အခန်း (၃၀၄-၃၀၆)
Vol. 21 Ch. 304-306
အခန်း ၃၀၄
အားလုံးသိထားကြသည့်အတိုင်း သင်္ဘောပေါ်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို တစ်ခုသာ ထားရှိနိုင်ပေသည်။
သေချာပေါက် ၎င်းသည် လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဖြစ်ပါက ကန့်သတ်ချက်မရှိပေ။
သို့သော် ဧကရာဇ်လင်းထျန်းရှားသည် မကျော်ဖြတ်ရသေးသောကြောင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လက်အောက်ခံအဖြစ် လက်မခံနိုင်သေးပေ။ ထို့ကြောင့် ထိုသို့လုပ်ဆောင်နိုင်ရန် နည်းလမ်းမရှိပေ။
ချင်ချင်းလုံက ပြုံးလိုက်၏။
“ဥက္ကဋ္ဌ စိတ်မပူပါနဲ့။ ကျွန်တော် အဲ့ဒီလူနဲ့ ဆက်သွယ်ပြီးပါပြီ။ သူ့တို့မှာ သူတို့ကိုယ်ပိုင် သစ်သားလှေငယ်လေးတွေ ရှိပါတယ်။ ကျွန်တော် သူ့တို့ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လှေငယ်ထဲလွှဲပြောင်းပြီး လှေငယ်ကို အလတ်စားရွက်သင်္ဘောနောက်ကနေ ကြိုးနဲ့ဆွဲလာဖို့ ပြောထားတယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု အပိုရှိတာက အကျိုးရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။”
“ကောင်းပြီ ချင်းလုံ မင်းအလုပ်ကို ကောင်းကောင်းလုပ်ခဲ့တာပဲ။ ငါမင်းကို C အဆင့်ရေသန့် ၁၀၀ မီလီနဲ့ဆုချမယ်။”
တိလင်းထျန်းရှားက သူ့ပုခုံးကို ပျော်ရွှင်စွာဖြင့် ပုတ်ကာပြောလိုက်သည်။
“ဥက္ကဋ္ဌရဲ့ ပြုစုပျိုးထောင်မှုအတွက် ကျေးဇူးတင်ပါတယ်။”
ချင်ချင်းလုံက တစ်ဝက်ဒူးထောက်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောလိုက်၏။
အခြားအရာများမှာ စိတ်ကူးယဉ်ခြင်းသာဖြစ်ပြီး အစစ်မှန်ဆုံးမှာ သင့်ခန္ဓာကိုယ်ခွန်အားကို မြှင့်တင်ရန်သာဖြစ်ပေသည်။
ထိုလူသစ်များ တိလင်းထျန်းရှားရှိရာကျွန်းဆီသို့ ရောက်ရှိလာသည်နှင့် သူ့တို့အား စာချုပ်ကဒ်အသုံးပြုနိုင်ပေသည်။
ထိုအခါ တိလင်းထျန်းရှားသည် ထိုလူအား အုတ်မြစ်ကျောက်များ စိတ်ချလက်ချပေးအပ်ပြီး ရှောင်းယီ၏အုပ်စုထဲ၌နေ၍ အဆင့်မြင့်အစားအစာများကို ဝယ်ယူစေနိုင်မည်ဖြစ်ပေသည်။
ကြော်ငြာပစ္စည်းများထုတ်ပြီးနောက် ရှောင်းယီနှင့် ဆိုဝမ်တို့ အတူတကွ အောက်သို့ဆင်းလာခဲ့ကြသည်။
“မင်း အန်းရန်နဲ့ အခုရှိနေတဲ့ အဆင့်မြင့်အစားအစာတွေအားလုံးကို စာရင်းပြုစုထားဖို့လိုလိမ့်မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“အထူးသဖြင့် မနေ့က သားရဲအဓိကရုဏ်းကြောင့် အဆင့်မြင့်အသားတွေ အများကြီးရခဲ့တယ်။”
“အင်း တကယ်ကို တော်တော်လေးများတယ်။ ရေခဲသေတ္တာတွေနဲ့ အအေးခန်းအသေးစားတွေအားလုံး ပြည့်နေပြီ။”
ဆုဝမ်က ပြောလိုက်သည်။
“မနေ့ကတောင် ငါတို့ အဲ့ဒါတွေကိုဆားနယ်ထားဖို့ စဉ်းစားလိုက်သေးတယ်။ ဒါပေမယ့် အခု ငါတို့မှာ ဆားက ချို့တဲ့နေတယ်။ အဲ့ဒါက ကိုင်တွယ်ဖို့ နည်းနည်းခက်ခဲနေတယ်။”
ရှောင်းယီက ခေါင်းညိတ်လိုက်၏။
“အခုဖြစ်နေတဲ့အခြေအနေအရဆိုရင် အဲ့ဒီအချိန်ကျရင် အဲ့ဒါတွေကိုအားလုံးကို နေရာချနိုင်လိမ့်မယ်။ အဆင့်မြင့်အသားအချို့ကလွဲရင် ကျန်တာတွေကို ရောင်းချမယ်။ ဒီတစ်ခါတော့ တစ်ကမ္ဘာလုံးအတွက်ပဲ။ သူတို့တွေ စားနိုင်သင့်တယ်ထင်တာပဲ။”
ဆူဝမ်က ခေါင်းညိတ်လိုက်သည်။
“အိုကေ ငါ အခု အန်းရန်ကိုသွားရှာလိုက်တော့မယ်။”
“အရမ်းများနေရင် ဦးလေးအန်းနဲ့ လယ်သမားကိုပါ ခေါ်လိုက်ဦး။”
ရှောင်းယီက သတိပေးလိုက်၏။
“အိုကေ”
ဆုဝမ်က တုံ့ပြန်လိုက်သည်။
ထို့နောက် ရှောင်းယီ ဗီလာမှထွက်လာခဲ့ပြီး သစ်သားစက်ရုံဆီသို့ လျှောက်သွားခဲ့သည်။
ရှောင်းယီ စက်ရုံတံခါးဝရောက်သည်နှင့် လုပင်းအာ၏ အံ့အားသင့်နေသည့်အသံကို ကြားလိုက်ရလေသည်။
“အန်တီလီ ကျွန်မတို့အောင်မြင်သွားပြီ!”
