← Chapters

ရှန်ထျန်းအသွင်ပြောင်းလဲခြင်းစွမ်းအားငါးမျိုး...

Vol. 82 Ch. 1136

ရှန်ထျန်းအသွင်ပြောင်းလဲခြင်းစွမ်းအားငါးမျိုး...

Vol. 82 Ch. 1136

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

ကျောက်စိမ်းလှေကားထစ်ပေါ်တွင် ဒဏ္ဍာရီအချိန်အရှင်သခင်များက မှင်သက်နေကြသည်။ သူတို့က တိုက်ပွဲအပေါ် ကြီးမားသော မျှော်လင့်ချက်များ ထားရှိခဲ့ကြသည်။ သို့သော နောက်ဆုံးရလဒ်က သူတို့ကို မယုံကြည်နိုင်ဖြစ်သွားစေခဲ့သည်။

" ကျိုးဟီအရှင်သခင်က ဒီလောက်တောင် အားနည်းတာလား။ "

" အဲ့ဒါက ကျိုးဟီအရှင်သခင်နဲ့ မဆိုင်ပါဘူး။ နဂါးငွေ့တန်းအရှင်သခင်က အရမ်းသန်မာနေတာပဲ။ "

" ဟုတ်တယ်။ ကျိုးဟီအရှင်သခင်ရဲ့ အစစ်အမှန်ပုံစံကတောင် နဂါးငွေ့တန်း ဖျက်ဆီးတာခံလိုက်ရတယ်။ "

ဒဏ္ဍာရီအချိန်အရှင်သခင်အချို့က စိတ်ထဲတွင် တုန်လှုပ်သွားကြသည်။ သူတို့က ပိုပြီး အစွမ်းထက်လေ နဂါးငွေ့တန်းအရှင်သခင်၏ ကြောက်စရာကောင်းသော စွမ်းအားကို ပို၍ ခံစားမိလေဖြစ်သည်။

" နဂါးငွေ့တန်းအရှင်သခင်ကို ငါ ဖယ်ပေးလိုက်တာ တော်သေးတယ်။ မဟုတ်ရင် ငါလည်း အစကနေ ပြန်စရမှာ။ " ဒဏ္ဍာရီအချိန်အရှင်သခင်အများစုက စိတ်သက်သာရာရသွားကြပြီး လမ်းဖယ်ပေးခဲ့သော သူတို့၏ လုပ်ရပ်က မှန်ကန်သည်ဟု ခံစားလိုက်ကြရသည်။

ကျောက်စိမ်းလှေကားထစ်၏ အထက်ပိုင်းတွင် အစွမ်းကုန်းတက်နေသော အမှောင်ကြယ်အရှင်သခင်က ရုတ်တရက် နောက်ို့ လှည့်ကြည့်လိုက်သည်။

" ဒါကဘာလဲ။ " အမှောင်ကြယ်အရှင်သခင်က တုန်လှုပ်သွားသည်။ " နဂါးငွေ့တန်းရဲ့ စွမ်းအားက ဟောက်ထျန်းနဲ့ ဖန်ထျန်းတို့ထက် သေချာပေါက် သဲလွန်နေပြီ။ သူက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းကျော်က ဒဏ္ဍာရီအချိန်အရှင်သခင်တစ်ယောက်မဟုတ်ခဲ့ဘူးဆိုတာ တကယ်ပဲလား။ "

လင်းယွမ်က ကျိုးဟီအရှင်သခင်ကို ရှင်းလင်းပြီးနောက် ကျောက်စိမ်းလှေကားအတိုင်း ဆက်တက်သွားခဲ့သည်။ နေ့တစ်ဝက်ကြာပြီးနောက် သူ၏ ရှေ့တွင် အမှောင်ကြယ်အရှင်သခင်ကို တွေ့လိုက်ရသည်။

