← Chapters

ယိချီစန်းချင်

Vol. 10 Ch. 943

ယိချီစန်းချင်

Vol. 10 Ch. 943

ကျင့်စူး ကွန်ယက်ထဲတွင် ပိတ်မိနေသည့်တိုက်ကျွယ်ရှန်းနတ်ဓားကတော့ သိမ်မွေ့သော အပြောင်းအလဲများဖြင့် နက်ရှိုင်းသည့် ဓားသိုင်းကွက်များကို ဖော်ဆောင်လျှက် ရှိသည်။

သို့သော်… ဖန်ကူအလံနှင့် ယွမ်စီကျောက်စာက ကျင့်စူး၏ လှုပ်ရှားမှုများကို ကန့်သတ်လိုက်သည့်အတွက် ကျင့်စူးမှာ ဓားကွက်များကို လွတ်လပ်စွာ ထုတ်ဖော်နိုင်ခြင်း မရှိတော့ပေ။

တာအိုဆရာယွိတင်ဆိုသည်က ခေတ်အဆက်ဆက်ကျော်ကြားခဲ့သည့် နတ်ဘုရားတစ်ပါး ဖြစ်သည်။

သူက ကျင့်စူးကို တစ်ချက်လေးပင် မျက်နှာသာမပေးဘဲ တစ်ဆင့်ပြီးတစ်ဆင့် တည်ငြိမ်စွာ တိုက်ခိုက်လျှက် ရှိ၏။

တိုက်ခိုက်နေရင်း သူမ ရှုံးနိမ့်တော့မည်ကို ကျင့်စူး ခန့်မှန်းလိုက်မိသည်။

နတ်ဘုရားသုတ်သင်ဓားကို ရှာဖွေခဲ့မိသည့်အတွက် သူမ နောင်တအနည်းငယ် ရသလို ဖြစ်လာမိသည်။ နတ်ဘုရားသုတ်သင်ဓားကို ရှာဖွေမိသည့်အတွက် သူမ ဤပြဿနာကြီးထဲတွင် ဘုမသိ ဘမသိ ပါဝင်ပတ်သက်မိကာ တာအိုဆရာယွိတင်ကဲ့သို့ အထင်ကရ နတ်ဘုရားတစ်ပါးနှင့် တိုက်ခိုက်နေခဲ့ရသည် မဟုတ်ပါလား။

သို့သော်… သူမ စိတ်ထားပြောင်းလဲသွားသည်။

ယနေ့ သူမ သေဆုံးရမည်ဆိုလျှင်တောင်မှ တာအိုတရားအလင်းကို သူမ သိမြင်ခဲ့ပြီ ဖြစ်သည်။

သူမက ထိပ်တန်းဓားတစ်လက်ကို ကျင့်ကြံအောင်မြင်ခဲ့ပြီး ဖြစ်သည့်အတွက် သေရမည်ဆိုလျှင်တောင် နောင်တရစရာ မရှိပေ။

ကျွယ်ရှန်းနတ်ဓား၏ ဓားဝိညာဉ်က သူမ၏ နှလုံးသား ၊ သူမ၏ စိတ်ဝိညာဉ်နှင့် ပေါင်းစပ်သွားပြီး ဓားနှင့်လူ တစ်သားတည်း ကျသွားသည်။

ပြိုင်ဘက်ကင်း ဓားသိုင်းပညာရပ်များစွာ သူမစိတ်အာရုံထဲတွင် သိမြင်နေသည့်တိုင် သူမ တစ်စက်လေးမှ မောပန်းနွမ်းနယ်ခြင်းကို မခံစားရပေ။

လေထုတစ်ခုလုံးက အထက် ၊ အောက် ၊ ဘယ် ၊ ညာ ပရမ်းပတာဖြစ်နေပြီး ယွမ်စီအထိမ်းအမှတ်ကြောက်စာက ကြည်လင်သည့်အရိပ်တစ်ခုအလား လှုပ်ရှားနေသည်။

