← Chapters

ပထမအဆင့် နောက်ဆုံးကပ်ဘေး....

Vol. 82 Ch. 1131

ပထမအဆင့် နောက်ဆုံးကပ်ဘေး....

Vol. 82 Ch. 1131

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

လျို့ဝှက်ဆန်းကြယ်သော စွမ်းအားများက လင်းယွမ်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာခဲ့သည်။ ထိုစွမ်းအားများ၏ အားဖြည့်မှုအောက်တွင် သူ၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် စိတ်စွမ်းအားများက တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ အသက်ရှူကြိမ်အနည်းငယ်ကြာသောအခါ ထိုတိုးတက်မှုက ရပ်တန့်သွားခဲ့သည်။

" ဒါက အဆုံးမဲ့ကပ်ဘေးတွေကို ဖြတ်ကျော်နိုင်တဲ့ အကျိုးကျေးဇူးပေါ့။ " လင်းယွမ်က တွေးလိုက်သည်။

အဆုံးမဲ့ကပ်ဘေးလွတ်မြောက်ခြင်းလမ်းစဉ်က ရှင်းလင်းသော ပစ်မှတ်များ ရှိနေရုံသာမက ကပ်ဘေးတစ်ခုကို ဖြတ်ကျော်တိုင်း တိုးတက်မှုတစ်ခုကို ရရှိလေသည်။

" ပုံမှန်ပါပဲ။ " လင်းယွမ်က သူ့ကိုသူ စစ်ဆေးပြီး ကောက်ချက်ချလိုက်သည်။ ပထမဆုံးကပ်ဘေးကို ဖြတ်ကျော်နိုင်သော တိုးတက်မှုက သူ့အတွက် အံ့ဩစရာမရှိပေ။

ပထမအချက်မှာ သူက အဆုံးမဲ့ကပ်ဘေး၏ ပထမကပ်ဘေးကိုသာ ဖြတ်ကျော်ရသေးသည်။ ၎င်းက အလွယ်ကူဆုံးကပ်ဘေးဖြစ်ပြီး တိုးတက်မှုက သိပ်မကြီးမားပေ။

ဒုတိယအချက်မှည လင်းယွမ်က အသကတည်းက သန်မာနေပြီးသားဖြစ်သည်။ သူ၏ စွမ်းအားက အလွန်ကြီးမားနေခြင်းကြောင့် အနည်းငယ်တိုးတက်လာမှုက သတိထားမိရန် ခက်ခဲသည်။

" ဖြည်းဖြည်းပဲသွားရမှာပေါ့။ "လင်းယွမ်က တွေးလိုက်သည်။ " ဒုတိယမြောက်ကပ်ဘေး..."

ပထမဆုံးကပ်ဘေးပြီးမြောက်ပြီးနောက် လင်းယွမ်က ဒုတိယမြောက်ကပ်ဘေးကို စတင်လိုက်သည်။ သူ၏ စွမ်းအားနှင့်ဆိုလျှင် တတိယအဆင့် မတိုင်မီ ကပ်ဘေးများက သူ့အတွက် အခက်အခဲမရှိဘဲ ဖြတ်ကျော်နိုင်မည်ဖြစ်သည်။ ထို့အပြင် အန္တရာယ်ကင်းရန်အတွက် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများလည်း ရှိနေသည်။

အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းတစ်သောင်း ကြာသွားခဲ့သည်။

ကျယ်ပြောလှသော ဒိုင်မန်းရှင်း၏ တစ်နေရာတွင် ကြောက်စရာကောင်းသာ အက်ကြောင်းကြီးတစ်ခုက လေဟာနယ်ကို ဝါးမြိုလိုက်သကဲ့သို့ နက်ရှိုင်းသော စွမ်းအားများကို ထုတ်လွှတ်နေပြီး ဧရာမချောက်နက်ကြီးတစ်ခုကဲ့သို့ အရာအားလုံးကို ဝါးမြိုနေသည်။

ထိုကြောက်စရာကောင်းသော အက်ကြောင်း၏ အဝေးတွင် ဒိုင်မန်းရှင်းနယ်မြေများရှိနေသော်လည်း အက်ကြောင်း၏ စုပ်ယူမှုအောက်တွင် ထိုဒိုင်မန်းရှင်းနယ်မြေများက အက်ကြောင်းဆီသို့ တဖြည်းဖြည်း ရွေ့လျားသွားကြသည်။

" ဒီနေရာပဲ။ " လင်းယွမ်၏ ပုံရိပ်က ပေါ်လာပြီး အက်ကြောင်းကြီးကို စိုက်ကြည့်နေသည်။

" ပထမအဆင့်ရဲ့ နောက်ဆုံးကပ်ဘေးက ဒီအက်ကြောင်းကို အပြီးတိုင် ပိတ်ပစ်ဖို့ပဲ။ " လင်းယွမ်က တွေးလိုက်သည်။

