← Chapters

အသေတိုက်ခိုက်ခြင်း

Vol. 10 Ch. 946

အသေတိုက်ခိုက်ခြင်း

Vol. 10 Ch. 946

ဆန်းလျန်သည် ကြမ်းခင်းမပါသည့် လှေငယ်ထက်တွင် ရပ်နေဆဲ ဖြစ်သည်။

ယန်ကျန်းက စူးရှသည့်အကြည့်များဖြင့် ဆန်းလျန်ကိုကြည့်နေပြီး ဆန်းလျန်ကလည်း ယန်ကျန်းကို ပြန်လည်စိုက်ကြည့်နေသည်။ ဆန်းလျန်၏ မျက်ဝန်းများက ယန်ကျန်း၏ မျက်ဝန်းများထက်ပင် ပိုမိုစူးရှတောက်ပနေသေး၏။

ဆန်းလျန်၏ စူးရှသည့်မျက်ဝန်းများက တန်ခိုးစွမ်းအားများနှင့်ပြည့်ဝနေပြီး ရာထောင်ချီသည့် ဓားဝိညာဉ်များဖြင့် တိုက်ခိုက်နေသည့်အလား ထင်မှတ်ရသည်။

ထိုအချိန်မှာပင်… လေထဲတွင် မရေမတွက်နိုင်အောင်များပြားသည့် ယန်ကျန်းများ ထွက်ပေါ်လာပြီး နှစ်ဖက်သွားသုံးမြှောင့်ဓားကို ဝှေ့ရမ်းကာ ဆန်းလျန်ကို တိုက်ခိုက်လိုက်သည်။

ယန်ကျန်း၏ ဓားသိုင်းပညာက ပြိုင်ဘက်ကင်းလေ၏။

သို့သော်… ယန်ကျန်းရင်ဆိုင်ရသည့်သူက အခြးသူမဟုတ်ပေ။ ဆန်းလျန် ဖြစ်လေ၏။

ဆန်းလျန်၏ တန်ခိုးစွမ်းအားကအလွန်မြင့်မားလေရာ ယန်ကျန်း၏ဓားချက်များက ဆန်းလျန်ကို ထိုးဖောက်နိုင်ခြင်း မရှိပေ။

သူ တကယ်ပဲ ဆန်းလျန်နှင့် ရင်ဆိုုင်နေရပြီဟု ယန်ကျန်းသိရှိလိုက်သည်။

ဆန်းလျန် မည်မျှ တန်ခိုးစွမ်းအားမြင့်မားပါစေ သူကတော့ အကောင်းဆုံး ကြိုးစားတိုက်ခိုက်သွားမည်ဟု ယန်ကျန်း ဆုံးဖြတ်လိုက်သည်။

ဆန်းလျန်၏ မျက်ဝန်းများက ခံစားချက်ကင်းမဲ့နေလေသည်။

ယန်ကျန်းဆိုသည်က ကျောက်စိမ်းဝိညာဉ်နန်းတော်၏ တတိယမျိုးဆက်တပည့်များထဲမှ အတော်ဆုံးတပည့်ဖြစ်လေ၏။

ယန်ကျန်းကတော့ သူ့ကိုယ်သူပင် မယုံနိုင်ဖြစ်နေမိသည်။

ဘုရင်ရှစ်ပါးနန်းတေ်ာမှ မီးအိမ်ကိုကိုင်ဆောင်ပြီး သူ ကျင့်စဉ်လမ်း အဆင့်တက်သွားခဲ့ပြီ ဖြစ်လေသည်။ မီးအိမ်မှ ထွန်းလင်းပြသသည့် ဖြစ်နိုင်ချေများကို ယန်ကျန်း အကောင်းဆုံးအသုံးချနိုင်ခဲ့သည်။

သို့သော်… ဆန်းလျန်ကတော့ ထိုအချက်ကို အသိအမှတ်ပြု အလေးအနက်ထားပါမည်လား မသေချာပေ။

ယန်ကျန်း ကျင့်စဉ်လမ်း အဆင့်တက်သွားသော်လည်း ဆန်းလျန်၏ ကြောက်မက်ဖွယ်ရာတန်ခိုးစွမ်းအားများကို ခံစားမိသည့်အခါ အနည်းငယ် စိတ်ဓာတ်ကျသွားမိသည်။

