ဒဏ္ဍာရီအချိန်အရှင်သခင်အားလုံး၏ ကပ်ဘေး....
Vol. 82 Ch. 1140
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
" ကျောက်စိမ်းလှေကားက အချိန်တန်လို့ အရည်ပျော်သွားတာလား ဒါမှမဟုတ် ငါဒီနေရာကို တက်လိုက်လို့လား။ " လင်းယွမ်က သူ၏ စိတ်ကို ထိန်းချုပ်ပြီး ဆက်မတွေးတော့ဘဲ ရှေ့သို့ ဆက်တက်လိုက်သည်။
ယခု ကျောက်စိမ်းလှေကား၏ အရည်ပျော်မှုက သူ့ကို မခြိမ်းခြောက်နိုင်သော်လည်း အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားရမည်ဖြစ်သည်။ အကယ်၍ နောက်ပိုင်း အရည်ပျော်နှုန်းက ပိုမြန်လာခြင်း သို့မဟုတ် သူ၏ အထက်ရှိ အစိတ်အပိုင်းများမှ အရည်ပျော်လာလျှင် ပြဿနာရှိနိုင်သည်။ထို့ကြောင့် အမြန်ဆုံးတက်ခြင်းက အများဆုံး အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။
လင်းယွမ်က ကျောက်စိမ်းလှေကား၏ ပြောင်းလဲမှုကို သတိထားမိသကဲ့သို့ အောက်တွင်ရှိသော ဒဏ္ဍာရီအချိန်အရှင်သခင်များကလည်း သတိထားမိသွားကြသည်။
" အရည်ပျော်နေပြီ။ အပေါ်က ကျောက်စိမ်းလှေကားထစ်တွေ အရည်ပျော်နေပြီ။ "
" ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက လွတ်မြောက်ခြင်းလမ်းစဉ် ဖြတ်တောက်ခံလိုက်ရတာမဟုတ်လား။ "
ဒဏ္ဍာရီအချိန်အရှင်သခင်များက ဒေါသထွက်သွားကြသည်။ သူတို့က မျှော်လင့်ချက်ကို ခက်ခက်ခဲခဲ ဆုပ်ကိုင်ထားကြပြီး နောက်ဆုံးတွင် လွတ်မြေုက်ခြင်းမရလျှင်တောင် သူတို့၏ ဖရိုဖရဲမူလတာအိုကို ပြည့်စုံအောင် လုပ်နိုင်မည်ဖြစ်သည်။ လွတ်မြောက်ခြင်းလမ်းစဉ်က ဖြတ်တောက်ခံလိုက်ရလိမ့်မည်ဟု ဘယ်သူမှမမျှော်လင့်ထားကြပေ။
" နဂါးငွေ့တန်းအရှင်သခင်ရဲ့ အောက်မှာရှိတဲ့ ကျောက်စိမ်းလှေကားထစ် အစိတ်အပိုင်းတစ်ခုက အရည်ပျော်နေတာပဲ။ " ပညာရှိက အဝေးသို့ ကြည့်ပြီး ပြောလိုက်သည်။
" ကြည့်ရတာ ဒီလမ်းစဉ်က နဂါးငွေ့တန်းအရှင်သခင်တစ်ယောက်ပဲ လွတ်မြောက်ဖို့ အခွင့်အရေးရှိတော့တာထင်တယ်။ " ဖန်ထျန်းအရှင်သခင်က သက်ပြင်ချလိုက်သည်။
ဝုန်း....
