← Chapters

အခန်း (၈၂၅-၈၂၆)

Vol. 56 Ch. 825-826

အခန်း (၈၂၅-၈၂၆)

Vol. 56 Ch. 825-826

အပိုင်း (၈၂၅) ဦးနှောက်ဖျော်ရည်တွေ အများကြီးသောက်တယ်

ရင်ခွဲရုံရိပ်သာလမ်းပေါ်ရှိ လည်ပင်းညှစ်အိမ်ရာတွင် နေထိုင်သူများကို သူတို့၏ လျှာအရောင်ပေါ်မူတည်၍ အလွှာအသီးသီး ခွဲခြားထားသည်။

ကျေးဇူးတင်ရမည်မှာ သူ့အဖေသည် အရက်ကို အလွန်အမင်းစွဲလမ်းသူဖြစ်ရာ အရက်၏ ဘေးထွက်ဆိုးကျိုးများနှင့် ခံတွင်းအမြှေးများ ပျက်စီးမှုကြောင့် လျှာအရောင်မှာ ခရမ်းရင့်ရောင် ဖြစ်နေလေသည်။

ထိုအချက်ကြောင့်ပင် မိသားစုတစ်ခုလုံးသည် အိမ်ရာ၏ အလုံခြုံဆုံးအလွှာဖြစ်သော ပထမထပ်သို့ ပြောင်းရွှေ့နေထိုင်ခွင့် ရခဲ့ခြင်းဖြစ်သည်။ ထိုအလွှာမှ ခုန်ချလျှင် ဒဏ်ရာရရှိမှု အနည်းဆုံးဖြစ်မည်ဖြစ်ပြီး ဖြစ်နိုင်ခြေရှိသည့် တစ်ခုတည်းသော အရာမှာ အပေါ်ကတစ်စုံတစ်ခုနှင့် ဖိမိ၍ သေဆုံးသွားခြင်းသာ ရှိပေလိမ့်မည်။

သူသည် မိမိကိုယ်ကိုယ် ပြန်လည်တိုက်ခိုက်နေသော သူ့ဦးလေးကို ကြိုးတုပ်လိုက်သည်။ အရက်နှင့်ရေ တဝက်စီရောထားသော ပုလင်းကို အဖေ့အိပ်ခန်းတံခါးဝတွင် ချထားပေးလိုက်သည်။ သူ့အဘိုး အသစ်စုဆောင်းထားသော ကမ္ဘာ့မဖော်ထုတ်နိုင်သေးသည့် လျှို့ဝှက်ဆန်းကြယ်မှုများ စာအုပ်ကို ပြင်ဆင်ပေးပြီး မှိုများပေါက်ရန် သင့်တော်သော ရေချိုးခန်းထဲတွင် အမေရှိနေအောင် စီစဉ်ပေးခဲ့သည်။ ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ဒေါက်တာကောင်းသည် သူ၏ကျောပိုးအိတ်ကို ပခုံးတွင် လွယ်လိုက်သည်။

“ငါ အလုပ်သွားတော့မယ်”

တံခါး ဖွင့်လိုက်သည်နှင့် ထူးဆန်းသော အနံ့အသက်မျိုးစုံက သူ့နှာခေါင်းထဲသို့ တိုးဝင်လာတော့သည်။ သူသည် ထိုအနံ့များကို ဘယ်သောအခါမှ ယဉ်ပါးခဲ့ခြင်းမရှိချေ။ သို့သော်လည်း သူ့မိသားစုကမူ ထိုအနံ့များသည် ဘဝ၏အနံ့ဖြစ်သည်ဟု ပြောကြသည်။

လှေကားထစ်များပေါ်ရှိ သွေးကွက်များကို ရှောင်ကွင်းရင်း ဒေါက်တာကောင်းသည် လက်ရန်းတွင် ခတ်ထားသော သံကြိုးများကို ဖြုတ်ကာ မြင်းအိုကြီးပေါ်သို့ တက်ခွလိုက်သည်။

မာကြီးသည် အားမာန်အပြည့်ရှိသော မြင်းတစ်ကောင်ဖြစ်ပြီး ယခုနှစ်တွင် အသက် (၂၃) နှစ် ရှိပြီဖြစ်သည်။ သူသည် ကျွမ်းကျင်သော လေ့ကျင့်မှုများကို ခံယူထားပြီး ကိုယ်လုံးကိုယ်ထည် ကြီးမားလေသည်။ သူ့ကို စီးရသည်မှာ သက်သောင့်သက်သာ မရှိသော်လည်း သူ၏ အားသာချက်မှာ ‘အမြန်နှုန်း’ ပင် ဖြစ်သည်။

“ဂုဏ်ယူပါတယ်၊ မင်း လေးဘက်ထောက် ပြေးရတာ ပိုကျင့်သားရလာပြီပဲ”

“ဒါတွေအားလုံးက ဆရာ့ရဲ့ ကုသမှုကြောင့်ပါ၊ အရင်က ကျွန်တော်က မြင်းတစ်ကောင်ဆိုတာ ကိုယ့်ကိုယ်ကိုယ် မသိခဲ့မိဘူး၊ ဘဝက အရမ်းနာကျင်ဖို့ ကောင်းခဲ့တာလေ၊ အခုတော့ မြင်းတစ်ကောင်ရဲ့ ကျင့်ဝတ်နဲ့ပဲ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်လိုက်တော့ ရောဂါလက္ခဏာတွေ အားလုံးပျောက်ကုန်ပြီ”

သားရေကြိုးများက ကြွက်သားများထဲသို့ နစ်ဝင်နေသော်လည်း မာကြီးသည် မည်သည့်နာကျင်မှုကိုမျှ မခံစားရဘဲ အစွမ်းကုန် ပြေးလွှားနေခဲ့သည်။

“ဒေါက်တာကောင်း၊ ကျွန်တော်တို့ ဆေးရုံကို သွားမှာလား”

