အခန်း (၃၀၇-၃၀၉)
Vol. 21 Ch. 307-309
အခန်း ၃၀၇
လှေပေါ်ရှိ ဒေသခံများသည် အခြေခံအားဖြင့် ကုသ၍မရနိုင်တော့ဘဲ ဇကာပေါက်များဖြစ်သည်အဖိ ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပေသည်။ ၎င်းတို့အတွက် ရှောင်းယီ၏ ကုသရေးစက်ရုပ်ကို ငှားရမ်းခိုင်းရန်မှာ မထိုက်တန်တော့ပေ။
မဂတ္တမနှင့် ဟွားလန်တို့သည် ဒဏ်ရာအပြင်းအထန်ရထားသော ဒေသခံများကို ဘေးဖယ်လိုက်ပြီး သူတို့၏လှေများကို စုစည်းကာ ကမ်းစပ်၌ နေရာချထားလိုက်သည်။
ယခင်ကတည်းက သစ်ပင်တွင် ကြိုးတုတ်ခံထားရသော ဟွားမင်လူမျိုးဒေသခံများသည်မူ ကုထောင်ချွေ့ရှန်းနှင့် မြားလှည်းနှစ်ခုကို ငေးစိုက်ကြည့်ကာ ကြောင်အထုံထိုင်းနေကြပြီး အသံပင်ထွက်မလာကြတော့ပေ။
“သူတို့က ဘယ်လိုတောင်အစွမ်းထက်ရတာလဲ။ စွမ်းအားကြီးတဲ့ ကျိုးမျိုးနွယ်စုတောင် သူတို့ကို မယှဉ်နိုင်ဘူး။”
“ငါတို့က ဒီကျွန်းကို သိမ်းပိုက်ဖို့ စဉ်းစားနေခဲ့သေးတယ်။ ဒါက အိပ်မက်မက်နေတာပဲမဟုတ်ဘူးလား။”
“ဟုတ်တယ်။ အဲ့ဒီလေးနဲ့မြားတွေ...အဲ့ဒီဒူးလေးတွေက အရင်တုန်းက အရမ်းစွမ်းအားကြီးတာပဲ။ ငါမမြင်ဖူးတဲ့ လက်နက်တွေ ဘာလို့အရမ်းများနေရတာလဲ။”
ထိုဒေသခံများက တိုးတိုးတိတ်တိတ် ဆွေးနွေးနေခဲ့ကြသည်။
ဟွားမင်မျိုးနွယ်စုမှ ပထမဆုံး ဖမ်းဆီးခံခဲ့ရသော ယုဟုအမည်ရသူတစ်ဦးက ပြောလိုက်သည်။
“အားလုံးပဲ ခန့်မှန်းနေတာတွေကို ရပ်လိုက်ပြီး ငါတို့မျိုးနွယ်စုထဲက လူတွေကို ဘယ်လိုအသိပေးမလဲဆိုတာ စဉ်းစားကြည့်ကြပါဦး။ သူတို့ ဒီကျွန်းကို တိုက်ခိုက်မယ့်အတွေးကို စောစောစီးစီးစွန့်လွှတ်နိုင်အောင်လုပ်ရမယ်။ မဟုတ်ရင် ငါတို့မျိုးနွယ်စုတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။”
“ငါတို့ မျိုးနွယ်စုကို အသိပေးနိုင်တယ်ဆိုရင်တောင် မှောင်ဆရာတစ်ယောက်ကတော့ သေချာပေါက် သဘောတူမှာမဟုတ်ဘူး။”
“ဟုတ်တယ် မှော်ဆရာက ဘာလို့ ဒီကျွန်းကို တိုက်ခိုက်ဖို့ ငါတို့ကို အတင်းတိုက်တွန်းနေမှန်းကို မသိတော့ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနေရတာက ပိုမကောင်းဘူးလား။”
“ဟုတ်တယ်။ သူတို့နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့၊ သူတို့ရဲ့ပစ္စည်းကောင်းတွေကို လဲလှယ်နိုင်ဖို့၊ သူတို့ရဲ့လက်နက်တွေ ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ယူဖို့ ဒါမျိုးတွေလုပ်လို့ရမယ်ဆိုရင် အရမ်းကောင်းမှာပဲ။”
ယု သက်ပြင်းချလိုက်မိသည်။ သူတို့ထံ၌ မှော်ဆရာ၏ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်သည့် နည်းလမ်းများ မရှိပေ။
ထိုအချိန်၌ ကုထောင်ချွေ့ရှန်းသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်လာပြီး ရှောင်းယီဆီသို့ ရလဒ်များကို သတင်းပို့လိုက်သည်။
ကုထောင်ချွေ့ရှန်း၏တင်ပြမှုကိုနားထောင်ပြီးနောက် ရှောင်းယီသည် မြားလှည်းမှာ သူစိတ်ကူးထားသည်ထက် ပိုမိုအစွမ်းထက်ကြောင်း နားလည်သွားခဲ့သည်။
သူသည် ယခင်က ထိုမြားလှည်းကို ရွှေဂဠုန်နှင့် ချင်းလုံတို့ကို ပစ်ခတ်ရန်အတွက်သာ အသုံးပြုခဲ့ခြင်းဖြစ်ပြီး ထိုအရာနှင့်ပတ်သက်၍ အတွေ့အကြုံများစွာမရှိပေ။
မျှော်လင့်ထားသည့်အတိုင်း လှေငယ်၏ခုခံကာကွယ်နိုင်မှုသည် မြားလှည်း၏ပစ်ခတ်မှုကို တားဆီးနိုင်ခဲ့ခြင်းမရှိပေ။
ဟုတ်ပါသည်။ ဤနေရာတွင် သူ့ကိုယ်ပိုင် B အဆင့် ဝါးမြားများ၏ အခန်းကဏ္ဍလည်း ပါဝင်ပေသည်။
“ဒဏ်ရာရထားနဲ့ ဒေသခံတွေ ဘယ်မှာလဲ။ သူတို့အားလုံးကို လွှင့်ပစ်လိုက်ပြီလား။”
ရှောင်းယီက မေးမြန်းလိုက်သည်။
“သူတို့ရဲ့ဒဏ်ရာတွေက အတော်လေးပြင်းထန်တယ်။ စွန့်ပစ်ပြီ။”
ရှောင်းယီက အနည်းငယ်စဉ်းစားပြီးနောက် ထပ်ပြောလိုက်သည်။
“အခုမင်းရဲ့ကျွန်းကို အထက်က ပစ်မှတ်ထားသလိုဖြစ်နေတယ်။ မင်းတို့သုံးယောက်တည်းနဲ့ဆိုရင် ဖိအားအရမ်းများတယ်။ ဒေသခံတွေကို ကာကွယ်ဖို့ ဒေသခံတွေကို အသုံးချနိုင်မယ်ဆိုရင် မင်းတို့ရဲ့ဖိအားက အတော်လေး လျော့သွားလိမ့်မယ်။”
ကုထောင်ချွေ့ရှန်း မျက်မှောင်ကြုံ့လိုက်မိသည်။
“သူဌေးဆိုလိုတာက သူတို့အားလုံးနဲ့ စာချုပ်ချုပ်ခိုင်းတာလား။”
“မဟုတ်ဘူး။ စာချုပ်ကဒ်ပြားတွေက အဲလောက်အများကြီးမရှိဘူး။ သူတို့ထဲက ပိုပြီးအရေးပါတဲ့ လူတွေနဲ့ စာချုပ်ချုပ်ပြီး သူတို့ကို ကိုယ်တိုင်ဦးဆောင်ခွင့်ပေးလိုက်ရုံပဲ။ ဒါဆိုရင် မင်းစိတ်ပူစရာမလိုတော့ဘူး။”
ကုထောင်ချွေ့ရှန်းက ခေါင်းညိမ့်လိုက်သည်။
“ကျွန်တော် နားလည်ပါပြီ။ ဒါပေမယ့် သူဌေး ကျွန်တော့်လက်ထဲမှာ စာချုပ်ကဒ်မရှိဘူး။”
