← Chapters

အခန်း (၂၉၈-၃၀၀)

Vol. 20 Ch. 298-300

အခန်း (၂၉၈-၃၀၀)

Vol. 20 Ch. 298-300

အခန်း ၂၉၈

ရှောင်းယီက ရှင်းပြလိုက်သည်။

“ဒါက ဒီနေ့မှဆောက်လိုက်တာ။ သူတို့ရဲ့မျိုးနွယ်စုနဲ့ သိပ်မဝေးဘူး။ ဒီနေ့က အရမ်းအလုပ်များနေတော့ ဦးလေး သတိမထားမိတာဖြစ်မယ်။”

အန်းယွဲ့က ခေါင်းညိတ်လိုက်၏။

“အင်း ကောင်းပြီလေ။ တကယ်တော့ ငါလည်း သူတို့ပထမဆုံးကျွန်းကိုရောက်လာတုန်းက အများသုံးကျန်းမာရေးကိစ္စတွေကို စဉ်းစားနေခဲ့တာ။ မင်းက တစ်ခါဖြေရှင်းလိုက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”

“ကံကောင်းသွားတာပါ။ သွားကြည့်ကြည့်လိုက်လေ။ အဲ့ဒါကညအတော်လေးအဆင့်မြင့်တယ်။ သူတို့ကိုလည်း လုပ်ပြလိုက်ဦး။”

ရှောင်းယီက ပြောလိုက်သည်။

“သူတို့ထဲကလူတချို့က ရိုးရှင်းတဲ့စကားလုံးတွေကို နားလည်နေပြီ။”

“အင်း ဒီဒေသခံတွေက အဲ့လောက်တော်မယ်လို့ ငါမျှော်လင့်မထားခဲ့မိဘူး။”

အန်းယွဲ့က ထိုသို့ပြောကာ ဘေးနား၌ စုဝေးနေသော ဒေသခံများကိုခေါ်ကာ အပြင်သို့ထွက်သွားတော့လေသည်။

“ယွမ်ရှီ မင်းက ငါတို့ဘာသာစကားကို အကျွမ်းဆုံးပဲ။ မင်းလည်း သွားကူညီလိုက်။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

ယွမ်ရှိက တုံ့ပြန်လိုက်ပြီး သူတို့နှင့်အတူတူ လိုက်ထွက်သွားခဲ့သည်။

ထို့နောက် ရှောင်းယီသည် သူ၏နှာခေါင်းကိုရှုံ့ကာ မျက်မှောင်ကြုံ့လိုက်၏။

“သန့်ရှင်းရေးလုပ်ထားယတောင်မှ ဘာလို့ ငှက်ချေးအနံ့ထွက်နေသေးတာလဲ။”

“ခဏနေမှ ငရုတ်ကောင်းနဲ့နနွင်းနည်းနည်းနဲ့ရောပြီး မီးခိုးမှိုင်းတိုက်လိုက်မယ်။”

ယွမ်နွန်က ပြောလိုက်သည်။

“ကောင်းပြီ မီးပုံပွဲလုပ်မယ့်နေရာနဲ့ နီးတဲ့နေရာတွေကိုပဲ အရင်လုပ်လိုက်ပါ။ ကျန်တာတွေကိုတော့ မနက်ဖြန်မှ လုပ်လို့ရတယ်။”

ရှောင်းယီက ပြောလိုက်၏။

“ဟုတ်ပြီ”

ယွမ်နွန်က တုံ့ပြန်လိုက်သည်။

ထို့နောက် ရှောင်းယီ ဗီလာသို့ ပြန်လျှောက်သွားပြီး သူ၏အဝတ်အစားများကို ချွတ်ပစ်လိုက်ကာ ရေချိုးအဝတ်အစားလဲလိုက်သည်။

ပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ထိုင်ကာ ယီထျန်းဂရုထဲသို့ သတင်းတစ်ပုဒ်ကြေညာလိုက်ဟ။

“အကင်စက်ဆယ်လုံးငှားပါမယ်။ မနက်ဖြန်မနက် ၈ နာရီမတိုင်ခင် ပြန်ပေးမယ်။ မီးကင်စက်တစ်လုံးစီအတွက် ငှားရမ်းခက ပင်လယ်ငါး ၅ကီလိုဂရမ်ပါ။ တစ်ခါတည်း သီးသန့်လဲလှယ်ပါ။ ပထမဆုံးရောက်တဲ့ ဆယ်ယောက်ကိုပဲ ယူပါမယ်။”

“သူဌေးက နောက်ထပ်အကင်စက်တွေငှားနေပြန်ပြီ။ ဘာဘီကျူးပါတီလုပ်တော့မလို့လား။”

“မင်းတို့ မြန်မြန်ငှားသင့်တယ်နော်။ ဒါက သူဌေးရှေ့မှာ မျက်နှာပြရာလည်းရောက်တယ်။ အနာဂတ်မှာ သူဌေးရဲ့ဘာဘီကျုးပါတီကိုတောင် တက်ရောက်နိုင်လောက်တယ်။”

“အကင်စက်ဆယ်လုံးတောင်ဆိုတော့ သူဌေးရဲ့ကျွန်းမှာ လူဘယ်နှစ်ယောက်တောက်ရှိနေတာလဲ။”

“ငါ အရင်က ဂလိုဘယ်ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်ခဲ့တာ။ ငါ့ရဲ့အရင်က အသင်းတည်ဆောက်မှုအတွေ့အကြုံတွေအရ အကင်တစ်ခုမှာ လူဆယ်ယောက်လောက်ရှိတယ်။”

“သူဌေးကြီးရဲ့ကျွန်းမှာ လူပေါင်းတစ်ရာနီးပါးရှိတယ်လို့ ဆိုလိုတာလား။”

“အဲ့လောက်နီးနီးဖြစ်သင့်တယ်။”

“လခွမ်း! သူဌေးက ဒီလောက်လူတွေအများကြီးကို ဘယ်တုန်းကစုလိုက်တာလဲ။”

“သူဌေးက အပျော်စီးသင်္ဘောကို အစောကြီးရခဲ့တာဆိုရင်တော့ လူတွေအများကြီးစုနိုင်မှာပဲ။”

“သူဌေးက အရမ်းတိးတက်နေတာ မထူးဆန်းတော့ပါဘူး။ အဲ့ဒါက သူ့ကျွန်းမှာ လူအများကြီးရှိနေလို့ဆိုတာ အဖြေထွက်သွားပြီ။”

“ဒါပေမယ့် သူဌေးရဲ့စီမံခန့်ခွဲမှုကို ငါပိုပြီးတော့တောင် အားကျမိတယ်။ အဲ့လောက်လူတွေအများကြီးရှိနေတာကို သစ္စာဖောက်မှာ မစိုးရိမ်ဘူးလား။”

“အထက်ကလူ မင်းပြောတာတွေမှားနေပြီ။ သူဌေးကြီးနဲ့သာ အတူရှိနေခွင့်ရမယ်ဆိုရင် မင်းဆိုရင်ရော ပုန်ကန်မှာလား။”

“အင်း။ အဲဒါကြောင့်ပဲထင်တယ်။”

ရှောင်းယီသည် အကင်စက်ဆယ်လုံးကို အလျင်အမြန် ငှားရမ်းပြီး ထိုအရာများကို မီးပုံပွဲကျင်းပမည့်နေရာနားတွင် နေရာချကာ ထိုနေရာသို့ ထွက်လာခဲ့လိုက်သည်။

အင်အားစုနှစ်ခုဖြစ်သော လင်းအင်ပါယာနှင့် ရွှမ်းယွမ်မိသားစုသည်လည်း မကြာမီမှာပင် ထိုသတင်းကို ရရှိသွားခဲ့ကြလေသည်။

ယီရန်ပင်း၏ကျွန်းပေါ်တွင် လူများစွာရှိကြောင်း သိရှိလိုက်ရပြီးနောက် အင်အားနှစ်စုသည် ၎င်းတို့၏ကိုယ်ပိုင်ကျွန်းသို့ လူများကို စုဆောင်းရန် ချက်ချင်းပင် ဆုံးဖြတ်လိုက်ကြတော့သည်။