ယန်ကျန်း၏ဓားက ပိုမိုစူးရှထက်မြက်လာသည်။ သူ၏ဓားသွားသည် ဆန်းလျန်၏ စိတ်ဝိညာဉ်ကို ဆူးသွားလေးများအလား ထိုးဖောက်နေလေသည်။ သို့သော်… ဆန်းလျန်ကတော့ တစ်ချက်လေးပင် ထိခိုက်ခံစားရဟန် မရှိပေ။

ဆန်းလျန် သက်ပြင်းတစ်ချက်ချလိုက်ပြီး လက်တစ်ဖက်ကို အသာလေး ဝှေ့ရမ်းလိုက်သည်။

"ဝုန်း…"

များပြားလှစွာသော ယန်ကျန်း၏ ကိုယ်ခွဲများအားလုံးသည်ဆန်းလျန်၏ လက်ထဲသို့ သိမ်းယူခြင်း ခံလိုက်ရလေ၏။

ဆန်းလျန်၏ လက်မှ တန်ခိုးစွမ်းအားပေါက်ကွဲမှုကြီးထွက်ပေါ်လာပြီး ရွှေရောင်တံတားကြီးပင် တုန်ခါသွားလေသည်။

လေထုတစ်ခုလုံး ပရမ်းပတာ ပြိုကွဲသွားပြီး ဘုရင်ရှစ်ပါးနန်းတော်မှ မီးအိမ်သည် လေထုထဲတွင် လွင့်မျောနေသည်။

ဆန်းလျန်က မီးအိမ်ကို လေထုထဲမှ ယူဆောင်လိုက်သည်။

သို့သော်… တာအိုဆရာသခင်ကြီး (၃)ပါး၏ ကိုယ်ပွားပုံရိပ်များက ဆန်းလျန်ကို ချက်ချင်းဝန်းရံလိုက်ကြပြီး စတင်တိုက်ခိုက်လိုက်ကြလေတော့သည်။

ဆန်းလျန်ကလည်း ခေသူမဟုတ်ပေ။

သူက ချက်ချင်းပင် ခေါင်းကိုမော့လိုက်သည်။

ထို့နောက်… လေနှင့်လှိုင်းများကြားတွင် ရွက်လွှင့်နေသည့် ကြမ်းခင်မပါသည့်လှေငယ်သည် ယွိချင်တာအိုဆရာသခင်ထံသို့ တန်းတန်းမတ်မတ်ဝင်ရောက်သွားကာ အရှိန်ဖြင့် တိုက်ခိုက်လိုက်လေတော့သည်။

ဤသည်မှာ ကြီးမားသည့်တိုက်ခိုက်မှုကြီးတစ်ခုဖြစ်ပြီး လောကကြီးတစ်ခုလုံး ပျောက်ကွယ်သွားသည့်အလား ထင်မှတ်ရသည်။

ပရမ်းပတာဖြစ်နေသည့် လေထုထဲတွင် တန်ခိုးစွမ်းအားများ ရုန်းရင်းဆန်ခတ်ဖြင့် ပေါက်ကွဲထွက်သွားသည်။

လောကတစ်ခု မွေးဖွားလာပြီး ချက်ချင်းပြန်လည် ပျက်သုဉ်းသွားသည်။

တာအိုတရားများ ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီး တာအိုသင်္ကေတများ ပျံသန်းထွက်ခွာလာကြသည်။ ဖြစ်ရပ်က ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှလေ၏။

ဆန်းလျန်၏ တာအိုတန်ခိုးစွမ်းအားများ ထည့်သွင်းထားသည့် ကြမ်းခင်းမဲ့လှေငယ်သည် ပရမ်းပတာဖြစ်နေသည့် လေထုထဲသို့ ဆွဲယူစုပ်မြိုခံလိုက်ရလေသည်။

