← Chapters

အခန်း (၂၈၆-၂၈၈)

Vol. 20 Ch. 286-288

အခန်း (၂၈၆-၂၈၈)

Vol. 20 Ch. 286-288

အခန်း ၂၈၆

ဧည့်ခန်းထဲကထွက်လာသောလူနှစ်ဆယ်လောက်သည် တခြားအိပ်ခန်းများမှထွက်လာသော ဒေသခံများနှင့် စကားပြောကာ ထွက်သွားခဲ့ကြသည်။

ကျန်းယွင်ထျန်း သူတို့ကိုကြည့်ကာ အံ့အားသင့်သွား၏။ သူတစ်ခါပြောလိုက်ရုံဖြင့် သူတို့နားလည်သွားမည်ဟု သူမျှော်လင့်မထားခဲ့ပေ။

ကျောက်စရစ်ခဲနှင့် ဘူးတို့ ရောက်လာသောအခါ ရှောင်းယီက ချက်ချင်းပြောလိုက်သည်။

“လူတိုင်းပဲ သံလှံတစ်ချောင်းစီယူပြီး မြို့ရိုးပေါ်တက်ကြ! အပေါ်က သံကွန်ရက်တွေကို မထိမိဖို့ သတိထားရမယ်!”

“ဟုတ်ကဲ့!”

ထိုဒေသခံများက တုန့်ပြန်လိုက်ကြပြီး ဘေးနားတွင်စုပုံထားသော သံလှံများကို ချက်ချင်းပင် ကောက်ယူကာ မြို့ရိုးဆီကို ပြေးသွားကြသည်။

ထို့နောက် ကျန်းယွင်ထျန်းသည်လည်း အံ့အားသင့်သော မျက်နှာအမူအရာဖြင့် ပြန်ရောက်လာခဲ့သည်။

“ဘာဖြစ်လာတာလဲ”

ရှောင်းယီက မေးလိုက်သည်။

“ခုနက ငါပြောလိုက်ရုံရှိသေးတယ် သူတို့က တန်းပြီးထွက်သွားကြတယ်။ သူတို့ ငါတို့ဘာသာစကားကို သူတို့နားလည်သွားတာများလား။”

ကျန်းယွင်ထျန်း၏အမူအရာမှာ မယုံနိုင်ဖြစ်နေခဲ့သည်။

ရှောင်းယီ အနည်းငယ် ကြောင်အ,သွား၏။

“အဲ့လောက်တော့ မမြန်သင့်ပါဘူး။ လာ! ငါတို့လည်းတက်ကြမယ်။ လယ်သမားရောပဲ။ ငါတို့ တစ်ယောက်ကို အရပ်မျက်နှာတစ်ခုစီ နေရာယူမယ်။ ပုံမှန်မဟုတ်တာ တစ်ခုခုဖြစ်လာရင် ဝေါ်ကီတော်ကီနဲ့ အချိန်နဲ့တစ်ပြေးညီဆက်သွယ်ကြ။”

“ဟုတ်ကဲ့!”

အခြားသူများက တုန့်ပြန်လိုက်ကြသည်။

အန်းရန်သည်လည်း ရှောင်းယီ၏ ညွှန်ကြားချက်များကို ကြားလိုက်ရ၏။

“ငါလည်းတက်မယ်။ မီးဖိုချောင်မှာက ဆုဝမ်တစ်ယောက်တည်း ရှိလည်းဖြစ်တယ်။”

ထိုစကားကိုကြားသောအခါ ရှောင်းယီ အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။ ထိုအခါ ဘေးနားတွင်ရပ်နေသော ကျန်းယွင်ထျန်းက ဝင်ပြောလိုက်သည်။

“သူ့ကိုသွားခွင့်ပေးလိုက်ပါ။ ငါတို့ရဲ့ လေးနဲ့မြားလေ့ကျင့်ရေးမှာ သူ့ရဲ့ရလဒ်တွေက အကောင်းဆုံးပဲ။ သူမက မြန်ဆန်မှု၊ တိကျမှု၊ ရက်စက်ကြမ်းတမ်းမှုတွေရဲ့ အနှစ်သာရကို ယူဆောင်လာတယ်လို့ ဆိုလို့ရတယ်။ လေးနဲ့မြားရဲ့အင်အားကိုပဲကြည့်မယ်ဆိုရင် ငါတောင်မှ ပိုအားနည်းနေမှာ ကြောက်မိတယ်။”

ကျန်းယွင်ထျန်း၏စကားကိုကြားသောအခါ ရှောင်းယီက အန်းရန်ကို အံ့အားသင့်စွာ ကြည့်လိုက်မိ၏။ နောက်ကွယ်ကနေ ထောက်ပံ့ပို့ဆောင်ရေးအလုပ်များကိုသာ တိတ်တဆိတ်လုပ်ဆောင်ပေးနေခဲ့သော အန်းရန်တွင် လေးနှင့်မြားအတွက် ပါရမီပါလိမ့်မည်ဟု သူမျှော်လင့်မထားမိခဲ့ပေ။

“ကောင်းပြီ‌လေ။ အတူတူသွားကြတာပေါ့။ ကျောက်စရစ်ခဲ ငါ့ကို ဝါးမြားတွေကူသယ်ဖို့ နောက်ထပ်နှစ်ယောက်လောက် စီစဉ်ပေးပါဦး!”

ရှောင်းယီက ပြောလိုက်သည်။

ထို့နောက် သူတို့ ကိုယ်စီကိုယ်ငှ မြို့ရိုးပေါ်သို့ အတူတက်လာခဲ့ကြသည်။ မြို့ရိုးပေါ်တက်လာရင်းဖြင့် ကျန်းယွင်ထျန်းက စကားဆက်လိုက်သည်။

“လေးနဲ့မြားက လူတိုင်းအတွက် အသစ်ဖြစ်နေတုန်းပဲ။ ငါလည်း အရင်တုန်းက ဒူးလေးတွေကိုပဲ သုံးခဲ့ဖူးတယ်။ လေးနဲ့မြားကိုတော့ တစ်ခါမှမသုံးဖူးဘူး။ ဒါပေမယ့် ဒီအမျိုးသမီးတွေက လေးနဲ့မြားကို သဘာဝအတိုင်း အထိရောက်ဆုံးအသုံးချနိုင်ပုံပဲ။ သူတို့လေးယောက်လုံးရဲ့ရလဒ်တွေက တကယ်ကောင်းတယ်။ ဒါပေမယ့် အန်းရန်ကတော့ သူတို့ထဲမှာ အကောင်းဆုံးပဲ။”

ရှောင်းယီက ခေါင်းညိတ်ပြလိုက်၏။

“နောက်ထပ် ကိစ္စတစ်ခုရှိနေတာပဲ။ နောက်ပိုင်းမှာ မင်းတို့သင်တန်းကို ငါပိုတက်ဖို့လိုမယ်ထင်တယ်။ မဟုတ်ရင် မင်းတို့သင်တန်းရဲ့ရလဒ်တွေကိုတောင် ငါသိတော့မှာမဟုတ်ဘူး။”

“အဲ့ဒါက ငါမင်းကို မပြောပြဖြစ်ခဲ့လို့ပါ။ နောက်ပိုင်းလေ့ကျင့်ရေးတွေမှာ ကျွန်တော်တို့ကျွန်းပေါ်က လူအင်အားရဲ့ စစ်ရေးစွမ်းရည်နဲ့ ပတ်သက်ပြီး မင်းကို သီးသန့်တင်ပြပေးမယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ဘော့ပင်တစ်ချောင်းလောက်ရှိရင် တော်တော်ကောင်းမှာပဲ။”

ရှောင်းယီက အနည်းငယ် ကြက်သေသေသွား၏။ ကျန်းယွင်ထျန်းက ထိုသို့ပြောပြီးနောက် အရှေ့ဘက်မြို့ရိုးဆီသို့ လျှောက်သွားခဲ့သည်။

“ဟုတ်တယ်။ အခုချိန်မှာ အကြောင်းအရာ‌တစ်ခုခုကို မှတ်တမ်းတင်ဖို့က အရမ်းခက်နေတယ်။ ဘောပင်မရှိရင်တောင်မှ ကွန်ပျူတာတစ်လုံးလောက်ရှိရင် အဆင်ပြေတယ်။”

ရှောင်းယီက မြောက်ဘက်မြို့ရိုးဆီသို့ လျှောက်သွားရင်း ရေရွတ်လိုက်မိသည်။

အနောက်မြို့ဘက်ရိုးသည် ကျွန်းပေါ်ရှိတောင်ကုန်းနှင့် အနီးဆုံးဖြစ်သည်။ အရှေ့ဘက်နှင့် အနောက်ဘက်ရှိ သစ်တောများမှာ အလွန်ထူထပ်ပြီး တောင်ဘက်တွင်မူ သစ်ပင်အနည်းငယ်သာရှိသည်။