“ဘာတွေအောင်မြင်သွားလို့ အဲ့လောက်တောင် ပျော်နေတာလဲ။”
ရှောင်းယီ အထဲဝင်သွားပြီး ရယ်မောကာ မေးလိုက်၏။
ရှောင်းယီကိုတွေ့လိုက်ရသောအခါ လူပင်းအာ၏မျက်နှာမှာ နီမြန်းသွားပြီး ခေါင်းကိုအောက်ငုံ့ကာ စကားမပြောရဲတော့ပေ။
“ငါက အဲ့လောက်တောင်ကြောက်စရာကောင်းနေတာလား။ ငါလာတော့မှ မင်းက ဘာမှမပြောတော့နိုင်တော့ဘူးပေါ့။”
ရှောင်းယီက မေးလိုက်သည်။
“သူမက အရှက်အကြောက်ကြီးတယ်လေ။ အဲ့တော့ မင်းလို အရေးပါတဲ့တစ်ယောက်နဲ့ သူက စကားပြောမပြောရဲဘူးလေ။”
“ကျွန်တော်က ထူးပြီးအရေးပါတဲ့လူမဟုတ်ပါဘူး။ ကျွန်တော့မှာလည်း နှာခေါင်းတစ်ခုနဲ့ မျက်လုံးနှစ်လုံးပဲရှိတာ။ အဲ့ဒါကြောင့် အရမ်းခမ်းနားကြီးကျယ်နေဖို့မလိုဘူး။”
ရှောင်းယီက ပြောလိုက်သည်။
“အချိန်ယူရမယ်လေ။ စရိုက်လက္ခဏာဆိုတာ ရုတ်တရက်ပြောင်းလဲလို့ရတာ မဟုတ်ဘူး။”
လီယန်က ပြန်ပြောလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ကာ သူမတို့အလုပ်လုပ်နေသည့်ခုံရှည်ပေါ်ကိုကြည့်လိုက်၏။ ထိုအပေါ်၌ အဖြူရောင်အထည်၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုကို တွေ့လိုက်ရလေသည်။
“ခုနက Ping’er ကအောင်မြင်ပြီလို့ပြောတာက ဒီကြက်ပေါင်ကြိုးကြောင့်ပဲ။ ငါတို့ အဲ့ဒါကို လုပ်နိုင်ခဲ့တယ်လေ။”
ရှောင်းယီသည် ထိုအလျားကျဉ်းမြောင်းသောအထည်စကို ကောက်ယူပြီး ဆွဲကြည့်သောအခါ အံ့အားသင့်သွားခဲ့ရသည်။ မူလကအလျား မီတာတစ်ဝက်ခန့်သာရှိသော အထည်မှာ ၆၀ မှ ၇၀ စင်တီမီတာအထိ ဆန့်ထွက်သွားခဲ့၏။
ဂရုတစိုက်ကြည့်ရှုလိုက်ပြီးနောက် ၎င်းကို ဝါဂွမ်းချည်မျှင်များနှင့် ရာဘာချည်မျှင်များကို ရောစပ်ကာ ရက်လုပ်ထားပြီး ချောမွေ့ကာ ကောင်းမွန်ပေသည်။ ထို့နောက် ရှောင်းယီက သူတို့အား လက်မထောင်ပြကာ ပြောလိုက်သည်။
“အံ့ဩစရာပဲ! မင်းတို့ တကယ်ကို ကောင်းကောင်းလုပ်ခဲ့ကြတာပဲ။ နောက်ပိုင်းကျရင် ခါးပတ်တွေကို အကြယကြီးသုံးနေစရာ မလိုတော့ဘူး။”
လီယန်က ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ် ငါတို့ ဒီကြက်ပေါင်ကြိုးနဲ့ သာမန်ဘောင်းဘီတွေ စလုပ်တော့မယ်။ ဒါဆိုရင် လူတိုင်းလည်း ပြေးရလွှားရတဲ့အချိန်နဲ့ အလုပ်လုပ်တဲ့နေရာမှာ ပိုပြီးအဆင်ပြေလာလိမ့်မယ်။”
“ကောင်းပြီ ကျေးဇူးတင်ပါတယ်။”
ရှောင်းယီက ရိုးသားစွာ ပြောလိုက်သည်။
“ဘာလို့စိတ်ရှုပ်စရာတွေလုပ်နေတာလဲ။ အခုချိန်မှာ အခြားသူတွေထက် ငါတို့ဘယ်လောက်တောင် ပိုပြီးပျော်နေလဲဆိုတာ မင်းမသိပါဘူး။”
လီယန်က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ ဘေးနားတွင်ရှိနေသော လုပင်းအာကလည်း ကြက်ကလေးအစာကောက်သကဲ့သို့ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ ဒီည ကျွန်တော် အန်တီတို့ကို အစားအစာပိုပေးမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပြီး နောက်ထပ်အရသာရှိတဲ့အစားအစာတွေ ထပ်လုပ်ကြတာပေါ့။”
လီယန်ကပြုံးရင်း ပြန်ပြောလိုက်၏။
“ပြဿနာမရှိဘူး။ ကျွန်တော်အခု အန်းရန်ကိုပြောလိုက်မယ်။”
ထိုသို့ပြောပြီးနောက် ရှောင်းယီ ထွက်သွားခဲ့သည်။
အန်းရန်ကို အဆင့်မြင့်အစားအစာများ ပိုမိုချက်ပြုတ်ထားရန် ပြောပြီးနောက် ရှောင်းယီက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်သွားခဲ့သည်။
ကုထောင်ချွေ့ရှန်းက လွန်ခဲ့သည့် မိနစ် ၂၀ လောက်ကတည်းက သူဆီသို့ သီးသန့်စာပို့ထားခဲ့၏။
“သူဌေး ဒီကို ဒေသခံတွေ လာတိုက်နေပြန်ပြီ။”
ကုထောင်ချွေ့ရှန်းက စာပို့ထားခဲ့သည်။
ရှောင်းယီ အနည်းငယ်တုန်လှုပ်သွားခဲ့သည်။ ယခင်က အကျဉ်းသားများထံမှ ရရှိခဲ့သော အချက်အလက်များအရ ဟွားမင်မျိုးနွယ်စုသည် သူတို့၏သင်္ဘောများကို ဤကဲ့သို့လျင်မြန်စွာ တည်ဆောက်နိုင်လိမ့်မည်မဟုတ်ပေ။
နှစ်ရက်ပဲရှိသေးတာလေ။ နောက်ထပ်သင်္ဘောတစ်စီးက ဘယ်လိုရောက်လာနိုင်မှာလဲ။
ရှောင်းယီ ကုထောင်ချွေ့ရှန်းထံသို့ ဗီဒီယိုဆက်သွယ်မှုတစ်ခု တိုက်ရိုက်ပေးပို့လိုက်၏။ ထိုအခါ ကုထောင်ချွေ့ရှန်းက ချက်ချင်းပင် လက်ခံလိုက်လေသည်။
ယခုအခါ သူ့ညီငယ်နှစ်ယောက်၏ အကူအညီဖြင့် ကုထောင်ချွေ့ရှန်းသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် အခြားသတင်းအချက်အလက်များကို စုဆောင်းရန် အချိန်ပိုရှိသွားခဲ့သည်။
“သူဌေး”
ကုထောင်ချွေ့ရှန်းက နှုတ်ဆက်လိုက်သည်။
“အဲ့ဒါဟာ ဟွားလူမျိုးတွေရဲ့သင်္ဘောဟုတ်၊မဟုတ်ဆိုတာ မင်းအတည်ပြုပြီးပြီလား။”
ရှောင်းယီက မေးလိုက်သည်။
“အကွာအဝေးက ဝေးလွန်းနေတယ်။ ကျွန်တော် မအတည်ပြုရသေးဘူး။”
ကုထောင်ချွေ့ရှန်းက ပြန်ဖြေ၏။
“ဒါပေမယ့် မဟုတ်လောက်ဘူးလို့တော့ထင်တယ်။”
“အဲ့ဒါက မဟုတ်ဘူးဆို မင်းဘယ်လိုအတည်ပြုလိုက်တာလဲ။”
ရှောင်းယီ အံ့အားသင့်စွာ မေးမြန်းလိုက်သည်။
“သူတို့ရဲ့ ဦးတည်ချက်တွေ မတူလို့ပါ။”
ကုထောင်ချွေ့ရှန်းက ပြန်ပြောလိုက်သည်။
“အရင်တုန်းက ဟွားမင်မျိုးနွယ်စုက အရှေ့မြောက်ဘက်ကနေပေါ်လာခဲ့တာ။ ဒါပေမယ့် ဒီတစ်ခါတော့ အနောက်ဘက်ကလာတာပဲ။”
“ဒါက ဝေးလွန်းတယ်။ သူတို့က ဟွားလူမျိုးနဲ့တစ်ခုတည်းမဟုတ်ဖို့များတယ်။”
ရှောင်းယီက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
