← Chapters

အခန်း (၂၉၅-၂၉၇)

Vol. 20 Ch. 295-297

အခန်း (၂၉၅-၂၉၇)

Vol. 20 Ch. 295-297

အခန်း ၂၉၅

မကြာမီ ကျန်းယွင်ထျန်းသည် ပုယီယဲ့၏လှေကိုဆိပ်ကမ်းသို့ မောင်းလာခဲ့သည်။

သေချာပေါက်ပင် ဤသင်္ဘောကို ရှောင်းယီက သိမ်းပိုက်ထားပြီး သင်္ဘောပေါ်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုလည်း ရှောင်းယီက လက်အောက်ခံအဖြစ် ယူထားခဲ့ပေသည်။

အန်းရန်သည် ဆိပ်ကမ်း၌ သူတို့ကိုစောင့်မျှော်နေပြီဖြစ်သည်။ သူမက သူတို့ သင်္ဘောအသစ်တစ်စီးကို မောင်းနှင်လာသည်ကိုကြည့်ပြီး မေးလိုက်သည်။

“ဒါက ဒေသခံသင်္ဘောလား။”

“မဟုတ်ဘူး။ ဒါက ကွန်းနိုင်ငံကလူတွေရဲ့လှေပဲ။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“ကွန်းနိုင်ငံကလူတွေ ငါတို့ဆီကို ဘယ်လိုရောက်လာနိုင်တာလဲ။”

အန်းရန်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

“ဘုရားပဲသိလိမ့်မယ်။ ငါ မင်းကို နောက်မှပြောပြမယ်။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

အန်းရန်က ခေါင်းညိတ်လိုက်၏။

“ဒါဆို ငါဆုဝမ်ကို သွားကူလိုက်ဦးမယ်။”

ရှောင်းယီသည် SS အဆင့် ရေသန့်ကိုယူပြီး သင်္ဘောဆီသို့ ပြန်လျှောက်လာခဲ့သည်။

ဦးစွာ သူသည် သိမ်းငှက်နှစ်ကောင်စလုံးကို SS အဆင့် ရေသန့် ၁၀၀ မီလီစီတိုက်လိုက် အသက်တစ်ရှိုက်စာအချိန်ထိ စောင့်ကြည့်လိုက်ပြီးနောက် ကျန်ရှိသောရေကို ချင်းလုံဆီသို့ပေးလိုက်သည်။

ဤအဆင့်ရေသန့်ကိုသောက်ပြီးနောက် ချင်းလုံ၏ နဂါးခန္ဓညကိုယ်တစ်ခုလုံးသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားပြီး ၎င်းသည် ဆိပ်ကမ်းအနီးရှိ ပင်လယ်ဒေသအားလုံးကို လှုပ်ခတ်သွားစေခဲ့သည်။

“ရပ်! ရပ်! ချင်းလုံ မင်းကနဂါးတစ်ကောင်ဖြစ်နေပြီး မတည်ငြိမ်နိုင်‌သေးဘူးလား။ ဒီနေ့ကစပြီး နေ့တိုင်းသာသောက်ရမယ်ဆိုရင် ဆူနာမီတောင် ဖြစ်သွားလောက်မယ်။”

ရှောင်းယီက ချက်ချင်း ပြောလိုက်သည်။

ချင်းလုံက ရှက်ကိုးရှက်ကန်းဖြင့် ရပ်တန့်သွားခဲ့သည်။

“မင်းက အခုကစပြီး ငါတို့ကျွန်းရဲ့ အနီးတစ်ဝိုက်မှာ လှည့်ပတ်စောင့်ကြည့်ပြီး ငါတို့၏ရဲ့ကျွန်းကို တိုက်ခိုက်နေတဲ့ ပင်လယ်သတ္တဝါတွေတွေ့ရင် တိုက်ရိုက်သတ်ပစ်ရမယ်။ သင်္ဘောတွေဆိုရင်တော့ အထဲဝင်ခွင့်ပြုပြီး ငါ့ရဲ့အမိန့်ကိုစောင့်ရမယ်။”

ရှောင်းယီက သတိပေးလိုက်သည်။

“‌ဝေါင်း!”

ချင်းလုံကတုံ့ပြန်ကာ ရေထဲသို့ ခုန်ဆင်းပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် ရှောင်းယီသည် ရွှေဂဠုန်နှစ်ကောင်ထံသို့ပြန်သွားကာ A အဆင့်ရွှေဂဠုန်ကို ပြောလိုက်၏။

“ယယအခု ငါ စာချုပ်ကဒ်ကို မင်းအပေါ်မှာ အသုံးပြုတော့မယ်။ သူ့ကို အသက်ရှင်စေချင်ရင် မခုခံနဲ့။”

ချိုမြိန်မှုကိုခံစားပြီးသွားပြီဖြစ်သော A အဆင့်‌ရွှေဂဠုန်က ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

“ကျွန်တော် အညံ့ခံပါတယ်။”

SS အဆင့်ရေသန့်သည် ၎င်းတို့အတွက်လည်း အလွန်အရေးကြီးပေသည်။

ရှောင်းယီသည် သင်္ဘောပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် A အဆင့်ရွှေဂဠုန်ပေါ်၌ စာချုပ်ကဒ်ကို အသုံးပြုလိုက်သည်။

စာချုပ်ချုပ်ဆိုခြင်းလုပ်ငန်းမှာ ချောမွေ့စွာပင် ပြီးစီးသွားခဲ့၏။

“သူ့ကို လွှတ်ပေးလိုက်။”

ရှောင်းယီက ပြောလိုက်သည်။ ကျန်းယွင်ထျန်းသည် ချက်ချင်းပင် ရှေ့သို့တက်လာကာ A အဆင့်ရွှေဂဠုန်ပေါ်ရှိ ငါးဖမ်းပိုက်ကို ဓားမြှောင်ဖြင့် ဖြတ်တောက်လိုက်သည်။

ရှောင်းယီသည် နောက်ထပ်တစ်ခါ ဝေါ်ကီတော်ကီကိုထုတ်ယူကာ ခေါ်လိုက်၏။

“နာ့နာ ဆိပ်ကမ်းကိုလာခဲ့။ အလုပ်ပေါ်လာပြီ။”

“ဟုတ်ကဲ့”

မကြာမီ ဉာဏ်ရည်တုနန်နိုဆေးကုသရေးစက်ရုပ် နာ့နာက အပြေးရောက်လာခဲ့လေသည်။

“သူ့ကိုအရင်ကုသပေးလိုက်”

ရှောင်းယီက A အဆင့် ရွှေဂဠုန်ကို ညွှန်ပြကာ ပြောလိုက်သည်။

“ကျေးဇူးပြုပြီး ငြိမ်ငြိမ်နေပေးပါ။”

နာ့နြာ သတိပေးလိုက်ပြီးနောက် A အဆင့် ရွှေဂဠုန်ကို ချက်ချင်းပင် စတင်ကုသလေတော့သည်။

နှစ်မိနစ်အတွင်းမှာပင် နာ့နာသည် ၎င်း၏ဒဏ်ရာများကို လုံးဝပျောက်ကင်းသွားစေခဲ့သည်။

ကနဦးတွင် ဤ A အဆင့်ရွှေဂဠုန်သည် အနည်းငယ်ကြောက်ရွံ့နေခဲ့သော်လည်း နာ့နာ၏ကုသမှုကြောင့် ၎င်း၏ဒဏ်ရာမှာ နာကျင်မှုများ မရှိသလောက်ဖြစ်သွားပြီး တဖြည်းဖြည်း သက်သာသွားသည်ကို ခံစားလိုက်ရလေသည်။

“ပြင်းထန်တဲ့ပျံသန်းမှုလေ့ကျင့်ခန်းတွေ မပြုလုပ်ခင် နာရီ ၂၄ ထက်ပိုပြီး အနားယူရမယ်။”

နာ့နာက သတိပေးလိုက်သည်။

ရှောင်းယီသည် A အဆင့်ရွှေဂဠုန်အား နာ့နာ၏စကားများကို ပြောပြလိုက်၏။ ရွှေဂဠုန်သည်လည်း ချက်ချင်းပင် ခေါင်းညိမ့်ပြလိုက်သည်။

