← Chapters

ကျောက်စိမ်းလှေကားပေါ် တက်ခြင်း....

Vol. 82 Ch. 1134

ကျောက်စိမ်းလှေကားပေါ် တက်ခြင်း....

Vol. 82 Ch. 1134

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

" အဆုံးမဲ့မဟာတာအို။ ငါ့ရဲ့ ဖရိုဖရဲထိုက်ကျိတာအိုက အဆုံးမဲ့မဟာတာအိုအဖြစ် အသွင်ပြောင်းလဲနေတာပဲ။ " လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားသွားမိသည်။

အချိန်သက်ရှိများ၊ အချိန်အရှင်သခင်များနှင့် ဒဏ္ဍာရီအချိန်အရှင်သခင်များ အားလုံးနားလည်ထားသည်မှာ ဖရိုဖရဲမူလတာအိုများသာဖြစ်သည်။ အဆုံးမဲ့မဟာတာအိုက အဆုံးမဲ့ ဒိုင်မန်းရှင်းများကို ထိန်းသိမ်းပေးထားသော အခြေခံအကျဆုံးအရာဖြစ်သည်။

" ဦးတည်ချက်ကို မြင်ရရုံပဲ ရှိသေးတယ်။ အဆုံးမဲ့မဟာတာအိုအဖြစ် အလုံးစုံအသွင်ပြောင်းဖို့ဆိုတာ အဝေးကြီး လိုပါသေးတယ်။ " လင်းယွမ်က သူ၏ အတွေးများကို စုစည်းလိုက်သည်။

ဦးတည်ချက်ဖြစ်လျှင်တောင် ၎င်းက အလွန်အရေးပါလှသည်။ ဖရိုဖရဲမူလတာအိုကို နားလည်ပြီးနော် လမ်းညွှန်မှုများ မရှိတော့ပေ။ အချိန်အရှင်သခင်များက လွတ်မြောက်ခြင်းလမ်းစဉ် အမျိုးမျိုးကို စူးစမ်းနေကြသည့် အကြောင်းရင်းမှာ သူတို့ရှေ့ဆက်ရမည့် လမ်းကြောင်းက ပိတ်ဆို့ခံထားရပြီး လွတ်မြောက်ခြင်းဖြင့်သာ အရာအားလုံးကို ဖွင့်ထုတ်နိုင်မည်ဖြစ်သည်။

အချိန်အရှင်သခင်များ၏ ကျင့်ကြံခြင်းမှာ အဆုံးမဲ့အမှောင်ထုထဲတွင် ရှေ့သို့ စမ်းတဝါးဝါး သွားနေရခြင်းနှင့် ဆင်တူသည်။ အနည်းငယ် ပေါ့ဆလိုက်သည်နှင့် ကျရှုံးပြီး သေဆုံးခြင်းသို့ ရောက်ရှိသွားပေလိမ့်မည်။

လင်းယွမ်က ကျောက်စိမ်းလှေကားထစ်ပေါ်သို့ တက်လိုက်ချိန်တွင် သူ၏ ဖရိုဖရဲမူလတာအိုမှ ဦးတည်ချက်ကို ခံစားလိုက်ရသည့်အပြင် သူ့ကို လွှမ်းခြုံထားသော ဖိအားတစ်ခုကိုလည်း ခံစားလိုက်ရသည်။ ထိုဖိအားက ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကိုသာမက စိတ်စွမ်းအားကိုလည်း ပစ်မှတ်ထားသည်။

" ဂရုမစိုက်လို့တော့မရဘူး။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။

ယခုအချိန်တွင် ဖိအားက မပြင်းထန်သော်လည်း ကျောက်စိမ်းလှေကားထစ်များကို ဆက်ပြီး တက်လှမ်းနေသည်နှင့်အမျှ ထိုဖိအားက တောက်လျှောက်တိုးလာမည်ဖြစ်သည်။