“ဒေသခံမျိုးနွယ်စုတစ်ခုကို လုံးဝတွန်းလှန်လိုက်နိုင်လို့ ဒုတိယမြောက် ဒေသခံမျိုးနွယ်စုတစ်ခုကို တိုက်ခိုက်ခိုင်းဖို့ စီစဉ်လိုက်တာလား။”
ကုထောင်ချွေ့ရှန်းက ခေါင်းခါလိုက်သည်။
“ဒါကိုတော့ ကျွန်တော်မသိဘူး။ ဂရုထဲမှာ ဒုတိယမြောက် ဒေသခံမျိုးနွယ်စုကို တွေ့တယ်လို့ ဘယ်သူမှမပြောဖူးဘူး။”
“ငါ တွေ့ခဲ့တယ်။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“အာ! သူဌေးက ဒေသခံမျိုးနွယ်စုနှစ်ခုနဲ့ တွေ့ပြီးသွားပြီလား။”
ကုထောင်ချွေ့ရှန်းက အံ့အားသင့်စွာ မေးလိုက်၏။ ရှောင်းယီက ခေါင်းညိမ့်ပြလိုက်သည်။
“အင်း ပထမဆုံးမျိုးနွယ်စုကို ငါလုံးဝနှိမ်နင်းပြီးတဲ့ နောက်တစ်နေ့မှာပဲ ဒုတိယမျိုးနွယ်စုနဲ့ တွေ့ခဲ့တာ။”
“သူဌေးက လုံးဝဖြေရှင်းပြီးသွားမှလေ။ ဒါပေမယ့် ကျွန်တော်က အခုထိ လုံးဝဖြေရှင်းလို့မပြီးသေးဘူး။ ဘာလို့ ကျွန်တော်ကို သူဌေးတစ်ယောက်လို ဆက်ဆံမှုကို ပေးလိုက်ရတာလဲ။ ဒါပေမယ့် ကျွန်တော်က သူဌေးမဟုတ်ဘူးလေ။”
ကုထောင်ချွေ့ရှန်းက ခါးသီးနေသောအမူအရာဖြင့် ပြောလိုက်၏။
“ငါတို့မသိသေးတဲ့ အခြားအကြောင်းအရင်းတွေ ရှိလောက်တယ်။”
ရှောင်းယီက မျက်မှောင်ကြုံ့ကာ ပြန်ပြောလိုက်သည်။
မှန်ပါသည်။ လူတိုင်းသည် ဤကမ္ဘာနှင့် မရင်းနှီးသေးသောကြောင့် ဖြည်းဖြည်းချင်းသာ လေ့လာစူးစမ်းရမည်ဖြစ်သည်။
“ဟွားမင်မျိုးနွယ်စုရဲ့ ဒေသခံအကျဉ်းသား ငါးယောက်ရော အခုဘေးကင်းရဲ့လား။”
ရှောင်းယီက မေးလိုက်သည်။
“သူတို့မသမာတာတစ်ခုခုလုပ်ရင် အရင်ဆုံးသတ်ပစ်လိုက်။ ကျွန်းထဲမှာ ပြဿနာမရှာစေနဲ့။”
အပြင်ဘက်မှ ရန်သူများနှင့် အတွင်းဘက်မှ အနှောင့်အယှက်ပေးသူများရှိပါက ဒေသခံများက သူတို့ကို အလွယ်တကူ နှိမ်နင်းသွားလိမ့်မည်ဖြစ်သည်။
ကုထောင်ချွေ့ရှန်းက ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ကဲ့။ သူတို့ တော်တော်လေး စကားနားထောင်ကြပါတယ်။ ဒါပေမယ့် ဒေသခံသင်္ဘောနီးလာရင် သူတို့ကို ကြိုးတုတ်ထားလိုက်ပါ့မယ်။”
“ကောင်းပြီ။ ငါ မင်းကို အရင်ဆုံး ဒူးလေးကြီးနဲ့ လောက်လေးခွစင်တစ်ခုကို လဲလှယ်ပေးထားမယ်။ အဲ့ဒါကို သူတို့လာတဲ့ဦးတည်ချက်လမ်းကြောင်းမှာ ထားလိုက်။”
ရှောင်းယီက သတိပေးလိုက်သည်။
“[ဒူးလေး] 6-နာရီအသုံးပြုခွင့် ၁၊ [လောက်လေးခွ] ခြောက်နာရီအသုံးပြုခွင့် ၁ - လဲလှယ်မှုမရှိပါ။”
ကုထောင်ချွေ့ရှန်းက ခေါင်းညိတ်လိုက်၏။ ထို့နောက် လဲလှယ်ပေးလိုက်သည့် ပစ္စည်းများကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးများ ထပ်မံပြူးကျယ်သွားရလေတော့သည်။
“သူဌေး ဒီလောက်လေးခွစင်ကိုဘယ်တုန်းကရခဲ့တာလဲ။”
“မနေ့ကပဲ။ ဒီတစ်ခါလာတိုက်တဲ့ ဒေသခံသင်္ဘောတွေကို ဒူးလေးနဲ့ မကိုင်တွယ်နိုင်မှာကို ငါနည်းနည်းစိုးရိမ်နေတယ်။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
အခန်း ၃၀၅
“လုံးဝမဖြစ်နိုင်ပါဘူး။ ကျွန်တော်ရဲ့ကျွန်းသေးသေးလေးမှာ ဒေသခံတွေ အဲ့လောက်အစွမ်းထက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးမဟုတ်လား။”
ကုထောင်ချွေ့ရှန်းက မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။
ရှောင်းယီ သူ၏ခေါင်းကို ခါယမ်းလိုက်၏။
“မင်းကို နောက်ထပ်ဒေသခံမျိုးနွယ်တစ်ခုကို ခွဲပေးထားပြီဆိုတော့ သေချာပေါက် ရိုးရှင်းမှာမဟုတ်ဘူး။ ဆိုလိုတာက မင်းကို နောက်ကွယ်ကလူတွေက အရေးပေးနေပြီ။”
“သေစမ်း သူတို့ရဲ့အရေးပေးမှုကို ငါမလိုချင်ဘူးဟ။”
ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။
“သူတို့ရောက်နေပြီဆိုမှတော့ မင်းတို့ရဲ့ခွန်အား အားလုံးကိုစုစည်းပြီး ခုခံကာကွယ်ကြရမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“လောက်လေးခွရဲ့ အကြမ်းဖျင်းအချက်အလက်တွေက ဒီလိုမျိုး...။”
ရှောင်းယီ လက်လေးခွစင်အား မည်သို့အသုံးပြုမည်ကို ကုထောင်ချွေ့ရှန်းအား အသေးစိတ် ပြောပြလိုက်သည်။ သူကိုယ်တိုင်အချိန်ကုန်ခံပြီး ရှာဖွေစရာမလိုတော့ပေ။
“မင်းဘာသာ အဆူးပါတဲ့ ကျောက်တုံးတွေ လုပ်လို့ရတယ်။ စမ်းသပ်ပြီးပြီးဆိုရင်တော့ ငါပြောသလိုမျိုးနီးပါး အသုံးပြုနိုင်လိမ့်မယ်။”
ရှောင်းယီက ပြောနေသည့်စကားကို အဆုံးသတ်လိုက်သည်။
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူဌေး။ ကျွန်တော် အပြင်ထွက်ပြီး လောက်လေးခွစင်ကို စမ်းသပ်ကြည့်လိုက်မယ်။”
ကုထောင်ချွေ့ရှန်းက ပြန်ပြောလိုက်သည်။
ရှောင်းယီ ခေါင်းညိတ်လိုက်ပြီး စကားဝိုင်းကို အဆုံးသတ်လိုက်၏။
ကုထောင်ချွေ့ရှန်း ချက်ချင်းပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဘေးတွင် ကျောက်ဆူးလုံးအချို့ ပြုလုပ်ပြီး လောက်လေးခံစင်ဘေးတွင် ထားလိုက်သည်။
ထိုအရာများအားလုံးလုပ်ပြီးသွားသည်နှင့် အပြင်ထွက်လာခဲ့လိုက်သည်။
ထိုအချိန်တွင် မဂတ္တမနှင့် ဟွားလန်တို့သည် လောက်လေးခွစင်နှင့် ဒူးလေးကြီးအနားတွင်ရပ်ကာ တအံ့တဩဖြင့် ဆွေးနွေးနေကြခဲ့သည်။
“ဒါကဘာလဲ။ နည်းနည်း အလုပ်ရှုပ်မယ့်ပုံပဲ။”
မဂတ္တမက လောက်လေးခွစင်ကို ကြည့်ရင်း ပြောလိုက်သည်။
ဟွားလန်က ခေါင်းခါလိုက်၏။
“ဒါက မစ္စတာယီရန်ပင်း ဖန်တီးထားတဲ့ နောက်ထပ်အဆင့်မြင့် ကာကွယ်ရေးပစ္စည်းတစ်ခုလို့ ငါထင်တယ်။”
