← Chapters

စတုတ္ထမြောက် လွတ်မြောက်ခြင်းလမ်းစဉ်....

Vol. 82 Ch. 1133

စတုတ္ထမြောက် လွတ်မြောက်ခြင်းလမ်းစဉ်....

Vol. 82 Ch. 1133

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

" ဒါက စတုတ္ထမြောက် လွတ်မြောက်ခြင်းလမ်းစဉ် ဟုတ်မဟုတ် စောင့်ကြည့်ကြတာပေါ့။ " ဖန်ထျန်းအရှင်သခင်က ပြောလိုက်သည်။

၎င်းကို ကြားသောအခါ အခြားဒဏ္ဍာရီအချိန်အရှင်သခင်များက သူတို့၏ စိတ်ကို ထိန်းချုပ်ပြီး စတင်စောင့်ဆိုင်းလိုက်ကြသည်။ မကြာမီ သူတို့၏ စောင့်ကြည့်မှုအောက်တွင် ထူးဆန်းသော လှိုင်းများ ထွက်ပေါ်လာသော နေရာမှ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး စွမ်းအားမျှင်များက အဆုံးဒိုင်မန်းရှင်းများထဲသို့ စီးဆင်းသွားသည်။

စီးဆင်းလာသော စွမ်းအားမျှင်များက ပြောင်းလဲသွားပြီး အဖြူရောင်ကျောက်စိမ်းလှေကားထစ်များ တစ်ထစ်ပြီးတစ်ထစ် ပေါ်လာသည်။ ကျောက်စိမ်းလှေကားများ၏ အောက်ခြေက အဆုံးမဲ့ဒိုင်မန်းရှင်းများဖြင့် ဆက်သွယ်ထားပြီး လှေကားအပေါ်ငတော့ အထက်အသို့ အဆုံးမရှိသွယ်တန်းနေသည်။

" ကျောက်စိမ်းလှေကားထစ်တွေလား။ " ဒဏ္ဍာရီအချိန်အရှင်သခင်များက သေချာလေ့လာနေကြသည်။

" အဆုံးမဲ့ ဒိုင်မန်းရှင်းတွေမှာ ပျံ့နှံ့နေတဲ့ ကျောက်စိမ်းလှေကားထစ်ပေါင်း ၃၃၃၃၃ထစ် ရှိတယ်။ " ဝမ်ရှန်းအရှင်သခင်က ကျောက်စိမ်းလှေကားထစ်များကို ကြည့်ပြီး ပြောလိုက်သည်။

" သွားကြည့်ရအောင်။ " ဟောက်ထျန်းအရှင်သခင်က ခြေတစ်လှမ်းလှမ်းလိုက်ပြီး ကျောက်စိမ်းလှေကားထစ်များရှေ့တွင် ပေါ်လာသည်။

" ဒီကျောက်စိမ်းလှေကားထစ်တွေကို ဖြစ်ပေါ်စေခဲ့တဲ့ လွတ်မြောက်ခြင်းစွမ်းအားက အဓိပ္ပါယ်မရှိဘဲ ဖြစ်လာတာတော့ မဟုတ်ဘူး။ " ဒဏ္ဍာရီအချိန်အရှင်သခင်များက လေ့လာနေကြသော်လည်း ဘယ်သူမှ ပထမဆုံးလှေကားထစ်ကို တက်ရန် မဝံ့ရဲကြပေ။

" မင်းတို့ထဲက ဘယ်သူမှမတက်ရဲဘူးဆိုရင် ငါပဲသွားတော့မယ " ဖန်ထျန်းအရှင်သခင်က အခြားဒဏ္ဍာရီအချိန်အရှင်သခင်များကို ကြည့်ပြီး ပထမဆုံး လှေကားထစ်ပေါ်သို့ တက်လိုက်သည်။ သူ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး ခဏရပ်ပြီးနောက် ဒုတိယမြောက် လှေကားဆီသို့ ဆက်တက်သွားသည်။ အသက်ရှူကြိမ်အနည်းငယ်အတွင်း သူက လှေကားထစ်ဆယ်ထစ်ကျော် တက်သွားခဲ့သည်။