“ငါ မင်းကို စာချုပ်ကဒ်သုံးခုပေးနိုင်တယ်။ ဘယ်လိုသုံးမလဲဆိုတာတော့ မင်းကိုယ်တိုင်စီစဉ်လိုက်။”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူဌေး။ ဒီမှာ လှေခြောက်စီး ထပ်ရထားတယ်။ တစ်ခါတည်း လဲလှယ်လိုက်ရမလား။”
“မလိုဘူး။ မင်းဘာသာ သိမ်းထားလိုက်။ နောက်ပိုင်းမှာ အသုံးဝင်လာလိမ့်မယ်။”
ထိုသို့ပြန်ဖြေပြီးနောက် ရှောင်းယီဘက်မှ ငွေကြေးလဲလှယ်မှုတစ်ခုကို စတင်လိုက်သည်။
“[စာချုပ်ကဒ်] ၃ လဲလှယ်မှုမရှိပါ။”
“ကျေးဇူးတင်ပါတယ် သူဌေး ကျွန်တော် မြားလှည်းတွေနဲ့ လောက်လေးခွစင်နဲ့ အားလုံးကို ပြန်အပ်လိုက်ပါပြီ။”
“ကောင်းပြီ”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“မင်းကြိုက်တဲ့ ဒေသခံတွေကို ခေါ်လာခဲ့။ ငါ မင်းအတွက် ဘာသာပြန်ပေးမယ်။ ဒါဆိုရင် မင်းတို့ ကောင်းကောင်းစကားပြောလို့ရနိုင်လိမ့်မယ်။”
“ဟုတ်ကဲ့”
ကုထောင်ချွေ့ရှန်း ပြန်ဖြေလိုက်သည်။
စာချုပ်ချုပ်ဆိုမှု ပြီးဆုံးသွားလျှင် ထိုစာချုပ်၏လွှမ်းမိုးမှုမှတစ်ဆင့် စာချုပ်ချုပ်ဆိုထားသူတစ်ဦး၏အတွေးများကို အကြမ်းဖျင်းနားလည်နိုင်မည်ဖြစ်သည်။ သော်လည်းလည်း ထိုအဓိပ္ပါယ်မှားမှာ လုံးဝတိကျနေခြင်းမျိုးတော့ မရှိပေ။
ထို့နောက် ကုထောင်ချွေ့ရှန်းသည် ဟွားမင်မျိုးနွယ်စုမှ ဒေသခံများကို ချည်နှောင်ထားသော နေရာသို့ လမ်းလျှောက်သွားပြီး ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။
ထိုလူများသည် ကုထောင်ချွေ့ရှန်းမှ ဓားဆွဲထုတ်လိုက်သည်ကို မြင်သောအခါ ချက်ချင်းပင် အော်ဟစ်ကြလေတော့သည်။ ရှောင်းယီမှ ဘာသာပြန်ပေးစရာပင်မလိုဘဲ ကုထောင်ချွေ့ရှန်းသည် သူတို့ သနားခြင်းကရုဏာတောင်းခံနေခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။
“ပါးစပ်ပိတ်ထားစမ်း!”
ကုထောင်ချွေ့ရှန်းက အော်ဟောက်ကာ ယု ကိုယ်ပေါ်ရှိ ကြိုးများကို ဓားဖြင့်ခုတ်ဖြတ်လိုက်သည်။
“ငါ့နောက်လိုက်ခဲ့။”
ယုသည် ကုထောင်ချွေ့ရှန်းနောက်မှနေ၍ ကျောက်တုံးအိမ်ထဲသို့ လိုက်သွားခဲ့သည်။
ယု အထဲသို့ဝင်လာသောအခါ ရှောင်းယီကို တွေ့လိုက်ရလေသည်။
“မင်းနာမည်ဘယ်လိုခေါ်လဲ။”
“ယုပါ”
ယုက ရိုသေစွာ ဖြေလိုက်၏။
“အခုမင်းမှာ ကုထောင်ချွေ့ရှန်းရဲ့ကျွန်းပေါ်မှာ အမြဲတမ်းနေထိုင်နိုင်မယ့် အခွင့်အရေးတစ်ခုရှိတယ်။ ဒါပေမယ့် အဲ့အတွက် မင်းရဲ့သစ္စာစောင့်သိမှုကို လိုအပ်တယ်။ မင်းလိုချင်လား။”
ရှောင်းယီက မေးလိုက်သည်။
ယု၏မျက်လုံးများ ချက်ချင်းပင် ပြူးကျယ်ပြန့်သွားကာ အံ့အားသင့်မှုများကြောင့် သူ၏နှုတ်ခမ်းမှားပင် တဆတ်ဆတ်တုန်ယင်သွားခဲ့သည်။
“လိုချင်တယ် လိုချင်ပါတယ်။ ကျွန်တော့်ရဲ့သစ္စာကို ပေးဆပ်ဖို့ ဆန္ဒရှိတယ်။”
ရှောင်းယီက ခေါင်းညိမ့်လိုက်၏။
“ခဏနေရင် သူက မင်းနဲ့ စာချုပ်ချုပ်လိမ့်မယ်။ မင်းရဲ့စိတ်ကို လျှော့ထားပြီး မခုခံနဲ့။”
“ဟုတ်ကဲ့”
ထို့နောက် ရှောင်းယီက ကုထောင်ချွေ့ရှန်းကို ကြည့်လိုက်သည်။
“ကောင်းပြီ စာချုပ်ချုပ်ဖို့ ပြင်လိုက်တော့။”
“ဟုတ်ကဲ့”
ကုထောင်ချွေ့ရှန်းသည် ချက်ချင်းပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်၌ ယုနှင့် စာချုပ်ချုပ်ဆိုရန် ရွေးချယ်လိုက်သည်။
ထို့နောက် အနီနက်ရောင် သံကြိုးများသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်မသွားဘဲ ထိုဒေသခံနှင့် အောင်မြင်စွာ စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။
စာချုပ်၏လွှမ်းမိုးမှုကြောင့် ယုသည် ကုထောင်ချွေ့ရှန်း၏စကားများကို နားမလည်နိုင်သော်လည်း သူ၏အမိန့်များကိုမူ အကြမ်းဖျင်း နားလည်နိုင်သွားခဲ့သည်။
“မင်းရဲ့အဓိကတာဝန်က ဒီကျွန်းမှာရှိတဲ့ ဒေသခံတွေကို ဦးဆောင်ပြီး ကျွန်းအပေါ် သူတို့ရဲ့သစ္စာရှိမှုကို သေချာစေဖို့ပဲ။ သစ္စာမရှိတဲ့လူတွေ့ရင် သနားညှာတာမှုမရှိဘဲ သတ်ပစ်လိုက်။”
ရှောင်းယီက ယုကိုကြည့်ကာ ပြောလိုက်သည်။
ထို့နောက် ယုက ကုထောင်ချွေ့ရှန်းကို ကြည့်လိုက်၏။ ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။
“ကျွန်တော် ဘာလုပ်မလဲဆိုတာကို ကြည့်ထားလိုက်ပါ။ သူဌေးဘာပြောပြော ကျွန်တော်နားထောင်မယ်။ သူဌေး ကျွန်တော့်ကို တစ်ခုခုမေးစရာရှိသေးလား။”
“ဒီမှာ တခြားပြဿနာတွေရှိသေးလား။”
“ကျွန်တော့်ဘက်မှာတော့ ပြဿနာမရှိပါဘူး။ အခု သူက ကျွန်တော်ပြောတဲ့အဓိပ္ပါယ်ကို အကြမ်းဖျင်းနားလည်နိုင်တယ်။”
