အခန်း (၂၈၉-၂၉၁)
Vol. 20 Ch. 289-291
အခန်း ၂၈၉
ရှောင်းယီ ပတ်ဝန်းကျင်ကို လှည့်ပတ်ကာ ကြည့်ရှုလိုက်သည်။ မိုးကောင်းကင်သည် မှောင်မိုက်နေပြီး သင်္ဘောပေါ်တွင် သဘောတူညီချက်လက္ခဏာ ရှိ၊ မရှိ ကို ရှင်းရှင်းလင်းလင်းမြင်နိုင်ခြင်းမရှိပေ။
သို့သော် ယခုအခါ သင်္ဘော နီးကပ်လာမည့်အချိန်ကို စောင့်ဆိုင်းရန် နောက်ကျလွန်းနေပြီဖြစ်သည်။ လယ်ကွင်းထဲရှိ ငှက်များက သီးနှံများကို ဆက်လက်ဖျက်ဆီးနေဆဲဖြစ်သည်။
ထိုသီးနှံများအားလုံးသာ မှန်ကန်အဆင့်သီးနှံများဖြစ်လျှင် သူသည် ၎င်းတို့ကို မေ့ထားလိုက်မည်ဖြစ်၏။ သို့သော် ခြံထဲရှိစားသုံးနိုင်သော သီးနှံအားလုံးမှာ B အဆင့်နှင့် ၎င်း၏အထက်အဆင့်များဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။
ရှောင်းယီသည် အပျော်စီးသင်္ဘောထဲမှ ငါးမောင်းထုတ်စက်ကို ချွတ်ယူကာ ချက်ချင်းပင် နောက်ပြန်လှည့်လိုက်၏။
သူမြို့ရိုးသို့ပြန်ရောက်လာသောအခါ မြို့ရိုးပေါ်တွင်ရှိနေသော အန်းရန်က ကြိုးတစ်ချောင်းကို အောက်သို့ ပစ်ချပေးလိုက်သည်။ ရှောင်းယီသည် သူ၏လက်ထဲတွင် ရွှမ်းယွမ်ဓားကို ကိုင်ဆောင်ကာ သူ့အနီးအနားရှိ သားရိုင်းတိရစ္ဆာန်များကို ရှင်းလင်းပြီးနောက် ကြိုးကို ဆုပ်ကိုင်ကာ အပေါ်တက်လိုက်သည်။
ခြံထဲသို့ ပြန်ရောက်လာသောအခါ ရှောင်းယီသည် ချက်ချင်းပက် ငါးမောင်းထုတ်စက်ကို စွမ်းအားဂိတ်ဆုံးထိဖွင့်ကာ လယ်ကွင်းများအား ဗြောင်းဆန်အောင် အကြီးအကျယ်ဖျက်ဆီးနေသော ငှက်များကိုချိန်ရွယ်လိုက်သည်။
ကနဦးလှိုင်းမှာ ငှက်များအပေါ်တွင် သက်ရောက်မှုမရှိခဲ့ပေ။ ရှောင်းယီသည် မှန်ကန်သည့်အသံလှိုင်းနှုန်းထားကို မတွေ့ခင်အချိန်အထိ အကြိမ်များစွာ ချိန်ညှိခဲ့ရသည်။
အသံလှိုင်းများဖြင့် ထိမှန်းခံရလိုက်ရသောအခါ ငှက်များသည် ချက်ချင်းပင် ထိတ်လန့်တကြားဖြစ်သွားကြကာ ဟိုဟိုသည်သည်သို့ ပျံထွက်သွား၏။
ထို့အပြင် သူတို့သည် ကောင်းကင်ပေါ်မှ မြေကြီးပေါ်သို့ တိုက်ရိုက်ပြုတ်ကျသွားပြီး သူတို့ သေသလား၊ ရှင်သလားပင် မသိရတော့ပေ။
အကျိုးသက်ရောက်မှုသည် သိသာထင်ရှားသော်လည်း ဤငါးမောင်းထုတ်စက်၏ လုပ်ဆောင်ချက်အကွာအဝေးမှာ မလုံလောက်ပေ။ တစ်ကြိမ်လျှင် မြေသုံးလေးဧကကိုသာ သက်ရောက်မှုရှိပေသည်။
ရှောင်းယီသည် ငါးမောင်းထုတ်စက်ကြီး တကားကားဖြင့် ဟိုဟိုသည်သည် ပြေးလွှားနေရုံသာ တတ်နိုင်ပေသည်။
သူသည် လယ်ကွင်းတစ်ခုမှ ငှက်များကို ဖမ်းဆီးပြီးနောက် အခြားလယ်ကွင်းတစ်ခုဆီသို့ ဆက်သွားရ၏။
သူသည် အနည်းငယ်ပင်ပန်းနေသော်လည်း နောက်ဆုံးတွင် ထိုငှက်များ၏ လယ်ကွင်းများကို ဖျက်ဆီးသည့်အရှိန်ကို နှေးကွေးသွားစေခဲ့သည်။
ဘေးတစ်ဖက်တွင်လည်း အန်းရန်နှင့် အခြားသူများသည် ထိုငှက်များကို ဆက်တိုက်ပစ်ခတ်နေကြသည်။
ဤသို့ဖြင့် တစ်နာရီကျော်ကြာသွားခဲ့၏။ ထို့နောက် တောအုပ်ထဲမှ နောက်ထပ်ဟစ်ကြွေးသံတစ်ခု ထပ်မံထွက်ပေါ်လာခဲ့လေသည်။
“ချစ်ပ်ချစ်ပ်!”
ထိုအသံထွက်ပေါ်လာသည်နှင့်တပြိုင်နက် ငှက်များသည် ချက်ချင်းပင် တောအုပ်ထဲသို့ ပြန်လည်ဆုတ်ခွာသွားကြတော့လေသည်။
ငါးမိနစ်အတွင်းမှာပင် ငှက်များအားလုံး ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်တွင် ငှက်အလောင်းများနှင့် ငှက်ချေးများသာ ကျန်ရှိခဲ့လေသည်။
ရှောင်းယီနှင့် အခြားသူများသည်လည်း ၎င်းတို့၏ခန္ဓာကိုယ်ပေါ်၌ ဧကန်မုချ ငှက်ချေးများကို လက်ဆောင်ရရှိခဲ့ကြပေသည်။ သူတို့သည် ထိုငှက်ချေးများကို သန့်ရှင်းရေးမပြုလုပ်နိုင်ခင်မှာပင် သူတို့ဆီသို့ အလျင်အမြန်ပြေးလာနေသော ကျန်းယွင်ထျန်းကို တွေ့လိုက်ရ၏။
“အဲ့ဒီသင်္ဘောက ငါတို့အနားကို ရောက်ရှိနေပြီ။”
သို့သော်လည်း အပြင်ဘက်ရှိ သားရိုင်းတိရစ္ဆာန်များ မှာ ထွက်ခွာမသွားကြသေးပေ။
ထို့အပြင် ထိုငှက်များသည်လည်း ပြန်လာဦးမည်လားဆိုသည်ကို ပြောရခက်ပေသည်။
ရှောင်းယီက ခေါင်းညိတ်လိုက်၏။
“အရင်ဆုံး တောအုပ်ထဲက တိရစ္ဆာန်တွေရဲ့ လှုပ်ရှားမှုကို ဂရုတစိုက်စောင့်ကြည့်ထားလိုက်။”
“အင်း”
ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။
ယွမ်ရှီကိုရှာဖွေလိုက်ပြီးနောက် ရှောင်းယီသည် မြို့ရိုးအတွင်းရှိ ငှက်ချေးများနှင့် ငှက်အလောင်းများကို အရင်ဆုံးရှင်းလင်းရန် လူအနည်းငယ် စီစဉ်ခိုင်းလိုက်၏။
“အိုပါး ဒီမှာ ဘာလို့ ကျွန်းကြီးတစ်ကျွန်း ရှိနေတာလဲ။ ဒေသခံကျွန်းတော့ မဖြစ်နိုင်ဘူးမဟုတ်လား။”
အလတ်စားရွက်သင်္ဘောပေါ်တွင် သဘာဝမကျစွာဖြောင့်ဆင်းနေသောနှာခေါင်းရှိသည့် အမျိုးသမီးတစ်ဦးက သူမ၏ဘေးနားရှိ ယောက်ျားတစ်ယောက်ကို မေးလိုက်သည်။
ထိုယောက်ျားသည် သူ၏ရှေ့တွင်ရှိနေသော ကျွန်းကို ဂရုတစိုက်လေ့လာလိုက်၏။ ရုတ်တရက် မြင်လိုက်ရသည့်အရာတစ်ခုက သူ၏ မျက်လုံးများကို ကျဉ်းမြောင်းသွားစေခဲ့သည်။
“သင်္ဘောကို ညာဘက်ကို ကွေ့လိုက်။”
“ဟုတ်ကဲ့ ကပ္ပတိန်”
သူ၏အနားမှာရပ်နေသည့် လက်အောက်ငယ်သားက ချက်ချင်း ပြန်ဖြေလိုက်ပြီး အမိန့်ကို လက်ဆင့်ကမ်းလိုက်သည်။