စန်းချင်တာအိုဆရာသခင်ကြီး (၃)ပါးဆိုသည်က အချိန်နှင့်နေရာ ၊ မိုးနှင့်မြေကို ပိုင်ဆိုးနိုင်သူများ ဖြစ်ကြပြီး ကောင်းကင်ကို တံဆိပ်ခတ်နှိပ်ကာ မြေပြင်ကို သော့ခတ်ထားနိုုင်စွမ်းရှိကြသူများဖြစ်သည်။

သူတို့သည် ကိုယ်ပွားပုံတူများဖြစ်သော်လည်း တာအိုဆရာသခင်ကြီးများ၏ တန်ခိုးစွမ်းအား (၃၀)ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားလေရာ ဆန်းလျန်ကို ကောင်းကောင်း တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။

တာအိုဆရာသခင်ကြီး (၃)ပါးသည် ဆန်းလျန်ကို တြိဂံပုံသဏ္ဍန်ဝိုင်းရံထားပြီး ဆန်းလျန်သည် အလယ်ဗဟိုတွင် ပိတ်မိနေလေသည်။

ယိချီစန်းချင်တန်ခိုးစွမ်းအား မည်မျှထူးခြားဆန်းကျယ်သည်ကို ဆန်းလျန် နဖူးတွေ့ ဒူးတွေ့ ကြုံရပြီ ဖြစ်၏။

ရွှမ်တုတောက်ကျွင်း ဤပညာကို ကျင့်ကြံအောင်မြင်သွားပါက ဆန်းလျန်အတွက် ခက်ခဲသည့်အတားအဆီးများကို ကျိန်းသေရင်ဆိုင်ရမည် ဖြစ်သည်။

ယိချီစန်းချင်တန်ခိုးစွမ်းအားသည် ဆန်းလျန်၏ ရှန်းထျန်းဝူထိုက်တန်ခိုးစွမ်းအားထက် အနည်းငယ် သာလွန်၏။

ရွှမ်တုတောက်ကျွင်းသာ ဤထိပ်တန်းတန်ခိုးစွမ်းအားကို ကျင့်ကြံအောင်မြင်သွားပါက ဆန်းလျန်၏ အကြီးမားဆုံးရန်သူတစ်ယောက် ဖြစ်လာပေလိမ့်မည်။

သို့သော်…ရွှမ်တုတောက်ကျွင်းတွင် ယိချီစန်းချင်တန်ခိုးစွမ်းအားကို အောင်မြင်အောင်လေ့ကျင့်နိုင်သည်အထိ အရည်အချင်းမရှိသည်ကတော့စိတ်မကောင်း စရာပင် ဖြစ်၏။

ဆန်းလျန် တာအိုဆရာသခင်ကြီး (၃)ပါးနှင့် ရင်ဆိုင်နေရချိန်တွင် တာအိုဆရာယွိတင်က ယန်ကျန်းကို ကယ်တင်သွားခဲ့သည်။

သို့သော်… ရုတ်တရက် သူ့နှလုံးသားတစ်ခုလုံး အေးစက်သွားသလို ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော်… ဆန်းလျန် မည်မျှအကြင်နာတရားကင်းမဲ့သည်ကို သိလိုက်ရသောကြောင့် ဖြစ်သည်။

သူ၏ချစ်လှစွာသောတပည့်ငယ်၏ ဝိညာဉ်သည် ဆန်းလျန်၏ လက်ဖဝါးထဲသို့ ပါသွားခဲ့ပြီး သူကယ်တင်ခဲ့သည်က ယန်ကျန်း၏ ခန္ဓာကိုယ်သာ ဖြစ်နေခဲ့လေတော့သည်။ ယန်ကျန်းမှာသေဆုံးသွားသူတစ်ယောက်ပမာ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

တာအိုဆရာယွိတင်၏ မျက်ဝန်းများက မီးဝင်းဝင်းတောက်နေပြီးဆန်းလျန်ကို ထောင်ပေါင်းများစွာသော ဓားများဖြင့် ထိုးစိုက်ပစ်ချင်မိသည်။

သို့သော်… ယခု စန်းချင်တာအိုဆရာသခင်ကြီးများ ဆန်းလျန်ကို ဝိုင်းထားသည့်အတွက် တာအိုဆရာယွိတင်အနေဖြင့် ဝင်ရောက်တိုက်ခိုက်ရန် မဖြစ်သေးပေ။

