← Chapters

အခန်း (၁၆၁-၁၆၂)

Vol. 17 Ch. 161-162

အခန်း (၁၆၁-၁၆၂)

Vol. 17 Ch. 161-162

အပိုင်း (၁၆၁) ငါးမျှားခြင်း

ပိုင်ချူးရန်သည် ထိုအက်ကွဲကြောင်းထဲ၌ ဘေးတစောင်းဖြင့် အတင်းတိုးကာ ရှေ့သို့ ဖြည်းညင်းစွာ သွားနေရ၏။ တစ်ဖက်တစ်ချက်ရှိ ကျောက်နံရံများက သူ့အား အသေကြိတ်ချေပစ်တော့မည့်အလား တဖြည်းဖြည်း ကျဉ်းကြပ်လာပြီး ပုံမှန်မဟုတ်သော ဖိအားများ ပေးလျက်ရှိသည်။

ထူးဆန်းသော ဝါသနာရှိသူများအတွက်မူ ဤသို့ အညှစ်ခံရသည့် ခံစားချက်ကို သဘောကျကောင်း ကျနိုင်ပေမည်။ သို့သော် ပိုင်ချူးရန်ကမူ လုံးဝ စက်ဆုပ်ရွံရှာလှ၏။ အမှန်တကယ်တော့ သူသည်းခံနေသည်မှာ အတော်လေး ကြာမြင့်နေပြီဖြစ်သည်။ အကယ်၍ ဤနေရာကို ဖျက်ဆီးလိုက်ပါက ဂူတစ်ခုလုံး ပြိုကျသွားမည်ကိုသာ မစိုးရိမ်ရလျှင် ယခုအချိန်ဆို သူ အကြမ်းပတမ်း လမ်းရှင်းပစ်လိုက်ပြီ ဖြစ်၏။

ထိုသို့ ကျဉ်းကျပ်နေသော လမ်းလေးထဲ၌ အတန်ကြာ ဆက်လျှောက်လာပြီးနောက် အဆုံးတွင်တော့ ပိုင်ချူးရန်၏ရှေ့၌ အလင်းရောင်တစ်ခု ထွက်ပေါ်လာကာ ထွက်ပေါက်ကို မြင်လိုက်ရ၏။ ထိုထွက်ပေါက်ကား ကျောက်တုံးကြီးတစ်ခုကြားရှိ ဒေါင်လိုက်အက်ကွဲကြောင်းတစ်ခုမျှသာ ဖြစ်နေသည်။

အကယ်၍ အထူးကျင့်စဉ် တစ်ခုခုကို လေ့ကျင့်ထားသူ မဟုတ်ဘဲ ထိုနေရာမှ အတင်းတိုးထွက်ရန် ကြိုးစားပါက ကျင့်ကြံသူတစ်ဦးပင်ဖြစ်လင့်ကစား ပြင်းထန်သော နာကျင်မှုကို ခံစားရမည်မှာ အသေအချာပင် ဖြစ်၏။

"..."

ပိုင်ချူးရန် သက်ပြင်းတစ်ချက် ချလိုက်၏။

"မင်းတို့က ကျုပ်ကို အကြမ်းသုံးဖို့ ဖိအားပေးနေတာပဲ..."

သူ ချီစွမ်းအင်များကို စုစည်းလိုက်ပြီး လှုပ်ရှားရန် နေရာလွတ် လုံးဝမရှိတော့သည့် လမ်းကျဉ်းလေးထဲ၌ ခန္ဓာကိုယ်ကို အတင်းအဓမ္မ လှည့်လိုက်၏။ သူ၏ ပခုံးနှစ်ဖက်က တစ်ဖက်တစ်ချက်ရှိ ကျောက်နံရံကြီးများကို အတင်းတွန်းဖြဲလိုက်ရာ ပတ်ဝန်းကျင်ရှိ ကျောက်သားများပါ ကြိတ်ချေခံလိုက်ရပြီး ကျောက်ခဲစများက သူ၏ ခြေအောက်သို့ ပြိုကျလာတော့သည်။