နတ်ဘုရားသုတ်သင်ဓား၏ ဓားသွားကလည်း ကြည်လင်နေပြီး ဓားကွက်များက အဆက်မပြတ်ပြောင်းလဲနေ၏။

ကျင့်စူးက ခံစစ်တိုက်ခိုက်နေရသည်ဆိုသော်လည်း ရံဖန်ရံခါ တိုက်စစ်ထိုးဖောက်လာတတ်သည်။

တာအိုဆရာယွိတင်က စိတ်ဓတ်မာကျောသူတစ်ယောက်ဖြစ်လေသည်။

အခြားအချိန်များတွင် သူ့အနေဖြင့် ခွန်ဖိန်ငယ်လေးကျင့်စူးကို သနားစိတ်ဝင်မိဦးမည်ဖြစ်သော်လည်း ယခုတော့ တစ်စက်လေးမှ မသနားမိပေ။

တောင်မြင့်ကြီးများကိုပင် လှုပ်ခါနိုင်စွမ်းရှိသည့် ဖန်ကူအလံက လေထဲတွင် လွင့်ပျံနေပြီး ယွမ်စီအထိမ်းအမှတ်ကျောက်စာကလည်း ရွှေတောင်ကြီးကို ထောက်ပံ့ပေးထားသည့် ကျောက်စိမ်းထောက်တိုက်ကြီး တစ်ခုအလား ဖြစ်သည်။

တာအိုဆရာယွိတင်၏ တိုက်ခိုက်မှုအောက်တွင် ကျင့်စူး၏ဘဝသည် နိဂုံးချုပ်လုနီးပါးရှိနေပြီ ဖြစ်သည်။

မိုးကောင်းကင်တောင်ဘက်တံခါး အနောက်ဘက်တွင်တော့ သက်တံ့ရောင်စဉ် တိမ်တိုက်တစ်ခု မှိန်ပျပျ လင်းလက်နေသည်။

ထိုတိမ်တိုက်ထက်တွင် ကွေလိရှိနေပြီး သူမက မျက်ရည်ဝဲသည့်မျက်ဝန်းများဖြင့် ကျင့်စူးကို ကြည့်နေလေသည်။

သူတို့ (၂)ယောက်သည် ညီအစ်မအရင်းချာများကဲ့သို့ ချစ်ခင်သူများဖြစ်ကြသည်။

သို့သော်… ယခုအချိန်တွင် ကွေလိသည်လည်း ကျင့်စူးကို သွားရောက်ကယ်တင်နိုင်စွမ်း မရှိပေ။

ခုံရွှမ်း၏ဒဏ်ရာသက်သာပျောက်ကင်းလျှင်တော့ သူမက ကျင့်စူးကို ကူညီပါရန် ခုံရွှမ်းထံတွင် တောင်းဆိုမိမည် ဖြစ်သည်။ သို့သော်… ခုံရွှမ်းက ယခင်လို တန်ခိုးစွမ်းအားများ ပြည့်ဝလာခြင်း မရှိသေးပေ။ ထို့ကြောင့် ကျင့်စူးကို ကယ်တင်ရန် မဖြစ်နိုင်ပေ။

သို့သော်… ဒီအတိုင်း ကျင့်စူး အသက်ပျောက်ရမည်ကို ကွေလိ ကြည့်မနေနိုင်တော့ပေ။ သူမ မည်သည့်နည်းနှင့်မှ ကြည့်မနေနိုင်ပါချေ။

ကွေလိအံတင်းတင်းကြိတ်လိုက်ပြီးသူမ၏ စိတ်နှလုံးထဲတွင် ကြက်သွေးရောင် မီးတောက်တစ်ခု တောက်ပလာသည်။

ထိုမီးတောက်မှ ဘိုးဘေးဇာမဏီငှက်ထံမှ ဆင်းသက်လာသည့် မူလဇာမဏီမီးတောက်ဖြစ်၏။ ကခုန်နေသည့် မီးတောက်သည် အလွန်မှ အသက်ဝင်လှလေသည်။

