← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း ၁၁၁ - မင်းက မင်းရဲ့ အစ်ကို ကို သတ်ချင်နေတာလား

"ဝုန်း..."

"ဝုန်း... ဝုန်း..."

"ဝုန်း... ဝုန်း... ဝုန်း..."

ထိုက်အာသည် ပိုင်ယွီ ခုတ်ပိုင်းလိုက်သော ဓားပျံ ကို ကာကွယ်ရန် သူ၏ လက်ထဲရှိ ဓားကို မချိတင်ကဲ မြှောက်လိုက်ရပြီးနောက် ပြေးဝင်လာသော ချန်ချန်ရှန်းကို ခြေကန်ပြီး လွင့်ထွက်သွားစေလိုက်လေ၏။

လန်ချင်းဆုန်း သည် သူ၏ ကိုယ်ပိုင် ဓားချီ ကြောင့် ဝမ်ကျန့် ရေကန် ထဲသို့ လွင့်ကျသွားခဲ့ပြီ ဖြစ်လေသည်။

"အဲဒီ ကောင်လေး ဘယ်ရောက်သွားလဲဆိုတာ ငါ တကယ် မသိဘူး..."

ရေခဲကဲ့သို့ အေးစက်နေသော မျက်လုံးများ ရှိသည့် ပိုင်ယွီကို ကြည့်ကာ ထိုက်အာက ပြောဆိုလိုက်လေ၏။

ကူးပြောင်းခြင်း ပြုလုပ်ပြီးနောက် အဘယ်ကြောင့် သူနှင့် လန်ချင်းဆုန်း၊ ပိုင်ယွီနှင့် ချန်ချန်ရှန်းတို့သာ ရှိနေပြီး အိုးယန်၏ အရိပ်အယောင်မျှ မတွေ့ရသနည်း ဆိုသည်ကို မည်သူ သိနိုင်မည်နည်း။

အချိန်အတန်ကြာ စောင့်ဆိုင်းပြီးနောက် အိုးယန် ပေါ်မလာသေးချိန်တွင် ဤလူငယ် သုံးဦးသည် ပူးပေါင်းကြံစည်ကာ သူ့ကို တိုက်ခိုက်ခဲ့ပုံ ရလေသည်။

လန်ချင်းဆုန်း၏ အလွန် ထက်မြက်သော ဓားစိတ်ဆန္ဒ ဥပဒေသ အနည်းငယ် ပါဝင်နေသော ပိုင်ယွီ၏ တာအိုစည်းချက် နှင့် ထို မျက်နှာဖုံးစွပ် လူငယ်၏ အဆုံးအစမရှိသော အဝါရောင် အဆောင်လက်ဖွဲ့ များ နှင့် ရုပ်သေးရုပ် များ။

မျက်စိတစ်မှိတ်အတွင်း ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ၏ အထွတ်အထိပ် တွင် ရှိသော သူသည် ခေါင်းပင် မမော့နိုင်လောက်အောင် ဖိနှိပ်ခံလိုက်ရလေသည်။

ထိုက်အာသည် လှည့်ကွက်တိုင်းတွင် နောက်ဆုတ်နေရန် လိုအပ်ပြီး ထိုသုံးဦး၏ အသက်ကို အန္တရာယ် မပေးမိစေရန် သတိထားရသော်လည်း ဤလူငယ် သုံးဦးမှာ မည်သို့သော မွန်းစတားများ ဖြစ်နေကြသနည်း။

ဤကမ္ဘာကြီး ရူးသွပ်သွားပြီလော။

အခြေတည်စဝိညာဉ်အဆင့် သုံးဦးက ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် တစ်ယောက်ကို မျက်စိတစ်မှိတ်အတွင်း ဖိနှိပ်နိုင်သည်လော။

အကယ်၍ သူ ဤသို့ ပြောလိုက်ပါက ခွေးတစ်ကောင်ပင်လျှင် ခေါင်းခါသွားလိမ့်မည် ဖြစ်သော်လည်း လူငယ် သုံးဦး၏ တိုက်ခိုက်မှုများ၏ ပူးပေါင်းဆောင်ရွက်မှု နှင့် အချိန်ကိုက်မှု တို့မှာ ပြီးပြည့်စုံစွာ တိကျလှပေသည်။

ဤသည်က ထိုက်အာကို တစ်ခဏမျှ ထိတ်လန့်သွားစေခဲ့လေ၏။

သူ၏ အင်္ကျီလက်မှာ လန်ချင်းဆုန်း ကြောင့် ပြတ်ရှသွားခဲ့ပြီ ဖြစ်သည်။

သူသည် ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် တစ်ယောက် ဖြစ်ပေသည်။ ဤကမ္ဘာပေါ်ရှိ ထိပ်တန်း အဆင့်မြင့်ဆုံး တည်ရှိမှု တစ်ခု ဖြစ်ရာ အခြေတည်စဝိညာဉ်အဆင့် လူငယ် သုံးဦးတွင် မည်သည့် အခွင့်အရေး ရှိသနည်း။

ထိုက်အာ၏ ဓားဖြင့် ပိတ်ဆို့ခံလိုက်ရသော ပိုင်ယွီသည် သူ၏ မျက်လုံးများထဲတွင် တာအိုစည်းချက် များ စီးဆင်းနေပြီး တိုးညှင်းစွာ ရွတ်ဆိုလိုက်လေ၏။

"ဓားတွေ... လာခဲ့စမ်း..."

အောက်ဘက်ရှိ ရေကန်ထဲမှ ဓားပျံ များ ရေတွက်၍မရနိုင်အောင် ပျံတက်လာပြီး ထိုက်အာကို တိုက်ရိုက် ချိန်ရွယ်လိုက်ကြပေသည်။

ထိုက်အာက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ အေးစက်စွာ နှာမှုတ်လိုက်လေ၏။

"ပြန်သွားကြစမ်း..."