“အိုပါး ဘာလို့ တစ်ခါတည်းမောင်းမသွားလိုက်တာလဲ။”
ထိုအမျိုးသမီးက စပ်စုလိုက်၏။ ထိုအခါ အမျိုးသားက အရှေ့ဘက်သို့ လက်ညိုးထိုးပြလိုက်သည်။
“အဲ့ဒါကို မင်းဘာလို့ထင်လဲ။”
အမျိုးသမီးသည် ထိုနေရာသို့ ဂရုတစိုက်ကြည့်ရှုလိုက်ပြီး ကမ်းခြေပေါ်တွင်ရှိနေသော အဆောက်အဦတစ်ခုကို မြင်လိုက်ရ၏။
“ဒါက ဆိပ်ကမ်းလား။”
သူမ အံ့အားသင့်သွားခဲ့သည်။
ထိုအခါ အမျိုးသားက ခေါင်းညိတ်ပြလိုက်သည်။
“ဖြစ်နိုင်တယ်။”
“ဒါဆို ဒီကျွန်းပေါ်မှာ တိုးတက်နေတဲ့လူ့အဖွဲ့အစည်းတစ်ခု ရှိတယ်လို့ဆိုလိုနေတာမဟုတ်လား။”
အမျိုးသမီးက ပြောလိုက်သည်။
သူတို့သည် ယခင်က ဒေသခံကျွန်းတစ်ကျွန်းနှင့် ကြုံဖူးပြီး ဒေသခံများသည် ဆိပ်ကမ်းဆောက်တစ်ခုကို မည်သို့တည်ဆောက်ရမည်ကို သိရှိကြခြင်းမရှိပေ။
“မှန်တယ်။”
ထိုအမျိုးသားက ပြောလိုက်သည်။
“ဒါဆို ဘာလို့ ဆိပ်ကမ်းကို တိုက်ရိုက်မသွားဘဲ ဦးတည်ချက်ပြောင်းနေတာလဲ”
အမျိုးသမီးက မေးလိုက်၏။
ထိုအခါ ထိုအမျိုးသားက အမျိုးသမီးကို တစ်ချက်ကြည့်လိုက်သည်။
“မင်းသေချင်တယ်ဆိုရင် ငါ အခုချက်ချင်း မင်းကို ပစ်ချပေးမယ်။”
“မဟုတ်ပါဘူး အိုပါး”
ထိုအမျိုးသမီးက ချက်ချင်းပင် ကြောက်လန့်သွား၏။
ထိုအမျိုးသားက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“တိုးတက်နေတဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီတိုင်းဝင်ပြီးတိုက်ခိုက်မယ်ဆိုရင် ကိုယ့်ကိုယ်ကို သားကောင်အဖြစ် ခံယူလိုက်တာနဲ့ မတူဘူးလား။ ဒီကမ္ဘာ့ရဲ့ စည်းမျဉ်းတွေက ငါတို့ကို ရန်လိုနေတယ်။ အကြောင်းပြချက်ကို မသိရပေမယ့် ငါတို့ဘက်က လုံလုံလောက်လောက်သတိထားပြီး နားလည်ထားရမယ်။”
“ဟုတ်ကဲ့ပါ”
ထိုအမျိုးသမီးက ကြောက်ကြောက်လန့်လန့်ဖြင့် တုံ့ပြန်လိုက်သည်။
“ဆိပ်ကမ်းရှိရင် စောင့်ကြည့်နေတဲ့သူတွေလည်း ရှိမှာပဲ။ ဒါပေမယ့် ခုထိ ငါတို့ကို ခေါ်ဖို့ ဆက်သွယ်တဲ့သူမရှိသေးဘူး။ ဆိုလိုတာက သူတို့က ငါတို့ကို မတွေ့သေးဘူးဆိုတာပဲ။ ငါတို့ အခြားနေရာတွေကနေ လှည့်ပတ်ပြီး ဆင်းသင့်တယ်။ သူတို့ကို အငိုက်ဖမ်းပြီး ဒီကျွန်းကို သိမ်းပိုက်နိုင်မယ်ဆိုရင် ယဉ်ကျေးပြီး ဖွံ့ဖြိုးတိုးတက်ပြီးသား ကျွန်းတစ်ကျွန်းကို ပိုင်ဆိုင်နိုင်လိမ့်မယ်။ ဒါဆို ငါတို့က သေချာပေါက် လူတိုင်းထက် သာလွန်သွားလိမ့်မယ်။”
“အိုပါး ရှင်က အရမ်းအံ့ဩစရာကောင်းတာပဲ။”
အမျိုးသမီး၏မျက်လုံးထဲ၌ ကြယ်ရောင်များဖြင့် တလက်လက်တောက်ပလာ၏။
မြို့ရိုးအတွင်း၌ လူတိုင်းသည် မြေပြင်ပေါ်ရှိ ငှက်ချေးများကို ရှင်းလင်းကာ ဇီဝဓာတ်ငွေ့ကန်ထဲသို့ ပစ်ထည့်နေကြသည်။
“ရှောင်းယီ အပြင်ဘက်က သင်္ဘောက အရှေ့မြောက်ဘက်ကို ကွေ့သွားတယ်။”
ကျန်းယွင်ထျန်းသည် ရေဒါထောက်လှမ်းရေးလက်ခံစက်၏ ဖန်သားပြင်ကို ကိုင်ထားရင်း ပြောလိုက်၏။
“သူတို့က တိတ်တိတ်လေး ခိုးဝင်ချင်နေကြပုံပဲ။”
ရှောင်းယီ လှောင်ရယ်လိုက်သည်။ ထို့နောက် သူသည် ဝေါ်ကီတော်ကီကိုကိုင်ကာ အန်းယွဲ့ဆီသို့ ဆက်သွယ်လိုက်၏။
“မြို့ရိုးအပြင်ဘက်က သားရိုင်းတိရစ္ဆာန်တွေရဲ့ အခြေအနေ ဘယ်လိုရှိလဲ။”
“သူတို့က ငါတို့ကို ဝိုင်းထားတုန်းပဲ။ ငါတို့ရဲ့ မြို့ရိုးနဲ့မြို့တံခါးကို မကြာခဏတိုက်ခိုက်နေကြတယ်။”
အန်းယွဲ့က ပြန်ဖြေသည်။
ရှောင်းယီက ခဏကြာအောင် စဉ်းစားပြီးနောက် သူ့လက်ထဲက ငါးမောင်းထုတ်စက်ကို ကျန်းယွင်ထျန်းတီ ပေးလိုက်၏။
“မင်းဒီမှာနေခဲ့။ ငါအပြင်ထွက်ပြီး တစ်ချက်လောက်သွားကြည့်လိုက်ဦးမယ်။”
“ငါ့ကိုသွားခွင့်ပေးပါ။ ငါက ရန်သူ့ရဲ့နောက်တန်းကနေ သတင်းအချက်အလက်တွေကို ထောက်လှမ်းတဲ့နေရာမှာ ကျွမ်းကျင်တယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
ရှောင်းယီက ခေါင်းခါလိုက်၏။
“မင်းရဲ့လက်ရှိရုပ်ပိုင်းဆိုင်ရာအခြေအနေက A အဆင့်ပဲရှိသေးတယ်။ မင်းရဲ့ပတ်ပတ်လည်မှာ A အဆင့် သားရိုင်းတိရစ္ဆာန်တွေ ရှိနေသေးတယ်။အပြင်ထွက်မယ်ဆိုရင် မင်းအတွက် အန္တရာယ်များလွန်းတယ်။”
ထိုသို့ပြောပြီးနောက် သူသည် ငါးမောင်းထုတ်စက်ကို
ကျန်းယွင်ထျန်း၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် မြို့ရိုးဆီသို့ လမ်းလျှောက်သွားပြီး တူညီသောနည်းလမ်းအတိုင်း အောက်သို့ ခုန်ချလိုက်သည်။
ရှောင်းယီသည် တောင်ကုန်း၏ အနောက်ဘက် တောင်ခြေတစ်လျှောက်မှ ကျွန်း၏အရှေ့မြောက်ဘက်သို့ ဦးတည်ကာ ပြေးထွက်သွားခဲ့သည်။
“ကပ္ပတိန်၊ သင်္ဘောဆိုက်ထားပြီးပါပြီ။ အခုဆင်းတော့မလား”
ကုန်းပတ်ပေါ်တွင်ရပ်နေသည့် လူတစ်ယောက်က ထိုအမျိုးသားကို ရိုကျိုးစွာပြောလိုက်၏။
ထိုအမျိုးသားက လက်မြှောက်ပြလိုက်ပြီး သူ၏မျက်လုံးများကိုမှေးကျဉ်းကာ ကျွန်းကိုလှမ်းကြည့်လိုက်သည်။
“ခဏစောင့်”
ထို့နောက် ဂရုတစိုက် လေ့လာကြည့်ရှုကာ ပြောလိုက်၏။
“မြှားလှည်းကို အပေါ်တွန်းတင်လိုက်။”
ထိုအခါ အမျိုးသားများသည် ချက်ချင်းပင် သစ်သားလှည်းနှစ်စီးကို ကုန်းပတ်ပေါ်သို့ တွန်းတင်လိုက်ကြသည်။ ထိုလှည်းများအပေါ်တွင် ဆလင်ဒါပုံစံ ကိရိယာလေးခု ရှိနေသည်။
