← Chapters

ဒဏ္ဍာရီအချိန်အရှင်သခင်များ ယှဉ်ပြိုင်ခြင်း...

Vol. 82 Ch. 1138

ဒဏ္ဍာရီအချိန်အရှင်သခင်များ ယှဉ်ပြိုင်ခြင်း...

Vol. 82 Ch. 1138

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

" ဒီကျောက်စိမ်းလှေကားထစ်မှာ နားလည်ဖို့ လအနည်းငယ် ကြာခဲ့တယ်။ " လင်းယွမ်က ခေါင်းခါလိုက်သည်။ သို့သော် သူ၏ တိုးတက်မှုကလည်း ယူရသော အချိန်နှင့် ကိုက်ညီလေသည်။ ထို့နောက် သူက နောက်ထပ်လှေကားထစ်တစ်ခုကို ဆက်တက်လိုက်သည်။

ဝုန်း...

ပြင်းထန်လှသော ဖိအားများက ပုံရိပ်ယောင်များနှင့်အတူ လွှမ်းမိုးလာသည်။

အချိန်များက တရွေ့ရွေ့ကုန်ဆုံးလာသည်။

ကျောက်စိမ်းလှေကားပေါ်တွင် ဖန်ထျန်းအရှင်သခင်က အချိန်အတော်ကြာ ရပ်တန့်နေပြီးနောက် နောက်ထပ်လှေကားထစ်ပေါ်သို့ လှမ်းတက်လိုက်သည်။

" ငါ့ရဲ့ ဖရိုဖရဲမူလတာအိုက နောက်ထပ်အသွင်ပြောင်းလဲသွားပြီ။ " ဖန်ထျန်းအရှင်သခင်က ပြုံးလိုက်သည်။

အသွင်ပြောင်းလဲမှုက အနည်းငယ်သာ ဆိုသော်လည်း ဆက်လက်အသွင်ပြောင်းလဲနေသရွေ့ နောက်ဆုံးတွင် သူ၏ ဖရိုဖရဲမူလတာအိုက အဆုံးမဲ့မဟာတာအိုအဖြစ် အသွင်ပြောင်းလဲသွားပေလိမ့်မည်။

" ဒီကျောက်စိမ်းလှေကားထစ်တွေကို တကယ်ပဲ အကန့်အသတ်မရှိ တက်နိုင်တာလား။ " ဖန်ထျန်းအရှင်သခင်က သူ၏ တွေးများကို စုစည်းလိုက်ပြီး လှေကား၏ အပေါ်ဘက်သို့ မော့ကြည့်လိုက်သည်။

" အဲ့ဒါဘာလဲ။ " ဖန်ထျန်းအရှင်သခင်၏ အမူအရာက လေးနက်သွားသည်။ " ကျောက်စိမ်းလှေကား ၃၃၃၃၃ခုလုံးက တစ်ခုတည်းအဖြစ် စုစည်းသွားတာလား။ "

သူက ပေါင်းစည်းသွားသော ကျောက်စိမ်းလှေကားကို မမြင်ရသေးသော်လည်း ကျောက်စိမ်းလှေကားအားလုံးက တစ်နေရာတည်းတွင် စုစည်းသွားမည့်အလားအလာကို သတိထားမိလိုက်သည်။

အချိန်များကုန်လွန်လာပြီး ဖန်ထျန်းအရှင်သခင်က ကျောက်စိမ်းလှေကားထစ်များအတိုင်း ဆက်တက်နေခဲ့သည်။

" ငါထင်တဲ့အတိုင်းပဲ။ ကျောက်စိမ်းလှေကား ၃၃၃၃၃ခုက နောက်ဆုံးမှာ လှေကားတစ်ခုတည်း စုစည်းသွားတာပဲ။ "

ဖန်ထျန်းအရှင်သခင်က ပေါင်းစည်းသွားသော ကျောက်စိမ်းလှေကားကို မြင်လိုက်ရပြီး မကြာမီ ဟောက်ထျန်း၊ ဝမ်ရှန်းနှင့် အခြားအချိန်အရှင်သခင်များကလည်း အလားတူရှာတွေ့သွားကြသည်။