ကုထောင်ချွေ့ရှန်းက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။ ဒါဆို အခုကိစ္စအတွက် ဒီမှာပဲ ရပ်ထားလိုက်မယ်။ မင်းမှာမေးစရာရှိရင် ဆက်သွယ်လိုက်။ ဒါ့အပြင် သူတို့ကို ငါတို့ရဲ့ဘာသာစကားကို သင်ယူနိုင်ဖို့အတွက်တော့ အချိန်ယူရမယ်။ ငါ့ဆီက ဒေသခံတွေကို မင်းဆီကဒေသခံတွေကို ပြန်သင်ပေးဖို့ ပြောထားလိုက်မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“သူဌေး...သူဌေးရဲ့ကျွန်းမှာ ဒေသခံတွေရှိတာလား။”
ကုထောင်ချွေ့ရှန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ဟုတ်တယ်။ သူတို့က ငါတို့ဘာသာစကားကို စပြီးသင်ယူနေပြီ။ တိုးတက်မှုကလည်း သိပ်မဆိုးဘူး။ သင်ယူမှုအားကောင်းတဲ့သူတစ်ယောက်ကို တာဝန်ပေးပြီး အဲဒီမှာရှိတဲ့ ဒေသခံတွေကို သင်ခိုင်းပေးမယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ ကျေးဇူးတင်ပါတယ် သူဌေး”
“ရပါတယ်”
ထိုစဉ် ကုထောင်ချွေ့ရှန်းသည် ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး ချက်ချင်းပြောလိုက်၏။
“သူဌေး ကျွန်တော်တို့က ဒေသခံတွေကို ကုသပေးဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ နာ့နာကိုခေါ်လာပေးဖို့ သူဌေးကိုပဲ ဒုက္ခပေးပါရစေ။”
“ကောင်းပြီ ပြဿနာမရှိဘူး။”
ထို့နောက် ရှောင်းယီသည် ကုထောင်ချွေ့ရှန်းဆီသို့ နာ့နာကို ပို့ပေးလိုက်လေသည်။
“[နာနိုဆေးပညာ ဉာဏ်ရည်တုစက်] (SSS အဆင့်) နှစ်နာရီအသုံးပြုခွင့် - လဲလှယ်မှုမရှိပါ။”
ကုထောင်ချွေ့ရှန်းက လဲလှယ်မှုကို ချက်ချင်းပင် သဘောတူလိုက်သည်။
“ယု မင်းရဲ့လူတွေကိုခေါ်ပြီး ဒဏ်ရာရထားတဲ့ ဒေသခံအားလုံးကို ရှေ့က ကွင်းလွတ်ထဲကို ခေါ်သွားလိုက်။”
ကုထောင်ချွေ့ရှန်းက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
ယုက ပြန်ဖြေပြီးနောက် အပြင်ပြန်ထွက်သွားကာ သူ၏အဖော်များကို လွှတ်ပေးပြီး ဒဏ်ရာရထားသော ဒေသခံများကို စတင်သယ်ဆောင်လိုက်သည်။
မဂတ္တမသည် ယုတို့အဖွဲ့၏လုပ်ရပ်များကို မြင်သောအခါ အချက်ချင်းပင် အော်ဟစ်လိုက်သည်။
“ဟေး! မင်းတို့ဘာလုပ်နေတာလဲ။”
ထိုအချိန်တွင် ကုထောင်ချွေ့ရှန်းက ကျောက်တုံးအိမ်ထဲမှ ပြန်ထွက်လာရင်း ပြောလိုက်သည်။
“သူဌေး ငါတို့အတွက် ဒီအကျဥ်းသားတွေကို ကောင်းကောင်းအသုံးချဖို့ ပြောထားတယ်။ ဒါဆို နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ဒီလောက်ထိ ကာကွယ်နေစရာမလိုတော့ဘူး။”
“ဆိုလိုတာက သူတို့ရဲ့ဒဏ်ရာတွေကို ကုသပေးတော့မှာလား။”
ဟွားလန်က ပြောလိုက်သည်။
“ဒါက သူတို့အတွက် တကယ်ကို အကျိုးရှိတယ်။”
“ဒါပေမယ့် ဒီလောက်လူအများကြီးနဲ့ သူတို့အားလုံးကို ကုသပေးမယ်လိုက်ဆိုရင် ထိန်းချုပ်ရခက်ခဲလိမ့်မယ်။”
မဂတ္တမက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
အခန်း ၃၀၈
“ပြဿနာမရှိပါဘူး။ သူဌေးက ငါတို့ကို စာချုပ်ကဒ်သုံးခု ပေးထားတယ်။ အဲ့ဒီစာချုပ်ကဒ်တွေကိုသာ ကောင်းကောင်းအသုံးချနိုင်ရင် မြေကြီးကို မြေကြီးနဲ့ ပြန်ပြီးထိန်းချုပ်နိုင်တယ်။”
ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။
မဂတ္တမက ခေါင်းညိမ့်လိုက်၏။
“ဒါဆို ဒီလူတွေကို ခေါင်းဆောင်ဖို့ ဘယ်သူ့ကို ရွေးရမလဲဆိုတာ သေချာစဉ်းစားဖို့လိုတယ်။”
“ငါရွေးပြီးသွားပြီ။ ယုပဲ... သူက ငါတို့ဖမ်းမိခဲ့တဲ့ ပထမဆုံး ဒေသခံပဲ”
ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။
မဂတ္တမက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်၏။
“အင်း သူက ငါတို့ကို အနားလည်ဆုံး ဒေသခံဖြစ်သင့်တယ်။ ငါတို့ရဲ့ခေတ်မီလက်နက်တွေ၊ အစားအစာတွေအားလုံးကို သူမြင်ဖူးတယ်။ ဆိုတော့ သူတို့ကို သိမ်းပိုက်ဖို့ ပိုလွယ်သွားလိမ့်မယ်။”
ဘေးနားတွင်ရပ်နေသော ဟွားလန်ကလည်း ထောက်ခံလိုက်သည်။
“ဟုတ်တယ် ငါတို့ရဲ့စွမ်းအားကိုသိမှ သူတို့ကကြောက်ကြမှာ။ ဒါပေမယ့် အစ်ကိုကြီး စာချုပ်ချုပ်ဆိုမှုက အောင်မြင်လားဆိုတာ ငါတို့မသိရသေးဘူးနော်။”
“သူဌေးရဲ့လမ်းညွှန်မှုနဲ့အတူ စာချုပ်ချုပ်ဆိုမှုကလည်း အောင်မြင်ခဲ့တာပေါ့။”
ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။
“ဆိုလိုတာက ယုက အခုငါတို့လူတစ်ယောက် ဖြစ်သွားပြီပေါ့”
မဂတ္တမက ပြော၏။
“ဟုတ်တယ်”
“နောက်ဆုံးတော့ ဒေသခံတွေထဲမှာ ငါတို့လူတစ်ယောက်ရှိသွားပြီပဲ။”
ဟွားလန်က ပြုံးကာ ပြောလိုက်သည်။
သေဆုံးလုနီးပါးဖြစ်နေကြသော ဒေသခံများသည် အော်ဟစ်ရန်ပင် စွမ်းအင်ပင်မရှိတော့ဘဲ ၎င်းတို့၏မျက်လုံးများသည်လည်း စိတ်ပျက်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ဖြင့်သာ ပြည့်နှက်နေခဲ့ကြသည်။