“ယီရန်ပင်းက ဘယ်လောက်တောင်စွမ်းအားကြီးတယ်ဆိုတာ ငါ့ကိုပြောစမ်းပါဦး။ သူက ဘာလို့ အရာအားလုံးရနေနိုင်တာလို့ မင်းထင်လဲ။”
မဂတ္တမက ပင့်သက်ရှိုက်လိုက်မိသည်။
“ဘုရားပဲသာသိလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူနဲ့သာဆက်သွယ်လို့ရရင် မင်းရဲ့ဘဝက သေချာပေါက်ကောင်းစားပြီပဲ။”
ဟွားလန်က ပခုံးတွန့်ကာ ပြန်ဖြေလိုက်၏။
“ဘာတွေပြောနေကြတာလဲ”
ထိုစဉ် ကုထောင်ချွေ့ရှန်း သူတို့နားသို့ရောက်လာကာ မေးလိုက်သည်။
“ကျွန်တော်တို့ဘာတွေပြောနေကြတာလဲဆိုတော့ ဒီဟာကို တစ်ခါမှမမြင်ဖူးလို့ပါ။”
မဂတ္တမက ပြန်ဖြေလိုက်သည်။
“ငါလည်း ဒီဟာကိုတစ်ခါမှမမြင်ဖူးပါဘူး။ သူဌေးက ငါတို့သုံးဖို့ ပို့ပေးလိုက်တာ။ ဒါကလောက်လေးခွစင်လို့တော့ပြောတယ်။”
ကုထောင်ချွေ့ရှန်းက ပြန်ဖြေလိုက်သည်။
“လောက်လေးခွစင်လား။ ရှေးခေတ်တုန်းက မြို့တွေကို ဝိုင်းရံတိုက်ခိုက်တဲ့အခါမှာသုံးတဲ့ လောက်လေးခွစင်မျိုးလား။”
ဟွားလန်က အံ့ဩတကြီးဖြင့် ပြောလိုက်သည်။
“ဟုတ်လောက်မယ်။ အရင်ဆုံးစမ်းကြည့်လိုက်ကြတာပေါ့။ ပစ္စည်းကောင်းတစ်ခုရှိနေပြီးမှ မသုံးတတ်ရင် ရှက်စရာကောင်းတယ်။”
ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။
“ဟုတ်တယ်”
ထို့နောက် ရှောင်းယီ ပေးခဲ့သည့်နည်းအတိုင်း အကွာအဝေးကိုချန်ညှိပြီး ပစ်လွှတ်ကြည့်လိုက်၏။
ပလုတ်!
ပစ်လွှတ်လိုက်သော ကျောက်တုံးသည် ကုထောင်ချွေ့ရှန်းစိတ်ကူးထားသည့်အတိုင်း အတိအကျထိမှန်သွားခဲ့သည်။
“ဒါက အရမ်းအစွမ်းထက်တယ်။ ဒူးလေးနဲ့သာထပ်ပေါင်းလိုက်မယ်ဆိုရင် ဒီတစ်ခါတော့ သူတို့ပြန်မသွားနိုင်တော့ဘူး။”
ဟွားလန်က စိတ်လှုပ်ရှားစွာပြောလိုက်၏။
ကုထောင်ချွေ့ရှန်း ပင်လယ်ထဲက သင်္ဘောများကို လှမ်းကြည့်လိုက်မိသည်။
“ဒီတစ်ခါလာမယ့် ဒေသခံသင်္ဘောကြီးတွေအပေါ်မှာ ဒူးလေးတွေက သိပ်ပြီးထိရောက်မှုမရှိနိုင်ဘူးလို့ သူဌေးကပြောခဲ့တယ်။”
“မဟုတ်သေးပါဘူး။ သူဌေး ဒီစကားကို အရင်ကလည်း ပြောဖူးခဲ့ပါတယ်။ ဒါက သူဌေးတစ်ယောက်တည်းပဲ ရနိုင်တဲ့ ဆက်ဆံမှုမျိုးမဟုတ်ဘူးလား။”
မဂတ္တမက ပြောလိုက်သည်။
ကုထောင်ချွေ့ရှန်းက ခေါင်းခါလိုက်၏။
“အခုအခါမှာ အထက်ကလူတွေက ငါတို့ကို သူဌေးတွေလိုမျိုး သဘောထားနေကြပုံရတယ်။”
“ဒါက တကယ်ကို စိတ်ကသိကအောက်ဖြစ်စရာပဲ။”
မဂတ္တမ မည်သည့်စကားမျှ မပြောနိုင်တော့ပေ။
“ဒီဒေသခံတွေကို အရင်ချုပ်ထားလိုက်။ အကယ်၍ သူတို့ခုခံလာမယ်ဆိုရင် တစ်ခါတည်းသတ်ပစ်လိုက်။”
ကုထောင်ချွေ့ရှန်းက ပင်လယ်ထဲရှိ သင်္ဘောများ၏အခြေအနေကို ကြည့်ရင်း အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
ဟွာလန်က ပြန်ဖြေပြီး ကျွန်းပေါ်ရှိ ဒေသခံခြောက်ယောက်လုံးကို အနီးရှိ သစ်ပင်တစ်ပင်တွင် ကြိုးတုတ်ထားလိုက်၏။
ဟွားလန်သည် ရည်ရွယ်ချက်ရှိရှိဖြင့် ပင်လယ်ကမ်းခြေအနီးရှိ သစ်ပင်တွင် ထိုဒေသခံများကို ကြိုးတုတ်ထားလိုက်သည်။ ဤနည်းဖြင့် နောက်ထပ်ရောက်လာမည့် ဒေသခံများကို ခြောက်လှန့်နိုင်မည်ဟု မျှော်လင့်မိပေသည်။
ဖမ်းမိထားသော ဒေသခံများသည်လည်း လုံးဝခုခံခြင်းမရှိဘဲ နာခံစွာဖြင့် ကြိုးတုတ်ခံလိုက်ကြ၏။
ဤကျွန်းပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများ၏ အမိန့်များကို လိုက်နာနေသ၍ သူတို့သေရမည်မဟုတ်ဘဲ ကောင်းကောင်းနေရမယ်ဖြစ်ကြောင်း သူတို့သိထားကြပေသည်။
ဤတစ်ရက်၊ နှစ်ရက်အတွင်းမှာပင် ဒေသခံများသည် သူတို့မျိုးနွယ်စုထဲတွင် ယခင်က တစ်ခုမျှမြည်းစမ်းဖူးခဲ့သော အရသာရှိသည့် အစားအစာများစွာကို ရရှိခဲ့ကြသည်။
ထမင်းတစ်နပ်စီအတွက် ဗိုက်ပြည့်အောင်စားကြရပြီး လုပ်ရသည့်အလုပ်များမှာလည်း ယခင်ကအမဲလိုက်ခြင်းထက် ပို၍လုံခြုံပေသည်။
သူတို့တွင်ခုခံရန် အကြောင်းပြချက် လုံးဝမရှိပေ။
မကြာခင်မှာပင် ပင်လယ်ထဲရှိ သင်္ဘောသည်လည်း ကျွန်းနှင့် တဖြည်းဖြည်း နီးကပ်လာခဲ့လေသည်။
ကုထောင်ချွေ့ရှန်းသည် သူတို့ဆီသို့ရောက်လာနေသော သင်္ဘောများကို ကြည့်ပြီး ထိုလူများမှာ ဟွားမင်းလူမျိုးများ၏ သင်္ဘောများမဟုတ်ကြောင်း သတိထားမိသွားခဲ့သည်။
ယခင်အကျဉ်းသားသည် ဟွားမင်လူမျိုးများ၏ လှေ များတွင်ရှိသော ထူးခြားသောလက္ခဏာများကို ကုထောင်ချွေ့ရှန်းအား ပြောပြခဲ့ပေသည်။
သို့သော်လည်း ယခုအချိန်တွင် ဟွားမင်လူမျိုးများ၏ အကျဉ်းသားများသည် ထိုသင်္ဘောကြီးကို မြင်သောအခါ ကြောက်လန့်တကြီး အော်ဟစ်လာကြလေသည်။
ကုထောင်ချွေ့ရှန်း မျက်မှောင်ကြုံ့လိုက်မိသည်။ ထျိုဒသခံများ၏ အော်ဟစ်သံများကို သူနားမလည်ပေ။ သို့သော်လည်း သူတို့၏အမူအရာများမှတစ်ဆင့် သူတို့ကြောက်ရွံ့နေကြခြင်းဖြစ်ကြောင်းကိုမူ မြင်နိုင်သေးပေသည်။
စောစောက သူတို့ကို ပစ်ပင်၌ ကြိုးနှင့်ကပ်ချည်စဉ်အခါကပင် ထိုကဲ့သို့ကြောက်ရွံ့နေခဲ့ကခြင်းမရှိချေ။
“ဒီတစ်ခါရောက်လာတဲ့ ဒေသခံတွေကို သူတို့သိနေတာများလား။”
ကုထောင်ချွေ့ရှန်း တစ်ကိုယ်တည်းတွေးလိုက်မိသော်လည်း နောက်အခိုက်၌ စဉ်းစားခြင်းကိုရပ်တန့်လိုက်သည်။ သူသည် ချက်ချင်းပင် လောက်လေးခွစင်ကို ချိန်ညှိပြီး သင်္ဘောကြီးဆီသို့ ကျောက်တုံးများဖြင့် ပစ်ခတ်ရန်ပြင်ဆင်လိုက်တော့လေသည်။
ဘေးနားရှိနေသော မဂတ္တမသည်လည်း ဒူးလေးကြီးကို ထိန်းချုပ်ကာ သင်္ဘောဆီသို့ ပစ်လွှတ်လိုက်၏။
ဝှစ်ရှ်!