ဆလင်ဒါ၏အပြင်ဘက်တွင် သိပ်သည်းစွာထုပ်ပိုးထားသော မြှားများကို ထင်ထင်ရှားရှား မြင်နိုင်ပြီး မှုန်ဝါးဝါးလရောင်အောက်တွင် အေးစက်သည့်အလင်းရောင်များ ရောင်ပြန်ဟပ်နေခဲ့သည်။
“အိုပါး ဒီသတ်ဖြတ်ရေးလက်နက်ကြီးကို ဘာလို့ထုတ်လိုက်တာလဲ။”
အမျိုးသမီးမှာ စိတ်ရှုပ်ထွေးသွား၏။
“သေချာကြည့်လိုက်”
ထိုအမျိုးသားက ကောင်းကင်ကို ညွှန်ပြကာ ပြောလိုက်သည်။
အမျိုးသမီးသည် ကောင်ကင်ကို ဂရုတစိုက်မေ့ကြည့်ကာ ညအမှောင်ထဲ၌ ပုံမှန်မဟုတ်သောအရာများကို ရှာဖွေရန် ကြိုးစားလိုက်၏။
ရုတ်တရက် သူမသည် ကောင်းကင်ကို ညွှန်ပြလိုက်ပြီး သူမ၏ခန္ဓာကိုယ်သည်လည်း စတင်တုန်ရီလာခဲ့သည်။
“ဒါကဘာလဲ”
အမျိုးသမီးမှာ တဆတ်ဆတ်တုန်ယင်နေခဲ့သည်။
ထိုနေရာ၌ အလွန်မှောင်မိုက်နေပြီး ထိုအရာသည် သေချာပေါက် ပုံမှန်တွေ့နေကျ ညကောင်းကင်မဟုတ်ပေ။
“အဲ့ဒါက ငှက်တစ်အုပ်ဖြစ်သင့်တယ်။”
ထိုယောက်ျားက ပြန်ဖြေလိုက်သည်။
“ဒါဆို ကျွန်တော်တို့ ကမ်းပေါ်တက်ဦးမှာလား”
ဘေးနားရှိ ယောက်ျားသားများက မေးလိုက်သည်။
“ဒါပေါ့”
ထိုအမျိုးသားက ရယ်မောကာ ပြောလိုက်၏။
“မင်းတို့နှစ်ယောက် အရင်တက်သွားပြီး စုံစမ်းစစ်ဆေးလိုက်။”
“ဟုတ်ကဲ့!”
သူညွှန်ပြလိိုက်သော လူနှစ်ဦးက အနည်းငယ်ကြောက်လန့်နေဟန်ဖြင့် ပြန်ဖြေလိုက်သည်။
သူတို့သည် မည်သို့ပင် ဝန်လေးနေစေကာမူ အောက်သို့ဆင်းရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။ သူတို့ မဆင်းသွားပါက အကျိုးဆက်မှာ ပို၍ပင် ဆိုးရွားသွားနိုင်သည်။
သင်္ဘောပေါ်ရှိ လူတိုင်းသည် ကပ္ပတိန်၏အမိန့်အား မနာခံပါက သင်္ဘောခန်းထဲတွင် အကျဉ်းချခံရမည်ကို သိထားကြ၏။
သင်္ဘောခန်းထဲ၌ ပိတ်မိနေသူများသည် နောက်ရက်အနည်းငယ်အထိ မရပ်မနား ကြောက်လန့်တကြားအော်ဟစ်နေရမည်ဖြစ်ပြီး သင်္ဘောပေါ်ရှိ အစားအစာများသည်လည်း ပို၍ပင် ငါးညွှီစော်နံလာမည်ဖြစ်သည်။
လူအများစုသည် ထိုအသားဟင်းလျာများမှာ မည်သည့်အရာများဖြစ်သည်ကို သိကြသော်လည်း ယကြိတ်မှိတ်မြိုချရန်သာ တတ်နိုင်ပေသည်။ သို့မဟုတ်ပါက အလွန်ဆာလောင်နေရမည်ဖြစ်ပြီး ကပ္ပတိန်၏ အမိန့်ကို လုပ်ဆောင်ရန် ကျရှုံးပါကလည်း သူ့ကိုယ်သူ အကျဉ်းချလိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။
သင်္ဘောပေါ်၌ အစားအစာအရင်းအမြစ်များမှာ မလုံလောက်ပေ။ ထောက်ပံ့ရေးသေတ္တာများထဲမှ အစားအစာရှာဖွေတွေ့ရှိနိုင်သည့် အခွင့်အလမ်းသည်လည်း ပိုပိုပြီးနည်းပါးလာပေသည်။
ထို့အပြင် နယ်မြေများကို မပေါင်းစည်းခင်ကလည်း ၎င်းတို့၏ ဈေးကွက်တွင် အစားအစာရောင်းချသူ မရှိသလောက်ပင်ဖြစ်၏။
အသက်ရှင်ရပ်တည်နိုင်ရန်အတွက် သင်္ဘောပေါ်ရှိ လူများစွာသည် ၎င်းတို့၏ လူသားဆန်မှုကို စွန့်လွှတ်ခဲ့ရကြပေသည်။
သို့သော် ဤတစ်ပတ်၌မူ ပိုမိုကောင်းမွန်လာခဲ့သည်။ နယ်မြေများကို ပေါင်းစည်းပြီးနောက် သူတို့သညါ ဈေးကွက်စာမျက်နှာတွင် အစားအစာရောင်းချသူများ ရှိနေသည်ကို တွေ့ခဲ့ရလေသည်။
သူတို့သည် နေ့စဉ်နေ့တိုင်း အစားအစာအချို့ကို လုယူနိုင်ခဲ့ပြီး ၎င်းတို့၏ အစားအစာမလုံလောက်မှာပြဿနာကို လျှော့ချနိုင်ခဲ့ပေသည်။
အခန်း ၂၉၀
ရှောင်းယီသည် ကမ်းခြေသို့ အမြန်ရောက်ရှိလာခဲ့ပြီး ည၏အမှောင်ထုနှင့် တောအုပ်များ၌ သူ၏ခန္ဓာကိုယ်ကို ကွယ်ဝှက်ကာ ထိုလှေရှိရာသို့ လှမ်းကြည့်လိုက်သည်။
ကုန်းပတ်ပေါ်တွင် လူအများအပြားရှိပုံရသည်။ သူသည် အထက်မှ “အိုပါး” နှင့် “စမတ်တာ” ဟူသော အသံများကို ကြားလိုက်ရပြီးနောက် အနည်းငယ်လန့်သွား၏။
“သူတို့က ကွန်းနိုင်ငံက (corn country) လာတဲ့သူတွေလား။”
ရှောင်းယီ၏ ခန့်မှန်းချက်မှာ မှန်ပေသည်။ လှေပေါ်တွင် ကွန်းနိုင်ငံသားတစ်ဦးရှိနေ၏။ ထိုလူ၏ အမည်မှာ ပုယီယဲ့ဖြစ်ကာ လှေ၏သခင်လည်းဖြစ်သည်။
ထိုစဉ် ပုံရိပ်နှစ်ခုသည် လှေပေါ်မှ ကမ်းခြေသို့ သတိထားကာ ဆင်းသက်လာခဲ့သည်။
ရှောင်းယီသည် သစ်ပင်ကြီးတစ်ပင်၏ အကိုင်းပေါ်တွင် ကိုယ်တစ်ဝက်မှီကာ ထိုလူနှစ်ယောက်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေ၏။
ထိုအခိုက်တွင် ကောင်းကင်မှ လင်းယုန်အော်သံနှစ်ခု ထွက်ပေါ်လာလေသည်။ ထို့နောက် အနက်ရောင်အရိပ်နှစ်ခုသည် ထိုလူနှစ်ယောက်ဆီသို့ ဦးတည်ကာ ထိုးဆင်းလာခဲ့၏။
ရှောင်းယီသည် ချက်ချင်းပင် သူ၏ခန္ဓာကိုယ်ကို မတ်မတ်ထိုင်လိုက်မိသည်။ စောစောက လယ်ကွင်းထဲတွင် ထိုကဲ့သို့သော သားရဲတိရစ္ဆာန်များကို မတွေ့ခဲ့ပေ။
ငှက်ကြီးများသည်သာလျှင် ထိုသီးနှံများကို ထိုးဆိတ်နေခဲ့ကြခြင်းဖြစ်သည်။
“ဒီငှက်မှာ တကယ်ကို ပြန်ကန်အားတွေ ရှိနေတာပဲ။ ငါ့မှာ ဒီသားရဲတိရစ္ဆာန်တွေရဲ့ စွမ်းရည်ကို စမ်းသပ်ဖို့ ကူညီပေးမယ့်သူတွေ ရှိနေတာ ကံကောင်းတယ်။”
ရှောင်းယီက မျက်မှောင်ကြုတ်ကာ တွေးလိုက်မိ၏။
“ကပ္ပတိန် သူတို့ကို ပစ်ရမလား”
လှေပေါ်၌ မြှားလှည်းကို တာဝန်ယူထားသည့်လူက လေသံခပ်တိုးတိုးဖြင့် မေးလိုက်သည်။
ပုယီယဲ့က ပြုံးကာ သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
“မလောနဲ့!”