ဒဏ်ရာပြင်းထန်စွာရထားသော ဒေသခံများကို စီစဉ်ပြီးနောက် ယုတို့အဖွဲ့သည် ကုထောင်ချွေ့ရှန်း၏ နောက်ထပ်ပေးမည့်အမိန့်များကို စောင့်ဆိုင်းနေခဲ့သည်။
ထိုစဉ် ကုထောင်ချွေ့ရှန်းသည် ပင့်ကူနှင့်တူသော စက်တစ်ခုနောက်မှ လိုက်ပါလျက် လျှောက်လာခဲ့လေသည်။
“နာနာ ကျေးဇူးပြုပြီး ကုသမှုအတွက် ကူညီပေးပါ။”
ကုထောင်ချွေ့ရှန်းက အလွန်နိမ့်ချစွာဖြင့် ပြောလိုက်သည်။
နာ့နာသည် ဉာဏ်ရည်တုစက်ရုပ်တစ်ခုသာဖြစ်သော်လည်း သူမသည် ရှောင်းယီကို ကိုယ်စားပြုပြီး သူ့အတွက် မရိုသေမပြုလုပ်နိုင်ပေ။
နာနာသည်လည်း အချိန်ဖြုန်းမနေတော့ဘဲ တိုက်ရိုက်ထွက်သွားကာ ဒေသခံများကို စတင်ကာ ကုသတော့လေသည်။
ထိုမြားဒဏ်ရာများမှာ နာနာအတွက် ကိုင်တွယ်ရန် အလွန်လွယ်ကူလွန်းပေသည်။
ဒဏ်ရာအပြင်းအထန်ရထားသော ဒေသခံ စုစုပေါင်း ၃၆ ယောက်ရှိပြီး အားလုံးကို ကိုင်တွယ်ဖြေရှင်းရန် ဆယ်မိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။
“အခြေခံအားဖြင့်တော့ ဘာပြဿနာကြီးကြီးမားမားမှ မရှိပါဘူး။ ဒဏ်ရာအပြင်းထန်ဆုံးလူတောင် အနားယူပြီး တစ်ရက်အတွင်း အလုပ်လုပ်နိုင်စွမ်းကို ပြန်ရနိုင်တယ်။”
နာနာက ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် နာနာ အခု မင်းကိုပြန်ပို့ပေးရတော့မလား။”
ကုထောင်ချွေ့ရှန်းက မေးလိုက်သည်။
“အင်း အရင်ဆုံး ငါ့ကိုပြန်ပို့လိုက် မေးစရာတွေရှိရင် အချိန်မရွေးဆက်သွယ်လို့ရတယ်။”
နာနာက ပြန်ဖြေ၏။
ထို့နောက် ကုထောင်ချွေ့ရှန်းသည် ချက်ချင်းပင် နာနာကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ခေါ်ဆောင်သွားကာ ပြန်ပို့ပေးလိုက်သည်။
ဒဏ်ရာအပြင်းအထန်ရထားသော ဒေသခံများမှာ လုံးဝအံ့အားသင့်သွားခဲ့ကြသည်။ အခိုက်အတန့်တစ်ခု၌ သူတို့သည် နာကျင်လွန်းသောကြောင့် သေတော့မည်ဟုပင် ခံစားနေခဲ့ကြရသည်။ သို့သော်လည်း နောက်အခိုက်အတန့်တစ်ခု၌ အနည်းငယ်အားနည်းနေသည့် ခံစားမှုမှလွဲ၍ သူတို့သည် လုံးဝမသက်မသက်မခံစားကြရတော့ပေ။
ထိုစဉ် ယုက ရှေ့သို့တက်လာခဲ့သည်။
“သူတို့အားလုံးကို ကြိုးတုတ်ထားလိုက်။”
ဟွားမင်မျိုးနွယ်စု၏ ဒေသခံများသည် ချက်ချင်းပင် ကုသခံထားရသော ကျိုးမျိုးနွယ်စု၏ ဒေသခံများကို ချုပ်နှောင်လိုက်ကြသည်။
“မင်းက ဘယ်သူလဲ။ ဘယ်မျိုးနွယ်စုကလဲ။”
ကျိုးမျိုးနွယ်စု၏ ဒေသခံများက ယုကို ကြည့်ကာ မေးလိုက်ကြသည်။
“ငါတို့က ဟွားမင်မျိုးနွယ်စုကလူတွေပဲ။ ငါတို့ကိုလည်း သူတို့ဖမ်းထားတာ။ ဒါပေမယ့် အခုတော့ ငါသူတို့ကို အညံ့ခံလိုက်ပြီ။”
ယုက ပြန်ဖြေလိုက်သည်။
ဒေသခံမျိုးနွယ်စုများအတွက် စွမ်းအားကြီးသောမျိုးနွယ်စုတစ်ခုသို့ ဝင်ရောက်ခိုလှုံခြင်းမှာ ရှက်စရာမဟုတ်ပေ။
ဤနေရာ၌ သဘာဝ၏ အရိုးရှင်းဆုံးနိယာမများကို လိုက်နာပြီး အားကြီးသူများကို ရိုသေလေးစားကြပေသည်။
“ခုနကဟာက ဘာကြီးလဲ။”
ကျိုးမျိုးနွယ်စုမှ လူများက မေး၏။
ယုက ခေါင်းခါပြလိုက်သည်။
“ငါလည်းမသိဘူး။ ဒါပေမယ့် အဲ့ဒါက အရမ်းအစွမ်းထက်တယ်။ မင်းတို့အားလုံး သေခါနီးဖြစ်နေတာတောင် သူက မင်းတို့ကို ကယ်တင်နိုင်တယ်။ သူက မှော်ဆရာထက် မရေမတွက်နိုင်အောင် စွမ်းအားကြီးတယ်လို့တောင် ငါခံစားရတယ်။”
ဒေသခံများအားလုံး ခေါင်းညိတ်လိုက်ကြသည်။
ကျိုးမျိုးနွယ်စုမှ ဒေသခံများက ဆက်လက်မေးကြပြန်သည်။
“ဒါဆို ငါတို့ကို ဘာလို့ ချုပ်ထားတာလဲ။”
“မင်းတို့ ကလိမ်ကကျစ်ကျမှာကို တားဆီးဖို့။”
ယုက ပြန်ဖြေသည်။
ကျိုးမျိုးနွယ်စုမှ ဒေသခံများက ခါးသီးစွာပြုံးမိလိုက်ကြသည်။
“သူတို့ရဲ့စွမ်းအားကို မြင်ပြီးနောက်မှာ ငါတို့က ဘယ်လိုလုပ်ပြီး လိမ်ကကျစ်ကျနိုင်မှာလဲ။ ငါတို့မျိုးနွယ်စုကလူတွေ ဒီကိုထပ်မလာရဲတော့ဘူးလို့တောင် ငါသံသယရှိနေတယ်။”
ယုက ခေါင်းခါလိုက်သည်။
“မင်းတို့မျိုးနွယ်စုတင်မကဘူး မင်းတို့မျိုးနွယ်စုလောက် အားမကောင်းတဲ့ ငါတို့မျိုးနွယ်စုတောင် မှော်ဆရာကြောင့် ထပ်လာကြဦးမှာပဲ။”
အခြားဒေသခံများ အနည်းငယ်တုန်လှုပ်သွားသော်လည်း နောက်အခိုက်အတန့်တွင် ခေါင်းညိမ့်လိုက်ကြသည်။
မှော်ဆရာသည် ဘာလုပ်ချင်မှန်းမသိသော်လည်း သူတို့ကို ရုတ်တရက် ဤကျွန်းများကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့ပေသည်။
ယခင်က အခြားမျိုးနွယ်စုများကို တိုက်ခိုက်သည့်အခါတွင် လူများနှင့် အရင်းအမြစ်များကို လုယက်ခြင်းကဲ့သို့သော အကြောင်းပြချက်များ ရှိခဲ့သည်။
ဤအကြိမ်တွင်မူ အကြောင်းပြချက်ကို ဒေသခံများအားလုံး နားမလည်နိုင်ခဲ့ကြပေ။ သူသည် ၎င်းတို့၏ ခေတ်မီလက်နက်များကို မဟုတ်ဘဲ ကျောက်ပြားတစ်ခုကို လုယုရန် ကြိုးစားနေခြင်းဖြစ်ပေသည်။