လင်းယွမ်က ပထမဆုံး လှေကားထစ်ပေါ်တွင် ခဏနေပြီးနောက် ဒုတိယမြောက် လှေကားထစ်ပေါ်သို့ တက်လိုက်သည်။ နောက်တစ်ထစ်ကို တက်လှမ်းရန်အတွက် ဖိအားကို ခုခံရန် လိုအပ်သည့်အပြင် ဖရိုဖရဲမူလတာအိုကိုလည်း နားလည်ရန် လိုအပ်သည်။

ကျောက်စိမ်းလှေကားထစ်များ၏ ရည်ရွယ်ချက်က မိမိ၏ ဖရိုဖရဲမူလတာအိုမှ အဆုံးမဲ့မဟာတာအိုဆီသို့ လမ်းတစ်ခုဖောက်လုပ်ခြင်းနှင့်တူပြီး ထိုလမ်းကို လျှောက်လှမ်းရန်မှာ မိမိကိုယ်ကိုသာ အားကိုးရမည်ဖြစ်သည်။

အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ကျောက်စိမ်းလှေကားထစ်များကို တက်လှမ်းနေချိန်အတွင်း လင်းယွမ်က အချိန်အရှင်သခင်များကို ရံဖန်ရံခါ မြင်တွေ့ရသည်။ ထိုဒဏ္ဍာရီအချိန်အရှင်သခင်များက လှေကားတစ်ထစ်တည်းတွင် ရက်အနည်းငယ်မှ ဆယ်ရက်ကျော်နေပြီးမှ နောက်တစ်ထစ်ကို ဆက်တက်လေ့ရှိသည်။

ထို့ကြောင့် ကျောက်စိမ်းလှေကားထစ်ပေါ်သို့ ပထမဆုံးစတက်ခဲ့သော အုပ်စုကိုတောင် လက်းယွမ်က ရက်ပိုင်းအတွင်း ကျော်တက်သွားခဲ့သည်။ ကျောက်စိမ်းလှေကားထစ်များပေါ်တွင် လင်းယွမ်က ပုံမှန်အတိုင်း တက်လှမ်းနေပြီး သူ၏ စိတအထဲတွင် အသိအမြင်များက ဆက်တိုက်ထွက်ပေါ်နေသည်။

" ဒီကျောက်စိမ်းလှေကားတွေကို တက်လှမ်းတာက ဖရိုဖရဲထိုက်ကျိတာအိုက တကယ်ပဲ အသွင်ပြောင်းလဲပေးနိုင်တာပဲ။ " လင်းယွမ်၏ မျက်လုံးများထဲမှ အနက်ရှိုင်းဆုံးတွင် အဖြူအနက် ယင်ယန်ထိုက်ကျိက လည်ပတ်နေသည်။ " ဘယ်လိုဖရိုဖရဲမူလတာအိုဖြစ်ဖြစ် အဆုံးမဲ့မဟာတာအိုအဖြစ် ပြောင်းလဲပေးနိုင်တယ်။ တာအိုကနေ တစ်၊ တစ်ကနေ နှစ်၊ သုံးကနေ အရာခပ်သိမ်းကို ဖြစ်ပေါ်စေတယ်။ အဆုံးမဲ့မဟာတာအိုဆိုတာကလည်း တာအိုပဲ။ တာအိုရဲ့အလွန်က ရင်းမြစ်ဖြစ်တယ်။ "

ကျောက်စိမ်လှေကားထစ်များကို တက်လှမ်းခြင်းက ထိုက်ကျိတာအိုကို အသွင်ပြောင်းလဲစေရုံသာမက တာအို၏ အနှစ်သာရအပေါ် သူ၏ နားလည်မှုကိုလည်း သိသိသာသာတိုးတက်စေခဲ့သည်။

