အခန်း (၃၀၁-၃၀၃)
Vol. 21 Ch. 301-303
အခန်း ၃၀၁
ဖြောင်း ဖြောင်း ဖြောင်း
ရှောင်းယီ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လက်ခုပ်တီးကာ အားပေး မပေးဘဲမနေနိုင်ခဲ့ပေ။
“အစ်ကိုကျန်းက မင်းကို လေးနဲ့မြှားမှာ အကောင်းဆုံးလို့ပြောတာ မဆန်းတော့ဘူး။ မင်းက အချိန်တိုးအတွင်းမှာ မြှားတွေအများကြီးကို ပစ်လွှတ်နိုင်တယ်။ ပြီးတော့ အားလုံးကလည ပစ်မှတ်နဲ့လွဲသွားတယ်ဆိုတာမရှိဘူး။ အခုကစပြီးတော့ မင်းက အကောင်းဆုံးလေးသည်တော်တစ်ယောက်ဖြစ်လာလိမ့်မယ်။”
အန်းရန်က ပြောလိုက်သည်။
“ငါ လေးနဲ့မြှားကို စကိုင်လိုက်တဲ့အချိန်ကနည်းက ဒါက ငါနဲ့ရင်းနှီးကျွမ်းဝင်နေတယ်လို့ ခံစားလိုက်ရတယ်။ လေ့ကျင့်ရတာလည်း ပိုပြီးလွယ်လာတယ်။”
“အိုး! မင်းရဲ့ပါရမီကတော့ တကယ့်ကိုမနာလိုစရာပဲ။”
ရှောင်းယီ သက်ပြင်းချလိုက်မိ၏။
“ရှောင်းယီ ဂရုထဲမှာ လူတိုင်း ရတနာမြေပုံအကြောင်း ပြောနေကြသလိုပဲ။”
ဆုဝမ်၀အသံက ဝေါ်ကီတော်ကီမှတစ်ဆင့် ထွက်ပေါ်လာခဲ့သည်။
ရှောင်းယီ အနည်းငယ် တုန်လှုပ်သွားပြီးနောက် ချက်ချင်းပြန်ဖြေလိုက်၏။
“အင်း ငါအခချက်ချင်း သွားကြည့်လိုက်မယ်။”
ထို့နောက် သူတို့နှစ်ယောက်စလုံး ဗီလာသို့ ပြန်ရောက်လာခဲ့ကြသည်။ ရှောင်းယီ သူ၏အိပ်ခန်းထဲသို့ ပြန်သွားကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ယီထျန်းဂရုထဲသို့ ဝင်ကြည့်လိုက်သည်။
“ဟားဟား! ငါကံက သိပ်မဆိုးဘူးလို့ပြောရမယ်။”
“ဟုတ်တယ်။ ဒီလိုအရာမျိုးကိုတောင် မင်းတကယ်ရနိုင်ခဲြတာပဲ။ ဒါက ရတနာမြေပုံဆိုတော့ ဒီထဲမှာ ရတနာတွေအများကြီးရှိရမယ်ယ”
“အဓိကအချက်ကဘာလဲ။ မင်းမှာ ရတနာမြေပုံရှိတယ်ဆိုရင်တောင် ရတနာတွေဝှက်ထားတဲ့နေရာကို ရောက်အောင်သွားနိုင်ရဦးမယ်။”
“အပေါ်ကလူ မင်းကိုကြည့်ရတာ ဂျယ်လီနင်နေသလိုပဲ။ ဒါဆိုတော့ မင်းအကောင်းဆုံးကြိုးစားမှရမယ်။”
“ငါက မနာလိုနေတာလား။ ငါ့မှာ ရတနာမြေပုံရှိတယ်ဆိုရင်တောင် ငါအပြင်ထွက်မှာမဟုတ်ဘူး။ အခု ငါ့ကျွန်းမှာ စားစရာသောက်စရာတွေအတွက် စိုးရိမ်စရာမလိုတော့ဘူး။ ဘာဖြစ်လို့ ရတနာရှာဖို့ အန္တရာယ်တောထဲတိုးဝင်ရမှာလဲ။ ပြီးတော့ ရတနာတွေဆိုတာ အန္တရာယ်နဲ့ အခွင့်အလမ်းတွေ ရောပါတယ်လို့ပဲ ငါပြောချင်တယ်။ မင်းတို့က ထမင်းထုပ်ကိုပဲမြင်ပြီး ဝါးရင်းတုတ်ကိုကျ မမြင်ကြဘူးပဲ။”
“အပေါ်ကအစ်ကိုကြီးပြောတာ ဟုတ်လောက်တယ်။ ဒီပစ္စည်းကိုရနိုင်ဖို့ဆိုရင် အဲ့ဒီလူက အတော်လေးအားကောင်းမှရမယ်။”
“ဒီလိုပဲဖြစ်သင့်တယ်။ ငါတို့မှာ စွမ်းအားအလုံလလောက်မရှိရင် ရတနာတွေကိုတောင် မတွေ့လိုက်ရဘဲ အသက်ဆုံးရှုံးသွားလိမ့်မယ်။”
“အင်း မင်းပြောမှပဲ ဒီအရာက အာလူးပူတစ်လုံးဖြစ်လာတယ်လို့ငါခံစားလိုက်ရပြီ။”
“လူငယ်လေ။ ဒီရေက အရမ်းနက်တယ်။ အဲ့ဒါကို မင်းမထိန်းချုပ်နိုင်ဘူး။ အုတ်မြစ်ကျောက် ၅ ခုနဲ့ ငါ့ကိုပေးလိုက်မယ်ဆိုရင်ရော။”
“မင်းက အုတ်မြစ်ကျောက်ငါးခုတည်းနဲ့ ရတနာမြေပုံလိုချင်နေတာလား။ ငါဆယ်ခုပေးမယ်။”
“ချီးဘဲ မင်းက စီးပွားရေးကိုခိုးဖို့ ကြိုးစားနေတာလား။ မင်းမှာရော စွမ်းအားလုံလောက်လို့လား။ မင်းဝယ်လိုက်ရင်တောင် မင်းသွားရဲမှာမို့လို့လားကွ။”
“ကျစ်! ငါက ဘာလို့မသွားရဲရမှာလဲ။ ငါဆီမှာ လာရောင်းလှည့်။”
“ငါအုတ်မြစ်ကျောက် ၂၀ ပေးမယ်။”
ရုတ်တရက် တစ်စုံတစ်ဦးက စျေးနှုန်းကို နှစ်ဆတိုးလိုက်၏။
ထိုအချိန်တွင် လူအများ ခေါင်းခါမိလိုက်ကြသည်။ မသေချာသော ရတနာမြေပုံအတွက် အုတ်မြစ်ကျောက်များစွာ အကုန်အကျခံရန်မှာ ထိုက်တန်မှုရှိ၊မရှိ ပြောရန် ခက်ခဲလှပေသည်။
ရတနာမြေပုံပိုင်ရှင်သည် ခဏကြာအောင် တွန့်ဆုတ်နေပြီး အံ့ကြိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီ။ လဲလှယ်ကြတာပေါ့။”