ကျောက်စိမ်းလှေကား၏ အပြောင်းအလဲက ပြင်းထန်သော ရိုက်ခတ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ အဆုံးမဲ့မဟာတာအိုစိတ်အသိက ဆင်းသက်လာသော်လည်း ကျောက်စိမ်းလှေကားများ၏ တားဆီးမှုခံလိုက်ရသောကြောင့် အဆုံးမဲ့မဟာတာအို၏ အော်ရာက အဆုံးမဲ့ဒိုင်မန်းရှင်းများဆီသို့ ပျံ့နှံ့သွားခဲ့သည်။
ထိုထိုးဖောက်ဝင်ရောက်မှုက လက်ရှိအချိန်လေဟာနယ်သာမက အဆုံးမဲ့ဒိုင်မန်းရှင်းများ၏ အတိတ်နှင့် အနာဂတ်အားလုံး အဆုံးမဲ့မဟာတာအို၏ လွှမ်းမိုးမှုကို ခံလိုက်ရသည်။
စိတ်ပျက်အားလျော့နေသော အခြားအချိန်အရှင်သခင်များ၏ စိတ်ထဲတွင် ဆန်းကြယ်သော ရှေဟောင်းသတင်းစကားတစ်ခုက ရုတ်တရက် ရောက်ရှိလာသည်။
" နဂါးငွေ့တန်းကို ကျောက်စိမ်းလှေကားကို ဆက်မတက်နိုင်အောင် တားဆီးကြ။ တကယ်လို့ အောင်မြင်ခဲ့ရင် မင်းတို့ကို ကပ်ဘေးတစ်ထောင် ဖြတ်ကျော်ပြီးသားလို့ သတ်မှတ်ခံရမယ်။ ရှုံးနိမ့်ခဲ့ရင်လည်း ဘာပြစ်ဒဏ်မှ မရှိစေရဘူး။ "
ဖန်ထျန်း၊ ဟောက်ထျန်းနှင့် အခြားအချိန်အရှင်သခင်များက သူငယ်အိမ်များ ကျဉ်းမြောင်းသွားကြသည်။ သူတို့၏ မျက်နှာများပေါ်တွင် မယုံကြည်နိုင်ခြင်းများ ပေါ်လာကြသည်။ နဂါးငွေ့တန်းကို ကျောက်စိမ်းလှေကားကို ဆက်မတက်နိုင်အောင် တားဆီးနိုင်လျှင် ကပ်ဘေးတစ်ထောင်ကို ဖြတ်ကျော်ပြီးသားအဖြစ် သတ်မှတ်ခံရမည့်အပြင် ကျရှုံးခဲ့လျှင်တောင် မည်သည့်ပြစ်ဒဏ်မှမရှိပေ။ ၎င်းက အဆုံးမဲ့မဟာတာအိုကိုယ်တိုင် သတ်မှတ်လိုက်သော ကပ်ဘေးတစ်ခု ဖြစ်နိုင်သည်။
ဖရိုဖရဲဟင်းလင်းပြင်တွင် လင်းယွမ်က မျက်လုံးများ မှိတ်လိုက်ပြီး သူ၏ အာရုံအများစုကို ကျောက်စိမ်းလှေကားထစ်များတက်ရန်အတွက် စုစည်းထားသည်။
ရုတ်တရက် ခရမ်းရောင်အလင်းအရှင်သခင်က လင်းယွမ်ကို ဆက်သွယ်လာသည်။
" နဂါးငွေ့တန်း တစ်ခုခုတော့ အကြီးအကျယ် မှားနေပြီ။ "
"ဘာဖြစ်လို့လဲ။ " လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။
" အခုလေးတင် အဆုံးမဲ့မဟာတာအိုက ကပ်ဘေးသန်းချီ ဖြတ်ကျော်ထားတဲ့ ဒဏ္ဍာရီအချိန်အရှင်သခင်တွေအပေါ်မှာ တူညီတဲ့ ကပ်ဘေးတစ်ခု သတ်မှတ်လိုက်တယ်။ အဲ့ဒါက မင်း ကျောက်စိမ်းလှေကားကို ဆက်မတက်နိုင်အောင် တားဆီးဖို့ပဲ။ အောင်မြင်ခဲ့ရင် ဒါက ကပ်ဘေးတစ်ထောင်ကို ဖြတ်ကျော်ပြီးသားအဖြစ် သတ်မှတ်ခံရမယ်။ ရှုံးနိမ့်ခဲ့ရင်တောင် ဘာပြစ်ဒဏ်မှ မရှိသလို အဆုံးမဲ့မဟာတာအိုရဲ့ ဖျက်ဆီးခြင်းလည်း ခံရမှာမဟုတ်ဘူး။ " ခရမ်းရောင်အလင်းအရှင်သခင်က စိုးရိမ်စွာ ပြောလိုက်သည်။