တိုက်ခိုက်မှုဖိအားမှာ အဓိကအားဖြင့် အရှေ့ဘက်နှင့် အနောက်ဘက်တွင် ရှိပေသည်။ ရှောင်းယီ မြောက်ဘက်မြို့ရိုးကို ရွေးရခြင်းမှာ သူသည် အရှေ့ဘက်နှင့် အနောက်ဘက်ကို အချိန်မီကူညီနိုင်ရန်ဖြစ်သည်။

ယွမ်နွန်ကိုမူ ဖိအားအနည်းဆုံး တောင်ဘက်မြို့ရိုးတွင် နေရာချထားခဲ့သည်။

ယွမ်ရှိသည်လည်း ရှောင်းယီနှင့်အတူ မြောက်ဘက်မြို့ရိုးဆီသို့ လိုက်လာခဲ့သည်။

“ခုမက ကျန်းယွင်ထျန်း မင်းတို့ကိုလာခေါ်တာကို မင်းတို့နားလည်လား။”

ရှောင်းယီက သူ့ကို မေးလိုက်သည်။

“ထွက်လာခဲ့ကြဆိုတဲ့စကားလုံးကိုပဲ ကျွန်တော်တို့နားလည်ပါတယ်။”

ယွမ်ရှီက ပြန်ဖြေ၏။ ရှောင်းယီက ခေါင်းညိတ်မိလိုက်သည်။

“မင်းတို့ရဲ့ သင်ယူလေ့လာမှုက အတော်မြန်သားပဲ။”

“ကျွန်တော်တို့ထဲက တစ်ချို့က သင်ယူတဲ့နေရာမှာ အတော်လေးမြန်တယ်။ တစ်ချို့ကတော့ နှေးတယ်။ မြန်မြန်သင်ယူနိုင်တဲ့သူတွေကို ကျွန်တော် သပ်သပ်စုထားလိုက်တာပါ။”

ယွမ်ရှိက ပြန်ဖြေလိုက်သည်။

“အင်း မင်းကောင်းကောင်းလုပ်ခဲ့တာပဲ။ လူတချို့ကို အရင်ဆုံးသင်ခွင့်ပေးလိုက်။ ပြီးရင် အဲ့ဒီသင်ပြီးသွားတဲ့သူတွေကိုခေါ်ပြီး မသိသေးတဲ့သူတွေကို သင်ခိုင်းလိုက်။”

ရှောင်းယီက ပြောလိုက်၏။ သူပြောနေစဉ်မှာပင် သစ်တောထဲမှ တဒုန်းဒုန်း တဒိုင်းဒိုးဖြင့် ပြေးလာသည့်ခြေသံများ ပေါက်ကွဲထွက်လာခဲ့လေသည်။

ရှောင်းယီ အနီးကပ်ကြည့်သောအခါ ယုန်၊ မြွေ၊ ဝံပုလွေ၊ ကျား၊ ခြင်္သေ့ အစရှိသည့် တိရစ္ဆာန်များအပါအဝင် တိရစ္ဆာန်အများအပြား ထွက်ပေါ်လာနေသည်ကို တွေ့လိုက်ရလေသည်။

“ဒီလိုမျိုး တိရစ္ဆယန်တွေအများကြီး ထွက်လာတယ်ဆိုတော့ သစ်တောရဲ့ပမာဏက ကန့်သတ်ချက်ကို ရောက်သွားလောက်ပြီ။ သူတို့ လူသားတွေကိုတိုက်ဖို့ထွက်လာတကို နားလည်ပေးလို့ရနိုင်တယ်။”

ရှောင်းယီ စိတ်ထဲတွင် ပြောလိုက်၏။

သို့သော်လာ်း အံ့ဩစရာကောင်းသည်မှာ ပုံမှန်ဆိုလျင် သဘာဝရန်သူများဖြစ်ကြသော ယုန်နှင့် ဝံပုလွေများကဲ့သို့ တိရစ္ဆာန်များသည် ယခုအချိန်တွင် သဟဇာတဖြစ်စွာ နေထိုင်နေကြခြင်းပင်။

“ဒီအခြေအနေက တိကျတဲ့အခြေအနေတစ်ခုကို အပျိုးမိလိုက်လို့ သားရဲတွေက လူသားတွေကို တိုက်ခိုက်တာမျိုးဖြစ်သင့်တယ်။”

ရှောင်းယီက ရေရွတ်လိုက်သည်။

သူ၏ဘေးနားတွင်ရှိနေသော ကျောက်စရစ်ခဲသည် ထိုကဲ့သို့ သားရဲအုပ်ကြီးကိုမြင်လိုက်ရသောအခါ ကြောက်လန့်သွားလေသည်။

“အရှင် တိရစ္ဆာန်တွေ ဘာလို့ဒီလောက်တောင် များနေရတာလဲ။ သူတို့က ဘာလုပ်ချင်နေကြတာလဲ။”

“သူတို့က ငါတို့ကိုတိုက်ခိုက်ပြီး ငါတို့ရဲ့နေရာကို သိမ်းပိုက်ချင်နေကြတယ်။”

ရှောင်းယီက ပြုံးကာ ရှင်းပြလိုက်သည်။

“ဒီလိုသားရဲအုပ်ကြီးကိုဆန့်ကျင်ပြီး ကျွန်တော်တို့ကာကွယ်နိုင်ပါ့မလား။”

ယွမ်ရှီက စိုးရိမ်တကြီး မေးလိုက်၏။

“တစ်ချက်လောက်စောင့်ကြည့်ပြီးမှ အဲ့အကြောင်းပြောကြတာပေါ့။ ငါတို့ဆီမှာ ရှေးစကားတစ်ခွန်းရှိတယ်။ လူတိုင်းအတွက် ပြီးပြည့်စုံနေတဲ့လမ်းကြောင်းဆိုတာ မရှိဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ထိုတိရစ္ဆာန်များသညါ ချက်ချင်းပင် မြို့ရိုးကို စတင်တိုက်ခိုက်ကြလေတော့သည်။ သို့သော်လည်း ထိုအရာသည် S အဆင့် မြို့ရိုးဖြစ်ပြီး ထိုအရာနှင့်ရင်ဆိုင်ရသည့်အခါ သူတို့၏တိုက်ခိုက်မှုများမှာ အင်မတန်အားနည်းနေပုံရလေသည်။

သူတို့သည် မြို့ရိုးပေါ်၌ ခြစ်ရာတစ်ခုပင် ချန်မထားနိုင်ခဲ့ကြပေ။

“ရှောင်းယီ သစ်တောထဲက တိရစ္ဆာန်တွေက ဒီမြို့ရိုးကို ဘယ်လိုမှပျက်စီးအောင်မလုပ်နိုင်ဘူးလို့ ငါထင်တယ်။”

ကျန်းယွင်ထျန်းက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“ငါတို့ အပြင်မထွက်သ၍ သူတို့က ငါတို့ကို ထိခိုက်အောင်မလုပ်နိုင်ဘူး။”

ဒေသခံများသည် ဒီမြင်ကွင်းကိုမြင်လိုက်ရသောအခါ ချက်ချင်းပင် ဝမ်းသာအားက အော်ဟစ်လိုက်ကြသည်။

နောက်အခိုက်အတန့်တွင် ထိုတိရစ္ဆာန်များသည် မြို့ရိုးအားတိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး မြို့ရိုးပေါ်သို့တွယ်တက်ရန် နည်းလမ်းများကို စတင်စဉ်းစားလာခဲ့ကြလေသည်။

ထို့နောက် သေးငယ်သောတိရစ္ဆာန်များသည် တစ်ကောင်ပေါ်တစ်ကောင် ထပ်ကာဆင့်လိုက်၏။ ထို့နောက် ချက်ချင်းဆိုသလိုပင် မြို့ရိုးထိပ်ဆီသို့ ချဦးကပ်လာကြလေသည်။

“အရှင် တိုက်ခိုက်ဖို့အမိန့်ပေးပါ!”

ကျောက်စရစ်ခဲက တောင်းဆိုလိုက်သည်။

“ဒီကောင်တွေ အပေါ်တက်လာရင် ကျွန်တော်တို့ ဒုက္ခရောက်လိမ့်မယ်။”

ရှောင်းယီက ခေါင်းခါလိုက်၏။

“ခဏလောက်စောင့်ပါဦး မလောနဲ့!”

ထိုစကားကိုကြားသောအခါ ယွမ်ရှိသည် ပဟေဠိဖြစ်သွားသော်လည်း ရှောင်းယီ၏အမိန့်ကို မနာခံဘဲ မနေရဲပေ။

မကြာခင်မှာပင် ထိုတိရစ္ဆာန်ငယ်လေးများသည် မြို့ရိုးထိပ်သို့ ရောက်လာခဲ့ကြပြီး သံကွန်ရက်နှင့် ဝင်တိုက်မိသွားကြတော့သည်။

ဂျစ်! ဂျစ်! ဂျစ်!