ပိုင်ယွီ ဆင့်ခေါ်လိုက်သော ရေတွက်၍မရနိုင်သည့် ဓားပျံ များသည် အောက်သို့ ပြန်ကျသွားပေသည်။

ခရမ်းရောင် ပုံရိပ်တစ်ခုက အခွင့်ကောင်းယူကာ နီးကပ်လာခဲ့လေ၏။ ချန်ချန်ရှန်းသည် သူ၏ အင်္ကျီလက်များကို ခါယမ်းလိုက်ရာ သူ၏ အင်္ကျီလက်များထဲမှ အဝါရောင် အဆောင်လက်ဖွဲ့ များ ရေတွက်၍မရနိုင်အောင် လွင့်ပျံလာခဲ့ပေသည်။ သူက မျက်နှာကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ ကြေညာလိုက်လေ၏။

"နောက်ဆုတ်စမ်း..."

ပိုင်ယွီ ချက်ချင်း ဆင်းသက်သွားပြီး အဝါရောင် အဆောင်လက်ဖွဲ့ များဖြင့် လွှမ်းခြုံခံထားရသော ထိုက်အာ နှင့် ချန်ချန်ရှန်း တို့သာ ကျန်ရစ်တော့ပေသည်။

"ပေါက်ကွဲစမ်း..."

ချန်ချန်ရှန်းက အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ အဖြူရောင် အလင်းတန်း တစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားလေ၏။

ထို့ပြင် ထို ရေတွက်၍မရနိုင်သော အဝါရောင် အဆောင်လက်ဖွဲ့ များသည် အတားအဆီး တစ်ခုကို ဖန်တီးကာ ပေါက်ကွဲမှု အတိုင်းအတာကို ဖုံးလွှမ်းသွားပေသည်။

မိုးထိုးနေသော အဖြူရောင် အလင်းတန်း တစ်ခုသည် အဝါရောင် အဆောင်လက်ဖွဲ့ များဖြင့် ဖန်တီးထားသော ကုဗတုံး ပုံစံ အတားအဆီး အတွင်းတွင် ပေါက်ကွဲသွားလေ၏။

ကုဗတုံး ပုံစံ အတားအဆီး သည် ပြင်းထန်သော ပေါက်ကွဲမှုကြောင့် ပုံပျက်သွားသော်လည်း ထိုအရာသည် ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော စွမ်းအားများကို အပြင်သို့ မယိုစိမ့်စေရန် ခိုင်မာစွာ တားဆီးထားနိုင်ဆဲ ဖြစ်ပေသည်။

အနည်းငယ် ဖိုသီဖတ်သီ ဖြစ်နေသော ထိုက်အာသည် လေဟာနယ် ကို ဆုတ်ဖြဲကာ ဟင်းလင်းပြင်နယ်မြေ ထဲမှ ထွက်လာပြီး "အရူး" ဟု သူ့ဘာသာ ရေရွတ်လိုက်လေ၏။ ဤလူငယ်သည် စကားတစ်ခွန်းမျှ မပြောဘဲ အမှန်တကယ်ပင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ခဲ့ပေသည်။

ထိုက်အာ၏ ခန္ဓာကိုယ်သည် ဟင်းလင်းပြင်နယ်မြေ ထဲမှ လုံးဝ မထွက်လာသေးမီမှာပင် စူးရှသော ဓားစိတ်ဆန္ဒ တစ်ခုက သူ၏ မျက်နှာဆီသို့ တည့်တည့် ပြေးဝင်လာခဲ့ပေသည်။

လန်ချင်းဆုန်း၏ လက်ထဲရှိ ဓားကို ခုခံရန် ထိုက်အာသည် သူ၏ ဓားကို မြှောက်ရန် ပြင်လိုက်စဉ်မှာပင် အောက်ဘက်ရှိ ပိုင်ယွီက တိုးညှင်းစွာ အမိန့်ပေးလိုက်လေ၏။

"အောက်ချထားလိုက်..."

ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် တစ်ယောက်ဖြစ်သော ထိုက်အာသည် ဓားကို မြှောက်နေသော လက်ကို ရပ်တန့်လိုက်ရပေသည်။ လန်ချင်းဆုန်း၏ ဓားရှည်သည် သူ၏ မျက်လုံးများဆီသို့ ရောက်ရှိနေပြီ ဖြစ်လေ၏။

"ထွက်သွားစမ်း..."

ထိုက်အာက အေးစက်စွာ အော်ဟစ်လိုက်ပြီး အမြင့်မြတ်ဆုံး ဓားစိတ်ဆန္ဒ တစ်ခုက သူ၏ ခန္ဓာကိုယ်မှ တိုက်ရိုက် ပေါက်ကွဲထွက်လာခဲ့ပေသည်။ ထိုက်အာ၏ ခန္ဓာကိုယ် ပတ်လည်တွင် ကြာပန်း ပုံစံ ဝင်္ကပါ တစ်ခု ပေါ်လာခဲ့၏။

အောင်မြင်တော့မည့်ဆဲဆဲ ဖြစ်သော လန်ချင်းဆုန်း သည် ဤ ဓားစိတ်ဆန္ဒ ကြောင့် တိုက်ရိုက် လွင့်စင်သွားခဲ့ပေသည်။

အောက်ဘက်ရှိ ပိုင်ယွီသည် ထိုက်အာ၏ ခန္ဓာကိုယ်ပေါ်ရှိ သဲ့သဲ့မျှ မြင်ရသော ကြာပန်း ဓားစိတ်ဆန္ဒ ကို ကြည့်ကာ သူ၏ မျက်နှာအမူအရာမှာ တင်းမာသွားလေ၏။ ချင်းယွင်ဂိုဏ်း တွင် ရှိနေစဉ်က သူ့ကိုယ်ပိုင် ဓားစိတ်ဆန္ဒ တစ်ခုကို သူ ခံစားခဲ့ရသည်မှာ အံ့သြစရာ မဟုတ်တော့ချေ။