ထို့နောက် သူ ထိုအက်ကွဲကြောင်းကို မျက်နှာမူလိုက်၏။ သူ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် တစ်ဖက်တစ်ချက်ရှိ ကျောက်နံရံကြီးများမှာ အတင်းအဓမ္မ တွန်းဖယ်ခံလိုက်ရပြီး လူတစ်ယောက် ကောင်းစွာ လျှောက်နိုင်မည့် ကျယ်ဝန်းသော လမ်းကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"ဘုန်းးး" ဟူသော ကျယ်လောင်လှသည့် အသံကြီးနှင့်အတူ ကျောက်နံရံအက်ကွဲကြောင်း၏ ထွက်ပေါက်၌ ဧရာမ လူပုံစံအပေါက်ကြီးတစ်ခု ထွက်ပေါ်လာ၏။ ပိုင်ချူးရန်က ထိုအပေါက်ထဲမှ လျှောက်ထွက်လာပြီး သူ၏ ပခုံးပေါ် ကျလာသော ဖုန်မှုန့်များကို အသာခါချလိုက်ကာ ရှေ့သို့ လှမ်းကြည့်လိုက်သည်။

သူ၏ ရှေ့မှောက်၌ကား မီးလောင်ကျွမ်းထားသဖြင့် ပြာကျနေသော မြေပြင်ကြီးတစ်ခုရှိနေပြီး မြေသားများက အက်ကွဲနေကာ ထိုအက်ကွဲကြောင်းများထဲမှ မီးတိုင်ကြီးများက ရံဖန်ရံခါ ပန်းထွက်နေလျက်ရှိသည်။ အလွန်ပြင်းထန်လှသော အပူချိန် ၊ မီးခိုးငွေ့များနှင့် မီးတောက်များက ထိုနယ်မြေကြီးတစ်ခုလုံးကို ကြီးစိုးထားလျက်ရှိနေ၏။

ဤမီးတောက်များသည် သာမန်မီးတောက်များ မဟုတ်ကြပေ။ အနည်းဆုံးတော့ ကျင့်ကြံသူများ သာမန်မီးတောက်များကို ကာကွယ်ရန် အသုံးပြုလေ့ရှိကြသည့် မီးရှောင်ကျင့်စဉ်များက ဤမီးတောက်များကို ခုခံနိုင်စွမ်း လုံးဝမရှိချေ။

သူ ထိုမီးလောင်ကျွမ်းနေသော မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် ကောင်းကင်ယံမှ မီးတောက်နေသော အရာများ ကျဆင်းလာ၏။ မီးဟုန်းဟုန်းတောက်လောင်နေသော ဥက္ကာပျံကြီးများ မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး ပြင်းထန်လှသော ငလျင်လှိုင်းများနှင့်အတူ မြေအောက်မီးများကိုပါ ပေါက်ကွဲထွက်လာစေတော့သည်။

လမ်းတစ်ဝက်ခန့်အရောက်တွင် မြင်ကွင်းက ရုတ်တရက် ထပ်မံပြောင်းလဲသွားပြန်၏။ မြေအောက်မီးများ ပျောက်ကွယ်သွားပြီး မီးလောင်ကျွမ်းနေသော မြေပြင်သည် ဆီးနှင်းများ၊ ရေခဲများဖြင့် ဖုံးလွှမ်းသွားတော့သည်။

ပတ်ဝန်းကျင်၏ အပူချိန်မှာလည်း ချက်ချင်းဆိုသလိုပင် ထိုးကျသွားကာ ပူပြင်းလှသော နွေရာသီ နေပူကျဲကျဲအောက်မှနေ၍ အဲယားကွန်း အပြည့်ဖွင့်ထားသော အခန်းထဲသို့ ရုတ်တရက် ဝင်ရောက်သွားရသည့်အလား ခံစားလိုက်ရတော့၏။

ကောင်းကင်ယံ၌ ငန်းမွေးများသဖွယ် ကြီးမားသော နှင်းပွင့်ကြီးများနှင့် နှင်းမုန်တိုင်းများ သောင်းကျန်းနေပြီး မိုးသီးများနှင့် ရေခဲပွင့်များကလည်း ရံဖန်ရံခါ ကျဆင်းနေ၏။ အစောပိုင်းက မီးတောက်များကဲ့သို့ပင် ဤရေခဲနှင့် ဆီးနှင်းများသည် သာမန်အရာများ မဟုတ်ကြချေ။

အကယ်၍ ကျင့်ကြံသူတစ်ဦး ဤနှင်းတောထဲတွင် လမ်းလျှောက်မည်ဆိုလျှင်ပင် အခြေခံအုတ်မြစ် မခိုင်မာပါက ပြင်းထန်လှသော အအေးလောင်ဒဏ်ကို ခံစားရမည်မှာ အသေအချာပင် ဖြစ်သည်။