ထို့နောက် ရှောင်းယီက သူ့ကိုကြည့်ကာ ပြောလိုက်သည်။

“မင်းက ငါ့ကိုအညံ့လိုက်ပြီဆိုတော့ မင်းကို နာမည်နှစ်ခုပေးမယ်။”

ဆိပ်ကမ်း၏ မီးရောင်အောက်တွင် A အဆင့်ရွှေဂဠုန်၏ အမွေးအတောင်များမှာ အလွန်တောက်ပနေသော်လည်း S အဆင့်ရွှေဂဠုန်တွင်မူ နက်မှောင်နေသည့် အညိုရောင်အမွေးအတောင်များ ရှိပေသည်။

ယခင်ကမ္ဘာတွင် ဂဠုန်သည် ‘ခွန်’မှတစ်ဆင့် ပြောင်းလဲလာသော ရှားနိုင်ငံ၏ဒဏ္ဍာရီလာပုံပြင်များတွင် အကြီးမားဆုံးငှက်ကြီးဖြစ်ပေသည်။

“ရှိုးဝမ်” နှင့် “ဇီလင်း” စသောကျမ်းဂန်များအရ ရှားနိုင်ငံရှိ “ပန်” ဟူသောစာလုံးသည် “ဖီးနစ်ငှက်” အတွက် ရှေးဟောင်းအက္ခရာတစ်ခုဖြစ်၏။

“ဒီနေ့ကစပြီး မင်းကို ဟွားဖုန့်လို့ခေါ်မယ်။ သူ့ကို ခွန်းယွီလို့ခေါ်မယ်။”

ရှောင်းယီက ခဏကြာအောင်စဉ်းစားပြီးနောက် ပြောလိုက်သည်။

ထိုနာမည်များကို ကြားလိုက်ရသောအခါ ဘေးနားတွင်ရှိကယနေသော ကျန်းယွင်ချန်း၏နှုတ်ခမ်းများမှာ တွန့်လိမ်သွားခဲ့သည်။ ရှောင်းယီ၏အမည်ပေးသည့်စကေးမှာ ယခုထိတိုင် သာမန်ဖြစ်နေဆဲပင်။

“ဟုတ်ကဲ့”

ဟွားဖုန့်က တုံ့ပြန်လိုက်သည်။

ရှောင်းယီသည် သူယခင်က ဖြတ်တောက်လိုက်သောအတောင်ပံများကို နာ့နာဆီသို့ ပေးလိုက်ကာ ခွန်းယွီကို ညွှန်ပြကာ ပြောလိုက်၏။

“အခုကုသပေးလိုက်ပါ။”

နာ့နာသည်လည်း ချက်ချင်းပင် ခွဲစိတ်ကုသမှုကို စတင်လိုက်တော့သည်။

ခွန်းယွီ ဒဏ်ရာပြင်းထားပြီး သတိလစ်နေချိန်၌ ရှောင်းယီသည် စာချုပ်ကဒ်ကို အသုံးမပြုရခြင်း၏အကြောင်းရင်းမှာ ရွှေဂဠုန်ကဲ့သို့သောသတ္တဝါများသည် လင်းယုန်များထက် ပိုမိုခက်ခဲမည်ကို သိရှိထားသောကြောင့်ဖြစ်သည်။

၎င်းသည် သတိလစ်နေခဲ့ရင်ပင် အောင်မြင်စွာ စာချုပ်ချုပ်ဆိုနိုင်ရန် အခွင့်အလမ်းနည်းပါးပေသည်။

မိနစ် ၁၀ ခန့်အကြာတွင် နာ့နာစ ခွဲစိတ်ကုသမှုမှာ ပြီးဆုံးသွားလေသည်။ ထို့နောက် သူမက ရှောင်းယီကို ပြောလိုက်သည်။

“သူက နာရီဝက်အတွင်းသတိရလာလိမ့်မယ်။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“အစ်ကိုကျန်း သူ့ကိုအရင်ချုပ်ထားလိုက်ပါ။”

ထိုအခါ ဟွားဖုန့်က ချက်ချင်းပင် အော်ဟစ်လိုက်သည်။

ရှောင်းယီက ၎င်းကိုတစ်ချက်ကြည့်ကာ ပြောလိုက်၏။

“အခုချိန်မှာ မင်းက အညံ့ခံပြီး စာချုပ်ချုပ်ထားပြီးပြီတိုပေမယ့် သူကမလုပ်ရသေးဘူး။ အဲ့ဒါကြောင့် ငါ ဒီလိုပဲလုပ်ထားနိုင်တယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ငါက သူ့ကို ထိခိုက်စေမှာမဟုတ်ပါဘူး။”

ဟွားဖုန့်သည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့်သာ ခေါင်းညိတ်လိုက်နိုင်ပြီး ခွန်းယွီ၏ဘေးနား၌ ရပ်နေလိုက်သည်။

ရွှေဂဠုန်နှစ်ကောင်ကို ဖြေရှင်းပြီးနောက် ရှောင်းယီသည် ပုယီယဲ့ဆီသို့ လျှောက်သွားကာ ပြောလိုက်၏။

“ပြော”

ပုယီယဲ့ ခဏကြာအောင် ကြက်သေသေသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရှောင်းယီသည် တရားဝင်တရုတ်ဘဘသာစကားကို ပြောနေခြင်းမဟုတ်ကြောင်း သူအသေအချာသိရှိထားသောကြောင့်ဖြစ်သည်။

သို့သော် သူသည် ကြောင်အနေရာမှ အလျင်အမြန် သတိပြန်လာပြီး ချက်ချင်းပင် ပြောလိုက်၏။

“ဆရာ ကျေးဇူးပြု၍ ကျွန်တော့ကို ခွင့်လွှတ်ပါ။ ကျွန်တော် ဘာမဆို အကုန်ပြောပြပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်တော့ရဲ့လက်ကို ကုသပေးပါ။”

သူ၏လက်သည် ကျန်းယွင်ထျန်း၏ဓားမြှောင်ဖြင့် လုံးဝထိုးမွှေခြင်းကို ခံထားရပြီး သွေးများစီးကျနေခဲ့သည်။

“မင်းမှာ ညှိနှိုင်းဖို့နေရာရှိတယ်လို့ ထင်နေတာလား။”

ရှောင်းယီက ပြောလိုက်သည်။

“မင်းကိုယ်မင်း မိတ်ဆက်ပြီး ဒီကိုဘယ်လိုရောက်လာတာလဲဆိုတာပြောစမ်း။”

“ကျွန်တော့်နာမည်က ပုယီယဲ့ပါ။ စိုက်ပျိုးရေးဒေသကပါ။ ကျွန်တော်က အစောကြီးကတည်းက ပင်လယ်ပြင်မှာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေခဲ့တာပါ။ ကျပန်းဦးတည်ချက်တစ်ခုကို ရွေးချယ်ပြီး ဒီကိုရောက်လာတာပါ။”

ပုယီယဲ့က ချက်ချင်းပင် ပြန်ဖြေ၏။

သူသည် ရှောင်းယီနှင့် အပြည့်အဝ ပူးပေါင်းပေးခဲ့လေသည်။ မကြာသေးမီကဖြစ်ရပ်သည် သူ့ရှေ့တွင်ရှိနေသော ထိုယောက်ျားသည် လုံးဝပြိုင်ဘက်ကငကြောင်း သူ့ကိုနားလည်စေခဲ့သည်။

ယခုအချိန်တွင် သူမျှော်လင့်ထားသည်မှာ ရှောင်းယီသည် သူ၏ပူးပေါင်းဆောင်ရွက်မှုအတွက် သူ့ဒဏ်ရာများကိုကုသပေးနိုင်မည်ဟုပင် ဖြစ်သည်။

“မင်း ဘယ်အချိန်ထဲက ပင်လယ်ပြင်ပြင်မှာ ဖွံ့ဖြိုးတိုးတက်အောင်လုပ်နေခဲ့တာလဲ။”