ထိုအချိန်တွင် အန်းယွဲ့သည် ဒေသခံများအား ရေချိုးခန်းအသုံးပြုနည်းကို သရုပ်ပြနေခဲ့ ယလေသည်။

“ဒါက ဆီးသွားတဲ့နေရာပဲ။ မှတ်ထားကြ။ ဒီလိုမျိုး သေးငယ်တဲ့ခြေလှမ်းတစ်လှမ်းနိုင်တာကလည်း ယဉ်ကျေးမှုတိုးတက်ဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်လှမ်းပဲ”

အန်းယွဲ့က ဆီးသွားသည့်အခါ ဆီးအိုးနားသို့ ကပ်သွားရသည့် အမူအရာမျိုး လုပ်ပြလိုက်သည်။

“ဒါက မစင်စွန့်တဲ့နေရာပဲ။ ပြီးသွားရင် ရေဆွဲချရမယ်။”

“ဒါက လက်ဆေးတဲ့နေရာ။ ထမင်းစားချိန်မတိုင်ခင် အိမ်သာတက်ပြီးတိုင်း လက်ဆေးရမယ်။ ဟေး! မင်းကဘယ်သူ့လဲ အဲ့ဒီရေကိုသောက်လို့မရဘူး။”

“ဒါက ရေချိုးဖို့ပဲ။ ဒီခလုတ်ကို ဒီလိုလှည့်လိုက်ရင် ရေပူထွက်မယ်။ ရေအေးလည်းရှိတယ်။ ဒီရေကိုလည်း သောက်လို့မရဘူး။”

“ဒါက အဝတ်လျှော်ဖို့...”

သူသည် အဓိကအားဖြင့် အမူအရာများဖြင့် သရုပ်ပြနေခြင်းဖြစ်သော်လည်း အန်းယွဲ့သည် အာခေါင်ခြောက်သည်အထိ ပြောဆိုနေရဆဲဖြစ်၏။ ဘာသာစကားအခက်အခဲသည် စစ်မှန်သည့်ပြဿနာတစ်ခုပင်ဖြစ်သည်။

၎င်းတို့ကို မိတ်ဆက်ပေးပြီးနောက် လက်ခံနိုင်စွမ်းကောင်းသည့် လူအနည်းငယ်သည် အကြမ်းအားဖြင့် မည်သို့လုပ်ဆောင်ရမည်ကို နားလည်သွားခဲ့ကြသည်။

“ဒီနေ့တော့ ဒီလောက်ပဲ။ နင်တို့ ရေချိုးခန်းထဲသွားပြီး ရေမြန်မြန်ချိုးကြတော့။”

အန်းယွဲ့က သူ၏လက်ဝါးကို ဝှေ့ယမ်းကာ ပြောလိုက်၏။

ထိုအချိန်တွင် လီယန်သည် အမျိုးသမီးများဘက်မှ ထွက်လာပြီး ပြုံးပြလိုက်သည်။

“ဘယ်လိုလဲ”

“ဘုရားသခင်အသိပဲ။ ဒီနေ့အတွက် ငါဒီလောက်ပဲ လုပ်နိုင်တယ်။”

အန်းယွဲ့က မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ပြန်ပြောလိုက်၏။

“ငါကတော့ အဆင်ပြေတယ်လို့ ခံစားရတယ်။ သူတို့အားလုံးက ဘာလုပ်ရမယ်ဆိုတာ သိကြတယ်။”

“အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီးအသန့်ကြိုက်တာကြောင့်များလား။”

အန်းယွဲ့က အံ့အားသင့်စွာပြောလိုက်သည်။

“အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီးနားလည်လွယ်လို့ပါ။”

လီယန်က ရယ်မောကာ ပြောလိုက်၏။

“ပြန်ကြရအောင် ငါတို့လည်း ရေချိုးရမယ်။”

“ကောင်းပြီး အတူတူရေချိုးကြမယ်။”

အန်းယွဲ့က ချက်ချင်းပြောလိုက်သည်။

လီယန်က သူ့ကိုမျက်စောင်းထိုးလိုက်ပြီး မြို့ရိုးဆီသို့ လျှောက်သွားလိုက်သည်။

နာရီဝက်ကြာပြီးနောက် လူတိုင်း ဘာဘီကျူး စားသောက်ပွဲ ကျင်းပမည့်နေရာသို့ ရောက်ရှိလာခဲ့ကြလေသည်။ အချိန်မှာ ည ၈ နာရီကျော်သွားပြီဖြစ်သည်။

“ကဲ အတူတူလုပ်ကြတာပေါ့။ အန်းရန် သူတို့ကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သင်ပေးလိုက်ပါ။”

ရှောင်းယီက ပြောလိုက်သည်။

အန်းရန်နှင့် အခြားသူများလည်း ခေါင်းညိတ်ကာ ဒေသခံများအား အသားနှင့် ဟင်းသီးဟင်းရွက်များ မည်သို့ကိုင်တွယ်ရမည်ကို လုပ်ပြလိုက်၏။

ဒေသခံများ၏လက်ထဲရှိ အသားများမှာ သာမန်ပင်လယ်ငါးများနှင့် သာမန်ယုန်၊ ဝက်ရိုင်း စသည့်အရာများ ဖြစ်ပေသည်။

“လူတိုင်းပဲ လုပ်နေရင်း နားထောင်ကြပါ။”

ရှောင်းယီက ဆက်ပြော၏။

“ဒီနေ့ကစပြီး အပြင်က အများသုံးသန့်စင်ခန်းကို အဆင်ပြေအောင်သုံးရမယ်။ ဦးလေးအန်းနဲ့ အန်တီလီက ခုနက အသုံးပြုနည်းတွေကို ပြောပြခဲ့လိမ့်မယ်။ နောက်ပိုင်း ဘာသာစကားသင်တဲ့အခါ တီဗီကသင်ခန်းစာတွေအားလုံးကို မှတ်မိအောင်လုပ်ရမယ်။ ဒါတွေအားလုံးက အခြေခံအကျဆုံး အသိပညာတွေပဲ နားလည်ပြီလား။”

“နားလည်ပါတယ်”

ဒေသခံများက ချက်ချင်းပင် တုံ့ပြန်လိုက်ကြသည်။

အန်းရန်တို့၏ သရုပ်ပြမှုအပြီးတွင် ဒေသခံများသည် မည်သို့လုပ်ဆောင်ရမည်ကို အကြမ်းဖျင်းနားလည်သွားပြီး သူတို့၏နေရာသို့ ပြန်လာကာ သူတို့ကိုယ်တိုင် စတင်၍ ကင်လိုက်ကြသည်။

အကင်စက် ဆယ်လုံးကျော်ကို စက်ဝိုင်းပုံစံဖြင့် စီစဉ်ထားပြီး အလယ်တွင် မီးပုံတစ်ခု ထွန်းညှိထား၏။

ဒေသခံအမျိုးသမီးများသည် အသားများကို ပြင်ဆင်နေစဉ် အမျိုးသားများက မီးပုံပတ်လည်တွင် ပျော်ရွှင်စွာ ကခုန်နေခဲ့ကြသည်။

ရှောင်းယီသည် မြေပေါ်တွင်ထိုင်ကာ ပဏ္ဍိတငယ်လေး လက်ဆောင်အဖြစ်ယူလာပေးသော ဝါးပြွန်ထဲရှိ သစ်သီးဝိုင်ကို ကိုင်ထားခဲ့သည်။

“ကျိ! ကျိ! ကျိ!”