"ဆိုတော့... ဒါက သူတို့ပြောပြောနေတဲ့ ဘဝရဲ့ ဆင်းရဲဒုက္ခဆိုတာပဲ ဖြစ်ရမယ်"

သေချာသည်ကတော့ အအေးဒဏ်ဖြစ်စေ ၊ အပူဒဏ်ဖြစ်စေ သို့မဟုတ် ယင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် ပြင်းထန်သော အပူချိန်ကွာဟချက်ဖြစ်စေ မည်သည့်အရာကမှ ပိုင်ချူးရန်အပေါ် သက်ရောက်မှု မရှိနိုင်ချေ။ ထို့အစား သူက အပျော်ခရီးထွက်လာသည့်အလား ပတ်ဝန်းကျင်ရှိ မြင်ကွင်းများကို ငေးမောကြည့်ရှုရင်း အေးအေးလူလူပင် လမ်းလျှောက်နေ၏။

"ဒီနေရာက အပူနဲ့ အအေးရဲ့ နာကျင်မှုဆိုတော့... အစောက တစ္ဆေခြောက်ခံရသလို ထူးဆန်းပြီး ကျဉ်းကျပ်နေတဲ့ လမ်းကြောင်းက ကလေးမွေးဖွားခြင်းရဲ့ နာကျင်မှုကို ပုံစံတူ ဖန်တီးထားတာပဲ ဖြစ်ရမယ်... မှတ်မှတ်ရရဆိုရင် ဧရာမလက်ကြီးရဲ့ နာကျင်မှုဆိုတာလည်း ရှိရဦးမှာ မဟုတ်ဘူးလား..."

နောက်ထပ် မိုင်အနည်းငယ်ခန့် ဆက်လျှောက်သွားပြီးနောက်တွင်တော့ ပိုင်ချူးရန်သည် သူ မျှော်လင့်ထားသည့် ဧရာမလက်ကြီး၏ နာကျင်မှုဆိုသည်ကို မြင်တွေ့လိုက်ရတော့သည်။

ဤနေရာ၌ အမွေးရှည်ကြီးများ ဖုံးလွှမ်းနေသော ဧရာမ သားရဲဖြူကြီးတစ်ကောင်ရှိနေ၏။ မျောက်ဝံတစ်ကောင်နှင့် တူပြီး ဧရာမလက်ကြီး တစ်စုံကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ထိုသားရဲကြီးသည် လမ်း၏ အလယ်တည့်တည့်တွင် ရပ်နေကာ အရပ်အမောင်းမှာ ပေပေါင်းများစွာ မြင့်မား၏။ အဝေးမှကြည့်လျှင် အဖြူရောင် တောင်ကုန်းငယ်တစ်ခုနှင့်ပင် တူနေလျက်ရှိသည်။

အခန်း (၁၆၂) ငါးမျှားခြင်း [၁]

လမ်းထက်၌ ရပ်နေသော ပိုင်ချူးရန်ကို မြင်တွေ့လိုက်ရသည်နှင့် ထိုဧရာမသားရဲကြီးမှာ ဟိန်းဟောက်လာတော့၏။

ထို့နောက် မြေကြီးများနှင့် တောင်တန်းများကိုပင် လှုပ်ခတ်စေနိုင်သော ခြေလှမ်းကျဲကြီးများဖြင့် ပြေးဝင်လာကာ ဧရာမလက်ဝါးကြီးကို ဆန့်တန်း၍ ပိုင်ချူးရန်ရှိရာသို့ လှမ်းဆွဲလေ၏။

လက်ဝါးကြီးသည် ပိုင်ချူးရန်အထက်ရှိ ကောင်းကင်တစ်ခွင်လုံးကို ဖုံးအုပ်သွားမည့်အလား အုပ်မိုးသွားတော့သည်။ သို့သော် နောက်တစ်စက္ကန့်ပင်မခြားလိုက်ပဲ သားရဲကြီးထံမှ နာကျင်စွာ အူလိုက်သော အသံကျယ်ကြီး ထွက်လာ၏။

တူဖြင့် အထုခံလိုက်ရသည့် ဖန်တုံးတစ်တုံးပမာ သားရဲကြီး၏ လက်မောင်းကြီးမှာ ကြေမွသွားပြီး ပွင့်ထွက်လာသော ဒဏ်ရာများထဲမှ အပြာရောင်သွေးများ ပန်းထွက်လာသည်။