ဒုတ်!
လေးလံသည့်လံသည့်မြှားများကို သင်္ဘောကိုယ်ထည်သို့ ခိုင်မြဲစွာစိုက်ဝင်သွားသော်လည်း ကိုယ်ထည်ကို ထိုးဖောက်ခွဲထုတ်၍မရခဲ့ပေ။
“အစ်ကိုကြီး ဒီသင်္ဘောက အရမ်းမာတယ်။ ဒူးလေးနဲ့ သူတို့ရဲ့ခံစစ်ကို ချိုးဖျက်လို့မရဘူး။”
မဂတ္တမက အော်ပြောလိုက်သည်။
“လူတွေကိုရှာပြီးပစ်လိုက်!”
ကုထောင်ချွေ့ရှန်းက ချက်ချင်းပင် အော်ဟစ်လိုက်၏။
“ဟုတ်ကဲ့”
ဝှစ်ရှ်!
ထိုစဉ် အဆူးများပါသည့် ကျောက်တုံးတစ်တုံး သင်္ဘောဆီသို့ ပျံသန်းသွားခဲ့သည်။
ကလစ်!
ကျောက်တုံးသည် ချက်ချင်းဆိုသလိုပင် သင်္ဘောလက်ရန်းများကို ချိုးဖဲ့ပစ်လိုက်၏။
မူလက တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်နေခဲ့ကြသော သင်္ဘောပေါ်က ဒေသခံများမှာ ယခုအချိန်၌ လုံးဝထိတ်လန့်သွားကြတော့သည်။
ဟွားလန်သည် ကုထောင်ချွေ့ရှန်းနှင့် ပူးပေါင်းပြီး လောက်လေးခွထဲသို့ ကျောက်တုံးများထပ်ဖြည့်ကာ ထပ်မံပစ်လွှတ်လိုက်၏။
ကလစ်!
သင်္ဘော၏ကြမ်းပြင်၌ အပေါက်ကြီးတစ်ပေါက် ဖြစ်သွားခဲ့လေသည်။
“ဟားဟား! ဆက်လုပ်မယ်။”
ဟွားလန်က အားရပါးရ ပြောလိုက်၏။
သူတို့နှစ်ယောက်သည် ကျောက်တုံးများဖြင့် ဆက်တိုက်ပစ်ခတ်ကာ ဒေသခံသင်္ဘောကို ကြီးမားသည့်ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည်။
“မဟုတ်ဘူး အစ်ကိုကြီး သူတို့အားလုံး လှေတွေပေါ်ကို ပြောင်းတက်သွားကြပြီ။”
မဂတ္တမ ကျယ်လောင်စွာ အော်ပြောလိုက်၏။
ထိုစဉ် သင်္ဘောကြီး၏အနောက်ဘက်မှ လှေငယ်ရှစ်စင်း တစ်စီးပြီးတစ်စီး ထွက်ပေါ်လာသည်ကို တွေ့လိုက်ရလေတော့သည်။
“ချီးဘဲ ဒီမျိုးနွယ်စုက ဖျားနေတာပဲဖြစ်ရမယ်။ သင်္ဘောကြီးတစ်စီးက လှေငယ်တွေအများကြီးနဲ့ ဘာလုပ်နေတာလဲ။”
ဟွားလန်က ကျိန်ဆဲလိုက်သည်။
“မဂတ္တမ မင်းအဲ့ဒီလှေငယ်တွေကို ချိန်ပြီးပစ်လိုက်။ မင်းအနေနဲ့ သင်္ဘောကြီးတွေရဲ့ ခံစစ်ကို ချိုးဖျက်လို့မရဘူး။ လှေငယ်တွေမှာတော့ ဒီလောက်အားကောင်းတဲ့ ခံစစ်မျိုးမရှိဘူး။”
“ဟုတ်ကဲ့”
မဂတ္တမက ပြန်ဖြေပြီး သူ၏ပစ်မှတ်ကို ထိုလှေများဘက်သို့ ရွှေ့လိုက်သည်။
သင်္ဘောကြီး၌ လှုပ်ရှားမှုမရှိသလောက်ဖြစ်နေသည်ကို မြင်သောအခါ ကုထောင်ချွေ့ရှန်းနှင့် ဟွားလန်တို့သည်လည်း လှေငယ်များဆီသို့ ပစ်မှတ်ပြောင်းကာ ကျောက်တုံးများဖြင့် ပစ်ခတ်ကြတော့၏။
သို့သော်လည်း လှေငယ်များ၏ ရွေ့လျားနိုင်မှုမှာ သင်္ဘောကြီးထက် ပို၍ကောင်းမွန်ပေသည်။ သူတို့သည် ကျောက်တုံးများ သူတို့ဆီသို့ လွင့်ပျံလာသည်ကို မြင်သည်နဲ့ ချက်ချင်းပင် အပြင်းအထန်လှော်ခတ်ပြီး ရှောင်တမ်းသွားကြ၏။ ဤသို့ဖြင့် ကျောက်တုံးတိုင်းကို အလွယ်တကူ ရှောင်တိမ်းသွားနိုင်ခဲ့ကြသည်။
“အစ်ကိုကြီး ဒါကအလုပ်မဖြစ်ဘူး။ ကျွန်တော်တို့က သူတို့ငိုချိန်ထားရင်တောင် သူတို့က ရှောင်နိုင်သေးတယ်။”
ဟွားလန်က အော်ပြောလိုက်သည်။
“လေးနဲ့မြှားတွေကို ပြောင်းကိုင်လိုက်။”
ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။
“မဂတ္တမ မင်းနဲ့အနီးဆုံးကလှေကိုရှာပြီး သူတို့ကိုသတ်ပစ်လိုက်။”
“ဟုတ်ကဲ့”
မဂတ္တမက ပြန်ဖြေပြီး သူနှင့်အနီးဆုံးရှိလှေကို ပစ်မှတ်ထားကာ ပစ်လွှတ်လိုက်တော့သည်။
ကုထောင်ချွေ့ရှန်းသည် အဆက်မပြတ်ပစ်ခတ်နိုင်သည့်ဒူးလေးကို ကောက်ယူပြီး ရှုထောင့်ပြောင်းကာ လှေပေါ်က လူများဆီသို့ ပစ်လွှတ်လိုက်၏။
တစ်ချိန်တည်းမှာပင် ဟွားလန်သည်လည်း ထိုလူများကို ပစ်ခတ်ရန် လေးနှင့်မြှားကို အသုံးပြုလိုက်သည်။
သို့သော်လည်း ထိုနည်းလမ်းက ဒေသခံသင်္ဘောသားများ၏ လှော်ခတ်သည့်အရှိန်ကို အနည်းငယ် နှေးသွားစေရုံသာ တတ်နိုင်ပြီး သတ်ဖြတ်နိုင်စွမ်းက မလုံလောက်ပေ။
“အစ်ကိုကြီး ဒါလည်းအလုပ်မဖြစ်ဘူး။ ကျွန်တော်တို့ သူတို့ထဲက တစ်ဝက်လောက်ပဲ ချန်ထားခဲ့နိုင်လိမ့်မယ်။ တခြားဒေသခံတွေက ကုန်းပေါ်တက်လာနိုင်တယ်။”
မဂတ္တမက ပစ်ခတ်နေရင်း အော်ပြောလိုက်သည်။
“တောင့်ခံထားဦး။ ငါ သူဌေးကို တစ်ခုခုလုပ်လို့ရမလားဆိုတာ သွားမေးကြည့်မယ်။ အနီးကပ်တိုက်ပွဲဝင်ဖို့ လူတိုင်းအဆင်သင့်ပြင်ထားကြ။”
ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။
“ဟုတ်ကဲ့”
မဂတ္တမတို့နှစ်ယောက်က ပြန်ဖြေလိုက်ကြ၏။
ထို့နောက် ကုထောင်ချွေ့ရှန်းသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ အမြန်ပြေးသွားပြီး ရှောင်းယီဆီသို့ ဗီဒီယိုခေါ်ဆိုမှုတစ်ခု ပို့လိုက်တော့သည်။
အခန်း ၃၀၆