" ဘာပြဿနာမှမရှိဘူးလား။ ဖန်ထျန်း အဆင်ပြေရဲ့လား။ " ၎င်းကို မြင်သောအခါ ဒဏ္ဍာရီအချိန်အရှင်သခင်များက ပထမဆုံး လှေကားထစ်ပေါ်သို့ တက်လိုက်ကြသည်။

" ဒါကဘာလဲ။ " အချိန်အရှင်သခင်တစ်ယောက်က အံ့ဩသွားသည်။ " ငါ့ရဲ့ ဖရိုဖရဲမူလတာအိုက အသွင်ပြောင်းလဲမှုရဲ့ ဦးတည်ချက်ကို ငါ ခံစားနေရတယ်။ ဒီဦးတည်ချက်အတိုင်းသာ လိုက်သွားရင် အဆုံးမဲ့မဟာတာအိုနိယာမအဖြစ် အသွင်ပြောင်းနိုင်လိမ့်မယ်။ "

" ဟုတ်တယ် ငါလည်း အဲ့လိုခံစားရတယ်။ "

" ဒါဆို ဖရိုဖရဲမူလတာအိုက အဆုံးသတ်မဟုတ်ဘူးပေါ့။ ငါတို့က အဆုံးမဟာတာအိုနိယာမအဆင့်ကို ရောက်နိုင်ဖို့ မျှော်လင့်ချက်ရှိသေးတာပေါ့။ " အချိန်အရှင်သခင်များက မျက်လုံးများ တောက်ပသွားကြသည်။

အဆုံးမဲ့မဟာတာအိုနိယာမက ပြည့်စုံသော အချိန်သက်ရှိနှင့် အဆင့်တူဖြစ်သည်။ အဆုံးမဲ့မဟာတာအိုစိတ်အသိကို ပြည့်စုံသော အချိန်သက်ရှိ တစ်ဝက်ဟုခေါ်ကြပြီး ၎င်း၏ စွမ်းအားက အရာအားလုံးအပေါ် သက်ရောက်မှုရှိပြီး အရာရာကို တတ်နိုင်သောကြောင့်ဖြစ်သည်။

မိမိ၏ ကိုယ်ပိုင်ဖရိုဖရဲမူလတာအိုကို အဆုံးမဲ့မဟာတာအိုအဖြစ် ပြောင်းလဲခြင်းက လွတ်မြောက်ခြင်းလမ်းစဉ်ပင်ဖြစ်သည်။

" လွတ်မြောက်ခြင်းလမ်းစဉ်ပဲ။ ဒီကျောက်စိမ်းလှေကားထစ်တွေရဲ့ အဆုံးကို ရောက်တာနဲ့ ဖရိုဖရဲမူလတာအိုက အဆုံးမဲ့မဟာတာအိုအဖြစ် အသွင်ပြောင်းသွားပြီး လွတ်မြောက်ခြင်းကို ရရှိလိမ့်မယ်။ "

" ဒီကျောက်စိမ်းလှေကားထစ်တွေက လွတ်မြောက်ခြင်းလမ်းစဉ်ပဲ။ စတုတ္ထမြောက် လွတ်မြောက်ခြင်းလမ်းစဉ်ပဲ။ "

ဒဏ္ဍာရီအချိန်အရှင်သခင်များ၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ ပေါ်လာပြီး သူတို့က ကျောက်စိမ်းလှေကားထစ်များကို စတင်တက်လှမ်းတော့သည်။ သို့သော် ဒဏ္ဍာရီအချိန်အရှင်သခင်အများစုက ထိုတစ်နေရာထဲကို မရွေးချယ်ဘဲ အခြားသော ​လှေကားထစ်နေရာများသို့ ဦးတည်သွားကြသည်။