“မဟုတ်ဘူး၊ ဒီနေ့ တရားရုံးကို သွားမှာ၊ ရှင်းလုရဲ့ အရက်စက်ဆုံးနဲ့ အယုတ်မာဆုံး ကွင်းဆက်လူသတ်သမားကို သွားသက်သေခံရမှာ”

ဒေါက်တာကောင်း၏ အမူအရာမှာ တည်ကြည်လေးနက်နေ၏။မာကြီးလည်း ကြောက်လန့်သွားပုံရကာ ဘာမှ ထပ်မမေးဝံ့တော့ပေ။ သူသည် လေးဘက်ထောက်ကာ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။

နေရောင်ခြည်သည် ရင်ခွဲရုံရိပ်သာလမ်းပေါ်သို့ ဖြာကျနေပြီး ဒေါက်တာကောင်းသည် ထိုကိုယ်လုံးတီးလူသားကို စီးနင်းရင်း လမ်းဘေးရှိ ဆိုင်ရှင်များကို စိတ်ရှည်လက်ရှည်နှင့် ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်နေခဲ့သည်။

ပေါက်ကွဲသံများက ကြားဖြတ်ထွက်ပေါ်နေသော်လည်း လူများက ယင်းကို ကျင့်သားရနေပုံရသည်။ လမ်းဘေးဝဲယာရှိ လူအများအပြားမှာ အိပ်ပျော်နေသော ဆားဒင်းငါးများကဲ့သို့ ရပ်နေကြပြီး သူတို့၏ မျက်လုံးများက အသက်မဲ့နေကာ သေခြင်းရှင်ခြင်းကိုပင် ဂရုမစိုက်ကြတော့ပေ။ သူတို့၏ ခန္ဓာကိုယ်များက ယိမ်းထိုးနေကြပြီး ခေါင်းများကို ငိုက်စိုက်ချကာ တူညီသော လှုပ်ရှားမှုများကို စက်ရုပ်များကဲ့သို့ ထပ်တလဲလဲ လုပ်ဆောင်နေကြလေသည်။

“ဒေါက်တာကောင်းနဲ့ တွေ့လို့ တော်သေးတာပေါ့၊ မဟုတ်ရင် ကျွန်တော်လည်း သူတို့လိုပဲ အဓိပ္ပာယ်မရှိတဲ့ အရာတွေကို နေ့တိုင်း ထပ်တလဲလဲ လုပ်နေမိမှာ သေချာတယ်”

ဤမြို့ကြီးတွင် မြို့ခံအများစုသည် ဤသို့ပင် ဦးတည်ချက်မဲ့စွာ လွင့်မျောနေကြခြင်းဖြစ်သည်။ မာကြီးမသိသည်မှာ ဒေါက်တာကောင်းသည်လည်း ယခင်က ထိုလူများကဲ့သို့ပင် ဖြစ်ခဲ့ဖူးခြင်းဖြစ်သည်။ သို့သော်လည်း ယခုအခါတွင် အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

နာရီဝက်ခန့် ကြာပြီးနောက် မာကြီးသည် ဒေါက်တာကောင်းကို တရားရုံးသို့ ပို့ဆောင်ပေးခဲ့သည်။ သူ့လက်ဖဝါးများမှာ ပွန်းပဲ့၍ သွေးထွက်နေသော်လည်း နာကျင်၍ အော်ဟစ်ခြင်း မရှိပေ။ ဤသို့သော ဆင်းရဲဒုက္ခနှင့် အန္တရာယ်သည် ရှောင်လွှဲမရနိုင်သောအရာဖြစ်ပြီး အမာရွတ်များမှာ နောက်ဆုံးတွင် ပြန်လည်သက်သာသွားမည်ဟု သူခံစားရသည်။

အိတ်ထဲမှ အုတ်ဂျုံနှင့် သစ်သီးများကို ထုတ်ယူပြီးနောက် ဒေါက်တာကောင်းသည် မာကြီးရှေ့တွင် ခဏနားလိုက်ပြီး တရားရုံးအတွင်းသို့ လျှောက်ဝင်သွားသည်။

သူ၏လက်ပတ်နာရီက ရပ်တန့်နေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ဤမြို့ကြီးရှိ နာရီတိုင်းသည် မတူညီသော အချိန်များကို ပြသနေတတ်ရာ နေကို ကြည့်ခြင်းကသာ ပို၍ တိကျပေလိမ့်မည်။

ဒေါက်တာကောင်း ဝင်လာသည်နှင့်တစ်ပြိုင်နက် ကင်မရာမီးသီးများ၏ အလင်းတန်းများက ဖျတ်ခနဲ လင်းလက်သွားသည်။ ရှင်းလု၏ အကြီးဆုံး၊ အလေးနက်ဆုံးနှင့် ဩဇာအရှိဆုံးတရားရုံးတွင် မြို့ကြီး၏ အယုတ်မာဆုံး ကွင်းဆက်လူသတ်သမားကို စတင်စစ်ဆေးတော့မည် ဖြစ်သည်။

ဤရက်စက်လှသောအမှုသည် တစ်မြို့လုံး၏ အာရုံစိုက်မှုကို ရရှိနေပြီး ရှင်းလုတရားစီရင်ရေးစနစ် တည်ထောင်ပြီးကတည်းက အကြီးမားဆုံးသော စိန်ခေါ်မှုတစ်ခုလည်း ဖြစ်သည်။ ဆယ်စုနှစ်ချီ အတွေ့အကြုံရှိသော တရားသူကြီးများပင်လျှင် ဤမျှ တွန့်လိမ်ပုံပျက်နေပြီး ကြောက်မက်ဖွယ်ကောင်းလှသော ရာဇဝတ်ကောင်မျိုးကို တွေ့ရခဲလှသည်။ မြို့တစ်ခုလုံး ထိတ်လန့်တုန်လှုပ်နေကြပြီး တရားစီရင်ရေးအာဏာပိုင်များ၏ နောက်ဆုံးစီရင်ချက်ကို အားလုံး စောင့်မျှော်နေကြတော့သည်။