ရှောင်းယီက မေးလိုက်သည်။

“ဒုတိယအပတ်ရဲ့ ပထမနေ့မှာပါ။”

ပုယီယဲ့က ပြန်ဖြေသည်။

ရှောင်းယီ အံ့ဩသွား၏။

“မင်းက ဒုတိယပတ်မှာတင် သင်္ဘောကြီးတစ်စီးကို ရနိုင်ခဲ့တာပေါ့။”

“ဟုတ်ကဲ့။ သင်္ဘောဦးပိုင်းရုပ်ထုတစ်ခုလည်း ရခဲ့တယ်။ မဟုတ်ရင် ကျွန်တော် အခုလိုမျိုး အဝေးကြီးသွားရဲမှာမဟုတ်ဘူး။”

ပုယီယဲ့က ဘာမှမဖုံးကွယ်ထားခဲ့ပေ။

ရှောင်းယီသည် သူညွှန်ပြသည့် ဦးတည်ချက်ကို ကြည့်လိုက်ရာ သင်္ဘောဦးပိုင်းရုပ်ထုတစ်ခုရှိနေသည်ကို တွေ့လိုက်ရလေသည်။

“ပင်လယ်နတ်ဘုရား(ဂရိ)ရုပ်တု (S အဆင့်): ပင်လယ်နတ်ဘုရား၏ပုံပန်းသဏ္ဍာန်ဖြင့် သွန်းလုပ်ထားပြီး ပင်လယ်နတ်ဘုရား၏စွမ်းအားပါရှိသည်။ ပင်လယ်သတ္တဝါများသည် နေ့စဉ်တိုက်ခိုက်မှု စမ်းသပ်ချက်များမှလွဲ၍ ရိုသေလေးစားမှုကြောင့် သင်္ဘောကိုတိုက်ခိုက်လိမ့်မည်မဟုတ်ပါ။”

“ဒီကမ္ဘာမှာ ဥရောပဧကရာဇ်တွေ အများကြီးရှိတာပဲ။ မင်းနဲ့ယှဉ်ရင် ငါကတကယ်ကို နိမ့်ကျနေသေးတယ်။”

ရှောင်းယီက ခံစားချက်အပြည့်ဖြင့် ပြောလိုက်မိသည်။

ကျန်းယွင်ထျန်းသည် ပုယီယဲ့၏စကားကို နားမလည်သော်လည်း စကားလုံးများကိုမူ နားလည်သေးပေသည်။

“သူတို့ရဲ့ ထိန်းချုပ်ခန်းထဲမှာ ပစ္စည်းကောင်းဘယ်နှစ်ခုရှိလဲဆိုတာ ငါသွားကြည့်လိုက်မယ်။”

ရှောင်းယီက သူ့ကို ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ဆက်မေးလိုက်သညါ။

“‌စတုတ္ထအပတ်ရဲ့ အအေးလွန်ကဲတဲ့ စမ်းသပ်မှုတွေကို ပင်ဘယ်ထဲမှာ မင်းဘယ်လိုရှင်သန်ခဲ့တာလဲ။”

“ကျွန်တော်တို့ မီးလင်းဖိုတစ်ခု ရခဲ့တယ်။”

ပုယီယဲ့က ပြန်ပြောလိုက်သည်။

ဒါက သေချာပေါက်ဇာတ်လိုက်တွေရဲ့ပုံစံပဲ။ မင်းမှာဘာတွေပဲ ချို့တဲ့နေပါစေ လိုအပ်တာတွေ အကုန်ရလိမ့်မယ်။

ရှောင်းယီ၏နှုတ်ခမ်းထောင့်စွန်းများ တွန့်လိမ်သွားခဲ့သည်။ ထို့နောက် ဆက်မေးလိုက်သည်။

“မင်းရဲ့ခန္ဓာကိုယ်က B အဆင့်ရောက်နေပြီထင်တယ်။ မင်းမှာ အဆင့်မြင့်အစားအစာတွေ အများကြီးရှိတာလား။”

“မရှိပါဘူး။ ဒါပေမယ့် A အဆင့် ရေသန့်စက်တော့ရှိတယ်။”

ပုယီယဲ့က ပြန်ဖြေ၏။

ရှောင်းယီ ပြောစရာစကားများ လုံးဝကင်းမဲ့သွားခဲ့သည်။

ဤကဲ့သို့ ပစ္စည်းကောင်းများစွာနှင့်ဆိုလျှင် ရှောင်းယီနှင့်မတွေ့ခဲ့ပါက ပုယီယဲ့သည် ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာမည်မှာ သေချာပေသည်။

သို့သော်လည်း ယခုအချိန်၌ သူ့တွင် အခွင့်အရေးမရှိတော့ပေ။

“ဆရာ၊ ခင်ဗျားလည်း အသက်ရှင်ကျန်ရစ်သူလား။”

ပုယီယဲ့က သတိထားပြီး မေးလိုက်သည်။

“ဘာလဲ။ မတူလို့လား။”

ရှောင်းယီက မေးလိုက်သည်။

“ဒါဆို ဒီလိုမျိုး စွမ်းအားကြီးတဲ့သတ္တဝါတွေနဲ့ ဘယ်လိုစာချုပ်ချုပ်နိုင်ခဲ့တာလဲ။”

ပုယီယဲ့သည် ထိတ်လန့်နေသော်လည်း မေးလိုက်ဆဲဖြစ်သည်။

ရှောင်းယီက လှောင်ပြုံးပြုံးကာ ပြောလိုက်၏။

“မင်းက သိချင်လို့လား။ ငါ မင်းကို ဘာလို့ပြောပြရမှာလဲ။”

ထိုအချိန်တွင် ကျန်းယွင်ထျန်းသည် မည်းမှောင်နေသောမျက်နှာဖြင့် ထိန်းချုပ်ခန်းထဲမှ ထွက်လာခဲ့သည်။

“ဘာဖြစ်လို့လဲ။”

ရှောင်းယီက သူ့ကိုကြည့်ကာ မေးလိုက်သည်။

“မင်းကိုယ်တိုင်ပဲ သွားကြည့်လိုက်ပါ။”

ကျန်းယွင်ထျန်းက လေသံနိမ့်နိမ့်ဖြင့် ပြောလိုက်၏။

ရှောင်းယီသည် စိတ်ရှုပ်ထွေးစွာဖြင့် လှေအတွင်းခန်းထဲသို့ဝင်သွားပြီး ကျန်းယွင်ထျန်းနောက်သို့လိုက်သွားကာ လှေအတွင်းခန်းရှိ မီးဖိုချောင်သို့ ရောက်သွားခဲ့သည်။

သူသည် အခန်းထောင့်ရှိ စုပုံနေသောအရိုးများကိုကြည့်လိုက်ကာ ထိတ်လန့်သွားပြီး မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်၏။

“ဒါ...ဒါက..”

“လူသားအရိုးစုတွေပဲ။”

အခန်း ၂၉၆

ကျန်းယွင်ထျန်းက ခေါင်းညိတ်ကာ ဖြေလိုက်၏။

“ဒီသင်္ဘောပေါ်မှာ လူတွေအများကြီး မတရားသေဆုံးခဲ့ကြတယ်။”

ရှောင်းယီသည် အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။

“လူသားစားတာပဲ။ အဲ့ဒီဒေသခံတွေတောင် ဒါမျိုးလုပ်မှာမဟုတ်ဘူး။”

ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်၏။

“ပုယီယဲ့ ကို ဘယ်လိုလုပ်ဖို့စီစဉ်ထားလဲ။”

“သေချာပေါက် သူ့ကိုသတ်ပစ်ရမယ်။ ဘာလို့ဆက်ထားနေရဦးမှာလဲ”

ရှောင်းယီက ပြန်ပြောလိုက်သည်။

ပုယီယဲ့သည် သူနှင့်ပတ်သက်ပြီး အရာများစွာကို မြင်တွေ့ထားခဲ့ပြီး သူ့ကိုလွှတ်ပေးရန်မှာ မဖြစ်နိုင်ပေ။

သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားသည် B အဆင့်ရှိသော်လည်း ရှောင်းယီသည် လူစိတ်ရှိသော သာမန်လူတစ်ဦးကို လေ့ကျင့်ပေးရသည်ကိုသာ နှစ်သက်ပြီး ထိုကဲ့သို့သော လူစိတ်မရှိသော သတ္တဝါများကိုမူ အသက်ရှင်လျက် ထားနေစရာမလိုအပ်ပေ။

ရှောင်းယီ၏မျက်နှာတစ်ခုလုံးသည် မည်းနက်နေလျက် လှေအတွင်းခန်းထဲမှ ထွက်လာခဲ့လေသည်။

“ဆရာ ကျေးဇူးပြုပြီး ကျွန်တော့်စကားကိုနားထောင်ပါ။ ကျွန်တော် လုံးဝ လူသားမစားခဲ့ပါဘူး။ အဲ့ဒါတွေအားလုံးကို သူတို့ပဲစားခဲ့တာ။”

ပုယီယဲ့က ချက်ချင်းပင် ကြောက်လန့်တကြားပြောလိုက်၏။

ရှောင်းယီက သူ့ကို စိုက်ကြည့်လိုက်သည်။

“မင်းက ဒီသင်္ဘောရဲ့ပိုင်ရှင်ပဲ။ မင်းသာခွင့်မပြုခဲ့ရင် သူတို့က ဒီလိုမျိုးလုပ်ရဲမှာလား။”

“မဟုတ်ဘူး ဆရာ! ကျွန်တော့်ကိုမသတ်ပါနဲ့။ ကျွန်တော့်မှာ အဖိုးတန်ပစ္စည်းတစ်ခုရှိတယ်။”

ပုယီယဲ့သည် ရှောင်းယီ၏ လူသတ်လိုသောစိတ်ကိုမြင်သောအခါ ချက်ချင်းပင် ကြောက်လန့်ကာ တောင်းပန်လေတော့သည်။

“ငါပြောပြီးပြီး မင်းမှာ ငါနဲ့ညှိနှိုင်းစရာ ဘာအကန့်မှမရှိဘူး။”

ရှောင်းယီက အေးစက်စွာပြောလိုက်၏။

“မဟုတ်ဘူး ကျွန်တော်ပြောမယ်။ ခင်ဗျားအရင်က ကျွန်တော်ဒီကိုဘယ်လိုရောက်လာတာလဲလို့ မေးနေတာမဟုတ်ဘူးလား။ ကောင်းပြီ ကျွန်တော်ပြောပြနိုင်တယ်။ ကျွန်တော်ထောက်ပံ့ရေးသေတ္တာထဲကနေ ရတနာသိုက်မြေပုံတစ်ခုရခဲ့တယ်။ ကျွန်တော် အဲ့ဒီမြေပုံနောက်ကို လိုက်ပြီး ဒီကိုရွက်လွှင့်လာခဲ့တာ။”

ပုယီယဲ့က ချက်ချင်းရှင်းပြလိုက်သည်။

“ရတနာသိုက်မြေပုံလား။”

ရှောင်းယီသည် ပုယီယဲ့ကိုစိုက်ကြည့်ကာ သူ၏မျက်လုံးများတွင် ပြစ်မှုတစ်စုံတစ်ရာကို ရှာဖွေရန် ကြိုးစားလိုက်သည်။ သို့သော်လည်း မရှိခဲ့ပေ။ ဆိုလိုသည်မှာ ပုယီယဲ့သည် အမှန်ပြောနေခြင်းဖြစ်နိုင်ခြေ ကိုးဆယ်ရာခိုင်နှုန်းရှိပေသည်။

“ငါ့လက်ထဲအပ်လိုက်!”

ရှောင်းယီက အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏။

“မဖြစ်နိုင်ဘူး။ ခင်ဗျား ကျွန်တော့်အသက်ကို ခွင့်လွှတ်မှသာ ကျွန်တော် ခင်ဗျားကို ရတနာသိုက်မြေပုံပေးမယ်။ ဒီလိုမှမဟုတ်ရင် ခင်ဗျားဘယ်တော့မှ ရနိုင်မှာမဟုတ်ဘူး။”

ပုယီယဲ့၏သဘောထားမှာ တင်းမာလာခဲ့သည်။

“သူ့ကိုသတ်လိုက်တော့။”

ရှောင်းယီက ခေါင်းခါကာ သူ့ဘေးတွင်ရှိနေသော ကျန်းယွင်ထျန်းကို ပြောလိုက်သည်။

ကျန်းယွင်ထျန်းသည် ချက်ချင်းပင် သူ၏ဓားကိုဆွဲထုတ်ကာ ရှေ့သို့တက်လာခဲ့လေသည်။

“ခဏလေး! ခဏစောင့်ပါဦး! ငါသေသွားရင် မင်းမြေပုံကိုရှာတွေ့တောင် ဘယ်လိုသုံးရမှန်းသိမှာမဟုတ်ဘူး။ ရတနာသိုက်ရဲ့မြေပုံကြီးက ဘာနဲ့မှမနှိုင်းယှဉ်နိုင်တဲ့ ချမ်းသာကြွယ်ဝမှုတွေဆီကို ဦးတည်နေတယ်။”

ပုယီယဲ့က ဆက်လက်ရုန်းကန်နေဆဲပင်။

ကျန်းယွင်ထျန်းသည် အနည်းငယ်တုံ့ဆိုင်းသွားကာ သူ၏ခြေလှမ်းများကို ရပ်တန့်ပြီး ရှောင်းယီကို ကြည့်လိုက်သည်။

ရှောင်းယီက သူ၏လက်ဝါးကို ဝှေ့ယမ်းလိုက်၏။

“အဆင်ပြေပါတယ်။ အဲ့ဒါကို ငါရှာတွေ့နေသရွေ့ ဘယ်လိုသုံးရမလဲဆိုတာ ငါသိတယ်။”

စနစ်၏သတိပေးချက်များဖြင့် သူသည် လုံးဝစိတ်ပူနေခြင်းမရှိပေ။

ရှောင်းယီ၏ ဆုံးဖြတ်ချက်ကို မြင်လိုက်ရသည်နှင့် ကျန်းယွင်ထျန်းသည် နောက်ထပ်မတွန့်ဆုတ်နေတော့ပေ။

“မဟုတ်ဘူး မင်း...”

ပုယီယဲ့၏စကားမဆုံးခင်မှာပင် ကျန်းယွင်ထျန်းသည် သူ၏လည်ပင်းကို လှီးဖြတ်ပစ်လိုက်လေတော့သည်။

ထို့နောက် ကျန်းယွင်ထျန်းသည် ရှောင်းယီဆီသို့ ပြန်လျှောက်သွားကာ ပြောလိုက်၏။

“ငါ လှေ့အတွင်းခန်းကို ရှာဖွေကြည့်တုန်းက ဘာရတနာသိုက်မြေပုံကိုမှ မတွေ့ခဲ့ဘူး။”

“ပိုဂရုတစိုက်ရှာကြတာပေါ့။”

ထိုသို့ပြောပြီးနောက် ရှောင်းယီသည် သင်္ဘောပေါ်ရှိကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့သွားကာ မြေပုံစာမျက်နှာသို့ ပြောင်းလဲလိုက်သည်။

ရှောင်းယီ ဤကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လက်အောက်ခံအဖြစ် သိမ်းပိုက်ထားသောကြောင့် ယခင်ပိုင်ရှင်၏ အချက်အလက်များအားလုံး ပျောက်ကွယ်သွားပြီဖြစ်သည်။ ဤကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိမြေပုံသည် ယခုအခါ ရှောင်းယီ၏အဓိကကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိမြေပုံနှင့် အတိအကျတူညီနေပြီး အရေးကြီးသောအမှတ်အသားအချို့ပင် ပျောက်ဆုံးနေလေသည်။

“အရမ်းစိတ်စောနေသေးတာပဲ။”