မီးပွားများနှင့် လျှပ်စီးကြောင်းများ ပေါက်ကွဲထွက်လာခဲ့သည်။

သံကွန်ရက်နဲ့ တိုက်မိသွားသည် တိရစ္ဆာန်ငယ်လေးများအားလုံးသည် လျှပ်စစ်ဓာတ်ကြောင့် မည်းနက်သွားကြလေတော့သည်။

ထိုမြင်ကွင်းသည် ဒေသခံများကို ကြောက်လန့်သွားစေခဲ့ပြီး ချက်ချင်းပင် ထွက်ပြေးချင်စိတ်ဖြစ်စေသွားခဲ့လေသည်။

“အားလုံးပဲ မကြောက်ပါနဲ့။ ဒါက လျှပ်စစ်ဓာတ်ပဲ။ အဲ့ဒါကြောင့်ပဲ ဒီသံကွန်ရက်တွေကို မထိမိဖို့ ငါပြောခဲ့တာ။”

ရှောင်းယီက သူ၏လေသံမြှင့်ကာ ပြောလိုက်၏။

ရှောင်းယီက နှိုက်နှိုက်ချွတ်ချွတ်တော့ ဆက်ရှင်းမပြတော့ပေ။ ထိုဒေသခံများသည် လျှပ်စစ်ဓာတ်နှင့်ပတ်သက်တဲ့ ညွှန်ကြားချက်များကို အမြဲတမ်း မြင်ရဦးမည်ပင်ဖြစ်သည်။

ဝုန်း!

ထိုတိရစ္ဆာန်ငယ်လေးများသည် ဓာတ်လိုက်ကာ ‌သေဆုံးသွားကြပြီး တစ်ကောင်ပြီးတစ်ကောင် အောက်သို့ ပြုတ်ကျကုန်တော့သည်။

တခြားအကောင်ကြီးများသည်လည်း မသိစိတ်အရ ခြေလှမ်းများကို နောက်ပြန်ဆုတ်လိုက်မိကြသည်။

အဆုံးတွင် ခုနကမြင်ခဲ့ရသော မြင်ကွင်းမှာ သူတို့အတွက် အလွန်ထိတ်လန့်စရာကောင်းပေသည်။ တိရစ္ဆာန်များ၏ အန္တရာယ်ကို ရှောင်ရှားနိုင်သည့် သဘောသဘာဝသည် သူတို့ကို ထိုသံကွန်ရက်များနှင့် ဝေးဝေးရှောင်ရန် သူတို့၏ နှလုံးသားအောက်ခြေမှ သတိပေးနေခဲ့လေသည်။

သို့သော် နောက်အခိုက်အတန့်၌ ထိုအကောင်ကြီးများသည်လည်း စတင်ကာလှုပ်ရှားလာခဲ့ကြလေသည်။ သူတို့သည် မြို့ရိုးနားရှိ သစ်ပင်ကြီးများပေါ်သို့ တက်သွားခဲ့ကြပြီး ထိုသစ်ပင်ကြီးများကို အသုံးပြုကာ မြို့ရိုးထဲသို့ ဒိုင်‌ဗင်ထိုးကာခုန်ချရန် ပြင်လိုက်ကြ၏။

ရှောင်ရှန်းသည် မြို့ရိုးထဲသို့ ထိုကဲ့သို့ခုန်ချခဲ့သည် နောက်ဆုံးအကြိမ်ပြီးနောက် ရှောင်းယီနှင့် အခြားသူများသည် မြို့ရိုးနားက သစ်ပင်များကို ကိုင်းချိုင်ထားခဲ့ကြသည်။

ထို့ကြောင့် ယခုအချိန်တွက် မြို့ရိုးနှင့်အနီးကပ်ဆုံး သစ်ကိုင်းများမှာ မြို့ရိးမှ ၁၀မီတာအကွာတွက် ရှိနေပေသည်။

အကွာအဝေးမှာ ၁၀ မီတာဖြစ်သော်လည်း ထိုအကွာအဝေးသည် ပေါ့ပါးဖျတ်လတ်စွာ လှုပ်ရှားနိုင်သော တောကြောင်များအတွက်ယမူ ခက်ခဲခြင်းမရှိပေ။

ထို့အပြင် သူတို့ထဲက တိရစ္ဆာန်အများအပြားမှာ သာမန်အဆင့်များ မဟုတ်ကြပေ။

ထိုစဉ် ကျားသစ်တစ်ကောင်သည် သူတက်နေသည့်သစ်ပင်ပေါ်တွင် စတင်ပြေးထွက်လာသည်ကို မြင်လိုက်ရ၏။ ၎င်းသည် မြို့ရိုးနှင့်အနီးဆုံး သစ်ကိုင်းဆီသို့ ရောက်လာသောအခါ ထိုသစ်ကိုင်းကို ခပ်ပြင်းပြင်း တစ်ချက်ကန်လိုက်လေသည်။

ခရက်!

သစ်ကိုင်းမှာ ၎င်း၏ခြေကန်အားကြောင့် ကျိုးပဲ့သွားခဲ့သည်။

ကျားသစ်သည်လည်း သစ်ပင်အောက်သို့ ပြုတ်ကျသွားလေတော့သည်။

ရှောင်းယီသည် ထိုမြင်ကွင်းကိုမြင်လိုက်ရသော်အခါ ဘာပြောရမှန်းပင် မသိနိုင်အောင် ဖြစ်သွားခဲ့လေသည်။

“ဒီထဲကို ဒီလိုပုံစံနဲ့ဝင်လာရအောင် မင်းကအရူးလား”

ထိုကျားသစ် မအောင်မြင်ကြောင်း သူမြင်လိုက်သော်လည်း တခြားနေရာများတွင် တိရစ္ဆာန်အချို့သည် လျှပ်စစ်ကွန်ရက်ကိုဖြတ်ကျော်ကာ အောင်မြင်စွာ ဝင်ရောက်လာနိုင်ခဲ့ကြလေသည်။

အခန်း ၂၈၇

ရှောင်းယီတို့၏ယခင်ကမ္ဘာတွင် တရုတ်တောင်ပိုင်းကျားများသည် ပိုမိုပေါ့ပါးပြီး ၎င်းတို့၏အမြင့်ဆုံးခုန်နိုင်သည့် အကွာအဝေးမှာ ၁၃မီတာမှ ၁၅ မီတာခန့်ရှိပေသည်။

ယခုအခါတွင် ရူးသွပ်နေကြသော ထိုသတ္တဝါများထဲမှ အများအပြားသည် ပိုမိုအဆင့်မြင့်လာခဲ့ကြကာ ၎င်းတို့၏ခုန်ကျော်နိုင်သည့် အကွာအဝေးမှာလည်း ပိုမိုကြီးမားလာနိုင်သည်။

ရှောင်းယီနှင့်အတူ မြို့ရိုးပေါ်သို့ တက်လာခဲ့သော သားရဲဘုရင်သည် ခုန်တက်လာသော ကျားတစ်ကောင်ကို ဒေါသတကြီးဟိန်းဟောက်ကာ ၎င်းကို ခုန်အုပ်လိုက်လေသည်။

ရှောင်းယီ၏ နေ့စဉ်နေ့တိုင်း အဆင့်မြင့်အစားအစာများ ကျွေးမွေးခံခဲ့ရခြင်းကြောင့် သားရဲဘုရင်၏ ခန္ဓာကိုယ်ခွန်အားသည် ထိုကျားကို နယ်ပယ်ပေါင်းစုံမှ ဖိနှိပ်ထားနိုင်၏။

ထိုကျားသည် မိနစ်ဝက်ခန့်သာ ခုခံနိုင်ခဲ့ပြီး ၎င်း၏လည်ပင်းသည် သားရဲဘုရင်၏ ကိုက်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။

ထိုကျားကို သတ်ပစ်ပြီးနောက် သားရဲဘုရင်က ထပ်မံဟိန်းဟောက်လိုက်၏။

မြို့ရိုးပေါ်သို့ ခုန်တက်လာကြသော အခြားကျားများနှင့် ကျားသစ်များသည် ထိုဟိန်းဟောက်သံကို ကြားရသည်နှင့် တုန်လှုပ်ခြောက်ခြားကုန်တော့သည်။

သားရဲဘုရင်၏ ဂုဏ်သိက္ခာမှာ ထိပါးစော်ကား၍မရနိုင်ပေ။

ရှောင်းယီသည် မြို့ရိုး၏မြောက်ဘက်ခြမ်းရှိ ကျားသစ်တစ်ကောင်ကို သတ်ပစ်လိုက်ပြီးနောက် အန်းယွဲ့ရှိရာ အနောက်ဘက်မြို့ရိုးဆီသို့ ချက်ချင်းပြေးသွားလိုက်သည်။

အရှေ့ဘက်တွင် ကျန်းယွင်ထျန်းသည် ခုန်တက်လာသော သတ္တဝါများကို လုံးဝထိန်းထားနိုင်မည်ဟု သူယုံကြည်ပေသည်။

အနောက်ဘက်မြို့ရိုးပေါ်တွင် အန်းယွဲ့သည် သစ်ပင်ကြီးပေါ်တက်ပြီး တိုက်ခိုက်ရန် အသင့်ဖြစ်နေသောသားရဲကိုကြည့်လိုက်သည်။

“အန်းရန် မင်း မြို့ရိုးရဲ့တောင်ဘက်အပိုင်းကိုသွားလိုက် ဒီနေရာ ငါကာကွယ်ထားမယ်။”

“ဟုတ်ကဲ့!”