“တိတ်မယ် တိတ်မယ်… အားလုံး တိတ်တိတ်နေလို့ မရဘူးလား”

“သက်သေ ရောက်လာပြီ”

“သတင်းထောက်တွေ၊ အဝါရောင်စည်းရဲ့ အပြင်ဘက်ကို ထွက်သွားကြ ထွက်သွားကြစမ်း”

နှုတ်ဖြင့် ထိန်းချုပ်မရတော့သည့်အခါ အင်အားသုံး၍ ဖြေရှင်းရတော့သည်။ အရပ်ရှည်ပြီး ဗလကောင်းသော လုံခြုံရေးဝန်ထမ်း အများအပြားက သတင်းထောက်များကို နောက်သို့ တွန်းဖယ်လိုက်ကြသည်။ အချို့က လဲကျ၍ ဒဏ်ရာရကြပြီး အချို့မှာမူ သူတို့၏ ကိရိယာများ ပျက်စီးသွားကြသော်လည်း မည်သူမျှ ဂရုမစိုက်ကြပေ။ အားလုံး၏ အာရုံမှာ ရူးသွပ်နေသော လူသတ်သမားနှင့် တစ်ဦးတည်းသော သက်သေထံသို့သာ ရောက်ရှိနေကြပေသည်။

တစ်နာရီခန့် ကြာပြီးနောက် ဝတ်စုံများဖရိုဖရဲဖြစ်နေသော တရားသူကြီး အဖွဲ့ဝင်များက ခုံတန်းဆီသို့ တိုးဝှေ့လာကြသည်။ သူတို့သည် အနည်းဆုံး ဆယ့်နှစ်ယောက်ခန့်ရှိနေပြီး စီရင်ချက်ချသည့် သစ်သားတူကို တစ်ယောက်တစ်လှည့် လုနေကြလေသည်။ ကောင်းမင် မရောက်လာမီကပင် သူတို့ အချင်းချင်း အကြိမ်ပေါင်းများစွာ ရန်ဖြစ်ထားပုံရပြီး နောက်ဆုံးတွင် ဗလအတောင့်ဆုံး တရားသူကြီးက တူကို ရရှိသွားသည်။

“ဒီအမှုကို ငါတို့ တစ်ညလုံးစစ်ဆေးနေခဲ့တာ၊ အခုတော့ လူသတ်သမားကို သက်သေခံမယ့် အဓိကသက်သေက နောက်ဆုံးတော့ ပေါ်လာပြီ၊ ငါတို့ရဲ့ ကြိုးစားမှုတွေက အရာထင်လာပြီပဲ”

“ကဲ... အခု တရားခံကို ခေါ်ထုတ်ခဲ့ကြစမ်း၊ အဲ့ဒီ လူသတ်သမားကို ဆွဲထုတ်လာခဲ့”

တရားရုံး၏ ဘေးတံခါး ပွင့်လာပြီး ဆူညံနေသော လူအုပ်ကြီးမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ တစ်စုံတစ်ခုသော ကြောက်မက်ဖွယ် အငွေ့အသက်ကြောင့် အားလုံး ထိတ်လန့်သွားပုံရသည်။

လေးလံသော သံကြိုးများက မြေပြင်ပေါ်တွင် တရွတ်တိုက် ပါလာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အရူးများကို ချုပ်နှောင်သည့် ဝတ်စုံဖြင့် ပတ်ထားပြီး ဦးခေါင်းကိုလည်း အနက်ရောင်အစွပ်ဖြင့် ဖုံးအုပ်ထားသည်။ ဤမကောင်းဆိုးဝါးကြောင့် မည်သူ့ကိုမျှ ဒဏ်ရာမရစေရန် တရားရုံးက ဖြစ်နိုင်သမျှသော လုံခြုံရေးအစီအမံအားလုံးကို လုပ်ဆောင်ထားခြင်း ဖြစ်သည်။

“သူပဲဟေ့”

“ငါ သူ့မျက်နှာကို မမြင်ရသေးပေမဲ့ မီတာအတော်များများကနေတောင် သူ့ဆီက သွေးနံ့ကို ရနေတယ်၊ ဒီအရူးကွင်းဆက်လူသတ်သမားကတော့”

“သူက လူသားတွေရဲ့ မျက်နှာကို စားရတာ ကြိုက်တယ်လို့ ငါကြားဖူးတယ်၊ ခြေလက်တွေကိုလည်း ရိုက်ချိုးပစ်တတ်တယ်တဲ့၊ ပြီးတော့ လက်ချောင်းတွေနဲ့ အတွင်းကလီစာတွေကို ချေမွပစ်တတ်တယ်ဆိုပဲ”

“ဟုတ်တယ်၊ သူက အလောင်းတွေကို စုဆောင်းရတာလည်း ကြိုက်တယ်၊ သူက အလောင်းတွေကို သူ့အိမ်ကို အလှဆင်ဖို့တောင် သုံးတာတဲ့၊ ပြီးတော့ ဘေးနားက လူတွေကို လက်ဆောင်အဖြစ်တောင် ပေးသေးတယ်”

“သူက မိစ္ဆာပဲ၊ သူ့ကို သတ်ပစ်၊ သေဒဏ်ပေးလိုက်”

လူများ၏ မျက်လုံးများမှာ ထိုလူသတ်သမားကို ကြည့်ရင်း ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

သံကြိုးများကို ဝက်ခုံတွင် တင်းတင်းကျပ်ကျပ် ချည်နှောင်လိုက်ပြီး လုံခြုံရေးဝန်ထမ်းများက သော့အနည်းငယ် ထပ်ခတ်လိုက်ပြီးနောက်မှ လူသတ်သမား၏ ခေါင်းစွပ်ကို ဖယ်ရှားပေးလိုက်သည်။

အနက်ရောင်ခေါင်းစွပ်တွင် ပေါ်လာသည်က အသက် (၆၀) ခန့်ရှိပြီး အသားအရေ ဝါနက်ရောင်ရှိသည့် အနည်းငယ် ရိုးသားပုံရသော မျက်နှာတစ်ခုပင် ဖြစ်သည်။