ကမ်းပေါ်တက်လာသည့်လူနှစ်ယောက်သည် သူတို့ကို ထိုသားရဲတိရစ္ဆာန်များ၏ ပစ်မှတ်ထားခြင်ခံလိုက်ရကြောင်း သတိထားမိသွားကြပြီး သူတို့လက်ထဲရှိ သံလံများကို လေထဲသို့ ကြုံရကျပန်း ဝှေ့ယမ်းလိုက်ကြသည်။
သို့သော် ထိုဆင်းလာသော ထိုအရိပ်နှစ်ခုသည် အလွန်လျင်မြန်စွာ ရွေ့လျားပြီး လူနှစ်ယောက်၏ သံလှံများကို အလွယ်တကူပင် ရှောင်တိမ်းသွား၏။ ထို့နောက် သူတို့၏ မြှောက်ထားသောလက်မောင်းများကို ပြင်းထန်စွာ ထိုးဆိတ်လေတော့သည်။
“အား”
နှစ်ယောက်စလုံးသည် တစ်ပြိုင်နက် ကြောက်လန့်တကြားအော်ဟစ်လိုက်ကြရသည်။
တစ်ယောက်သည် သံလှံကို မြဲမြဲကိုင်မထားနိုင်တော့ဘဲ ကမ်းခြေပေါ်သို့ ပြုတ်ကျသွား၏။
“ကပ္ပတိန် ကယ်ပါဦး!”
ထိုလူနှစ်ယောက်သည် ကြောက်လန့်တကြားအော်ဟစ်ကာ နောက်လှည့်၍ လှေရှိရာသို့ ပြန်ပြေးလာခဲ့ကြသည်။
အနက်ရောင်ပုံရိပ်နှစ်ခုသည်လည်း သူတို့နောက်မှ လိုက်လာနေ၏။
ထိုမြင်ကွင်းသည် ပုယီယဲ့၏မျက်လုံးများကို မှေးကျဉ်းသွားစေခဲ့လေသည်။
“မြှားတွေ ပစ်!”
သူက ရုတ်တရက် အော်ဟစ်လိုက်သည်။
ဝှစ်ရှ်! ဝှစ်ရှ်!
မြှားလှည်းပေါ်ရှိ ဆလင်ဒါထဲမှ မြှားများသည် ချက်ချင်းဆိုသလိုပင် အလွန်မြန်ဆန်စွာ ပျံသန်းသွားလေတော့သည်။
လူနှစ်ယောက်ကို လိုက်ဖမ်းနေသော အနက်ရောင်ပုံရိပ်သည် ဤကဲ့သို့ ပြင်းထန်သည့် တိုက်ခိုက်မှုကို မျှော်လင့်ထားပုံမရဘဲ ရွာကျလာသည့်မြှားမိုးများနှင့် ထိတ်တိုက်ရင်ဆိုင်လိုက်လေသည်။
အခြားအနက်ရောင်ပုံရိပ်တစ်ခုသည် ထိုမြှားများဖြင့် တိုက်ရိုက်ထိမှန်သွားခဲ့ကာ ၅မီတာ၊ ၆မီတာခန့် နောက်သို့တွန်းထုန်ခံလိုက်ရပြီး လေထဲမှ တည့်တည့်ပြုတ်ကျသွားခဲ့သည်။
နောက်ထပ်အနက်ရောင်ပုံရိပ်တစ်ခုသည် မြှားနှစ်ချောင်းကြောင့် ဒဏ်ရာရသွားကာ တောအုပ်ထဲသို့ ဒယိမ်းဒယိုင်ဖြင့် ပျံသန်းကာ ထွက် ယပြေးသွားလေတော့သည်။
ထိုလူနှစ်ယောက်သည်လည်း မြှားလှည်းပစ်ခတ်လိုက်သည့်အသံကို ကြားလိုက်၏။ သူတို့သည် နောက်ပြန်လှည့်ကြည့်လိုက်ကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းရှည်ကြီး ချလိုက်မိလေသည်။
“သွားပြီး အဲ့ဒီငှက်ရဲ့အလောင်းကို ပြန်ယူလာခဲ့”
ပုယီယဲ့၏အသံက လှေပေါ်မှ ထွက်လာခဲ့သည်။
ထိုလူနှစ်ယောက်သည်လည်း ရွေးချယ်စရာမရှိတော့ဘဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော ပုံရိပ်ဆီသို့ ပြန်လျှောက်သွားပြီး ၎င်းကိုကောက်ယူလာခဲ့ရလေသည်။
ထိုအခါမှာ သူတို့ကို တိုက်ခိုက်ခဲ့သောသားရဲမှာ လင်းယုန်တစ်ကောင်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့ကြသည်။
ထိုလူနှစ်ယောက်သည် လင်းယုန်၏အလောင်းကို လှေပေါ်သို့ ယူဆောင်သွားလိုက်သည်။
“ကပ္ပတိန် ကြည့်ကြည့်ပါဦး။”
“ဒါကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီယူသွားပြီး ဘယ်အဆင့်ရှိလဲဆိုတာ ကြည့်လိုက်”
ပုယီယဲ့က သူ၏လက်ဝှေ့ရမ်းကာ ပြောလိုက်သည်။
ဘေးနားကလူများက ၎င်းကို ချက်ချင်းပင် ယူဆောင်သွားလိုက်ကြသည်။
“ကပ္ပတိန် ဒီကျွန်းက အရမ်းအန္တရာယ်များတယ်လို့ထင်လား။ ကျွန်တော်တို့ တကယ်ပဲ တက်သင့်ရဲ့လား။”
ခုနကဆင်းသွားခဲ့သောလူသည် ငှက်၏လက်သည်းဖြင့် အကုတ်ခံထားရသော သူ၏လက်မောင်းကို ကာကွယ်ထားရင်း သတိထားကာ မေးလိုက်သည်။
“ဖြန်း!”
