ပေါင်းစည်းထားသော ကျောက်စိမ်းလှေကား...
Vol. 82 Ch. 1137
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
" ငါ့ရဲ့ လက်ရှိစွမ်းအားက အရင်ထက် အများကြီး ပိုတိုးတက်လာတယ်။ " လင်းယွမ်က တွေးလိုက်သည်။
ယခုအချိန်တွင် သူ၏ စွမ်းအားက ကပ်ဘေးသန်းသုံးရာကျော်ဖြတ်ထားသော ဒဏ္ဍာရီအချိန်အရှင်သခင်များထက် သေချာပေါက် ကျော်လွန်နေပြီဖြစ်သည်။ အဆုံးမဲ့ကပ်ဘေး၏ တတိယအဆင့်က ကပ်ဘေး သန်း၃၃၀ ပါဝင်သည်။ နောက်ဆုံးကပ်ဘေးသုံးထောင်က အခက်ခဲဆုံးဖြစ်ပြီး ကျော်ဖြတ်နိုင်လျှင် အင်အားတိုးတက်မှုက ပို၍ ကြီးမားမည်ဖြစ်သည်။
" ဒါပေမယ့် ငါက လွတ်မြောက်ခြင်းနဲ့ အဝေးကြီး လိုသေးတယ်လို့ ခံစားရတယ်။ အဆုံးမဲ့ကပ်ဘေးလမ်းစဉ်ရဲ့ အဆုံးစွန်က တကယ် လွတ်မြောက်ခြင်းမဟုတ်ဘူးလား။ " လင်းယွမ်က ကျောက်စိမ်းလှေကားထစ်ကို တက်ရန် အာရုံစိုက်လိုက်သောကြောင့် ထိုအတွေးက လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
" ရှန်ထျန်းအသွင်ပြောင်းလဲခြင်းကို ထိုက်ယိ၊ ထိုက်ချူး၊ ထိုက်ရှီ၊ ထိုက်စုနဲ့ ထိုက်ကျိဆိုပြီး ခွဲခြားထားတယ်။ အဲ့ဒီထဲမှာ ထိုက်ကျိကတော့ ဖရိုဖရဲထိုက်ကျိတာအိုက ဆင်းသက်လာတာပဲ။ ဒါကြောင့် အခြားထိုက်စွမ်းအားလေးမျထုးကလည်း သက်ဆိုင်တဲ့ ဖရိုဖရဲမူလတာအိုတွေအဖြစ် ပြောင်းလဲဖို့ လိုအပ်လိမ့်မယ်။ "
လင်းယွမ်က ကျောက်စိမ်းလှေကားထစ်များကို တစ်ထစ်ပြီး တစ်ထစ် တက်လှမ်းနေပြီး အဆုံးမဲ့မဟာတာအိုကို ဦးတည်သော လမ်းကြောင်းက တဖြည်းဖြည်း ရှင်းလင်းလာသောကြောင့် နောက်ထပ်လုပ်ဆောင်ရမည့်အရာများကို သူ လျင်မြန်စွာ နားလည်သွားခဲ့သည်။
ထိုက်ယိစွမ်းအား၊ ထိုက်ချူးစွမ်းအား၊ ထိုက်ရှီစွမ်းအားနှင့် ထိုက်စုစွမ်းအားတို့၏ အခြေခံကို အသုံးပြုပြီး ဖရိုဖရဲထိုက်ယိတာအို၊ ဖရိုဖရဲထိုက်ချူးတာအို၊ ဖရိုဖရဲထိုက်ရှီတာအိုနှင့် ဖရိုဖရဲထိုက်စုတာအိုအဖြစ် ပြောင်းလဲရန် ဖြစ်သည်။
အချိန်လေဟာနယ်တစ်ခုတွင် လင်းယွမ်က ခရမ်းရောင်အလင်းအရှင်သခင်အပါအဝင် အခြားအချိန်အရှင်သခင်များနှင့် စကားပြောနေသည်။
" နဂါးငွေ့တန်း ကျိုးဟီအရှင်သခင်က မင်းရှေ့မှာ အသက်ရှူချိန် အနည်းတောင်မခံဘူး။ မင်းက ဘယ်လောက်တောက် သန်မာနေတာလဲ။ " ခရမ်းရောင်အလင်းအရှင်သခင်က အံ့ဩစွာ မေးလိုက်သည်။ ယခုအချိန်တွင် သူက လင်းယွမ်၏ ပြိုင်ဘက်မဟုတ်တော့သည်ကို ခံစားနေရသည်။
" ဒါနဲ့ နဂါးငွေ့တန်း မင်းသတိထားသင့်တယ်။ ဟောက်ထျန်းနှင့် ဖန်ထျန်းတို့က မင်းကို သေချာပေါက် စောင့်ကြည့်နေကြလိမ့်မယ်။ နောက်ကျရင် သူတို့က အင်အားချင်းပူးပေါင်းတာမျိုးတွေ ရှိလာနိုင်တယ်။ " ခရမ်းရောင်အလင်းအရှင်သခင်က ပြောလိုက်သည်။
" နားလည်ပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