ထိုသို့ဆိုလျှင် ဤ အဘိုးကြီး ထိုက်အာသည် သူ၏ ဓားစိတ်ဆန္ဒ ကို အမှန်တကယ် ကျင့်ကြံနေခဲ့ခြင်းလော။

တစ်ခုခုတော့ မှားနေ၏ သူသည် ယခင်ဘဝက မသေဆုံးမီတွင် တစ်ယောက်တည်း ဖြစ်ခဲ့ပြီး မည်သည့် သွေးမျိုးဆက် ကိုမျှ မချန်ရစ်ခဲ့ချေ။

ဤ ဓားဂိုဏ်းချုပ် ထိုက်အာသည် သူ၏ မွေးရာပါ ဓားစိတ်ဆန္ဒ ကို မည်သည့်နေရာမှ သင်ယူခဲ့သနည်း။

ချန်ချန်ရှန်းသည် ပိုင်ယွီ၏ ဘေးတွင် ပေါ်လာပြီး သူ၏ ချီ မှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေလေ၏။ ယခုလေးတင် ရုပ်သေးရုပ် ၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုသည် အနည်းငယ် အလျင်စလို ဖြစ်လွန်းသွားသဖြင့် သူ၏ စစ်မှန်သောချီ များမှာ တစ်ခဏမျှ မညီမညာ လည်ပတ်သွားခြင်း ဖြစ်သည်။

လန်ချင်းဆုန်းသည် လေထဲတွင် တစ်ပတ်လည်ကာ ပိုင်ယွီ၏ ညာဘက်တွင် ဆင်းသက်လိုက်ပြီး ခြေနှစ်လှမ်း နောက်ဆုတ်ကာ ထိုက်အာကို တင်းမာသော မျက်နှာဖြင့် ကြည့်နေလိုက်လေ၏။

ဦးဆောင်နေသော ပိုင်ယွီသည် သူ၏ မျက်လုံးများထဲတွင် တာအိုစည်းချက် များ စီးဆင်းနေပေသည်။ သူသည် သူ၏ ယခင်ဘဝက မွေးရာပါ ဓားစိတ်ဆန္ဒကို အမှန်တကယ် ကျင့်ကြံနေခဲ့ခြင်း ဖြစ်ရာ သူ၏ အရှေ့ရှိ အဘိုးကြီး ကို သတ်ဖြတ်ရန် အမှန်တကယ် အခွင့်အရေး တစ်ခု ရှိနိုင်လေသည်။

မည်သို့ပင်ဆိုစေ သူသည် သူ၏ ယခင်ဘဝက မွေးရာပါ ဓားစိဆ်ဆန္ဒ နှင့် အလွန် ရင်းနှီးလွန်းနေပေသည်။

ထိုက်အာသည် အဝေးမှ လူသုံးဦးကို ကြည့်ရင်း သူ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် တစ်ယောက်ဖြစ်သော သူ့ကို ဤအခြေအနေအထိ တွန်းပို့ရန် ဤလူငယ် သုံးဦးမှာ မည်သို့သော မွန်းစတားများ ဖြစ်နေကြသနည်း။

သူသည် သူ၏ ကျင့်ကြံမှု အများစုကို ဖိနှိပ်ထားပြီး အမျိုးမျိုးသော နည်းလမ်းများကို အသုံးမပြုခဲ့လျှင်တောင်မှ သူတို့၏ အခြေတည်စဝိညာဉ်အဆင့် ကျင့်ကြံမှု ဖြင့်သာ သူ၏ မွေးရာပါ ဓားစိတ်ဆန္ဒကို ဖိအားပေး ထုတ်လွှတ်စေခဲ့သည်လော။

ယခုခေတ် လူငယ်မျိုးဆက်များ အားလုံးသည် မွန်းစတားများ ဖြစ်နေကြပြီလော။

အိုးယန်သည် လေဟာနယ် အက်ကွဲကြောင်း ထဲမှ ထွက်မလာသေးခင်နောက်ပိုင်း ထိုက်အာ တစ်ခုခု လုပ်ခဲ့သည်ဟု ထိုသုံးဦးက အမြဲတမ်း ယုံကြည်နေခဲ့ကြပေသည်။

လန်ချင်းဆုန်း၏ အလိုလို သိစိတ်က ထိုအရာမှာ ထိုက်အာနှင့် ပတ်သက်နေရမည်ဟု သူ့ကို ပြောပြနေလေ၏။

ထို့ပြင် ပိုင်ယွီ၏ ယခင်ဘဝနှင့် ချန်ချန်ရှန်း၏ အနာဂတ် တို့တွင် သူတို့ နှစ်ဦးစလုံးသည် ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် နည်းလမ်းများကို အသုံးပြုခဲ့ကြဖူးပေသည်။ သူ၏ ယခင် ကိုယ်ပွား သည်လည်း လေဟာနယ် ကို ဆုတ်ဖြဲသည့် ဤနည်းလမ်းကို အသုံးပြုခဲ့ဖူးလေ၏။

ထိုက်အာ တစ်ခုခု လုပ်ခဲ့ခြင်း ဖြစ်ရမည်။

ပိုင်ယွီသည် တစ်ဖက်လူကို စဉ်းစားရန် အချိန်မပေးချင်သဖြင့် တိုးညှင်းစွာ ပြောဆိုလိုက်လေ၏။

"ဒုတိယ စီနီယာအစ်ကို က အရင် တိုက်ခိုက်... ကျွန်တော်က အဓိက တိုက်ခိုက်သူ လုပ်မယ်... တတိယအစ်ကို က အနောက်ကနေ ချုံခိုတိုက်မယ်... ဒီလိုမျိုး နောက်ထပ် သုံးကြိမ်လောက် လုပ်မယ်... ကျွန်တော် အားနည်းချက်ကို ရှာတွေ့အောင် လုပ်မယ်..."