သို့သော်… ထိုမီးတောက်ကို အသုံးပြုလိုက်သည်နှင့် သူမ အသက်ပျောက်မသွားသည့်တိုင် သတိလစ်မေ့မျောသွားနိုင်လေသည်။

ကွေလိ ပါးစပ်ကိုဟလိုက်ပြီး ဇာမဏီမီးတောက်ကို မှုတ်ထုတ်လိုက်သည်။

ထို့နောက် သူမ ပါးစပ်ကို လက်ဖြင့်အသာ ပြန်အုပ်ထားလိုက်၏။

ဇာမဏီမီးတောက်ကို မှုတ်ထုတ်လိုက်ပြီးသည်နှင့် သူမ၏ နတ်မိစ္ဆာခန္ဓာသည် ရေခဲဂူထဲသို့ကျရောက်သွားသည့်အလား လုံးဝအေးစက်သွားလေသည်။

ကျင့်စူးနှင့်တိုက်ခိုက်နေသည့် တာအိုဆရာယွိတင်က နောက်ဆုံးတိုက်ကွက်ကို ထုတ်ဖော်နေပြီ ဖြစ်သည်။

သို့သော်… ရုတ်တရက် သူ၏ ပခုံးထက်တွင် နာကျင်မှုကို ခံစားလိုက်ရလေ၏။

မည်သည့်နေရာက ပျံသန်းရောက်ရှိလာမှန်းမသိသည့် ကျောက်စာတိုင်တစ်ခုက သူ၏ပခုံးကို လာရောက်ထိမှန်ခြင်း ဖြစ်သည်။

ကျောက်စာတိုင်၏တန်ခိုးစွမ်းအားက မရပ်တန့်နိုင်လောက်အောင် ပြင်းထန်လှသည်။

တစ်ချိန်တည်းမှာပင်… ကွေလိမှုတ်ထုတ်လိုက်သည့် ဇာမဏီမီးတောက်ကလည်း တာအိုဆရာယွိတင်၏ သွေးကြောဆုံချက်နေရာများအားလုံးကို လောင်ကျွမ်းပစ်လိုက်သည်။

တာအိုဆရာယွိတင်၏ နတ်ဘုရားခန္ဓာပျက်စီးသွားပြီ ဖြစ်လေသည်။

သူက သူ့ကိုယ်သူကာကွယ်ရန်အတွက် ဖန်ကူအလံနှင့် ယွမ်စီကျောက်စာကို အလျှင်အမြန် ပြန်ယူလိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ထို့နောက် တာအိုဆရာယွိတင်၏ မြင်ကွင်းထဲသို့ တာအိုဆရာလူငယ်လေးတစ်ယောက် ဝင်ရောက်လာသည်။

ထိုတာအိုဆရာလူငယ်လေးမှာ ဆန်းလျန်မှလွဲပြီး မည်သူဖြစ်နိုင်ပါမည်နည်း။

တာအိုဆရာယွိတင်ကို တိုက်ခိုက်လိုက်သည့် ကျောက်စာတိုင်မှာ သုခဘုံတွင်စိုက်ထူထားသည့် ကျောက်စာတိုင်ပင် ဖြစ်သည်။

ထိုကျောက်တိုင်ကို ဆန်းလျန် ဆွဲနှုတ်ယူလာခဲ့ခြင်း ဖြစ်၏။

ဆန်းလျန်ကို ကြည့်ရသည်မှာ အလွန်တက်ကြွရွှင်လန်းနေဟန်ရှိသည်။ သူက ကွေလိအနားသို့ရောက်သွားပြီး ကွေလိ၏ ပခုံးကို တစ်ချက်ပုတ်ကာ တန်ခိုးစွမ်းအားများ ထည့်သွင်းပေးလိုက်သည်။

ဇာမဏီမီးတောက်ကို အသုံးပြုလိုက်ရသည့်အတွက် ကွေလိ အားအင်ကုန်ခမ်းမသွားစေရန် ဖြစ်၏။

ပြီးမှ သူက တာအိုဆရာယွိတင်ကို ပြုံးပြလိုက်ရင်း…

"တာအိုဆရာယွိတင်ရဲ့ဘဝမှာ တိုက်ပွဲတွေ အများကြီးတိုက်ခိုက်ခဲ့ဖူးမှာပါ ၊ ဒါပေမဲ့ ဒီတစ်ခေါက်တော့ သောပေါင်ထက်တောင် အခြေအနေဆိုးတယ်မဟုတ်လား…"