သို့သော် မှော်ဆရာသည် အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်ပြီး သူ၏အမိန့်ကို မည်သူမျှ ငြင်းဆိုဝံ့ကြပေ။
“ငါတို့ ဘယ်တော့မှ မခုခံတော့ပါဘူး။ ဒီကဆရာကြီးတွေကို ငါတို့လည်း အညံ့ခံချင်တယ် ရနိုင်မလား။”
ကျိုးမျိုးနွယ်စုမှ ဒေသခံများက မဝံ့မရဲဖြင့် မေးလိုက်သည်။
“ဒါကိုတော့ ငါဆုံးဖြတ်လို့မရဘူး။ ဆရာကြီးတစ်ဦးကို မေးပြီးမှ သိရမယ်။”
ယုက ပြန်ဖြေလိုက်သည်။
ဒေသခံများက ခေါင်းညိမ့်လိုက်ကြသည်။ ရုတ်တရက် တစ်စုံတစ်ယောက်သည် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် မေးလိုက်၏။
“သူတို့ပြောတာကို မင်းနားလည်လား။”
ယုပ ခေါင်းခါလိုက်သည်။
“သူတို့ပြောတာကို ငါနားမလည်ဘူး။ ဒါပေမယ့် တစ်စုံတစ်ယောက်ပြောတာကိုတော့ နားလည်တယ်။ သူကလည်း ငါပြောတာကို နားလည်တယ်။”
ဒေသခံအားလုံးက သူ့ကို ထိတ်လန့်စွာ ကြည့်လိုက်ကြ၏။ ယုက ထပ်မံ၍ အတည်ပြုပေးလိုက်သည်။
“အခုလက်ရှိမှာ အဲ့ဒီလူကနေတစ်ဆင့် သူတို့နဲ့ ဆက်သွယ်နိုင်နေတာပဲ။ ဒီကျွန်းက ဆရာကြီးတွေကလည်း အဲ့ဒီလူကို အရမ်းရိုသေလေးစားကြတယ်။”
နာနာကို ပြန်ပို့ပေးပြီးနောက် ကုထောင်ချွေ့ရှန်း ပြန်လျှောက်လာခဲ့သည်။ သူသည် ယုက ဒေသခံအားလုံးကို ချုပ်နှောင်ထားသည်အား မြင်းလိုက်ရသောအခါ ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။
ယုသည် ရှေ့သို့တက်လာပြီး ချုပ်နှောင်ထားသော ဒေသခံများကို ညွှန်ပြကာ တကျွိကျွိနှင့် စပြောလေတော့သည်။
ကုထောင်ချွေ့ရှန်းသည် သူ၏ခေါင်းတစ်ခုလုံး ကိုက်ခဲလာသည်ဟုပင် ခံစားလိုက်ရလေသည်။
“တစ်ခုထုပြောစရာရှိတယ်ဆိုရင် နောက်မှပြောမယ်။ မဂတ္တမ သူတို့ကို တဲဆောက်ဖို့ ခေါ်သွားလိုက်ပါ။ ဒီနေ့ သူတို့အားလုံး တဲထဲမှာပဲ နေကြရမယ်။”
ကုထောင်ချွေ့ရှန်းက လက်ခါကာ ပြောလိုက်၏။
“ဟုတ်ကဲ့”
မဂတ္တမက တုံ့ပြန်လိုက်သည်။
Xiao Yi သည် ကုထောင်ချွေ့ရှန်းနှင့် ဗီဒီယိုချိတ်ဆက်မှုကို ရပ်တန့်ကာ ယီထျန်းဂရုထဲသို့ ချက်ချင်းပင် စာတစ်စောင်ပို့စ်တင်လိုက်သည်။
“မင်းတို့ထဲမှာ မတူညီတဲ့ ဒေသခံမျိုးနွယ်စုတွေရဲ့ တိုက်ခိုက်မှုကို ကြုံတွေ့ဖူးတဲ့လူရှိလား။”
“သူဌေး ဒီလိုပြောပြီဆိုတော့ သူဌေးက ဒေသခံနှစ်မျိုးရဲ့တိုက်ခိုက်မှုကို ကြုံတွေ့ရပြီးလို့ပဲဖြစ်ရမယ်။”
“မင်းပြောစရာမလိုဘူး။ အဲ့အကြောင်းကို အစတည်းက သိပြီးသား။”
“သုံးလှိုင်းရှိပြီလို့တောင် ငါသံသယရှိတယ်။ မဟုတ်ရင် သူဌေးက ဒီမေးခွန်းကို မေးစရာ အကြောင်းမရှိဘူး။”
“ဒီကိစ္စကို အရင်ဆွေးနွေးကြရအောင်။ သူဌေးရဲ့မေးခွန်းကို အရင်ဖြေကြတာပေါ့။”
“မရှိဘူး။ ရှိရင် ငါ့ကို ဒီမှာ မြင်ရမှာတောင်မဟုတ်ဘူး။”
“မရှိ +1။ အပေါ်ကလူပြောတာ မှန်တယ်။ ဒေသခံနှစ်မျိုးနဲ့သာကြုံရရင် ကံဆိုးမိုးမှောင်ကျသွားနိုင်တယ်။ အရင်လှိုင်းတုန်းကတောင် ရှုံးလုနီးပါးဖြစ်သွားခဲ့တာ။”
“မရှိ +၁၀၀၈၆”
လူတိုင်း၏တုံ့ပြန်မှုများကိုမြင်ပြီးနောက် ရှောင်းယီသည် သူအများကြီးမေးမိသွားပြီဟု ခံစားလိုက်ရသည်။
သူတို့သာ တိုက်ခိုက်မှုလှိုင်းနှစ်ခုနှင့် ကြုံတွေ့ခဲ့ရမည်ဆိုလျှင် ဂရုထဲမှ အချိန်အတော်ကြာကတည်းက ပျောက်ကွယ်သွားလောက်ပြီဖြစ်၏။
ထို့ကြောင့် သူနှင့် ကုထောင်ချွေ့ရှန်းမှလွဲ၍ ဒေသခံကျွန်းနှစ်ခုနှင့် ကြုံတွေ့ခဲ့ရကြောင်းကို အတည်ပြုနိုင်ရန် နည်းလမ်းမရှိတော့ပေ။
ရှောင်းယီ ခေါင်းခါကာသာ ထွက်လာခဲ့လိုက်သည်။ အန်းရန်က သူတို့ကို အောက်ထပ်၌ ညစာစားရန် ခေါ်နေပြီဖြစ်သည်။
ညစာသည် သားရဲဘုရင် ဖမ်းလာသော B အဆင့် ကျွဲဖြစ်သည်။
“ဒီကျွဲရဲ့အရသာက သိပ်မဆိုးဘူး။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“နောက်နှစ်ရက်လောက်ကြာရင် သားရဲဘုရင်ကို တစ်ကောင်လောက် ထပ်ဖမ်းခိုင်းရမယ်။”
ရှောင်းယီက ပြုံးလိုက်သည်။
“ပြဿနာမရှိဘူး။ အခုချိန်မှာ သူ့ရဲ့အဓိကတာဝန်က သစ်တောထဲမှာ မွေးဖွားလာတဲ့ တိရစ္ဆာန်တွေကို ထိန်းချုပ်ဖို့ပဲ။ အဲဒီလိုမျိုး အဓိကရုဏ်းတွေ ထပ်မဖြစ်အောင် လုပ်ရမယ်။”
“ထပ်မဖြစ်လောက်တော့ပါဘူး။ သားရဲဘုရင်ရော တပိုင်ရော ရှိတာပဲ။ အခု ခွန်းယွီနဲ့ ဟွားဖုန့်တို့လည်း ရှိနေပြီ။ ငှက်တွေနဲ့ တိရစ္ဆာန်အားလုံးကို ထိန်းချုပ်နိုင်လောက်ပါတယ်။”
ယွမ်နွန်က ပြောလိုက်သည်။
“ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီကမ္ဘာရဲ့စည်းမျဉ်းတွေက ဒီတိရစ္ဆာန်တွေကို အဓိကရုဏ်းဖြစ်အောင် အတင်းအကျပ်ခိုင်းစေမလားဆိုတာကိုတော့ ဘုရားပဲသိလိမ့်မယ်။”