အဆုံးမဲ့ကပ်ဘေးလမ်းစဉ်က အဆုံးသတ်အနားသို့ ရောက်သောအခါ ကြီးမားသော စွန့်စားမှုများရှိသော်လည်း အစောပိုင်းနှင့် အလယ်အလတ်အဆင့်များတွင် အတော်လေး ဘေးကင်းပေသည်။ ထို့အပြင် ကပ်ဘေးများကို ဖြတ်ကျော်သည့်အကြိမ်တိုင်း စွမ်းအားက တိုးတက်လာမည်ဖြစ်သည်။

လင်းယွမ်အတွက်ပင် ကပ်ဘေးပေါင်း ဘီလီယံချီကို ဖြတ်ကျော်ပြီးနောက် ရရှိလာသော တိုးတက်မှုက အမှန်တကယ် ကြီးမားလှသည်။ ကပ်ဘေးအနည်းငယ်ကို ဖြတ်ကျော်ပြီးနောက် လင်းယွမ်က ကပ်ဘေးပေါင်းရာချီကို တပြိုင်နက် စတင်ခဲ့သည်။ ထို့နောက် သူက ကပ်ဘေးများကို ပြီးမြောက်အောင်လုပ်ရန် ကိုယ်ပွားများကို စေလွှတ်ခဲ့သည်။ ထို့ကြောင့်ပင် သူက နှစ်ပေါင်းတစ်သောင်းအတွင်း ကပ်ဘေးပေါင်း တစ်ဘီလီယံကျော်ကို ကျော်ဖြတ်နိုင်ခဲ့သည်။

" ဒုတိယအဆင့် ကပ်ဘေးတွေမှာ ပိုပြီး သတိထားရမယ်။ " လင်းယွမ်က အဝေးမှ ကြောက်စရာကောင်းသော အက်ကြောင်းကို ကြည့်ပြီး စိတ်ထဲမှ တွေးလိုက်သည်။

ပထမအဆင့် ကပ်ဘေးများက သတ်မှတ်ထားသော အလုပ်တစ်ခုကို ပြီးမြောက်အောင်လုပ်ရသောကြောင့် လင်းယွမ်က ကပ်ဘေးများစွာကို တစ်ပြိုင်နက် အသက်သွင်းခဲ့သည်။

သို့သော် ဒုတိယအဆင့်တွင် လင်းယွမ်၏ စိတ်အသိက ထူးခြားသော ကမ္ဘာတစ်ခုထဲသို့ ဆွဲခေါ်ခံရပြီး ထိုကမ္ဘာထဲမှ စမ်းသပ်မှုများကို ကျော်ဖြတ်နိုင်ရခြေ အနည်းငယ် ရှိနေသည်။ အချိန်သက်ရှိတစ်ယောက်ဖြစ်လာရန် အချိန်စက်ဝန်းထဲသို့ ဝင်ရောက်ရခြင်းနှင့် တူညီပေသည်။ ထိုကပ်ဘေးမျိုးနှင့် ကြုံတွေ့ရသောအခါ လင်းယွမ်က ကပ်ဘေးများကို တစ်ပြိုင်နက် ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။

" ငါ့ရဲ့ လက်ရှိစွမ်းအားက...." လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းမှ ကြီးမားသော စွမ်းအားများကို ခံစားမိပြီး သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

သူ၏ ကိုယ်ပိုင်ကျင့်ကြံမှုနှင့် ရှန်ထျန်းအသွင်ပြောင်းလဲခြင်း၏ စတုတ္ထပုံစံ ထိုက်စုကို ဖန်တီးနိုင်ခဲ့ခြင်းအပြင် ရင်းမြစ်ကမ္ဘာများကို လေ့လာမှုများနှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ စွမ်းအားက များစွာ တိုးတက်လာခဲ့သည်။

" တတိယအဆင့် ကပ်ဘေး သန်းသုံးရာကို ဖြတ်ကျော်ထားတဲ့ ဒဏ္ဍာရီအချိန်အရှင်သခင်တစ်ယောက်နဲ့ ယှဉ်ပြိုင်ခွင့်မရတာ နှမြောစရာပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။ သူ၏ စွမ်းအားက ကြောက်စရာကောင်းသော်လည်း အတွေ့အကြုံက နည်းနေသေးသည်။

ယနေ့အထိ သူက တတိယအဆင့် ကပ်ဘေးသန်းသုံးရာကို ဖြတ်ကျော်ထားသော အချိန်အရှင်သခင်တစ်ယောက်နှင့် တစ်ခါမှမတွေ့ဖူးသေးပေ။ ထိုအဆင့်က လွတ်မြောက်ခြင်းလမ်းစဉ်၏ အဆုံးသတ်ကို မြင်တွေ့ရလုနီးပါးဖြစ်နေပြီး ပျက်စီးခြင်းအရှင်သခင်ကလည်း ထိုအဆင့်တွင်ဖြစ်သည်။