ရှောင်းယီ ရေရွတ်လိုက်ပြီး လှေအတွင်းခန်းထဲ၌ စတင်ရှာဖွေလိုက်သည်။

သူသည် သာမန်ပစ္စည်းများကို ရိုးရိုးရှင်းရှင်းပင် ကျော်ပစ်လိုက်သည်။ အထူးပစ္စည်းများကိုသာ စကင်န်ဖတ်ရန် စနစ်ကို အသုံးပြုခဲ့သည်။ သို့သော် လှေအတွင်းခန်းထဲတွင် ပုယီယဲ့ပြောခဲ့သော ရတာနာမြေပုံနှင့် ကိုက်ညီသောအရာများ မရှိပေ။

“ရှောင်းယီ ဒါကိုကြည့်ကြည့်။ ငါဒါကို အိပ်ခန်းထဲမှာတွေ့ခဲ့တာ။”

ကျန်းယွင်ထျန်းက သူ၏လက်ထဲတွင် ကျောက်ပြားတစ်ချပ်ကိုကိုင်ပြီး ပြောလိုက်သည်။

ရှောင်းယီ ထိုကျောက်ပြားကိုကြည့်လိုက်သည်နှင့် စနစ်၏သတိပေးချက် ထွက်ပေါ်လာခဲ့သည်။

“ရတနာသိုက်လမ်းကြောင်းမြေပုံ- ကျောက်ပြားပေါ်ရှိအမှတ်အသားများအရ သင်သည် ရနာတိုက်တစ်ခုကိုရှာဖွေနိုင်သည်။ မှတ်ချက်- ရတနာတိုက်တွင် အဆုံးမရှိသောအန္တရာယ်များလည်းပါရှိသည်။ လူ့သွေးဖြင့်အသက်သွင်းကာ လရောင်အောက်တွင်အသုံးပြုပါ။”

“ဟုတ်တယ် ဒါပဲ”

ရှောင်းယီက ပြောလိုက်၏။

“သင်္ဘောပေါ်က အသုံးဝင်တဲ့ပစ္စည်းအားလုံးကို ဖြုတ်ပစ်လိုက်။ ပြီးရင် သင်္ဘောကို ဆိပ်ကမ်းအပြင်ဘက်ကို မောင်းသွားပြီး မီးရှို့လိုက်တော့။”

“ဟမ်! မီးရှို့မှာလား။”

ကျန်းယွင်ထျန်းက အနည်းငယ်ရှုပ်ထွေးသွားခဲ့သည်။

“အဲ့အပေါ်မှာ လူတွေအများကြီး သေထားတဲ့အပြင် လူသားစားတဲ့လူတွေလည်း ရှိနေတုန်းပဲ။ သူတို့ကိုတစ်ခါတည်း သင်္ဂြိုဟ်လိုက်ကြတာပေါ့။”

ရှောင်းယီက ပြောလိုက်သည်။

ကျန်းယွင်ထျန်းသည် ခဏကြာအောင် ကြောင်အသွားပြီးနောက် ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

“ကောင်းပြီ၊ ငါအခုလုပ်လိုက်မယ်။”

ပထမဦးစွာ သင်္ဘောပေါ်ရှိ A အဆင့် မြားလှည်းနှစ်စီးနှင့် S အဆင့်ရုပ်တု၊ A အဆင့်ရေသန့်စက်နှင့် အခြေခံထောက်ပံ့ရေးပစ္စည်းများကို အောက်ချလိုက်သည်။

ဤပစ္စည်းများဖြင့်ဆိုလျှင် မည်သည့်အသက်ရှင်ကျန်ရစ်သူမဆို ကောင်းမွန်စွာ နေထိုင်နိုင်မည်ဖြစ်သည်။

သင်္ဘောဦးပိုင်းရုပ်တုသည် ပင်လယ်ရေနေသတ္တဝါများ၏တိုက်ခိုက်မှုမှ သေချာပေါက် ကင်းဝေးစေနိုင်ပြီး ရေသန့်စက်သည် သောက်ရေနှင့် အစားအစာများကို ရရှိနိုင်စေသည်။ A အဆင့် ရေသန့်အနည်းငယ်ဖြင့် အစားအစာအများအပြားကို လဲလှယ်နိုင်ပေသည်။

မြားလှည်းများလည်း ရှိသေး၏။ ၎င်းသည် ကတ်ယူရှာဒုံးပျံလောင်ချာကဲ့သို့သော သွေးအေးရက်စက်သည့်လက်နက်တစ်မျိုးဖြစ်သည်။ ၎င်းတို့ တစ်ခုထက်ပိုပြီးရှိခြင်းသည် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်စေနိုင်ပေသည်။

ရှောင်းယီ သက်ပြင်းချလိုက်စဉ်မှာပင် ကမ်းခြေပေါ်တွင် ထားထားသော ရွှေဂဠုန်ခွန်းယွီသည်လည်း သတိရလာခဲ့လေသည်။ ၎င်းသည် ချုပ်နှောင်ခံထားရကြောင်းတွေ့ရှိရသည်နှင့် ချက်ချင်းပင် အော်ဟစ်လေတော့သည်။

ဟွားဖုန့်သည် ချက်ချင်းပင် ခွန်းယွီအားကြည့်ကာ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်၏။

ထိုအခါ ရှောင်းယီက ခွန်းယွီကို ပြန်ကြည့်ကာ ပြောလိုက်သည်။

“စိတ်လှုပ်ရှားမနေနဲ့။ မင်းရဲ့ဒဏ်ရာတွေကို ကုသပေးပြီးပြီ။ မင်းရဲ့အတောင်ပံတွေရောပဲ။ ဘာနောက်ဆက်တွဲဆိုးကျိုးမှ မရှိဘူး။”

ခွန်းယွီသည် အံ့အားသင့်စွာဖြင့် သူ၏အတောင်ပံများကို မ,ကြည့်လိုက်သည်။ သူသည် ကောင်းကောင်းအနားယူပါက သေချာပေါက် ပြန်ကောင်းလာမည်ဟု ခံစားလိုက်ရလေသည်။

“ငါ ဒါတွေအားလုံးကို အလကားလုပ်ပေးထားတာမဟုတ်ဘူး။ မင်း ငါ့ကိုအညံ့ခံရမယ်”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“ချူးချူး! (ဒါ မဖြစ်နိုင်ဘူး။)”

ခွန်းယွီက ပြန်ပြောလိုက်သည်။

ထိုအခါ ရှောင်းယီက ချက်ချင်းပင် ရွှမ်းယွမ်ဓားကိုဆွဲထုတ်ကာ ပြောလိုက်သည်။

“ဒါဆိုရင်တော့ ငါ မင်းတို့နှစ်ယောက်လုံးကို သတ်ပစ်ရတော့မှာပဲ။”

ဤဂဠုန်များမှာ နှစ်ကောင်ဖြစ်ပြီး တစ်ကောင်တည်းမဟုတ်ပေ။ ဟွားဖုန့်သည် ဖမ်းဆီးခံထားရသော်လည်း ခွန်းယွီက သူ့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လာပါက သူသည် သူတို့အားလုံးကို သတ်ပစ်ရမည်ဖြစ်သည်။

ဟွားဖုန့်က ချက်ချင်းပင် သူ၏အတောင်ပံများကို ဖြန့်ကာ ခွန်းယွီရှေ့တွင် ရပ်လိုက်၏။

“သခင် ကျေးဇူးပြုပြီး သူ့ကိုစကားနည်းနည်းလောက် ပြောခွင့်ပေးပါ။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“ငါမင်းကို သုံးမိနစ်အချိန်ပေးမယ်၊ ငါ အဲ့လောက်ထိ စိတ်မရှည်ဘူး။”

“ကျေးဇူးတင်ပါတယ် သခင်”

ထို့နောက် သူသည် ခွန်းယွီနှင့်ဆက်သွယ်ရန် ပြန်သွားလိုက်သည်။

“ငါတို့ဘက်က သူတို့ကို စပြီးတိုက်ခိုက်ခဲ့တာဆိုပေမယ့် သခင်က ငါတို့ရဲ့ဒဏ်ရာတွေကို ကုသပေးဖို့ ရွေးချယ်ခဲ့တုန်းပဲ။ သူက ငါတို့ကို လွှမ်းမိုးချင်တယ်ဆိုပေမယ့် မင်းနဲ့ငါနဲ့ နှစ်ဦးစလုံး သိထားကြတာပဲ။ ဒီကမ္ဘာမှာ အကြောင်းရင်းမရှိတဲ့ ချစ်ခြင်းမေတ္တာဆိုတာ မရှိဘူး။ သူ့မှာ အမြဲတမ်း ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်ရှိတယ်။”