နာ့နာကိုယ်တိုင်ကုသပေးခဲ့သောကြောင့် လက်ပြန်ကောင်းလာသည့် ပဏ္ဍိတငယ်လေးက ခွန်းယွီကို သွားဖြီးပြကာ မာန်ဖီလိုက်၏။

ရှောင်းယီက ဝိုင်ကို တငုံသောက်ပြီးနောက် ရယ်ကာမောကာဖြင့် ပြောလိုက်သည်။

“သူက မင်းကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့သူဆိုတာ ငါသိတယ်။ ဒါပေမယ့် အခုချိန်မှာ မင်းတို့က ညီအစ်ကိုတွေဖြစ်သွားပြီ။ ခွန်းယွီ ဒီကိုလာပြီး ပဏ္ဍိတငယ်လေးကို တောင်းပန်လိုက်။”

ခွန်ယွီသည် လုံးဝမလုပ်ချက်သော်လည်း ရှောင်းယီ၏အမိန့်ကို မဆန့်ကျင်နိုင်ခဲ့ပေ။ သူသည် းပဏ္ဍိတငယ်လေးထံသို့ လျှောက်သွားပြီး “ချစ်ပ်ချစ်ပ်” ဟု နှစ်ကြိမ်အော်ဟစ်လိုက်သည်။

ရှောင်းယီက ရယ်မောလိုက်ပြီး ဘေးမှ ခွက်နှစ်လုံးယူကာ SS အဆင့် ရေသန့်များကို လောင်းထည့်လိုက်၏။

“မင်းတို့နှစ်ယောက် ဒီငြိမ်းချမ်းရေးရေသန့်ကိုသောက်ရင် အရင်ပြဿနာတွေကို လျှော်ပစ်လိုက်ကြတော့။”

ပဏ္ဍိတငယ်လေးသည် ရေ၏ရနံ့ကို ရလိုက်သောအခါ သူ၏မျက်လုံးများတွင် ရွှေရောင်အလင်းများ တောက်ပသွားပြီး လှမ်းယူရန် သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။

ခွန်းယွီသည်လည်း နှေးကွေးခြင်းမရှိဘဲ နောက်ထပ်ခွက်တစ်ခွက်ကို သူ၏နှုတ်သီးဖြင့် ထိုးယူလိုက်၏။

“ခဏနေကြဦး ငါပြောတာကိုရော ကြားကြရဲ့လား။”

ရှောင်းယီက ထပ်မေးလိုက်သည်။

“ကျိကျိ! (ပြဿနာမရှိဘူး)”

ရှောင်ရှန်းက ချက်ချင်းပြန်ပြောလိုက်သည်။

ခွန်းယွီသည် ရေခွက်ကို ဂရုတစိုက်ဖြင့် မြေပေါ်သို့ ချကာ ပြန်ဖြေလိုက်၏။

“ချူးချူး! (ကောင်းပြီ။ ဒီကိစ္စက ဒီမှာပြီးသွားပြီ။ ကျေးဇူးတင်ပါတယ် သခင်)”

ပဏ္ဍိတငယ်လေးသည် နောက်ထပ်မစောင့်နိုင်တော့ ရေသန့်ကို သူ၏ပါးစပ်ထဲသို့ လောင်းထည့်လိုက်လေတော့သည်။

ခွန်ယွီက ခွက်ကိုကိုင်ကာ ဟွားဖုန်း၏ရှေ့သို့သွားကာ ပြောလိုက်သည်။

“အတူတူသောက်ကြရအောင်”

“မင်းက ဒဏ်ရာရထားတယ်။ သောက်လိုက်။ ဒါက မင်းကို ပိုပြီးမြန်မြန်ပျောက်ကင်းအောင် ကူညီပေးလိမ့်မယ်။”

ဟွားဖုန့်က ပြန်ပြောလိုက်သည်။

ရှောင်းယီသည် ထိုမြင်ကွင်းကိုကြည့်ကာ ခေါင်းခါလိုက်မိသည်။

“မင်းတို့ တစ်ယောက်ကိုတစ်ယောက် အရမ်းယဉ်ကျေးနေစရာမလိုဘူး။ ငါ ဟွားဖုန့်အတွက် နောက်ခွက်တစ်ခွက် ထပ်ထည့်ပေးမယ်။ ဒီနေ့ကစပြီး မင်းတို့အတွက် အဆင့်မြင့်ရေနဲ့ အစားအစာတွေ နေ့တိုင်းရလိမ့်မယ်။

ထိုစကားကိုကြားသောအခါ ခွန်းယွီက ရှောင်းယီကို အံ့အားသင့်စွာကြည့်ကာ သူ၏ခေါင်းကိုစောင်းပြီး မေးလိုက်၏။

“တကယ် နေ့တိုင်းရမှာလား။”

အခန်း ၂၉၉

ရှောင်းယီက ပြုံးလိုက်၏။

“ဒါပေါ့ ဒါတွေက သိပ်မများဘူးဆိုပေမယ့် အနည်းငယ်တော့ ရှိပါသေးတယ်။”

ထိုစကားကိုကြားလိုက်ရသည်နှင့် ခွန်းယွီ၏စိတ်ထဲတွင် အခြားအပိုအတွေးများ မရှိတော့ပေ။ ဤရေသည် ၎င်းအတွက် အလွန်အရေးကြီးပြီး ၎င်း၏ဆင့်ကဲဖြစ်စဉ်ကို ဆက်လက်လုပ်ဆောင်ရန်အတွက် အခွင့်အရေးတစ်ခုဖြစ်သည်။

ကျန်းယွင်ထျန်းသည် ဝက်နှစ်ကောင်ကို အထူးပြုပြင်ပြီး ဘေးဘက်တွင် မီးဖိုကာ ဖြည်းဖြည်းချင်း ဝက်ကောင်လုံးကင် ပြုလုပ်နေခဲ့သည်။

ထိုဝက်နှစ်ကောင်မှာ ချင်းလုံအတွက် ပြင်ဆင်ထားခြင်းဖြစ်ပေသည်။

လူအများ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ပါဝင်ပစ္စည်းများကို အလွန်လျင်မြန်စွာ ပြုပြင်နိုင်ခဲ့၏။ မိနစ် ၄၀ အကြာတွင် အကင်တံများဖြင့် ကင်၍ပြီးသွားခဲ့လေသည်။

လေထုထဲ၌ အသားကင်နံ့များဖြင့် ပြည့်နှက်သွား၏။

ဒေသခံများမှာ ပို၍ပင် ပျော်ရွှင်စွာ ကခုန်လိုက်ကြ‌လေသည်။

“ရှောင်းယီ မင်းအခုနကပြောတဲ့အတိုင်းဆိုရင် အဲ့ဒီသင်္ဘောပေါ်မှာ စိုက်ပျိုးရေးဒေသကလူတွေရှိတယ်။ သူတို့က ငါတို့ဆီကနေ အတော်လေး ဝေးကွာသင့်တယ်မဟုတ်လား။ ဘာလို့ ငါတို့ဆီကို ရောက်လာကြတာလဲ။”

ယွမ်နွန်က သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။

“ကျွန်တော်လည်း အစပိုင်းမှာ သူက တကယ်ပဲ ကျပန်းဦးတည်ချက်တစ်ခုရွေးပြီး အမှားတစ်ခုကြောင့် ဒီကိုရောက်လာတယ်လို့ထင်ခဲ့တာ။ ဒါပေမယ့် သူ့ကိုမသတ်ခင်မှာပဲ သူကယရတနာမြေပုံတစ်ခုရထာူပြီး ဒီကိုလမ်းညွှန်ခံရတယ်လို့ ပြောခဲ့တယ်။”

“သူက တမင်ပြောခဲ့တာလား။”

ယွမ်နွန်က မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။

“မဟုတ်ဘူး။ သူပြောတဲ့ရတနာမြေပုံကို ကျွန်တော်တို့ရှာတွေ့ပြီးပြီ။”

ရှောင်းယီက ပြန်ဖြေ၏။

ထိုအခါ သူနားတွင်ရှိနေသော ကျန်ူယွင်ထျန်းက ချက်ချင်းပင် ပြောလိုက်သည်။

“ဒီတစ်ခါတော့ ငါ့အလှည့်ပဲ ရတနာမြေပုံကို ငါဖွက်ထားမယ်။”

“မင်း ငါ့ကျွန်းမှာနေရတာ ငြီးငွေ့နေပြီလား။”