ရှောင်းယီသည် ကုထောင်ချွေ့ရှန်းတို့ ဒေသခံမျိုးနွယ်စုများ၏ တိုက်ခိုက်မှုကို ခံနေရကြောင်း သိထားသောကြောင့် ကျွန်းပေါ်ရှိ ကျောက်အထိမ်းအမှတ်ကျဪက်တိုင်မှ ထွက်ခွာမသွားခဲ့ပေ။
ကုထောင်ချွေ့ရှန်း၏ ဗီဒီယိုတောင်းဆိုမှုကို မြင်ပြီးနောက် သူ ချက်ချင်းပင် သဘောတူလိုက်သည်။
“သူဌေး ဘာမှားနေတာလဲ။ အဲ့ဒီမျိုးနွယ်စုက လှေငယ်ရှစ်စီးခွဲပြီး ကမ်းပေါ်တက်ဖို့ အတင်းအကျပ်လုပ်နေတယ်။ ကျွန်တော်တို့သုံးယောက်တည်းနဲ့ သူတို့ကို မတားဆီးနိုင်တော့ဘူး။”
ကုထောင်ချွေ့ရှန့်က အလွန်မြန်ဆန်စွာ ပြောလိုက်သည်။
ရှောင်းယီ အနည်းငယ် အံ့အားသင့်သွား၏။
“ဒါကဖြစ်နိုင်ပါ့မလား။”
ထိုဒေသခံများသည် သူတို့၏လူအင်အားကို အသုံးပြု၍ အတင်းအကျပ်ပြုလုပ်ရန် စီစဉ်နေပါသလော။ ရှောင်းယီသည် ယခင်က ဤကဲ့သို့သော အခြေအနေမျိုးနှင့် မကြုံတွေ့ခဲ့ဖူးပေ။
ခဏကြာအောင်စဉ်းစားပြီးနောက် ရှောင်းယီသည် ပုယီယဲ့ မနေ့က ယူလာပေးခဲ့သော မြားလှည်းနှစ်စီးကို ချက်ချင်းပင် ငှားရမ်းပေးလိုက်သည်။
“[မြှားလှည်း] ( Aအဆင့် ) ခြောက်နာရီအသုံးပြုခွင့် ၂ လဲလှယ်မှုမရှိပါ။”
ထို့နောက် ရှောင်းယီ ထိုပစ္စည်းလွှဲပြောင်းမှုကိုပင် နောက်တစ်ခေါက် ထပ်မံပို့လိုက်သည်။
“[ဝါးမြှား] ( B အဆင့်) ၅၀၀ လဲလှယ်မှုမရှိပါ။”
ရှောင်းယီထံမှ ထပ်မံရရှိလာသော အဆင့်မြင့်ပစ္စည်းနှစ်မျိုးကို မြင်လိုက်ရသော ကုထောင်ချွေ့ရှန်းသည် အံ့အားသင့်နေရန်ပင်အချိန်မရှိဘဲ တိုက်ရိုက်ပင် သဘောတူလိုက်သည်။
“မြားလှည်းက အဝေးပစ်တိုက်ခိုက်မှုအတွက်ပဲ။ သူ့ထဲကို ဝါးမြားတွေ ဖြည့်ပြီးပစ်ရင် ပိုမိုကြီးမားတဲ့ အဖျက်စွမ်းအားရှိတယ်။”
ရှောင်းယီက သတိပေးလိုက်သည်။
ကုထောင်ချွေ့ရှန်းက ခေါင်းညိတ်လိုက်၏။
“ဟုတ်ကဲ့ သူဌေး ကျွန်တော်အရင်သွားနှင့်တော့မယ်။ ဒေသခံတွေကို တွန်းလှန်ပြီးရင် သူဌေးကို အခြေအနေပြန်ပြောပြပါမယ်။”
ထို့နောက် ရှောင်းယီ ခေါ်ဆိုမှုကို ရပ်စဲလိုက်သည်။
ကုထောင်ချွေ့ရှန်းသည် လဲလှယ်မှုမှ ရရှိလာသော ပစ္စည်းအားလုံးကို စစ်မြေပြင်၏ရှေ့တန်းတွင် နေရာချလိုက်၏။
မဂတ္တမတို့နှစ်ယောက်သည် ဒေသခံလှေများကို တားဆီးရန် ရုန်းကန်နေရစဉ် ရုတ်တရက် သူတို့ဘေးတွင် ဆလင်ဒါတစ်ခုပါသော ကားနှစ်စီး ထပ်မံရောက်ရှလာသည်ကို တွေ့လိုက်ရလေသည်။ ထို့ပြင် ဝါးကိုယ်ထည်၊ သတ္တုမြားခေါက်းနှင့် အဖျားတွင် အမွေးအတောင်များပါသော မြားများ ရှိနေသည်ကိုလည်း တွေလိုက်ရ၏။
“ဒီပစ္စည်းကို ဘယ်လိုသုံးရမှာလဲ။”
ဟွားလန်က ထိုပစ္စည်းများကို ကြည့်ကာ မေးလိုက်သည်။
ဤပစ္စည်းများသည် ကုထောင်ချွေ့ရှန်း ယီရန်ပင်းဆီမှ တောင်းခံရရှိလာသည့် အရင်းအမြစ်များဖြစ်သည်မှာ သေချာသော်လည်း ၎င်းတို့သည် ထိုမြားလှည်းကို ယခင်က လုံးဝမမြင်ဖူးခဲ့ကြပေ။
“ငါကဘယ်လိုသိမှာလဲ။ အစ်ကိုကြီး ရောက်လာရင် သိရလိမ့်မယ်။”
မဂတ္တမက ပြန်ဖြေလိုက်သည်။
ထိုစဉ် ကုထောင်ချွေ့ရှန်းသည် သူတို့ဆီသို့ ချက်ချင်းပင် အပြေးအလွှားပြန်ရောက်လာပြီး ပြောလိုက်၏။
“ဟွားလန် ဒီကိုလာ! ဒီဝါးမြားတွေကို မြားလှည်းထဲ ထည့်လိုက်။”
ပြောရင်းနှင့် သူသည် ဝါးမြားများကို လက်အပြည့် ကောက်ယူကာ မြားလှည်းထဲသို့ ထည့်လိုက်သည်။
ဟွားလန်သည်လည်း သူလုပ်သည့်ပုံစံအတိုင်းလိုက်လုပ်ပြီး ဝါးမြားများကို ကောက်ယူကာ မြားလှည်းထဲသို့ ထည့်လိုက်၏။
“အစ်ကိုကြီး မြန်မြန်လုပ် ငါဆက်ပြီးမထိန်းထားနိုင်တော့ဘူး။”
မဂတ္တမက အော်ဟစ်လိုက်သည်။
ကုထောင်ချွေ့ရှန်း လှမ်းကြည့်လိုက်သောအခါ ငါးဖမ်းလှေသုံးစင်းသည် ကျွန်းနှင့် အလွန်နီးကပ်လာနေသည်ကို တွေ့လိုက်ရ၏။
ထိုအချိန်တွင် သူသည်လည်း မြားလှည်းတစ်စီးကို မြများဖြည့်ပြီးသွားဖြစ်သည်။
“မင်းနဲ့အနီးဆုံးတစ်စီးကို မင်းထိမ်းထား။ ကျန်တာတွေကို ငါ့အတွက်ချန်ထားလိုက်။”
“ဟုတ်ကဲ့”
ကုထောင်ချွေ့ရှန်းသည် မြားလှည်းကို အခြားလှေတစ်စင်းအား ပစ်မှတ်ထားလိုက်၏။ ထို့ပြင် သူသည်လည်း အနည်းငယ်လည်း စိုးထိတ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မြားလှည်း၏စွမ်းအားကို သူမသိသောကြောင့်ဖြစ်သည်။
ထိုနည်းတူစွာပင် ဤမြားလှည်းများသည် သာမန်လေးများအတွက် အသုံးပြုသော မြားများကိုသာ အသုံးပြုနေရဆဲဖြစ်ပြီး လေးလံသော ဒူးလေးကြီးများအတွက် အသုံးပြုသော ထူထဲ၍ ကြီးမားရှည်လျားသည့် မြားများမဟုတ်ပေ။
ထိုမြားများသည် သူဌေးကြီးထံမှ ရရှိထားသော B အဆင့် မြားများဖြစ်သော်လည်း ထိုမြားများ၏ အကျိုးသက်ရောက်မှုများကို သူအတိအကျမသိရပေ။ ထို့ကြောင့် သူသည် သူတို့ကို ဦးစွာ စတင်တိုက်ခိုက်ရန် လိုအပ်ပေသည်။
ဝှစ်ရှ်!