အန်းရန်က တုန့်ပြန်လိုက်ပြီး ချက်ချင်းပင် တောင်ဘက်သို့ ပြေးသွားလိုက်သည်။

“ရှောင်းယီ ဒေသခံတွေကို သံလှံတွေ မြှောက်ထားဖို့ မှာထားပေးဦး။ အဲဒီသားရဲကောင်တွေ ခုန်ဝင်လာရဲရင် သူတို့ကို ချိန်ပြီး ထိုးခိုင်းလိုက်!”

အန်းယွဲ့က ဝေါ်ကီတော်ကီဖြင့် ပြောလိုက်သည်။

“ဟုတ်ပြီ!”

ရှောင်းယီသည် အန်းယွဲ့၏ အမိန့်ကို ဒေသခံများဆီသို့ လွှဲပြောင်းပေးလိုက်၏။

အနောက်ဘက်ကို စောင့်ကြပ်နေသော ဒေသခံများသည် သူတို့၏သံလှံများကို မြင့်မြင့်မြှောက်ထားလိုက်ကြသည်။

အန်းယွဲ့သည် သားရဲများ၏ တည်နေရာကို ရှာဖွေလိုက်ပြီး မြို့ရိုးပေါ်ရှိ ဒေသခံအစောင့်တပ်များကို ပစ်မှတ်ထားရမည့် နေရာများသို့ ခွဲဝေပေးလိုက်သည်။

နောက်အခိုက်အတန့်တွင် ထိုသားရဲများသည် အမိန့်များကို လက်ခံရရှိလိုက်သကဲ့သို့ သစ်ပင်များပေါ်မှ တညီတညွတ်တည်း ခုန်ထွက်လာခဲ့ကြလေသည်။

အန်းရန်ဘက်တွင်မူ ခြင်္သေ့မတစ်ကောင်နှင့် ဝံပုလွေရိုင်းတစ်ကောင် ရှိနေ၏။

သူမသည် ထိုခြင်္သေ့မနှင့် ဝံပုလွေမှာ ထူထပ်နေသောအရွက်များကြားမှ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။

အန်းရန်သည် ချက်ချင်းပင် လေးကြိုးကိုဆွဲတင်ပြီး ပစ်လွှတ်လိုက်၏။

ဖောက်!

ဝါးမြားသည် ဝံပုလွေ၏ဦးခေါင်းကို ထိမှန်သွားလေသည်။ ဝံပုလွေသည် နာကျင်စွာအော်ဟစ်ရင်း လေထဲမှ မြေပြင်ပေါ်သို့ တည့်တည့်ပြုတ်ကျသွားလေသည်။

အန်းရန်သည် ထိုဝံပုလွေ သေဆုံးခြင်း ရှိမရှိကို ဂရုမစိုက်ဘဲ ချက်ချင်းပက် နောက်ထပ် ဝါးမြားတစ်ချောင်းကို ထုတ်ယူကာ မြို့ရိုးပေါ်သို့ ရောက်ခါနီးနေပြီဖြသ်သော ခြင်္သေ့မဆီသို့ ထပ်မံပစ်လွှတ်လိုက်၏။

လေထဲတွင်ရှိနေသော ခြင်္သေ့မသည် သူမ၏ခွန်အားကိုအသုံပြုရန် နေရာမရှိတော့ပေ။ သူမသည် အန်းရန်ပစ်လွှတ်လိုက်သော ဝါးမြားကိုကြည့်ရင်း ကြောက်လန့်တကြားဖြင့် သူမ၏ခန္ဓာကိုယ်ကို လိမ်လိုက်၏။

သို့သော် ၎င်းသည် ထိုမြားဆီမှ လွတ်မြောက်အောင် မရှောင်နိုင်ခဲ့ပေ။ ဝါးမြားသည် ၎င်း၏ခန္ဓာကိုယ်ကို ထိမှန်သွားဆဲဖြစ်သည်။

ဝေါင်း!

ခြင်္သေ့မသည် မြို့ရိုးပေါ်သို့ ပြုတ်ကျပြီး အကြိမ်ကြိမ်လူးလိမ့်သွားးပြီးနောက် ချက်ချင်းပင်ထရပ်ကာ အန်းရန်ဆီသို့ ပြေးဝင်လာလေသည်။

ဒီလူကို ငါဆုတ်ဖြဲပစ်မယ်!

အန်းရန်သည် ခြေဖျားထောက်ကာ နောက်သို့ဆုတ်လိုင်သည်။ သူမသည် သူမ၏လက်များကို အဆက်မပြတ်လှုပ်ရှားနေပြီး ကျောပေါ်ရှိ မြားကျည်တောင့်ထဲမှ ဝါးမြားသုံးချောင်းကို ထုတ်ယူလိုက်သည်။

ထို့နောက် ထိုမြားများကို လေးကြိုးပေါ်တင်ကာ လေးကို အလျားလိုက်ထားလိုက်သည်။

ဝှစ်ရှ်!

ဝါးမြားသုံးချောင်းသည် ပန်ကာကဲ့သို့ လည်ပတ်ကာ အရှေ့သို့ ပျံသန်းသွားတော့သည်။

ခြင်္သေ့မသည် သူမ၏တိုက်ခိုက်မှုကိုသာ မရပ်တန့်ပါက ဤဝါးမြားသုံးချောင်းကို ရှောင်တိမ်းနိုင်မည်မဟုတ်ဘဲ သူတို့ထဲကတစ်ချောင်းချောင်းဖြင့် ထိမှန်ခံလိုက်မည်ဖြစ်သည်။

၎င်း၏ခန္ဓာကိုယ်တွင် ဝါးမြားတစ်ချောင်း စိုက်နေသေးပြီး ပြင်းထန်သောနာကျင်မှုက သူမကို နောက်ထပ်မြားများအား သွားထိမိစေရန် သတိပေးနေခဲ့သည်။ မဟုတ်ပါက သူမ သေဆုံးရပေလိမ့်မည်။

သဘာဝအတိုင်း ခြင်္သေ့မသည် ရှေ့သို့ခုန်တက်နေခြင်းကို ရပ်တန့်ကာ ၎င်း၏ခေါင်းကို ဘေးဘက်သို့ ဆတ်ခနဲငုံ့ကာ ရှောင်တိမ်းလိုက်၏။

သူသည် ဝါးမြားသုံးချောင်းကို ရှောင်တိမ်းလိုက်နိုင်ပြီဟု ထင်လိုက်သည့်အချိန်တွင် အန်းရန်သည် စတုတ္ထမြောက် မြားတစ်ချောင်းကို ထပ်မံပစ်လွှတ်လိုက်ပြီးသား ဖြစ်နေလေသည်။

ထိုမြားသည် အရှေ့ကဝါးမြားသုံးချောင်းထက် တစ်စက္ကန့်လောက်သာ နောက်ကျပေသည်။

ခြင်္သေ့မသည် ရူးသွပ်စွာဖြင့် နောက်လှည့်ကာ ထွက်ပြေးလေတော့သည်။ သို့သော်လည်း သူမ၏အမြန်နှုန်းသည် B အဆင့်ဝါးမြား၏အမြန်နှုန်းနှင့် မယှဉ်နိုင်ပေ။

ဖောက်!