ရှောင်းယီက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“မငြီးငွေ့ပါဘူးကွာ။ ဒါပေမယ့် ငါပိုပြီး လှုပ်ရှားသင့်တယ်လို့ အမြဲတမ်း ခံစားနေရတယ်။”

ကျန်းယွင်ထျန်းက သူကင်နေသော ဝက်တစ်ကောင်လုံးကို ဖြည်းဖြည်းချင်းလှန်ကာ ပြန်ပြောလိုက်သည်။

“ဆန္ဒမစောပါနဲ့။ အရင်ဆုံး တစ်ချက်လောက်ကြည့်ပြီးမှ ပြောကြတာပေါ့။ ပြီးတော့ ဒီရတနာမြေပုံက မရိုးရှင်းဘူးလို့ ငါထင်တယ်။”

“မင်း ဘာကိုဆိုလိုချင်တာလဲ။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

“ဒီကမ္ဘာက ရတနာမြေပုံတစ်ခုကို ဖန်တီးလိုက်တယ်ဆိုတာက ဘာကိုဆိုလိုတာလို့ မင်းထင်လဲ။”

ရှောင်းယီက ပြန်မေးလိုက်၏။

“သေချာပေါက် ငါတို့ကို ရတနာတွေ တူးဖော်ခွင့်ပေးပြီး ငါတို့ရဲ့ ရှင်သန်နိုင်မှုနှုန်းကို မြှင့်တင်ပေးဖို့ပဲပေါ့။ ပြီးရင် ငါတိုရဲ့ ပင်လယ်လမ်းကြောင်းခရီးတလျှောက်မှာ ငါတို့ရဲ့စွမ်းရည်တွေကို စမ်းသပ်ချင်တာပဲ။”

ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။

ရှောင်းယီက ခေါင်းညိမ့်လိုက်သည်။

“ဒါတွေကလည်း မမှားပါဘူး။ ဒါပေမယ့် အဲ့ဒီအထက်မှာ အခြားအဓိပ္ပာယ်တွေရှိသင့်တယ်လို့ ငါခံစားနေရတယ်။”

“ဘာထပ်ရှိနေသေးလို့လဲ။”

ကျန်းယွင်ထျန်းက အနည်းငယ်ရှုပ်ထွေးနေသည့်မျက်နှာဖြင့် သူ့ကိုကြည့်ကာ မေးလိုက်၏။

ရှောင်းယီက ဆက်ပြောသည်။

“ရတနာတွေကို ဝှက်ထားတဲ့ကျွန်းတွေက သာမန်ယအသက်ရှင်ကျန်ရစ်နိုင်သူတွေမဟုတ်နိုင်ဘူး။”

“မင်းဆိုလိုတာက အထက်ကလူတွေက ပိုပြီးဖွံ့ဖြိုးတိူတက်ပြီးသားလူတွေကို ကိုင်တွယ်ဖို့ စီစဉ်နေတယ်လို့လား။”

ကျန်းယွင်ထျန်းသည် ရှောင်းယီ၏စကားကိုလိုက်ပြီး မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။

ရှောင်းယီက ခေါင်းညိမ့်လိုက်၏။

“ဒါဆိုရင် ငါတို့သွားလို့မရဘူးလား။”

ယွမ်နွန်က ပြောလိုက်သည်။

“ဒါက ငါတို့လို အသက်ရှင်ကျန်ရစ်နိုင်တဲ့သူတွေကို ဆွဲဆောင်ဖို့အတွက် အဆင့်မြင့်ပစ္စည်းတွေကိုသေချာပေါက် စုလိုက်အပြုံလိုက် စီစဉ်ထားလိမ့်မယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်၏။

“အစုလိုက်အပြုံလိုက်လား။”

ရှောင်းယီက မျက်ကြုံ့ကာ စဉ်းစားလိုက်သည်။

“ဒါကမှ ကမ္ဘာ့စည်းမျဉ်းတွေက အစကတည်းက ငါတို့ရဲ့ အတွင်းပိုင်း ယှဉ်ပြိုင်ဆိုင်မှုအတွက် စီစဉ်ထားတဲ့စီမံကိန်းဖြစ်နိုင်မလား။”

သူက အနည်းငယ် မရေမရာဖြစ်နေဟန်ဖြင့် ပြောလိုက်၏။

ယခင်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ သတိပေးချက်တွင် ပြောခဲ့တာက အစပိုင်း၌ အသက်ရှင်ကျန်ရသ်နိုင်သူများကို ပြိုင်ဆိုင်ခွင့်ပေးမည်ဟု ပြောခဲ့ပေသည်။ ထို့နောက် ဒေသခံများကို ရင်ဆိုင်ခွင့်ပေးမည်ဟု ဆိုထားခဲ့၏။

ထိုအချိန်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ပြိုင်ပွဲကို မည်သို့ကျင်းပမည်ကို ရှင်းရှင်းလင်းလင်းမဖော်ပြခဲ့ပေ။ ရတနာတူးဖော်ခြင်းသည်သာ ကောင်းမွန်သော နည်းလမ်းမဟုတ်ပါလော။

၎င်းသည် မြေပုံချပ်ပြားအနည်းငယ်ကို ကျပန်းမွမ်းမံပြီးသည်နှင့် မစွမ်းဆောင်နိုင်သူများသည် မြေပုံများကို တိုက်ရိုက်ရောင်းချနိုင်ပေသည်။ စွမ်းဆောင်နိုင်သူများသည် ယရတနာရှာဖွေရန် အခွင့်အရေးကို လက်လွတ်ခံကြမည်မဟုတ်ပေ။

ဤနည်းဖြင့် တစ်ချိန်တည်းတွင် ရတနာသိုက်တူးနေသူများအကြား၌ ပဋိပက္ခများ ဖြစ်လာပေလိမ့်မည်။ ဤသည်မှာ အရိုးရှင်းဆုံးသော တိုက်ရိုက်ပြိုင်ဆိုင်မှုဖြစ်၏။

ကျန်းယွင်ထျန်းနှင့်ယွမ်နွန်တို့သည် အချိန်တစ်ခုကြာအောင် တုန်လှုပ်သွားခဲ့ပြီး တစ်ချိန်တည်းမှာပင် ခေါင်းညိတ်လိုက်ကြသည်။

“ကိစ္စတွေက ဒီလိုဆိုရင်တော့ ငါတို့သွားရမယ်။”

ရှောင်းယီက ပြောလိုက်သည်။

လက်ရှိအချိန်တွင် ဤကမ္ဘာ၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်နိုင်ရန် နည်းလမ်းမရှိသေးပေ။ ဤနေရာရှိ စည်းမျဉ်းများကို လိုက်နာကာ ကျော်ကြားထင်ရှားလာအောင် ကြိုးစားရုံသာ တတ်နိုင်ပေသည်။

အနည်းဆုံးတော့ နောက်ကွယ်က လူတွေနဲ့ အနည်းငယ်ဆက်သွယ်နိုင်လိမ့်မယ်။ ဒါက ကမ္ဘာ့အမှန်တရားကိုရှာဖွေဖို့ ပိုပြီး လွယ်ကူစေလိမ့်မယ်။

“ဒါပေမယ့် ငါတို့တကယ် ကျော်ကြားလာပြီးတဲ့အချိန်ကျလို့ နတ်ဘုရားတွေသိသွားခဲ့ရင် ငါတို့ ဘာတွေနဲ့ ထပ်ကြုံရမှာဦးလဲ။”

ယွမ်နွန်က မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ပြောလိုက်မိသည်။

ရှောင်းယီက သူ၏ခေါင်းကို ဖြည်းညင်းစွာ ညိမ့်ရင်း ပြောလိုက်သည်။

“ဒါကဘာမှမလုပ်တာထက်စာရင် ပိုကောင်းတယ်။”

သူတို့စကားပြောနေစဉ်အတွင်းမှာပင် ယွမ်ရှိသည် သိုးသားရင်အုပ်ကင်တစ်ထုကို ယူဆောင်လာပြီး ရှောင်းယီရှေ့တွင် ဒူးထောက်ချလိုက်၏။