"လှုပ်ရှား..." ပိုင်ယွီက အေးစက်စွာ အော်ဟစ်လိုက်ပေသည်။

ထို့နောက် လန်ချင်းဆုန်း သည် အပြေးအလွှား ထွက်သွားလေ၏။

သို့ရာတွင် လေထဲတွင် လေဟာနယ် အက်ကွဲကြောင်း တစ်ခု ရုတ်တရက် ပွင့်လာပြီး လျန်ကျိုက် ကို ကိုင်ထားသော အိုးယန်သည် လေဟာနယ် အက်ကွဲကြောင်း ထဲမှ ထွက်လာခဲ့ပေသည်။

မော်ကွန်းဝင် အဆင့်မြှင့်တင်မှု တစ်ခု ရရှိထားသည်ဟု ခံစားရသဖြင့် အိုးယန်သည် ပတ်ဝန်းကျင်ကို ယုံကြည်ချက်ရှိစွာ အကဲခတ်လိုက်ပြီး ယခုလေးတင် ရရှိထားသော ခွေးလေးကို သူ၏ လက်မောင်းတွင် ညှပ်ကာ လေဟာနယ် အက်ကွဲကြောင်း ထဲမှ တက်ကြွစွာ ထွက်လာခဲ့လေ၏။

သူ ထွက်လာသည်နှင့် တစ်ပြိုင်နက် ဟာလာဟင်းလင်း ဖြစ်နေသော လေထဲသို့ ခြေလှမ်းမိသွားပြီး ကျဆင်းသည့် အနေအထားသို့ တိုက်ရိုက် ရောက်ရှိသွားပေသည်။

"သောက်ကျိုးနည်း... လျန်ကျိုက်... ငါ့ကို ပျံအောင် လုပ်ပေးစမ်း..." အိုးယန်သည် သူ၏ လက်မောင်းအောက်တွင် ညှပ်ထားသော ဝက်အူချောင်းခွေး ကို အော်ဟစ်လိုက်လေ၏။

"ငါက ခွေးတစ်ကောင် သက်သက်ပါ... ပျံနိုင်တဲ့ ခွေးကို မင်း မြင်ဖူးလို့လား..."

ဝက်အူချောင်းခွေး သည် အိုးယန်ကို မျက်လုံးလှန်ပြလိုက်ပေသည်။ ခုလေးတင် အနိုင်ကျင့်ခံထားရသည့်အတွက် သူ စာရင်းမရှင်းရသေးဘဲ ယခု သူ့ကို ကယ်တင်ခိုင်းချင်နေတာလား။

အိပ်မက်မက်နေလိုက်။

အိုးယန်သည် ပေါက်ကွဲတော့မည့်ဆဲဆဲတွင် သူ၏ ဒုတိယညီငယ် ပြေးလာနေပြီဖြစ်ကြောင်း သူ မြင်လိုက်ရပြီး သူ၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှု လှိုင်းလုံးတစ်ခု ထကြွလာခဲ့လေ၏။

"ငါ ကျွေးမွေးပြုစုထားတဲ့ဂျူနီယာညီလေးက တကယ်တော်တယ်... ဒါပေမယ့် သူက ဘာလို့ ဓားကိုင်ထားတာလဲ..."

အိုးယန်၏ တည်နေရာသည် ထိုက်အာနှင့် လန်ချင်းဆုန်းတို့ အပါအဝင် အခြားနှစ်ဦးတို့၏ အလယ်တည့်တည့်တွင် ရှိနေပေသည်။ စိတ်မရှည်စွာဖြင့် ပြေးထွက်လာသော လန်ချင်းဆုန်း သည် စူးရှသော ဓားစိတ်ဆန္ဒ ကို သယ်ဆောင်လျက် တိုက်ရိုက် ပြေးဝင်လာခဲ့လေ၏။

အိုးယန် ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် လန်ချင်းဆုန်း အနည်းငယ် မှင်သက်သွားသော်လည်း သူ၏ လက်ထဲရှိ ဓားရှည်ကို ပြန်ရုပ်သိမ်း၍ မရတော့ချေ။

လွတ်လပ်စွာ ကျဆင်းနေသော အိုးယန်သည် သူ့ကို ဖမ်းရမည့်အစား ဓားဖြင့် ပြေးဝင်လာသော သူ၏ ဒုတိယညီငယ် ကို မျက်လုံးပြူးကာ ကြည့်နေလေ၏။ တစ်ခဏမျှ သူ တုံ့ပြန်ရန် အချိန်မရလိုက်ချေ။ သူ သတိပြန်ဝင်လာချိန်တွင် ဓားမှာ သူ၏ အရှေ့သို့ ရောက်ရှိနေပြီ ဖြစ်လေ၏။

"သောက်ကျိုးနည်း... မင်းက မင်းရဲ့ အစ်ကို ကို သတ်ချင်နေတာလား ကောင်လေး..."

အိုးယန်သည် ဝက်အူချောင်းခွေး ကို ဆွဲထုတ်လိုက်ပြီး ထိုခွေးကို ကိုင်ကာ လန်ချင်းဆုန်း၏ ဓားကို ရိုက်ချလိုက်ပေသည်။

သတ္တုချင်း ရိုက်ခတ်သံ ကဲ့သို့သော အသံတစ်ခု ထွက်ပေါ်လာပြီး ဝက်အူချောင်းခွေး သည် သက်တောင့်သက်သာ ရှိသော ခွေးဟောင်သံ တစ်ခု ထုတ်လွှတ်လိုက်ကာ လန်ချင်းဆုန်း မှာ တိုက်ရိုက် လွင့်စင်သွားလေ၏။

"ဝုန်း..."