ပိုင်ချူးရန်ကို ဖမ်းဆီးရန် ထိုသားရဲကြီး အအသုံးပြုလိုက်သော အင်အားသည် သာမန် ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦးပင် ခံနိုင်ရည်ရှိမည့် ပမာဏထက် ကျော်လွန်၏။ ထို့ကြောင့်ပင် ပိုင်ချူးရန်ကလည်း တုံ့ဆိုင်းနေခြင်းမရှိဘဲ ချက်ချင်း တန်ပြန်တိုက်ခိုက်လိုက်ခြင်းဖြစ်၏။

"မင်းရဲ့ ညစ်ပတ်နေတဲ့ လက်တွေနဲ့ ငါ့ကို လာမထိစမ်းနဲ့... အရိုင်းအစိုင်းကောင်"

ပိုင်ချူးရန်သည် ရွံရှာစွာ မျက်မှောင်ကြုတ်လိုက်ပြီး သူ့ သိုလှောင်အိတ်ထဲမှ သံဓားတစ်လက်ကို ဆွဲထုတ်လေသည်။

လျှပ်တစ်ပြက်ဆိုသလို ဓားခုတ်ချက်ကို ဝေ့ယမ်းလိုက်ပြီးနောက် ဓားသွားမှာ ထိုခုတ်ချက်ကြောင့် ကျိုးသွားသဖြင့် ဓားရိုးအား ဘေးသို့ လွှင့်ပစ်လိုက်သည်။ ထို့နောက် ထက်ပိုင်းပြတ်သွားသော ဧရာမသားရဲကြီး၏ အလောင်းကို ရှောင်ကွင်းကာ ရှေ့သို့ ဆက်လျှောက်လာလေ၏။

သို့သော် ထူးဆန်းစွာပင် ထိုဧရာမသားရဲကြီး၏ရုပ်အလောင်း မြေပြင်ပေါ်သို့ ခေတ္တမျှ လဲကျသွားပြီးနောက် ရုတ်တရက်ဆိုသလို အလင်းစက်များဖြစ်သွားပြီး လေထဲသို့တိုး၀င်ကာ ပျောက်ကွယ်သွားခြင်းပင်။

"စိတ်ဝင်စားစရာပဲ။ ငါက ဒီမှာကျက်စားတဲ့ သာမန်သားရဲတစ်ကောင်လို့ ထင်နေတာ။ သိုင်းပညာနဲ့ ဖန်တီးထားတဲ့ အရာဖြစ်နေမယ်လို့ မထင်ထားဘူး"

အလင်းစက်များအဖြစ် လွင့်စင်ပျောက်ကွယ်သွားသော သားရဲကြီးရှိခဲ့ရာ နေရာကို တစ်ချက် လှည့်ကြည့်လိုက်ပြီးနောက် ပိုင်ချူးရန်သည် မျှော်လင့်ချက်များ ပိုမိုကြီးထွားလာကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းလေ၏။

မှော်ဆန်လှသော လျှို့ဝှက်ချက်များစွာကို ပိုင်နိုင်ထားသည့် မြေကမ္ဘာအင်မော်နယ် တစ်ပါးသာလျှင် သူ၏ ထူးဆန်းသော ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ကိုက်ညီမည့် ကျင့်စဉ်တစ်ခုခုကို ပိုင်ဆိုင်ထားနိုင်ပေမည်။ ထိုကျင့်စဉ်ကသာ သူ့အား အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်စေပြီး အင်မော်တယ်နယ်မြေ၏ တံခါးဝသို့ အမှန်တကယ် ဝင်ရောက်နိုင်စေမည် ဖြစ်သည်။

ဗုဒ္ဓဘာသာကျမ်းဂန်များ၌ ဖော်ပြထားသည့် ဘဝဆင်းရဲဒုက္ခများထဲမှ နာကျင်ဖွယ် စမ်းသပ်မှုသုံးခုကို ဖြတ်ကျော်ပြီးနောက်တွင်တော့ ပိုင်ချူးရန်သည် ဤလမ်း၏ အဆုံးသတ်ကို အဆုံး၌ မြင်တွေ့လိုက်ရ၏။