အကယ်၍ သူက ထိုက်စွမ်းအားကို မပျိုးထောင်ရသေးလျှင် ဟောက်ထျန်းနှင့် ဖန်ထျန်းတို့ကဲ့သို့ ဒဏ္ဍာရီအချိန်အရှင်သခင်များကို သတိထားကောင်း ထားပေလိမ့်မည်။ စွမ်းအားလေးမျိုးပေါင်းစပ်ခြင်းက ဒဏ္ဍာရီအချိန်အရှင်သခင်တစ်ယောက်ချင်းစီအတွက် ပြဿနာမရှိသော်လည်း သူတို့ပူးပေါင်းသွားလျှင်တော့ လင်းယွမ်က ယုံကြည်မှုမရှိသေးပေ။
သို့သော် ယခု ပဉ္စမမြောက် ထိုက်စွမ်းအားကို ပျိုးထောင်ပြီးနောက် လင်းယွမ်၏ စွမ်းအားက အရည်အသွေးပိုင်းအရ ပြောင်းလဲသွားခဲ့ပြီး ကပ်ဘေးသန်း ၃၂၀ ကျော်ကို ကျော်ဖြတ်ထားသော ဒဏ္ဍာရီအချိန်အရှင်သခင်များဖြင့် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
ကျောက်စိမ်းလှေကားထစ်များပေါ်တွင် လင်းယွမ်က အဆက်မပြတ် တက်လှမ်းနေပြီး ရုတ်တရက် ရပ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူက အလွန်မြင့်မားသော နေရာတစ်ခုသို့ ရောက်နေပြီး ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်က ဝေဝါးကာ အခြားသူများကိုလည်း မတော့ပေ။
ထိုအမြင့်တွင် လင်းယွမ်က သေချာကြည့်လိုက်သောအခါ အခြားကျောက်စိမ်းလှေကား ၃၃၃၃၂ခုကို ဝေဝါးစွာ မြင်တွေ့နေရသည်။ အထက်ကိုကြည့်လိုက်လျှင် ကျောက်စိမ်းလှေကားများက တစ်နေရာတည်းတွင် ဆုံသွားကြသည်ကို တွေ့လိုက်ရသည်။ နောက်ဆုံးတွင် ၎င်းတို့အားလုံးက ကျောက်စိမ်းလှေကားတစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြသည်။
" ကျောက်စိမ်းလှေကား ၃၃၃၃၃ခုက နောက်ဆုံးမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားတယ်။ " လင်းယွမ်က အဝေးမှ လှမ်းကြည့်နေသည်။
အကယ်၍ ကျောက်စိမ်းလှေကားတစ်ခုစီက လွတ်မြောက်ခြင်းလမ်းစဉ်တစ်ခုကို ကိုယ်စားပြုနေလျှင် ကျောက်စိမ်းလှေကား ၃၃၃၃၃ခုက လွတ်မြောက်ခြင်းလမ်းစဉ် ၃၃၃၃၃ခုပင်ဖြစ်သည်။ အဆုံးမဲ့ဒိုင်မန်းရှင်းများ စတင်ပေါ်ပေါက်လာကတည်းက အချိန်အရှင်သခင်များက လွတ်မြောက်ခြင်းလမ်းစဉ်များကို လိုက်စားခဲ့ကြသော်လည်း ဘယ်အရှင်သခင်က လွတ်မြောက်သွားသည်ဟု တစ်ခါမီမကြားခဲ့ဖူးပေ။
အကယ်၍ ကျောက်စိမ်းလှေကားထစ်များက အမှန်တကယ် လွတ်မြောက်ခြင်းလမ်းစဉ်များဖြစ်လျှင်တောင် နောက်ဆုံးတွင် လွတ်မြောက်သွားသူများက အလွန်နည်းပါးမည်ဖြစ်ပြီး ၃၃၃၃၃ထိ များမည်မဟုတ်ပေ။
၎င်းက လင်းယွမ်တစ်ယောက်တည်း၏ ခန့်မှန်းချက်မဟုတ်ပေ။ အခြားဒဏ္ဍာရီအချိန်အရှင်သခင်များကလည်း ထိုကဲ့သို့ တွေးကြသည်။ သို့သော် လွတ်မြောက်သူတစ်ယောက်က ဘယ်လိုပုံစံမျိုးနှင့် ထွက်ပေါ်လာမလဲဆိုသည်ကိုတော့ သူတို့မသိကြပေ။
" ဆက်သွားမယ်။ " လင်းယွမ်က သူ၏ အတွေးများကို စုစည်းလိုက်ပြီး ဆက်တက်သွားသည်။ သူက ကျောက်စိမ်းလှေကားများ တစ်ခုတည်းအဖြစ် စုစည်းသွားသောနေရာသို့ ရောက်ရန် အဝေးကြီး လိုသေးသည်။
ဝုန်း ဝုန်း....