သူတို့၏ တည်ရှိမှုကို ဒိုင်မန်းရှင်းနယ်မြေများထဲတွင် သတ်မှတ်၍ မရတော့ပေ။ သူတို့က အတိတ်နှင့် အနာဂတ်များတွင် လှည့်လည်သွားလာနေခြင်းလည်း ဖြစ်နိုင်သည်။

" ရှန်ထျန်းအသွင်ပြောင်းလဲခြင်းရဲ့ ပဉ္စမမြောက်ပုံစံ။ " လင်းယွမ်၏ မျက်လုံးများထဲတွင် စွမ်းအားလေးခု ယှက်နွယ်နေပြီး ထိုက်ယိ၊ ထိုက်ချူး၊ ထိုက်ရှီနှင့် ထိုက်စုတို့ဖြစ်သည်။ ထိုစွမ်းအားလေးခုက ပဉ္စမမြောက်ပုံစံကို မွေးဖွားရန် ရောယှက်နေကြသည်။

လင်းယွမ်က သူ၏ အတွေးများကို ထိန်းချုပ်လိုက်ပြီး အဝေးမှ ကြောက်စရာကောင်းသော အက်ကြောင်းကို ဆက်ပြီး စောင့်ကြည့်လိုက်သည်။

" ဒီအက်ကြောင်းက အဆုံးမဲ့ဒိုင်မန်းရှင်းနယ်မြေရဲ့ လုပ်ဆောင်မှုကို ဆန့်ကျင်နေတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။ " ဒိုင်မန်းရှင်းနယ်မြေတွေတောင် ခြွင်းချက်မရှိဘဲ အရာအားလုံးကို ဝါးမျိုနေတာလား။ "

အဆုံးမဲ့မဟာတာအိုစိတ်အသိက ကြားဝင်စွက်ဖက်ခြင်းမရှိဘဲ ထိုကြောက်စရာကောင်းသော အက်ကြောင်းကို ဆက်လက်တည်ရှိစေခဲ့လျှင် အကျိုးဆက်များက အမှန်တကယ် ဆိုးရွားသွားနိုင်လေသည်။

" ပထမအဆင့် အချိန်အရှင်သခင်တစ်ယောက်က ဒီအက်ကြောင်းကို ပိတ်ဖို့ ကြီးမားတဲ့ ပေးဆပ်မှုတွေ လိုအပ်နိုင်သလို မိတ်ဆွေတွေကိုလည်း ခေါ်ရနိုင်တယ်။ ဒါကြောင့်လည်း ဒါကို ပထမအဆင့်ရဲ့ နောက်ဆုံးကပ်ဘေးလို့ သတ်မှတ်ကြတာ မထူးဆန်းပါဘူး။ ဒါပေမယ့် ငါ့အတွက်တော့ ဒါက တော်တော်လေး ရိုးရှင်းပါသေးတယ်။ " လင်းယွမ်က ပြုံးလိုက်သည်။

အက်ကြောင်းကို ခဏလေ့လာပြီးနောက် လင်းယွမ်က ၎င်းကို ပိတ်ပစ်ရန် ယုံကြည်မှုရှိသွားခဲ့သည်။ ထို့နောက် သူက အက်ကြောင်း၏ အနီးတွင် ပေါ်လာသည်။ အက်ကြောင်း၏ ကြောက်စရာကောင်းသော စွမ်းအားက လင်းယွမ်ကို အနည်းငယ်မျှပင် လှုပ်ခါနိုင်စွမ်းမရှိပေ။

လင်းယွမ် ရောက်ရှိလာခြင်းနှင့်အတူ အက်ကြောင်း၏ အနက်ရှိုင်းဆုံးနေရာမှ စိတ်ဝိညာဉ်လှိုင်းများ ထွက်ပေါ်လာသည်။

" မသေချင်ရင် ထွက်သွားစမ်။ " စိတ်ဝိညာဉ်လှိုင်းက အေးစက်စွာ ပြောလိုက်သည်။ " မင်းအရင် မင်းလိုလူတွေ အများကြီး ငါ့ကို ပိတ်ဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမယ့် ငါ သူတို့အားလုံးကို ဝါးမျိုပစ်ခဲ့တယ်။ "

" အို..." လင်းယွမ်က အနည်းငယ် စိတ်ဝင်စားသွားသည်။

ကြောက်စရာကောင်းသော အက်ကြောင်း၏ အနက်ရှိုင်းဆုံးတွင် စိတ်အသိတစ်ခုရှိနေခြင်းက မမျှော်လင့်ထားသော အရာတော့ မဟုတ်ပေ။ သို့သော် တစ်ဖက်မှ ပြောစကားအရဆိုလျှင် အချိန်အရှင်သခင်များက ၎င်းကို ပိတ်ရန် ကြိုးစားပြီး ကျရှုံးခဲ့ကြသည်။