လဲလှယ်မှုအောင်မြင်ပြီးနောက် ရတနာမြေပုံရရှိသွားသူသည် ချက်ချင်းပင် ရတနာမြေပုံကို ရွှမ်းယွမ်ဝူဝေ့ဆီသို့ လဲလှယ်လိုက်၏။
ရွှမ်းယွမ်ဝူဝေ့ သူ၏လက်ထဲရှိ ကျောက်ပြားကိုကြည့်လိုက်သည်။
“ရတနာမြေပုံဆိုလိုပစ္စည်းမျိုးလည်း ရှိသေးတာပဲ။”
“သခင်လေး ဒီရတနာမြေပုံက မရိုးရှင်းဘူးလို့ ကျွန်တော်ခံစားရတယ်။ သတိထားပါ။”
ဦးလေးချန်းက ဘေးမှနေ၍ သတိပေးလိုက်သည်။
ရွှမ်းယွမ်ဝူဝေ့က ခေါင်းညိတ်လိုက်၏။
“အင်း ကျွန်တော်နားလည်ပါတယ်။ ဒီရတနာရဲ့တည်နေရာကို အရင်ကြည့်လိုက်ကြတာပေါ့။ ပြီးမှ ဆက်ပြောကြမယ်။”
ထိုအချိန်၌ ရှောင်းယီသည် အုပ်စုအတွင်းရှိ ဆွေးနွေးမှုများကို ကြည့်ကာ စဉ်းစားနေ၏။
“ဒီရတနာမြေပုံက တစ်နေရာတည်းကို ဦးတည်နေတာမျိုးဖြစ်သင့်တယ်မဟုတ်လား။”
သူထိုသို့ စဉ်းစားမိလိုက်သည့်အချိန်မှာပင် အုပ်စုထဲတွင် တစ်စုံတစ်ယောက်က သူ့နာမည်အား ထုတ်ပြောလိုက်သည်ကို တွေ့လိုက်ရလေသည်။
“သူဌေးယီရန်ပင်းက ဒီရတနာမြေပုံကို ဘာလို့မဖမ်းဆုပ်ခဲ့တာလဲ။”
“သူဌေးကြီးက ရတနာမြေပုံမရှိရင်တောင် ကောင်းကောင်းနေနိုင်တယ်။ ဘာလို့ ရတနာသိုက်တူးပြီး သေလမ်းရှာရမှာလဲ။”
“အမှန်ပဲ။ သူ့မှာ အပျော်စီးသင်္ဘောတောင်ရှိတယ်။ ဘာလို့ ရတနာတွေ တူးဖော်နေမှာလဲ။”
“အဲ့ဒီသင်္ဘောအကြောင်းပြောရရင် ဒီသင်္ဘောကိုတောင် ရတနာသိုက်တူးပြီးရခဲ့တာလားဆိုပြီး ငါတွေးမိတယ်။ ငါတို့ ထောက်ပံ့ရေးသေတ္တာဖွင့်တဲ့အခါ ပြီးပြည့်စုံတဲ့ပစ္စည်းတွေ့ရတာ အရမ်းရှားတယ်မဟုတ်လား။”
“ထင်တာပဲ။ ငါတို့အားလုံးက ထုတ်လုပ်မှုပုံစံတွေရမှ အဲ့ဒါတွေနဲ့ ထုတ်လုပ်ရတာ။ အပျော်စီးသင်္ဘောတစ်စီးကို ထုတ်လုပ်ဖို့ဆိုရင် အခုချိန်မှာ လိုအပ်တဲ့ကုန်ကြမ်းတွေကို မရနိုင်လောက်ဘူးလို့ ငါထင်တယ်။”
“ဟုတ်တယ်။ ဟုတ်တယ်။ သူဌေးကြီးရဲ့သင်္ဘောပေါ်ကို ငါတက်ဖူးတယ်။ အဲ့ဒါက အရမ်းအဆင့်မြင့်တာပဲ။ အထဲမှာ ဉာဏ်ရည်တုတောင်ရှိတယ်။”
“ဉာဏ်ရည်တုလား။ ဒါကတော့ အရမ်းများသွားပြီ။ ငါတို့ဆိုရင် အခုမှ စိုက်ပျိုးရေးခေတ်မှာ ပိတ်မိနေတုန်းပဲလေ။ သူဌေးကြီးမှာက ဉာဏ်ရည်တုစနစ်တောင် ရှိနေပြီလား။”
“ရတနာမြေပုံက တစ်ချက်ကြည့်ရုံလောက်နဲ့ တူးဖော်နိုင်လောက်တဲ့အထိ မလွယ်ကူဘူး။”
ရှောင်းယီက ပြောလိုက်သည်။
သူသည် ရည်ရွယ်ချက်ရှိရှိဖြင့် ဤသို့သော မရေရာသည့်စကားများပြောကာ လူတိုင်းအား ဤရတနာသိုကါသည် လွယ်ကူခြင်းမရှိကြောင်း လျှို့ဝှက်စွာ သတိပေးလိုက်၏။
“သူဌေးကတောင် ဒီလိုပြောနေပြီဆိုတော့ ရုတ်တရက်ကြီး ငါ ရတနာမြေပုံရောင်းလိုက်တာက မှန်တယ်လို့ ခံစားမိသွားပြီ။”
“သူဌေးက ဘယ်လိုသိတာလဲ။ သူဌေးက ရတနာသိုက်တွေကို တကယ်ပဲတူးဖော်ဖူးတာလား။”
“ဖြစ်နိုင်တယ်”
ရှောင်းယီ သူတို့ကို ဆက်လက်တုံ့ပြန်ခြင်းမပြုတော့ဘဲ သူ့ဘာသာ စဉ်းစားခွင့်ပေးလိုက်သည်။
“ရှောင်းယီ ငါတို့ကိုတိုက်ခိုက်ဖို့လာတဲ့ ဒေသခံသင်္ဘော ပျောက်သွားပြီ။”
ထိုစဉ် ကျန်းယွင်ထျန်း၏အသံက ဝေါ်ကီတော်ကီထဲမှ ထွက်ပေါ်လာ၏။
မူလက ကျွန်းမှ ကီလိုမီတာ ၂၀ အကွာတွင် ရပ်နားထားသော ဒေသခံသင်္ဘောသည် ယနေ့၌ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ၎င်းသည် ဦးတည်ချက်ကျောက်၏ တယ်လီပို့စနစ်ကို အသုံးပြု ပြန်လှည့်သွားခဲ့ခြင်းဖြစ်သည်။
“သူတို့ ခဏလောက်တော့ ငြိမ်သွားလောက်မယ်လို့ ငါထင်တယ်။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“ဒါနဲ့စကားမစပ် မနေ့ကမီးလောင်ထားတဲ့သင်္ဘောကို ပြန်ပြင်ပြီးပြီလား။”
“ပြင်ပြီးသွားပြီ။ မင်း မြှားလှည်းကို အပေါ်တွန်းတင်ချင်လား။”
ကျန်းယွင်ထျန်းက ပြန်ဖြေ၏။
“မစိုးရိမ်နဲ့ အဲ့ဒါကို ဆိပ်ကမ်းမှာပဲ ထားလိုက်ပါ။”
ရှောင်းယီက ပြောလိုက်သည်။
“ဆားကွင်းတွေကို အရင်သွားကြည့်ရအောင်။”
ရှောင်းယီသည် သူတို့မနေ့က တူးဖော်ထားသော ဆားကွင်းဆီသို့ ထွက်လာခဲ့သည်။