" ကျောက်စိမ်းလှေကားတွေအားလုံး စုစည်းသွားတယ်။ "

" အဲ့ဒါက ကျိုးကြောင်းဆီလျော်တယ်။ မဟုတ်ရင် ကျောက်စိမ်းလှေကားထစ် ၃၃၃၃၃ခုလုံး လွတ်မြောက်သွားမှာပေါ့။ "

ဒဏ္ဍာရီအချိန်အရှင်သခင်များက တွေးလိုက်ကြသည်။ ပေါင်းစည်းထားသော ကျောက်စိမ်းလှေကားကို ပထမဆုံး တက်နိုင်မည့်အခွင့်အရေးအတွက် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်လာတော့မည်ကို သူတို့သိသော်လည်း သူတို့၏ စိတ်ထဲတွင် ပို၍ သက်သောင့်သက်သာ ဖြစ်သွားကြသည်။

အကယ်၍ ကျောက်စိမ်းလှေကားများက အဆုံးမရှိ ဆက်သွားနေပြီး သူတို့၏ ဖရိုဖရဲမူလတာအိုများကို ဆက်ပြီးပြောင်းလဲခွင့်ပေးနေမှသာ သူတို့အတွက် စိုးရိမ်ရမည်ဖြစ်သည်။ ဘယ်လိုရရှိမှုမျိုးမဆို ပေးဆပ်မှုများ ရှိနေစမြဲပင်ဖြစ်သည်။

အချိန်လေဟာနယ်တစ်ခုတွင် ဖန်ထျန်း၊ ဟောက်ထျန်းနှင့် အခြားဒဏ္ဍာရီအချိန်အရှင်သခင်များ၏ ကိုယ်ပွားများက စုဝေးနေကြသည်။

" ကျောက်စိမ်းလှေကားတွေက စုစည်းသွားတာဆိုတော့ ပေါင်းစည်းထားတဲ့ ကျောက်စိမ်းလှေကားထစ်ပေါ်ကို ဘယ်သူအရင်ဆုံး တက်ခွင့်ရှိမလဲ။ "

" အခုအချိန်မှာ ငါက ပေါင်းစည်းထားတဲ့ ကျောက်စိမ်းလှေကားနဲ့ အနီးဆုံးပဲ။ ငါပဲ အရင်ဆုံး အဲ့ဒီအပေါ်ကို တက်လှမ်းနိုင်လိမ့်မယ်။ " ဖန်ထျန်းအရှင်သခင်က ပြောလိုက်သည်။

" အနီးဆုံးဖြစ်နေတာက အရင်ဆုံးတက်လှမ်းရမယ်လို့ မဆိုလိုဘူး။ " ဟောက်ထျန်းအရှင်သခင်က တည်ငြိမ်စွာ ပြောလိုက်သည်။

ပေါင်းစည်းထားသော ကျောက်စိမ်းလှေကားနှင့် ပိုနီးကပ်လေ ကျောက်စိမ်းလှေကားတစ်ခုချင်းစီ၏ အကွာအဝေးက ပို၍ နီးလာလေဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် ကြားဖြတ်နှောက်ယှက်နိုင်လေသည်။ ပေါင်းစည်းထားသော ကျေုက်စိမ်းလှေကားနှင့် အနီးဆုံးတွင် ရှိနေသော ဖန်ထျန်းအရှင်သခင်က အခြားဒဏ္ဍာရီအချိန်အရှင်သခင်များ၏ တားဆီးမှုကို သေချာပေါက် ခံရမည်ဖြစ်သည်။

" အဲ့ဒါဆိုရင်တော့ မင်းတို့ရဲ့ စွမ်းအားကို ကြည့်ရမှာပေါ့။ " ဖန်ထျန်းအရှင်သခင်များ၏ အကြည့်များက စူးရှနေသည်။

ဝုန်း....