" ဒီကျောက်စိမ်းလှေကားတွေက ဘာလို့ပေါ်လာတာလဲ။ လွတ်မြောက်ခြင်းစွမ်းအားကလည်း ရင်းမြစ်ရှိမှာပဲ။ ဘယ်လိုတည်ရှိမှုမျိုးက ဒါကို လုပ်ခဲ့တာလဲ။ ဘာကြောင့်ဒါကို လုပ်ခဲ့တာလဲ။ " လင်းယွမ်၏ စိတ်ထဲတွင် သံသယများစွာ ပေါ်လာသည်။

ကျောက်စိမ်းလှေကားထစ်များက အဆုံးမဲ့မဟာတာအိုစိတ်အသိမှ ဆင်းသက်လာခြင်းမဟုတ်သည်ကို သူသေချာသိနေသည်။ အကြောင်းမှာ သူက လှေကားထစ်များပေါ်သို့ တက်လိုက်သည်နှင့် အဆုံးမဲ့မဟာတာအိုစိတ်အသိအပေါ် ခံစားမှုက ပိုမိုဝေဝါးလာသောကြောင့်ဖြစ်သည်။

အဆုံးမဲ့မဟာတာအိုစိတ်အသိက ကျောက်စိမ်းလှေကားထစ်ပေါ်ရှိ ဘယ်အရာကိုမှ ဝင်ရောက်စွက်ဖက်၍မရသည်ကို လင်းယွမ်က အလွယ်တကူ ကောက်ချက်ချနိုင်သည်။ အကယ်၍ ကျောက်စိမ်းလှေကားထစ်များက အဆုံးမဲ့မဟာတာအိုစိတ်အသိမှ လာခြင်းမဟုတ်လျှင် ၎င်းက အခြားသော လွတ်မြောက်ခြင်းလမ်းစဉ်များမှ မြစ်ဖျားခံလာခြင်းဖြစ်သည်။

သို့သော် ဘာကြောင့် ထိုကဲ့သို့သော လွတ်မြောက်ခြင်းလမ်းစဉ်ကို ထုတ်လွှတ်ပေးခဲ့တာလဲ။ နောက်ထပ် လွတ်မြောက်သော တည်ရှိမှုတစ်ခုကို ပျိုးထောင်ပေးဖို့လား။

" လွတ်မြောက်ပြီးသား တည်ရှိမှုတွေက ဘာကြောင့် ဒီလိုလုပ်ချင်လဲဆိုတာ ထားလိုက်ပါဦး။ ဖရိုဖရဲထိုက်ကျိတာအိုရဲ့ အသွင်ပြောင်းလဲမှုက အစစ်အမှန်ပဲ။ အဲ့ဒါကို နားလည်နိုင်သရွေ့ ဒါကအမြတ်ပဲ။ " လင်းယွမ်က ထပ်ပြီးမစဉ်းစားတော့ဘဲ ကျောက်စိမ်းလှေကားထစ်များကို အာရုံစိုက်လိုက်သည်။

သူက အဆုံးမဲ့ကပ်ဘေးများနှင့် ရင်းမြစ်ကမ္ဘာများအပေါ် စူးစမ်းမှုများကို ဘေးဖယ်ထားပြီး သူ၏ အာရုံအားလုံးကို ကျောက်စိမ်းလှေကားထစ်များပေါ်တွင်သာ ထားရှိလိုက်သည်။ အဆုံးမဲ့ကပ်ဘေးများက အဆုံးမဲ့မဟာတာအိုစိတ်အသိတည်ရှိနေသရွေ့ ကပ်ဘေးများကလည်း အကန့်အသတ်မရှိ တည်ရှိနေပေလိမ့်မည်။ ရင်မြစ်ကမ္ဘာများကလည်း ပြဿနာမရှိပေ။

