← Chapters

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း ၉၃ - ဝါးကြွက်များ အသွင်ပြောင်းခြင်းနှင့် ပုရွက်ဆိတ်စစ်သည်များ ဖြန့်ကျဲခြင်း။

‘ဒီလိုပစ္စည်းမျိုးက ဘာလို့ ဒီမှာ ရှိနေရတာလဲ။’

ဝိုင်ပုလင်း အတော်များများကို ဆက်တိုက် သောက်ပြီးနောက် ချီလင်လေးသည် လုပေါင်၏ ကိုယ်ပေါ်တွင် သက်သောင့်သက်သာ လဲလျောင်းကာ အိပ်စက်လေတော့၏။၎င်း၏ အမြီးလေးမှာလည်း လုပေါင်ကို ရံဖန်ရံခါ ပုတ်ခတ်နေပြီး အလွန်ပင် ပျော်ရွှင်နေပုံရသည်။

လူတိုင်းမှာလည်း ယခုမှသာသက်ပြင်းချနိုင်ကြတော့၏။၎င်းအနေဖြင့် မူးပြီး မီးများလျှောက်မမှုတ်သရွေ့ အဆင်ပြေသည်ဟု ဆိုရမည်။

ကားလေးမှာ ဟွိုင်ရို့တောင်တန်းကြီးဆီသို့ တိတ်ဆိတ်စွာ မောင်းနှင်နေခဲ့၏။

ဟွိုင်ရို့တောင်တန်းသို့ ရောက်ရန် နီးကပ်လာပြီဖြစ်ရာ လုပေါင်သည် ပေါင်ရှင်းကျီကို တစ်ချက်လှမ်းကြည့်လိုက်၏။အကယ်၍ သူသာ စီနီယာဖြူကြီးကို ဤတောင်တန်းထဲတွင် ပေးတွေ့လိုက်ပါက ဘာပြဿနာမှ ရှိမည်မဟုတ်ချေ။

ထိုသို့တွေးမိသည့်အခါ လုပေါင်မှာ စိတ်လှုပ်ရှားလာခဲ့၏။အစီအစဉ်အတိုင်း လုပ်ရတော့မည်။ခဏနေလျှင် စီနီယာဖြူကြီးကို လွှတ်ပေးပြီး ပေါင်ရှင်းကျီကို အံ့သြသွားအောင် လုပ်ရမည်။ချစ်သူဟောင်းတွေ ပြန်ဆုံကြပြီဖြစ်သည်။

ပေါင်ရှင်းကျီသည် ရုတ်တရက် ကြက်သီးထသွားသဖြင့် ချီလင်လေးကို နားမလည်နိုင်စွာ လှမ်းကြည့်လိုက်မိ၏။ဘာကြောင့် အကြောင်းရင်းမရှိဘဲ စိတ်ထဲတွင် စိုးရိမ်စိတ်တွေ ဖြစ်ပေါ်နေရသလဲဆိုသည်ကို သူ မသိနိုင်အောင် ဖြစ်နေသည်။ ဤခရီးစဉ်တွင် အန္တရာယ်တစ်ခုခု ရှိနေနိုင်မည်။

သို့သော် ၎င်းမှာ မဖြစ်နိုင်ဟု သူ ယူဆလိုက်၏။သူသည် အသန်မာဆုံး ဂုဏ်ထူးဆောင်ဆရာကြီး ဖြစ်နေသည်ဖြစ်ရာ မည်သည့်အန္တရာယ်က သူ့ကို ခြိမ်းခြောက်နိုင်မည်နည်း။

ဟွိုင်ရို့တောင်တန်းကြီး..

ထိုတောင်တန်းကြီးမှာ အလွန်ကျယ်ပြောလှ၏။ထိပ်တန်းပညာရှင် နှစ်ဦးအနေဖြင့် ဤနေရာတွင် ပုန်းကွယ်နေပါက ရှာဖွေရန် ခဲယဉ်းလှသော်လည်း ယခုတစ်ကြိမ်တွင်မူ သူတို့ သယ်ဆောင်လာသော ရွှေထုပ်ကြီးများကြောင့် သူတို့၏ အရှိန်မှာ နှေးကွေးနေခြင်းဖြစ်သည်။

“ဆရာကြီး လေချန်... ခင်ဗျား သူ့ကို သိလား။”

ကားပေါ်မှဆင်းပြီးနောက် ဘုန်းတော်ကြီးသည် လေချန်၏ အနားသို့ တိုးကပ်သွားကာ ရှေ့မှ လမ်းလျှောက်နေသော လုပေါင်ကို မေးမြန်းလိုက်၏။