ခြင်္သေ့မသည် နောက်ထပ်မြားတစ်ချောင်းဖြင့် ထပ်မံ၍ထိမှန်သွားခဲ့၏။ ဤတစ်ကြိမ်တွင် သူ၏နောက်ခြေကို ထိမှန်သွားခဲ့ခြင်းဖြစ်ပြီး သူမ၏အမြန်နှုန်းနှင့် လျင်မြန်မှုကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။

ဘေးနားတွင်ရှိနေကြသော ဒေသခံနှစ်ယောက်ကလည်း ချက်ချင်းပင် သူတို့လက်ထဲရှိ သံလှံများဖြင့် ခြင်္သေ့မကို အားဖြင့်ထိုးစိုက်လိုက်ကြ၏။

ခြင်္သေ့မသည် စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်ပြီး သံလှံတစ်ချောင်းကိုသာ ရှောင်နိုင်ခဲ့သည်။ နောက်ထပ်သံလှံတစ်ချောင်းက သူမ၏ဝမ်းဗိုက်ကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်သွားခဲ့လေသည်။

နောက်ထပ်ဒေသခံတစ်ဦးသည် ချက်ချင်းပင် သူ၏လက်ထဲရှိသံလှံကို ပစ်ချကာ အောင်မြင်စွာ ထိုးစိုက်လိုက်နိုင်သော ဒေသခံ၏သံလှံကို ကူညီ၍ ထိန်းချုပ်လိုက်သည်။

ခြင်္သေ့မ၏ သေဆုံးခါနီး ခုခံရန် ရုန်းကန်လှုပ်ကန်မှုသည် အလွန်ပြင်းထန်လှသဖြင့် သံလှံကို တစ်ယောက်တည်းနှင့် ထိန်းချုပ်ရန်မှာ အမှန်တကယ်မဖြစ်နိုင်ပေ။

ဝှစ်!

ထိုစဉ် ဝါးမြားတစ်ချောင်းသည် ဒေသခံနှစ်ဦးကြားမှ ပျံသန်းလာပြ ခြင်္သေ့မ၏မျက်လုံးကို တိကျစွာ ထိမှန်ကာ ဦးနှောက်ကို ဖြတ်သန်း၍ မြားခေါင်းသည် ဦးခေါင်း၏အနောက်ဘက်သို့ ဖောက်ထွက်သွားလေသည်။

ခြင်္သေ့မသည် ချက်ချင်းဆိုသလိုပင် ခုခံမှုမျယး ရပ်တန့်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။

ဒေသခံနှစ်ဦးက အန်းရန်ကို အံ့အားသင့်စွာကြည့်လိုက်ကြ၏။ ကြီးမားသောသတ္တဝါကို ဤကဲ့သို့လွယ်လွယ်ကူကူ အမဲလိုက်သည်ကို သူတို့တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။

“သွားကူညီကြ!”

အန်းရန်က အော်ဟစ်ကာ အန်းယွဲ့ရှိရာနေရာသို့ ပြေးသွား၏။

ဒေသခံနှစ်ဦးသည် သူမ၏စကားများကို နားမလည်သော်လည်း ဤအခြေအနေတွင် ၎င်းတို့ဘာလုပ်သင့်သည်ကို နားမလည်လျှင်ပင် သိကြပေသည်။

သူတို့သည် သံလှံများကို ဆွဲကိုင်ကာ ချက်ချင်းပင် မြို့ရိုးပေါ်ရှိ အခြားသားရဲများရှိရာသို့ ပြေးသွားကြလေတော့သည်။

အန်းယွဲ့ဆီသို့ ခုန်ကျော်လာသော သားရဲအရေအတွက်မှာ လေးကောင်ရှိ၏။ ၎င်းတို့ထဲမှ တစ်ကောင်ကို လေထဲတွင်ပင်လျှင် ဒေသခံများ၏သံလှံဖြင့် ထိုးဖောက်ခြင်းကိုခံထားရပေသည်။ ကျန်သုံးကောင်မှာ အနည်းငယ်ဒဏ်ရာရသွားပြီး မြို့ရိုးပေါ်သို့ ဆင်းသက်လာကြသည်။

အန်းယွဲ့သည် လေးကိုအသုံးပြုရာ၌ ကျွမ်းကျင်မှုမရှိသောကြောင့် သူ၏လက်ထဲတွင် လက်ကိုင်ရှည် ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားခဲ့သည်။ ပတ်ပတ်လည်ရှိ ဒေသခံများသည် သံလှံများကိုကိုင်ဆောင်ကာ အပေါ်သို့ခုန်တက်လာသော ကျားနှစ်ကောင်နှင့် ကျားသစ်တစ်ကောင်ကို ချိန်ရွယ်ထားခဲ့ကြ၏။

ကျားနှင့် ကျားသစ်တို့သည် ထိုသံလှံ၏စွမ်းအားကို နားလည်ပုံရပြီး ရှေ့သို့မတက်လာဝံ့ကြပေ။

ဝေါင်း!

ထိုစဉ် ကျားနှစ်ကောင်သည် တစ်ပြိုင်နက်တည်း ဟိန်းဟောက်ကာ ချက်ချင်းပင် စတင်တိုက်ခိုက်ကြတော့သည်။ သို့သော်လည်း ကျားသစ်သည်မူ ချက်ချင်းပင် မြို့ရိုး၏ထိပ်ပေါ်သို့ ခုန်တက်သွားခဲ့သည်။

“သူတို့ကိုတားထား!”

အန်းယွဲ့ ထိတ်လန့်သွား၏။

မြို့ရိုးအတွင်း၌ သူတို့၏အဆောက်အဦများ၊ သီးနှံများနှင့် သူတို့၏မိသားစုများ ရှိပေသည်။ ထိုအရာများကို ၎င်းတို့အား ခုန်ဆင်းပြီး ဖျက်ဆီးခွင့်ပြုလုပ်ပါက ဖြစ်လာမည့်အကျိုးဆက်များသည် အင်မတန် ကြောက်မက်ဖွယ်ဖြစ်လာပေလိမ့်မည်။

သို့သော် ကျားသစ်သည် အလွန်လျင်မြန်ပြီး ၎င်းအား ဟန့်တားရန် အချိန်မရှိတော့ပေ။

ထိုစဉ် ဝှစ်ရှ်ဟူသည့်အသံတစ်ခုနှင့်အတူ ဝါးမြားတစ်ချောင်းသည် ဘေးတစ်ဖက်မှ ပျံသန်းထွက်လာခဲ့လေသည်။

ဝါးမြားသည် လေထဲတွင်ရှိနေသော ကျားသစ်၏ မျက်လုံးတစ်ဖက်ထဲသို့ တိုက်ရိုက်နစ်ဝင်သွားကာ မြားခေါင်းသည် အခြားမျက်လုံးတစ်ဖက်မှ ဖောက်ထွက်သွား၏။

ဝေါင်း!

လေထဲတွင်ရှိနေဆဲဖြစ်သော ကျားသစ်ထံမှ နှလုံးကြေကွဲဖွယ်ရာ အော်ဟစ်ငိုကြွေးသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

“လှလိုက်တဲ့အကွက်!”

ထိုအချိန်တွင် ရှောင်းယီသည်လည်း ထိုနေရာသို့ ရောက်ရှိလာခဲ့၏။ သူသည်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရလေသည်။

“လူနှစ်ယောက်နဲ့အတူ ဆင်းသွား။ ပြီးရင် အဲ့မျက်စိကန်းသွားတဲ့ ကျားသစ်ကို ကိုင်တွယ်လိုက်!”

ရှောင်ယီက အော်လိုက်သည်။

ရှောင်းယီသည်လည်း အခုလေးတင် အနောက်ဘက်မြို့ရိုး၏ မြောက်ဘက်အပိုင်းရှိ သတ္တဝါများကို ရှင်းလင်းခဲ့ခြင်းဖြစ်၏။

ဘူးသည် ချက်ချင်းပင် လူနှစ်ဦးကို ခေါ်ကာ မြို့ရိုးအောက်သို့ ဆင်းသွားခဲ့သည်။

ရှောင်းယီနှင့် အန်းရန်တို့ ထပ်ပေါင်းရောက်ရှိလာခဲ့ခြင်းကြောင့် ကျန်ရှိနေသော ကျားနှစ်ကောင်သည် သဘာဝအတိုင်း သည်သည့် ပြဿနာကိုမျှ ပြုလုပ်နိုင်ခြင်းမရှိတော့ဘဲ မကြာမှာပင် သံလှံဖြင့် ထိုးစိုက်ခံရမှုများအောက်တွင် သေဆုံးသွားခဲ့ကြသည်။

ထိုနေရာရှိ သားရဲများကို ကိုင်တွယ်ပြီးနောက် ရှောင်းယီက အန်ူးရန်ကို ပြောလိုက်သည်။

“အန်းရန် မင်းယွမ်နွန်ဆိုကို သွားလိုက်။ ငါ အစ်ကိုကျန်းဆီ သွားမယ်။”

“ကောင်းပြီ!”