“အရှင် ဒါက ကျွန်တော်တို့ အရှင့်ကို ဆက်သတာပါ။”

ရှောင်းယီက ခေါင်းညိတ်ကာ ထိုသိုးသားရင်အုပ်ကင်ကို ယူလိုက်သည်။

“ကောင်းပြီ၊ ငါလက်ခံလိုက်မယ်။ မင်းတို့ ဒီကစည်းမျဉ်းစည်းကမ်းတွေအတိုင်း နေလို့ရတယ်။ ဆက်သဖို့မလိုဘူး။ ဒါဆိုရင် ငါလည်း ဝမ်းသာရလိမ့်မယ်။”

“ဟုတ်ကဲ့ အရှင် စိတ်ချထားပါ။ အရှင် တောင်းဆိုတာမှန်သမျှ ကျွန်တော်တို့ သေချာပေါက် ဆောင်ရွက်မှာပါ။”

ယွမ်ရှီက ပြန်ဖြေ၏။

ရှောင်းယီက လက်ခါပြလိုက်သည့်အခါ ယွမ်ရှီသည်လည်း ဆုတ်ခွာသွားခဲ့သည်။

လူတိုင်းစားသောက်ရင်းဖြင့် မိုးသောက်ချိန်အထိ စကားပြောလိုက်ကြပြီးနောက် တဖြည်းဖြည်း လူစုကွဲသွားကြခဲ့သည်။

ထိုကာလအတွင်း ကျန်းယွင်ထျန်းသည် သူကင်ထားသော ဝက်ကောင်လုံးကင်ကို ကမ်းခြေသို့ ပို့ဆောင်ပေးခဲ့သည်။ ချင်းလုံသည်လည်း ကျန်းယွင်ထျန်း၏ သဘောထားကြောင့် အလွန်ကျေနပ်သွားကာ ဝက်ဝံနှစ်ကောင်ကို တစ်ခါတည်းမျိုချလိုက်လေသည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့သို့ ပြန်ရောက်သောအခါ ရှောင်းယီ ယီထျန်းဂရုထဲသို့ ကြည့်လိုက်၏။ ထိုအချိန်တွင် ဂရုအတွင်း၌ စကားပြောနေသူများ မရှိကြတော့ပေ။

သူသည် အခြားသူများထံမှ ငှားရမ်းထားသော အကင်စက်များကို ပြန်ပေးပြီးနောက် အနားယူရန် ပြင်ဆင်လိုက်သည်။

“ဒီဒီ! သေမင်းနတ်ဘုရား သီးသန့်စကားပြောခွင့်တောင်းဆိုနေပါသည်။”

ရုတ်တရက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အသံမြည်လာခဲ့သည်။

ရှောင်းယီသည် သီးသန့်စကားပြောခန်းကို ဖွင့်ကြည့်လိုက်ပြီး သေမင်းနတ်ဘုရား ပို့လိုက်သော အကြောင်းအရာကိုမြင်လိုက်သောအခါ သူ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“ယီရန်ပင်း ကျွန်တော် ဒီလိုပစ္စည်းတစ်ခု ရခဲ့တယ်။ [ရတနာမြေပုံ] ၁။ ကျွန်တော် ခင်ဗျားနဲ့ပူးပေါင်းချင်တယ်။ အမြတ်က ၄ : ၆ ပါ။ ကျွန်တော်ကို ၄၀%ပေးမပါ။ ခင်ဗျားက ၆၀ % ယူနိုင်တယ်။ ခင်ဗျားက အရင်ဆုံးရွေးချယ်နိုင်ပါတယ်။ ဘယ်လိုသဘောရလဲ။”

“ပူးပေါင်းဆောင်ရွက်ဖို့က ပြဿနာမရှိဘူး။ ဒါပေမယ့် ဒီရတနာ‌မြေပုံရဲ့တည်နေရာကို အကြမ်းဖျင်းပြောပြနိုင်မလား။”

ရှောင်းယီက သူ၏အံ့အားသင့်မှုကို ဖိနှိပ်ကာ မေးလိုက်သည်။

“ဝေးလွန်းရင်တော့ ငါမသွားတော့ဘူး။”

ရှောင်းယီ၏တုံ့ပြန်မှုကိုမြင်သောအခါ သေမင်းနတ်ဘုရားက ချက်ချင်း ပြောလိုက်၏။

“ဆုံးဖြတ်ပြီးပြီ။ မနက်ဖြန်ကျရင် တည်နေရာအသေးစိတ်ကို ခင်ဗျားဆီပို့လိုက်မယ်။”

“ကောင်းပြီ”

ရှောင်းယီက ထိုသို့ပြောပြီးနောက် စကားပြောခန်းကို အဆုံးသတ်လိုက်သည်။

ရှောင်းယီသည် ပုယီယဲ့ထံမှရရှိသော ရတနာလမ်းကြောင်းမြေပုံကို ဘေးနားမှကောက်ယူလိုက်ကာ သူ၏လက်ချောင်းကို ချွန်ထက်သောအရာတစ်ခုဖြင့် ထိုးဖောက်ပြီး ကျောက်ပြားပေါ်သို့ သွေးတစ်စက်ချလိုက်သည်။

ကျောက်ပြားပေါ်သို့ သွေးတစ်စက်ကျသွားသည်နှင့်တစ်ပြိုင်နက် ထိုသွေးစက်ကို ကျောက်ပြားမှ စုပ်ယူသွား၏။

ထို့နောက် ကျောက်ပြားတစ်ခုလုံးသည် သွေးနီရောင်ပြောင်းသွားပြီး ရှောင်းယီသည် ထိုသွေးနီရောင်တောက်နေသောကျောက်ပြားကို လသာဆောင်သို့ ယူဆောင်သွားလိုက်သည်။

အပြင်ဘက်တွင် လရောင်သည် အတော်အသင့် ထိန်လင်းနေ၏။ လရောင်ခြည်များ ကျောက်ပြားပေါ်သို့ ကျရောက်သွားသောအခါ ချက်ချင်းပင် ကျောက်ပြားပေါ်၌ အဖြူရောင်အလင်းတန်းများဖြင့် တောက်ပလာလေသည်။

ကျောက်ပြား၏ထိပ်ဖျားတွင် မြေပုံတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာပြီး ၎င်းသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ မြေပုံနှင့် အတူတူပင်ဖြစ်သည်။ ယင်းတွင် မိမိကိုယ်ကိုယ် ကိုယ်စားပြုသော အလင်းစက်နှင့် ရတနာသေတ္တာ၏တည်နေရာကို မှတ်သားထားလေသည်။

ဘေးဘက်ရှိ စကေးကိုကြည့်ကာ ရှောင်းယီက လျို့ဝှက်စွာ ပြောလိုက်မိ၏။

“ဒီနေရာက တကယ်ကိုဝေးတာပဲ။ သေမင်းနတ်ဘုရား ရှာတွေ့တဲ့ ရတနာမြေပုံက ဒါနဲ့အတူတူပဲလားဆိုတာ မသိနိုင်ဘူး။”

ထို့နောက် ရှောင်းယီသည် သူ၏ခေါင်းကို ခါယမ်းကာ စဉ်းစားနေခြင်းကို ရပ်တန့်လိုက်သည်။ မနက်ဖြန်၌ အဖြေသိရမည်ဖြစ်သည်။

ထို့နောက် အိပ်ရာပေါ်၌ ပြန်လည်လဲလျောင်းကာ အိပ်ပျော်သွားလေတော့သည်။

ရှောင်းယီသည် နောက်တစ်နေ့ မနက် ၇ နာရီတွင် နိုးလာပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် သေမင်းနတ်ဘုရားထံ မက်ဆေ့ချ်တစ်ခုကို လက်ခံရရှိထားကြောင်း တွေ့လိုက်ရလေသည်။

“ဒါက ကျွနါယ်တော့်ကျွန်းရဲ့တည်နေရာနဲ့ ယရတနာလမ်းကြောင်းမြေပုံမှာဖော်ပြထားတဲ့ ရတနာရဲ့တည်နေရာပါ။”