ပုယီယဲ့က ထိုလူကို ပါးဖြတ်ရိုက်လိုက်၏။
“ဒါကငါတို့အတွက်အခွင့်ကောင်းပဲလေ။ မင်းက ဘာလို့ မတက်ချင်ရတာလဲ။
ပုယီယဲ့က ထိုလူကိုရိုက်လိုက်သည့် သူ၏လက်ကို လေဖြင့်မှုတ်ရင်း ပြောလိုက်သည်။
“အခွင့်ကောင်းလား။”
လှေပေါ်တွင်ရှိနေကြသော လူအားလုံး ရှုပ်ထွေးသွားကြသည်။
ပုယီယသည် သူတို့ကို အထင်သေးသည့်ပုံစံဖြင့်ကြည့်ကာ ပြောလိုက်သည်။
“ဒီနေရာမှာ အရမ်းအားကောင်းတဲ့ သားရဲတိရစ္ဆာန်တွေရှိတယ်။ ဒါက ဒီနေရာမှာ ခုခံကာကွယ်ထားတာမျိုးမရှိဘူးလို့ ဆိုလိုနေတာပဲ။ ကာကွယ်ထားတယ်ဆိုရင်တောင်မှ သူတို့ရဲ့စွမ်းအားအများစုကို အဲ့ဒီသားရဲတိရစ္ဆာန်တွေ ကန့်သတ်ထားလိမ့်မယ်။ အဲ့တော ဒါက ငါတို့ကျွန်းပေါတက်ဖို့ အကောင်းဆုံးနေရာပဲ။”
အခြားသူများမှာ ရုတ်တရက် သဘောပေါက်သွားခဲ့ကြသည်။
“ကပ္ပတိန်က အရမ်းအမြော်အမြင်ကြီးတာပဲ။”
“အမှန်ပဲ။ ဒီကနေသာ ကျွန်းပေါ်တက်သွားမယ်ဆိုရင် တစ်ဖက်လူကလည်း လုံးဝမျှော်လင့်ထားမှာမဟုတ်ဘူး။ ဒါဆို သူတို့ကို အငိုက်ဖမ်းမိလိမ့်မယ်။”
“ကပ္ပတိန်က ရဲရင့်ပြီး ဂရုစိုက်တတ်တယ်။ ကပ္ပတိန်နောက်ကိုသာ လိုက်မယ်ဆိုရင် သေချာပေါက် ဘာမှစိတ်ပူစရာမလိုဘူး။”
လှေပေါ်ရှိလူများ သူတို့၏ကပ္ပတိန်ကို မြှောက်ပင့်နေစဥ်မှာပဲ တောအုပ်ထဲမှ ဟစ်ကြွေးလိုက်သည့်အသံတစ်ထု ထွက်ပေါ်လာခဲ့လေသည်။
လူတိုင်းသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တောအုပ်ရှိရာဘက်သို့ ကြည့်လိုက်မိကြ၏။
ရှောင်းယီသည်လည်း ထိုအော်သံကိုကြားလိုက်ရပေသည်။
“ဒေါသထွက်နေပြီးပေါ့။ ကိုယ်တိုင်ထွက်လာတော့မှာလား။”
ထိုအော်သံမှတစ်ဆင့် ရှောင်းယီသည် အသံပိုင်ရှင်၏ဒေါသကို ခံစားမိပေသည်။ ထိုအရာသည် လင်းယုန်နှစ်ကောင်၌ တစ်ကောင်ဒဏ်ရာရပြီး တစ်ကောင်သေဆုံးသွားမှုကြောင့် လှုံ့ဆော်ခံလိုက်ရခြင်းဖြစ်ရပေမည်။
ထိုစဉ် စောစောကလင်းယုန်ကို ယူသွားသည့်လူသည် အပြင်သို့ ပြန်ထွက်လာပြီး ပြောလိုက်၏။
“ကပ္ပတိန် ဒါက B အဆင့်လင်းယုန်ပါ။”
ပုယီယဲ့က ခေါင်းညိတ်လိုက်ကာ မြှားလှည်းထိန်းချုပ်သူအား လက်ဟန်ပြကာ ပစ်လွှတ်ပြီးသားမြှားလှည်းကို ပြန်လည်တပ်ဆင်ရန် အချက်ပြလိုက်သည်။
“အားလုံးပဲ မြှားလှည်းရဲ့ပတ်ပတ်လည်မှာ လူစုပြီး သံလှံတွေကို မြဲမြဲကိုင်ထားကြ။”
ပုယီယဲ့က အော်ဟစ်လိုက်သည်။
“ဟုတ်ကဲ့”
လူတိုင်းသည် ချက်ချင်းပင် မြှားလှည်း၏ပတ်ပတ်လည်တွင် နေရာယူကြ၏။
ရှောင်းယီ သစ်ရွက်များကြားမှ ချောင်းကြည့်လိုက်သော်အခါ ဧရာမအနက်ရောင်ပုံရိပ်တစ်ခု ပျံသန်းလာသည်ကို တွေ့လိုက်ရလေသည်။
“အရမ်းကြီးတယ်!”
ရှောင်းယီ ထိတ်လန့်စွာ ရေရွတ်လိုက်မိ၏။
ထိုဧရာမအနက်ရောင်ပုံရိပ်သည် နှစ်မီတာခန့်ရှည်လျားပြီး အတောင်ပံများ၏အလျားမှာ ခြောက်မီတာခန့်ရှိပေသည်။ ၎င်းသည် လှေဆီသို့ဦးတည်၍ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
“ရွှေလင်းယုန် ( A အဆင့် ): သံမဏိကဲ့သို့ မာကျောပြီး ကောက်ချိတ်နေသောနှုတ်သီး၊ ထက်ရှသည့်ခြေသည်းတစ်စုံနှင့် အလွန်လျင်မြန်ဆန်သည့်အရှိန်ရှိသည်။ ၎င်းရွေးချယ်ထားသော သားကောင်အားလုံးသည် ၎င်း၏လိုက်လံဖမ်းဆီးမှုမှ မလွတ်မြောက်နိုင်ပေ။”
“ရွှေလင်းယုန်လား။ ဒါက Tathagata တသဂတ္တရဲ့ ဦးလေး ရွှေတောင်ပံလင်းယုန်ဖြစ်နိုင်မလား။”
ရှောင်းယီသည် စနစ်၏သတိပေးချက်ကို ကြည့်ရှုရင်း တွေးလိုက်မိ၏။ ထို့နောက် သူ၏ခေါင်းကို ခါယမ်းကာ သက်ပြင်းချလိုက်သည်။
“ပျံသန်းနေတဲ့ A အဆင့်သားရဲတစ်ကောင်ကို ကိုင်တွယ်ဖြေရှင်းဖို့ဆိုတာ မလွယ်ကူဘူး။”
ထို A အဆင့်အထူးမျိုးစိတ်ကို လေးနဲ့မြှားများကိုသာ အားကိုးပြီး ကိုင်တွယ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။
လှေပေါ်ရှိလူသည် စောစောက မြှားလှည်းကို အသုံးမပြုရခဲ့ပါက အလစ်ချောင်းကာ တိုက်ခိုက်နိုင်ပေလိမ့်မည်။ သို့သော်လည်း ယခုအချိန်၌ လှေပေါ်ရှိလူများအတွက် အသုံးချနိုင်သည့် နည်းလမ်းကောင်းများ ရှိမနေကြတော့ပုံပင်။
“ကပ္ပတိန် အခုရောက်လာတဲ့အကောင်က ခုမကဟာထက်ပိုကြီးတယ်။”
လက်အောက်ငယ်သားတစ်ဦးသည် ထိုအနက်ရောင်ပုံရိပ်ကို ညွှန်ပြရင်း ကြောက်ရွံ့ထိတ်လန့်စွာ ပြောလိုင်သည်။
“ဘာတွေကြောက်နေတာလဲ”
ပုယီယဲ့က အော်လိုက်၏။
“ငါးဖမ်းပိုက်တွေ အဆင်သင့်ပြင်ထား!”
“ဟုတ်ကဲ့”
လူတိုင်း တုံ့ပြန်လိုက်ကြသည်။
ရွှေလင်းယုန်သည် မကြာခင်မှာပင် အလတ်စားရွက်သင်္ဘောပေါ်သို့ ရောက်ရှိလာပြီး အပေါ်၌ လှည့်ပတ်ကာ ဝဲနေခဲ့သည်။
ယခင်က ဒဏ်ရာရပြီး သေဆုံးသွားခဲ့သော လင်းယုန်ကြောင့် သူသည် မြှားလှည်းကို အနည်းငယ် သတိထားနေသည်မှာ ထင်ရှားပေသည်။
ရွှေလင်းယုန်သည် လေထဲ၌ နှစ်ကြိမ်လှည့်ပတ်ကာပျံသန်းနေပြီးနောက် ချက်ချင်းပင် ထိုးဆင်းလာခဲ့လေတော့သည်။
လှေပေါ်ရှိလူအားလုံးသည်လည်း သူတို့၏သံလှံများဖြင့် ၎င်းကို ချက်ချင်းပင် ထိုးစိုက်လိုက်ကြ၏။ ရွှေလင်းယုန်သည် ခပ်လှမ်းလှမ်းမှနေ၍ သူ၏ချွန်ထက်သောခြေသည်းများဖြင့် သံလှံ၏ဦးခေါင်းကို ဆုပ်ကိုင်လိုက်သည်။
ဒင်!