တစ်နေကုန် နေပူလှမ်းပြီးနောက် ဆားကွင်းများတွင် မီးခိုးဖြူရောင်ပုံဆောင်ခဲများစွာ ပေါ်ထွက်လာပြီဖြစ်သည်။
“ဒီဆားကြမ်းတွေကို စုဆောင်းရမယ်။”
ထိုသို့ပြောပြီးနောက် ရှောင်းယီက ဆားပုံဆောင်ခဲများကို စုဆောင်းလိုက်၏။
ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့ ဆားကြမ်းအားလုံးကို စုဆောင်းပြီးနောက် ထပ်မံရေချိုဖြင့် လူံဝပျော်ဝင်သွားအောင် ရောဖျော်လိုက်သည်။
ထို့နောက် လီယန်ရက်လုပ်ထားသော ပိတ်ချောအထည်ကို အသုံးပြုကာ ဆားငန်ရည်ကို သန့်စင်ကြည်လင်လာသည်အထိ အကြိမ်များစွာ စစ်ထုတ်လိုက်သည်။
ထို့နောက် ဆားငန်ရည်ကို နေပူထပ်လှမ်းထားလိုက်၏။
“ဒါက သိပ်မခက်သလိုပဲ။”
ရှောင်းယီ ရေရွတ်လိုက်သည်။ ထိုအခါ ကျန်းယွင်ထျန်း ခေါင်းခါလိုက်၏။
“ငါတို့ ခဏခဏစစ်ထုတ်ထားပေမယ့် အတွင်းပိုင်းက အညစ်အကြေးတွေကို အပြည့်အဝမဖယ်ရှားနိုင်သေးဘူး။ ဒီနည်းနဲ့ ထုတ်လုပ်ထားတဲ့ ဆားက နည်းနည်းတော့ခါးလိမ့်မယ်။”
“စားလို့ရရင်ရပြီ။ အခုအခြေအနေတွေကလည်း မပြည့်စုံသေးဘူးဆိုတော့ ဒီလောက်ပဲလုပ်နိုင်တယ်။”
ရှောင်းယီက ပြောလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းညိမ့်ပြလိုက်သည်။
ထိုအချိန်တွင် သားရဲဘုရင်နှင့် တပိုင်တို့သည် ကျွဲအသေတစ်ကောင်ကို ဆွဲယူကာ တောထဲမှ ပြန်ထွက်လာကြလေသည်။
“မင်းတို့နှစ်ယောက် ဒီလောက်အကြာကြီး တောထဲဝင်ပြီး ဒီလိုနွားတစ်ကောင်ပဲရခဲ့တာလားယ”
ရှောင်းယီက သူတို့ကိုကြည့်ကာ ပြောလိုက်၏။
“ဝေါင်း! (ငါတို့ ဗိုက်ပြည့်သွားမှ ပြန်ထွက်လာတာ။)”
သားရဲဘုရင်က တုံ့ပြန်လိုက်သည်။
ထို့နောက် ရှောင်းယီက ခေါင်းညိတ်ပြကာ ကျွဲကိုလက်တစ်ဖက်တည်းဖြင့် မီးဖိုချောင်သို့ ဆွဲယူသွားခဲ့တယ်။
“ဒီညတော့ ဒီနွားတစ်ကောင်လုံးကိုချက်ပြီး ပျော်ပွဲစားကြရအောင်။”
ရှောင်းယီ ကျွဲကို ခြံထဲ၌ ပစ်ချကာ ပြောလိုက်၏။
“B အဆင့်အမဲသားက မင်းတို့ကို ပိုပြီး အားကောင်းလာစေလိမ့်မယ်။”
“ကောင်းပြီ။”
အန်းရန်က တုံ့ပြန်လိုက်ပြီး ဆုဝမ်ကိုခေါ်ကာ ကျွဲကို ကိုင်တွယ်ရန် ထွက်သွားလိုက်သည်။
“ထောက်ပံ့ရေးသေတ္တာအားလုံးကို ဂိုဒေါင်ဆီပို့ထားပြီ။ အချိန်ရတဲ့အခါ သွားဖွင့်ပါ၊ မနေ့ကဟာတွေလည်ပါတယ်” ဟု An Yue ကသတိပေးခဲ့သည်။
ယခင်က ငါးဖမ်းထောက်ပံ့ရေးသေတ္တာများမှာ အကွာအဝေးပေါ်တွင် မူတည်နေခဲ့ခြင်းဖြစ်သည်။ အနည်းဆုံးတော့ ၎င်းသည် အလိုအလျောက်ငါးဖမ်းပိုက်၏ ပစ်ကွင်းအတွင်း၌ ရှိရမည်ဖြစ်၏။
သို့သော် ယခုအခါတွင်မူ မလိုအပ်တော့ပေ။ ထောက်ပျံ့ရေးသေတ္တာများ ပြန်လည်ထွကိပေါ်လာသည်နှင့် ချင်းလုံက ၎င်းတို့အားလုံးကို ကမ်းခြေသို့ ချက်ချင်းတွန်းပို့ပေးမည်ဖြစ်သည်။ အန်းယွဲ့က ထိုထောက်ပံ့ရေးသေတ္တာများကို ဂိုဒေါင်သို့ ပြန်ဆွဲသွားရန်သာ လိုအပ်ပေသည်။
ထို့ကြောင့် ညနေ ၂ နာရီခန့်တွင် ထောက်ပံ့ရေးသေတ္တာများအားလုံးကို ဂိုဒေါင်သို့ ပြန်လည်ဆွဲသွင်းပြီးသွားပြီဖြစ်လေသည်။
မနက်ပိုင်းတုန်းက ယွမ်နွန် ခြံဝင်းမီးခိုးမှိုင်းတိုက်ရာ၌ ဝိုင်းကူနေသောကြောင့်သာမဟုတ်လျှင် ထောက်ပံ့ရေးသေတ္တာများကို ဂိုဒေါင်ကို အစောကြီးကနည်း ထည့်ပြီးသွားနိုင်ပေသည်။
“ကောင်းပြီး ငါအခုသွားလိုက်မယ်။”
ထိုသို့ပြန်ပြောပြီးနောက် ရှောင်းယီ ဂိုဒေါင်ဘက်သို့ ထွက်လာလိုက်သည်။
ဂိုဒေါင်ထဲတွင် ထောက်ပံ့ရေးသေတ္တာ စုစုပေါင်း ၁၀၃ လုံးရှိနေ၏။
အားလုံးကိုဖွင့်မယ်။
“ရရှိသောထောက်ပံ့ရေးပစ္စည်းများ-...”
အခန်း ၃၀၂
“ရရှိသောပစ္စည်းများ- အုတ်မြစ်ကျောက် ၃၊ ဖန်ချပ် ၄၊ ဆီလီကွန် ၁...”
“ရရှိသောထောက်ပံ့ရေးပစ္စည်းများ- ယမ်းမှုန့်ဖော်မြူလာ ၁၊ ကြေး ၂၊...”
“ရရှိသောပစ္စည်းများ- အုတ်မြစ်ကျောက် ၆၊ ဘီယာတဆေး ၁၀၊...”