" ဒီကျောက်စိမ်းလှေကားထစ်တွေက လွတ်မြောက်ခြင်းလမ်းစဉ်ဖြစ်နေရင်တောင် လွတ်မြောက်နိုင်မယ့် အချိန်အရှင်သခင် အရေအတွက်က သေချာပေါက် ကန့်သတ်ချက် ရှိနေမှာပဲ။ ဖန်ထျန်းက ဒီလမ်းပေါ်ရောက်နေပြီဆိုတော့ ငါက နောက်တစ်ခုကိုပဲ ရွေးတော့မယ်။ " ဟောက်ထျန်းအရှင်သခင်က သူ၏ အတွေးများကို ပြောင်းလိုက်ပြီး ကျောက်စိမ်းလှေကားထစ်တစ်ခုဆီသို့ ဦးတည်သွားသည်။

" လွတ်မြောက်ခြင်းလမ်းစဉ်။ " ပညာရှိ၏ အကြည့်များက ရှုပ်ထွေးနေပြီး တစ်ယောက်တည်း ရေရွတ်လိုက်သည်။ " ဒီတစ်ခါတော့ ဒဏ္ဍာရီအချိန်အရှင်သခင် ဘယ်နှစ်ယောက်တောင် ပျက်စီးမလဲမသိဘူး။ "

ပညာရှိက မဟာပျက်စီးခြင်းစက်ဝန်းများစွာကို ဖြတ်ကျော်ခဲ့သောကြောင့် လွတ်မြောက်ခြင်းလမ်းစဉ်က မျှော်လင့်ချက်ဖြစ်သကဲ့သို့ လမ်းဆုံးလည်း ဖြစ်သည်ကို နားလည်ထားသည်။ ထို့ကြောင့် စတုတ္ထမြောက် လွတ်မြောက်ခြင်းလမ်းစဉ်တွင်လည်း အချိန်အရှင်သခင် ဘယ်နှစ်ယောက်တောင် ကျဆုံးမလဲမသိနိုင်ပေ။

" ငါ အကြာကြီး အသက်ရှင်ခဲ့ပြီးပြီ။ ဒီကျောက်စိမ်းလှေကားတွေကိုတော့ ငါစမ်းကြည့်သင့်တယ်။ " ပညာရှိက ကျောက်စိမ်းလှေကားထစ်တစ်ခုဆီသို့ ဦးတည်သွားသည်။ " ငါ့သူငယ်ချင်းတွေအားလုံး လွတ်မြောက်ခြင်းလမ်းစဉ်ပေါ်မှာ သေဆုံးသွားခဲ့ကြပြီ။ ငါလည်း လောင်းကြေးတစ်ခုထပ်သင့်ပြီ။ "

ဖရိုဖရဲဟင်းလင်းပြင်တွင် လင်းယွမ်က အဆုံးမဲ့ဒိုင်မန်းရှင်းများကို လွှမ်းခြုံထားသော စွမ်းအားလှိုင်းကို ခံစားမိသောကြောင့် ရုတ်တရက် မျက်လုံးများဖွင့်လိုက်သည်။

" ငါ ဒုတိယအဆင့် ပထမဆုံးကပ်ဘေးကို ဖြတ်ကျော်ဖို့ အာရုံစိုက်ထားတာနဲ့ ဒါကို အခုမှသတိထားမိတော့တယ်။ " လင်းယွမ်က မျက်ခုံးများပင့်သွားသည်။

" နဂါးငွေ့တန်း " ခရမ်းရောင်အလင်းအရှင်သခင်က သူ့ကို ဆက်သွယ်လာသည်။ " မင်း ကျောက်စိမ်းလှေကားတွေအကြောင်း သိပြီးပြီမဟုတ်လား။ "