ရွှေလင်းယုန်၏ချွန်ထက်သောခြေသည်းများသည် သံလှံ၏ဦးခေါင်းနှင့် ရင်ဆိုင်မိသွားပြီး သတ္တုချင်းတိုက်မိသည့်အသံတစ်ခုကို ဖန်တီးလိိုက်၏။
ရွှေလင်းယုန်သည် လှံဦးကို လုံးဝမကြောက်ရွံ့သည်မှာ သိသာလှပြီး လှံဦးကို ဆုပ်ကိုင်ရင်း ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။
သံလှံ၏ပိုင်ရှင်သည် အမှန်တကယ်ပင် ရွှေလင်းယုန်၏ လေပေါ်သို့ဆွဲတင်ခြင်းကို ခံလိုက်ရပြီး မူးဝေသွားကာ ဒယိမ်းဒယိုင်ဖြင့် ကုန်းပတ်ပေါ်သို့ ပြုတ်ကျသွားလေတော့သည်။
ကံကောင်းထောက်မစွာပင် သူသည် သူ၏လက်ကို အချိန်မီ လွှတ်လိုက်နိုင်ခဲ့သည်။ သို့မဟုတ်ပါက ရွှေလင်းယုန်ကြောင့် ကောင်းကင်ထဲသို့ ဆွဲခေါ်ခံလိုက်ရနိုင်၏။
ရွှေလင်းယုန်သည် ထိုလူသားမှ သံလှံအား လွှတ်လိုက်သည်ကို မြင်သောအခါ သူ၏ခြေသည်းများဖြင့် သံလှံ၏ဦးခေါင်းကို ချိုးဖဲ့လိုက်လေသည်။
လူတိုင်း ထိတ်လန့်သွား၏။
ရှောင်းယီသည်လည်း တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
“အဲ့ဒီခြေသည်းက အရမ်းစွမ်းအားကြီးတယ်။”
“အဲ့ကောင်နောက်တစ်ခါဆင်းလာရင် လေးသမားတွေအားလုံး တစ်ပြိုင်တည်းတိုက်ခိုက်ကြ။”
ပုယီယဲ့သည် မြှားလှည်းတစ်ခုဆီသို့ လျှောက်သွားပြီး ထိုမြှားလှည်းကို သူကိုယ်တိုင်ထိန်းချုပ်ကာ ဘေးနားက လေးနဲ့မြှားကိုင်ထားသည့်သူများကို အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
ထိုစဉ် ရွှေလင်းယုန်သည်လည်း နောက်တစ်ကြိမ် ဆင်းသက်လာပြီဖြစ်သည်။ လေးသမားရှစ်ယောက်သည် ချက်ချင်းပင် ၎င်းကို ပစ်ခတ်လိုက်ကြသည်။
ဝှစ်ရှ်! ဝှစ်ရှ်!
ရွှေလင်းယုန်သည် အလျင်အမြန် ရွေ့လျားကာ ထိုမြှားများကို အလွယ်တကူ ရှောင်ရှားနိုင်ခဲ့သည်။
“ကပ္ပတိန် ကျွန်တော်တို့ ပစ်မှတ်ကိုထိအောင် မပစ်နိုင်ဘူး။”
လေးသမားတစ်ဦးက စိုးရိမ်တကြီး အော်ဟစ်လိုက်၏။
“ကိစ္စမရှိဘူး။ ငါက မင်းတို့ကို သူ့ကိုထိအောင်ပစ်ရမယ်မဆိုလိုဘူး။”
ပုယီယဲ့က လှောင်ပြုံးပြုံးကာ ပြန်ဖြေလိုက်သည်။
“ဆက်တိုက်ထား။”
အခန်း ၂၉၁
ရွှေလင်းယုန်သည် မကြာခဏ ဆင်းလာပြီး ထပ်ခါတလဲလဲ အနှောက်အယှက်ပေးနေသော်လည်း ၎င်းသည် အလွန်သတိထားနေခဲ့ပြီး သင်္ဘောကို မည်သည့်အခွင့်အရေးမျှ မပေးခဲ့ပေ။
ပုယီယဲ့သည် မျက်မှောင်ကြုံကာ ရုတ်တရက် သူ့ဘေးရှိအမျိုးသမီးကို ကန်ထုတ်လိုက်၏။
“အား!”
ထိုအမျိုးသမီးသည် ကြောက်လန့်တကြီး အော်ဟစ်ကာ ကုန်းပတ်ပေါ်တွင် အကြိမ်ကြိမ်လူးသွားပြီး သင်္ဘော၏ကာကွယ်ရေးစက်ဝိုင်း၏အပြင်ဘက်သို့ ရောက်သွားလေသည်။
ရွေလင်းယုန်သည် ရှောင်ချူးချူးနှင့်ပတ်သက်၍ သူ၏စိတ်ထဲတွင် အများကြီး တွေးတောမနေခဲ့ပေ။ ၎င်းသည် ထိုရွှေရောင်အခွင့်အလမ်းကို လက်လွတ်မခံဘဲ တည့်တည့်ထိုးဆင်းလာကာ သူ၏ချွန်ထက်သောခြေသည်းများဖြင့် အမျိုးသမီး၏ခန္ဓာကိုယ်ကို ဆုတ်ကိုင်လိုက်သည်။
“အား!”
အမျိုးသမီးက ကြောက်လန့်တကြားအော်ဟစ်လိုက်၏။
“ငါးဖမ်းပိုက်!”
ပုယီယဲ့ အော်ဟစ်လိုက်သည်။
လှေပေါ်တွင်ရှိနေကြအခြားလူများသည် ထိုအဖြစ်အပျက်ကြောင့် အံ့အားသင့်နေခြင်း လုံးဝမရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ပုယီယဲ့ ဤသို့ပြုလုပ်သည်မှာ ပထမဆုံးအကြိမ်မဟုတ်သောကြောင့်ဖြစ်သည်။
ထို့နောက် ငါးဖမ်းပိုက်လေးခုသည် တုန့်ဆိုင်းရပ်တန့်နေခြင်းမရှိဘဲ ဘေးနှစ်ဖက်စလုံးသို့ ပြန့်ကာထွက်သွားတော့သည်။
ထိုငါးဖမ်းပိုက်များက ရွှေလင်းယုန်ကို တိုက်ရိုက်လွှမ်းခြုံပစ်လိုက်လေသည်။
ရွှေလင်းယုန်သည် ချက်ချင်းပင် ဘေးတိုက် ပျံသန်းကာ ပိုက်ကွန်ဖြင့် ဖုံးအုပ်ထားသော ဧရိယာအတွင်းမှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။
သို့သော် အမျိုးသမီးကို ဆွဲချီထားခြင်းက သူ့ကို အနည်းငယ် နှေးကွေးသွားစေခဲ့သည်။ ပျံသန်းရန် မဖြစ်နိုင်တော့ကြောင်း သိရှိသွားသောအခါ သူသည် ပြတ်ပြတ်သားသားပင် ထိုအမျိုးသမီးကို လွှတ်ချလိုက်လေတော့သည်။
ထိုစဉ် မြောက်မြားစွာသော မြှားများသည် သင်္ဘောပေါ်မှ ပျံသန်းထွက်လာ၏။ ထိုမြှားများသည် ရွှေလင်းယုန်ကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ ၎င်း၏ပျံသန်းနိုင်မည့်လမ်းကြောင်းများကို ပိတ်ဆို့ထားခဲ့သည်။
ရွှေလင်ယုန်သည် မြှားမိုးကို ရှောင်ရှားရန် ခေတ္တခဏမျှရပ်တန့်လိုက်ရပြီး ထိုအခိုက်တွင် ငါးဖမ်းပိုက်ကွန်သည် ၎င်းအပေါ်သို့ ကျဆင်းသွားလေတော့သည်။
၎င်းသည် အပြင်းအထန်ရုန်းကန်ကာ အပေါ်သို့ ပျံတက်ရန် ကြိုးစားလိုက်သော်လည်း ပိုက်ကွန်ပစ်လိုက်သည့်လူသည် ပိုက်ကွန်အား လှေနှင့်တိုက်ရိုက်ပင် ချည်နှောင်ထားခဲ့သည်။
ရွှေလင်းယုန်သည် မည်မျှပင် အင်အားကြီးစေကာမူ အလယ်အလတ်အရွယ် ရွက်သင်္ဘောတစ်စင်းကို ကောင်းကင်ပေါ်သို့ ဆွဲမြှောက်နိုင်မည် မဟုတ်ပေ။
၎င်းသည် ၎င်း၏ခြေသည်းများနှင့် နှုတ်သီးကိုအသုံးပြုကာ ပိုက်ကွန်ကို ချက်ချင်းပင် ဆုတ်ဖြဲပစ်လိုက်၏။
ဗြိ!
ပိုက်ကွန်သည် ရွေလင်းယုန်၏ ဆုတ်ဖြဲခြင်းကို ခံလိုက်ရလေသည်။
“မင်းတို့ဘာတွေကြောင်ကြည့်နေတာလဲ။ ပိုက်ကွန်ကို ဆက်ထိမ်းထား။ ပြီးတော့ မင်းတို့...မင်းတို့ကို လက်ထဲမှာ မီးတုတ်တွေကို ကိုင်ထားခိုင်းထားတာလား။ အဲ့ဒါကို ရိုက်ကြစမ်း ထိုးကြစမ်းပါဟ။”
ပုယီယဲ့သည် ရုန်းကန်နေသော ရွှေလင်းယုန်ကို ညွှန်ပြကာ အော်ဟစ်လိုက်၏။
ရွှေလင်းယုန်သည် သူ့ကု ဖုံးအုပ်ထားသည့် ပိုက်ကွန်ကို အပေါက်ဖောက်လိုက်သည်နှင့် ချက်ချင်းပင် နောက်ထပ် ပိုက်ကွန်တစ်ခုက သူ့ဆီသို့ ထပ်မံ၍ပျံသန်းလာလေသည်။
ထို့နောက် ဒုတိယပိုက်ကွန်၊ တတိယပိုက်ကွန်...