အိုးယန်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူ၏ ခန္ဓာကိုယ် တစ်ဝက်မှာ မြေကြီးထဲသို့ နစ်ဝင်သွားပေသည်။

သူသည် မြေကြီးထဲမှ သူ့ကိုယ်သူ ဆွဲထုတ်ရင်း မျက်မှောင်ကြုတ်ကာ အခြား စကားနားမထောင်သော ညီငယ် နှစ်ဦးကို ကြည့်လိုက်လေ၏။

အိုးယန်ကို မြင်ပြီးနောက် ပိုင်ယွီနှင့် ချန်ချန်ရှန်းတို့သည် သူတို့၏ စစ်မှန်သောချီ ကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ကြပြီး တစ်ယောက်က ဘယ်ဘက်ကို ကြည့်ကာ အခြားတစ်ယောက်က ညာဘက်ကို ကြည့်နေကြပြီး ဤကိစ္စသည် သူတို့နှင့် မသက်ဆိုင်ကြောင်း ပြသနေကြပေသည်။

နောက်ဆုံးတွင် ကံဆိုးသော လန်ချင်းဆုန်း တစ်ဦးတည်းသာ ခေါင်းငုံ့ထားပြီး အိုးယန်က သူ၏ နားရွက်ကို ဆွဲကာ အော်ဟစ်ဆဲဆိုနေသည်ကို ခံနေရလေတော့သည်။

အခန်း ၁၁၂ - သစ်သား ဆံထိုး

အခြေအနေ တစ်ခုလုံးကို နားလည်သွားပြီးနောက် အိုးယန်သည် စိတ်ထိခိုက်သွားသော်လည်း ဓားဂိုဏ်းချုပ် ထိုက်အာကို မျက်နှာသာ ပေးရဦးမည် ဖြစ်လေ၏။

"ဒီကိုလာ... တောင်းပန်လိုက်..."

သူက တောင်ထိပ်ပေါ်တွင် ရပ်နေသေးသော စကားနားမထောင်သည့် ညီငယ်နှစ်ဦးကို လက်ယပ်ခေါ်လိုက်ပြီးနောက် လန်ချင်းဆုန်း ကို နားရွက်မှ ဆွဲကာ အေးစက်သော အမူအရာဖြင့် ဆင်းသက်လာသော ထိုက်အာ၏ အရှေ့တွင် ရပ်ခိုင်းလိုက်ပေသည်။

"တောင်းပန်လိုက်..." အိုးယန်က လန်ချင်းဆုန်း၏ ခေါင်းကို ရိုက်ကာ ဆူပူလိုက်လေ၏။

လန်ချင်းဆုန်းက ထိုက်အာကို တစ်ချက်ကြည့်ကာ တွန့်ဆုတ်စွာ ဟစ်အော်လိုက်ပြီး အနည်းငယ် ဦးညွတ်လိုက်ပေသည်။

ပိုင်ယွီက ထိုက်အာကို လက်အုပ်ချီလိုက်ပြီး ထိုက်အာကို ကြည့်သော သူ၏ အကြည့်များမှာ ပိုမို စူးစမ်းလိုစိတ် ဖြစ်လာခဲ့လေ၏။ ထိုက်အာသည် သူ၏ ကိုယ်ပိုင် မွေးရာပါ ဓားစိတ်ဆန္ဒ ကို အဘယ်ကြောင့် ကျင့်ကြံနိုင်ခဲ့သည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေပေသည်။

မျက်နှာဖုံး တပ်ဆင်ထားသော ချန်ချန်ရှန်းသည် ထိုက်အာကို ရိုးသားစွာ ဦးညွတ်ကာ တောင်းပန်စကား ဆိုလိုက်လေ၏။

ထိုက်အာ၏ မျက်နှာအမူအရာမှာ အေးစက်နေပြီး မည်သည့်စကားမျှ မပြောခဲ့ချေ။ လန်ချင်းဆုန်းကို ဆူပူနေဆဲဖြစ်သော အိုးယန်ကို သူက တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ထူးဆန်းမှု အရိပ်အယောင်တစ်ခု ပေါ်လာလေ၏။

ယခုလေးတင် ဤလူငယ် သုံးဦးသည် ရိုင်းစိုင်းစွာ ပြုမူခဲ့ကြပြီး သူ့ကိုပင် တိုက်ခိုက်ရဲရုံသာမက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန်ပင် ရဲဝံ့ခဲ့ကြပေသည်။ သူတို့သည် အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်သော စိတ်အားထက်သန်သည့် တိုက်ခိုက်ရေးသမား များနှင့် တူနေလေ၏။

သို့ရာတွင် အိုးယန် ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတို့သည် သိုးများကဲ့သို့ လိမ္မာသွားကြပြီး အထူးသဖြင့် သူ၏ ဓား ဖြင့် အကြမ်းတမ်းဆုံး ဖြစ်ခဲ့သော လန်ချင်းဆုန်း ပင် ဖြစ်လေ၏။ ယခုအခါ သူသည် အနည်းငယ် ခါးကုန်းနေပြီး အိုးယန်၏ စကားနားမထောင်သော လူငယ်တစ်ဦးအဖြစ် ဆူပူခံနေရပေသည်။

ဤစကားနားမထောင်သော လူငယ် သုံးဦးကို သူ့အပေါ် ဤမျှ ယုံကြည်လက်ခံအောင် ပြုလုပ်နိုင်သော မှော်ပညာမှာ မည်သည့်အရာ ဖြစ်သနည်း။

စီနီယာအစ်ကို ဆိုသည့် ဂုဏ်ပုဒ် တစ်ခုတည်းကြောင့်လော။

ထိုက်အာက မယုံကြည်ချေ ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးအနေဖြင့် သူသည် အရာများစွာကို မြင်တွေ့ခဲ့ဖူးလေ၏။

စွမ်းအား သို့မဟုတ် သွေးမျိုးဆက် အရ ဖိနှိပ်မှု မရှိဘဲ စစ်မှန်သော လေးစားမှုကို ဘယ်သောအခါမျှ ရရှိမည် မဟုတ်ချေ။

ဓားကျင့်ကြံသူ တစ်ဦး၏ လေးစားမှုကို သူ၏ လက်ထဲရှိ ဓား ဖြင့်သာ ရယူနိုင်ပေသည်။

အိုးယန်မှာ ဘာရှိသနည်း... ထို ကြီးမားကျယ်ပြန့်သော စစ်မှန်သောချီ ပမာဏ သက်သက်သာ မဟုတ်ပါလော။