အန်းရန်က တုန့်ပြန်ပြီး သူမ၏ဘေးတစ်ဘက်မှ ဝါးမြားများကို လက်တစ်ဆုပ်အပြည့်ကို ကောက်ယူလိုက်ကာ မြားကျည်တောင့်ထဲသို့ ထည့်လိုက်၏။ ထို့နောက် တောင်ဘက်မြို့ရိုးဆီသို့ ပြေးထွက်သွားလေတော့သည်။

ရှောင်းယီသည်လည်း အရှေ့ဘက်မြို့ရိုးဆီသို့ ပြေးသွားခဲ့သည်။

အန်းရန် တောင်ဘက်မြို့ရိုးသို့ ရောက်သောအခါ ယွမ်နွန်နှင့် အခြားသူများက နံရံအောင်ဘက်ရှိ တိရစ္ဆာန်ငယ်လေးများကို သတိအပြည့်ဖြင့်ကြည့်နေကြ၏။

“လယ်သမား ဒီကိုသားရဲရိုင်းတွေ တစ်ကောင်မှမလာကြဘူးလား။”

အန်းရန်က မေးလိုက်သည်။

“မလာဘူး။ သူတို့မှာ အရှိန်ယူစရာ သစ်ပင်တွေမရှိရင် ဒီအပေါ်ကိုခုန်တက်ဖို့ နည်းလမ်းမရှိဘူး။”

ယွမ်နွန်က ပြန်ဖြေသည်။

မြို့ရိုး၏ တောင်ဘက်တွင် အပင်များမှာ အလွန်နည်းပါးပြီး ကျိုးတိုးကျဲတဲသာ ရှိပေသည်။ သူတို့ထဲမှ အများစုသည်လည်း ရှင်းလင်းခံထားရပြီးသားဖြစ်၏။

“ကောင်းပြီ ဒါဆို ကျွန်မ အရှေ့ဘက်မြို့ရိုးကိုသွားပြီး တစ်ချက်လောက်ကြည့်လိုက်ဦးမယ်။”

အန်းရန်က ပြောလိုက်၏။ ထို့နောက် အရှေ့ဘက်မြို့ရိုးဆီသို့ ပြေးထွက်သွားခဲ့လေသည်။

အန်းရန် အရှေ့ဘက်မြို့ရိုးသို့ ရောက်သွားသောအခါ ရှောင်းယီ၊ ကျန်းယွင်ထျနနှင့် သားရဲဘုရင်: လူနှစ်ဦးနှင့် ကျားတစ်ကောင်တို့သည် မြို့ရိုးပေါ်သို့ တက်လာသော သတ္တဝါအားလုံးကို ကိုင်တွယ်ရန် စီမံခန့်ခွဲထားခဲ့ကြပြီးဖြစ်၏။

“လူနည်းနည်းလောက် စီစဉ်ပြီး ဒီသားရဲအလောင်းတွေကို အောက်ချခိုင်းလိုက်။ ပြီးရင် အဲ့ဒါတွေကို ဆုဝမ်လက်ထဲအပ်လိုပ်ပါ။ သူတို့ရဲ့သွေးကို အလဟဿမဖြစ်စေနဲ့။”

ရှောင်းယီက အမိန့်ပေးသည်။

ထို့နောက် ရှောင်းယီနောက်သို့ လိုက်လာခဲ့သော ယွမ်ရှီသည် ချက်ချင်းပင် လူအနည်းငယ်ကိုခေါ်ကာ မြို့ရိုးပေါ်ရှိ အလောင်းများကို စတင်ရှင်းလင်းလိုက်တော့သည်။

မြို့ရိုးပေါ်သို့ ခုန်တက်နိုင်သည့် မည်သူမဆို B အဆင့် နှင့်အထက်များ ဖြစ်ကြပြီး A အဆင့် ကျားနှစ်ကောင်ပင် ပါသေးသည်။ ထိုအရာများမှာ ပစ္စည်းကောင်းများဖြစ်ပေသည်။

“ရှောင်းယီ ဒီမှာ ဝက်ဝံတွေ အများကြီးပဲ!”

ထိုစဉ် ရုတ်တရက် အန်းယွဲ့၏အသံက ဝေါ်ကီတော်ကီထဲမှ ထွက်ပေါ်လာခဲ့‌လေသည်။

အခန်း ၂၈၈

“ဒါက တော်တော်လေး များတာပဲ”

ကျန်းယွင်ထျန်းသည် အရှေ့ဘက်မြို့ရိုးအောက်ရှိ တောအုပ်ထဲမှ ဝက်ဝံရိုင်းဒါဇင်ကျော် ထွက်လာသည်ကို ကြည့်ကာ သဘောတူဟန်ဖြင့် ပြောလိုက်သည်။

ရှောင်းယီက ထိုဝက်ဝံရိုင်းများကို တစ်ချက်ကြည့်လိုက်သည်။

“စိတ်မလှုပ်စရာ မလိုပါဘူး။ ဒီဝက်ဝံတွေအားလုံးထဲမှာ အဆင့်အမြင့်ဆုံးက A အဆင့်ပဲ။ သူတို့က ငါတို့တို့ရဲ့မြို့ရိုးကို မဖြိုချနိုင်ဘူး။”

“ဒါဆိုရင်တော့ လုံးဝစိတ်ပူစရာမလိုဘူး။”

ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်သည်။

ရှောင်းယီ ခေါင်းညိတ်လိုက်၏။ သူသည် အရှေ့ရှိ တောအုပ်ကို ကြည့်ကာ သူ၏စိတ်ထဲတွင် တစ်ခုခု လွဲနေသည်ဟု ခံစားနေရလေသည်။

ဘမ်း! ဘမ်း! ဘမ်း!

ဝက်ဝံများသည် မြို့ရိုးအောက်သို့ လျှောက်လာပြီး မြို့ရိုးနှင့် မြို့တံခါးကို တိုက်ခိုက်လိုက်ကြသည်။

သို့သော် မကြာမီမှာပင် ၎င်းတို့သည် ၎င်းတို့ရှေ့ရှိ မြို့ရိုးကို လုံးဝဖျက်ဆီးနိုင်ခြင်းမရှိကြောင်း သတိထားမိသွားပြီး မြို့ရိုးပတ်လည်တွင် လှည့်ပတ်ကာ မြို့ရိုးအတွင်းသို့ ဝင်ရောက်နိုင်သည့်နည်းလမ်းများကို ရှာဖွေရန် ကြိုးစားလာကြသည်။

ထိုစဉ် ရုတ်တရက် တောအုပ်၏နက်ရှိုင်းရာအရပ်မှ ဟစ်ကြွေးသံတစ်ခု ထွက်ပေါ်လာ၏။

ရှောင်းယီ၏အကြည့်များမှာ အနည်းငယ်လေးနက်သွားပြီး တစ်စုံတစ်ရာ လွဲချော်နေကြောင်း သိလိုက်ရ လေတော့သည်။

“ယွမ်ရှီ အခုချက်ချင်း မီးတုတ်ကိုမီးရှို့ဖို့ လူတွေစီစဉ်လိုက်။ ပြီးရင် သူတို့ကို မီးတုတ်တွေကိုင်ပြ မြို့ရိုးပေါ်မှာ တစ်ဦးပြီး တစ်ဦးတန်းစီခိုင်း။ သူတို့ထဲက တချို့ကို မြို့ရိုးအတွင်းထဲကို သွားခိုင်းလိုက်။”

ရှောင်းယီက ချက်ချင်း အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

ယွမ်ရှီက ပြန်ဖြေပြီးနောက် ချက်ချင်းပင် ဘူးကို ရှာဖွေကာ ရှောင်းယီ၏အမိန့်ကို လွှဲပြောင်းပေးလိုက်သည်။

“ဘာဖြစ်လို့လဲ။ ညဘက်မှာ အဲ့ဒီသားရိုင်းတိရစ္ဆာန်တွေရဲ့ တိုက်ခိုက်မှုကို ရှင်းရှင်းလင်းလင်း မမြင်ရမှာကို စိုးရိမ်နေတာလား။”

အန်းရန်က မေးလိုက်သည်။ ရှောင်းယီက ခေါင်းခါလိုက်၏။

“မဟုတ်ဘူး။ ငါစိုးရိမ်တာက ငှက်တွေ တိုက်ခိုက်လာမှာကိုပဲ။”

ရှောင်းယီ၏စကားကိုကြားပြီး ကျန်းယွင်ထျန်းတို့နှစ်ယောက်တို့သည်လည်း ချက်ချင်းပင် တုံ့ပြန်လိုကါကြသည်။

“ဟုတ်တယ်။ အခုချိန်ထိ ငှက်တွေ တိုက်ခိုက်တာကို မတွေ့ရသေးဘူး။”

ကျန်းယွင်ထျန်းက ရုတ်တရက် ထိုအကြောင်းကို သတိထားမိသွားခဲ့သည်။

“ငါ တစ်ခုခုမှားနေတယ်လို့ အမြဲတမ်းခံစားနေရတယ်။ ခုနက အော်သံက ငါ့ကို သတိပေးလိုက်တယ်။ ပဏ္ဍိတငယ်လေးကလည်း ငှက်ကြီးတစ်ကောင်ကြောင့် ဒဏ်ရာရခဲ့တာပဲ။”

ရှောင်းယီက ပြောလိုက်သည်။

“ဒီတောရိုင်းတိရိစ္ဆာန်တွေရဲ့ ဆူပူအုံကြွမှုကိုတောင် အဲ့ဒီငှက်ကြီးတွေက မောင်းထုတ်လိုက်တာဖြစ်နိုင်တယ်။”