“ဘုန်းကြီး... ခင်ဗျား သူ့ကို သွားမရန်စတာ ပိုကောင်းလိမ့်မယ်။”

လေချန်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်၏။သူသည်ပင် ဦးစွာ ထွက်ပြေးရန် စဉ်းစားနေသော်လည်း ဤကိစ္စမှာ သူ့အတွက် အလွန်အရေးကြီးနေသဖြင့် စိတ်နှစ်ခွဖြစ်နေသည်။

အခြားသူများလည်း ထိုစကားကို ကြားသွားကြသဖြင့် လုပေါင်၏ နောက်မှ ခပ်လှမ်းလှမ်းတွင် နေကြပြီး နားစွင့်နေကြ၏။သူတို့အားလုံးမှာ ချီလင်သားရဲကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားသော လုပေါင်ကို အလွန် စိတ်ဝင်စားနေကြခြင်းဖြစ်သည်။

“ဒီအဘိုးကြီးက မရူးသေးပါဘူးဗျာ။ဘယ်သူက အဲဒီ ချီလင်သားရဲကို သွားရန်စရဲမှာလဲ။”

“ချီလင်သားရဲ တစ်ခုတည်း မဟုတ်ဘူးဗျ။ နတ်ဘုရားလေးသည် ထော်လေ သေသွားပြီ။သူက ငါနဲ့ ဆရာကြီး တျန်ချန်းရဲ့ ရှေ့တင် ထော်လေကို သတ်လိုက်တာ။ချီလင်သားရဲကို သုံးတာ မဟုတ်ဘူး... သူက တစ်ခုခုကို ဆင့်ခေါ်လိုက်တာလားမသိဘူး ဒါမှမဟုတ် ပုန်းကွယ်နေတဲ့ တခြား ကြောက်စရာကောင်းတဲ့ သားရဲဆိုးတစ်ကောင်က သတ်လိုက်တာလား မသိဘူး။တစ်ချက်တည်းနဲ့တင် ထော်လေ အပြင်းအထန် ဒဏ်ရာရသွားတာ။အခု ထော်လေသေသွားပြီ။ ချီလင်သားရဲ တစ်ခုတည်းကိုပဲ မကြည့်နဲ့... အဲဒီ လူငယ်က...

လေချန်သည် အဝေးရှိ လုပေါင်ကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်၏။

“သူက အကြောက်ရဆုံးပဲ။ သူ့ကို ရန်စတဲ့သူတိုင်း သေရတာပဲ။”

လုပေါင်က သားရဲဆင့်ခေါ်ခြင်း ပညာရပ်ဟု အော်ဟစ်လိုက်ချိန်တွင် ဧရာမ မြွေကြီးတစ်ကောင် ပေါ်ထွက်လာပြီး ထော်လေ သေဆုံးသွားသည်ကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်းဖြစ်၏။ထော်လေ သေဆုံးသည့်နေရာကို သွားရောက်စစ်ဆေးသည့်အခါ ပြာများကိုသာ တွေ့ရှိခဲ့ရသည်။

“ဟင်...”

“ဆင့်ခေါ်တာ ဟုတ်လား။”

“ဒါက...။”

“ဆရာကြီး ထော်လေ... သေသွားပြီလား။”

ပညာရှင်တစ်စုမှာ ကြက်သီးမွေးညင်းများ ထသွားခဲ့၏။ခေတ်တစ်ခေတ်၏ ဂုဏ်ထူးဆောင်ဆရာကြီး တစ်ဦးတည်းသော နတ်ဘုရားလေးသမားကြီးမှာ ဤကဲ့သို့ပင် သေဆုံးသွားခဲ့ရပြီဖြစ်သည်။

အဝေးတွင် ဘာမှမသိသည့်ဟန်ဖြင့် စူးစမ်းလေ့လာနေသော လုပေါင်ကို ကြည့်ကာ လူတိုင်းမှာ ကျောချမ်းသွားကြသည်။ချင်ပိုင်လျဲ့သည် လွန်ခဲ့သော ရက်အနည်းငယ်က နှင်းတောင်ပေါ်တွင် သူ့ကို ရိုက်နှက်ချင်သည်ဟု ပြောခဲ့မိသည်ကို ပြန်လည် သတိရသွားကာ ထိတ်လန့်သွားခဲ့၏။