သူက လက်ထဲတွင် ဖန်ကူအလံကို အဆင်သင့်ကိုင်ထားပြီး ဆန်းလျန် အရံအတားကို ထိုးဖောက်ထွက်လာသည်နှင့် နာကျင်ခံစားရအောင် တစ်ချက်တည်းတိုက်ခိုက်ပစ်ရန် အသင့်ပြင်ထားလိုက်သည်။

ဆန်းလျန်ကတော့ တာအိုဆရာယွိတင်ကို အရေးမစိုက်အားပေ။ သူက တာအိုဆရာသခင်ကြီး (၃)ပါး၏ အရံအတားကို ထိုးဖောက်ထွက်ရန် အာရုံစိုက်နေလေသည်။

တာအိုဝါဒမှ စန်းချင်တာအိုဆရာသခင်ကြီး (၃)ပါးကို ဗုဒ္ဓစာပေများထဲတွင် ဟန်ကိုယ်တော် (၃)ပါး ၊ စုကိုယ်တော် (၃)ပါး ဟူ၍ ဖော်ပြကြသည်။

ထို့ကြောင့် စန်းချင်တာအိုတရာသခင်ကြီး (၃)ပါးသည် ထင်ရှားသည့်အဓိပ္ပါယ်ရှိပြီး အရာအားလုံးကို ကိုယ်စားပြုသည်ဟု ဆိုနိုင်သည်။ မဟုတ်ပါက တာအိုဆရာသခင်ကြီး (၃)ပါးကို တခုတ်တရနှင့် အလေးအနက်ထားကာ ပြောဆိုကြမည် မဟုတ်ပေ။

တြိဂံသည်သည် ခိုင်မာသည် တည်ဆောက်ပုံဖြစ်သည်။ ထို့ကြောင့် တာအိုဆရာသခင်ကြီး (၃)ပါးက ဆန်းလျန်ကို တြိဂံပုံသဏ္ဍန်ဝန်းရံထားသည့်အခါ ဆန်းလျန်သည် အရမ်းကာရော ထိုးဖောက်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ မဟုတ်ပါက သူ့အနေဖြင့် ဒုက္ခရောက်သွားနိုင်သည်။

သို့သော်… ယခုအချိန်တွင် ဆန်းလျန်ကိုယ်တိုင်သည်လည်း ထိပ်တန်းတစ်ယောက်ဖြစ်နေပြီ ဖြစ်လေရာ ထိုးဖောက်ထွက်ရန်နည်းလိမ်းကိုတော့ စဉ်းစားနိုင်စွမ်းရှိ၏။

ဆန်းလျန်၏ လက်ထဲတွင် ဓားတစ်လက် ပေါ်လာလေသည်။ ထိုဓားက "ယွမ်တုဓား" ဖြစ်လေ၏။

ထို့နောက်ပတ်ဝန်းကျင်တစ်ခုလုံးမှ သံသရာပင်လယ်ရေပြင်သည် ချက်ချင်းပင် အသူရာချောက်မှ သွေးနီရောင်ပင်လယ်အဖြစ် ပြောင်းလဲသွားလေတော့၏။

ထိုအချိန်မှာပင်…  တာအိုဆရာသခင်ကြီး (၃)ပါး၏ ကိုယ်ပွားများက သွေးနီရောင်ပင်လယ်ကိုထိုးဖောက်ကာ ဆန်းလျန်၏ သွေးကြောဆုံချက်နေရာများကို တိုက်ခိုက်လိုက်ကြသည်။

ယွမ်တုဓားသည် ရန်သူများ၏ တန်ခိုးစွမ်းအား အရှိန်အဟုန်ကို ခံစားမိသည်နှင့် ဓားရောင်အနည်းငယ် မှေးမှိန်သွားသည်။

သို့သော်… ဆန်းလျန်က စိတ်ဓာတ်ကျသွားခြင်း မရှိပေ။ သူ့လက်ထဲတွင် ဓားကိုဆုပ်ကိုင်ထားလေသည်။

သူက ကြောက်မက်ဖွယ်ရာဓားတစ်လက်ဖြင့် အထက် ၊ အောက် ၊ ဘယ် ၊ ညာ လုပ်ရိုးလုပ်စဉ်အတိုင်း တိုက်ခိုက်ခြင်းကို မပြုလုပ်ပေ။