" အင်း သိပြီးပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

" ဒဏ္ဍာရီအချိန်အရှင်သခင်တစ်သုတ်ကတော့ ကျောက်စိမ်းလှေကားတွေအပေါ် ရောက်နေကြပြီ။ " ခရမ်းရောင်အလင်းအရှင်သခင်က ပြောလိုက်သည်။ " အဆုံးမဲ့ဒိုင်မန်းရှင်းတွေထဲမှာ ကျောက်စိမ်းလှေကား ၃၃၃၃၃ခု ရှိတယ်။ အဲ့ဒါကို စတုတ္ထမြောက် လွတ်မြောက်ခြင်းလမ်းစဉ်လို့ သတ်မှတ်ထားကြတယ်။ "

" လွတ်မြောက်ခြင်းလမ်းစဉ်။ "လင်းယွမ်က ကျောက်စိမ်းလှေကားထစ်များကို တွေ့လိုက်ရပြီး အနည်းငယ် အံ့အားသင့်သွားသည်။

ထိုပုံရိပ်မျိုးကို သူက တစ်ကြိမ်မက မြင်ဖူးခဲ့သည်။ သူနောက်ဆုံးအကြိမ် ကျောက်စိမ်းလှေကားထစ်များကို မြင်တွေ့ခဲ့ရသည်မှာ သွေးပင်လယ်အရှင်သခင်၏ အနာဂတ်ခန္ဓာကို တိုက်ခိုက်ရန် သူ၏ အနာဂတ်ခန္ဓာကို ဆင့်ခေါ်ခဲ့ချိန်ကပြီး ထိုအနာဂတ်မြင်ကွင်းထဲတွင် ကျောက်စိမ်းလှေကားများကို မြင်ခဲ့ရသည်။

နောက်တစ်ခုမှာ လင်းယွမ်က အချိန်စက်ဝန်းကို မဆင်းသက်ခင် နှစ်ပေါင်းနှစ်ထောင်ကြာ အိပ်ပျော်နေခဲ့ပြီး ထူးဆန်းသော အိပ်မက်ပေါင်းများစွာကို မြင်မက်ခဲ့သည်။ ထိုအိပ်မက်များထဲမှ တစ်ခုတွင် သူက ကျောက်စိမ်းလှေကားထစ်များ၏ အဆုံးသို့ ရောက်သွားခဲ့ပြီး ထိုနေရာတွင် အလင်းတံခါးတစ်ခုနှင့် ၎င်းကို မှီ၍ ရပ်နေသော ပုံရိပ်တစ်ခုကို တွေ့ခဲ့ရသည်။

" ကျောက်စိမ်းလှေကားထစ်တွေကို တက်တာက ကိုယ့်ရဲ့ ဖရိုဖရဲမူလတာအိုကို အဆုံးမဲ့မဟာတာအိုအဖြစ် အသွင်ပြောင်းလဲဖို့ ဦးတည်ချက်ကို ဖော်ပြပေးတယ်။ " ခရမ်းရောင်အလင်းအရှင်သခင်က ပြောလိုက်သည်။

" ဘာကန့်သတ်ချက်မှမရှိဘူးလား။ " လင်းယွမ်က မေးလိုက်သည်။

" ကန့်သတ်ချက်တွေကတော့ ရှိတာပေါ့။ " ခရမ်းရောင်အလင်းအရှင်သခင်က ပြောလိုက်သည်။ " လက်ရှိ လှေကားပေါ်ကို တက်နေတဲ့သူတွေရဲ့ ပြောပြချက်တွေအရ လှေကားတစ်ထစ်ချင်းစီက ဖရိုဖရဲမူလတာအိုကို အဆုံးမဲ့မဟာတာအိုအဖြစ် ပြောင်းလဲဖို့ ဦးတည်ချက်ကို ပေးတယ်။ ဒါပေမယ့် အဲ့ဒါက ဦးတည်ချက်သက်သက်ပဲ။ လှေကားနောက်တစ်ထစ်ကို တက်လှမ်းဖို့အတွက် မင်းက အဲ့ဒီအဆင့်ကို နားလည်အောင်မြှင့်တင်ဖို့လိုတယ်။ "