သူ၏ ရှေ့မိုင်အနည်းငယ်အကွာတွင် လမ်းကလေးတစ်လမ်းသည် ဆီးနှင်းပြင်များအကြားမှ ထင်ရှားစွာရှိနေကာ ၎င်း၏အဆုံးတစ်ဖက်သည်တော့ ထူထပ်ပိတ်ဆို့နေသော မြူခိုးများထဲသို့ တိုးဝင်ပျောက်ကွယ်နေသဖြင့် မမြင်ရချေ။

ထိုစဉ် ပိုင်ချူးရန်၏ နားထဲသို့ အကူအညီတောင်းနေပုံသော အသံတစ်သံ ရုတ်တရက် ဝင်ရောက်လာလေ၏။

"တာအိုမိတ်ဆွေ။ ကျေးဇူးပြုပြီး... တာအိုမိတ်ဆွေ"

ပိုင်ချူးရန် အသံလာရာဘက်သို့ လှမ်းကြည့်လိုက်သောအခါ လမ်းဘေးတွင်ရှိသော ရေခဲတုံးများကြား၌ အေးခဲပိတ်လှောင်ခံထားရသည့် လူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုသူသည် အခြားဂိုဏ်းတစ်ခု၏ ဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ခေါင်းသာပေါ်နေကာ တစ်ကိုယ်လုံး ရေခဲများအတွင်း နစ်မြုပ်နေ၏။

"တာအိုမိတ်ဆွေ။ ကျွန်တော်တို့ ဒီနေရာမှာ ဆုံရတာ ရေစက်ပါပဲ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးပါလားဗျာ"

ပိုင်ချူးရန် လှည့်ကြည့်လာသည်ကို မြင်သောအခါ ထိုကျင့်ကြံသူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပသွားသည်။

"ကျွန်တော် ဟိုသားရဲကြီးရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပြီး ဒီမှာ အေးခဲသွားတာပါ။ တာအိုမိတ်ဆွေက အဲဒီသားရဲကြီးကို သတ်နိုင်လောက်အောင် စွမ်းအားကြီးတာဆိုတော့ ကျွန်တော့်ကို ဒီကနေ အလွယ်တကူ ကယ်ထုတ်ပေးနိုင်မှာပါ။ ကျွန်တော်သာ ဒီအပြင်ကို ရောက်သွားရင် နဂါးဖြူဂိုဏ်းရဲ့ နာမည်ကို တိုင်တည်ပြီး အာမခံပါတယ်။ ဒီကျေးဇူးကို သေချာပေါက် ပြန်ဆပ်ပါ့မယ်ဗျာ။"

"နဂါးဖြူဂိုဏ်းလား။ ယုံကျိုးက အဆင့်နှစ် အမှန်တရားဂိုဏ်းကို ပြောတာလား။"

ပိုင်ချူးရန်သည် ထိုသို့မေးကာ ရေခဲတုံးများရှိရာသို့ ဖြည်းညင်းစွာ တိုးကပ်သွားသည်။

"အမှန်တရား မဟာမိတ်အဖွဲ့က ဒီကို ခိုးမဝင်ကြဖို့ သတိပေးထားတာကို နားမထောင်ကြဘူးကိုး။ အခုတော့ မှတ်ပြီမလား။ ခဏစောင့်။ မင်းကို ငါ ကယ်ပေးမယ်"

ပိုင်ချူးရန် လျှောက်လာသည်ကို မြင်သောအခါ ထောင်ချောက်မိနေသည့် ကျင့်ကြံသူမှာ ရှက်ရွံ့သွားသည့်ဟန်ပေါ်သည်။ သို့သော် ရုတ်တရက်ဆိုသလို သူ၏ မျက်နှာအမူအရာမှာ တစ်မုဟုတ်ချင်း ပြောင်းလဲသွား၏။ အေးခဲနေသော ရေခဲတုံးများအောက်မှ အပြာရောင်အလင်းတန်းတစ်ခု ရုတ်ခြည်း ထွက်ပေါ်လာပြီး ပိုင်ချူးရန်၏ စွမ်းအင်ဗဟိုချက်ဆီ အလစ်အငိုက် တိုးဝင်လာတော့သည်။