ပိုက်ကွန်တစ်ခုချင်းစီသည် ရွှေလင်းယုန်ကို အပြည့်အဝ လွှမ်းခြုံထားခဲ့သည်။
သို့သော် ရွှေလင်းယုန်သည် သူ၏ကံကြမ္မာကို လုံးဝလက်မခံဘဲ ထိုပိုက်ကွန်များမှ လွတ်မြောက်ကာ ကောင်းကင်ပေါ်သို့ ပျံတက်ရန် ၎င်း၏တောက်ပနေသောအတောင်ပံများကို ဆက်လက်လွှင့်တင်နေခဲ့သည်။
သို့သော် ပိုက်ကွန်ကို ဆွဲနေသော လူ ၁၃ ယောက်ရှိပြီး ပိုက်ကွန်အားလုံးကိုလည်း ရွက်သင်္ဘောနှင့် ချည်နှောင်ထားခဲ့သည်။
ပုယီယဲ့သည် ဘေးမှနေ၍ လှောင်ပြောင်လိုက်ကာ မြှားလှည်းပေါ်ရှိ အခြားယောက်ျားလေးကို ကန်ထုတ်လိုက်ပြီး မြှားလှည့်ဖြင့် လှုပ်ရှားရုန်းကန်နေသော ရွှေလင်းယုန်အား ချိန်ရွယ်လိုက်သည်။
ရွှေလင်းယုန်သည် အန္တရာယ်ကို အာရုံခံမိသွားပြီး လွတ်မြောက်ရန် အပေါ်ဘက်သို့ရုန်းကန်လှုပ်ရှားနေခြင်းကို ရပ်တန့်ကာ ထိုလူအုပ်ဆီသို့ ပျံသန်းသွားတော့သည်။
သူသာ ထိုလူအုပ်ထဲတွင် ပရမ်းပတာအဖြေအနေများကို ဖန်တီးလိုက်ပါက ထိုလူသည် မြှားများကို ပစ်ခတ်နိုင်ခြေမရှိတော့ဘဲ အနည်းဆုံးတော့ သူကို ပိတ်ဆို့ထားရန် ကူညီမည့်သူများ ရှိသွားပေလိမ့်မည်။
သို့သော် သူသည် ပုယီယဲ့၏ရက်စက်ကြမ်းကြုတ်မှုကို လျှော့တွက်မိသွားခဲ့ပေသည်။ ရွှေလင်းယုန် လူအုပ်ထဲသို့ ဝင်ရောက်သွားသည်ကို မြင်လိုက်ရသော်လည်း ပုယီယဲ့သည် လုံးဝမတွန့်ဆုတ်ဘဲ ချက်ချင်းပင် ထိုလူများဆီသို့ မြှားလှည်းပေါ်ရှိ မြှားများဖြင့် ပစ်လွှတ်လိုက်လေသည်။
ဝှစ်ရှ်! ဝှစ်ရှ်!
ယောက်ျားလေးများသည် သူတို့၏ကပ္ပတိန်မှ သူတို့အား တိုက်ရိုက်ပစ်ခတ်လိုက်သည်ကို တွေ့မြင်လိုက်ရသောအခါ သူတို့သည် ချက်ချင်းပင် အလန့်တကြားအော်ဟစ်ကာ လူစုခဲလိုက်ကြတော့သည်။
သို့သော် ဤကဲ့သို့ နီးကပ်နေသောအကွာအဝေးနှင့် အရေအတွက်များပြားသည့်လူများရှိနေသောကြောင့် သူတို့အတွက် ရှောင်ရှားရန် အချိန်မတော့ရှိပေ။ ၎င်းမှာ ကံကိုသာ အားကိုးရတော့မည်ဖြစ်ပေသည်။
ဖျစ်! ဖျစ်!
ထိုလူများထဲမှသုံးဦးသည် မြှားများဖြင့် မကံမကောင်းအကြောင်းမလှစွာ ထိမှန်ခံလိုက်ရပြီး ၎င်းတို့အနက်မှ တစ်ဦးသည် နှလုံးသားကို ထိမှန်ကာ သေဆုံးတော့မည်ဖြစ်သည်။
ပုယီယဲ့သည် သူတို့၏ သေခြင်း၊ရှင်ခြင်းကို လုံးဝဂရုမစိုက်ဘဲ ရွှေလင်းယုန်အား ကြိုးတုတ်ရန် အခြားလူများကို အမိန့်ပေးလိုက်လေသည်။
ပြင်းထန်စွာဒဏ်ရာရထားသော ရွှေလင်းယုန်သည် လုံးဝခုခံနိုင်စွမ်းမရှိဘဲ လှေပေါ်ရှိလူများ၏ ကြိုးတုတ်ခြင်းကို ခံလိုက်ရလေတော့သည်။
“ကျီးးးးး!”
ရွှေလင်းယုန်က အသံရှည်ကြီးဖြင့် အော်ဟစ်ငိုကြွေးလိုက်၏။
ရှောင်းယီသည် ထိုငိုကြွေးသံကို ကြားလိုက်ရပြီး တိတ်တဆိတ်ပြောလိုက်သည်။
“မင်းရဲ့ကျောထောက်နောက်ခံကို ခေါ်ထုတ်တော့မှာလား။”
ထိုစဉ် ချက်ချင်းပင် ငှက်များစွာသည် သစ်တောမှ ပြေးထွက်လာကာ အလတ်စားရွက်သင်္ဘောဆီသို့ ပျံသန်းသွားကြလေသည်။
“လူတိုင်းပဲ တိုက်ပွဲဝင်ဖို့ အဆင်သင့်ပြင်ထား။”
ပုယီယဲ့သည် ထိုပျံသန်းလာသည့်ငှက်အုပ်ကြီးကို မျက်များကိုမှေးကျဉ်းကာ ကြည့်လိုက်၏။ ထို့နောက် သူ၏လူများကို မြှားလှည်းထဲသို့ မြှားအသစ်များ အလျင်အမြန်ထပ်ဖြည့်ရန် ဆော်ဩလိုက်လေသည်။
သူတို့သည် ထိုငှက်များ နီးကပ်လာသည့်အချိန်အထိ စောင့်နေလိုက်၏။
ထို့နောက် မြှားများကို လေထဲသို့ ပစ်လွှတ်လိုက်လေတော့သည်။
ဝှစ်ရှ် ဝှရှ်!
ထိုအခါ ကောင်းကင်ပေါ်ရှိ ငှက်များသည် ဖက်ထုပ်များကဲ့သို့ ပင်လယ်ထဲသို့ ပြုတ်ကျကုန်တော့သည်။
ရှောင်းယီသည် သင်္ဘောပေါ်ရှိ မြှားလှည်းကို ကြည့်ကာ သူ့ကိုယ်သူ ပြောလိုက်သည်။
“အဲ့ဒါက တကယ်ကို လူသတ်စက်ကြီးပဲ။”
ဤကဲ့သို့ အဝေးပစ်တိုက်ခိုက်မှုသည် ထိုငှက်များစွာအတွက် အလွန်ထိရောက်မှုရှိပေသည်။
ပုယီယဲ့သည် မြှားလှည်းကို ကာကွယ်ရန် လူများကို စီစဉ်ထားရန်သာ လိုအပ်ပြီး မြှားလှည်းသည် ကျေနပ်စရာကောင်းလောက်သည့် ရလဒ်တစ်ခုကို ထုတ်ပေးနိုင်ပေသည်။ ဤငှက်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အချိန်တစ်ခုသာ လိုအပ်ပေသည်။
ဟုတ်ပါသည်။ သူတို့တွင် မြှားများပြုလုပ်ရန်အတွက် လုံလောက်သည့် အရင်းအမြစ်များလည်း ရှိရမည်ဖြစ်သည်။
“မီးတုတ်တွေကို မီးညှိကြ!”