“ဥယျာဉ်မှူး... မင်း အပြစ်ရှိတယ်လို့ ဝန်ခံသလား”

တရားသူကြီးက ကွင်းဆက်လူသတ်သမားကို ဒေါသတကြီး စိုက်ကြည့်ကာ မေးလိုက်သည်။ ‘ဥယျာဉ်မှူး’ မှာ သူ၏အမည်ပြောင် ဖြစ်ပုံရသည်။

တိတ်ဆိတ်ငြိမ်သက်နေသော ဥယျာဉ်မှူးမှာ ယခုမှ နိုးလာသကဲ့သို့ ရှိသည်။ သူသည် ခေါင်းလှည့်၍ လူအုပ်ထဲတွင် တစ်စုံတစ်ခုကို ရှာဖွေလိုက်သည်။ သတင်းထောက်များ သို့မဟုတ် ဂျူရီလူကြီးများထဲမှ မည်သူမျှ သူ့အကြည့်ကို မရင်ဆိုင်ဝံ့ကြပေ။

“အခုထိ ဝန်မခံသေးဘူးလား”

မှုခင်းဆရာဝန်က ချက်ချင်း ရှေ့တက်လာပြီး ဥယျာဉ်မှူး ကျူးလွန်ခဲ့သော ရာဇဝတ်မှု ဗီဒီယိုများကို စတင်ပြသတော့သည်။ မျက်နှာပြင်အကြီးကြီးပေါ်တွင် ဥယျာဉ်မှူးသည် ခါးတွင် ကပ်ကြေးကြီး တစ်စုံကို ချိတ်ထားပြီး လက်ထဲတွင်လည်း အရှိန်ပြင်းသော မြက်ရိတ်စက်တစ်ခုကို ကိုင်ထားကာ နီရဲနေသောမျက်လုံးများဖြင့် ပွင့်လန်းနေသော ပန်းများကို လိုက်လံခုတ်ဖြတ်နေလေသည်။ သူသည် ပန်းများကို နင်းခြေကာ မြက်ရိတ်စက်ကို အရူးအမူး ဝှေ့ယမ်းနေခဲ့သည်။ သူ ပင်ပန်းလာသည့်အခါ မြေပြင်ပေါ်မှ ပန်းများကို ကောက်ယူ၍ ပန်းဝတ်ဆံများကို လက်ချောင်းများဖြင့် ချေမွပစ်ပြီး ပန်းတစ်ပွင့်လုံးကိုပင် ပါးစပ်ဖြင့် တစ်စစီကိုက်ဖြတ်ဝါးမြိုပစ်ခဲ့သည်။

“ရက်စက်လိုက်တာ”

တရားရုံးအတွင်းတွင် အော့အန်သံများ ပဲ့တင်ထပ်သွားသည်။ အချို့လူများမှာ သူတို့၏ မျက်လုံးများကို ဖုံးအုပ်ထားကြပြီး အချို့မှာမူ မထိန်းနိုင်အောင် ငိုကြွေးနေကြသည်။ မျက်နှာပြင်ပေါ်ရှိ ပုံရိပ်များမှာ လူကြီးများအတွက်ပင် ကြည့်ရန် ခဲယဉ်းလှရာ ကလေးသူငယ်များဆိုလျှင် ပြောနေရန်ပင် မလိုတော့ပေ။

ဤအရာမှာ အမှန်တကယ်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။ ဤမျှ ရွံရှာဖွယ်ကောင်းသော မိစ္ဆာမျိုးက ဤကမ္ဘာကြီးပေါ်တွင် ဘယ်လိုလုပ် ရှိနေနိုင်ရသနည်း။

“လူမဆန်လိုက်တာ”

“လွန်လွန်းတယ်!”

“ဥယျာဉ်မှူး၊ မင်း အပြစ်ရှိတယ်လို့ ဝန်ခံသလား”

တရားသူကြီးက ထပ်မံ ဟိန်းဟောက်လိုက်သည်။ ဥယျာဉ်မှူးမှာမူ တိတ်ဆိတ်နေဆဲဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် သူသည် ဒေါက်တာကောင်းကို မြင်သွားပြီး တဖြည်းဖြည်း လှည့်လာကာ ဒေါက်တာကောင်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“အခုထိ ဝန်မခံသေးဘူးလား၊ ဒါဆိုရင် တစ်ဦးတည်းသောသက်သေကို ခေါ်ခဲ့စမ်း၊ ဥယျာဉ်မှူးကို ကုသပေးခဲ့တဲ့ ဆရာဝန်”

မီဒီယာများ၏ ကင်မရာများမှာ ဒေါက်တာကောင်းထံသို့ လျင်မြန်စွာ အာရုံရောက်လာသည်။ သူသည် ဒေါသထွက်နေသော လူအုပ်ကြီးကြားတွင် မည်သည့် အမူအရာမျှမပြဘဲ ရပ်နေရင်း အိတ်ထဲမှ ပြင်ဆင်ထားသော စာရွက်စာတမ်းများကို ထုတ်လိုက်သည်။

“လူနာဖြစ်သူ ဥယျာဉ်မှူးက ပန်းတိုင်းဟာ လူသားတွေရဲ့ မျက်နှာတွေဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်နေခဲ့တာပါ၊ အဲ့ဒီပန်းတွေက သူ့ကို အမြဲတမ်း ပြုံးပြနေပြီး အရူးအမူး ဆွဲဆောင်နေကြတယ်လို့ သူထင်နေခဲ့တာ၊ သူက ပန်းတစ်ပွင့်ချင်းစီကိုတောင် နာမည်တွေ ပေးထားခဲ့သေးတယ်”

“သူ့စိတ်ထဲမှာတော့ ပန်းတွေဟာ လူသားတွေပါပဲ”