ထွက်လာသည့်ပစ္စည်းများကို ကြည့်ပြီးနောက် ရှောင်းယီသည် ယမ်းမှုန့်ပုံစံကိုတွေ့လိုက်ရကာ အံ့အားသင့်သွားခဲ့သည်။
“ငါတို့ ခြောက်လုံးပြူးခေတ်ထဲ ရောက်သွားတော့မှာလား။”
ရှောင်းယီ တွေးမိလိုက်၏။
“ယမ်းမှုန့်ဖော်မြူလာ- ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုပြီးနောက် အခြေခံယမ်းမှုန့်ဖော်မြူလာကို ရရှိနိုင်သည်။ ဖော်မြူလာအရ သက်ဆိုင်ရာပစ္စည်းများကို စုဆောင်းပြီးနောက် ယမ်းမှုန့်ကို ပေါင်းစပ်နိုင်သည်။”
“ဘီယာတဆေး - အသက်သွင်းပြီးနောက် ဘီယာချက်လုပ်ရန် အသုံးပြုနိုင်သည်။ သို့မဟုတ် တိုက်ရိုက်စားသုံးနိုင်သည်။ ဘက်တီးရီးယားများတွင် ဗီတာမင်နှင့် ပရိုတင်းဓာတ်များ ကြွယ်ဝသည်။”
“ပစ္စည်းကောင်းတွေပဲ။”
ဤယထိုအရာနှစ်ခုနှင့်ပတ်သက်၍ စနစ်၏ ဖော်ပြချက်များကို မြင်လိုက်ရသောအခါ ရှောင်းယီ တိတ်တဆိတ်ရေရမိလိုက်၏။
ထိုအရာနှစ်ခုအပြင် အုတ်မြစ်ကျောက် ၁၃၅ ခုနှင့် အခြေခံထောက်ပံ့ရေးပစ္စည်းအချို့သည်လည်း ရှောင်းယီအား နောက်တစ်ကြိမ် ပြန်ကြည့်စေခဲ့သည်။
“အုတ်မြစ်ကျောက် ရနိုင်ခြေ ပြန်ပြီး မြင့်တက်လာတာများလား။”
ရှောင်းယီ လျှို့ဝှက်စွာ တွေးလိုက်မိ၏။ ထို့နောက် သူသည် ချက်ချင်းဆိာသလိုပင် သတိရသွားခဲ့သည်။
“ဒီနေ့က ပဉ္စမအပတ်ရဲ့ နောက်ဆုံးနေ့ပဲ။”
ပင်လယ်ရေသည် ကျွန်း၏အုတ်မြစ်ကျောက်ကို ဆက်လက်တိုက်စားနေဆဲဖြစ်သော်လည်း အသက်ရှင်ကျန်ရစ်သူများသည် ထိုအုတ်မြစ်ကျောက်များကို သိပ်ပြီး ဂရုမစိုက်ကြပုံပင်။
ရှောင်းယီ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့သို့ ပြန်ရောက်သောအခါ ယမ်းမှုန့်ဖော်မြူလာကို အသုံးပြုလိုက်သည်။
“ယမ်းမှုန့်ဖော်မြူလာရရှိခြင်းအတွက် ဂုဏ်ပြုပါသည်။ ထုတ်လုပ်မှုစာမျက်နှာရှိ သက်ဆိုင်ရာပစ္စည်းများနှင့် အချိုးအစားများကို စစ်ဆေးပါ။”
ယမ်းမှုန့်ဖော်မြူကို ရှာဖွေရန် ထုတ်လုပ်မှုစာမျက်နှာသို့ ပြောင်းလဲလိုက်၏။
“[ယမ်းမှုန့်ဖော်မြူလာ]- ယမ်းစိမ်း ၇၅%၊ ဆာလဖာ ၁၅%၊ မီးသွေးမှုန့် ၁၀%”
ကုန်ကြမ်းဒြပ်စင်သုံးမျိုးကို ကြည့်ရင်း ရှောင်းယီ မျှော်လင့်ချက်ကင်းမဲ့သွားသလိုပင် ခံစားလိုက်ရသည်။ မီးသွေးမှုန့်ကိုမူ သစ်သားများအား မီးရှို့ခြင်းဖြင့် အနည်းငယ် ရရှိနိုင်သေးသည်။ သို့သော် အခြားပစ္စည်းနှစ်ခုကို သူ ယခင်က တစ်ခါမှမတွေ့ဖူးခဲ့ပေ။
ယမ်းမှုန့်ဖော်မြူလာကို ရရှိခဲ့သော်လည်း ဆက်သွားရန် လမ်းကြောင်းအများအပြား ကျန်ရှိနေသေးပေသည်။
ထိုကုန်ကြမ်းပစ္စည်းသုံးမျိုးကို အရင်ဆုံးရှာဖွေပြီး ယမ်းမှုန့်ကိုပြင်ဆင်ပြီးလျှင်ပင် ထိုယမ်းမှုန့်ကို အသုံးပြုနိုင်သည့်ပစ္စည်းတစ်ခုလည်း ရှိရဦးမည်ဖြစ်၏။
ထိုသို့မဟုတ်လျှင် ထိုယမ်းမှုန့်များကို မီးရှူးမီးပန်းများကိုသာ လုပ်နိုင်ပေတော့မည်။
ထိုဖော်မြူလာကို ပထမဆုံးမြင်လိုက်ရသည့်အခါက ရှောင်းယီသည် ယခြောက်လုံးပြူးခေတ်ထဲကို ခပ်မြန်မြန်ရောက်လာလောက်မည်ဟုပင် ရေရွတ်မိခဲ့သေးသည်။ သို့သော် အခုကြည့်ရသည်မှာ သူ့အတွေးများက အလွန်ရိုးရှင်းနေခဲ့ပုံပင်။
ရှောင်းယီသည် ထိုယမ်းမှုန့်ဖော်မြူလာကို ဘေးဖယ်ထားလိုက်ပြီး ယီထျန်းဂရုထဲကို ပြောင်းကြည့်လိုက်သည်။
“ငါ့ကျွန်းနား ဒေသခံသင်္ဘောတွေ မရှိတော့သလိုပဲ။”
“ငါ့ဆီမှာလည်း မရှိတော့ဘူး။ သူတို့ ခုနကမှ ငါ့ကိုနှောင့်ယှက်နေကြတာ။ ကျွန်းပေါ်မှာ ငါတစ်ယောက်တည်းမဟုတ်တာ ကံကောင်းတယ်။ ဒီလိုမှမဟုတ်ရင် ငါပင်ပန်းပြီးသေသွားနိုင်တယ်။”
“ချီးဘဲ ဒီနေရာမှာ ထောက်ပံ့ရေးပစ္စည်းတွေ မရှိပါဘူးဆိုမှ ဒီနေ့ အဲ့ဒီဒေသခံတွေက ထောက်ပံ့ရေးသေတ္တာနှစ်လုံးကို ငါ့ဆီက လုသွားကြသေးတယ်။”
“မဟုတ်ဘူး။ ဒီနေ့ရတဲ့ ထောက်ပံ့ရေးသေတ္တာထဲမှာ အုတ်မြစ်ကျောက်တွေအများကြီးရှိတယ်။ သူတို့က အဲ့ဒါတွေကို ထုတ်ယူသွားကြတာ။ အရမ်းနာကျင်ရတယ်ကွာ။”
“အာ! ဒီနေ့ အုတ်မြစ်ကျောက်ရဖို့ ဖြစ်နိုင်ခြေ မြင့်တက်လာပြီလား။”
“သေချာတာပေါ့ကွ! ဒီနေ့က သတ္တမအပတ်ရဲ့ နောက်ဆုံးနေ့ပဲ။ မင်းတို့ အားလုံးမေ့သွားကြတာတော့ မဟုတ်ဘူးမလား။”
“ငလူး! မင်းမပြောဘူးဆိုရင် ငါတကယ်မေ့သွားတော့မှာ။ အခု ပင်လယ်ရေက ငါတို့ကျွန်းကို တိုက်စားနေပြီလား။”
“ဒါပေါ့၏။ ဒါက အစကတည်းက ချမှတ်ထားတဲ့ စည်းမျဉ်းပဲ။ အခုထိ မပြောင်းလဲသေးဘူးလို့ ငါထင်တယ်။”
“တစ်ပတ်ကို အုတ်မြစ်ကျောက်တစ်ချပ်တည်းပါပဲ။ ရေတိုက်စားသွားတာက သိပ်အရေးမကြီးပါဘူး။ ငါကတော့ ကျွန်းအထိမ်းအမှတ်တိုင်က နောက်ထပ်အရိပ်အမြွတ်တွေ ပေးနိုင်မယ်လို့ပဲ မျှော်လင့်မိတယ်။”