ရှောင်းယီက မျော်လင့်ချက်ကင်းမဲ့နေဟန်ဖြင့် ပြောလိုက်သည်။
“အမှန်ပဲ အထက်က ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှမသိနိုင်ဘူး။”
အန်းယွဲ့ကလည်း ခေါင်းခါကာ ပြောလိုက်သည်။
အခန်း ၃၀၉
“အဲ့ဒါကြောင့် အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အခုလိုမျိုး အရေးပေါ်အခြေအနေတွေကို ရင်ဆိုင်နိုင်ဖို့ ဒီနေ့ကစပြီး ဒီမှာရှိတဲ့ငါတို့အားလုံး အဆင့်မြင့်အစားအစာတွေကို အပြည့်အဝစားသုံးပြီး ခန္ဓာကိုယ်ခွန်အားကို အမြန်ဆုံးမြှင့်တင်ကြရမယ်။”
ရှောင်းယီက ပြောလိုက်သည်။
ယခင်ကသတ်မှတ်ထားခဲ့သည့် စည်းမျည်းမှာ ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သာ အဆင့်မြင့်အစားအစာများကို ဦးစားပေးစားသုံးကြမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော အဆင့်မြင့်အစားအစာများ အများကြီးမရှိခြင်းနှင့် အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားကို အမှန်တကယ်ကို လိုအပ်နေသောကြောင့်ဖြစ်သည်။
ယခုအချိန်၌ အဆင့်မြင့်အစားအစာများအတွက် မခက်မခဲရှိတော့ပေ။ S အဆင့်ရှောင်းယီ၊ အန်းရန်၊ တပိုင်၊ ချင်းလုံ၊ ဝမ်ချိုင်နှင့် ခွန်းယွီတို့ကဲ့သို့သော အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားများလည်း အများအပြားရှိနေပြီဖြစ်သည်။ ကျန်းယွင်ထျန်း၊ သားရဲဘုရင်နှင့် ဟွားဖုန့်တို့သည်လည်း S အဆင့်နှင့် အလွန်နီးစပ်နေပြီဖြစ်သည်။
အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားမှာ လုံလောက်နေပေပြီ။ ယခုလိုအပ်နေသည်များမှာ ယွမ်နွန်တို့၏ ခန္ဓာကိုယ်ခွန်အားကို မြှင့်တင်ရန်ပင်။ အဆုံးတွင် သူတို့သည် ဒေသခံများအား စီမံခန့်ခွဲရမည်ဖြစ်ပေသည်။
မိမိခန္ဓာကိုယ်၏ အားသာချက်ကို ထိန်းသိမ်းထားမှသာ သူတို့ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်မည်ဖြစ်သည်။
လူတိုင်း ခေါင်းညိမ့်လိုက်ကြသည်။
“ဒီနေ့က ပဉ္စမအပတ်ရဲ့ နောက်ဆုံးနေ့ပဲ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ နောက်ကွယ်ကလူတွေက အရိပ်အမြွက်တစ်ခုခုပေးမလားမသိဘူး။”
ယွမ်နွန် ရက်များကို ရေတွက်ရင်း ပြောလိုက်သည်။
“ဖြစ်နိုင်ခြေအရမ်းနည်းတယ်။ နောက်ကွယ်ကလူက နောင်တရရင်တောင် နောက်ထပ် နှစ်ပတ်လောက်တော့ စောင့်ရလိမ့်မယ်။ သူ့မျက်နှာကိုတော့ သူချက်ချင်းပြန်ရိုက်မှာမဟုတ်ဘူး။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“နောက်ဆုံးအပတ်အကြောင်းပြောရရင် ပင်လယ်ရေက အုတ်မြစ်ကျောက် တိုက်စားတာကို ဘယ်သူမှဂရုမစိုက်ကြတော့ပုံပဲ “
လီယန်က ပြုံးရင်း ပြောလိုက်သည်။
“အခုအချိန်ထိ အသက်ရှင်ကျန်ရစ်နိုင်တဲ့သူတွေက ဒီအုတ်မြစ်ကျောက်နှစ်ခုကို ဂရုမစိုက်ကြတော့ဘူး။”
အန်းယွဲ့က ပြောလိုက်သည်။
“ညစာစားပြီးရင် အောက်ကိုဆင်းပြီး ကစားကြရအောင်။”
ကျန်းယွင်ထျန်းက အကြံပြုလိုက်သည်။ နောက်ဆုံးအနေနှင့် ယနေ့သည် ဤသတင်းပတ်၏ နောက်ဆုံးနေ့ဖြစ်သည်။ နေ့ဘက်တွင် အလုပ်လုပ်ရမည်ဖြစ်သော်လည်း ညဘက်တွင်မူ အနားယူရပေမည်။
“ကောင်းပြီ ငါတို့ ဒီညကစားရင်းနဲ့ အရိပ်အမြွက်တွေထပ်ပေါ်လာနိုင်မလားဆိုတာ မနက်စောစောအထိ စောင့်ကြည့်ကြတာပေါ့။”
ယွမ်နွန်က သဘောတူလိုက်သည်။ ရှောင်းယီ ခေါင်းပြလိုက်၏။
“အင်း မြန်မြန်စားကြရအောင်။ ညစာစားပြီးရင် မြေအောက်ခန်းကိုဆင်းပြီး ကစားကြမယ်။”
ထို့နောက် လူတိုင်းညစာကို မြန်မြန်စားလိုက်ကြပြီး ပျော်စရာများ ဖန်တီးရန်အတွက် ပထမထပ်ရှိ ရုပ်မြင်သံကြားအပန်းဖြေခန်းသို့ ဆင်းလာခဲ့ကြသည်။
မကြာခင်အချိန်အတွင်းမှာပင် ညသန်းခေါင်ယံအချိန်သို့ ရောက်ရှိလာခဲ့လေသည်။ ရှောင်းယီ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားလိုက်၏။ အုပ်စုထဲတွင် လူအများစုမှာ အနားမယူကြသေးပေ။ သူတို့သည်လည်း ဤအချိန်ကိုစောင့်နေကြခြင်း ဖြစ်နိုင်ပေသည်။
ဤသို့ဖြင့် ညသန်းခေါင်ကျော်သွား၏။ သို့သော်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ မည်သည့်အသိပေးချက်မျှ မထွက်ခဲ့ပေ။
ရှောင်းယီ အကူညီမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်မိသည်။
“အိုး! ဒါက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဘာအရိပ်အမွတ်မှမရှိဘူး။ အိပ်တော့မယ်ကွာ။ ဒီလောက်ကြာအောင်စောင့်နေရတာ အလကားပဲ။”
“ဟုတ်တယ် ငါလည်းအိပ်တော့မယ်။ ဒီနေရာမှာ ညဘက်ရောက်ရင် အရမ်းပျင်းဖို့ကောင်းတယ်။”
“သွားပြီ သွားပြီ!”