ပေါင်းစည်းထားသော ကျောက်စိမ်းလှေကားတွင် အချိန်လေဟာနယ်လှိုင်းများက လှုပ်ခတ်နေသည်။ ကျောက်စိမ်းလှေကားများအတိုင်း တက်လှမ်းလာရင်း ဒဏ္ဍာရီအချိန်အရှင်သခင်များက တစ်ယောက်နှင့်တစ်ယောက် နှောက်ယှက်ရန်အတွက် ထိပ်တိုက်တွေ့ဆုံနေကြသည်။

" ငါက အဲ့ဒီလှေကားပေါ်ကို တက်နိုင်တဲ့ ပထမဆုံးသူဖြစ်ရမယ်။ " ဖန်ထျန်းအရှင်သခင်က ရှေ့သို့ တစ်လှမ်းတိုးလိုက်သော်လည်း အခြားသော အချိန်အရှင်သခင်သုံးယောက်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။

" မင်းတို့အားလုံးက..." ဖန်ထျန်းအရှင်သခင်က ဒေါသထွက်သွားပြီး သူ၏ ကြောက်စရာကောင်းသော အော်ရာက အချိန်လေဟာနယ်ကို တုန်ခါသွားစေသည်။

အကယ်၍ ထိုနေရာက ကျောက်စိမ်းလှေကားမဟုတ်ခဲ့လျှင် ဖန်ထျန်းအရှင်သခင်၏ တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော တုန်ခါမှုတစ်ခုတည်းကပင် အဆုံးမဲ့ဒိုင်မန်းရှင်းများကို ပျက်စီးသွားစေနိုင်သည်။ ထို့ကြောင့်ပင် ဒိုင်မန်းရှင်းနယ်မြေများက အချိန်မတိုင်မီ ပျက်စီးခြင်းနှင့် ကြုံတွေ့ရပေလိမ့်မည်။

အဖြူရောင်ကျောက်စိမ်းလှေကားထစ်တစ်ခုပေါ်တွင် ပုံရိပ်တစ်ခုက ပြေးထွက်လာသည်။ ထိုပုံရိပ်၏ အော်ရာက ဖန်ထျန်း၊ ဟောက်ထျန်းနှင့် အခြားဒဏ္ဍာရီအချိန်အရှင်သခင်များကဲ့သို့ သန်မာလှသည်။ ထိုပုံရိပ်က ဖန်ထျန်းအရှင်သခင်နှင့် အခြားသော အရှင်သခင်လေးယောက် တိုက်ခိုက်နေစဉ်အတွင်း အခွင့်အရေးကို အမိအရယူပြီး ပေါင်းစည်းထားသော ကျောက်စိမ်းလှေကားပေါ်သို့ ပထမဆုံး တက်ရန် ကြိုးစားလိုက်သည်။

" နဝမနဂါး ပြန်လာခဲ့စမ်း။ " ဝမ်ရှန်းအရှင်သခင်က လက်ကို မြှောက်လိုက်ပြီး အချိန်လေဟာနယ်အလွှာများကို ဖိနှိပ်ကာ ပေါင်းစည်းထားသော ကျောက်စိမ်းလှေကားပေါ်သို့ တက်တော့မည့် ပုံရိပ်ကို အတင်းအကျပ် ပြန်ဆွဲခေါ်လိုက်သည်။

" အရမ်းကောင်းတဲ့ နည်းစနစ်ပဲ။ " နဝမနဂါးအရှင်သခင်က နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ သူက အရေးကြီးသော အချိန်တွင် တိုက်ခိုက်ရန်အတွက် သူ၏ စွမ်းအားကို ဖုံးကွယ်ထားခဲ့သော်လည်း ယခု ကျရှုံးသွားခဲ့ရပြီဖြစ်သည်။