ဟွားဖုန့်က ပြောလိုက်သည်။

“ဟမ်! ငါက လူသားတစ်ယောက်ကို ငါ့ရဲ့သခင်အဖြစ် အသိအမှတ်မပြုနိုင်ဘူး။”

ခွန်းယွီက ဒေါသတကြီး ပြန်ပြော၏။

ဟွားဖုန့်က ဆက်ပြောသည်။

“နောက်ဆုံးတစ်ခေါက်တုန်းက ပေါ်လာတဲ့ ပင်လယ်သတ္တဝါကို မင်းမှတ်မိသေးသလား။ ငါတို့နဲ့ သူ့ကြားက ဘာကွာခြားချက်က ဘာလဲ။”

ခွန်းယွီသည် ထိုစကားကိုကြားသောအခါ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့၏။ သူသည် ယခုလေးတင်မှ S အဆင့် သို့ ရောက်ခဲ့ခြင်းဖြစ်လေသည်။ သို့သော် ချင်းလုံမှ သူ့ကိုပေးနေသည့်ခံစားချက်မှာ ထိုနဂါးသည် သာမန် S အဆင့် မဟုတ်သည်မှာ သေချာပေသည်။ သို့သော်လည်း သူက ဆက်ပြောလိုက်၏။

“ငါက ပင်လယ်နဲ့အနီးမှာ ရှိမနေသ၍ သူ ငါ့ကို ဘာမှမလုပ်နိုင်ဘူး။”

“မင်းမှန်ပါတယ်။ ဒါပေမယ့် သူဘယ်လောက်တောင်စွမ်းအားကြီးတယ်ဆိုတာကို ငါတို့မငြင်းနိုင်ဘူး။ အဲ့ဒီလိုမျိုး စွမ်းအားကြီးတဲ့သတ္တဝါတောင် သူ့ရဲ့ပိုင်ရှင်ကို သခင်လို့ အသိအမှတ်ပြုထားတယ်။ ငါတို့က ဘာလို့မရနိုင်တာလဲ။”

ဟွားဖုန့်က ပြောလိုက်သည်။

ခွန်းယွီ တိတ်ဆိတ်သွား၏။

“ဒါ့အပြင် သခင့်မှာ ငါတို့ကို အမြန်ဆုံးဆင့်ကဲပြောင်းလဲဖို့ ကူညီနိုင်တဲ့ အရာတစ်ခုရှိတယ်။”

ဟွားဖုန့်က ဆက်ပြောလိုက်သည်။

“ဘာလဲ”

ခွန်းယွီက စူးစမ်းကာ မေးလိုက်၏။

“အဲ့ဒါက ရေတစ်မျိုးပဲ။ ငါ အဲ့ဒါကိုသောက်ပြီးတော့ S အဆင့်နဲ့ ခြေတစ်လှမ်းနီးလာတယ်လို့ခံစားလိုက်ရတယ်။”

ဟွားဖုန့်က ပြန်ပြောလိုက်သည်။

“ဘာ! ဒါဘယ်လိုဖြစ်နိုင်မှာလဲ။”

ခွန်းယွီက ထိတ်လန့်စွာ ပြောလိုက်၏။

အခန်း ၂၉၇

တောအုပ်ထဲရှိ သစ်သီးများ အားလုံးနီးပါးကို ရွှေဂဠုန်နှစ်ကောင်က ရှာဖွေတွေ့ရှိထားခဲ့ပြီးဖြစ်ပြီး အကောင်းဆုံးသစ်သီးများမှာ A အဆင့်ဖြစ်ပေသည်။

သူတို့၏အဆင့်ကို သိသိသာသာမြှင့်တင်ပေးနိုင်သည့် သစ်သီးများမှာ S အဆင့်နှင့် အထက်များပင် ဖြစ်ရပေမည်။

သူတို့သည် အဆင့်အတိအကျကို မသိရသော်လည်း ရှောင်းယီ၏လက်ထဲတွင် ရှိနေသောပစ္စည်းများသည် တောထဲကပစ္စည်းများထက်စာလျှင် ပို၍ကောင်းမွန်မည်ဆိုသည်ကို နားလည်ထားကြ၏။

ရွှေဂဠုန်နှစ်ကောင်သည် ခဏကြာအောင် စကားပြောဆိုပြီးနောက် နောက်ဆုံးတွင် ခွန်းယွီ စိတ်လျှော့လိုက်လေသည်။

“သခင် ခွန်းယွီက အညံ့ခံဖို့ ဆုံးဖြတ်လိုက်ပါပြီ။”

ဟွားဖုန့်က ရှောင်းယီကို ပြောလိုက်သည်။

ရှောင်းယီက ခွန်းယွီကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“ခဏနေရင် ငါ စာချုပ်ကဒ်ကို သုံးမယ်။ မခုခံနဲ့။”

ခွန်းယွီ၏ဦးခေါင်းမှာ အနည်းငယ်နိမ့်ဆင်းသွားခဲ့သည်။

ရှောင်းယီသည် နောက်ထပ်လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် စာချုပ်ကဒ်ကို အသုံးပြုလိုက်သည်။

ခွန်းယွီသည် သူ့အဖော်၏ နားချခြင်းကို အမှန်တကယ်ခံလိုက်ရပြီး ခုခံမှုမရှိခဲ့ဘဲ စာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သည်။

ရှောင်းယီသည် ရွှမ်းယွမ်ဓားကိုဆွဲထုတ်ကာ ခွန်းယွီ၏ခန္ဓာကိုယ်ပတ်လည်ရှိ ကြိုးများကိုဖြတ်ပေးလိုက်သည်။

“အခုမပျံနဲ့ဦး။ မင်းရဲ့အတောင်ပံတွေက နောက်နှစ်ရက်လောက်တဲ့အထိ လှုပ်ရှားနိုင်မှာမဟုတ်သေးဘူး။”

ခွန်းယွီက ခေါင်းညိတ်ပြလိုက်သည်။

ထိုစဉ် ကျန်းယွင်ထျန်းသည်လည်း သင်္ဘောကို မီးရှို့ကာ လှေငယ်ဖြင့် ပြန်ရောက်လာခဲ့သည်။

“ရှောင်းယီ အားလုံးပြီးသွားပြီ။ အကုန်လုံးတော့ မီးမစွဲသွားလောက်ဘူးမဟုတ်လား။”

ကျန်းယွင်ထျန်းက မီးလောင်နေသော ရွက်သင်္ဘောကိုကြည့်ကာ မေးလိုက်သည်။

“မဖြစ်ပါဘူး။ ငါ ချင်းလုံကို မီးငြိမ်းသတ်ဖို့ ကူညီခိုင်းမယ်”

ရှောင်းယီက ပြန်ပြောလိုက်သည်။

ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်၏။ သူသည် နောက်ဆုံးတွင် မေးခွန်းထုတ်ရန် အခွင့်အရေးရသွားခဲ့ပြီဖြစ်သည်။

“အဲ့ဒါက တကယ်ပဲနဂါးလား။”

“ဒါပေါ့ ခုနက မင်းရှင်းရှင်းလင်းလင်း မြင်ခဲ့ရတာပဲမဟုတ်ဘူးလား။”

ရှောင်းယီက မေးလိုက်သည်။

“ဒီသတ္တဝါက ဒဏ္ဍာရီလာသတ္တဝါမဟုတ်ဘူးလား။”

ကျန်းယွင်ထျန်းက အံ့ဩတကြီးဖြင့် မေးလိုက်သည်။

“တစ်ချိန်တုန်က တကယ်ရှိခဲ့တာလည်းဖြစ်နိုင်တာပဲလေ။ ဘယ်သူသိမှာလဲ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ကျန်းယွင်ထျန်းက ခေါင်းညိတ်ကာ ဆက်မေးလိုက်၏။