တိရစ္ဆာန်များသည် မီးလျှံများကို သဘာဝအတိုင်း ကြောက်ရွံ့ကြသောကြောင့် ရှောင်းယီက မြို့ရိုးပေါ်ရှိ လူများကို မီးတုတ်များကိုင်ဆောင်ကာ ကာကွယ်စေခဲ့သည်။

“ငှက်တွေက ငါတို့ရဲ့ လယ်ကွင်းတွေကို တိုက်ခိုက်လာခဲ့ရင်ရော။”

အန်းရန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

သူတို့သည် လူသားများကို မတိုက်ခိုက်ဘဲ သူတို့၏ သီးနှံများကို ဖျက်ဆီးခြင်းဖြစ်သည်။ ဤအရာကို မည်သို့ကာကွယ်ရမည်နည်း။

သူတို့သည် လယ်ကွင်းထဲ၌ စာခြောက်ရုပ်များ တစ်ခါမှ မစိုက်ထားခဲ့ဖူးသော်လည်း စာခြောက်ရုပ်သည် ထိုအပင်စားငှက်များအတွက် အလွန်ထိရောက်မှုရှိနေဆဲပင်။

အန်းရန်၏စကားကိုကြားသောအခါ ရှောင်းယီသည် ချက်ချင်းပင် ဝေါ်ကီတော်ကီကို ကောက်ယူကာ ယွမ်နွန်ကို ဆက်သွယ်လိုက်သည်။

“လယ်သမား လူတချို့ခေါ်ပြီး အခုချက်ချင်း စာခြောက်ရုပ်တွေလုပ်ထားလိုက်။ ငှက်တွေ တိုက်ခိုက်လာမှာကို ကျွန်တော်စိုးရိမ်နေတယ်။”

ယွမ်နွန်သည် ရှောင်းယီ၏စကားကို ကြားလိုက်ရသည်နှင့်တပြိုင်နက် ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

“အိုကေ နားလည်ပြီ။”

ရှောင်းယီသည် ယွမ်နွန်ကိုကူညီကာ ဒေသခံသုံးဆယ်ကျော်ကို ဆင့်ခေါ်ပြီး ယွမ်နွန်နှင့်အတူ လယ်ကွင်းသို့လိုက်သွားရန် ပြောလိုက်သည်။

ယွမ်နွန်နောက်သို့လိုက်လာသော ဒေသခံသူများသည် ရှောင်းယီ၏အမိန့်ကို ရရှိထားခဲ့ပြီးဖြစ်၏။ သူတို့သည် ယွမ်နွန်နောက်သို့လိုက်သွားကာ စာခြောက်ရုပ်ပြုလုပ်နည်းကို သင်ယူရမည်ဖြစ်သည်။

လက်ရှိအခြေအနေတွင် ကုန်းပေါ်ရှိ သားရိုင်းတိရစ္ဆာန်များသည် အထဲသို့ဝင်ရောက်ရန် ခက်ခဲနေပုံရပြီး ယခင်က ခုန်ဝင်နိုင်ခဲ့သူများကိုလည်း ရှောင်းယီနှင့် အခြားသူများက ရှင်းလင်းပစ်လိုက်ပြီးပြီဖြစ်သည်။

ထို့ကြောင့် ယခုအချိန်တွင် အာရုံစိုက်ထားရမည်မှာ လေတပ်၏တိုက်ခိုက်မှုကို ရင်ဆိုင်ရန်ဖြစ်၏။

ပုံမှန်အစားအစာကွင်းဆက်အရ ကောက်ပဲသီးနှံနှင့်သစ်သီးများကို စားသောက်သော ငှက်များ၏အရေအတွက်မှာ အလွန်များပြားပြီး ထိုစာခြောက်ရုပ်များသည် သေချာပေါက် အဓိကအခန်းကဏ္ဍတွင် ပါဝင်လာပေလိမ့်မည်။

ယွမ်နွန်၏ ဦးဆောင်မှုအောက်တွင် သူတို့သည် အလျင်အမြန်ပင် စာခြောက်ရုပ်များစွာကို ပြုလုပ်လိုက်ကြသည်။

၎င်းတို့သည် အနည်းငယ်ပုံစံမကျဘဲ ကွေးကောက်နေသော်လည်း လက်ရှိ အရေးပေါ်အခြေအနေများတွင် အသုံးပြုနိုင်၏။ နောက်ထပ် လိုအပ်ချက်များ ထပ်မရှိတော့ပေ။

ယွမ်နွန်သည် စိုက်ခင်းထဲတွင် စာခြောက်ရုပ်များစွာကို စိုက်နေရင်း အထိတ်ထိတ် အလန့်လန့်ဖြစ်နေခဲ့သည်။

ထိုစဉ် ငှက်အုပ်ကြီးတစ်ခု တောအုပ်ထဲမှ ပျံထွက်လာခဲ့လေတော့သည်။

ကောင်းကင်၏ထက်ဝက်ခန့်သည် ငှက်များဖြင့် ပြည့်နှက်သွားသည်ကို ကြည့်နေရင်း ရှောင်းယီ၏မျက်လုံးများ နောက်မှောင်သွားလေတော့သည်။

“ရှောင်းယီ အရင်က တွေ့ခဲ့တဲ့ သင်္ဘောကြီးက ငါတို့ကျွန်းနားကို ချဉ်းကပ်လာနေပြီ။ အခု ကောင်းကင်က မှောင်လာပြီဆိုပေမယ့် သူတို့က ငါတို့ကို မြင်နိုင်မှာပဲ။”

ရှောင်းယီက ပြောလိုက်သည်။

“သူဟာ ပျော်ပွဲရွင်ပွဲမှာ ဘယ်လိုပါဝင်ရမလဲဆို တကယ်သိတာပဲ။”

ရှောင်းယီက ပြောလိုက်သည်။

“သူတို့သင်္ဘောရဲ့ ရှေ့ဘက်က ကုန်းပတ်‌ပေါ်မှာ ပိတ်စချည်ထားလားဆိုတာ ရေဒါရှာဖွေရေးမြေပုံကနေ ရှာကြည့်လိုက်။”

သူသည် ယခင်က အဖွဲ့ထဲတွင် ပြောထားခဲ့ဖူးသည်။

အကယ်၍ သင်သည် သူတို့အဖွဲ့ထဲမှ အသက်ရှင်ကျန်ရစ်သူဖြစ်ပါက သင်္ဘော၏ရွက်တိုင်ပေါ်တွင် ပိတ်တစ်စဖြင့် ချည်နှောင်ထားရမည်ဖြစ်သည်။

သို့သော် ယခုအခါ ရှောင်းယီနှင့် အခြားသူများသည် ကမ်းခြေသို့ သွားမရှာနိုင်သောကြောင့် ရေဒါရှာဖွေရေးမြေပုံမှတစ်ဆင့်သာ ကြည့်ရှုနိုင်ပေသည်။

ကျန်းယွင်ထျန်းက ခေါင်းခါပြလိုက်သည်။

“ငါမသိဘူး။ ရေဒါရှာဖွေရေးမြေပုံအရတော့ လှေရဲ့ရွက်တိုက်မှာ ဘာပစ္စည်းမှမတွေ့ဘူး။”

“ကောင်းပြီ ဒီ ‌အုံကြွ‌နေတဲ့ငှက်တွေကို အရင်ဆုံး ဖြေရှင်းကြတာပေါ့။”

ရှောင်းယီက အနည်းငယ်စဉ်းစားကာ ပြောလိုက်သည်။

တစ်ဖက်လူသည် သင်္ဘောတစ်စီးဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး လူဦးရေလည်း အများကြီးမရှိပေ။ ထို့ကြောင့် သူတို့ကျွန်းပေါ်သို့ တက်လာပြီး မြို့ရိုးနားသို့ ရောက်ရှိလာလျှင်ပင် ဘာမှလုပ်နိုင်မည်မဟုတ်ပေ။

ထိုအစား ရှောင်းယီသည် ကျွန်းပေါ်၌ သူတို့နှင့် ဖြည်းဖြည်းချင်း ကစားနိုင်ပေသည်။

ထို့အပြင် မြို့ရိုးကို ဝိုင်းရံထားသည့် သားရိုင်းတိရစ္ဆာန်များစွာလည်း ရှိနေသေးသည်။ ရှောင်းယီတို့ဖွဲ့ အပြင်မထွက်နိုင်သလိုပင် အပြင်ဘက်မှ လူများသည်လည်း အထဲသို့ ဝင်၍မရနိုင်ပေ။

ကောင်းကင်တွင် ပျံသန်းနေသော ငှက်များမှာ အလွန်များပြားလွန်းသဖြင့် ထရိုင်ပိုဖိုဘီယားမရှိသော ရှောင်းယီတို့ပင်လျှင် ဦးရေပြားများ ထုံထိုင်းသွားသည်ဟု ခံစားလိုက်ရသည်။

သို့သော် ရှောင်းယီနှင့် အခြားသူများ၏ လက်ထဲတွင် မီးတုတ်များရှိပြီး ငှက်များသည် သူတို့နားသို့ လုံးဝမချဉ်းကပ်ရဲဘဲ မြို့ရိုးကိုဖြတ်ကျော်ကာ အတွင်းဘက်သို့ ပျံသန်းသွားကြတော့သည်။

ပလပ်! ပလပ်! ပလပ်!