ကျောက်စိမ်းလှေကားများက ဘယ်အချိန်ပျောက်ကွယ်သွားမလဲ ဘယ်သူမှမသိပေ။ အဆုံးမဲ့ကပ်ဘေးများနှင့်ယှဉ်လျှင် ကျောက်စိမ်းလှေကားထစ်များမှ ပေးသောအန္တရာယ်က အလွန်နည်းပါးလှသည်။ အနည်းဆုံးတော့ ယခုအချိန်တွင် မည်သည့်အန္တရာယ်မှ မရှိပေ။ ထို့ကြောင့်လည်း ကျောက်စိမ်းလှေကားထွက်ပေါ်လာချိန်တွင် အချိန်အရှင်သခင်များ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

" ဟူး..." တောင်ငယ်လေးတစ်လုံးပမာ ကြီးမားသော ပုံရိပ်တစ်ခုက လှေကားထစ်တစ်ခုပေါ်တွင် အကြာကြီးရပ်ပြီးနောက် နောက်ဆုံးတွင် နောက်တစ်ထစ်ကို တက်လိုက်သည်။

" ဖရိုဖရဲတောင်တန်းတာအို...." ထိုပုံရိပ်၏ အမည်က တောင်တန်းအရှင်သခင်ဖြစ်ပြီး ကပ်ဘေးဘီလီယံချီကို ဖြတ်ကျော်ထားသူဖြစ်သည်။

" ဖရိုဖရဲတောင်တန်းတာအိုက ဒီလိုသာ ဆက်ပြီး အသွင်ပြောင်းနေမယ်ဆိုရင် တစ်နေ့မှာ အဲ့ဒါက အဆုံးမဲ့မဟာတာအိုဖြစ်လာမယ်ဆိုတာ ငါခံစားနေရတယ်။ " တောင်တန်းအရှင်သခင်က စဉ်းစားနေစဉ် ရုတ်တရက် သူ၏ အမူအရာက ပြောင်းလဲသွားသည်။

" ဟမ် " တောင်တန်းအရှင်သခင်က နောက်သို့ လှည့်ကြည့်ပြီး ပုံရိပ်တစ်ခုက လှေကားအတိုင်း တက်လာသည်ကို မြင်လိုက်ရသည်။

" ဒီလောက်တောင် မြန်မြန်တက်လာတာလား။ " သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ထိုပုံရိပ်က ကျောက်စိမ်းလှေကားတစ်ထစ်ကို အသက်ရှူကြိမ် အနည်းငယ်သာ ကြာမြင့်သည်။

" ဒါ နဂါးငွေ့တန်းလား။ " တောင်တန်းအရှင်သခင်က ထိုပုံရိပ်ကို ချက်ချင်း မှတ်မိလိုက်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း လင်းယွမ်က လှုပ်ရှားမှုကြီးကြီးမားမား မပြုလုပ်ခဲ့သော်လည်း သူ၏ နာမည်က ပျံ့နှံ့နေခဲ့သည်။ အထူးသဖြင့် သူ၏ ကြောက်စရာကောင်းသော အနာဂတ်ကြောင့် ဒဏ္ဍာရီအချိန်အရှင်သခင်များက သူ့ကို သတိထားနေခဲ့ကြသည်။

" တော်တန်းအရှင်သခင်။ " လင်းယွမ်က တောင်တန်းအရှင်သခင်ကို သတိထားမိသည်မှာ ကြာပြီဖြစ်သည်။

" နဂါးငွေ့တန်းအရှင်သခင်ရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ အခုကိုယ်တိုင်တွေ့လိုက်ရတော့ တကယ်ကို နာမည်နဲ့ လိုက်ဖက်ပါတယ်။ " တောင်တန်းအရှင်သခင်က ​လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။

" နဂါးငွေ့တန်း မင်းအရင်သွားပါ။ "