“ချင်းလုံက ဘယ်အဆင့်လဲ။”

“S အဆင့်”

“S အဆင့်လား။”

ကျန်းယွင်ထျန်း၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“မင်းဘယ်လိုအောင်နိုင်ခဲ့တာလဲ။”

ယခင်က အောင်နိုင်ခဲ့သည့် သတ္တဝါအားလုံးသည် အရင်ဆုံး အနိုင်ကျင့်ခံခဲ့ရခြင်းဖြစ်ပြီး စာချုပ်ကဒ်များကို အသုံးပြုကာ အောင်မြင်အောင်လုပ်ခဲ့ရခြင်းဖြစ်ပေသည်။

သို့သော်လာ်း ဤ S အဆင့် အပြာရောင်နဂါးသည် သူတို့၏လက်ရှိစွမ်းအားဖြင့် အနိုင်ယူနိုင်သည့် သတ္တဝါတစ်ကောင်မဟုတ်ကြောင်း သိသာထင်ရှားပေသည်။

“ငါ နက်မျိုးနွယ်စုကို သွားတုန်းက အဆင့်မြင့်စာချုပ်ကဒ်တစ်ခုရခဲ့တယ်။ အဲ့ဒါနဲ့ အင်အားသုံးပြီး စာချုပ်ချုပ်ဖို့အသုံးပြုနိုင်တယ်။ ငါ အဲ့ဒါကို သုံးခဲ့တာ။”

ကျန်းယွင်ထျန်းသည် ရုတ်တရက်နားလည်သွားခဲ့သည်။ ရှောင်းယီသည် နက်မျိုးနွယ်စု၏ကျွန်းပေါ်တွင် ထိုအဆင့်မြင့်စာချုပ်ကဒ်ကို ရရှိခဲ့ခြင်းဖြစ်မည်ဟု တွေးလိုက်၏။

“စကားမစပ် ခုန‌နေရင် အဆင့်မြင့်အစားအစာတွေ ထပ်ကင်ပြီး ချင်းလုံဆီကိုပို့ပေးလိုက်ဦး။ သူက မင်းကို အငြိုးထားနေမလားဆိုတာ မသိနိုင်ဘူး။”

ရှောင်းယီက ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။

ကျန်းယွင်ထျန်းက ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။

“ဒါပေါ့ ငါလုပ်သင့်တယ်။ တခြားဘာမှမပြောချင်ရင်တောင် နဂါးဆိုတာ ငါတို့ ရှားနိုင်ငံရဲ့အထွတ်အမြတ်သားရဲပဲ။ အရင်က နားလည်မှုလွဲခဲ့တာမျိုး မရှိခဲ့ဘူးဆိုရင်တောင် သူ့ကိုအစားအစာတွေ ပိုပေးသင့်တယ်။”

ရှောင်းယီက ပြုံးလိုက်၏။

“သူက အစိမ်းစားရတာကို ပိုကြိုက်လောက်တယ်။”

သူတို့စကားပြောနေစဉ်အတွင်း အန်းရန်နှင့် အခြသူများသည် ရှောင်းယီဆီသို့ လျှောက်လာခဲ့ကြသည်။ သူတို့၏နောက်တွင်လည်း လှည်းတစ်စီး လိုက်ပါလာခဲ့သည်။

သူတို့တစ်ဦးစီသည် သားကောင်အလောင်းများစွာကို သယ်ဆောင်လာခဲ့ကြပြီး လှည်းသည်လည်း ပြည့်နှက်နေပြီဖြစ်သည်။

“ရှောင်းယီ အဲ့ဒီသင်္ဘောကို ဘာလို့မီးရှို့လိုက်တာလဲ။”

အန်းယွဲ့က ပင်လယ်ပေါ်တွင် မီးလောင်နေသော ရွက်သင်္ဘောကိုကြည့်ပြီး အံ့အားသင့်စွာ မေးလိုက်သည်။

“လူ့သဘာဝရဲ့ယိုယွင်းပျက်စီးမှုတွေကို ဒီသင်္ဘောနဲ့အတူ မီးရှို့ပစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ရှောင်းယီက သက်ပြင်းချရင်း ပြောလိုက်၏။

အန်းယွဲ့နှင့် အခြားသူများသည် အနည်းငယ် ရှုပ်ထွေးသွားကြလေသည်။ ထို့နောက် ကျန်းယွင်ထျန်းက သူတို့ကို တိုးတိုးတိတ်တိတ်ပြောပြလိုက်ရာ နောက်ဆုံးတွင် ရှောင်းယီ၏ဆိုလိုရင်းကို နားလည်သွားခဲ့ကြလေသည်။

“ကောင်းပြီ၊ ပြန်ကြရအောင်။”

ရှောင်းယီက ပြောလိုက်၏။

“ဟွားဖုန့်၊ ခွန်းယွီ မင်းတို့လည်း ပြန်ပြီးအနားယူတော့။ နှစ်ရက်လောက်အနားယူလိုက်ကြဦး။”

ရွှေဂဠုန်နှစ်ကောင်သည်လည်း ခေါင်းညိတ်လိုက်ကြပြီး လူအုပ်နှင့်အတူ မြို့ရိုးဆီသို့ လိုက်သွားခဲ့ကြသည်။

ရှောင်းယီသည် ပြန်မထွက်ခွာမီ ကမ်းစပ်သို့ သွားကာ “ချင်းလုံ” ဟုအော်ဟစ်လိုက်၏။

“ဝေါ!”

ထိုစဉ် ချင်ချင်းပင် ဧရာမနဂါးခေါင်းတစ်ခု ရေထဲမှ ပေါ်ထွက်လာခဲ့သည်။

အန်းယွဲ့နှင့် အခြားသူများ လုံးဝထုံထိုင်းသွားကြပြီး နဂါးပုံသဏ္ဍာန်ရှိသော သတ္တဝါကိုကြည့်ကာ ဘာဖြစ်နေမှန်းမသိခဲ့ကြပေ။

“သင်္ဘောမီးလောင်သွားတာနဲ့ မီးငြိမ်းပြီး ဆိပ်ကမ်းကို ပြန်ယူလာခဲ့”

ရှောင်းယီက မီးလောင်နေဆဲဖြစ်သော ရွက်သင်္ဘောကိုညွှန်ပြပြီး ပြောလိုက်၏။

ချင်းလုံက ခေါင်းနှစ်ကြိမ်ညိမ့်ကာ တုံ့ပြန်လိုက်သည်။

“စကားမစပ် မင်းက အသားစိမ်းစားတာလား၊ အကျက်စားတာလား။”

ရှောင်းယီက မေးလိုက်၏။

ချင်းလုံသည် လှည်းပေါ်ရှိ သားကောင်အလောင်းများကို ကြည့်ကာ A အဆင့်ကျားတစ်ကောင်ကို ရွေးချယ်ကာ ကောက်ယူလိုက်သည်။

“ကျက်သွားရင် ညီအစ်ကိုကျန်းကို မင်းကို တောင်းပန်ခိုင်းဖို့ နည်းနည်းယူလာခိုင်းလိုက်မယ်။”

ရှောင်းယီက ရယ်မောပြောလိုက်သည်။

ချင်းလုံက ခေါင်းညိတ်ပြပြီး ရေထဲသို့ ပြန်လည်ငုံ့လျှိုးသွားတော့သည်။

ထိုအချိန်တွင် ကျန်းယွက်ထျန်းက ချင်းလုံ၏ အခြေအနေကို လူတိုင်းအား ပြောပြလိုက်သည်။

လူတိုင်းသည် အံ့အားသင့်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို တပြိုင်နက်တည်း ခံစားလိုက်ကြရ၏။

“နဂါးလိုသတ္တဝါတစ်ကောင် တကယ်ရှိနေမယ်လို့ ငါမထင်ထားမိခဲ့ဘူး။”

ယွမ်နွန်၏မျက်နှာတွင် ဤအဖြစ်အပျက်အား မယုံကြည်နိုင်သေးသည့် အမူအရာများနှင့် ပြည့်နှက်နေခဲ့သည်။

“ရှောင်းယီပြောတဲ့ တောင်းပန်ဖို့ဆိုတာ ဘာကိုဆိုလိုတာလဲ။”

ဆုဝမ် စပ်စုလိုက်း၏။

ထိုအခါ ကျန်းယွင်ထျန်း ရှက်ကိုးရှက်ကန်းဖြင့် သူ၏ဦးခေါင်းကို ကုတ်ကာ ပြန်ဖြေလိုက်သည်။

“ငါတို့ပထမဆုံးတွေ့တုန်းက သူက ငါတို့ကိုတိုက်ခိုက်ဖို့လာနေတယ်လို့ထင်ပြီး သူ့ကို ငါမြားလှည်းနဲ့ ပစ်လိုက်မိလို့။”

“ဟားဟား!!”