ကုထောင်ချွေ့ရှန်းသည် မြားလှည်းကို ပြတ်ပြတ်သားသားပင် ပစ်လွှတ်လိုက်၏။ ထို့နောက် မြားလှည်း၏ဆလင်ဒါထဲရှိ မြားအားလုံးသည် ချက်ချင်းဆိုသလိုပင် ပြေးထွက်သွားလေတော့သည်။
သူပစ်မှတ်ထားလိုက်သော လှေငယ်သည် ချက်ချင်းပင် လှေဦးပိုင်းတွင် ပြင်ဆင်ထားသော သစ်သားပြားများအားလုံးကို ထိုမြားများအား တားဆီးရန် ကြိုးစားလိုက်ကြသည်။
ဝုန်း!
ထိုစဉ် ကုထောင်ချွေ့ရှန်းသည် အသံတစ်ခုကို ကြားလိုက်ရသည်ဟု ခံစားလိုက်ရပြီး လှေဦးပိုင်းတွင် ရပ်နေသော သစ်သားပြားများမှာ ဇကာပေါက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟု တွေ့လိုက်ရလေတော့သည်။
“အား!!”
လှေငယ်ပေါ်ရှိ ဒေသခံများ ကြောက်လန့်တကြားအော်ဟစ်လိုက်ကြ၏။
ဇကာပေါက်အဖြစ် ပြောင်းလဲသွားသော သစ်သားပြားများမှာ ပြိုကျသွားပြီး လှေပေါ်ရှိ အလွန်ဝမ်းနည်းစရာကောင်းသည့် အခြေအနေကို ထုတ်ဖော်ပြသလိုက်သည်။ ရှေ့တန်းရှိ ဒေသခံတစ်ဦးစီတိုင်း၏ ခန္ဓာကိုယ်တွင် သွေးထွက်နေသောအပေါက်များ ဒါဇင်ပေါင်းများစွာရှိနေပြီး နောက်တန်းရှိ ဒေသခံများ၏ခန္ဓာကိုယ်များ၌ ဝါးမြားဒါဇင်ပေါင်းများစွာ စိုက်ဝင်နေ၏။
ကုထောင်ချွေ့ရှန့်သည် ထိုမြင်ကွင်းကိုမြင်လိုက်ရပြီး အံ့ဩထိတ်လန့်မှုကြောင့် သတိလစ်သွားတော့မလိုပင် ခံစားလိုက်ရသည်။ ထိုမြားလှည်း၏စွမ်းအားမှာ သူ၏မျှော်လင့်ချက်ထက် လုံးဝကိုကျော်လွန်နေခဲ့လေသည်။
ထိုစဉ် ဘေးနားတွင်ရှိနေသော ဟွားလန်သည်လည်း နောက်ဖပ်မြားတစ်သုတ်ကို ဖြည့်တင်းပြီးသွားပြီးဖြစ်သည်။
“ရပြီ အစ်ကိုကြီး မင်းပစ်တော့မလား။”
ထိုစကားသည် ကုထောင်ချွေ့ရှန်းကို ကြောင်အနေရာမှ လှုပ်နှိုးလိုက်၏။ သူသည် ချက်ချင်းပင် လျှောက်လာရင်း ပြောလိုက်သည်။
“နောက်တစ်ခုကို သွားဖြည့်လိုက်။”
“ဟုတ်ကဲ့”
ဟွားလန်လည်း ချက်ချင်းပင် အခြားမြားလှည်းဆီသို့ ပြေးသွားတော့သည်။
ကုထောင်ချွေ့ရှန်းသည် မြားလှည်း၏စွမ်းအားကို သိရှိသွားပြီးနောက် ချဉ်းကပ်နေသေးသော ကျန်ရှိသည့် သစ်သားလှေငယ်များကို ကြည့်ကာ သရောပြုံးပြုံးလိုက်၏။
“မင်းတို့လှေကပဲ ပိုမြန်မလား။ ဒါမှမဟုတ် ငါ့မြားလှည်းကပဲ ပိုမြန်မလားဆိုတာ ကြည့်ကြတာပေါ့။”
ထိုသို့ပြောရင်းနှင့် သူသည် ချဉ်းကပ်နေသော အခြားသစ်သားလှေငယ်တစ်စင်းဆီသို့ ပစ်ခတ်တော့လေသည်။
ရလဒ်မှာ လှေပေါ်ရှိ ဒေသခံအားလုံး ချက်ချင်းသုတ်သင်ခံလိုက်ရကြောင်း ပြောပြနေစရာပင် မလိုအပ်တော့ပေ။
ဒေသခံလှေနှစ်စင်းကို ဆက်တိုက်ရှင်းပစ်လိုက်သည်နှင့်တပြိုင်နက် နောက်ဆုံး၌ ထိုဒေသခံများ ကြောက်လန့်ကာ အော်ဟစ်ကြကုန်တော့၏။
သူတို့သည် ကျွန်းဆီသို့ ဆက်မသွားတော့ဘဲ လှေဦးကိုလှည့်ကာ ဝေးရာသို့ ထွက်ပြေးကြတော့သည်။
“အစ်ကိုကြီး သူတို့ထွက်ပြေးသွားပြီ။”
မဂတ္တမက ပျော်ရွှင်စွာပြောလိုက်၏။ ထို့နောက်မှသာ ကုထောင်ချွေ့ရှန်း၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသော လှေနှစ်စင်းကို မြင်းလိုက်ရလေသည်။
“ဝှက်သယ်! အစ်ကိုကြီး မင်းဘယ်လိုလူသတ်လက်နက်ကြီးကို ရလိုက်တာလဲ။”
မဂတ္တမက အလန့်တကြား အော်ဟစ်လိုက်မိ၏။
ဘေးနားတွင် မြားများဆက်ဖြည့်နေသည့် ဟွားလန်သည်လည်း မဂတ္တမ၏ ညစ်ညမ်းသည့်စကားများကို ကြားလိုက်ရပြီး ပင်လယ်ဘက်ကို ငေးကြည့်လိုက် လေသည်။
“ဒုက္ခပဲ! ဒီပစ္စည်းက ဒီလောက်ကြမ်းရလားဟ။”
ဟွားလန်က မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် ပြောလိုက်သည်။
“ဟေ့ကောင်တွေ ကြောင်ကြည့်မနေကြနဲ့ဟ။ ဆက်လုပ်။ သူတို့အားလုံးကို ထိန်းထားနိုင်ရင် အကောင်းဆုံးပဲ။”
ကုထောင်ချွေ့ရှန်းက အော်ဟစ်လိုက်သည်။
သူတို့နှစ်ယောက်လုံးလည်း ချက်ချင်းပင် သူတို့၏အလုပ်များကို ပြန်ဆက်လိုက်ကြသည်။
မဂတ္တမသည် နှေးကွေးစွာ ထွက်ပြေးနေသော သင်္ဘောကို ရှာတွေ့သွားပြီး လေးလံသောဒူးလေးကြီးကို အသုံးပြုကာ သင်္ဘောကိုယ်ထည်ကို ဆက်လက်ဖျက်ဆီးလိုက်သည်။