" အဆုံးမဲ့မဟာတာအိုက ငါ့ကို ဒဏ္ဍာရီအချိန်အရှင်သခင်တွေရဲ့ ကပ်ဘေးပစ်မှတ်အဖြစ် သတ်မှတ်လိုက်တာလား။ အဆုံးမဲ့မဟာတာအိုစိတ်အသိက ငါ့ကို ကျောက်စိမ်းလှေကားထစ်အပေါ် ဆက်ပြီး မတက်စေချင်တာလား။ " လင်းယွမ်က အဆုံးမဲ့ဒိုင်မန်းရှင်းများကို ကြည့်လိုက်သည်။
ပုံမှန်အားဖြင့် အဆုံးမဲ့ကပ်ဘေးများတွင် ပါဝင်သော ကပ်ဘေးများက အချိန်အရှင်သခင်တစ်ယောက်ချင်းစီအတွက် မတူညီကြပေ။ သို့သော် ယခု အဆုံးမဲ့မဟာတာအိုစိတ်အသိက ဒဏ္ဍာရီအချိန်အရှင်သခင်များအတွက် တူညီသော ကပ်ဘေးတစ်ခုကို သတ်မှတ်လိုက်သည်။
၎င်းမှာ လင်းယွမ်ကို ကျောက်စိမ်းလှေကားထစ်များအပေါ် ဆက်မတက်နိုင်အောင် တားဆီးရန်ဖြစ်သည်။ ထို့အပြင် ကပ်ဘေးသန်းချီဖြတ်ကျော်ထားသော ဒဏ္ဍာရီအရှင်သခင်တိုင်းက လင်းယွမ်ကို တားဆီးနိုင်လျှင် ကပ်ဘေးတစ်ထောင်ကို ဖြတ်ကျော်သည်နှင့် ညီမျှပေသည်။
အမှန်အတိုင်းပြောရလျှင် ထိုကပ်ဘေး၏ ပစ်မှတ်က သူကိုယ်တိုင်မဖြစ်ခဲ့လျှင် လင်းယွမ်တောင် စိတ်ဝင်စားမည်ဖြစ်သည်။
" နဂါးငွေ့တန်း မင်းသတိထားမှ ရမယ်။ " ခရမ်းရောင်အလင်းအရှင်သခင်က ပြောလိုက်သည်။ သူက အဆုံးမဲ့မဟာတာအိုစိတ်အသိ သတ်မှတ်လိုက်သော ကပ်ဘေးအပေါ် စိတ်ဝင်စားခြင်း မရှိပေ။
အဆုံးမဲ့ကပ်ဘေးများတွင် မည်သည့်ကပ်ဘေးမဆို မျှတမှုရှိသည်။ အရိုးရှင်းဆုံးပြောရလျှင် ဒဏ္ဍာရီအချိန်အရှင်သခင်တစ်ယောက်အတွက် ကပ်ဘေးကို အလွယ်တကူ ဖြတ်ကျော်နိုင်သည်ဟု မရှိပေ။ အဆုံးမဲ့မဟာတာအိုမှ အကျိုးအမြတ်များရရှိပြီး ခွန်အားတိုးလာခြင်းက ထင်သလောက် မလွယ်ကူပေ။
ထို့အပြင် ယခုတစ်ကြိမ်တွင် အဆုံးမဲ့ မဟာတာအိုစိတ်အသိက ကပ်ဘေးသန်းချီ ဖြတ်ကျော်ထားသော အချိန်အရှင်သခင်များအပေါ်တွင် တူညီသော ကပ်ဘေးတစ်ခုကို သတ်မှတ်ပြီး ကြီးမားသော ဆုလာဘ်ကို ပေးထားသည်။ ရှုံးနိမ့်လျှင်လည်း ဘာပြစ်ဒဏ်မှ မရှိပေ။ ၎င်းက အပေါ်ယံကြည့်သလောက် ရိုးရှင်းမည်မဟုတ်ပေ။ ထိုကပ်ဘေး၏ ခက်ခဲမှုက ဒဏ္ဍာရီအချိန်အရှင်သခင်များ စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေသည်။
" စိတ်မပူနဲ့။ " လင်းယွမ်က စိုးရိမ်ခြင်းမရှိပေ။
သူ့ကို ကျောက်စိမ်းလှေကားပေါ် ဆက်မတက်နိုင်အောင် ဘယ်လိုတားဆီးမှာလဲ။ ကျောက်စိမ်းလှေကားပေါ်မှ သူရောက်နေသော အမြင့်က ဒဏ္ဍာရီအချိန်အရှင်သခင်များထက် များစွာ သာလွန်နေပြီဖြစ်သည်။
ထို့အပြင် ကျောက်စိမ်းလှေကားက ကျိုးးနေပြီဖြစ်သောကြောင့် ဒဏ္ဍာရီအချိန်အရှင်သခင်များက လှေကားပေါ်တွင် ဆက်နေနိုင်မလားဟူသည်မှာ မသေချာပေ။ အကယ်၍ အဆုံးမဲ့မဟာတာအိုစိတ်အသိက ဒဏ္ဍာရီအချိန်အရှင်သခင်များကို သူ၏ ရှေ့သို့ ပို့လိုက်လျှင်တောင် လင်းယွမ်၏ လက််ရှိစွမ်းအားဖြင့် ဖန်ထျန်းနှင့် ဟောက်ထျန်းတို့ကဲ့သို့ ကပ်ဘေးသန်းသုံးရာ ဖြတ်ကျော်ထားသော ဒဏ္ဍာရီအချိန်အရှင်သခင်များက သူ၏ ရှေ့တွင် ခုခံနိုင်စွမ်းရှိမည်မဟုတ်ပေ။