" ဒါအပြင် လှေကားတစ်ထစ်ချင်းစီက ရှင်းပြလို့မရတဲ့ ဖိအားတွေ ရှိနေပြီး အထက်ကိုရောက်လေ ဖိအားက ပိုများလေပဲ။ ကျောက်စိမ်းလှေကားထစ်အားလုံးကို အချိန်အရှင်သခင်တွေပဲ တက်လို့ရတယ်။ အချိန်သက်ရှိတွေကတော့ လေ့လာရုံပဲ တတ်နိုင်ကြတယ်။ "

" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

" နဂါးငွေ့တန်း မင်း ဘယ်ကျောက်စိမ်းလှေကားထစ်ကို ရွေးမှာလဲ။ ငါမင်းနဲ့ မတိုးအောင် ရှောင်ရမယ်။ " ခရမ်းရောင်အလင်းအရှင်သခင်က ပြောလိုက်သည်။

လင်းယွမ်၏ အနာဂတ်ခန္ဓာက ကျောက်စိမ်းလှေကားထစ်များပေါ်တွင် ရပ်နေသည်ကို သူလည်း မြင်တွေ့ခဲ့ရသည်။ လင်းယွမ်က ဘယ်လောက်အမြင့်ထိ ရောက်ခဲ့သည်ကို အတိအကျ မသိရသော်လည်း အချိန်အရှင်သခင်များ၏ ရှေ့ဆုံးတွင် ဦးဆောင်နေမည်မှာ သေချာသည်။

" ကျွန်တော် ဒါကို ရွေးလိုက်မယ်။ " လင်းယွမ်က ကျောက်စိမ်းလှေကားတစ်ခုကို ကြည့်လိုက်သည်။ ခရမ်းရောင်အလင်းအရှင်သခင်နှင့် စကားပြောနေချိန်တွင် သူ၏ မူလခန္ဓာကိုယ်က ထိုနေရာသို့ ရောက်နေပြီဖြစ်သည်။

" ကျောက်စိမ်းလှေကား " လင်းယွမ်က ကျောက်စိမ်းလှေကားထစ်များကို သေချာလေ့လာနေသည်။

" လောလောဆယ်တော့ ဒီကျောက်စိမ်းလှေကားတွေကို တက်တဲ့သူတွေ အများကြီးမရှိသေးဘူးထင်တယ်။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ကျောက်စိမ်းလှေကားများကို ဖြစ်ပေါ်စေခဲ့သော လွတ်မြောက်ခြင်းစွမ်းအားက အဆုံးမဲ့ဒိုင်မန်းရှင်းများကို ထိုးဖောက်သွားသော်လည်း ရောက်မလာသေးသော အချိန်အရှင်သခင်များလည်း ရှိနေသည်။

လင်းယွမ်ထက် နောက်ကျနေသော အချိန်အရှင်သခင်များလည်း ရှိနေသည်။ ထို့အပြင် ကျောက်စိမ်းလှေကားများက ၃၃၃၃၃ခု ရှိနေသည်။

" ငါက နောက်နှစ်ပေါင်းသန်းချီမှာ ဒီလွတ်မြောက်ခြင်းလမ်းစဉ်ကို တက်လှမ်းနေတာပေါ့။ " လင်းယွမက ဝမ်ဝေဟင်းလင်းပြင်တွင် သူ၏ အနာဂတ်ခန္ဓာကို ဆင့်ခေါ်ခဲ့ချိန်က ကျောက်စိမ်းလှေကားထစ်များပေါ်တွင် တက်နေသော ပုံရိပ်တစ်ခုကို မြင်တွေ့ခဲ့ရသည်။

" စကြတာပေါ့။ " လင်းယွမ်က ခဏစဉ်းစားပြီးနောက် ကျောက်စိမ်းလှေကားထစ်ပေါ်သို့ တက်လိုက်သည်။ သူက ကျောက်စိမ်းလှေကားထစ်ပေါ်သို့ နင်းလိုက်သည်နှင့် သူ၏ ဖရိုဖရဲထိုက်ကျိတာအိုက တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။

All Chapters