လင်းယွမ်က ရှေ့သို့ တစ်လှမ်းတိုးလိုက်တိုင်း ပြင်းထန်သော ဖိအားများက သူ့ဆီသို့ ဆင်းသက်လာသည်။ သူရောက်ရှိနေသော အမြင့်တွင် ဖိအားများက စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးမားလာပြီး သာမန်ဒဏ္ဍာရီအချိန်အရှင်သခင်များက ကြာကြာတောင့်ခံနိုင်မည်မဟုတ်ပေ။ သို့သော် လင်းယွမ်၏ စွမ်းအားနှင့် ထိုဖိအားများက ခြိမ်းခြောက်မှု အနည်းငယ်မျှပင် မရှိပေ။
" ဖရိုဖရဲထိုက်ကျိတာအို။ " လင်းယွမ်က ခြေလှမ်းတိုင်းတွင် အသိအမြင်များစွာ ရရှိခဲ့သည်။ သူက ဖရိုဖရဲထိုက်ကျိတာအိုကို နားလည်ရန် အချိန်များစွာ လျော့နည်းသွားခဲ့သည်။ သူ၏ ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကျောက်စိမ်းလှေကား၏ လမ်းညွှန်မှုကို ပေါင်းစပ်လိုက်သောအခါ သူ၏ အသိအမြင်များက အရှိန်အဟုန်နှင့် တိုးတက်နေသည်။
" ရောက်ပြီ။ " လအနည်းငယ် ကြာပြီးနောက် လင်းယွမ်က သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ကျောက်စိမ်း လှေကား ၃၃၃၃၃ခုတို့ ပေါင်းစည်းပြီး ဖြစ်ပေါ်လာသော ကျောက်စိမ်းလှေကားကို ကြည့်လိုက်သည်။ ယခင်လှေကားသုံးသောင်းကျော်နှင့်ယှဉ်လျှင် ပေါင်းစည်းထားသော ကျောက်စိမ်းလှေကားက ပို၍ စစ်မှန်ပြီး အပေါ်တွင် ထွင်းထုထားသောအရာများကလည်း ပို၍ နက်ရှိုင်းနေသည်။
" ငါ အခြားဒဏ္ဍာရီအချိန်အရှင်သခင်တွေနဲ့ အဝေးကြီး ရောက်နေပြီပဲ။ " လင်းယွမ်က အောက်သို့ ငုံကြည့်လိုက်ရာ မြူများရစ်ဝိုင်းနေပြီး ဒဏ္ဍာရီအချိန်အရှင်သခင်များကို မတွေ့ရတော့ပေ။
လက်ရှိအချိန်လေဟာနယ်တွင် အသန်မာဆုံးဖြစ်သော ကပ်ဘေးသန်းသုံးရာကျော်ကို ဖြတ်ကျော်ထားသည့် ဖန်ထျန်းနှင့် ဟောက်ထျန်းတို့ကဲ့သို့သော ဒဏ္ဍာရီအချိန်အရှင်သခင်များက လင်းယွမ်ကို မမီရုံသာမက မော့ကြည့်ရန်ပင် မဖြစ်နိုင်တော့ပေ။
" အမှန်က ကျောက်စိမ်းလှေကားတွေ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားတဲ့ နေရာမှာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်လာရမှာ။ " လင်းယွမ်က တွေးလိုက်သည်။
ဟောက်ထျန်းနှင့် ဖန်ထျန်းတို့ကဲ့သို့သေဒဏ္ဍာရီအချိန်အရှင်သခင်များက ခွန်အားချင်းသိပ်မကွာသောကြောင့် ထိုကျောက်စိမ်းလှေကားသို့ တစ်ချိန်တည်းလောက် ရောက်ကြမည်ဖြစ်သည်။ ထိုအချိန်ကျလျှင် သေချာပေါက် တိုက်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော် ယခု လင်းယွမ်က သူတစ်ယောက်တည်း အမြင့်ဆုံးသို့ ရောက်နေခဲ့သည်။ အခြားဒဏ္ဍာရီအချိန်အရှင်သခင်များက မည်သည့်နေရာတွင် ရှိနေကြသည်ကို မသိနိုင်ပေ။ တိုက်ပွဲဖြစ်ရန်မပြောနှင့် သူတို့က လင်းယွမ်ကို မှီအောင်ပင် မလိုက်နိုင်ကြပေ။