ဆန်းလျန်က ထောင့်ဖြတ်တိုက်ခိုက်လိုကပြီး ဓားသွားက စန့်ချင်တာအိုဆရာသခင်ရှိရာသို့ ဦးတည်လိုက်သည်။

တိုက်ခိုက်မှုနည်းလမ်းများထဲတွင် ထိုးဖောက်ထွက်လိုသည့်အခါ ရန်သူ၏ အင်အားအပြင်းထန်ဆုံးနေရာကို တိုက်ခိုက်ရသည်ဟု ပါလေသည်။

ထို့ကြောင့် ဆန်းလျန်က အရံအတား၏ အင်အားအပြင်းထန်ဆုံးနေရာဖြစ်သည့် စန့်ချင်တာအိုဆရာသခင်ကို တိုက်ခိုက်ရန် ရွေးခြယ်လိုက်ခြင်း ဖြစ်၏။ သို့သော်… ထိုသို့တိုက်ခိုက်သည်ကာ ပါးနပ်သည့်တိုက်ကွက်တစ်ခု မဟုတ်သည်ကို ဆန်းလျန် သိရှိပြီးသား ဖြစ်သည်။

စန့်ချင်တာအိုဆရာသခင်က ဆန်းလျန်၏ဓားချက်ကို ခုခံရန်အတွက် ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့် ကျေက်စိမ်းကျိုင်းတံကို ကိုင်မြှောက်လိုက်သည်။

အင်အားကြီးသည့်ရန်သူဖြင့်တိုက်ခိုက်ရာတွင် တည်ငြိမ်ရန်လည်းလိုအပ်သလို ဉာဏ်နီဉာဏ်နက်သုံးပြီး ပါးပါးလွှာလွှာဖြင့် တိုက်ခိုက်ရန်လည်း လိုအပ်သည်။

ယွမ်တုဓားသည် စက်ဝိုင်းပုံသဏ္ဍန်လည်ပတ်ပြီး ဓားထိပ်ဖျားက လေထုထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး ကျောက်စိမ်းကျိုင်းတံကို ရိုက်ချလိုက်တော့မည့်ဟန်ဖြစ်သည်။

သို့သော်… ဆန်းလျန် ထိုသို့ မပြုလုပ်ခဲ့ပေ။

စန့်ချင်တာအိုဆရာသခင်က ဆန်းလျန်၏ ဓားချက်ကို ကျောက်စိမ်းကျိုင်းတံဖြင့် ရိုက်ချလိုက်သည်နှင့် တစ်ပြိုင်နက် ဆန်းလျန်က ဘေးသို့ ခုန်ဆုတ်ကာ တိမ်းရှောင်လိုက်ပြီး သူ့အနောက်သို့တိုးကပ်လာသည့် ယွိချင်တာအိုဆရာသခင်ကို လက်နောက်ပြန်ဓားဖြင့် ထိုးစိုက်ချလိုက်သည်။

သူ၏တိုက်ခိုက်ဟန်က သပ်ရပ်လွန်းသည့်အတွက် မသိလျှင် ယွိချင်တာအိုဆရာသခင်ကပင် ဆန်းလျန်၏ ဓားရှိရာသို့ တိုးဝင်လာသည့်အလား ထင်မှတ်ရသည်။

အမှန်တော့ ပါးပါးလွှာလွှာနှင့် တိုက်ခိုက်မည်ဆိုလျှင် ရန်သူအချင်းချင်းကို ပြန်ပြီးရန်တိုက်ပေးခြင်းဖြင့် မိမိ၏ စစ်သည်တော်များအဖြစ် ပြောင်းလဲပစ်နိုင်သည်။

ဆန်းလျန်အနေဖြင့် ယိချီစန်းချင်တန်ခိုးစွမ်းအားဖြစ်သည့် တာအိုဆရာသခင်ကြီး (၃)ပါး၏ ကိုယ်ပွားပုံရိပ်များဖြင့် ရင်ဆိုင်ရသည်မှာ မလွယ်ကူခဲ့ပေ။