ဆန်းလျန်၏စကားကြောင့် တာအိုဆရာယွိတင် ဒေါသချောင်းချောင်းထွက်သွားသည်။

ဆန်းလျန်က အတိတ်အကြောင်းအရာများကို ပြန်ပြောနေခြင်း ဖြစ်၏။

အတိတ်တစ်ချိန်က … နတ်ဘုရားညီလာခံတိုင်ပွဲတွင် ကွမ်းချန်ကျီက ဖန်းထျန်းတံဆိပ်တော်ကို အသုံးပြုကာ သောပေါင်ကို ယခုကဲ့သို့ တိုက်ခိုက်ခဲ့ဖူးသည်။

ဖန်းထျန်းတံဆိပ်တော်၏ တန်ခိုးစွမ်းအားက ဖန်ကူအလံလောက် မြင့်မားခြင်း မရှိသော်လည်း ယွမ်စီအထိမ်းအမှတ်ကျောက်စာထက်တော့ သာလွန်လေ၏။

ကွမ်းချန်ကျီ၏ အလစ်ချောင်းတိုက်ခိုက်မှုက သောပေါင်ကို ဒဏ်ရာမရစေခဲ့ပေ။ သို့သော်… ကျင်းရှန်းနတ်ဘုရား (၁၂)ပါးကိုတော့ အကြီးအကျယ် အံ့သြထိတ်လန့်သွားစေခဲ့သည်။

ယခုတော့ ဆန်းလျန်က တာအိုဆရာယွိတင်ကို လှောင်ပြောင်ရန် ထိုဇာတ်ကြောင်းကို ပြန်ပြီးအစဖော်နေလေရာ တာအိုဆရာယွိတင် ဒေါသမထွက်ဘဲ မနေနိုင်ပါချေ။

ဆန်းလျန်က ကွမ်းချန်ကျီထက် တော်သည်မှာ ပြောစရာပင် မလိုပေ။ ထို့ပြင်… တိုက်ခိုက်ရန် သူအသုံးပြုလိုက်သည့် သုခဘုံမှ ကုသိုလ်တရားကျောက်စာတိုင်ကလည်း ယွမ်စီအထိမ်းအမှတ်ကျောက်စာထက် တန်ခိုးစွမ်းအား မြင့်မား၏။

ယွမ်စီထျန်းကျွင်း၏ မျိုးဆက်မှ ဆင်းသက်လာသူတစ်ယောက်အနေဖြင့် တာအိုဆရာယွိတင် ယွမ်စီထျန်းကျွင်းမျက်နှာကို အိုးမဲသုတ်မိပြီ ဖြစ်သည်။

တာအိုဆရာယွိတင် အတွေးလွန်နေစဉ်မှာပင် ကျင့်စူးက ဆန်းလျန်အနားသို့ ရောက်လာသည်။

သူမက ဆန်းလျန်ကို စပ်စုသည့်ဟန်ဖြင့် စူးစိုက်ကြည့်နေလေ၏။

နတ်ဘုရားတို့၏လောကတွင် ဆန်းလျန်က အတော်ဆုံးများထဲမှ တစ်ယောက် ဖြစ်သည်။

သို့သော်.. ဖန်ကူအလံနှင့် ယွမ်စီအထိမ်းအမှတ်ကျောက်စာကို ကိုင်ဆောင်ထားသည့် တာအိုရာယွိတင်ကို တစ်ချက်တည်းဖြင့် တိုက်ခိုက်လိုက်နိုင်သည်က အံ့သြစရာ ကောင်းလှ၏။