ဤခေတ်၏ ဒဏ္ဍာရီအချိန်အရှင်သခင်များ အားလုံးပူးပေါင်းလျှင်တောင် လင်းယွမ်က သူတို့ကို အလွယ်တကူ ချေမှုန်းပစ်ရန် ယုံကြည်မှုရှိပေသည်။
" အဆုံးမဲ့မဟာတာအိုစိတ်အသိ..." လင်းယွမ်က စိုးရိမ်ခြင်းမရှိသော်လည်း ဖမကို လျှော့မတွက်ပေ။
အဆုံးမဲ့မဟာတာအိုစိတ်အသိက သူ့ကို တားဆီးရန် ကပ်ဘေးတစ်ခုအဖြစ် သတ်မှတ်သောကြောင့် ၎င်းတွင် မျှော်လင့်ချက်တစ်ခုခု ရှိနိုင်သည်။
" နဂါးငွေ့တန်း ကျောက်စိမ်းလှေကားပေါ် တက်နေတာကို တားဆီးရမှာလား။ ဟာသပဲ။ အဆုံးမဲ့မဟာတာအိုစိတ်အသိက ရူးသွားတာလား။ " ကပ်ဘေးသန်းသုံးရာကျော် ဖြတ်ကျော်ထားသော ဒဏ္ဍာရီအချိန်အရှင်သခင်များက အံ့ဩသွားပြီးနောက် ခေါင်းခါလိုက်ကြသည်။
ကပ်ဘေးသန်းတစ်ရာနှစ်ရာကို ဖြတ်ကျော်ထားသော ဒဏ္ဍာရီအချိန်အရှင်သခင်များကတော့ အဆုံးမဲ့မဟာတာအိုစိတ်အသိက သတ်မှတ်လိုက်သော ထိုကပ်ဘေးကို စိတ်ဝင်စားကြပေလိမ့်မည်။ သို့သော် သူတို့ကတော့ မတူပေ။ ပေါင်းစည်းထားသော ကျောက်စိမ်းလှေကားပေါ်သို့ ပထမဆုံး တက်လှမ်းခဲ့သော ဒဏ္ဍာရီအချိန်အရှင်သခင်များအနေဖြင့် ဟောက်ထျန်းအရှင်သခင်ကဲ့သို့သော အချိန်အရှင်သခင်များက နဂါးငွေ့တန်း၏ ကြောက်စရာကောင်းမှုကို အသိဆုံးဖြစ်သည်။
နဂါးငွေ့တန်းက အဆုံးမဲ့ဒိုင်မန်းရှင်းများ ဖြစ်ပေါ်လာကတည်းက ဒဏ္ဍာရီအချိန်အရှင်သခင်များအားလုံးထဲတွင် ထိပ်ဆုံးငါးယောက် သို့မဟုတ် သုံးယောက် စာရင်းဝင်နိုင်သည်။ ထို့အပြင် ယခု သူတို့က နဂါးငွေ့တန်းနှင့် အလွန်ဝေးကွာသော နေရာတွင် ရှိနေကြသည်။
" မလောနဲ့။ " ပညာရှိက ရုတ်တရက် ပြောလိုက်သည်။ " အဆုံးမဲ့မဟာတာအိုစိတ်အသိက ဒီလိုကပ်ဘေးမျိုး သတ်မှတ်ရတယ်ဆိုတာ အောင်မြင်ဖို့ ဖြစ်နိုင်ခြေရှိလို့ပဲ။ မအောင်မြင်တော့ရော ဘာဖြစ်လဲ။ အဆုံးမဲ့မဟာတာအိုရဲ့ ဖျက်ဆီးခြင်းကိုလည်း ခံရမှာမဟုတ်ဘူး။ "
" မှန်တယ်။ စောင့်ကြည့်ကြတာပေါ့။ " ဒဏ္ဍာီအချိန်အရှင်သခင်များက ခေါင်းညိမ့်လိုက်ကြသည်။
သူတို့က အဆုံးမဲ့မဟာတာအိုစိတ်အသိ သတ်မှတ်ထားသော ကပ်ဘေးကို ယခုအချိန်တွင် စောင့်ကြည့်ရန်သာ ရည်ရွယ်ထားကြသည်။ အကယ်၍ နောက်ပိုင်းတွင် အပြောင်းအလဲမရှိဘဲ ဖြစ်နိုင်ခြေမရှိလျှင် သူတို့က လက်လျှော့လိုက်ကြမည်ဖြစ်သည်။
နောက်တစ်ချက်အနေဖြင့် သူတို့က ထိုကပ်ဘေးကို ကြိုးစားကြည့်ကြမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် ရှုံးနိမ့်သွားလျှင်တောင် အဆုံးမဲ့မဟာတာအိုစိတ်အသိ၏ ဖျက်ဆီးခြင်းခံရမည်မဟုတ်သောကြောင့် ဖြစ်သည်။