" အမှောင်ကြယ်အရှင်သခင်။ " လင်းယွမ်က ရပ်လိုက်ပြီး အမှောင်ကြယ်အရှင်သခင်ကို ကြည့်လိုက်သည်။

ထိုကျောက်စိမ်းလှေကားထစ်ပေါ်တွင်ရှိသော ဒဏ္ဍာရီအချိန်အရှင်သခင်များထဲတွင် အမှောင်ကြယ်အရှင်သခင်က သေချာပေါက် အသန်မာဆုံးသူဖြစ်သည်။ ကျိုးဟီအရှင်သခင်က သူ့ထက် အနည်းငယ် နိမ့်ကျပေသည်။

" မင်းကရော ငါ့လမ်းကို တားဆီးချင်တာလား။ " လင်းယွမ်က တည်​ငြိမ်စွာ မေးလိုက်သည်။

" တားဆီးဖို့လား။ " အမှောင်ကြယ်အရှင်သခင်က တုန်ယင်သွားပြီး အတင်းအကျပ် ပြုံးလိုက်သည်။ " နဂါးငွေ့တန်းအရှင်သခင် မင်းကို ငါက ဘယ်လိုလုပ်တားဆီးရဲမှာလဲ။ "

လွတ်မြောက်ခြင်းနှင့်ပက်သက်လျှင် အချိန်အရှင်သခင်များက အစွမ်းကုန်တိုက်ခိုက်မည်ဖြစ်သော်လည်း မျှော်လင့်ချက်ရှိမှသာ တိုက်ခိုက်ခြင်းက ထိုက်တန်ပေသည်။ ကျိုးဟီအရှင်သခင်၏ အဖြစ်အပျက်ကို မြင်တွေ့ပြီးနောက် အမှောင်ကြယ်အရှင်သခင်က လင်းယွမ်ကို မတားဆီးရဲတော့ပေ။

" နဂါးငွေ့တန်း မင်းအရင်သွားပါ။ " အမှောင်ကြယ်အရှင်သခင်က ဘေးသို့ ဖယ်ပေးလိုက်သည်။

လင်းယွမ်က အမှောင်ကြယ်အရှင်သခင်ကို တစ်ချက်ကြည့်လိုက်ပြီး ကျောက်စိမ်းလှေကားထစ်များအတိုင်း ဆက်လက်တက်လှမ်းသွားတော့သည်။ သူက ဆက်လက်တက်လှမ်းနေစဉ် ကျောက်စိမ်းလှေကားထစ်များက သူ၏ ကျင့်ကြံခြင်းဦးတည်ချက်ကို လမ်းပြပေးခဲ့ပြီး သူ၏ စိတ်ထဲတွင် မရေတွက်နိုင်သော အသိအမြင်များ ထွက်ပေါ်လာခဲ့သည်။

" ရှန်ထျန်းအသွင်ပြောင်းလဲခြင်း ပဉ္စမမြောက်ပုံစံ။ " လင်းယွမ်၏ မျက်လုံးများထဲတွင် ထိုက်ယိ၊ ထိုက်ချူး၊ ထိုက်ရှီနှင့် ထိုက်စုစွမ်းအားများက ရောယှက်နေပြီး ဖရိုဖရဲထိုက်ကျိတာအိုနှင့် ဟန်ချက်ညီနေသည်။

" ထိုက်ကျိက ရှန်ထျန်းအသွင်ပြောင်းလဲခြင်းရဲ့ ပဉ္စမမြောက်ပုံစံပဲ။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။ " ငါနားလည်သွားပြီ။ "