“သူက ပထမဆုံး အကူအညီပေးချင်ဟန်ဆောင်ပြီး ရင်းနှီးအောင် လုပ်တယ်၊ ပြီးတော့ သူ့ရဲ့ လျှို့ဝှက်ချက်တွေကို ရင်ဖွင့်တယ်၊ အဲ့ဒီနောက်မှာတော့ အခွင့်ကောင်းယူပြီး သူတို့နဲ့ လိင်ဆက်ဆံတယ်၊ ပြီးသွားတဲ့အခါမှာတော့ သက်သေတွေကို ဖျက်ဆီးဖို့ နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့တာပါ”

“နစ်နာသူဦးရေကတော့ ရေတွက်လို့ မရနိုင်လောက်အောင်ကို များပြားလှပါတယ်၊ ကုသမှုခံယူနေစဉ်အတွင်းမှာ ကျွန်တော် သိခဲ့ရတာကတော့ နာမည်ပေးထားတဲ့ ပန်းပေါင်း (၃၉) ပွင့်ရဲ့ ကိုယ်ကျင့်စရိုက်တွေနဲ့ တရားခံဖန်တီးထားတဲ့ လူသတ်ရတဲ့ အကြောင်းရင်းတွေပါပဲ”

အပိုင်း (၈၂၆) သူက အရမ်းနေမကောင်းဖြစ်နေတာ

“ကျွန်တော်ဟာ လူနာဖြစ်သူ ဥယျာဉ်မှူးရဲ့ ကုသရေးဆရာဝန်တစ်ယောက်အနေနဲ့ အဲ့ဒီပန်း ၃၉ ပွင့်ရဲ့ နာမည်တွေနဲ့ ကိုယ်ကျင့်စရိုက်တွေကို ပြုစုထားပါတယ်၊ လူနာဟာ ပန်းတစ်ပွင့်ချင်းစီကို သက်ရှိလူသားတစ်ယောက်လို တကယ်သဘောထားခဲ့တယ်ဆိုတာ ကျွန်တော် အတည်ပြုနိုင်ပါတယ်”

ကင်မရာမီးသီးများမှာ ဒေါက်တာကောင်းထံတွင် တဖျတ်ဖျတ် လင်းလက်သွားကြသည်။ သူသည် ဤကွင်းဆက်လူသတ်မှုကြီး၏ တစ်ဦးတည်းသော သက်သေဖြစ်ပြီး သူ၏ထွက်ဆိုချက်က အဆုံးအဖြတ်ပေးနိုင်သည့် အခန်းကဏ္ဍတွင် ရှိနေသည်။

“ပထမဆုံး နစ်နာသူကိုတော့ ဥယျာဉ်မှူးက ဟယ်ဖေးဖေးလို့ ခေါ်ပါတယ်၊ သူမဟာ အိမ်နီးချင်းရဲ့ ဝရန်တာမှာ စိုက်ထားတဲ့ ဒက်ဖလိလ်ပန်း (Daffodil) တစ်ပွင့်ပါ၊ ဥယျာဉ်မှူးက သူမဟာ သူ့ကို အမြဲတမ်း ဆွဲဆောင်နေတယ်လို့ ယုံကြည်ခဲ့တယ်၊ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်ညသန်းခေါင်ယံမှာ ဥယျာဉ်မှူးက အိမ်နီးချင်းရဲ့ ဝရန်တာပြတင်းပေါက် သော့မခတ်ထားတာကို တွေ့သွားခဲ့တယ်၊ သူဟာ လှေကားတစ်စင်းဆင်ပြီး အိမ်နီးချင်းအိမ်ထဲကို ခိုးဝင်ပြီး အဲ့ဒီဒက်ဖလိလ်ပန်းကို အဓမ္မပြုကျင့်ခဲ့ပါတယ်”

“သူဟာ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ညဖက်မှာ ဖောက်ထွင်းဝင်ရောက်ခဲ့တာပါ၊ နောက်ဆုံးမှာ သူက သက်သေကို ဖျောက်ဖျက်ဖို့အတွက် ဟယ်ဖေးဖေးရဲ့ ခန္ဓာကိုယ်ကို စားပစ်ဖို့အထိ ကြိုးစားခဲ့ပါတယ်၊ ဒါပေမဲ့ ဒက်ဖလိလ်ပန်းတစ်ပင်လုံးမှာ အဆိပ်ရှိပြီး အမြစ်ဥက ပိုပြီးတော့တောင် အဆိပ်ပြင်းပါတယ်၊ အဲ့ဒီညမှာ သူဟာ အော့အန်တာ၊ ဗိုက်အောင့်တာ၊ ဝမ်းလျှောတာ၊ အားအင်ကုန်ခမ်းတာနဲ့ တက်တာမျိုးတွေ ခံစားခဲ့ရတယ်”

“ဒုတိယမြောက် နစ်နာသူရဲ့ နာမည်ကတော့ လူးဝစ်ပါ၊ သူမဟာ ရှင်းလုရုပ်သံလိုင်းရဲ့ နေ့လယ်ခင်းသတင်းခန်းထဲမှာရှိတဲ့ ပလတ်စတစ် ပန်းတုတစ်ခုပေါ့၊ ဥယျာဉ်မှူးက သူမကို တီဗီမှာ အကြိမ်ကြိမ်တွေ့ခဲ့ပြီး မကောင်းတဲ့စိတ်တွေ ထားခဲ့တာပါ၊ ဝန်ထမ်းတွေ သတိမထားမိတဲ့အချိန်မှာ သူခိုးဝင်သွားပြီး ကြိုတင်ဝှက်ယူလာတဲ့ ကပ်ကြေးနဲ့ သူမကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ခဲ့ပါတယ်”

“ထူးဆန်းတဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကြောင့် ဥယျာဉ်မှူးဟာ အဲ့ဒီခုတ်ထစ်ထားတဲ့ အစိတ်အပိုင်းတွေကို အိမ်ကို ယူသွားပြီး သူ့အိမ်ရဲ့ ထောင့်အသီးသီးမှာ ဝှက်ထားခဲ့ပါတယ်”