“ဟုတ်တယ်။ ဒီကမ္ဘာကြီးနဲ့ပတ်သက်ပြီး အဲ့ဒီကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ နောက်ကွယ်ကလူတွေ ပိုပြီးပြောပြစေချင်တယ်။”
“ငါကတော့ သိပ်ပြီးမျှော်လင့်ချက်မရှိဘူးလို့ ခံစားရတယ်။ အဲ့ဒါကိုမျှော်လင့်နေတာထက် မစ္စတာယီရန်ပင်းကို အဆင့်မြင့်အစားအစာတွေ ခဏခဏရောင်းခိုင်းတာ ပိုကောင်းမယ်။”
“ဟုတ်တယ် မစ္စတာယီရန်ပင်းတောင်မှ အဆင့်မြင့်အစားအစာတွေ မရောင်းတာကြာနေပြီ။”
“ငါလည်း အခုနောက်ပိုင်း နယ်မြေတွေပေါင်းစည်းပြီးမှ သိလိုက်ရတာ။ မင်းတို့နယ်မြေမှာ အဆင့်မြင့်အစားအစာရောင်းတဲ့ သူဌေးကြီးတစ်ယောက်ရှိတာ အရမ်းကောင်းတာပဲ။”
“မင်းတို့နယ်မြေကလူတွေကတော့ အရမ်းပျော်နေမှာပဲ။ ငါတို့ကျ ဘာလို့ ဒီလိုသူဌေးကြီးမျိုးနဲ့ မတွေ့ခဲ့ရတာလဲ။”
“ဟုတ်တယ်။ မင်းတို့ရဲ့ခန္ဓာကိုယ်တွေ C အဆင့်အထိ တိုးမြှင့်ပြီးပြီလား။”
“မင်းဘာတွေတွေနေတာလဲ။ သူဌေးက အဆင့်အစားအစာတွေကို တစ်ခါတရံပဲရောင်းတာ။ ဘယ်လိုလုပ်ပြီး အဲ့လောက်ကြီးထိ မြန်မြန်တိုးတက်အောင်လုပ်နိုင်မှာလဲ။ သာမန်လူတွေထက်စာရင် ပိုပြီးအားကောင်းရုံပဲရှိတယ်။”
“ကျွန်တော် တစ်ခုလောက်မေးပါရစေ။ မစ္စတာယီရန်ပင်းဆီက အဲ့ဒီအဆင့်မြင့်အစားအစာကို လဲလှယ်နိုင်ဖို့အတွက်ဆိုရင် ဘာတွေလိုအပ်လဲ။”
“အုတ်မြစ်ကျောက်! လွန်ခဲ့တဲ့အကြိမ်အနည်းငယ်က ငါအုတ်မြစ်ကျောက်တွေနဲ့ ကုန်သွယ်ခဲ့တယ်။ ဒါပေမယ့် ရှားပါးပစ္စည်းတွေရှိရင်လည်း သူဌေးနဲ့ သီးသန့်စကားပြောလို့ရတယ်။ ကုန်သွယ်တိုင်း သူဌေးက ရှားပါးပစ္စည်းတွေလက်ခံတယ်လို့ပြောတယ်။”
“ဒါဆို အုတ်မြစ်ကျောက်နဲ့ ကုန်သွယ်တာပေါ့။ ကျွန်တော်ရထားတဲ့ အုတ်မြစ်ကျောက်အားလုံးကို ကျွန်းကိုတိုးချဲ့ဖို့ အသုံးလိုက်မိတယ်။”
“ငါကတော့ ဒီအကြောင်းသိထားလို့ အုတ်မြစ်ကျောက်အများကြီးစုထားပြီးပြီ။ သူဌေးကြီး ဈေးရောင်းမှာကို စောင့်နေတာ။ အပေါ်ကသူငယ်ချင်း သိပ်လည်းစိတ်မပူပါနဲ့။ သူဌေးကြီးက အခုမတင်သေးတာကိုကြည့်ရင် မင်းမှာ နောက်ထပ်နှစ်ရက်လောက် စုဆောင်းနိုင်တဲ့ အခွင့်အရေးရှိသေးတယ်။”
“ဟုတ်ကဲ့ ဟုတ်ကဲ့ သတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။”
ရှောင်းယီသည် အုပ်စုအတွင်းရှိ စကားပြောဆိုမှုများကို ကြည့်ရင်း တွေးလိုက်မိသည်။
“နောက်ဆုံးအကြိမ် နှစ်ဆရခဲ့တာက လွန်ခဲ့တဲ့ တစ်ပတ်လောက်ကဖြစ်မယ်။ ဒီပုံစံအတိုင်းဆိုရင် လာမယ့် နှစ်ရက်သုံးရက်အတွင်းမှာ စတင်လာလိမ့်မယ်။”
ထိုသို့တွေးမိသည်နှင့်တပြိုင်နက် ရှောင်းယီ ချက်ချင်းပင် ပြောလိုက်၏။
“အားလုံးပဲ မင်္ဂလာပါ၊ ငါက မကြာသေးမီက ဒေသခံတွေရဲ့တိုက်ခိုက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနေခဲ့ရတယ်။ လာမယ့်နှစ်ရက်သုံးရက်အတွင်း အဆင့်မြင့်အစားအစာတွေကို အတန်အသင့် ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ကျေးဇူးပြုပြီး အုပ်စုအတွင်းရှိ အသိပေးချက်ကို ဂရုစိုက်ပါ။”
“သူဌေးယီရန်ပင်းကိုယ်တိုင် ပြောလိုက်ပြီဆိုတော့ အဆင့်မြင့်အစားအစာတွေ ရောင်းချဖို့က သေချာသွားပြီ။ ငါတို့တွေ အုတ်မြစ်ကျောက်အတွက် အဆင်သင့်ပဲလား။”
“ငါဆို အဆင်သင့်ဖြစ်နေတာကြာပေါ့။ ငါအရမ်းဆာနေပြီ။”
“အပေါ်ကညီအစ်ကို၊ မင်း မြန်မြန်မိန်းကလေးတစ်ယောက်ရှာပြီး ပေါင်းစည်းလိုက်တော့။ အဲ့ဒါကိုထိန်းထားတာ မကောင်းဘူးနော်။ သေနတ်တွေ အများကြီးပစ်တာလည်း မကောင်းဘူးဟ။”
“စိတ်မပူပါနဲ့။ ငါ့မှာ လျူဝေ့တိဟွမ်းဆေးပြားရှိတယ်။ အဲ့ဒါက ကုန်သွားရင်တောင် သူ့ကိုပြန်ဖြည့်ပေးနိုင်တယ်။ လူငယ်လေး မင်းစိတ်ကြိုက်သာ လွှတ်ပေးလိုက်။”
“လခွီး! မင်း ဆေးအတုတွေ လာရောင်းနေပြန်ပြီလား။ ငါက မင်းကို သေသွားပြီလို့တောင် ထင်နေတာ။ မင်းအကြာကြီးပျောက်နေတာဆိုတော့။”
“ငါက ဂုဏ်သရေရှိ တရုတ်တိုင်းရင်းဆေးဆရာဝန်ပဲ။ လွယ်လွယ်လေးနဲ့ မသေနိုင်ဘူးကွ။”
“မင်းတို့ ကျေးဇူးပြုပြီး လမ်းလွှဲနေတာတွေကို ရပ်ပါတော့ဟ။ သူဌေး ကျွန်တော်မေးချင်တာက သူဌေး အဆင့်မြင့်အစားအစာတွေကို ရောင်းချတဲ့အခါ ဈေးကွက်မှာရောင်းမှလား။ ဒါမှမဟုတ် ကျွန်တော်တို့ အုပ်စုထဲမှာပဲလား။”
ထိုမေးခွန်းက အဓိကအချက်ကို ထိမှန်သွားခဲ့၏။
“အမှန်ပဲ သူဌေး အချိန်ရောက်ရင် နေရာမှားပြီး မထားမိစေနဲ့ဦးနော်။ အဲ့ဒါက ရှက်စရာကောင်းလိမ့်မယ်။”
“ဟုတ်တယ်”