ပုယီယဲ့သည် ငှက်ကြီးများကို မြင်လိုက်ရပြီးနောက် ချက်ချင်းပင် အမိန့်ပေးလိုက်၏။
“အဲ့ဒီငှက်တွေက မီးနားမကပ်ရဲဘူး။”
“ဟုတ်ကဲ့”
သူ၏လက်အောက်ငယ်သားတစ်ဦးသည် ချက်ချင်းပင် မီးတုတ်များကိုမီးညှိပြီး လူတိုင်းထံသို့ ခွဲဝေပေးလိုက်သည်။
ထိုပျံသန်းနေသောငှက်များသည် မီးတုတ်အနီးသို့ အမှန်တကယ်မကပ်ပ်ရဲကြပေ။ ၎င်းတို့သည် ကြိုးတုတ်ခံထားရသော ရွှေလင်းယုန်ဆီသို့ ပျံသန်းသွားပြီး ထိုနေရာနားတွင် ဆင်းသက်ကာ ချည်နှောင်ထားသော ကြိုးကို ထိုးဆိတ်ကြလေတော့သည်။
“လူတိုင်းပဲ မင်းတို့ကြိုက်သလောက်သတ်ကြ။ ငါတို့ ဒီညငှက်ကင်စားကြမယ်။”
ကပ္ပတိန်က ရယ်မောကာ ပြောလိုက်သည်။
ငှက်ကင်အကြောင်းကြားလိုက်ရသည့်အခါ လူတိုင်း၏မျက်လုံးများ ချက်ချင်းပင် တောက်ပလာကြ၏။ ထို့နောက် သူတို့သည် မီးတုတ်များကိုကိုင်ဆောင်ကာ ရှေ့သို့ပြေးတက်သွားကြပြီး သူတို့၏လက်နက်များဖြင့် ထိုငှက်များကို စတင်ကာသတ်ဖြတ်ကြလေတော့သည်။
ထိုစဉ် လှေပေါ်ရှိတိုက်ပွဲကို စောင့်ကြည့်နေသော ရှောင်းယီသည် ရုတ်တရက် သူ၏ဘေးဘက်မှ ဝှစ်ခနဲလေတိုးသံတစ်ခုကို ကြားလိုက်ရ၏။
နောက်အခိုက်အတန့်တွင် သူသည် သစ်တောများမှ တောရိုင်းတိရစ္ဆာန်များစွာ ထွက်ပေါ်လာပြီး လှေဆီသို့ ပြေးသွားကြသညါကို တွေ့လိုက်ရလေသည်။
ပျံသန်းနေသောငှက်များကို ကိုင်တွယ်ဖြေရှင်းနေသော ပုယီယဲ့နှင့် အခြားသူများသည် ကမ်းခြေဘက်ရှိ အခြေအနေကို မြင်လိုက်ရသောအခါ အသက်ရှုပင်မှားသွားကြလေတော့သည်။
“သင်္ဘောကို အခုချက်ချင်းချိန်ညှိကြစမ်း!”
ပုယီယဲ့က အော်လိုက်၏။
ထိုပျံသန်းနေသောငှက်များကို ကိုင်တွယ်ဖြေရှင်းနေရသောကြောင့် လှေလှော်သည့်လူများအားလုံးသည် ကုန်းပတ်သို့ရောက်နေကြလေသည်။ ထိုကြောင့် ယခုအချိန်တွက် သင်္ဘောပေါ်ရှိ စွမ်းအင်ခန်းထဲ၌ မည်သူမျှရှိမနေခဲ့ကြပေ။
ပုယီယဲ့၏ အမိန့်ကို ကြားသောအခါ သူတို့သည် ချက်ချင်းပင် စွမ်းအင်ခန်းထဲသို့ ပြေးသွားကြတော့သည်။
လှေလှော်သမားများကို အနှောက်အယှက်ပေးနိုင်သည့် ငှက်များနှင့် သားရဲများကို အထဲသို့မဝင်ရောက်နိုင်စေရန် စွမ်းအင်ခန်းတံခါးဝ၌ အထူးစောင့်ကြပ်ပေးနေသူများလည်း ရှိ၏။
သို့သော်လည်း ယခုအချိန်၌ နောက်ကျလွန်းသွားပေပြီ။ လျင်မြန်ဖျတ်လတ်သည့် သားရဲများစွာသည် ယခုပင်လျှင် သင်္ဘောပေါ်သို့ပင် ရောက်နေပြီဖြစ်သည်။
“သေစမ်း! ဘာတွေဖြစ်နေတာလဲ!”
ပုယီယဲ့က ကျိန်ဆဲလိုက်၏။ ရှောင်းယီ၏ကျွန်းပေါ်၌ သားရဲတိရစ္ဆာန်များ ဆူပူအုံကြွမှုဖြစ်ပွားနေသည်ကို သူမသိခဲ့ပေ။
သူတို့သည် လင်းယုန်တစ်ကောင်ကို သတ်ပစ်ပြီး ရွှေလင်းယုန်(ဂဠုန်) တစ်ကောင်ကို ဖမ်းမိပြီးနောက် ထိုသားရဲအဓိကရုဏ်းကို သူတို့ဘက်သို့ လုံးဝ ဦးတည်စေခဲ့လေသည်။
သို့သော်လည်း A အဆင့်သားရဲများသည် သင်္ဘောပေါ်သို့တက်လာပြီးနောက် ရွှေလင်းယုန်၏ ဝမ်းနည်းဖွယ်ရာအခြေအနေကို တွေ့မြင်လိုက်ကြရသောအခါ သူတို့သည် လူသားများကို ချက်ချင်းတိုက်ခိုက်ခြင်းမပြုဘဲ ရွှေလင်းယုန်၏ပန်လည်၌ ဝိုင်းရံလိုက်ကြလေသည်။
ရွှေလင်းယုန်သည် စူးစူးဝါးဝါးအော်ဟစ်နေပြီး ရက်စက်ကြမ်းကြုတ်သော သားရဲများကလည်း ဟိန်းဟောက်နေခဲ့ကြသည်။
“သနားညှာပေးဖို့ တောင်းပန်နေကြတာလား။”
ရှောင်းယီသည် ထိုအော်ဟစ်ငိုကြွေးသံများကို ကြားလိုက်ရပြီးနောက် စိတ်ရှုပ်ထွေးစွာဖြင့် ရေရွတ်လိုက်မိသည်။
“ဒီသားရဲတွေက အဲ့ဒီအရာရဲ့အမိန့်ကို လိုက်နာပြီး ဒီနေရာကို ရောက်လာကြတာလေ။ ယခု သူတို့က ပုန်ကန်တော့မှာလား။”
“ရှောင်းယီ မင်းအဆင်ပြေရဲ့လား။”
ထိုစဉ် ကျန်းယွင်ထျန်းသည်လည်း အပြေးအလွှားရောက်လာခဲ့သည်။ သူ ရှောင်းယီကိုရှာတွေ့သွားသောအခါ အလျင်အမြန်မေးလိုက်၏။
“တံတိုင်းအပြင်ဘက်မှာ တောရိုင်းတိရစ္ဆာန်တွေ မရှိတော့ဘူးလား။”
ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူသည် ထိုနေရာ၌ သားရဲအချို့ကျန်ရှိနေဦးမည်ဟု ထင်ထားခြင်းဖြစ်ပေသည်။
ကျန်းယွင်ထျန်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“သူတို့အားလုံး ဒီလမ်းကြောင်းအတိုင်း ဆုတ်ခွာသွားတယ်။ အဲ့ဒါကြောင့် ငါလည်း ကြည့်ရအောင်ဆိုပြီး သူတို့နောက်လိုက်လာခဲ့တာ။”
ထိုအခါက ရှောင်းယီသည် သူ့အရှေ့ရှိ ရွက်သင်္ဘောကိုညွှန်ပြပြီး ပြောလိုက်သည်။
“အဲ့ဒီသားရဲအဓိကရုဏ်းရဲ့ ခေါင်းဆောင်က ကြောက်လန့်တကြားနဲ့ တိရိစ္ဆာန်အားလုံးကို စုရုံးလိုက်တဲ့ပုံပဲ။”
ကျန်းယွင်ထျန်းက သင်္ဘောကြီးကို လှမ်းကြည့်လိုက်၏။
“အဲ့ဒီသင်္ဘောပေါ်မှာ အသက်ရှင်ကျန်ရစ်သူတွေရှိလား။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်။ သူတို့ရဲ့ဘာသာစကားအရ သူတို့က ကွန်းနိုင်ငံက အသက်ရှင်ကျန်ရစ်သူတွေဖြစ်သင့်တယ်။”
“ဟမ်! ကွန်းနိုင်ငံလား။ သူတို့က ဘာလိုဘ ငါတို့ဆီရောက်လာတာလဲ။”
ကျန်းယွင်ထျန်းက အံ့ဩသွားကာ မေးမြန်းလိုက်သည်။
ရှောင်းယီက သူ၏ခေါင်းကို ခါယမ်းကာ ပြန်ဖြေလိုက်သည်။
“နတ်ဘုရားပဲသိလိမ့်မယ်။ ဒီကမ္ဘာမှာ အရာအားလုံးက မသေချာမရေရာမှုတွေနဲ့ပဲ ပြည့်နှက်နေတာ။”
“ဒါဆို ငါတို့ အခုဘာလုပ်ကြမလဲ။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။
“အခုတော့ ဒီပြဇာတ်ကို ကြည့်ကြတာပေါ့။ သူတို့ပင်ပန်းသွားတဲ့အခါ ကျွန်တော်တို့ဘက်က ပြန်စကြတာပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်၏။