ထိုစာနှင့်အတူ သေမင်းနတ်ဘုရားက မြေပုံတစ်ခု ပို့ပေးထားခဲ့သည်။

ရှောင်းယီက ထိုမြေပုံကို တစ်ချက်ကြည့်လိုက်၏။

“ကြည့်ရတာတော့ နေရာကောင်းတစ်ခုပဲ။”

သို့သော် သူ၏မျက်ခုံးများ ထပ်မံစုကျုံ့သွားပြီး တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာသာ အမှန်တကယ် တူညီသောရတနာများရှိနေပါ မြေပုံကို ပထမဆုံးရရှိသူသည် အချိန်အတော်ကြာကတည်းက တူးဖော်ပြီးဖြစ်ရမည်မဟုတိပါလော။

အခြားသူများလည်း ထိုအရာကို ရရှိရခြင်း၏ အဓိပ္ပါယ်မှာ အဘယ်နည်း။

ကမ္ဘာပေါ်တွင် လူများစွာရှိပြီး တစ်စုံတစ်ဦးသည် ယခင်ကတည်းက ထိုအရာကို ရကောင်းရထားနိုင်ပြီးဖြစ်သည်။ သို့မဟုတ် ရတနာတွင် ပိုင်ရှင်ရှိပြီးသားပင် ဖြစ်ကောင်းဖြစ်နိုင်သည်။

ထိုသို့သံသယရှိနေသော်လည်း ရှောင်းယီက ပြန်ပြောလိုက်ပေသည်။

“ကောင်းပြီလေ ငါတို့ အတူသွားကြတာပေါ့။”

အခန်း ၃၀၀

သေမင်းနတ်ဘုရားသည် ရှောင်းယီ၏တုံ့ပြန်မှုကို မြင်သော အလွန်ဝမ်းသားသွား၏။

“ကောင်းပြီ၊ ဒါဆို ကျွန်တော် အခုထွက်ခွာတော့မယ်။”

ရှောင်းယီက ခဏတာ ကြောင်အသွားပြီးနောက် ချက်ချင်းပင် မေးလိုက်သည်။

“မင်းအခုထွက်သွားရင် မင်းရဲ့ကျွန်းက ဘယ်လိုဖြစ်သွားမှာလဲ။”

“မစိုးရိမ်ပါနဲ့။ ကျွန်တော့်ကျွန်းကို စောင့်ကြည့်ဖို့ လူနှစ်ယောက်ကို ငှားထားပြီးသားပါ။ သင်္ဘောပေါ်မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်လည်းရှိသေးတယ်။ မလန့်ပါနဲ့။”

သေမင်းနတ်ဘုရားက ပြန်ပြောလိုက်သည်။

“မင်းရဲ့သင်္ဘောကရော ဘယ်လိုသင်္ဘောမျိုးလဲ။”

ရှောင်းယီက ဆက်မေးလိုက်၏။

“ပင်လယ်သတ္တဝါတွေရဲ့တိုက်ခိုက်မှုကိုကာကွယ်ဖို့ သင်္ဘောဦးပိုင်းရုပ်တုရှိလား။”

“သဲသင်္ဘောမှာတော့ သင်္ဘောဦးပိုင်းရုပ်တာမရှိပါဘူး။ ဒါပေမယ့် ခင်ဗျားပြောခဲ့သလိုပဲ ပင်လယ်ထဲက ယသားရဲကြီးတွေက လက်ရှိဖွံ့ဖြိုးတိုးတက်မှုအဆင့်ထက် ကျော်လွန်တဲ့ သင်္ဘောတွေကို တိုက်ခိုက်ရတာ ကြိုက်နှစ်သက်နေတုန်းပဲ။ ကျွန်တော့်ရဲ့သဲသင်္ဘောက လက်ရှိဖွံ့ဖြိုးတိုးတက်မှုအဆင့်နဲ့ အတော်လေးကိုက်ညီတယ်။ ပြီးတော့ အရမ်းစွမ်းအားကြီးတဲ့ ပင်လယ်သတ္တဝါတွေကို တွေ့ရမဟုတ်ပါဘူး။”

သေမင်းနတ်ဘုရားက ပြန်ပြောလိုက်သည်။

ရှောင်းယီ အနည်းငယ်အံ့အားသင့်သွား၏။

“အဲ့ဒါကငါ့ရဲ့ခန့်မှန်းချက်သက်သက်ပဲ။ မှန်တယ်ဆိုတာ မင်းသေချာလို့လား။”

“အခြေခံအားဖြင့်တော့ သေချာပါတယ်။ ကျွန်တော့်ကျွန်းက လူနှစ်ယောက်က ကျွန်တော့်နဲ့ သိပ်မဝေးဘူး။ သူတို့ကို သဲသင်္ဘောနဲ့ ဒီကိုလာခိုင်းခဲ့တာပဲ။”

သေမင်းနတ်ဘုရားက ပြန်ပြောလိုက်သည်။

“လမ်းတစ်လျှောက်မှာ ပင်လယ်သတ္တဝါတွေရဲ့တိုက်ခိုက်မှုတချို့ကို ကြုံတွေ့ခဲ့ရပေမယ့် ကိုင်တွယ်နိုင်တုန်းပဲ။”

ရှောင်းယီက ရယ်မောလိုက်၏။

“သစ်သားလှေနဲ့သွားတာက အန္တရာယ်ကင်းဆုံးမဟုတ်ဘူးလား”

“ခင်ဗျားဘက်က အချိန်ကုန်မှာကို မကြောက်ဘဲ ဘေးကင်းရေးကိုပဲ ဂရုစိုက်တယ်ဆိုရင်တော့ ဒါကိုပြောလို့ရတယ်။”

သေမင်းနတ်ဘုရားက ပြန်ပြောလိုက်သည်။

“ကောင်းပြီ၊ ရတနာတိုက်နေရာမှာ တွေ့ကြတာပေါ့။”

ရှောင်းယီက ပြောလိုက်သည်။

ရတနာသိုက်သည် ရှောင်းယီတို့ကျွန်း၏အနောက်တောင်ဘက် ကီလိုမီတာ ၆၀၀၀ ခန့်အကွာတွင် တည်ရှိပြီး အပျော်စီးသင်္ဘော၏အမြန်နှုန်းဖြင့်ဆိုလျှင် ၁၀ နာရီအတွင်း၌ ရောက်ရှိနိုင်ပေသည်။

ယသေမင်းနတ်ဘုရားသည် ရှောင်းယီကျွန်း၏အနောက်ဘက် ကီလိုမီတာထောင်ချီ ဝေးကွာပြီး သူတို့သုံးဦးလုံးသည် ထောင့်မှန်တြိဂံပုံသဏ္ဍာန် တည်ရှိနေခြင်းဖြစ် လေသည်။

သေမင်းနတ်ဘုရားသည် ရတနာသိုက်မှ ကီလိုမီတာ ၈၀၀၀ ခန့်ဝေးကွာပြီး လက်ရှိသင်္ဘော၏အမြန်နှုန်းဖြင့် အနည်းဆုံး ၁၀ ရက်ခန့်ကြာမည်ဖြစ်သည်။

ရှောင်းယီမှာ လုံးဝအလျင်မလိုပေ။ သူ့ကျွန်းပေါ်တွင် လုပ်စရာကိစ္စများစွာ ရှိနေသေး၏။

သေမင်းနတ်ဘုရားသည် သေချာပေါက် သူ၏စွမ်းအားကို စိတ်ဝင်စားပြီး သူ့ကိုအသုံးချလိုသောကြောင့် သူနှင့်ပူးပေါင်းလိုခြင်းဖြစ်သော်လည်း ရှောင်းယီသည်လည်း ကောင်းကင်ပေါ်သို့ခြေချနိုင်ရန် တစ်စုံတစ်ဦး၏ အကူအညီကို လိုအပ်နေပေသည်။

သေမင်းနတ်ဘုရားနှင့် စကားပြောပြီးနောက် ရှောင်းယီက တိတ်တဆိတ်ရေရွတ်လိုက်၏။

“စနစ် လက်မှတ်ထိုးဝင်မယ်။”