"ဂိုဏ်းချုပ်... ကျေးဇူးပြုပြီး မရယ်ပါနဲ့... ကျွန်တော့်ရဲ့ ဒီ စကားနားမထောင်တဲ့ ညီငယ် သုံးဦးက အပြင် သိပ်မထွက်ဖူးဘူး... သူတို့ ရုတ်တရက် အပြင်ထွက်လာတော့ နည်းနည်း စိတ်လှုပ်ရှားသွားတာပါ..." အိုးယန်က ဝက်အူချောင်းခွေး ကို ကိုင်ထားရင်း ထိုက်အာကို ရယ်မောလျက် ပြောဆိုလိုက်လေ၏။

ထိုက်အာက ပျက်စီးသွားသော သူ၏ အင်္ကျီလက်ကို အေးစက်စွာ ဝှေ့ယမ်းလိုက်ပြီး ကိစ္စပြီးသွားပြီဖြစ်ကြောင်းနှင့် ထပ်မံ ပြောဆိုမည်မဟုတ်ကြောင်း ပြသလိုက်ပေသည်။

ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ ဓားဂိုဏ်းချုပ် တစ်ဦးအနေဖြင့် အခြေတည်စဝိညာဉ်အဆင့် လူငယ်သုံးဦးက သူ၏ မွေးရာပါ ဓားစိတ်ဆန္ဒ ကို အသုံးပြုရန် ဖိအားပေးခံရခြင်းသည် ပြောရမည်ဆိုလျှင် အမှန်တကယ်ပင် ရှက်စရာ ကောင်းလှပေသည်။

ပိုင်ယွီသည် အိုးယန်၏ လက်မောင်းကြားတွင် ညှပ်ထားသော ဝက်အူချောင်းခွေး ကို မြင်လိုက်ရပြီး စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်လေ၏။

"စီနီယာအစ်ကို... ခုနက ဘယ်သွားနေတာလဲ..."

လန်ချင်းဆုန်းနှင့် ချန်ချန်ရှန်းတို့သည်လည်း သူတို့၏ အကြည့်များကို သူ့ဆီသို့ လှည့်လိုက်ကြပေသည်။

ထိုက်အာ သည်လည်း အိုးယန်ကို ကြည့်လိုက်လေ၏။ ထိုက်အာသည် လေဟာနယ် အက်ကွဲကြောင်း ကို ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ရာ ဤလူငယ်က အဘယ်ကြောင့် ဤမျှ နောက်ကျမှ ထွက်လာရသနည်း။ ထို့ပြင် ယခုလေးတင် အိုးယန် ထွက်လာသော လေဟာနယ် အက်ကွဲကြောင်း မှာ ထိုက်အာ ဖွင့်လှစ်ပေးခဲ့သော အက်ကွဲကြောင်း မဟုတ်ကြောင်း ထင်ရှားလှပေသည်။

အိုးယန်က ရယ်မောလိုက်ပြီး သူ၏ လက်ထဲရှိ လျန်ကျိုက် ကို မြှောက်ကိုင်ကာ ပြောဆိုလိုက်လေ၏။

"ဒါက ငါ့ရဲ့ အိမ်မွေးတိရစ္ဆာန် အသစ် လျန်ကျိုက် လေ... အင်မော်တယ် လျှို့ဝှက်နယ်မြေ တစ်ခုကို သွားပြီး သူ့ကို သွားကောက်လာတာ..."

"ခွေးတစ်ကောင်လား..."

ထိုနေရာရှိ လူလေးဦးစလုံးသည် ဝက်အူချောင်းခွေး လျန်ကျိုက် ကို ကြည့်လိုက်ကြပြီး မည်သူကမျှ အိုးယန်၏ အဓိပ္ပာယ်မဲ့ စကားများကို မယုံကြည်ကြချေ။

အင်မော်တယ် လျှို့ဝှက်နယ်မြေ ဆိုတာ ဘယ်လို နေရာမျိုးလဲ... ထိုမျှလောက် အလွယ်တကူ ဝင်ထွက်လို့ ရနိုင်ပါ့မလား...

ထို့ပြင် အချိန်ကလည်း မကြာခဲ့ချေ။ စုစုပေါင်း နှစ်မိနစ်ပင် မပြည့်ခဲ့ချေ။ အိုးယန်သည် အင်မော်တယ် လျှို့ဝှက်နယ်မြေ တစ်ခုသို့ ဝင်ရောက်ပြီး ခွေးတစ်ကောင်နှင့်အတူ ပြန်ထွက်လာသည်လော။

ထိုအရာက ခွေးတစ်ကောင် သက်သက်ပဲလော...

ထိုက်အာသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ အိုးယန်၏ လက်ထဲရှိ ခွေးကို ကြည့်လိုက်ရာ သူ၏ နှလုံးသားမှာ တစ်ချက် ခုန်သွားပြီး သူ့ကိုယ်သူ တွေးလိုက်မိလေ၏။

"ဒီခွေးကို တစ်နေရာရာမှာ မြင်ဖူးသလို ဘာလို့ ခံစားနေရတာလဲ..."

လူတိုင်းက သူ၏ စကားများကို မယုံကြည်ကြောင်း အိုးယန် မြင်လိုက်ရပြီး သူ ပြောသောအရာမှာ အနည်းငယ် ချဲ့ကားလွန်းနေသည်ဟု သူလည်း ခံစားမိသော်လည်း သူ ပြောသောအရာမှာ အမှန်တရား ဖြစ်ပြီး ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အတူတူပင် ဖြစ်လေ၏။

မော်ကွန်းဝင် အဆင့်မြှင့်တင်မှု တစ်ခု ရရှိထားသော အိုးယန်သည် စိတ်အခြေအနေ ကောင်းမွန်နေပေသည်။ သူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ ဧရာမ ရေကန်ကြီး တစ်ခုမှလွဲ၍ သူ ယခုလေးတင် ဝင်ရောက်ခဲ့သော လျှို့ဝှက်နယ်မြေ နှင့် ခုနစ်ဆယ် ရာခိုင်နှုန်းမှ ရှစ်ဆယ် ရာခိုင်နှုန်းခန့် တူညီသော ဆက်တိုက် တောင်ထိပ်များ ရှိနေသော်လည်း ဤနေရာသည် ယခင် လျှို့ဝှက်နယ်မြေ ထက် ပိုမို၍ အသက်ချီ များဖြင့် ပြည့်နှက်နေကြောင်း ထင်ရှားလှပေသည်။

အိုးယန်က နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်လေ၏။

"ဂိုဏ်းချုပ်... ဒီနေရာက ဘယ်နေရာလဲ..."