လူတိုင်း ရယ်မောမိလိုက်ကြ၏။

“သူသာ ဒါကိုမှတ်ထားရင် ရှင်တော့ ဒုက္ခရောက်တော့မှာပဲ “

ဆုဝမ်က သူမ၏ပုခုံးပေါ်ရှိ သားကောင်ကို နောက်ပုခုံးတစ်ဖက်သို့ ပြောင်းတင်ရင်း စနောက်ကာ ပြောလိုက်သည်။

“အဲ့အတွက် မင်းတို့ ငါ့ကို အပြစ်တင်လို့မရဘူးလေ။ မသိတဲ့သူတစ်ယောက်က အပြစ်မှမရှိဘဲ။ ပြီးတော့ ချင်းလုံကလည်း သဘောထားသေးမှာမဟုတ်ပါဘူး။”

ကျန်းယွင်ထျန်းက ပြန်ပြော၏။

ထိုစဉ် ရှောင်းယီသည်လည်း သူတို့အနားသို့ လျှောက်လာခဲ့လေသည်။

“အဲ့ဒါက ငါ့အမှာပဲ။ ငါ မင်းကို အချိန်မီမိတ်ဆက်မပေးလိုက်ရဘူး။ ဒါပေမယ့် အဲဒီတုန်းက မင်းရဲ့လှုပ်ရှားမှုအတွက် ကျေးဇူးတင်ပါတယ် ညီကို!”

ထိုစကားကိုကြားသောအခါ ကျန်းယွင်ထျန်းက ရှောင်းယီ၏ပုခုံးကို ပွေ့ဖက်လိုက်၏။

“ငါတို့ကြားမှာ ဒီလိုလုပ်နေစရာမလိုပါဘူးကွာ။”

ထိုအချိန်က ထိုကဲ့သို့သော စွမ်းအားကြီးမားသည့် သတ္တဝါကို ရင်ဆိုင်ရသည့်အခါ ကျန်းယွင်ထျန်းသည် ရှောင်းယီကို ချင်းလုံ၏ဘေးတွင် ရပ်နေသည်အား မြင်လိုက်ရလေသည်။ ထို့ကြောင့် သူသည် ချင်းလုံက ရှောင်းယီအား မျိုချလိုက်မည်ကို သဘာဝအတိုင်း စိုးရိမ်သွားခဲ့ပြီး ချင်းလုံဒေါသထွက်မည်ကိုပင် ဂရုမစိုက်ဘဲ တုံ့ဆိုင်းခြင်းမရှိလဲ ပစ်လိုက်ခြင်းဖြစ်ပေသည်။

ဤနည်းဖြင့်သာ သူသည် ရှောင်းယီကို ကယ်တင်နိုင်မည်ဖြစ်၏။ ဤသည်မှာ မသိစိတ်၏စေ့ဆော်မှုအရ ပြုမူလိုက်မိသော တုံ့ပြန်မှုတစ်ခုသာဖြစ်ပေသည်။

ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် တစ်ကြိမ်ထက်မက အတူတကွ ဘေးချင်းယှဉ်ကာ တိုက်ပွဲဝင်ခဲ့ကြသည်။ ၎င်းသည် သေနတ်များကို အတူတကွ သယ်ဆောင်ခဲ့ကြဖူးသည့် ခင်မှုရင်းနှီးမှုမျိုးဖြစ်ပေ၏။ ထိုကြောင့် သူတို့ကြားတွင် စကားလုံးများ မလိုအပ်ဘဲ တစ်ဦးနှင့်တစ်ဦးယုံကြည်စွာ ကျောခိုင်းထားနိုင်‌ပေသည်။

ရှောင်းယီက ခေါင်းညိတ်လိုက်၏။

“ပြန်ကြရအောင်။ ဒီနေ့ တောထဲက သာစရဲအဓိကရုဏ်းပြဿမာကို ဖြေရှင်းရုံတင်မကဘူး ချင်းလုံ ပြန်ရောက်လာတာကိုလည်း ကြိုဆိုခဲ့ရတယ်။ ပုယီယဲ့ကလည်း မိုင်ထောင်ချီအဝေးကနေ ပစ္စည်းတွေပို့ပေးလာတယ်။ ကံသုံးပါးက ငါတို့တံခါးကို လာခေါက်နေတာပဲ။ ဆိုတော့ ဒီည ငါတို့ ဘာဘီကျူးစားကြမယ်။”

ထို့နောက် လူတိုင်း မြို့ရိုးဆီသို့ ပြန်လျှောက်လာခဲ့ကြသည်။ လီယန်နှင့် လုပင်းအာတို့သည် ဒေသခံများအား အတွင်းပိုင်းနေရာရှင်းလင်းရန် ဦးဆောင်နေပြီး ပြီးခါနီးနေပြီဖြစ်သည်။

ရှောင်းယီတို့ ပြန်ရောက်လာကြသည်ကို မြင်သောအခါမှသာ လီယန်လည်း သက်ပြင်းချနိုင်ခဲ့ပေသည်။

“အခု အပြင်ဘက်မှာ ဘယ်လိုနေသေးလဲ။”

“အဆင်ပြေပါတယ် အမေ။ ပြဿနာအားလုံးကို ဖြေရှင်းပြီးသွားပြီ။ ပြီးတော့အများကြီးလည်း ရိတ်သိမ်းနိုင်ခဲ့တယ်။”

အန်းရန်က ရှေ့သို့လျှောက်လာရင်း ပြောလိုက်သည်။

“ဟုတ်တယ်၊ ဒီည လူတိုင်းပဲ အလုပ်တွေကို ခဏဘေးဖယ်ပြီး မီးပုံပွဲလုပ်ဖို့ နေရာရှာကြမယ်။”

ရှောင်းယီက ပြောလိုက်၏။ လီယန်က ခေါင်းညိတ်လိုက်သည်။

“ဒါပေမယ့် ဒီဒေသခံတွေမှာ အနည်းနဲ့အများ ငှက်ချေးတွေ ပေနေတယ်။ ဒီလိုပုံစံနဲ့ မီးပုံပွဲကျင်းပလို့ ရမှာမဟုတ်ဘူးမို့လား။”

“ကျွန်တော်တို့ကိုယ်ပေါ်မှာလည်း အများကြီးပေနေတယ်။ သူတို့အားလုံးကို သွားဆေးကြောခိုင်းလိုက်ပါ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။ ထိုစဉ် ရှောင်းယီက သူ၏ခေါင်းကိုပုတ်ကာ ပြောလိုက်၏။

“ငါ အဲ့ဒါကို မေ့သွားတာပဲ။ ဦးလေးအန်း သူတို့ကို အပြင်က အများသုံးသန့်စင်ခန်းကို ခေါ်သွားပြီး သန့်ရှင်းရေးလုပ်ခိုင်းလိုက်ပါ။ အန်တီလီ...အန်တီလည်းသွားရမယ်။ အမျိုးသမီးဒေသခံတွေက ဦးလေးနဲ့ဆိုရင် အဆင်ပြေချင်မှပြေမှာ။”

“အများသုံးသန့်စင်ခန်းလား။”

အန်းယွဲ့က ရှောင်းယီကို ဇဝေဇဝါဖြင့်ကြည့်လိုက်၏။

ကျွန်းပေါ်မှာ အဲ့လိုဟာမျိုး မရှိဘူးမဟုတ်ဘူးလား။

All Chapters