သူ၏ပုံစံကလည်း ပေါ့ပါးနေပြီး တာအိုဆရာယွိတင်ကို မျက်စိထဲထားဟန် မရှိပေ။ဆန်းလျန်၏ တိုက်ခိုက်မှုကြောင့် တာအိုဆရာယွိတင်မှာ ဒဏ်ရာပင် ရသွားခဲ့ပြီ ဖြစ်၏။

ထိုအကြောင်းများကို စဉ်းစားရင်း ကျင့်စူး ရင်တုန်ပန်းတုန် ဖြစ်လာသည်။

သူမက လောလောလတ်လတ် ထိပ်တန်းအဆင့်မရဏဓားသိုင်းတစ်ခုကို ကျင့်ကြံအောင်မြင်ထားသည့်တိုင် တာအိုဆရာယွိတင်နှင့်ယှဉ်လျှင် သူမ၏ အဆင့်က မိုးနှင့်မြေပမာ ကွာခြားလွန်းလှသည်။

သို့သော်… ဆန်းလျန်ကတော့ တစ်ချက်တည်းဖြင့် ယွိတင်ကို နှိမ်နင်းလိုက်၏။ ထိုသို့ဖြစ်အောင် မည်သို့တိုက်ခိုက်လိုက်သည်ကိုပင် သူမ နားမလည်နိုင်ပေ။

သို့သော်… သူမကဲ့သို့ပင် တစ်လောကလုံးရှိ နတ်ဘုရားများကလည်း ထိုအကြောင်းကို စဉ်းစားနေကြလေသည်။

ဆန်းလျန်ထွက်ပေါ်လာသည်နှင့် အားလုံးက ဆန်းလျန်ကို အာရုံစိုက်လိုက်ကြသည်။

သို့သော်… နတ်မိစ္ဆာအဓိပတိကြီးကတော့ ထိုအခြေအနေကို အခွင့်ကောင်းယူကာ ရဲ့လျိုယွင်ကို တိုက်ခိုက်လိုက်သည်။

နတ်မိစ္ဆာအဓိပတိကြီး၏ တိုက်ခိုက်မှုကြောင့် တုန်းဟွာတောက်ကျွင်းနှင့် တစ်ဖက်က ရင်ဆိုင်နေရသည့် ရဲ့လျိုယွင်မှာ ထိတ်ထိတ်ပြာပြာ ဖြစ်သွားရသည်။

တုန်းဟွာတောက်ကျွင်းကလည်း တစ်စက်လေးပင် အလျှော့မပေးဘဲ ရဲ့လျိုယွင်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လျှက်ရှိ၏။ သူ့အနေဖြင့် ယနေ့ ရဲ့လျိုယွင်ကို ရှင်းမပစ်နိုင်လျှင် အနာဂတ်တွင် အခွင့်အရေး လုံးဝရတော့မည် မဟုတ်ပေ။

ဆန်းလျန်က သူတို့တိုက်ပွဲကို ဝင်ရောက်စွက်ဖက်မည့်ဟန်မရှိသလို ရဲ့လျိုယွင်ကလည်း ဆန်းလျန်ထံမှ အကူအညီ တောင်းခံမည့်ဟန် မရှိပေ။

သူတို့ (၂)ယောက်လုံးက မာနကြီးကြသူများဖြစ်သည့်အတွက် တစ်ယောက်၏စိတ်ထားကို တစ်ယောက် နားလည်ကြသည်။

ပြင်းထန်သည့် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်လိုက်ရသည့်အခါ ရဲ့လျိုယွင်ထံမှ မထင်မှတ်စွာပင် ရှေးဟောင်းဧကရာဇ် (၅)ပါး၏ တန်ခိုးစွမ်းအားများ ထွက်ပေါ်လာသည်။

လောက၏သင်္ကေတများဖြစ်သော အစိမ်းရောင်နဂါး ၊ ဇာမဏီငှက် ၊ အနက်ရောင်လိပ်နှင့် အဖြူရောင်ကျားတို့၏ ပုံရိပ်များသည် တန်ခိုးစွမ်းအားများနှင့်အတူ ပေါင်းစပ်ထွက်ပေါ်လာသည်။