" နဝမနဂါး မင်းက ဘယ်တုန်းက သန်းသုံးရာမြောက် ကပ်ဘေးကို ကျော်ဖြတ်ခဲ့တာလဲ။ " ဖန်ထျန်းအရှင်သခင်က နဝမနဂါးအရှင်သခင်ကို ကြည့်ပြီး မေးလိုက်သည်။

" အဲ့ဒါ မင်းသိဖို့ မလိုဘူး။ " နဝမနဂါးအရှင်သခင်က ရယ်လိုက်သည်။

ထို့နောက် တိုက်ပွဲက ဆက်လက်ပြင်းထန်လာခဲ့ပြီး နဝမနဂါးအပြင် ကပ်ဘေးသန်းသုံးရာကို ကျော်ဖြတ်ထားသော ဒဏ္ဍာရီအချိန်အရှင်သခင်နှစ်ယောက်လည်း ပေါ်လာကြသည်။ သို့သော် ဘယ်ကမှန်မသိပေါ်လာသော နဂါးငွေ့တန်းနှင့် ယှဉ်လျှင် နဝမနဂါးအရှင်သခင်နှင့် အခြားအချိန်အရှင်သခင်နှစ်ယောက်က ယခင်ကတည်းက နာမည်ကျော်ကြားခဲ့သူများ ဖြစ်သည်။

ဝုန်း ဝုန်း ဝုန်း....

ကြောက်စရာကောင်းသော အော်ရာ ခုနှစ်ခု ရှစ်ခုက ပေါင်းစည်းထားသော ကျောက်စိမ်းလှေကားထစ်ရှေ့တွင် ထိတ်တိုက်တွေ့ဆုံနေကြသည်။

" ဟားဟားဟား...." ပညာရှိက လွှမ်းမိုးနိုင်စွမ်းရှိသော အော်ရာကို ထုတ်လွှတ်လိုက်ပြီး အခြားသော အချိန်အရှင်သခင်များ၏ ပိတ်ဆို့မှုများကို ထိုးဖောက်ကာ နောက်ဆုံးတွင် ပေါင်းစည်းထားသော ကျောက်စိမ်းလှေကားပေါ်သို့ တက်လှမ်းနိုင်ခဲ့သည်။

" ပညာရှိလား။ " ဟောက်ထျန်းအရှင်သခင်က ကျောက်စိမ်းလှေကားပေါ်မှ ရပ်နေသော ပုံရိပ်ကို ကြည့်လိုက်သည်။

ယခုတိုက်ပွဲမှတစ်ဆင့် ပညာရှိ၏ စွမ်းအားက သူ့ထက် မနိမ့်ကျသည်ကို ဟောက်ထျန်းအရှင်သခင်က နားလည်သွားသည်။ မဟုတ်လျှင် ဒဏ္ဍာရီအချိန်အရှင်သခင်များ၏ ပြင်းထန်သော တိုက်ပွဲများကို အတင်းအကျပ် ထိုးဖောက်သွားရန် မဖြစ်နိုင်ပေ။

" ငါမင်းကို အထင်သေးခဲ့မိတာပဲ။ " ဖျန်ထျန်းအရှင်သခင်ကလည်း ပညာရှိကို ကြည့်လိုက်သည်။ ဒဏ္ဍာရီအချိန်အရှင်သခင်များက တိုက်ခိုက်မှုကို ရပ်လိုက်ကြသည်။

" ငါ့ကို အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ " ပညာရှိက ပြုံးလိုက်သည်။

စစ်မှန်သော စွမ်းအားနှင့်ဆိုလျှင် သူက ဖန်ထျန်းနှင့် ဟောက်ထျန်းတို့ထက် နိမ့်ကျသည်။ ကျောက်စိမ်းလှေကားပေါ်တွင် သူစုဆောင်းထားသော အလားအလာများက အပြည့်အဝ ထွက်ပေါ်လာခဲ့ပြီး သူ၏ စွမ်းအားကို သိသိသာသာ တိုးလာစေကာ ဖန်ထျန်းနှင့် ဟောက်ထျန်းတို့၏ အဆင့်သို့ ရောက်ရှိသွားစေသည်။ ထို့အပြင် သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများနှင့်အတူ လျို့ဝှက်နည်းစနစ်များစွာကို ဖန်တီးခဲ့သောကြောင့် ထိုယှဉ်ပြိုင်မှု၏ အဆုံးသတ်သို့ ရောက်သွားနိုင်ခဲ့ခြင်း ဖြစ်သည်။