၎င်းကလည်း သူတို့အတွက် ကောင်းမွန်ပေသည်။ ယခု လင်းယွမ်၏ လက်ရှိစွမ်းအားနှင့် သူတို့ပူးပေါင်းလျှင်တောင် အပြတ်အသတ် ရှုံးနိမ့်သွားကြမည်ဖြစ်သည်။
" ဒီကျောက်စိမ်းလှေကားကို တက်ရတဲ့ ခက်ခဲမှုကလည်း အများကြီး တိုးသွားလိမ့်မယ်။ " လင်းယွမ်က သူ၏ ရှေ့မှ ကျောက်စိမ်းလှေကားကို ကြည့်ပြီး စဉ်းစားလိုက်သည်။
ကျောက်စိမ်းလှေကား လွတ်မြောက်ခြင်းလမ်းစဉ်တွင် အဆင့်နှစ်ဆင့် ရှိသည်။ ပထမအဆင့်မှာ ကျောက်စိမ်းလှေကား ၃၃၃၃၃ခု ဖြစ်သည်။ ဒုတိယအဆင့်ကတော့ သူ၏ ရှေ့တွင် ပေါင်းစည်းထားသော ကျောက်စိမ်းလှေကားဖြစ်သည်။ အဆင့်တစ်ခုစီတွင် တက်လှမ်းရသော ခက်ခဲမှုက အများကြီး ကွာခြားသွားနိုင်ပေသည်။
" ပထမအဆင့် ကျောက်စိမ်းလှေကားတွေက အန္တရာယ်မရှိပေမယ့် ဒုတိယအဆင့် ကျောက်စိမ်းလှေကားကတော့ မတူတော့ဘူးထင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
" စမ်းကြည့်တာပေါ့။ " လင်းယွမ်က ခဏရပ်လိုက်ပြီး သူ၏ ရှေ့မှ ကျောက်စိမ်းလှေကားပေါ်သို့ လှမ်းလိုက်သည်။
ဝုန်း....
လင်းယွမ်က လှေကားပေါ်သို့ တက်လိုက်သည်နှင့် ပိုမိုကြီးမားသော ဖိအားကိုခံစားလိုက်ရပြီး ပုံရိပ်ယောင်များထဲသို့ ကျဆင်းသွားသည်ကိုလည်း သတိထားမိလိုက်သည်။
" ဒီပုံရိပ်ယောင်တွေက ငါ့ကို တစ်နည်းနည်းနဲ့ သက်ရောက်မှုရှိနေတာပဲ။ " လင်းယွမ်က အံ့ဩသွားသည်။ သူ၏ လက်ရှိစွမ်းအားက အလွန်သန်မာနေသည့်အပြင် ထိုက်စွမ်းအားငါးမျိုး၏ လည်ပတ်မှုအောက်တွင် သူ၏ စိတ်အသိနှင့် စိတ်စွမ်းအားက များစွာ တိုးတက်လာခဲ့သည်။ ထို့ကြောင့် သူ့ကို သက်ရောက်စေနိုင်သော ပုံရိပ်ယောင်က မည်မျှကြောက်စရာကောင်းမလဲ စဉ်းစားကြည့်နိုင်သည်။
" ဒါပေမယ့် ဒါက သက်ရောက်ရုံပါပဲ။ ဘာမှမဟုတ်ဘူး။ " လင်းယွမ်က ဂရုမစိုက်ပေ။ " အခက်အခဲက တိုးလာတယ်ဆိုပေမယ့် လမ်းညွှန်ပေးတဲ့ သက်ရောက်မှုကလည်း အများကြီး မြင့်တက်လာတယ်။ "
ကျောက်စိမ်းလှေကားထစ်ပေါ်သို့ တက်လိုက်ရုံနှင့် သူက ဖရိုဖရဲမူလတာအိုကို နားလည်တော့မည်ဟု ခံစားလိုက်ရသည်။ ကျောက်စိမ်းလှေကားထစ်ပေါ်သို့ တက်လှမ်းရသော စိန်ခေါ်မှုက လင်းယွမ်၏ တိုးတက်မှုနှင့်ယှဉ်လျှင် ဘာမှမဟုတ်ပေ။ လင်းယွမ်က လက်ရှိလှေကားက ညွှန်ပြနေသော ဦးတည်ချက်ကို နောက်ဆုံးတွင် နလည်သွားသည်။