သို့သော်… လွယ်သည်ဖြစ်စေ မလွယ်သည်ဖြစ်စေ ဆန်းလျန်က မိုးကိုဒူးနှင့်တိုက်ဆိုလည်း တိုက်မည့်သူဖြစ်သည်။ မီးပင်လယ်ကို ဖြတ်ဆိုလျှင်လည်း ဖြတ်မည့်သူ ဖြစ်သည်။

တကယ့်တာအိုဆရာသခင်အစစ်များနှင့် ရင်ဆိုင်ရလျှင်တော့ ဆန်းလျန်က အနုနည်းကို အသုံးပြုပေလိမ့်မည်။ သို့သော်… ကိုယ်ပွားပုံရိပ်များကိုတော့ အရေးစိုက်နေစရာ အကြောင်းမရှိပေ။

ယိချီစန်းချင်တန်ခိုးစွမ်းအားက အလွန်စွမ်းအားကြီးမားသော်လည်း ဟာကွက်များစွာရှိပြီး ထိုဟာကွက်များထဲမှတစ်ခုမှာ လျှင်မြန်မှုမရှိဘဲ နှေးကွေးလွန်းခြင်း ဖြစ်လေ၏။

ဤသို့ဖြစ်ရသည်မှာ ရွှမ်တုတောက်ကျွင်းက ယိချီစန်းချင်ပညာကို အပြည့်အဝကျင့်ကြံအောင်မြင်ခြင်း မရှိသေးသောကြောင့်လည်း ဖြစ်လေသည်။ ကျင့်ကြံအောင်မြင်ခဲ့လျှင်တော့ ဤကိုယ်ပွား (၃)ခုသည် အလွန်ပင် အစွမ်းထက်မြက်မည်ဖြစ်သည်။

သူတို့တွင် ကိုယ်ပိုင်ဝိညာဉ်စွမ်းအားများရှိပြီး တာအိုနှင့်လည်း ကာရံညီလေသည်။

ယွိချင်တာအိုဆရာသခင် ဓားဖြင့်ထိုးစိုက်ခံလိုက်ရသည့်အတွက် သူ၏ခန္ဓာကိုယ်တွင် အပေါက်ကြီး ဖြစ်သွားလေသည်။

ထိုအချိန် စန့်ချင်တာအိုဆရာသခင်က ဆန်းလျန်ကို ကျောက်စိမ်းကျိုင်းတံဖြင့် ရိုက်ချလိုက်သည်ကို ဆန်းလျန်က ရှောင်တိမ်းလိုက်သည့်အတွက် ဘေးဘက်မှ ဆန်းလျန်ကို တိုက်ခိုက်ရန်ဝင်ရောက်လာသည့် ထိုက်ချင်တာအိုဆရာသခင်ကို ရိုက်နှက်မိသွားလေသည်။

ထိုသို့ဖြင့်… တာအိုဆရာသခင်ကြီး (၃)ပါး အချင်းချင်း ပြန်လည်တိုက်ခိုက်မိကြစေရန် ဆန်းလျန် အပြည့်အ၀ လုပ်ဆောင်နိုင်ခဲ့သည်။

ထိုသို့ဖြစ်လာနိုင်သည်ဟု ယူဆသည့်အတွက်လည်း ဆန်းလျန်က လှည့်ကွက်လေးအနည်းငယ် သုံးလိုက်ခြင်း ဖြစ်သည်။

ထို့နောက် ဆန်းလျန်ထံမှ တန်ခိုးစွမ်းအားများစွာ ထွက်ပေါ်လာပြီး ယွမ်တုဓားဝိညာဉ်က အရပ် (၁၀)မျက်နှာလုံးသို့ ပျံ့နှံ့သွားသည်။

တာအိုဆရာယွိတင်က ထိုသို့ဖြစ်သွားလိမ့်မည်ဟု ထင်မှတ်မထားမိပေ။

သူက တာအိုဆရာသခင်ယွိတင်နှင့် စန့်ချင်တာအိုဆရာသခင်တို့ အတန်ကြာတိုက်ခိုက်ကြလိမ့်မည်ဟု ထင်ထားမိသည်။ သို့သော်… ယခုတော့ ဆန်းလျန်က အချိန်တိုအတွင်းမှာပင် ယိချီစန်းချင်၏ တြိဂံပုံသဏ္ဍန်အရံအတားကို ဖြိုခွင်းပစ်လိုက်ပြီ ဖြစ်သည်။