ပိုင်ချူးရန်၏ ခန္ဓာကိုယ်မှာ နေရာတွင်ပင် ကျောက်ရုပ်တစ်ရုပ်အလား တောင့်တင်းသွားလေ၏။ ဤသည်ကို မြင်လိုက်ရချိန် နဂါးဖြူဂိုဏ်းမှ ထိုကျင့်ကြံသူသည် လက်ကို ညင်သာစွာ ခါယမ်းလိုက်သည်။ ထိုကျင့်ကြံသူအား ပိတ်လှောင်ထားသော ရေခဲတုံးများမှာ ချက်ချင်းဆိုသလိုပ ကျိုးပဲ့ကြေမွသွားပြီးနောက် ရေခဲပြင်အတွင်းမှ ခုန်ထွက်လာကာ ပိုင်ချူးရန် မျက်နှာရှေ့တွင် တည့်တည့်မတ်မတ် ရပ်လိုက်တော့သည်။

"ငါ့ရဲ့ ဒီလှည့်ကွက်လေးက ဘယ်လိုနေလဲ။"

ထိုကျင့်ကြံသူက ပိုင်ချူးရန်အား လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်၏။ "ငါထင်သားပဲ။ ဒီထောင်ချောက်ဆင်တဲ့နည်းနဲ့ဆို ငတုံးတစ်ကောင်၊နှစ်ကောင်လောက်တော့ အမြဲတမ်း မိနိုင်ပါတယ်လို့။ ကဲ အခု ခန္ဓာကိုယ်တစ်ခုရပြီဆိုတော့ တခြားအဖော်တွေအတွက်ပါ ခန္ဓာကိုယ် ထပ်ရှာပေးရဦးမယ်။"

"ထောင်ချောက်ဆင်ဖမ်းတဲ့ နည်းလမ်းက မဆိုးပါဘူး။ အံ့ဩစရာပဲ။"

ပိုင်ချူးရန်က သူ့အားပြုံးလျက် ခေါင်းညိတ်ပြသည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် လက်သီးတစ်လုံးမှာ အရှိန်ပြင်းစွာ လေထုကိုထွင်းခွဲလျက် တိုး၀င်လာ၏။ ထိုကျင့်ကြံသူမှာ မည်သို့မျှ တုံ့ပြန်ရန် အချိန်ပင်မရလိုက်ဘဲ ခေါင်းတစ်လုံးလုံး ကြေမွ ပေါက်ကွဲသွားတော့သည်။

ခေါင်းမဲ့ရုပ်အလောင်းကြီး မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားသည်နှင့် တစ်ပြိုင်နက် အလောင်းထဲမှ ဝိညာဉ်အလင်းတန်းတစ်ခုမှာ အလန့်တကြား ထွက်ပြေးရန် ကြိုးစား၏။ သို့သော် ပိုင်ချူးရန်၏ သဘာဝလွန်စွမ်းအားများကိုမူ မည်သို့မျှ မလွန်ဆန်နိုင်ခဲ့ပေ။ ထိုဝိညာဉ်သည် ဝိညာဉ်ထောင်ချောက်အဖြစ် ယာယီပြုလုပ်ထားသော ကျောက်စိမ်းဆွဲပြားထဲသို့ အတင်းအကျပ် စုပ်ယူခြင်း ခံလိုက်ရ၏။ ထိုဆွဲပြားထဲတွင် ပိုင်ချူးရန်၏ ပြိုင်ဘက်ကင်း နတ်ဘုရားဝိဉာဉ်ဖြင့် ဖမ်းဆီးထားခဲ့သော ယခင် မြေကမ္ဘာအင်မော်တယ်၏ ဝိညာဉ်လည်း ရှိနှင့်နေပြီးဖြစ်သည်။

ကျောက်စိမ်းဆွဲပြားကို သေသေချာချာ သိမ်းဆည်းလိုက်ပြီးနောက် ပိုင်ချူးရန်သည် မြေပြင်ပေါ်ရှိ သွေးအလိမ်းလိမ်းဖြစ်နေသော ခေါင်းမဲ့အလောင်းအား အေးစက်စက် တစ်ချက်စိုက်ကြည့်ကာ ခပ်တိုးတိုးလေး ရေရွတ်သည်။

"နဂါးဖြူဂိုဏ်းဆိုတာ နတ်ဆိုးမဟာမိတ်အဖွဲ့ဝင်လေ။ အဲဒါကိုတောင် အမှန်တရားဂိုဏ်းဝင်လို့ ဟန်ဆောင်ပြီး ထောင်ချောက်ဆင်ချင်သေးတယ်တဲ့လား။ တကယ့် ငတုံးကောင်”

All Chapters