ထို့နောက် ရှောင်းယီလည်း အနားယူရန် ပြင်ဆင်လိုက်၏။ သို့သော် သူအနားယူရန် လုပ်နေစဉ်မှာပင် ရုတ်တရက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အသံထွက်လာခဲ့လေသည်။
“ရတနာလမ်းကြောင်းရှစ်ခုကို ထုတ်ပြန်လိုက်ပြီ။ သင့်မှာ ပြင်ဆင်ရန် တစ်ရက်အချိန်ရှိသေးပါတယ်။ တစ်ရက်ပြည့်သွားရင် သင်ဘယ်နေရာမှာရှိနေနေ ရတနာနေရာကို ပို့ဆောင်ပေးပါမယ်။”
ထိုအသိပေးချက်ကိုမြင်သောအခါ ရှောင်းယီ အနည်းငယ်အံ့အားသင့်သွားပြီးနောက် မျက်မှောင်ကြုံ့လိုက်မိသည်။
“ရတနာမြေပုံမှာ တည်နေရာကူးပြောင်းခြင်းစွမ်းရည် ပါနေတာလား။ ဒါဆို ပြထားတဲ့လမ်းကြောင်းက ဘာအသုံးဝင်တော့မှာလဲ။”
ရတနာသိုဝှက်ထားသည့့်နေရာကို တိုက်ရိုက်တည်နေရာကူးပြောင်း၍လို့ရသည်ဟုဆိုလျှင် အစကတည်းက လုံးဝမလှုပ်ဘဲ ပို့ဆောင်ခံရရန် ထိုင်စောင့်နေရုံပင်။
အဲ့လိုဆို ဒီလမ်းကြောင်းတွေကိုပြထားတာက ဘောင်းဘီချွတ်ပြီး လေလည်ခိုင်းတာနဲ့ တူမနေဘူးလား။
“နောက်ကွယ်ကလူတွေက ငါတို့အရမ်းနှေးကွေးနေလို့ စည်းမျဉ်းတွေ ယာယီပြင်ဆင်လိုက်တာလား။”
ရှောင်းယီ ရေရွတ်လိုက်မိသည်။
သို့သော်လည်း ထိုသို့တွေးထင်ခြင်းမှာ မှားပေသည်။ ပုယီယဲ့သည် ထိုကျောက်ပြားကို အစောကတည်းက ရရှိထားခဲ့ခြင်းပင်။ ဤသို့ဆိုလျှင် ထိုလူများမှာ သူတို့၏အရှိန်နှေးကွေးနေခြင်းကို အစကတည်းက သိထားခဲ့ရပေမည်။ ထို့ကြောင့် အခုချိန်ထိမပြောင်းလဲသေးခြင်းအတွက် အကြောင်းပြချက်မဖြစ်သင့်ပေ။
ထို့ကြောင့် ထိုအရာမှာ အကြောင်းရင်းတစ်ခုမဟုတ်ပါဘူး မဟုတ်ရင် လမ်းကြောင်းက အသုံးဝင်ရပေမည်။
ဒါဆို အဲ့ဒီလမ်းကြောင်းကို ဘာလို့ပေးထားတာလဲ။
ရှောင်းယီက မျက်မှောင်ကြုံ့ကာ လေးလေးနက်နက် တွေးကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် ပင်လယ်ပြင်၌ ရွက်လွှင့်နေသည့်သေမင်းနတ်ဘုရားသည်လည်း ထိုသတိပေးချက်ကို မြင်လိုက်ရ၏။ သူ၏သဲလှေပေါ်၌လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု ပါလာခဲ့ပေသည်။
“ချီးဘဲ မင်းက ငါ့ကိုလာနောက်နေတာလား။”
သေမင်းနတ်ဘုရားသည် သူ၏ကျွန်းမှ ထွက်ခွာလာသည်မှာ အချိန်အတော်ကြာပြီဖြစ်၏။ ထို့နောက်တွင်မှာ သူ့အာူကျွန်းပေါ်တွင်သာ စောင့်နေရန်ပြောလာခြင်းမှာ သူ့ကိုကစားနေခြင်းပင် မဟုတ်ပါလော။
ဒီလိုဆိုရင် ဘာလို့ကြိုးကြိုးစားရွက်လွှင့်နေတော့မှာလဲ။ ရေစီးတိုင်းပဲ မျော်သွားမယ်ကွာ။
ထိုစဉ် ရှောင်းယီသည်လည်း အတွေးယာဉ်ကြောတွင် မျောနေဆဲပင်။
“လမ်းကြောင်းတစ်ခုပေးထားတယ်ဆိုရင် အဲ့ဒါက အသုံးဝင်သင့်တယ်လေ။ ဒါပေမယ့် အခုကျမှ ဘာလို့တစ်ခါတည်းတည်နေရာကူးပြောင်းမှာလဲ။”
ရှောင်းယီ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး ကျိန်ဆဲမိလိုက်၏။
“မင်းက တကယ်ကို နောက်ကွယ်ကနေ ဘယ်လိုကစားရမလဲဆိုတာ ကောင်းကောင်းသိတာပဲ။”
သတိပေးချက်တွင် ရတနာနေရာသို့ တည်နေရာကူးပြောင်း၍ရသည်ဟု ပြောထားသော်လည်း ပြန်ပို့၍ရမရကိုမူ မပြောထားခဲ့ပေ။ သူတို့နှင့် သင်္ဘောတစ်စင်းသာ အတူပါမသွားခဲ့လျှင် ကျွန်းဆီပြန်လာရန်မှာ ပြဿနာကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
သူထိုသို့တွေးမိလေလေ နောက်ကွယ်ကလူတစ်စုမှာ လှည့်ကွက်တစ်ခုဖန်တီးထားကြောင်း ထင်မိလာလေလေဖြစ်သည်။
ထိုသို့လုပ်ခြင်းအားဖြင့် ရတနာရှာဖွေသူများသည်လည်း လှေသိမ်းတိုက်ပွဲအတွက် တိုက်ပွဲဝင်ရနိုင်ခြေများပေလိမ့်မည်။
“အဟက်! ငါတို့တွေက တခြားလူတွေရဲ့ ကြိုးကိုင်ခြိယ်လှယ်တာကိုခံနေရတဲ့ သက်ရှိစစ်တုရင်ရုပ်တွေပဲ။”
ရှောင်းယီ သက်ပြင်းချကာ အိပ်ယာပေါ်သို့ လှဲချလိုက်တော့သည်။
နောက်နေ့မနက်တွင် သေမင်းနတ်ဘုရားသည် အိပ်ရာထထချင်း တစ်စုံတစ်ခုကို သတိရသွားပြီး ရှောင်းယီဆီသို့ ချက်ချင်းဆက်သွယ်လိုက်သည်။
“ယီရန်ပင်း မနေ့က ကျွန်တော်သတိပေးချက်တစ်ခုရခဲ့တယ်။ သူတို့က ရတနာမြေပုံရှစ်ခုလုံးကို ထုတ်ဖော်လိုက်ပြီ။ ဒီညသန်းခေါင်ယံအချိန်မှာ ရတနာသိုဝှက်ထားတဲ့နေရာကို တည်နေရာကူးပြောင်းပေးလိမ့်မယ်။ ခင်ဗျားဒီကိုလာချင်တယ်ဆိုရင် မြန်မြန်လုပ်ဖို့တော့လိုတယ်။”