" မင်းကလည်း ငါဝါးမျိုတာ ခံချင်လို့လား။ " အက်ကြောင်းထဲမှ စိတ်အသိက လင်းယွမ်မပြန်ဘဲရှိနေသည်ကို မြင်သောအခါ ဆက်ပြောလိုက်သည်။

" မင်း ငါ့ကို ဝါးမျိုးနိုင်လိမ့်မယ်လို့တော့ ငါမထင်ဘူး။ " လင်းယွမ်က ရှေ့တိုးပြီး အက်ကြောင်း၏ အစွန်းနားထိ ချဉ်းကပ်သွားသည်။

" ဟားဟားဟား အရူး။ " အက်ကြောက်ထဲမှ စိတ်အသိက ရာ်မောလိုက်ပြီး အနီးမှ ဆွဲအားက သိသိသာသာ မြင့်တက်လာသည်။

" ထိုက်ယိ " လင်းယွမ်က ထိုက်ယိစွမ်းအားကို ဆင့်ခေါ်လိုက်ပြီး ၎င်းကို အက်ကြောင်းအား လွှမ်းခြုံထားသည့် သံကြိုးများအဖြစ် ပြောင်းလဲလိုက်သည်။ ကပ်ဘေးကို လျင်မြန်စွာ အဆုံးသတ်နိုင်ရန်အတွက် လင်းယွမ်က အက်ကြောင်းကို အရှိန်အပြည့်ဖြင့် ပိတ်ပစ်ရန် ရည်ရွယ်ထားသည်။

ဝုန်း....

ထိုက်ယိစွမ်းအားက အက်ကြောင်းအပေါ်တွင် ဆန့်ထွက်သွားသည်နှင့်အမျှ အက်ကြောင်းကို လျင်မြန်စွာ ရစ်ပတ် ပိတ်ဆို့သွားသည်။

" ဘယ်လောက်ကြောက်စရာကောင်းတဲ့ နည်းလမ်းလဲ။ မင်းက ငါကို ပိတ်ဖို့ ကြိုးစားခဲ့သူတွေထဲမှာ အသန်မာဆုံး ဖြစ်လိမ့်မယ်။ " အက်ကြောင်းထဲမှ စိတ်အသိက ပြောလိုက်သည်။ " ဒါပေမယ့် ဒါလေးနဲ့တော့ ငါ့ကို ပိတ်ဆို့ဖို့ မဖြစ်နိုင်ဘူး။ "

" ထိုက်ချူး " လင်းယွမ်က ထိုက်ချူးစွမ်းအားများကို စုစည်းလိုက်ပြီး ကြောက်စရာကောင်းသော အက်ကြောင်းကို သံကြိုးများဖြင့် နောက်တစ်ကြိမ် ရစ်ပတ်လိုက်သည်။

လင်းယွမ်၏ လက်ရှိစွမ်းအားဖြင့် ထိုစွမ်းအားနှစ်ခုကို သာမန်အတိုင်း ထုတ်ဖော်လိုက်လျှင်တောင် အလွန်ကြောက်စရာကောင်းနေမည်ဖြစ်ပြီး ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်တွင် ပျံ့နှံ့နေသော ဆွဲအားများကို လုံးဝ ဖြတ်တောက်သွားသည်။

ဝုန်း ဝုန်း....

ထိုက်ယိနှင့် ထိုက်ချူးစွမ်းအားများဖြင့် ပြုလုပ်ထားသော သံကြိုးများက ကြောက်စရာကောင်းသော အက်ကြောင်းကို ပိတ်ဆို့လိုက်ပြီး ၎င်းကို ချက်ချင်း သန့်စင်ကာ ပိတ်ပစ်လိုက်သည်။ ထိုစွမ်းအားနှစ်ခုက ခဏအတွင်း အက်ကြောင်း၏ တစ်ဝက်ကို ဖျက်ဆီးသွားသည်။

" ဒါက ဘယ်လိုနည်းလမ်းမျိုးလဲ။ မလုပ်နဲ့။ မင်းငါ့ကို ပိတ်လို့မရဘူး။ ငါမင်းကို အကျိုးအမြတ်တွေ ပေးနိုင်တယ်။ "

စွမ်းအားနှစ်မျိုးက အက်ကြောင်း၏ အနက်ရှိုင်းဆုံးနေရာအထိ ပျံ့နှံ့သွားပြီး ထိုစိတ်အသိကို ဒဏ်ရာ ရရှိစေခဲ့သည်။

All Chapters