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- အဆင့်မြှင့်တင်မှုကဒ် (S အဆင့်)။”

“အဆင့်မြှင့်တင်မှုကဒ် (S အဆင့်)- S အဆင့် အောက်ရှိ မည်သည့်ပစ္စည်းသို့မဟုတ် မည်သည့်သတ္တဝါကိုမဆို S အဆင့်သို့ အဆင့်မြှင့်တင်နိုင်သည်။”

“အဆင့်မြှင့်တင်မှုကဒ် နောက်တစ်ကြိမ်ထွက်လာပြီ။”

ရှောင်းယီ အနည်းငယ်စိတ်လှုပ်ရှားသွားခဲ့သည်။ ဤအကြိမ်တွင် ၎င်းကို သူကိုယ်တိုင်အတွက် အသုံးမပြုနိုင်ပေ။ သူသည် မနေ့က အန်းရန်၏ အံ့သြဖွယ်စွမ်းဆောင်ရည်ကို သတိရသွားခဲ့သည်။

“ဒါကို အန်းရန်ဆီ ပေးလိုက်မယ်။ အစ်ကိုကျန်း S အဆင့်နဲ့ သိပ်ပြီးမဝေးတော့ဘူး။ သူအသုံးပြုလိုက်ရင်လည်း အလကားပဲဖြစ်သွားလိမ့်မယ်။”

ဆုံးဖြတ်ချက်ချပြီးနောက် ရှောင်းယီသည် အန်းရန်ကိုချက်ချင်းပင် ရှာဖွေလိုက်၏။ ခဏအကြ၌ အန်းရန်ကို တွေ့လိုက်ရလေသည်။

“အန်းရန် ငါ အခုလေးတင် အဆင့်မြှင့်တင်မှုကဒ်တစ်ခုရခဲ့တယ်။ အဲ့ဒါကို မင်းအတွင် အသုံးပြုမယ်။ မခုခံနဲ့။”

အန်းရန်သည် သူ၏လက်အောက်ခံမဟုတ်သောကြောင့် အန်းရန်ပေါ်တွင် သူ့စိတ်ကြိုက်စွမ်းရည်ကဒ်များကို အသုံးပြုခွင့်မရှိပေ။

အန်းရန်သည် မသိလိုက်ဘဲ အနည်းငယ်မျှ ခုခံကာကွယ်လိုက်ပါက အသုံးမပြုနိုင်တော့ဘဲ အဆင့်မြှင့်တင်မှုကဒ်ကို အချည်းနှီးဖြစ်သွားစေမည်ဖြစ်၏။

ရှောင်းယီ၏စကားကိုကြားသောအခါ အန်းရန် အနည်းငယ် ကြောင်အသွားခဲ့သည်။

“နင် ငါ့ကိုအဆင့်မြှင့်ပေးနိုင်တာလား။ ဘာလို့ အစ်ကိုကျန်းကို မပေးလိုက်တာလဲ။ သူက အမြဲတမ်း လုံခြုံရေးကိစ္စတွေကို တာဝန်ယူထားတာလေ။”

“သူ့ကိုပေးလိုက်တာက ဖြုန်းတီးရာကျလွန်းတယ်။ မနေ့က မင်းပြသခဲ့တဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုတွေက လူတိုင်းကို အံ့အားသင့်စေခဲ့တယ်လေ။”

ရှောင်းယီက ပြုံးရယ်ကာ ပြောလိုက်သည်။

“မင်းပဲ ငြင်းလို့မရဘူး။”

“ကောင်းပါပြီ”

အန်းရန်က တုံ့ပြန်လိုက်၏။

ထို့နောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်၌ အဆင့်မြှင့်တင်မှုကဒ်ကို ချက်ချင်းအသုံးပြုလိုက်တော့သည်။

“[အဆင့်မြှင့်တင်မှုကဒ်] (S- အဆင့်) ကို အန်းရန်ပေါ်တွင် အသုံးပြုမည်မှာ သေချာပါသလား။”

“သေချာတယ်”

“အသုံးပြုနေပါသည်... အောင်မြင်စွာအသုံးပြုပြီး ပစ်မှတ်ကို S အဆင့် သို့အောင်မြင်စွာ မြှင့်တင်နိုင်ခဲ့ပါသည်။”

အန်းရန်သည် သူမ၏ခန္ဓာကိုယ်အတွင်းပိုင်းမှ အပူလှိုင်းတစ်ခု ပေါ်ထွက်လာပြီး ခြေလက်အင်္ဂါများထဲကို အဆက်မပြတ် စီးဆင်းနေသည်ကို ခံစားလိုက်ရလေသည်။

ထိုအပူလှိုင်းသည် လျင်မြန်စွာ ပျောက်ကွယ်သွားသော်လည်း ၎င်း၏ယူဆောင်လာသော စွမ်းအားများမှာ သူမ၏ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေခဲ့သည်။

ရှောင်းယီသည်လည်း သူမခန္ဓာကိုယ်ထဲရှိ သိပ်သည်းသည့် စွမ်းအားများကို ခံစားလိုက်ရ၏။

“သွားကြရအောင်။ မင်းကိုယ်ပိုင်စွမ်းအားနဲ့ လိုက်လျောညီထွေဖြစ်အောင် ငါမင်းကို ခေါ်သွားပေးမယ်။”

ရှောင်းယီက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“အင်း”

အန်းရန်သည် ရှောင်းယီနောက်သို့လိုက်ပါကာ ထွက်ခွာသွားခဲ့သည်။

မြို့ရိုးအတွင်း၌ ယွမ်နွန်နှင့် အန်းယွဲ့တို့သည် ငှက်ချေးအနံ့များကို ဖယ်ရှားရန် ဆေးဘက်ဝင်အပင်မျိုးစုံဖြင့် မီးခိုးမှိုင်းတိုက်နေကြ၏။

ရှောင်းယီတို့ ထွက်လာသည်ကိုမြင်သောအခါ အန်းယွဲ့က မေးလိုက်သည်။

“ဘယ်သွားကြမလို့လဲ။”

“အန်းရန်ကို အထူးလေ့ကျင့်ပေးမလို့ပါ။”

ရှောင်းယီက ပြုံးကာ ပြန်ပြောလိုက်ပြီး သံသယဖြင့်ဆက်မေးလိုက်သည်။

“ဦးလေးက ထောက်ပံ့ရေးသေတ္တာတွေဆီကို သွားသင့်တာမဟုတ်ဘူးလား။”

“ချင်းလုံက အဲ့ဒီထောက်ပံ့ရေးသေတ္တာတွေကို ကမ်းခြေကို တွန်းပို့ထားတယ်လေ။ အလိုအလျောက်ငါးဖမ်းပိုက်တောင်မှ ငါးတွေပဲ ဖမ်းနိုင်တော့တယ်။”

အန်းယွဲ့က ရယ်မောကာဖြင့် ပြေလိုက်သည်။

“အဲ့ဒါနဲ့ ငါလည်း လယ်သမားကို မီးခိုးမှိုင်းတိုက်ဖို့ ကူညီရအောင် ဝင်လာခဲ့တာ။”

ရှောင်းယီသည်လည်း အနည်းငယ်ကြောင်အသွားပြီး ချင်းလုံရှိနေသောကြောင့် သက်သာရာရသွားခဲ့သည်။ သူသည် ထောက်ပံ့ရေးသေတ္တာများကို ကောက်ယူပေးနိုင်ပြီး ပင်လယ်သတ္တဝါများ၏တိုက်ခိုက်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်သည်။ ဤတာဝန်များမှာ သူ့အတွက် အလွန်လွယ်ကူလွန်းပေသည်။

၎င်းသည် လူနှင့်တိရစ္ဆာန်များစွာကို အားလပ်သွားစေပြီး ဝမ်ချိုင်သည်လည်း ကျွန်းအထိမ်းအမှတ်တိုင်ကို စောင့်ကြည့်နေရန် မလိုအပ်တော့ပေ။ ချင်းလုံ၏အမြန်နှုန်းဖြင့် ပင်လယ်ရေနေသတ္တဝါများမှာ အုတ်မြစ်ကျောက်များကို သုံးမိနစ်အတွင်း၌ ဖျက်စီးနိုင်ပစ်နိုင်သည်လျှင်ပင် ထိုနေရာသို့ အချိန်မီရောက်ရှိနိုင်ပေသည်။