“ကောင်းပြီ ငါအချိန်မီရောက်အောင်လာခဲ့မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
သေမင်းနတ်ဘုရားသည် ရှောင်းယီ၏ တုံးတိတိတုန့်ပြန်မှုကိုမြင်လိုက်ရပြီးနောက် သူ၏စိတ်ထဲတွင် တွေးလိုက်မိ၏။
“သူက ဘာလို့ လုံးဝမအံ့ဩသွားတာလဲဟ။ အချိန်မီရောက်နိုင်မယ်လို့တောင် ယုံကြည်နေသေးတယ်။ သူ့လက်ထဲမှာလည်း ရတနာမြေပုံရှိနေတာများလား။”
ရှောင်းယီတွင် ရတနာမြေပုံရှိမရှိဆိုသည်ကို သေချာမသိသော်လည်း သူတို့သည် အနည်းဆုံးတော့ အမည်ခံအားဖြင့် ပူးပေါင်းနေခြင်းဖြစ်ပေသည်။
ထိုအတွေးမှာ အမှန်ဖြစ်နေသည်ဆိုလျှင်ပင် ရတနာနယ်မြေထဲသို့ ဝင်ရောက်ရာ၌ ကိုယ့်ကိုယ်သာ အားကိုးရမည်ဖြစ်ပြီး အနည်းဆုံးတော့ ရန်လိုနေရန် မလိုအပ်ပေ။
နံနက်စာစားနေချိန်၌ ရှောင်းယီသည် ရတနာမြေပုံအကြောင်း လူတိုင်းကို ပြောပြလိုက်၏။
“ဟမ်! တိုက်ရိုက်တည်နေရာကူးပြောင်းမှာလား။ လူဘယ်နှစ်ယောက်ပို့လို့ရလဲဆိုတာရော ပြောထားသေးလား။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။ ရှောင်းယီက ခေါင်းခါပြလိုက်၏။
“မပြောဘူး။ ငါလည်း သိပ်တော့ မသေချာဘူး။”
“မင်းပြောတဲ့အတိုင်းဆိုရင် နောက်ကွယ်ကအခြေအနေက အရမ်းပျက်စီးနေပြီပဲ။”
အန်းယွဲ့က ပြောလိုက်သည်။
“မင်းတို့ကို ဖိတ်ခေါ်လိုက်တယ်ဆိုပေမယ့် ပြန်နိုင်မပြန်နိုင်ကိုတော့ သူတို့က လုံးဝဂရုမစိုက်ဘူး။”
“ဒီတစ်ခါတော့ ငါ့ကိုသွားခွင့်ပေး။”
ကျန်းယွင်ထျန်းက သူ၏လက်ဝါးနှစ်ဖက်ကို ပွတ်သပ်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အဲ့ဒီရတနာတွေကို ဘယ်လိုတူးရမလဲဆိုတာ ငါလည်းကြည့်ချင်တယ်။”
ရှောင်းယီက ပြန်ဖြေသည်။
ရှောင်းယီ၏စကားကို ကြားလိုက်ရသောအခါ ကျန်းယွင်ထျန်း၏မျက်နှာအမူအရာမှာ ချက်ချင်းပင် ခါးသက်သက်ဖြစ်သွားခဲ့သည်။
“ငါ အိမ်ထပ်စောင့်ရဦးမှာလား။”
ယွမ်နွန်က ကျန်းယွင်ထျန်းကိုကြည့်ကာ ပြုံးလိုက်မိ၏။
“တကယ်တော့ မင်းအိမ်စောင့်ကျန်ခဲ့ဖို့ မလိုအပ်ပါဘူးကွာ။ အဲ့ဒေသခံတွေက ငါတို့တွန်းလှန်လိုက်တာ မကြာသေးဘူးဆိုတော့ အချိန်တိုအတွင်းတော့ သူတို့ချက်ချင်းပြန်မလာနိုင်လောက်ဘူး။ သူတို့ပြန်လာကြတယ်ဆိုရင်တောင် ချင်းလုံတစ်ကောင်တည်းနဲ့တင် သူတို့အတွက် လုံလောက်နေပြီ။ ခွန်းယွီနဲ့ တပိုင်တို့အကြောင်းဆို ထည့်မပြောစရာတောင်မလိုတော့ဘူး။”
“ဟုတ်တယ် ရှောင်းယီ ငါ့ကိုလည်း ခေါ်သွားကွာ။”
ကျန်းယွင်ထျန်းက ရှောင်းယီ ပြုံးပြရင်း ပြောလိုက်သည်။ ရှောင်းယီ ခေါင်းညိတ်လိုက်၏။
“ဒီတစ်ခါ အန်းရန်၊ အသ်ကိုကျန်းနဲ့ ဝမ်ချိုင်က ငါနဲ့အတူလိုက်ရမယ်။ နောက်ပြီး ဒေသထံနှစ်ယောက်ထပ်ရှာပြီး သူတို့ကိုလည်း အတူခေါ်သွားမယ်။”
“သိပ်ကောင်းတယ်!”
ကျန်းယွင်ထျန်းက ဝမ်းသာအားရပြောလိုက်ကာ ကလေးတစ်ယောက်ကဲ့ စိတ်လှုပ်ရှားနေ၏။
ရှောင်းယီ၏စကားကိုကြားသောအခါ လီယန်၏မျက်ခုံးများ စုကျုံ့သွားခဲ့သည်။
“ရန်ရန်ကိုခေါ်သွားတာက မင်းတို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မနေနိုင်ဘူးလား။
“အမေ စိတ်မပူပါနဲ့။ သမီးရဲ့ခန္ဓာကိုယ်က အခုဆိုရင် S အဆင့်ကို ရောက်နေပြီ။”
အန်းရန်က ဂုဏ်ယူစွာပြောလိုက်၏။
ကျန်သည့်လူများ အနည်းငယ်တုန်လှုပ်သွားခဲ့ကြသည်။
အဆင့်မြင့်အစားအစာများ စားနေရသည့် ကျန်းယွင်ထျန်းပင် S အဆင့်သို့ မတက်နိုင်သေးသည့်အချိန်တွင် အန်းရန်က ထိုအဆင့်သို့ အဘယ်ကြောင့် မြန်မြန်ဆန်ဆန်ရောက်နိုင်ရသနည်း။
လူတိုင်း၏ အံ့အားသင့်နေမှုများကိုကြည့်ကာ ရှောင်းယီက ရှင်းပြလိုက်သည်။
“အရင်က ကျွန်တော် အဆင့်မြှင့်တင်တဲ့ကတ်တစ်ခုရခဲ့တယ်။ အစ်ကိုကျန်းက S အဆင့်နဲ့နီးကပ်နေပြီ။ သူ့အတွက်သုံးလိုက်ရင် ဖြုန်းတီးရာကျတယ်လေ။ အဲ့ဒါကြောင့် အန်းရန်ကို ပေးလိုက်တာ။”
“ဒါဆိုရင်တော့ မဆန်းတော့ပါဘူး။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“ဒါပေမယ့် အန်းရန်ရဲ့ခန္ဓာကိုယ်ခွန်အားကို မြှင့်တင်လိုက်တာက တကယ်ကို မှန်ကန်တဲ့ရွေးချယ်မှုပဲ။ သူမရဲ့ ထူးချွန်တဲ့မြှားပစ်စကေးကို S အဆင့်ခန္ဓာကိုယ်နဲ့သာ တွဲသုံးလိုက်ရင် လုံးဝရှုံးနိမ့်တော့မှာမဟုတ်ဘူး။”