ရှောင်းယီသည် လူတိုင်း၏မေးခွန်းများကို မြင်သောအခါ အနည်းငယ်စဉ်းစားပြီး ပြောလိုက်၏။
“ငါက နှစ်ဖက်စလုံးမှာ နည်းနည်းစီထားပေးမှာပါ။ ဒါပေမယ့် ဈေးကွက်မှာ သွားမဝယ်ဖို့တော့ အကြံပေးချင်တယ်။ အဲ့ဒီနေရာမှာ အခြားနိုင်ငံတွေရဲ့ အုတ်မြစ်ကျောက်တွေကို အဓိကလိုချင်တာမို့လို့ စျေးနှုန်းက အုပ်စုထဲမှာထက် အနည်းဆုံးငါးဆလောက် ပိုများလိမ့်မယ်။”
“ကောင်းတယ်။ သူဌေး ကျွန်တော် မင်းကိုထောက်ခံတယ်။ အရင်ကမ္ဘာမှာတုန်းက နိုင်ငံခြားကုမ္ပဏီကြီးတွေက ငါတို့ဆီက ငွေတွေအများကြီးရသွားတယ်။ ငါတို့ရဲ့ နည်းပညာက သူတို့ကိုမမီဘူး။ သူတို့ကို ဆန့်ကျင်ပြီးတော့ ဘာမှမလုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် ဒီမှာတော့ ငါတို့မှာ သူဌေးယီရန်ပင်းရှိတယ်။ သူတို့လက်ထဲကအုတ်မြစ်ကျောက်တွေအကုန်လုံးကို ညှစ်ထုတ်ပစ်လိုက်။”
“ဟုတ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂရုတစိုက်စီစဉ်ဖို့လိုတယ်။ အခုဆိုရင် နိုင်ငံခြားသားတွေက သူဌေးကြီး အဆင့်မြင့်အစားအစာတွေ ရောင်းဖို့စီစဉ်နေတယ်ဆိုတာ မသိကြသေးဘူး။ သူတို့လက်ထဲမှာ အုတ်မြစ်ကျောက်တွေ သိပ်မရှိတာလည်းဖြစ်နိုင်တယ်။”
“ဒါအဓိပ္ပါယ်ရှိတယ်။ အများသုံးချန်နယ်ပေါ်မှာ ချက်ချင်းကြေငြာကြရအောင်။”
“နိုင်ငံခြားဘာသာစကားကျွမ်းကျင်တဲ့သူတစ်ယောက်ယောက်ရှိလား။ ကြော်ငြာစာသားတစ်ခုလောက်ရေးပြီး ငါတို့ အများသုံးချန်နယ်ပေါ်မှာ အလှည့်ကျတင်ကြမယ်။”
“အဲ့ဒီအိုင်ဒီယာကောင်းတယ်။ ဘယ်သူစေတနာ့ဝန်ထမ်းအဖြစ်လုပ်ချင်သလဲ။”
“ကျွန်တော့်ရဲ့နိုင်ငံခြားဘာသာစကားက သိပ်မဆိုးဘူး။ ဒါပေမယ့် ဒီလိုလေး ပြောလိုက်ရုံနဲ့ သူတို့က ယုံမှာမို့လို့လား။”
“အမှန်ပဲ။ ဒီတိုင်း အဓိပ္ပါယ်မရှိ လျှောက်ပြောနေရုံနဲ့ နိုင်ငံခြားသားကောင်တွေက ငါတို့ကို လှည့်စားနေတယ်လို့ပဲ ထင်ကြလိမ့်မယ်။”
ရှောင်းယီက ဆက်ပြောလိုက်၏။
“စိတ်မပူကြပါနဲ့။ ငါက ကြော်ငြာစာသားထဲမှာ အဒီအဆင့်အဆင့်မြင့်အစားအစာတွေကိုပဲ ထည့်ပေးသွားမယ်။ စာသားရေးဖို့ကိုလည်း လူတစ်ယောက်စီစဉ်ပေးမယ်။ ပြီးရင် အဲ့ဒီစာသားကို အုပ်စုထဲမှာ တင်ပေးပါ့မယ်။ ခင်ဗျားတို့ လွတ်လွတ်လပ်လပ်နဲ့ အများသုံးချန်နယ်ထဲ တင်လို့ရပါတယ်။”
အခန်း ၃၀၃
“ဒီနည်းအတိုင်းဆိုရင်တော့ ပြဿနာမရှိတော့ဘူး။ အဆင့်မြင့်အစားအစာတွေသာပေါ်လာရင် တခြားဘာမှအရေးမကြီးတော့ဘူး။ နိုင်ငံခြားသားတွေအများကြီးကိုလည်း ကုန်သွယ်ဖို့အတွက် ဆွဲဆောင်နိုင်မှာသေချာတယ်။”
“သူဌေးရဲ့အသင်းက အဲ့ဒီလောက်တောင် အားကောင်းတာလား။ နိုင်ငံခြားဘာသာစကားပါရမီရှင်တွေတောင်ရှိတယ်ပေါ့။”
“ဒါကပုံမှန်ပဲမဟုတ်ဘူးလား။ မနေ့က သူဌေးငှားထားတဲ့ အကင်စက်ဆယ်လုံးအကြောင်းကို စဉ်းစားကြည့်လိုက်လေ။ ဒီလိုလူအများကြီးနဲ့ဆိုရင် နိုင်ငံခြားဘာသာစကားပြောတတ်တဲ့သူကိုရှာဖို့ဆိုတာ လုံးဝမခက်ခဲဘူး။”
ရှောင်းယီ သူတို့၏စကားပြောဆိုမှုများကိုကြည့်ရင်း ပြုံးနေမိ၏။ သူ၏အသင်းတွင် လူကြီးရှစ်ယောက်နှင့် ကလေးတစ်ယောက်သာရှိပေသည်။ ၎င်းသည် သူ၏အားထုတ်မှုများစွာဖြင့် စုဆောင်းထားခဲ့သောအသင်းဖြစ်ပေသည်။
လူတိုင်းသည် အထူးချွန်ဆုံးဖြစ်သည်ဟု မဆိုလိုသော်လည်း ၎င်းတို့၏ကိုယ်ပိုင်အားသာချက်များရှိသည်ဟုတော့ ဆိုနိုင်သည်။ အရေးအကြီးဆုံးမှာ ၎င်းတို့သည် တစ်ဦးကိုတစ်ဦး ယုံကြည်မှုအပြည့်ရှိကြခြင်းပင်။
အနာဂတ်တွင် အသင်းကို ဆက်လက်တိုးချဲ့မည်ဆိုပါက အခြေခံအားဖြင့် စာချုပ်ကဒ်များကို အသုံးပြုမည်ဖြစ်သည်။
ရှောင်းယီ ဝေါ်ကီတော်ကီကိုကောက်ယူကာ ဆုဝမ်နှင့်ဆက်သွယ်လိုက်၏။
“ဆုဝမ် ဒီကိုလာဦး။ မင်း နိုင်ငံခြားဘာသာစကားနဲ့ စကားလုံးနည်းနည်းလောက် ကော်ပီရိုက်ပေးဖို့ လိုနေပြီ။”
“အင်း ငါအခုချက်ချင်းလာခဲ့မယ်။”
ဆုဝမ်က တုံ့ပြန်လိုက်သည်။
ခဏအကြာတွင် ဆုဝမ် ရှောင်းယီ၏အခန်းထဲသို့ ရောက်ရှိလာ၏။
“ဘယ်လိုကော်ပီလုပ်တာမျိုးလဲ”
“ကြော်ငြာစာသားတစ်ခုရေးရမယ်။ ခန့်မှန်းခြေအားဖြင့် နှစ်သုံးရက်အတွင်း ဈေးကွက်မှာ အဆင့်မြင့်အစားအစာအချို့ရောင်းချမယ်။ အုတ်မြစ်ကျောက်တွေကို အဓိကထားပြီး လက်ခံမယ်။ အထူးရှားပါးပစ္စည်းအချို့ကိုလည်း ရောင်းချနိုင်တယ်။ ပြီးရင် S အဆင့် နို့၊ A အဆင့်ကျားသား၊ B အဆင့်ဝက်ဝံသား၊ C အဆင့်ငါးတွေကို ကော်ပီလုပ်ရမယ်။ ညွှန်ကြားချက်တွေမှာ အပေါ်မှာပြောထားနဲ့ အဆင့်မြင့်အစားအစာတွေနဲ့တင် ကန့်သတ်မထားဘူး။”