" ကျေးဇူးပါ။ " လင်းယွမ်က ပြောလိုက်သည်။

တောင်တန်းအရှင်သခင်က ဆက်လက်တက်လှမ်းသွားသော လင်းယွမ်ကို ကြည့်ပြီး သူ့ဘာသာသူ ရေရွတ်လိုက်သည်။ " ငါ့ရှေ့မှာ အရှင်သခင်တွေ အများကြီးရှိနေတာပဲ။ နဂါးငွေ့တန်းတစ်ယောက် ထပ်တိုးလာတာ သိပ်မထူးခြားသွားဘူး။ "

တောင်တန်းအရှင်သခင်က ကျောက်စိမ်းလှေကားထစ်များကို အသုံးပြုပြီး လွတ်မြောက်ရန် မမျှော်လင့်ထားပေ။ သူ့ထက် ပို၍ သန်မာသော အချိန်အရှင်သခင်များစွာ ရှိနေသည်။ သူမျှော်လင့်ထားသည်မှာ ကျောက်စိမ်းလှေကားထစ်များမှတစ်ဆင့် သူ၏ ဖရိုဖရဲမူလတာအိုကို တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ရန်သာဖြစ်သည်။

အချိန်များက တရွေ့ရွေ့ကုန်လွန်လာပြီး လင်းယွမ်က အချိန်အရှင်သခင်များ တစ်ယောက်ပြီး တစ်ယောက်ကို ကျော်တက်သွားခဲ့သည်။ သူ၏ အရှိန်ကြောင့် ထိုအချိန်အရှင်သခင်များက လျစ်လျူရှုထားရာမှ ရန်လိုမှုများ ပိုမိုပြင်းထန်လာကြသည်။

ကျောက်စိမ်းလှေကားထစ်များ၏ ရှေ့ဆုံးတွင် ရှိနေကြသော ဒဏ္ဍာရီအချိန်အရှင်သခင်များက လွတ်မြောက်ရန် အခွင့်အရေးရှိနေကြသည်။ လင်းယွမ်၏ ကျော်တက်မှုကို ခံရသောအခါ သူတို့ လွတ်မြောက်ရန် မျှော်လင့်ချက်နည်းသွားသည်နှင့် တူသည်။

လင်းယွမ်က ဆက်လက်တက်လှမ်းလာရင်း အမြီးတစ်ခုရှိနေသော အချိန်အရှင်သခင်တစ်ယောက်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွားသည်။

" ကျိုးဟီအရှင်သခင်။ " လင်းယွမ်က အဝေးမှ တစ်ချက်ကြည့်လိုက်ပြီး ထိုအချိန်အရှင်သခင်ကို မှတ်မိလိုက်သည်။

ကျိုးဟီအရှင်သခင်က ကပ်ဘေးသန်း ၂၅၀ကို ကျော်ဖြတ်ထားသော ဒဏ္ဍာရီအချိန်အရှင်သခင်တစ်ယောက်ဖြစ်သည်။ အချိန်အရှင်သခင်များထဲတွင် အလွန်အစွမ်းထက်သူဖြစ်ပြီး ဝမ်ဝေအရှင်သခင်ထက်ပင် စိတ်ဓာတ်ပိုမိုခိုင်မာသူဖြစ်သည်။

" ဒီကျောက်စိမ်းလှေကားထစ်ပေါ်မှာ ငါ့ရှေ့မှာ အမှောင်ကြယ်အရှင်သခင်တစ်ယောက်ပဲ ရှိတော့တယ်။ သူ့ကိုသာ ကျော်တက်နိုင်ရင် ငါ့ရဲ့ လွတ်မြောက်ဖို့ မျှော်လင့်ချက်က အရမ်းမြင့်မားနေလိမ့်မယ်။ " ကျိုးဟီအရှင်သခင်က တွေးလိုက်သည်။ သူနှင့် အမှောင်ကြယ်အရှင်သခင်၏ စွမ်းအားက အတူတူသာ ဖြစ်ပြီး သူ့ရှေ့ရောက်နေခြင်းမှာ အရင်ရောက်လာခဲ့သောကြောင့် ဖြစ်သည်။

All Chapters