သူက စတုတ္ထရင်းမြစ်ကမ္ဘာတွင် ရင်းမြစ်ကမ္ဘာ၏ ဖြစ်တည်ကာစအချိန်ကို လေ့လာပြီး ရှန်ထျန်းအသွင်ပြောင်းလဲခြင်းကို နားလည်ခဲ့သည်။ အစတွင် လင်းယွမ်က ရှန်ထျန်းအသွင်ပြောင်းလဲခြင်းက ထိုရင်းမြစ်ကမ္ဘာမှ လာခြင်းဖြစ်သည်ဟု ထင်ခဲ့သည်။ ယခု ရှန်ထျန်းအသွင်ပြောင်းလဲခြင်းက သူ၏ ခန္ဓာကိုယ်အတွင်းရှိ ထိုက်ကျိတာအိုအတွင်း ရှိနေသည်ကို တွေ့လိုက်ရသည်။

ထိုက်ယိ၊ ထိုက်ချူး၊ ထိုက်ရှီ၊ ထိုက်စုနှင့် ထိုက်ကျိစွမ်းအားများက မတူညီသော အဆင့်များကို ကိုယ်စားပြုပြီး ထိုက်ကျိက နောက်ဆုံးအဆင့်ဖြစ်သည်။

" နောက်ထပ်ကျင့်ကြံရယ့် ဦးတည်ချက်က ဖရိုဖရဲထိုက်ကျိတာအိုကနေ ထိုက်စွမ်းအားကို ပျိုးထောင်ဖို့ပဲ။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။ " ဒီကျောက်စိမ်းလှေကားကိုသာ မတက်ခဲ့ရင် ထိုက်စွမ်းအားကို နားလည်ဖို့ ဘယ်လောက်တောင်ကြာဦးမလဲမသိဘူး။ "

ကျောက်စိမ်းလှေကားထစ်များက ဖရိုဖရဲထိုက်ကျိတာအိုကို ဆင့်ကဲပြောင်းလဲရန်အတွက် ဦးတည်ချက်ကို ညွှန်ပြပေးခြင်းဖြစ်သည်။ ဖရိုဖရဲထိုက်ကျိတာအိုက ပို၍ သန်မာလေ ထိုက်စွမ်းအားကို ပြောင်းလဲရန် ပို၍ လွယ်ကူလေဖြစ်သည်။

လင်းယွမ်က ကျောက်စိမ်းလှေကားထစ်များကို ဆက်တက်နေစဉ် ဒဏ္ဍာရီအချိန်အရှင်သခင်များ၏ အကြည့်များကတော့ သူရှိသော ကျောက်စိမ်းလှေကားထစ်ပေါ်သို့ ကျရောက်နေသည်။

ကျယ်ပြောလှသော အချိန်လေဟာနယ်တစ်ခုတွင် ပုံရိပ်အချို့က ထိုင်နေကြသည်။ သူတို့က ဟောက်ထျန်း၊ ဖန်ထျန်း၊ ဝမ်ရှန်းနှင့် အခြားသော ကပ်ဘေးသန်းသုံးရာကျော်ကို ကျော်ဖြတ်ထားသည့် ဒဏ္ဍာရီအချိန်အရှင်သခင်များဖြစ်ကြသည်။ အဆုံးမဲ့ဒိုင်မန်းရှင်းများတွင် ထိုမျှအစွမ်းထက်သူအနည်းငယ်သာ ရှိပြီး သူတို့ကလည်း အချင်းချင်း သိကြလေသည်။

" ဟောက်ထျန်း မင်း နဂါးငွေ့တန်းရဲ့ တိုက်ပွဲကို မြင်လိုက်ရလား။ " ဝမ်ရှန်းက ဟောက်ထျန်းကို ကြည့်ပြီး မေးလိုက်သည်။

" တွေ့လိုက်တယ်။ ငါလည်း နဂါးငွေ့တန်းရဲ့ ပြိုင်ဘက်မဟုတ်ဘူး။ " ဟောက်ထျန်းက မျက်လုံးများ ဖွင့်ပြီး ပြောလိုက်သည်။