“တတိယမြောက် နစ်နာသူကတော့ ဥယျာဉ်မှူးရဲ့ နေ့စဉ်မှတ်တမ်းထဲမှာ ဇနီးလေးလို့ ချစ်စနိုးခေါ်ထားတဲ့ သူကိုယ်တိုင်စိုက်ထားတဲ့ နှင်းဆီပန်းတစ်ပွင့်ပါ၊ သူဟာ သူမကို မှောင်မည်းပြီး သီးခြားဖြစ်နေတဲ့ အခန်းထဲမှာ ပိတ်လှောင်ထားခဲ့တယ်၊ နေရောင်ခြည်လည်း မရအောင် လုပ်ခဲ့လို့ သူမဟာ ရေငတ်ပြီး ဖြည်းဖြည်းချင်း သေဆုံးသွားခဲ့ရတာပါ”

“သူဟာ သူ့ဇနီးကို ပိတ်လှောင်နှိပ်စက်ခဲ့တယ်၊ အိမ်နီးချင်းကို အဓမ္မကျင့်ခဲ့တယ်၊ အလောင်းတွေကို စားခဲ့တယ်၊ တီဗီကြယ်ပွင့်တစ်ယောက်ကို အပိုင်းပိုင်းခုတ်ထစ်ပြီး အိမ်မှာ စုဆောင်းထားခဲ့တယ်”

“တကယ်တော့ ဥယျာဉ်မှူးရဲ့ ရက်စက်မှုက တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ အဆင့်ကို ရောက်နေပါပြီ၊ သူဟာ အမျိုးသမီးငယ်တွေကိုတင် ပစ်မှတ်ထားတာ မဟုတ်ဘဲ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ အရွယ်ရောက်ပြီးသား အမျိုးသားတွေကိုပါ ပစ်မှတ်ထားခဲ့တာပါပဲ”

“တစ်ခါတလေမှာ နားလည်မှုလွဲမှူလေးတစ်ခုကပဲ သူ့ရဲ့ လူသတ်စိတ်ကို နှိုးဆွပေးသလို ဖြစ်စေခဲ့တယ်”

“စတုတ္ထမြောက် နစ်နာသူရဲ့ နာမည်ကတော့ ဖူရှန့်ပါ၊ ဥယျာဉ်မှူးရဲ့ ပြောပြချက်အရ သူ မြက်ရိတ်နေတုန်းမှာ နှင်းဆီပန်းတစ်ပွင့်က သူလှည်းကျင်းထားတဲ့ နေရာပေါ်ကို ပြုတ်ကျလာခဲ့တယ်၊ အဲ့ဒါကို သူက ဒေါသတကြီးနဲ့ မြက်ရိတ်စက်သုံးပြီး အဲ့ဒီပန်းကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်ခဲ့တာ၊ ဒါပေမဲ့ လေတစ်ချက်အဝှေ့မှာ ပန်းပွင့်ချပ်တွေ လွင့်သွားခဲ့တယ်၊ ဖူရှန့်ကို သတ်ဖို့အတွက် ဥယျာဉ်မှူးဟာ လမ်းတစ်လျှောက်လုံး လိုက်လံတိုက်ခိုက်ခဲ့ပါတယ်”

...

“၃၉ ပွင့်မြောက် ပန်းနာမည်ကတော့ ‘ဟန်ချိုလို့ ခေါ်တဲ့ လူငယ်လေးတစ်ယောက်ပါ၊ ဥယျာဉ်မှူးက သူ့ကို ရေနွေးပူပူထဲမှာ ထည့်ပြီး ပြုတ်သတ်ခဲ့ပါတယ်၊ အဲ့ဒီနောက် ပူလောင်နေတဲ့ ရေတွေကို သူကိုယ်တိုင် သောက်ခဲ့လို့ သူ့ရဲ့ လည်ချောင်းလည်း လောင်ကျွမ်းသွားခဲ့ရပါတယ်”

“ဒါတွေကတော့ ကျွန်တော် စုဆောင်းထားတဲ့ သက်သေတွေပါပဲ၊ နောက်ထပ် ကျွန်တော် နားမလည်နိုင်သေးတဲ့ အချက်တစ်ခုကတော့ ဥယျာဉ်မှူး လိုက်လံသတ်ဖြတ်ခဲ့တဲ့ လူ ၃၉ ယောက်ထဲမှာ ၂၃ ယောက်က ဟန်ဆိုတဲ့ မျိုးရိုးနာမည်တွေ ရှိနေကြတာပါ၊ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ လုံးဝပြိုလဲသွားတဲ့ နောက်ဆုံးအဆင့်မှာ သူဟာ ဟန်ဆိုတဲ့ နာမည်ရှိတဲ့ လူတစ်ယောက်ကို အဓိကထား ရှာဖွေနေခဲ့တယ်လို့ ကျွန်တော် ယူဆပါတယ်၊ ဒါပေမဲ့ သူ အဲ့ဒီလူကိုတော့ မတွေ့သေးတဲ့ပုံရပါတယ်”

ဒေါက်တာကောင်း စကားဆုံးသွားသည့်အခါ တရားရုံးအတွင်းရှိ လူတိုင်းမှာ ဥယျာဉ်မှူး၏ ခြောက်ခြားဖွယ်ကောင်းလှသော ရက်စက်မှုကြောင့် ထိတ်လန့်တုန်လှုပ်သွားကြသည်။ အသက်ပေါင်း ၃၉ ခုကို သူက ရက်စက်လှသော နည်းလမ်းမျိုးစုံဖြင့် နုတ်ယူခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ဒေါက်တာကောင်း ရှာဖွေတွေ့ရှိခဲ့သမျှသာ ရှိသေးသည်။ ဥယျာဉ်မှူး၏ ရက်စက်မှုနှင့် ကောက်ကျစ်မှုများကို ကြည့်လျှင် မဖော်ထုတ်ရသေးသော အလောင်းများစွာ ရှိနေဦးမည်မှာ သေချာလှပေသည်။