ကုထောင်ချွေ့ရှန်းသည်လည်း မြားလှည်းကို နှစ်ကြိမ်ဆက်တိုက်ထပ်မံပစ်ခတ်ကာ လှေငယ်နှစ်စင်းကို နောက်တွင်ချန်ထားနိုင်ခဲ့သည်။
ဤတစ်ကြိမ်တွင် ဒေသခံများသည် လှေငယ်ရှစ်စီးဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ကုထောင်ချွေ့ရှန်းက ခြောက်စီးချန်ထားနိုင်ခဲ့ကာ ကျန်နှစ်စီးမှာမူ ပျက်စီးနေသော သင်္ဘောဆီသို့ အောင်မြင်စွာ ထွက်ပြေးခွင့်ရသွားခဲ့သည်။
ထိုလှေနှစ်စင်းမှ ဒေသခံများသည် သင်္ဘောကြီးဆီသို့ ပြန်ရောက်သွားကြပြီးနောက် ရုတ်တရက် သင်္ဘောကြီးအပေါ်တွင် မှောင်မိုက်သည့် တိမ်တိုက်များ စုဝေးလာပြီး လျှပ်စီးနှင့်မိုးကြိုးများ ထွက်ပေါ်လာခဲ့လေသည်။
“အစ်ကိုကြီး ဘာတွေဖြစ်နေတာလဲ။”
မဂတ္တမက အလန့်တကြားဖြင့် မေးလိုက်၏။
ကုထောင်ချွေ့ရှန်းသည်လည်း ရှေ့တွင်မြင်နေရသောမြင်ကွင်းကို ကြည့်နေခဲ့သည်။
“ဒါက သူဌေးပြောတဲ့ ဒေသခံတွေ ဦးတည်ချက်ကျောက်ကို အသုံးပြုတဲ့အခါ ဖြစ်ပေါ်လာတဲ့ဖြစ်စဉ်ဖြစ်နိုင်တယ်။”
“ဦးတည်ချက်ကျောက်?”
ဟွားလန်က ရှုပ်ထွေးနေသည့်ပုံစံဖြင့် ကြည့်လိုက်သည်။
ယခုအချိန်တွင် ကုထောင်ချွေ့ရှန်းသည်သာလျှင် ကျွန်းအထိမ်းအမှန်ကျောက်တိုင်ရှေ့တွင် မကြာခဏရှိနေတတ်ပြီး အချို့သော သတင်းအချက်အလက်များကို သိရှိထားခဲ့သည်။ သို့သော်လည်း သူသည် ထိုအချက်အလက်များကို မဂတ္တမနှင့် ဟွားလန်းတို့အား အရာအားလုံးကို မပြောပြထားခဲ့ပေ။
ထို့နောက် ကုထောင်ချွေ့ရှန်းက ခေါင်းညိတ်ကာ ဦးတည်ချက်ကျောက်နှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို သူတို့နှစ်ဦးအား ပြောပြလိုက်သည်။
သူတို့နှစ်ယောက်လုံး အချိန်တစ်ခုအထိ အံ့အားသင့်သွားတော့လေသည်။
“ဒီလိုအရာမျိုးတွေလည်း ရှိသေးတာပဲလား။”
မဂတ္တမသည် သူ၏ဘဝအပေါ် ရှုမြင်ပုံကို ထပ်မံထိခိုက်မိသွားသည်ဟုပင် ခံစားလိုက်ရသည်။
“ဟူး! နောက်ဆိုရင် ငါ့ကို တစ်ယောက်ယောက်က ဝိဉာည်တွေနဲ့တိုက်ခိုက်ပြီး တိုက်ခိုက်ရေးစကေးတွေကို လေ့ကျင့်နေတယ်ပြောရင်တောင် ငါသံသယရှိတြောမှာမဟုတ်ဘူး။”
ဟွားလန်က သူ၏ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။
မိနစ်သုံးဆယ်ခန့်ကြာပြီးနောက် ဒေသခံသင်္ဘောသည် ပင်လယ်ပြင်ပေါ်မှ ချက်ချင်းဆိုသလိုပင် ဘယ်သောအခါမှ ပေါ်မလာဖူးသကဲ့သို့ပင် ပျောက်ကွယ်သွားခဲ့သည်။
“ဒီဦးတည်ချက်ကျောက်က အရမ်းလျို့ဝှက်ဆန်းကြယ်တာပဲ။”
မဂတ္တမက တံတွေးမျိုချကာ ပြောလိုက်၏။
“သူတို့က ဦးတည်ချက်ကျောက်ကျောက်ကိုသုံးပြီး ငါတို့ရဲ့ကျွန်းပေါ်ကို တစ်ခါနည်းပို့လိုက်ရင် ဒါမှမဟုတ် ကျွန်းတွေပေါ်ကိုသာ ပို့လိုက်မယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။”
ဟွားလန်က ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။
“ပထမဦးဆုံး သူတို့ တည်နေရာကူးပြောင်းတဲ့နေရာမှာ ထူးခြားဖြစ်စဉ်တွေ ရှိလိမ့်မယ်။ ဒါ့အပြင် သူတို့က အဲ့ဒီမှော်အတတ်ကို အသုံးပြုနိုင်ဖို့ အချိန်တစ်ခုတော့ ကြာလိမ့်မယ်။ အဲ့ဒီကာလက ငါတို့ကို ခုခံဖို့အတွက် ပြင်ဆင်ရမယ့်ချိန်ပဲ။ ဒုတိယအနေနဲ့ အခုလောလောဆယ်မှာ အဲ့ဒီဒေသခံတွေက အရမ်းအတင့်မရဲသေးဘူး။ သူတို့က သတင်းအချက်အလက်တစ်ခုခု ဒါမှမဟုတ် အမိန့်တစ်ခုခုကိုရရှိခဲ့ပြီး ကျွန်းနဲ့အရမ်းနီးတဲ့နေရာကို တည်နေကူးပြောင်းဖို့ မလုပ်ရဲတာ ဒါမှမဟုတ် ကူးပြောင်းလို့မရတာမျိုးလည်း ဖြစ်နိုင်တယ်။”
“အဲ့ဒါကောင်းတယ်။ ဒီလိုမှမဟုတ်ရင် ငါတို့အတွက် တိုက်ခိုက်နေစရာတောင် မလိုတော့ဘူး။”
ဟွားလန် သက်ပြင်းချလိုက်မိသည်။
“စစ်မြေပြင်ကို ရှင်းလင်းကြတော့”
ကုထောင်ချွေ့ရှန်းက ပင်လယ်ပြင်ကိုကြည့်ကာ ပြောလိုက်သည်။
“ဟုတ်ကဲ့”
မဂတ္တမတို့သည်လည်း ခေါင်းညိမ့်လိုက်ကြကာ လှေအားလုံးကို ကမ်းစပ်သို့ ပြန်လည်ဆွဲယူရန် စတင်ပြင်ဆင်လိုက်ကြတော့သည်။