" လွတ်မြောက်ခြင်း.... ငါကတော့ နောက်ဆုံးမှာ လွတ်မြောက်သွားလိမ့်မယ်။ " ပညာရှိက စိတ်လှုပ်ရှားစွာဖြင့် နောက်မှ အချိန်အရှင်သခင်များကို ကြည့်လိုက်သည်။ " ငါက အသန်မာဆုံး ဒဏ္ဍာရီအချိန်အရှင်သခင်အားလုံးကို ကျော်တက်ပြီးပြီ။ ငါသာ လွတ်မြောက်ခြင်းကို မရရင် ဘယ်သူရဦးမှာလဲ။ "

ပညာရှိက ဒဏ္ဍာရီအချိန်အရှင်သခင်များကို ကြည့်ရင်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ဖန်ထျန်း၊ ဟောက်ထျန်းနှင့် ကပ်ဘေးသန်းသုံးရာကျော်ကို ဖြတ်ကျော်ထားသော အရှင်သခင်များနှင့် စုစုပေါင်းခုနှစ်ယောက်က အောက်တွင် ရှိနေကြသည်။ သို့သော် နဂါးငွေ့တန်းက ဘယ်မှာလဲ။

သူက နဂါးငွေ့တန်းကို မယှဉ်နိုင်သောကြောင့် အဖြူရောင်ကျောက်စိမ်းလှေကားပေါ်သို့ မတက်မီ နဂါးငွေ့တန်းက အမှောင်ထဲတွင် ပုန်းအောင်းနေမည်ကို သတိထားပြီး စောင့်ကြည့်နေခဲ့သည်။ သို့သော် အစမှအဆုံးထိ နဂါးငွေ့တန်းက တစ်ခါမှ ပေါ်မလာခဲ့ပေ။

" နဂါးငွေ့တန်းအရှင်သခင်...." ပညာရှိက ကျောက်စိမ်းလှေကားတစ်ခုချင်းစီကို ကြည့်လိုက်သော်လည်း လင်းယွမ်၏ အရိပ်အယောင်ကို မတွေ့ခဲ့ရပေ။ သူ၏ အကြည့်က ပေါင်းစည်းထားသော ကျောက်စိမ်းလှေကား၏ အထက်သို့ လှည့်ကြည့်လိုက်သည်။

ကျောက်စိမ်းလှေကားက အထက်သို့ အဆုံးမရှိ သွယ်တန်းနေပုံရပြီး သူ၏ အမြင်အာရုံအစွန်းတွင် သူ့ကို ကျောပေးပြီး တက်နေသော ပုံရိပ်တစ်ခုကို သတိထားမိလိုက်သည်။ ထိုပုံရိပ်က အလွန်ဝေးကွာသော်လည်း လင်းယွမ်ဖြစ်သည်ကို ပညာရှိက သိလိုက်သည်။

" ပညာရှိက ဘာကိုတွေ့လိုက်တာလဲ။ " ဖန်ထျန်းအရှင်သခင်က ပညာရှိ၏ အပြောင်းအလဲကို သတိထားမိသွားသည်။ သူရှိနေသော နေရာက လင်းယွမ်၏ အရိပ်အယောင်ကို မမြင်နိုင်ပေ။

အခြားသူများကလည်း ပညာရှိကို ကြည့်လိုက်ကြသည်။ ပေါင်းစည်းထားသော ကျောက်စိမ်းလှေကားပေါ်သို့ ပထမဆုံးတက်လိုက်သူဖြစ်သောကြောင့် သူက တစ်စုံတစ်ခုက သိနေနိုင်သည်။

All Chapters