“သူ သေသင့်တယ်”

“သူ့ကို အရှင်လတ်လတ် ဗိုက်ခွဲထုတ်လိုက်ရင်တောင် လုံလောက်ဦးမှာ မဟုတ်ဘူး”

“သူက ရှင်းလုမြို့ ဖရိုဖရဲဖြစ်ရခြင်းရဲ့ အရင်းအမြစ်ပဲ”

“တိတ်ကြ၊ တိတ်ကြစမ်း”

တရားစီရင်ရေးတူထုသံ ထွက်ပေါ်လာပြီး ဗလအကောင်းဆုံး တရားသူကြီးမှာ အခြေအနေကို မနည်း ထိန်းသိမ်းနေရသည်။ သူ့မျက်နှာတွင်လည်း တရားမျှတမှုအတွက် ဒေါသများ ဟုန်းဟုန်းတောက်နေပုံရသည်။

“ဒီနေ့ ကျွန်တော်တို့ဟာ အလွန်ပြင်းထန်တဲ့ ရာဇဝတ်မှုတစ်ခုကို ရင်ဆိုင်နေရတာ ဖြစ်တယ်၊ ဒီအမှုဟာ နစ်နာသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ကုစားလို့မရတဲ့ နာကျင်မှုတွေ ပေးခဲ့ရုံတင်မကဘဲ လူမှုပတ်ဝန်းကျင်ရဲ့ စည်းစနစ်တွေကိုလည်း အပြင်းအထန် နှောင့်ယှက်ဖျက်ဆီးခဲ့ပါတယ်”

“တရားလိုရှေ့နေအဖွဲ့ကိုယ်စား ကျွန်တော်ကတော့ တရားခံကို သေဒဏ်ပေးဖို့ တရားရုံးကို တင်ပြပါတယ်”

“တရားခံ နီမုန့်၊ ကျား၊ အသက် ၆၅ နှစ်၊ သူဟာ ဝေကျုံးဝူလူနေအိမ်ရာမှာ ဥယျာဉ်မှူးအဖြစ် လုပ်ကိုင်ခဲ့သူပါ၊ သူဟာ သူ့ရဲ့ အလုပ်အကိုင်ကို အလွဲသုံးစားလုပ်ပြီး ရက်စက်လှတဲ့ နည်းလမ်းတွေနဲ့ လူပေါင်းများစွာရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရအောင် လုပ်ဆောင်ခဲ့ပါတယ်၊ သက်ဆိုင်ရာ ဥပဒေအရ တစ်ပါးသူကို သေစေအောင်ဖြစ်စေ၊ ပြင်းထန်စွာ ဒဏ်ရာရအောင်ဖြစ်စေ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့ရင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ ၁၀ နှစ်အထိ ကျခံရမှာဖြစ်ပြီး၊ အထူးသဖြင့် ရက်စက်တဲ့ နည်းလမ်းတွေသုံးရင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ဒါမှမဟုတ် သေဒဏ်အထိ ချမှတ်နိုင်ပါတယ်၊ တရားခံနီမန်ရဲ့ လုပ်ရပ်တွေဟာ ဒီစံနှုန်းတွေကိုတောင် ကျော်လွန်နေတဲ့အတွက် ဥပဒေအရ သေဒဏ်သာ ချမှတ်သင့်ပါတယ်”

“သေဒဏ်”

“သေဒဏ်”

အော်ဟစ်သံများကြားတွင် အချို့သည် စိတ်လှုပ်ရှားလွန်း၍ မူးလဲသွားကြသည်။ အချို့မှာမူ ဝက်ရူးပြန်သကဲ့သို့ ခေါင်းများကို ခါယမ်းနေကြသည်။ စာရွက်စာတမ်းများမှာလည်း ဟိုဟိုဒီဒီ ပျံ့ကျဲနေပြီး သူတို့မျက်လုံးထဲတွင် ဥယျာဉ်မှူးမှာ လူတစ်ယောက် မဟုတ်တော့ဘဲ ကြောက်စရာကောင်းသော မိစ္ဆာကြီးတစ်ကောင်သာ ဖြစ်နေတော့သည်။

သို့သော်လည်း စီရင်ချက်ချနေစဉ် တစ်လျှောက်လုံးတွင် ဥယျာဉ်မှူးမှာ ဘာတုံ့ပြန်မှုမျှ မရှိဘဲ မျက်တောင်ပင် တစ်ချက်မခတ်ပေ။

သူသည် တရားသူကြီးများနှင့် သတင်းထောက်များကို လုံးဝကြည့်မနေဘဲ ဒေါက်တာကောင်းကိုသာ စိုက်ကြည့်နေခဲ့သည်။သူသည် သူ့ကို မျက်လုံးဖြင့် ဝါးမြိုပစ်တော့မည့်အလားပင်။

သူ၏လက်မောင်းများတွင် သွေးကြောများ ဖောင်းကြွနေပြီး နဖူးပေါ်ရှိ သွေးကြောများမှာလည်း တွန့်လိမ်နေလေသည်။ လုံခြုံရေးဝန်ထမ်းများက ဥယျာဉ်မှူးကို ခေါ်ထုတ်သွားရန် သော့များ ဖွင့်လိုက်သည့် အခိုက်အတန့်တွင် ဥယျာဉ်မှူးသည် ဒေါက်တာကောင်း ရှိနေသည့် သက်သေခုံဆီသို့ ရုတ်တရက် အားကုန်သုံး၍ ခုန်အုပ်လိုက်တော့သည်။

သူသည် ဒေါက်တာကောင်းကို အသေကိုက်ပစ်ချင်နေပုံရသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်မှာ ချုပ်နှောင်ခံထားသဖြင့် သံကြိုးများ တင်းသွားကာ မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျသွားလေသည်။ သူ့မျက်လုံးများက ဒေါက်တာကောင်းကိုသာ စိုက်ကြည့်နေဆဲဖြစ်ပြီး သူ့ပါးစပ်က ဟစိဟစိဖြင့် အလွန် အေးစက်လှအသံများကို ထုတ်ဖော်နေခဲ့သည်။