ဆုဝမ်က ခေါင်းညိတ်ကာ ချက်ချင်းပင် စတင်ရေးသားလိုက်သည်။ ခဏအကြာတွင် ဆုဝမ်သည် ရိုးရှင်းသည့်ကြော်ငြာစာသားကို မူကြမ်းတစ်ခုကို ရေးသားပြီးစီးခဲ့လေသည်။
“သတင်းကောင်းဗျို့ : အသက်ရှင်ကျန်ရစ်နိုင်သူအားလုံးရဲ့ ရှင်သန်နိုင်မှုကို မြှင့်တင်ဖို့နဲ့ ရှားကွားရဲ့ ကရုဏာတရားကို ထင်ဟပ်စေဖို့အတွက် အဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းပြီးနောက်မှာ နှစ်ရက် သို့မဟုတ် သုံးရက်အတွင်း ဈေးကွက်စာမျက်နှာမှာ အဆင့်မြင့်အစားအစာအတန်အသင့် ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပါဝင်မယ့်အစားအစာတွေကတော့ [နို့] (S အဆင့်)၊ [ကျားသား] ( A အဆင့်)၊ [ဝက်ဝံသား] ( B အဆင့် )၊ [ငါးသား] ( C အဆင့် ) တို့ ပါဝင်မှာဖြစ်ပြီး အုတ်မြစ်ကျောက်များဖြင့် လဲလှယ်မှုများကိုသာ လက်ခံပါမယ်။ အခြားအထူးရှားပါးပစ္စည်းတွေ ရှိပါကလည်း ယီရန်ပင်းနဲ့ သီးသန့်စကားပြောနိုင်ပြီး သူက ကုန်သွယ်မှုအတွက် အသုံးပြုနိုင်မည်လားဆိုတာကို အကဲဖြတ်ပြီး ကုန်သွယ်မှုစျေးနှုန်းကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ အသက်ရှင်ကျန်ရစ်နိုင်သူအားလုံးပဲ အုတ်မြစ်ကျောက်တွေကို ပြင်ဆင်ထားပြီး အဆင့်မြင့်အစားအစာပွဲတော်ကြီးကို ကြိုဆိုလိုက်ရအောင်ပါ။”
“ဒီလိုမျိုးရေးရင်ရော အဆင်ပြေလောက်လား။”
ဆုဝမ်က မေးလိုက်သည်။
“အဆင်ပြေတယ် အဲ့ဒီစာသားကို မင်းသိသမျှဘာသာစကားအားလုံးနဲ့ ဘာသာပြန်ပြီး ယီထျန်းဂရုထဲ ပို့လိုက်ပါ။”
ရှောင်းယီက သူမကို လက်မထောင်ပြရင်း ပြောလိုက်သည်။
“ပြဿနာမရှိပါဘူး။”
ဆုဝမ်က တုံ့ပြန်လိုက်၏။ ထို့နောက် ဘာသာပြန်ခြင်းကို အလျင်အမြန်ပြီးစီးအောင်လုပ်ဆောင်ကာ မူရင်းစာသားများကို ယီထျန်းဂရုထဲသို့ ပို့လိုက်လေသည်။
“အို ဂေါ့! ဒီအသင်းက အရမ်းမိုက်တာပဲ။ ဒါက ဘာသာစကား တစ်ခု၊ နှစ်ခု၊...၊ ခြောက်ခု၊ ခုနှစ်ခု! ဘာသာစကားခုနှစ်မျိုးနဲ့ ကြော်ငြာစာသားပဲဟ။”
“ယို့ယို့! ငါ နိုင်ငံခြားဘာသာစကားတွေကို နားမလည်ပေမယ့် ခံစားလို့တော့ရသေးတယ် ယို့ယို့!။”
“ဒါပေမယ့် ကျွန်တော်ကတော့ ပညာမတတ်ပါဘူး။ အဲ့တော့ မြက်ခင်းပြင်ပေါ်လှဲနေပြီးပဲ ကမ္ဘာပတ်ခရီးသွားတော့မယ်။”
“ယို့ယို့ယို့လို့အော်နေမယ့်အစား အမြန်ပြန်တင်လိုက်ပါတော့လား။”
“ဟုတ်တယ် ရီပို့စ်လုပ်ပြီးသွားကြရအောင်။”
ရုတ်တရက် အများသုံချန်နယ်တစ်ခုလုံး၏စခရင်ပေါ်၌ ရေစီးကြောင်းများ စတင်စီးဆင်းလာတော့သည်။
အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့သော အများသုံးချန်နယ်မှာ ချက်ချင်းပင် စည်ကားသိုက်မြုံကာသွားခဲ့လေသည်။
ထိုလူများသည် အဆင့်မြင့်အစားအစာများ ကြော်ငြာသည်ကိုမြင်သောအခါ တစ်ယောက်ပြီးတစ်ယောက် မေးမြန်းကြတော့သည်။
သို့သော် လူတိုင်းသည် ထိုနိုင်ငံခြားဘာသာစကားများကို နားမလည်နိုင်သော်လည်း နားလည်နိုင်သူများ အမြဲတမ်းရှိတတ်ကြပြီး ထိုလူများက အုပ်စုအတွင်း တစ်ချိန်တည်းတွင် ဘာသာပြန်ခြင်းကို စတင်ခဲ့ကြသည်။
“ဒါကအမှန်ပဲလား။ ဒီအရာတွေကို ပြင်ပကမ္ဘာကို ထုတ်ရောင်းမယ့်သူတစ်ယောက် တကယ်ရှိတာလား။”
“အိုဂေါ့! ဒါက တကယ်ကို ရူးချင်စရာပဲ။”
“အဲ့ဒါတွေကို တကယ်ပဲ အုတ်မြစ်ကျောက်တွေနဲ့ ရနိုင်မှာလား။ ဒါဆိုတော့ အုတ်မြစ်ကျောက်တချို့ သိမ်းထားဖို့လိုနေပြီ။”
“ဒီ ယီရန်ပင်းက ဘယ်ကရောက်လာတာလဲ။ သူ့ဆီမှာ အဆင့်မြင့်အစားအစာတွေ ဘာလို့အရမ်းများနေရတာတုန်း။”
“သူတို့က အဖွဲ့တစ်ခုဖြစ်သင့်တယ်ဆိုပေမယ့် အဆင့်မြင့်အစားအစာတွေ အများကြီးရဖို့ဆိုတာကတော့ မလွယ်ကူဘူး။”
“ဘာဖြစ်လို့ အချိန်အတိအကျမပြောပြရတာလဲ။ ငါတို့က ဘယ်အချိန်မှာဝယ်လို့ရမှာလဲ။ ငါတိုင်ကြားချင်တယ်။”
ရှောင်းယီသည် ထိုလူများ၏မေးခွန်းများကို ရိုးရိုးလေးပင် လျစ်လျူရှုကာ ယီထျန်းဂရုထဲသို့ စာပို့လိုက်၏။
“မင်းတို့ထဲက လူတချို့က နိုင်ငံခြားဘာသာစကားကို နားလည်ကြမယ်လို့ ငါထင်တယ်။ သူတို့ကို ပြန်ပြောချင်ရင် ပြန်ပြောလို့ရတယ်။ ပြန်မပြောချင်ရင်လည်း သူတို့ကိုယ်တိုင် အော်ဟစ်ခွင့်ပေးထားလိုက်ပါ။”
“အိုကေ သူဌေး ကျွန်တော်သူတို့ကိုပြန်ပြောလိုက်မယ်။ ဒါက ကျွန်တော်တို့ ရှားနိုင်ငံကို ဂုဏ်တက်စေတဲ့အရာပဲ။”
“ငါလည်းသွားမယ်။ အရင်တုန်းက ငါတို့ကုမ္ပဏီခေါင်းဆောင်တွေက နိုင်ငံခြားကုမ္ပဏီကော်မရှင်နာတွေနဲ့တွေ့တဲ့အခါ သူတို့ရဲ့မြေးတွေလိုပဲ ရိုရိုသေသေနဲ့ ဆက်ဆံခဲ့ကြရတယ်။ အခုဆိုတော့ ဖခင်တစ်ယောက်ဖြစ်ရခြင်းရဲ့ခံစားချက်ကို ငါခံစားရတော့မယ်။”