ထိုက်အာက အေးစက်စွာ နှာမှုတ်လိုက်ပြီး အနည်းငယ် မကျေမနပ်ဖြင့် ပြောဆိုလိုက်ပေသည်။

"ဒါက ငါ့ ဓားဂိုဏ်း ရဲ့ ဝမ်ကျန့် ရေကန် ပဲ... ငါ့ရဲ့ ဓားဂိုဏ်း မျိုးဆက် အသီးသီးက မဟာကျင့်ကြံသူ တွေ ချန်ရစ်ခဲ့တဲ့ တန်ဖိုးကြီး ဓားတွေ ပါဝင်ရုံသာမက ရှေးဟောင်းခေတ်က အင်မော်တယ် တွေ ချန်ရစ်ခဲ့တဲ့ ဒဏ္ဍာရီလာ မှော်ရတနာ တွေတောင် ရှိသေးတယ်... အတွင်းစည်းတပည့် တွေသာ ဝင်ရောက်ပြီး ကျင့်ကြံခွင့် ရှိတယ်... ဒီတစ်ခေါက်တော့ မင်းတို့ကို ဝင်ခွင့်ပြုတာက ချွင်းချက်တစ်ခုပဲ... အကြွေးစာချုပ် တွေနဲ့ မှတ်တမ်းကျောက်တုံး တွေကို ပေးစမ်း..."

"ဝိုး... မဟာကျင့်ကြံသူ ဆိုတာ မဟာကျင့်ကြံသူ ပီသပါပေတယ်... ကတိတည်တာပဲ..."

အိုးယန်သည် အကြွေးစာချုပ် ကို ဆွဲထုတ်လိုက်ပြီး သူ ပိုမရေးခဲ့မိသည်ကို နောင်တရနေသော်လည်း နှလုံးနာကျင်မှုကို သည်းခံကာ ထိုက်အာထံသို့ ကမ်းပေးလိုက်ရပေသည်။

သူက သူ၏ အနောက်ရှိ ချန်ချန်ရှန်းကို မျက်စိတစ်ချက် မှိတ်ပြလိုက်ရာ သဘောပေါက်သွားသော ချန်ချန်ရှန်းသည် သူ၏ သိုလှောင်အိတ် ထဲမှ မှတ်တမ်းကျောက်တုံး တစ်ပုံကို ဆွဲထုတ်လိုက်ပြီး ပြောဆိုလိုက်လေ၏။

"ဂိုဏ်းချုပ်... အကုန်လုံး ဒီမှာပါ... တစ်ခုမှ မချန်ထားပါဘူး..."

ထိုက်အာက အေးစက်စွာ နှာမှုတ်လိုက်ပြီး ဓားစိတ်ဆန္ဒ တစ်ခုက ချန်ချန်ရှန်း၏ လက်ထဲရှိ မှတ်တမ်းကျောက်တုံး များ အားလုံးကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်လေ၏။ သူ၏ လက်ထဲရှိ အကြွေးစာချုပ် ကို ပြာဖြစ်အောင် မီးရှို့ပြီးနောက် သူက လှည့်ထွက်သွားကာ ပြောဆိုလိုက်ပေသည်။

"တစ်ရက်... တစ်ရက် အကြာမှာ မင်းတို့ကို ကျူးကျန့် မြို့ ဆီ ငါ ပို့ပေးမယ်..."

စကားပြောပြီးနောက် သူသည် ကပ်ဆိုးနတ်ဆိုး တစ်ကောင်ကို ရှောင်ရှားနေသည့်အလား လေဟာနယ် ကို ဆုတ်ဖြဲကာ ထွက်ခွာသွားလေတော့၏။

အိုးယန်နှင့် အခြားသုံးဦးသာ အချင်းချင်း ကြည့်ရှု ကျန်ရစ်ခဲ့ပေသည်။

"ဝမ်ကျန့် ရေကန် လား..."

အိုးယန်သည် သူ၏ အရှေ့ရှိ ရေကန်ကို ကြည့်ကာ သူ၏ ခေါင်းကို လက်ဖြင့် ကိုင်ထားလိုက်လေ၏။ တည်ငြိမ်နေသော ရေကန်ရေပြင်သည် လေပြည်အောက်တွင် လှိုင်းဂယက်ထနေပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာလည်း တရှဲရှဲ မြည်နေပေသည်။

ဓားတွေကို မေ့ထားလိုက်... သူ သံတုတ် တစ်ချောင်းကိုတောင် မမြင်ရပေ... ဤသည်ကို ဝမ်ကျန့် ရေကန် လို့ ခေါ်တာလား...

အိုးယန် အနည်းငယ် ဝေခွဲမရ ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ချန်ချန်ရှန်းက ပြောဆိုလိုက်သည်။

"စီနီယာအစ်ကို... ဒီရေကန်အောက်မှာ အရာတချို့ကို ကျွန်တော် ခံစားမိတယ်... ပြီးတော့ အများကြီးပဲ..."

လန်ချင်းဆုန်းသည် မျက်မှောင်ကြုတ်ကာ သူ၏ အရှေ့ရှိ ရေကန်ကို ကြည့်ပြီး ပြောဆိုလိုက်ပေသည်။

"အရမ်း ဆူညံတာပဲ..."