သို့သော်… နတ်မိစ္ဆာအဓိပတိကြီးနှင့် တုန်းဟွာတောက်ကျွင်း၏ တန်ခိုးစွမ်းအားများကလည်း ရဲ့လျိုယွင်နှင့်အတူ (၁၀)မိုင်ပတ်လည်ကို ထိန်းချုပ်ထားလိုက်သည်။

သူတို့ (၂)ယောက်၏ တန်ခိုးစွမ်းအားများက လောက၏အကန့်အသတ်များအားလုံးကို ဖျက်စီးပစ်တော့မည့်အလား ထင်မှတ်ရသည်။

ရဲ့လျိုယွင်မှာတော့ ဆူနာမီလှိုင်းလုံးကြီးများကြားတွင် ကြံ့ကြံ့ခံကာ ရွက်လွှင့်နေသည့် လှေငယ်လေးတစ်စင်းအလား တိုက်ပွဲကို ဆက်လက်တိုက်ခိုက်နေ၏။

နတ်မိစ္ဆာအဓိပတိကြီး ရဲ့လျိုယွင်ကို လေးစားသွားမိသည်။ ရဲ့လျိုယွင်သည် လောတကစ်ခုလုံးရှိ တာအိုတရားများကို ကျွမ်းကျင်နှံ့စပ်သူ ဖြစ်၏။

ရဲ့လျိုယွင်၏ တန်ခိုးစွမ်းအားအနှစ်သာရသည် သူ၏ ကိုယ်ပိုင်ဖြစ်ပြီး ခွန်ဖိန်အနွယ်တော်များ၏ ပေမင်တန်ခိုးစွမ်းအားထက်ပင် သာလွန်သည်။

ရဲ့လျိုယွင်သည် မိုးနှင့်မြေတွင် ခေတ်အဆက်ဆက်ကံကောင်းခဲ့သည့် ထိပ်တန်းအဆင့် ချင်တိဧကရာဇ်ပင် ဖြစ်သည် မဟုတ်ပါလား။

ရွှမ်တုတောက်ကျွင်း ၊ တိကျန်ဗောဓိသကျနှင့် ဆန်းလျန်ပြီးလျှင် ဟွင့်ယွမ်ဝူကျီအဆင့်သို့ တက်လှမ်းနိုင်မည့် နောက်ထပ်ပုဂ္ဂိုလ်မှာ ချင်တိဧကရာဇ်ဖြစ်လာမည်ကို နတ်မိစ္ဆာအဓိပတိကြီး သေလောက်အောင် စိုးရွံ့မိသည်။

ထို့ကြောင့် ရဲ့လျိုယွင်ကို နှိပ်ကွပ်ထားနိုင်မှ တန်ကာကျမည်ဟု တွေးလိုက်မိ၏။ ကြိုတင်နှိပ်ကွပ်ထားနိုင်မှသာ သူတို့အတွက် လမ်းရှင်းမည် ဖြစ်လေသည်။

ထို့ပြင်… ဆန်းလျန်၏စိတ်ကို နတ်မိစ္ဆာအဓိပတိကြီး မသိရှိနိုင်သော်လည်း ရဲ့လျိုယွင်၏စိတ်ကိုတော့ ခန့်မှန်းနိုင်သည်။

ရဲ့လျိုယွင်က ဆန်းလျန်၏ အကူအညီကို လုံး၀ ရယူမည် မဟုတ်ပေ။

ရဲ့လျိုယွင် အပြင်းအထန် တိုက်ပွဲရင်ဆိုင်နေရစဉ်တွင် ဆန်းလျန်ကတော့ အေးအေးဆေးဆေးပင် ရှိနေ၏။

တာအိုဆရာယွိတင်က ဒေါသကိုထိန်းချုပ်လိုက်ပြီး…

"ဘုရင်ရှစ်ပါးနန်းတော်မှာ စစ်မှန်တဲ့အခြေအနေတစ်ခုကို ကျုပ် မြင်ခဲ့တယ်…"