“ဟားဟား!! ဒါက ပျော်စရာကောင်းတယ်လို့ ခံစားရတယ်။ ငါလည်းသွားမယ်ဟေ့။”
ရွှမ်းယွမ်ဝူဝေ့နှင့် တိလင်းထျန်းရှားတို့သည်လည်း ချက်ချင်းပင် သူတို့၏သူလျှိုများထံမှ အစီရင်ခံစာများကို လက်ခံရရှိခဲ့ကြလေသည်။
ရှောင်းယီ၏ကြော်ငြာစာသားကိုကြည့်ရင်း သူတို့နှစ်ယောက်လုံး အံ့အားသင့်နေကြဆဲဖြစ်လေသည်။
“ဒီလူမှာ အဆင့်မြင့်အစားအစာတွေ ဘာလို့ဒီလောက်ပေါနေရတာလဲ။”
ရွှမ်းယွမ်ဝူဝေ့က မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
ဦးလေးချန်းက ဘေးမှနေ၍ တုံ့ပြန်လိုက်သည်။
“သူက အဆင့်မြင့်အစားအစာတွေ အများကြီးကို ထုတ်လာတယ်ဆိုပေမယ့် ပမာဏက သိပ်များမှာမဟုတ်ဘူးလို့ ကျွန်တော်ခန့်မှန်းမိတယ်။ ဒါက စိတ်ဝင်စားမှုရရှိဖို့အတွက်ပဲ ဖြစ်နိုင်တယ်။ ဒါပေမယ့် A အဆင့်ကျားကို ကိုင်တွယ်ဖို့ကတော့ မလွယ်ဘူး။”
ရွှမ်းယွမ်ဝူဝေ့က ခေါင်းညိတ်လိုက်၏။ ထို့နောက် ခေါင်းပြန်ခါကာ ပြောလိုက်သည်။
“ဒါကို သေချာပေါက် သူတစ်ယောက်တည်း လုပ်ခဲ့တာမဟုတ်ဘူး။ သူက အဖွဲ့တစ်ခုလို့ပြောထားတယ်။ သူတစ်ယောက်တည်းရဲ့စွမ်းအားနဲ့ ဒီအဆင့်ရှိတဲ့သတ္တဝါကို မကိုင်တွယ်နိုင်ဘူး။”
ဦးလေးချန်းက ဆက်ပြောသည်။
“သူတို့က အဖွဲ့တစ်ခုဖြစ်နေတယ်ဆိုရင်တောင် သူတို့ရဲ့အဖွဲ့ကို လျှော့မတွက်သင့်ဘူး။”
“ငါမှာသာ အဲ့လိုသင်္ဘောမျိုးရှိရင် အခုချိန်မှာ နိုင်ငံတစ်နိုင်ငံကို တည်ထောင်နိုင်လောက်ပြီ။ ဒီ ယီရန်ပင်းမှာ ဒီလိုပစ္စည်းကောင်းတွေရှိနေပြီးတော့ သူ့ကျွန်းပေါ်မှာ လူပေါင်း တစ်ရာပဲရှိတယ်။ ဒီလူတွေရဲ့အဆင့်က သိပ်မြင့်လို့ ငါမထင်ဘူး။”
ရွှမ်းယွမ်ဝူဝေ့က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
ဦးလေးချန်းသည် နောက်ထပ်ဘာမှထပ်မပြောတော့ဘဲ ယီရန်ပင်းအပေါ် သူ၏အကဲဖြတ်ချက်ကို အဆင့်တစ်ခု ထပ်မံမြှင့်တင်လိုက်သည်။
“စကားမစပ် ကျူးချန်းကလန်က လူတွေကို ပို့ဆောင်ဖို့ ကူညီပေးပြီးပြီလား။”
ရွှမ်းယွမ်ဝူဝေ့က အနည်းငယ်မကျေနပ်ဖြင့် မေးလိုက်၏။
“သခင်လေးဆီ အကြောင်းပြန်ပါတယ်။ မနက်ဖြန် ဒီအချိန်လောက်ဆို လူတစ်စုရောက်လာလောက်ပါပြီ။”
ဦးလေးချန်က ပြန်ဖြေသည်။
“ကောင်းပြီ သူတို့ရောက်လာမယ့်အချိန်ကိုစောင့်ပြီး စာချုပ်ကဒ်ကို အမြန်ဆုံးသုံးပြီး အလုပ်မြန်မြန်လုပ်တော့။ ငါ သူ့ထက် နောက်ကျကျန်နေခဲ့ရတဲ့အကြောင်းက လက်အောက်ငယ်သားမရှိလို့ပဲ။”
ရွှမ်းယွမ်ဝူဝေ့က ပြောလိုက်သည်။
“ဟုတ်ကဲ့”
ဦးလေးချန်းက တုံ့ပြန်လိုက်၏။
တိလင်းထျန်းရှား၏ကျွန်းပေါ်တွင် ချင်ချင်းလုံသည် တိလင်းထျန်ရှားဆီသို့ ထိုသတင်းကို တင်ပြပြီးနောက် ရိုးသားစွာဖြင့် ဘေးတွင်ရပ်နေခဲ့သည်။
တိလင်းထျန်းရှားက အနည်းငယ်ချင့်ချိန်တွေးတောနေရင်း မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
“ဒါက တကယ်ကို စိတ်ရှုပ်စရာကောင်းတဲ့ကိစ္စပဲ။ မင်းနဲ့ငါ့ကို ယီရန်ပင်းက ဘလော့ခ်ထားတယ်။ အဲ့တော့ အဲဒီအကြီးစားဂရုထဲကိုဝင်ဖို့ နည်းလမ်းမရှိဘူး။ အကယ်၍ ငါတို့က အခြားသူတွေကို အုပ်စုထဲကနေ အဆင့်မြင့်အစားအစာတွေကို ဝယ်ယူဖို့ အကူအညီတောင်းမယ်ဆိုရင်လည်း ဘာဖြစ်သွားမလဲ။ လုံးဝစိတ်မချရဘူး။”
ဤတစ်ကြိမ်၌ ယီရန်ပင်းသည် အမှန်တကယ်ပင် ကမ္ဘာတစ်ဝှမ်းကြော်ငြာခဲ့ခြင်းမှာ ဤတစ်ခါထုတ်ယူလာမည့် အဆင့်မြင့်အစားအစာများသည် နောက်ဆုံးတစ်ကြိမ်ကထက် နည်းမည်မဟုတ်ကြောင်း ဖော်ပြနေပေသည်။
သူသာ ပို၍ဝယ်ယူနိုင်မယ်ဆိုရင် သူ၏ခန္ဓာကိုယ်ကိုသာမက သူ၏အဖွဲ့တစ်ခုလုံး၏ခန္ဓာကိုယ်ကိုပင် အဆင့်သစ်တစ်ခုသို့ မြှင့်တင်ပေးနိုင်ပေလိမ့်မည်။
ပိုမိုဝယ်ယူခြင်းဆိုသည်မှာ အုတ်မြစ်ကျောက်များ ပိုမိုပြင်ဆင်ထားရန်ဖြစ်ပေသည်။ ဤအုတ်မြစ်ကျောက်များကို သူနှင့်စာချုပ်ချုပ်ဆိုထားခြင်းမရှိသူများထံ ပေးအပ်လိုက်ပါမည်ဆိုလျှင် ထိုလူများသာ အုတ်မြစ်ကျောက်များနှင့်အတူ ထွက်ပြေးသွားပါက သူဘာမျှလုပ်နိုင်မည်မဟုတ်ပေ။
“ဥက္ကဋ္ဌ၊ ကျွန်တော်တို့စောင့်ကြည့်နိုင်ပါတယ်။ ယီရန်ပင်းရဲ့အဆိုအရ နှစ်ရက်အတွင်း အဆင့်မြင့်အစားအစာတွေ ရှိသင့်တယ်။ ကျွန်တော်တို့ထဲက လူတချို့ကလည်း ရွက်သင်္ဘောနဲ့ ရွက်လွှင့်လာနေကြပြီးပါပြီ။”
ချင်ချင်းလုံက နှစ်သိမ့်လိုက်သည်။
“သူတို့ရောက်လာနိုင်တယ်ဆိုရင်တောင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေက ရောက်မလာနိုင်တော့ဘူး။”
တိလင်းထျန်းရှားက မျက်မှောင်ကြုံ့ကာပြောလိုက်၏။