ထိုအချိန်မှာပင်…လောကတစ်ခုလုံးကို တုန်လှုပ်သွားစေသည့် ဓားဝိညာဉ်တစ်ခုထွက်ပေါ်လာပြီး ကြီးမားသည့် ယိချီစန်းချင်အရံအတားတစ်ခုလုံးကို ဖျက်စီးပစ်လိုက်လေသည်။

ထို့နောက် စန်းချင်တာအိုဆရာသခင်ကြီး (၃)ပါးလည်း တစ်ပြိုင်တည်း ပျောက်ကွယ်သွားတော့၏။

တာအိုဆရာယွိတင် အလွန်ကြောက်လန့်သွားပြီး ဖန်ကူအလံကို ချက်ချင်းကိုင်မြှောက်လိုက်သည်။ လေထုတစ်ခုလုံး ဖရိုဖရဲဖြစ်သွားပြီး ဖန်ကူအလံသည် ဓားတစ်လက်ပုံသဏ္ဍန်ပြောင်းလဲသွားကာ ဆန်းလျန် ရှိရာသို့ ပျံသန်းထွက်ခွာသွားလေသည်။

ဓားက ဆန်းလျန်ရှိရာသို့ ဝင်ရောက်လာသည့်အခါ ဓားဝိညာဉ် (၃၆)ခု ခွဲဖြာထွက်ပေါ်လာလေသည်။

တာအိုဆရာယွိတင်၏ မျက်နှာသည်လည်း ချက်ချင်းပင် ပင်ပန်းနွမ်းနယ်သည့်ဟန် ဖြူဖပ်ဖြူလျော် ဖြစ်သွားသည်။သူ၏တန်ခိုးစွမ်းအားများအားလုံး အသုံးပြုလိုက်ရဟန် ရှိ၏။

သို့သော်… တာအိုဆရာယွိတင် မည်သည့်အရာကိုမှ အရေးမစိုက်တော့ပေ။

သူ့ကိုသတ်ဖြတ်ရန် ဝင်ရောက်လာသည့် ဓားဝိညာဉ်များကို တွေ့မြင်လိုက်သည်နှင့် ထိုဓားဝိညာဉ်များက တာအိုဆရာသခင်ကြီးတစ်ပါး၏ ရတနာပစ္စည်းဖြစ်သည်ကို ဆန်းလျန် ချက်ချင်းသိလိုက်သည်။

ထို့ကြောင့် သူ ပေါ့ပေါ့ဆဆ သဘောမထားရဲပေ။

ယွမ်တုဓားက ချက်ချင်းပင် ပျံသန်းထွက်ခွာသွားပြီး ပထမဆုံး ဓားဝိညာဉ်ကို ထိုခုတ်လိုက်သည်။ ခဏကြာတိုက်ခိုက်ပြီးနောက် ဓားဝိညာဉ်က ပျက်စီးသွားလေသည်။

ဓားဝိညာဉ် (၂၂)ခုကို တိုက်ခိုက်ပြီးနောက် ယွမ်တုဓားမှ ဓားခြိမ်းသံတစ်ချက်ထွက်ပေါ်လာပြီး ဓားပေါ်တွင် အက်ကြောင်းတစ်ခု ထင်လာသည်။

ဆန်းလျန် ရှေ့သို့ ဖြေးဖြေးချင်းတိုးလာပြီး ယွမ်တုဓား၏ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။

ထို့နောက် လက်ညှိုးနှင့်လက်ခလယ်ကို လေထုထဲသို့ ထိုးညွှန်လိုက်သည့်အခါ ဓားသွားပုံသဏ္ဍန်အသွင်ပြောင်းသွားပြီး ဆန်းလျန်၏ လက်ချောင်းဓားသည် ကျန်ရှိနေသေးသည့် ဓားဝိညာဉ်များရှိရာသို့ ဝင်ရောက်သွားလေတော့သည်။

***

All Chapters