသရာမှ လွတ်မြောက်နိုင်မည် မဟုတ်သေးပေ။

သူသာ ဗောဓိပင်ကို ရှာဖွေရန် ထွက်ခွာမလာခဲ့ဘူးဆိုလျှင် ယခုဆိုလျှင် သူ ဘာများ ပြုလုပ်နေမည်နည်း။ ထိုမေးခွန်းနှင့်ပတ်သက်ပြီး ဆန်းလျန်တွင် အဖြေမရှိပေ။

ဆန်းလျန်၏ နှလုံးသားထဲတွင် နောင်တတရားများ တဖြည်းဖြည်းကြီးထွားလာသည်။ သို့သော် ဆန်းလျန်က သူ၏ အလုပ်များကို လုံး၀ ရပ်တန့်ခြင်း မရှိပေ။

ပတ်ဝန်းကျင်တစ်ခုလုံးက အထီးကျန်ဆန်လှပြီး သူ့ရင်ထဲတွင် နောင်တတရားများဖြင့် ပြည့်နက်နေသည်။ နောင်တရခြင်းဆိုသည်မှာ သူ့ဘဝတွင် အင်မတန်မှ ဖြစ်ခဲသည့် အရာတစ်ခု ဖြစ်၏။

လူသားများအတွက် ဖြစ်ပြီးခဲ့သည့်အကြောင်းအရာများအပေါ် အမြဲတမ်းနောင်တရနေရန်မှာလည်း မဖြစ်နိုင်ပေ။ တစ်ခဏနှင့် ထာဝရဆိုသည်က သိပ်ပြီး ခြားနားမှုမရှိလှပေ။

ဆန်းလျန် အထီးကျန်ခြင်းကို ခံစားနေရလေသည်။ သူ၏ဝိညာဉ်ထဲအထိ အထီးကျန်ခြင်းကို ခံစားနေရခြင်းဖြစ်၏။

ထို့နောက် နောင်တတရားများ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး အတိတ်သည်လည်းကုန်ဆုံးသွားကာ ပစ္စုပ္ပန်အချိန်တစ်ခဏ၌ ဆန်းလျန်၏အတွေးများ တည်နေသည်။

သူ အတိတ်ကို ပြန်ပြောင်းစဉ်းစားကြည့်လိုက်မိသည်။

အတိတ်ဆိုသည်က မှတ်ဉာဏ်ထဲတွင် ထင်ကျန်ရစ်ခဲ့သည့် အမှတ်တရများ ၊ အကြောင်းအရာများသာပဲ ဖြစ်သည်။ အတိတ်ဆိုသည်က ကွဲကြေပျက်စီးသွားသည့် ကျောက်သားထုကြီးအလားတဖြည်းဖြည်း ပျောက်ကွယ်သွားသည့် အရာများသာ ဖြစ်သည်။

စကြာဝဠာက အဆုံးမရှိသလို လောကကြီးကလည်း အဆုံးမရှိပေ။ သံသရာမှ မလွတ်ကင်းနိုင်သရွေ့ ကိလေသာမြူမှုံများဖြင့်ပြည့်နက်နေသည့် လောကကြီးအလယ် သံသရာလည်ရဦးမည်ဖြစ်၏။

လောကကြီးအလယ် တပ်မက်စိတ်များဖြင့် အာရုံခံစားနေသရွေ့ သံသာတွင် ကြဉ်လည်နေရဦးမည်ဖြစ်ပြီး ကိလေသာများလည်း ကင်းစင်နိုင်မည် မဟုတ်ပေ။

ဆန်းလျန်၏ မှတ်ဉာဏ်များ တဖြည်းဖြည်း ရပ်တန့်သွားသည်။

အမှတ်တရာများ ၊ အတိတ်များ မရှိတော့ပေ။

ထိုသို့ဆိုလျှင် သူသည် ဆန်းလျန် ဖြစ်နေဆဲလား။

အဖြေကတော့ သူက ဆန်းလျန်ဖြစ်နေဆဲပင် ဖြစ်သည်။

အမှတ်တရများ ၊ မှတ်ဉာဏ်များမရှိသည့်တိုင် တည်ရှိမှုကတော့ ရှိနေဆဲပင် ဖြစ်၏။

သူသည် ဆန်းလျန်ဖြစ်သည်ဆိုသည့် ပညတ်ချက်ဖြင့် ဖြစ်တည်မှုတစ်ခုက တည်ရှိနေပြီး ထိုအချက်က ပြောင်းလဲသွားမည် မဟုတ်ပေ။

လူတစ်ယောက်၏တည်ရှိခြင်းကိုသက်သေပြရန်အတွက် အတိတ်မှ အမှတ်တရများ ၊ အကြောင်းအရာများ ၊ မှတ်ဉာဏ်များ မလိုအပ်ပေ။ ထိုသူ၏ တည်ရှိမှုသာလျှင် လိုအပ်သည်။

သဘာဝတရားကြီးတစ်ခုလုံး စတင်ဖြစ်တည်ခဲ့ခြင်း၏ အရေးကြီးဆုံး အကြောင်းအရာကို ဆန်းလျန် စတင်နားလည် သဘောပေါက်စပြုလာသည်။

ဆန်းလျန် ပိုမိုအထီးကျန်လာပြီး နောက်ဆောင်း အလောင်းကောင်ပြီးတစ်ကောင်အလား ပြောင်းလဲသွားသည်။ ထို့နောက် အလောင်းကောင်သည် ပုပ်ဆွေးသွားပြီး တဖြည်းဖြည်း အသွေးအသားများပျက်စီးကာ အရိုးစုအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် အသွေးအသားများအားလုံး တဖြည်းဖြည်း ပြန်လည်ပြည့်ဝလာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ပါးလွှာသည့်အလင်းရောင်အလွှာလေးတစ်ခုက တစ်လွှာပြီးတစ်လွှာ ရစ်ပတ်လာသည်။

ထိုအလင်းရောင်အလွှာပါးလေးမှာ တစ်သက်မှတစ်ခါ စွဲဆောင်နိုင်စွမ်းရှိလွန်းသည့် အလင်းရောင်များ တောက်ပလျှက် ရှိ၏။

ထိုအလင်းရောင်သည် ဆန်းလျန်၏ ဝိညာဉ်အလင်းရောင်ဖြင့် ဆင်တူလွန်းသည်။

အလင်းရောင်က ပျောက်ကွယ်မသွားဘဲ ပိုမိုလင်းလက်တောက်ပလာသည်။

ထိုအလင်းရောင် မည်သည့်နေရာက ရောက်ရှိလာသည်ကို ဆန်းလျန် သိရှိခြင်း မရှီပေ။

သူ၏ သွေးကြောဆုံချက်များမှ ထွက်ပေါ်လာခြင်းလည်း ဖြစ်နိုင်သလို သစ္စာတရားမှ ထွက်ပေါ်လာခြင်းလည်း ဖြစ်နိုင်သည်။

ထို့ပြင် မည်သည့်နေရာကမှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ အလိုလို ဖြစ်တည်လာခြင်းလည်း ဖြစ်နိုင်လေတော့၏။

***

All Chapters