သူ၏လက်ထဲတွင် ဖန်ကူအလံနှင့် ယွမ်စီအထိမ်းအမှတ်ကျောက်စာကို ကိုင်ထားဆဲ ဖြစ်သည်။ ထို့နောက် သူ၏ နတ်ဘုရားသဏ္ဍန်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့၏။

ဆန်းလျန်ကလည်း တာအိုဆရာယွိတင်ကို တားဆီးခြင်း မရှိပေ။

သူက ကွေလိနှင့် ကျင့်စူးတို့ကို တစ်ချက်ကြည့်လိုက်ပြီး…

"မင်းတို့ (၂)ယောက် ချင်းဆွေထျန်းကောင်းကင်ဘုံမှာ အရင်သွားရှောင်နေလိုက်ကြ…"

ထို့နောက် ဆန်းလျန်က အင်္ကျီလက်တစ်ဖက်ကို ဝေ့ရမ်းလိုက်လေရာ လေပြေတစ်ချက်တိုက်ခတ်လာပြီး မိန်းကလေး (၂)ယောက်ကို ခေါ်ဆောင်သွားလေသည်။

လေပြေက ချင်းဆွေထျန်းကောင်းကင်ဘုံ၏ အတားအဆီးများအားလုံးကို ဖြတ်ကျော်သွားပြီး မိန်းကလေး (၂)ယောက် ချင်းဆွေထျန်းကောင်းကင်ဘုံသို့ ရောက်ရှိလာသည်။

လီချင်းဆွေကလည်း ချင်းဆွေထျန်းကောင်းကင်ဘုံသို့ ပြန်ရောက်နေပြီ ဖြစ်သည်။

သူမက လေထဲတွင် လွင့်မျောလာသည့် ကွေလိနှင့် ကျင့်စူးတို့ကို တစ်ချက်ကြည့်လိုက်ပြီး…

"မင်းတို့ ဒီမှာပဲ ငါနဲပအတူ ဆန်းလျန်ကို စောင့်နေပေါ့…"

ဟု ပြောလိုက်၏။

ကျင့်စူး၏ တန်ခိုးစွမ်းအားများက များစွာတိုးတက်လာပြီး သူမ၏ တိုက်ခိုက်မှုစွမ်းရည်ကလည်း ယန်ကျန်းထက်မသာလျှင်တောင် မလျော့ပေ။

သူမက တာအိုဆရာလီချင်းဆွေကို အကြောက်အလန့်မရှိမေးခွန်းထုတ်လိုက်၏။

"ဆန်းလျန် ဘာလုပ်မလို့လဲ မသိဘူးနော်…"

လီချင်းဆွေ၏ မျက်နှာက အေးစက်သွားသော်လည်း ကျင့်စူးက သူမကို ဒုက္ခပေးမည့်သူမဟုတ်မှန်း သိလိုက်သည်။

"ငါ့အတွက် မီးအိမ် (၂)ခုယူပေးဖို့ ဆန်းလျန်ကို ခိုင်းထားတာ ၊ အခု သူ လုပ်ပေးရမယ့်အချိန်ရောက်ပြီ…"

နဂါးငွေ့တန်းတစ်ဖက်ကမ်းတွင် မတ်တတ်ရပ်နေသည့် ယန်ကျန်းသည်လည်း ဘုရင်ရှစ်ပါးနန်းတော်သို့ ထွက်ခွာလာခဲ့လေသည်။

တာအိုဆရာယွိတင်က သူ့ထက်အရင် ဘုရင်ရှစ်ပါးနန်းတော်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ယန်ကျန်းက စိုးရိမ်တကြီးလေသံဖြင့်…

"ဆရာဦးလေးရွှမ်တု ထွက်သွားတာ ပြန်မရောက်သေးဘူး ၊ ကျုပ်တို့တွေ ဆန်းလျန်ကို တားဆီးနိုင်ပါ့မလား…"

တာအိုဆရာယွိတင်က…

"(၃)ပါးပေါင်းရင် (၁)ပါးဖြစ်တဲ့ ယိချီစန်းချင် ရှိတယ်လေ…"

***

All Chapters