ရေကန်အောက်ခြေတွင် ဓားပျံ များ ရေတွက်၍မရနိုင်အောင် ရှိနေကြောင်း ပိုင်ယွီက သဘာဝကျကျ သိရှိထားလေ၏။ စောစောက သူ ဆင့်ခေါ်ခဲ့သော ဓားပျံ သည် ရေကန်ထဲမှ ပျံထွက်လာခဲ့ခြင်း ဖြစ်ပေသည်။

အိုးယန်က ချောင်းဟန့်ကာ ဗဟုသုတ ရှိဟန်ဆောင်လျက် ပြောဆိုလိုက်လေ၏။

"တကယ်ပါပဲ... ဒီရေကန်အောက်မှာ အရာတော်တော်များများကို ငါလည်း ခံစားမိတယ်... ဒီအခွင့်အရေးက ရဖို့ ခက်ခဲတဲ့အတွက် မင်းတို့ အဲဒါကို တန်ဖိုးထားတတ်ရမယ်..."

ချန်ချန်ရှန်းက ခေါင်းညိတ်လိုက်သော်လည်း သူ၏ အကြည့်များမှာ အိုးယန်၏ လက်မောင်းအောက်တွင် ညှပ်ထားသော ဝက်အူချောင်းခွေး အပေါ်သို့ ကျရောက်သွားပေသည်။ တောင်ထိပ်ငယ်လေး ပေါ်ရှိ တိဗက်မြေခွေး သည် ပုန်းအောင်းနေသော ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျွမ်းကျင်သူ တစ်ဦးဖြစ်ရာ ဤခွေးသည်လည်း ပုံမှန်မဟုတ်သော သရုပ်မှန် တစ်ခု ရှိရမည်မှာ သေချာလှပေသည်။ နောက်မှ ထိုအရာထံမှ အမွေးအချို့ နုတ်ရန် အခွင့်အရေးတစ်ခု သူ ရှာရပေမည်။

သို့ရာတွင် လန်ချင်းဆုန်း က ခေါင်းခါလျက် ပြောဆိုလိုက်လေ၏။

"အမှိုက်တွေ..."

ဤ ဓားဂိုဏ်း ၏ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်သော အချိန်များအတွင်း ရေတွက်၍မရနိုင်သော မဟာကျင့်ကြံသူ များ ချန်ရစ်ခဲ့သည့် တန်ဖိုးကြီး ဓားများသည် ဤ မဟာကျင့်ကြံသူ များ သူတို့၏ ဘဝတစ်လျှောက်လုံး ရရှိခဲ့သော ဓားတာအို ၏ ထိုးထွင်းသိမြင်မှုများ သေချာပေါက် ပါဝင်နေပေသည်။

သို့ရာတွင် လန်ချင်းဆုန်း သည် ဤ ဓားတာအို များကို အထင်သေးလေ၏။ သူ့အတွက်မူ သူ၏ ကိုယ်ပိုင် ဓားတာအို သည် အစွမ်းအထက်ဆုံး ဖြစ်ပြီး သူ၏ အားနည်းချက်များကို ဖြည့်ဆည်းရန် ဤနေရာရှိ ဓားတာအို ကို သူ လုံးဝ မလိုအပ်ချေ။

အဘယ်ကြောင့်ဆိုသော် သူ၏ တာအို တွင် အားနည်းချက် မရှိသောကြောင့် ဖြစ်သည်။

ပိုင်ယွီသည် ရေကန်စပ်သို့ စူးစမ်းလိုစိတ်ဖြင့် လျှောက်သွားလိုက်ပြီး သူ၏ လက်ချောင်းများက ရေကန်ရေပြင်ကို ထိတွေ့လိုက်လေ၏။ တစ်စုံတစ်ရာက သူ့ကို ခေါ်နေသကဲ့သို့ ရေကန်အောက်ခြေမှ ရင်းနှီးသော ခံစားချက်တစ်ခု ထွက်ပေါ်လာသည်ကို သူ ခံစားလိုက်ရသည်။

"ထကြွစမ်း..."

ပိုင်ယွီက တိုးညှင်းစွာ ပြောဆိုလိုက်လေ၏။

ပိုင်ယွီ၏ အသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရေကန်ရေပြင် တစ်ခုလုံး စတင် ဆူပွက်လာပြီး ရေတွက်၍မရနိုင်သော ဓားမြည်သံ များသည် ကောင်းကင်နှင့် မြေကြီး တစ်ခွင် ပဲ့တင်ထပ်သွားလေတော့၏။

ရွှီး... ရွှီး... ရွှီး...

ရေတွက်၍မရနိုင်သော ဓားပျံ များသည် ရေကန်ထဲမှ ပျံထွက်လာပြီး လေထဲတွင် ရပ်တည်ကာ မတူညီသော ဓားစိတ်ဆန္ဒ များကို ထုတ်လွှတ်နေကြပေသည်။

အချို့မှာ စူးရှပြီး အချို့မှာ ညင်သာကာ အချို့မှာ ကြီးကျယ်ခမ်းနားပြီး အချို့မှာ ထူးဆန်းနေလေ၏...

မှော်ရတနာ များနှင့် တူသော ရေတွက်၍မရနိုင်သည့် ဓား လက်နက်များသည် ပိုင်ယွီ၏ အရှေ့တွင် မြည်ဟည်းရန် အလုအယက် ကြိုးစားနေကြပြီး သူ၏ ရွေးချယ်ခြင်းကို ခံရရန် စိတ်အားထက်သန်နေကြပေသည်။

ပိုင်ယွီသည် မတ်တတ်ရပ်ကာ သူ၏ လက်ကို ငေးမောစွာ ဆန့်ထုတ်လိုက်ရာ အလင်းတန်း တစ်ခုက သူ၏ လက်ထဲသို့ ကျရောက်လာခဲ့လေ၏။

ထိုအရာမှာ သစ်သား ဆံထိုး တစ်ခု ဖြစ်ပေသည်။

All Chapters