“မင်း ငါ့ရဲ့ စိတ်ဖောက်ပြန်မှုကို သုံးခဲ့တာ၊ ငါ့ရဲ့ စိတ်ဖောက်ပြန်မှုကို သုံးခဲ့တာက မင်းပဲ၊ မင်းပဲ ငါ့ကို ဒီရှုပ်ထွေးနေတဲ့ကိစ္စတွေထဲ ဆွဲသွင်းခဲ့တာ၊ မင်းလည်း မေ့သွားပြီ၊ ငါလည်း မေ့လုနီးပါး ဖြစ်နေပြီ၊ အား... မဟုတ်သေးဘူး၊ ငါလည်း မေ့လုနီးပါး ဖြစ်နေပြီ၊ အားလုံးက မေ့သွားကြလိမ့်မယ်၊ ဘယ်သူမှ လွတ်နိုင်မှာ မဟုတ်ဘူး၊ ရူးကုန်ပြီ၊ အားလုံး ရူးကုန်ပြီ၊ ငါ့ရဲ့ စိတ်ဖောက်ပြန်မှုကို သုံးခဲ့တာ မင်းပဲ”

လုံခြုံရေးဝန်ထမ်းများက ဥယျာဉ်မှူးကို ကြမ်းပြင်ပေါ်တွင် ဖိထားလိုက်ပြီး လူများက သူ့ကို ချည်နှောင်ထားသော သံကြိုးများကို ဝိုင်းဆွဲထားကြသည်။

“ငါ့ကို လွှတ်၊ မင်းတို့ အားလုံး အရူးတွေပဲ၊ ငါက ဥယျာဉ်မှူးလေး တစ်ယောက်ပါပဲ၊ ဒါက ငါ မှတ်မိနိုင်သမျှ အလုံခြုံဆုံး အထောက်အထားပဲ၊ ငါ ပန်းတချို့ကိုပဲ ဖျက်ဆီးခဲ့တာလေ၊ ပန်းဝတ်ဆံလေးတွေကိုပဲ ချေမွခဲ့တာ၊ ငါ လူတစ်ယောက်ကိုမှ မသတ်ခဲ့ဘူး၊ ငါ ပန်းတွေကိုပဲ စားခဲ့တာ၊ ပန်းတွေကိုပဲ”

ဥယျာဉ်မှူး၏ အော်ဟစ်သံမှာ တရားရုံးအတွင်း ပဲ့တင်ထပ်သွားပြီး လူများက သူ့ကို ပို၍ပင် ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြသည်။

“ဒီဥယျာဉ်မှူးက တကယ့်အရူးပဲ”

“သူ့စိတ်ထဲမှာ ပန်းတွေက လူသားတွေတဲ့၊ သူက လူတွေအများကြီးကို သတ်ခဲ့ပြီးပြီ၊ သူက ရက်စက်တယ်၊ သွေးဆာတယ်၊ ယုတ်မာတယ်၊ ဒါကိုတောင် သူက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေသေးတယ်”

“ဥယျာဉ်မှူးကို စိတ်ကျန်းမာရေးဆေးရုံ ပို့သင့်တယ်၊ သူက တော်တော်လေး စိတ်မနှံ့ဖြစ်နေပုံရတယ်”

“ဟုတ်တယ်၊ အရူးတွေကို စိတ်ကျန်းမာရေးဆေးရုံမှာပဲ ပိတ်ထားသင့်တာ”

လူများက အချင်းချင်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။ တရားရုံး၏ အလယ်ဗဟိုတွင် ဥယျာဉ်မှူးမှာ သံကြိုးများကို ဆွဲငင်ရင်း အော်ဟစ်နေဆဲဖြစ်သည်။ သူသည် ဤကမ္ဘာပေါ်တွင် တစ်ဦးတည်းသော သတိရှိသူ ဖြစ်နေသည့်အလားပင်။ တစ်ခါတလေ သူတစ်ယောက်တည်းသာ အမှန်တကယ် သတိရှိနေသူ ဖြစ်နိုင်ပေသည်။

လုံခြုံရေးအစောင့်များက ဥယျာဉ်မှူးကို ဝိုင်းဝန်းနှိမ်နင်းလိုက်ကြသည်။ သူ့ဦးခေါင်းသည် အကြိမ်အနည်းငယ် ထိုးကြိတ်ခံလိုက်သောကြောင့် သူ့သွားများ ကျွတ်ထွက်သွားပြီးမှ အသံတိတ်သွားတော့သည်။

သူသည် ဟိန်းဟောက်ခြင်းကို ရပ်တန့်လိုက်သော်လည်း သူ့မျက်လုံးများမှာ ဒေါက်တာကောင်းထံတွင် ရှိနေဆဲပင်။

“မင်းသတိရှိနေတဲ့ နောက်ဆုံးအခိုက်အတန့်မှာ ဘာလို့ ငါ့ကိုအရင် တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တာလဲ၊ တခြားမပြောသင့်သူတွေ အများကြီး ဝင်လာနေကြတာပဲ၊ ဘာလို့ ငါ့ကိုမှ ရွေးချယ်ခဲ့တာလဲ”

ရောက်ရှိနေသူ ဘယ်သူမှ ဥယျာဉ်မှူး ပြောနေသည်ကို နားမလည်ကြပေ။ မှန်ပေသည်၊ အရူးတစ်ယောက် ပြောနေသည်ကို ပုံမှန်လူများ နားမလည်ခြင်းမှာ သဘာဝကျလှပေသည်။

“မင်းပြောတာကို ငါ နားမလည်ဘူး၊ ဒါပေမဲ့ မင်းရဲ့ရောဂါက အခု ပိုပြင်းထန်လာပုံရတယ်လို့ပဲ ငါ ထင်တယ်”

All Chapters