" မင်းက သူ့ပြိုင်ဘက်မဟုတ်ဘူးလား။ " ဝမ်ရှန်းအရှင်သခင်၏ အမူအရာက ပြောင်းလဲသွားသည်။

ဒဏ္ဍာရီအချိန်အရှင်သခင်များက ဘယ်တော့မှထုတ်မပြထားသော ဝှက်ဖဲများနှင့် အစီအစဉ်များ ရှိကြသည်။ နဂါးငွေ့တန်းကလည်း ဝှက်ဖဲများ ရှိနေလျှင်တောင် အလွယ်တကူ အရှုံးမပေးသင့်ပေ။ ဟောက်ထျန်းအရှင်သခင်၏ စကားအရ သူ၏ ဝှက်ဖဲများနှင့် အစီအစဉ်များအားလုံးက လင်းယွမ်ထုတ်ပြထားသော စွမ်းအားကို မယှဉ်နိုင်ကြောင်း ဝန်ခံလိုက်ခြင်းဖြစ်သည်။

" နဂါးငွေ့တန်းရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာကောင်းတယ်။ " ဖန်ထျန်းက အံ့ဩစွာ ပြောလိုက်သည်။

နယ်ပယ်ပိုမြင့်လေ လင်းယွမ်၏ ကြောက်စရာကောင်းသော စွမ်းအားကို ပိုခံစားမိလေဖြစ်သည်။ ထိုက်ယိ၊ ထိုက်ချူး၊ ထိုက်ရှီနှင့် ထိုက်စု စွမ်းအားလေးမျိုးက အဆုံးမဲ့ဒိုင်မန်းရှင်းများရှိ အရာအားလုံး ချေမှုန်းပစ်နိုင်စွမ်းရှိသည်။

" လွတ်မြောက်ခြင်းလမ်းစဉ်အသစ်တစ်ခု ပေါ်လာတာက အပြောင်းအလဲတွေကို ဖြစ်ပေါ်စေခဲ့တာပဲ။ " ဒဏ္ဍာရီအချိန်အရှင်သခင်တစ်ယောက်က ပြောလိုက်သည်။

အတိတ်တွင် သူတို့က ဒဏ္ဍာရီအချိန်အရှင်သခင်များကြားတွင် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်၏ အချိန်လေဟာနယ်များစွာကို ခြိမ်းခြောက်နိုင်လောက်အောင် ကျော်ကြားသည်။

" တကယ်ပဲ ဒါက အပြောင်းအလဲတစ်ခုပဲ။ " ဝမ်ရှန်းအရှင်သခင်က ခေါင်းညိမ့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ " နဂါးငွေ့တန်းရဲ့ စွမ်းအားနဲ့ဆိုရင် ငါတို့ထဲက တစ်ယောက်ယောက်က သူနဲ့ တစ်ယောက်ချင်း တွေ့မယ်ဆိုရင် ဘယ်သူမှတောင့်ခံနိုင်မှာမဟုတ်ဘူး။ "

" ငါတို့တစ်ယောက်နဲ့တစ်ယောက် သိလာခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ။ အနာဂတ်မှာ လွတ်မြောက်ခြင်းလမ်းစဉ်နဲ့ပက်သက်ပြီး နဂါးငွေ့တန်းနဲ့ ဆန့်ကျင်ဘက်ဖြစ်လာရင် နဂါးငွေ့တန်းကို အမြန်ဆုံး ဖယ်ရှားပစ်ဖို့ ငါတို့ချင်း ပူးပေါင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ "

" ပူးပေါင်းဖို့လား။ " ဟောက်ထျန်းနှင့် ဖန်ထျန်းတို့က အတွေးနက်သွားကြသည်။

အခြားအချိန်များတွင် သူတို့၏ သိက္ခာကျဆင်းသောကြောင့် အနိုင်ကျင့်ရန် အင်အားချင်း ပူးပေါင်းခြင်းမလုပ်ကြပေ။ သို့သော် လွတ်မြောက်ခြင်းလမ်းစဉ်နှင့် ပက်သက်လာလျှင် ပိုပြီးသန်မာသူကို ဆန့်ကျင်ရန် ပူးပေါင်းခြင်းက သဘာဝကျသည်။