တပိုင်နှင့် သားရဲဘုရင်တို့သည်လည်း ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်မှုကို ကိုင်တွယ်ဖြေရှင်းရန် မလိုအပ်တော့ပေ။

မနေ့က တောထဲ၌ သားရဲအဓိကရုဏ်း ဖြစ်နေသည်သိလိုက်ရပြီးနောက် နှစ်ယောက်လုံး အရမ်းဒေါသထွက်သွားကြကာ ယနေ့မနက်စောစောကပင် တောထဲဝင်သွားပြီး ဘာလုပ်နေမှန်း မသိရပေ။

ရှောင်းယီ ခေါင်းညိတ်လိုက်ကာ အန်းရန်ကို သစ်တောတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

“ဒီမှာပဲ ငါလာပြီနော်။”

ရှောင်းယီက ရန်စစ်ဟန်ဖြင့် ရပ်လိုက်ရင်း အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“အိုကေ”

အန်းရန်က ချက်ချင်းပင် စိတ်လှုပ်ရှားလာခဲ့သည်။

“မင်းရဲ့စွမ်းအားတွေ အားလုံးကိုသုံးပြီး တိုက်ပွဲထဲမှာ မင်းရဲ့မြင့်တက်လာတဲ့စွမ်းအားကို အမြန်ဆုံးလိုက်လျောညီထွေဖြစ်အောင်လုပ်ရမယ်။”

“အင်း”

ရှောင်းယီက ချက်ချင်းပင် တိုက်ခိုက်လိုက်သည်။ အန်းရန်သည် ရှောင်းယီ၏တိုက်ကွက်များကို ရှောင်တိမ်းကာ တားဆီးနေခဲ့သည်။

“ငါ့ကိုပြန်တိုက်ဖို့ အခွင့်အရေးရှာ!”

ရှောင်းယီက အော်ပြောလိုက်သည်။

အန်းရန်က ခေါင်းအနည်းငယ်ညိတ်ကာ ရှောင်းယီ၏ ပြင်းထန်သော လက်သီးချက်များကို ရှောင်တိမ်းကာ ရှောင်းယီ၏နံရိုးကို ထိုးလိုက်သည်။

ရှောင်းယီ အနည်းငယ်ကြက်သေသေသွား၏။ အန်းရန်၏တုံ့ပြန်မှုမှာ အလွန်မြန်ဆန်နေခဲ့သည်။

ဘမ်း!

“ဟစ်!”

ရှောင်းယီ အသက်ရှုပင်မှသွားကာ သူ၏နံရိုးများကို ပွတ်သပ်လိုက်၏။

“ငါ နင့်ကို ထိခိုက်အောင်လုပ်လိုက်မိတာလား။”

အန်းရန်က စိုးရိမ်စွာဖြင့် ရှောင်းယီကိုကြည့်ကာ ကူညီလိုဟန်ဖြင့် ရှေ့သို့တက်လာခဲ့သည်။

“မင်းက မင်းရဲ့ခင်ပွန်းကို သတ်ချင်နေတာလား။”

ရှောင်းယီက ပြောလိုက်၏။

ရှောင်းယီ၏ ရွှတ်နောက်နောက်ပုံစံကို မြင်သောအခါ အန်းရန်က မျက်စောင်းထိုးလိုက်သည်။

“စိတ်ဆင်းရဲတယ်!”

ရှောင်းယီက လေးနှင့်မြှားကို သူမဘေးသို့ ပစ်ပေးလိာက်၏။

“လေးနဲ့မြှားကိုသုံးကြည့်။”

အန်းရန်က ခေါင်းညိတ်ကာ လေးကိုကိုင်ကာ လေးကြိုးကို ဆွဲယူလိုက်သည်။

ကလစ်!

လေးနှင့်မြှားသည့် သူမလက်ချက်ဖြင့် ကျိုးသွားတော့သည်။

အန်းရန်သည် မြှားပစ်ရာ၌ အကောင်းဆုံးဖြစ်ပြီး အကောင်းဆုံးဖြစ်သော B အဆင့်လေးအား အသုံးပြုခြင်းဖြစ်ကြောင်းကိုလည်း သိထားရပေမည်။

ထိုကဲ့သို့ အားကောင်းသည့်လေးတစ်လက်ကို သူမက ချိုးဖဲ့ပစ်လိုက်ခြင်းဖြစ်ပေသည်။

ရှောင်းယီသည် ကူကယ်ရာမဲ့စွာဖြင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ သွားကာ ပြုပြင်လိုက်ရ၏။

“သတိထားပြီး ထပ်ကြိုးစားကြည့်။”

အန်းရန်က ခေါင်းညိတ်ကာ ဂရုတစိုက်ဖြင့် လေးကြိုးကိုဆွဲတင်ကာ မြှားတစ်ချောင်း ပစ်လွှတ်လိုက်သော်လည်း မြှားသည် ပစ်မှတ်ဘေးတွင် ရပ်နေသော ရှောင်းယီ၏ အနား၌ ထိမှန်သွားခဲ့သည်။

“မင်းက တကယ်ပဲ ငါ့နဲ့ပြဿနာဖြစ်ချင်နေတာပဲ။”

ရှောင်းယီက ရယ်မောပြောလိုက်၏။

“နင် ငါ့ဘေးမှာရပ်နေတာပိုကောင်းမယ်”

အန်းရန်က မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။ “

ငါ့ရဲ့စွမ်းအားကို ငါကောင်းကောင်းမထိန်းချုပ်နိုင်ဘူး မြှားပစ်လိုက်တဲ့အချိန်မှာလည်း ဘာမှမခံစားရဘူး။”

ရှောင်းယီသည် ရွေးချယ်စရာမရှိတော့ဘဲ ထွက်သွားလိုက်ရလေတော့သည်။

အန်းရန်သည် တစ်နေကုန်လေ့ကျင့်နေခဲ့ပြီး နောက်ဆုံးတွင် သူ၏ကိုယ်ပိုင်စွမ်းအားကို နားလည်သဘောပေါက်လာခဲ့သည်။

မြားကျည်တောင့်ထဲရှိ နောက်ဆုံးကျန်ရှိသော ဝါးမြှား ၁၀ ချောင်းကို ကြည့်ပြီးနောက် အန်းရန်သည် တစ်ချောင်းကိုထုတ်ယူကာ လေးကြိုးပေါ်တင်ပြီး ပစ်လွှတ်လိုက်သည်။ ပထမမြှားတစ်ချောင်း ပစ်ပြီးသည်နှင့် ဒုတိယမြှားကို ချက်ချင်းပင် ထုတ်ယူကာ တူညီသောနေရာသို့ ပစ်လွှတ်လိုက်၏။

နောက်ဆုံးမြှား ၁၀ ချောင်းစလုံးကို ပစ်ပြီးသည်အထိ ထိုနည်းအတိုင်းပင် တစ်ခုပြီးတစ်ခု ဆက်လုပ်သွားလိုက်သည်။

ဝှစ်ရှ်!

ပထမမြှားသည် ပစ်မှတ်၏ဗဟိုကို ထိမှန်သွားပြီး ဒုတိယမြှားသည် ပထမဝါးမြှားကို အမြီးမှတစ်ဆင့် တိုက်ရိုက် ဖောက်ထွက်သွားခဲ့သည်။

တတိယမြှားသည် ဒုတိယမြှားကို ဖြတ်ကျော်ကာ ဤနည်းအတိုင်းပင် ဆက်သွား၏။

နောက်ဆုံးမြှားသည် နောက်ဆုံးမြှားကိုဖြတ်သန်းကာ ပစ်မှတ်၏ဗဟိုကို တစ်ချိန်တည်းတွင် ဖြတ်သန်းသွားလေသည်။

All Chapters