ကောင်းကင်မှ ငှက်ချေးများ ရွာကျလာ၏။

“အား ချီးဘဲကွာ!”

ကျန်းယွင်ထျန်းသည် သူ၏အဝတ်အစားပေါ်ရှိ ငှက်ချေးများကို ခါချကာ ကျိန်ဆဲလိုက်၏။

ရှောင်းယီသည်လည်း သူ၏မျက်လုံးများကို အလျင်အမြန် လက်ဖြင့်ကာလိုက်ကာ အန်းရန်ကို ငှက်ချေးများနှင့် ဝေးရာသို့ ဆွဲခေါ်လိုက်သည်။

“အရင်ဆင်းကြမယ်။”

ရှောင်းယီသည် အန်းရန်ကို မြို့ရိုးပေါ်သို့ ခေါ်သွားပြီး ဘေးတစ်ဖက်ရှိ သစ်သားပြားတစ်ခုကို ယူကာ သူ၏ခေါင်းပေါ်သို့ တင်လိုက်၏။

ထိုငှက်များသည် စားစရာ၏အနံ့ကို ရသွားသည့်ပုံရပြီး လယ်ကွင်းဆီသို့ ပျံသန်းသွားခဲ့ကြသည်။

“ဒီငှက်တွေကို မောင်းထုတ်ဖို့ မီးတုတ်တွေ ကိုင်လာခဲ့ကြ။”

ရှောင်းယီသည် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ပြီး နှစ်ယောက်သား လယ်ကွင်းဆီသို့ ပြေးသွားလိုက်သည်။

ထိုကဲ့သို့ ကြီးမားလှသည့် ငှက်အုပ်ကြီး ရောက်လာသောအခါ စာခြောက်ရုပ်၏သက်ရောက်မှုသည်လည်း အလွန်ကန့်သတ်ချက်ရှိသွားခဲ့သည်။

အန်းရန်သည် ဘေးတွင် ရပ်ကာ ငှက်ကြီးများကို စတင်ရှာဖွေလိုက်သည်။ ထို့နောက် သူမ၏လက်ထဲရှိ လေးနှင့် မြှားဖြင့် တစ်ကောင်ချင်းစီကို အမည်ပေးလိုက်လေသည်။

ရှောင်းယီသည်လည်း ကျေးလက်အိမ်ထဲမှ ဝါးဦးထုပ်တစ်လုံးကို ရှာကာစောင်းလိုက်ပြီး လယ်ကွင်းထဲသို့ ပြေးဝင်ကာ ရွှမ်းယွမ်ဓားကို အဆက်မပြတ်ဝှေ့ယမ်းကာ တိုက်ခိုက်တော့လေသည်။

ဤအချိန်တွင် မည်သည့်လှုပ်ရှားမှုကိုမျှ လုံးဝမလိုအပ်တော့ပေ။ ဓားတစ်ချက်ယမ်းလိုက်ရုံဖြင့် ငှက်အကောင်ရေဒါဇင်ထက်ပိုပြီး သတ်ပစ်နိုင်ပေသည်။

ဤသို့ဖြင့် နာရီဝက်ခန့်ကြာပြီးနောက် အန်းရန်၏လက်မောင်းများမှာ နာကျင်လာပြီး သူမ သားရိုင်းငှက်များ မည်မျှပစ်ချခဲ့သည်ကိုပင် မမှတ်မိတော့ပေ။

ရှောင်းယီသည် လုံးဝလွတ်မြောက်နေသေးသော ပျံသန်းနေသည့် ငှက်များကို ကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည်။

“ဒီလိုသာဆက်သွားနေရင် ငါတို့ ပင်ပန်းနွမ်းနယ်သွားလိမ့်မယ်။ ဒါက သေချာပေါက် အလုပ်ဖြစ်မှာမဟုတ်ဘူး။”

ရှောင်းယီ ရေရွတ်လိုက်၏။

“ရှောင်းယီ ဒီလိုဆက်သွားရင် ငါတို့ရဲ့ သီးနှံတွေ သိပ်ကျန်တော့မှာမဟုတ်ဘူး။”

ယွမ်နွန်သည် ဤအချိန်တွင်ပင် သီးနှံများအကြောင်း စဉ်းစားနေဆဲဖြစ်သည်။

“လယ်သမား ဦးလေးမှာ အဲ့ဒီငှက်တွေကိုမောင်းထုတ်ဖို့ ဘာနည်းလမ်းကောင်းမှ မရှိတော့ဘူးလား။”

ရှောင်းယီက ပြောလိုက်သည်။

“အရင်တုန်းက ငှက်တွေကို မောင်းထုတ်ဖို့ အသံ၊ အသံလှိုင်း၊ ဓာတုပစ္စည်းတွေ စတာတွေကို သုံးခဲ့တယ်။ ‌ဒါပေမယ့် အခုချိန်မှာ အဲ့ဒါတွေကို ငါတို့ဘယ်ကရနိုင်မှာလဲ။”

ယွမ်နွန်သည်လည်း မျှော်လင့်ချက်ကင်းမဲ့သွားသကဲ့သို့ ခံစားနေရသည်။

“အသံလှိုင်းလား။ ငါးမောင်းထုတ်စက်!”

ရှောင်းယီသည် ရုတ်တရက် သူယခင်က လက်မှတ်ထိုးဝင်ရာမှ ရရှိခဲ့သော ဆုလာဘ်ကို သတိရသွားခဲ့သည်။

၎င်းကို ငါးများကိုမောင်းထုတ်ရန်အတွက်သာ အသုံးပြုသော်လည်း ငါးမောင်းထုတ်နိုင်သည့် အာနိသင်ကို ရရှိရန် အသံလှိုင်းအချို့ကို ဖန်တီးရန် လိုအပ်ပေသည်။

“အားလုံးပဲ တောင့်ခံထားကြဦး။ ငါ အပြင်ခဏသွားရမယ်။”

ရှောင်းယီက အော်ပြောလိုက်သည်။

“ဘေးကင်းရေးကို အာရုံစိုက်ဦး။”

အန်းရန်က မြှားတစ်ချောင်းကို ပစ်လွှတ်လိုက်ပြီး သူ့ကို သတိပေးလိုက်သည်။

“စိတ်မပူပါနဲ့။”

ရှောင်းယီက တိုက်ရိုက်ပင် ပြေးထွက်သွားခဲ့သည်။

ထိုငှက်များသည် ထွက်ခွာသွားသော ရှောင်းယီကို လျစ်လျူရှုလိုက်၏။ ထို့နောက် ရှောင်းယီသည် မြို့ရိုးပေါ်သို့ တက်သွားပြီး အောက်သို့ တိုက်ရိုက်ခုန်ချလိုက်သည်။

မြို့ရိုးအောက်တွင် ရှိနေသော အသားစားသတ္တဝါများသည် တစ်စုံတစ်ဦး ခုန်ချသည်ကိုမြင်လိုက်သည်နှင့်တပြိုင်နက် တစ်ကောင်ပြီးတစ်ကောင် ဝိုင်းရံလာကြ၏။

ရှောင်းယီသည် ၎င်းတို့၏ဝိုင်းရံခြင်းမခံရမီမှာပင် ထွက်ပြေးသွားပြီဖြစ်သည်။ သူသည် ဆိပ်ကမ်းသို့သွားကာ ငါးမုတ်ထုတ်စက်ကို ယူဆောင်ပြီး ပြန်သွားရမည်ဖြစ်သည်။

အလျင်မြန်ဆုံးသားရဲများမှာ မြို့ရိုးပေါ်သို့ မရောက်ခင်မှာပင် အသတ်လိုက်ကြရပြီးဖြစ်သည်။ ကျန်ရှိနေသောသားရဲများမှာ ရှောင်းယီ၏အမြန်နှုန်းကို မထိန်းထားနိုင်ပေ။ ထို့ကြောင့် ရှောင်းယီသည် ၎င်းတို့ကို အလျင်အမြန် ရှင်းပစ်ကာ ဆိပ်ကမ်းသို့ ရောက်သွားခဲ့လေသည်။

အဝေးတစ်နေရာတွင် အလတ်စားရွက်သင်္ဘောတစ်စီးသည် ၎င်း၏ဦးတည်ရာကို ချိန်ညှိပြီး ဆိပ်ကမ်းဆီသို့ ဦးတည်လာခဲ့လေသည်။

All Chapters