မဟုတ်လျှင် နဂါးငွေ့တန်း၏ ဖယ်ရှားခြင်းခံရမည်ဖြစ်ပြီး လွတ်မြောက်ရန် အခွင့်အရေးလည်း ဆုံးရှုံးသွားမည်ဖြစ်သည်။ အင်းအားချင်းပူးပေါင်းပြီး နဂါးငွေ့တန်းကို အရင်ဖြေရှင်းမှသာ လွတ်မြောက်ရန် မျှော်လင့်ချက်ရှိမည်ဖြစ်သည်။

" ပြဿနာမရှိဘူး။ " ဟောက်ထျန်းနှင့် ဖန်ထျန်းတို့က ခေါင်းညိမ့်လိုက်ကြသည်။

နောက်ထပ် ကျောက်စိမ်းလှေကားထစ်တစ်ခုပေါ်တွင် ပညာရှိက စိတ်အားထက်သန်မှုများဖြင့် တောက်လောင်နေသည်။ " ငါက မရေတွက်နိုင်တဲ့ ခေတ်တွေကို ဖြတ်သန်းခဲ့ပြီးပြီ။ အဆုံးမဲ့ဒိုင်မန်းရှင်းတွေ ပွင့်လာပြီး မကြာခင်မှာ မွေးဖွားခဲ့တယ်။ ငါကျော်ဖြတ်ခဲ့တဲ့ ကပ်ဘေးတွေက ဟောက်ထျန်းနဲ့ ဖန်ထျန်းတို့လောက် မများပေမယ့် စုဆောင်းထားတဲ့ အခြေခံက ငါက အစွမ်းထက်ဆုံးပဲ။ "

ပညာရှိ၏ စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ ကျောက်စိမ်းလှေကားထစ်များကို တက်လှမ်းလာသည်နှင့်အမျှ သူ၏ စုဆောင်းမှုများက လျင်မြန်စွာ လှုံ့ဆော်ခံလိုက်ရပြီး သူ၏ စွမ်းအားများက အရှိန်အဟုန်နှင့် တိုးလာခဲ့သည်။

"ဒီလွတ်မြောက်ခြင်း လမ်းစဉ်သစ်က ငါနဲ့ တကယ်ကိုက်ညီတာပဲ။ ငါ လွတ်မြောက်မယ့်အခွင့်အရေးက ဒီမှာရှိနေတာလား။ "

လင်းယွမ်က ကျောက်စိမ်းလှေကားထစ်များကို တက်ရင်း ဖရိုဖရဲထိုက်ကျိတာအိုကို ထိုက်စွမ်းအားကို ပျိုးထောင်ရန် အဆက်မပြတ် ကြိုးစားနေသည်။ ထူးခြားသော စွမ်းအားမျှင်များက ထွက်ပေါ်လာပြီး စွမ်းအားလေးမျိုးနှင့် ရောယှက် ပေါင်းစပ်သွားသည်။ ထိုအချိန်တွင် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာပြီး နောက်ဆုံးတွင် စွမ်းအားလေးမျိုးနှင့် ညီမျှသော ထိုက်စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

" ရှန်ထျန်းအသွင်ပြောင်းလဲခြင်း ပဉ္စမပုံစံ။ " လင်းယွမ်က သက်ပြင်းချပြီး ပြုံးလိုက်သည်။

ထိုက်စွမ်းအားငါးမျိုးလုံး ပြည့်စုံစွာ ပေါင်းစပ်သွားခြင်းက လင်းယွမ်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ကို အားဖြည့်ပေးလိုက်သည်။ ထိုအချိန်တွင် မူလစိတ်ဝိညာဉ်များနှင့် ကိုယ်ပွားများ၏ စွမ်းအားက ကြောက်စရာကောင်းသော အရှိန်နှင့် ပေါက်ကွဲလာသည်။

All Chapters