သူ သေမင်းလက်မှ သီသီလေး လွတ်မြောက်ခဲ့ခြင်းဖြစ်၏။ထော်လေမည်မျှ သန်မာသည်ကို သူ အသိဆုံးဖြစ်သည်။

“သူ မီးဝိညာဉ်သီး စားထားတာလား... အဲဒီအသီးတွေ မှည့်နေပြီလား။”

ပေါင်ရှင်းကျီသည်ချက်ချင်း နားလည်လိုက်၏။ဤကိစ္စမှာ မီးဝိညာဉ်သီး လုပွဲတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ရမည်။

‘စီနီယာဖြူကြီး... မီးဝိညာဉ်သီး ရခဲ့သေးလား။’

“ခင်ဗျား မသိဘူးလား။”

လေချန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

“ခင်ဗျားရဲ့ မျောက်ဖြူကြီးက သူနဲ့ ပူးပေါင်းလိုက်တာလေ။ငါနဲ့ တျန်ချန်းကို တားထားပြီး အဲဒီကောင်လေးနဲ့ ချီလင်လေးက အပင်အောက်မှာ ထိုင်စားနေကြတာ။ချီလင်လေးက တစ်လုံး မျိုချလိုက်ပြီး ကျန်တာတွေက အဲဒီကောင်လေးဆီမှာ။မျောက်ဖြူကြီးလည်း တစ်လုံးတော့ ရမှာပေါ့။”

“စီနီယာဖြူကြီး မီးဝိညာဉ်သီး ရသွားတာလား... သူ အဆင့်တက်သွားပြီလား။”

ပေါင်ရှင်းကျီ၏ မျက်နှာပေးမှာ ရှုပ်ထွေးသွားခဲ့၏။

“သူ့ဆီမှာ မီးဝိညာဉ်သီးတွေ ရှိနေတာလား။”

နဂါးကျားတောင် နတ်ဆရာကြီး၏ မျက်ဝန်းများမှာ လက်ခနဲ ဖြစ်သွားခဲ့၏။

“မီးဝိညာဉ်သီး တင်မကဘူးဗျ။ သူက ချီလင်သားရဲရဲ့ အိမ်တစ်ခုလုံးကို ရှင်းပစ်လိုက်တာ။ ငါတို့က အကြွင်းအကျန်လေးတွေများ ရမလားလို့ သွားကြည့်တာ... အမြစ်တောင် မကျန်ဘူး အကုန် ယူသွားတာ။”

လေချန်သည် နတ်ဆရာကြီးကို ကြည့်ကာ

“ခင်ဗျား သက်တမ်းတိုးချင်နေတာလား။”

နှစ်ထောင်ချီ မီးဝိညာဉ်သီးမှာ စွမ်းအား နှစ်ခြောက်ဆယ် တိုးစေနိုင်သလို သက်တမ်းကိုလည်း ဆယ်နှစ်ခန့် တိုးစေနိုင်သည်။

“နတ်ဆရာရာထူးကို ဆက်ခံမယ့်သူကို မသတ်မှတ်ရသေးလို့ပါ...။”

နတ်ဆရာကြီး၏ မျက်လုံးများမှာ ဝေဝါးနေခဲ့၏။သူသည် အမှန်တကယ်ပင် ထိုအသီးကို လိုအပ်နေခြင်းဖြစ်သည်။

လုပေါင်သည် အကျွမ်းတဝင်ရှိသော မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။၎င်းမှာ ဓားတပ်ဖွဲ့မှ ချန်ချုံးရှန်းပင် ဖြစ်ပေတော့၏။ချန်ချုံးရှန်းသည် လုပေါင်ကို မြင်သည်နှင့် ပြုံးရွှင်စွာဖြင့် အနားသို့ တိုးလာခဲ့၏။

“ဒီမှာ မစ္စတာလုနဲ့ တွေ့ရလိမ့်မယ်လို့ ထင်မထားဘူးဗျာ။”

ချန်ချုံးရှန်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ အသံကို နှိမ့်လိုက်၏။

“မစ္စတာလု... ပုရွက်ဆိတ်စစ်သည်တွေကို ခေါ်လာလားဗျ။အခု ရှာဖွေရေးက တော်တော် ခက်ခဲနေလို့ပါ ခင်ဗျားရဲ့ မီးပုရွက်ဆိတ်တွေကို သုံးပြီး ရှာပေးလို့ ရမလား။”

သူသည် ယခင်က မီးပုရွက်ဆိတ်များ၏ စွမ်းဆောင်ရည်ကို အလွန် အားကျနေခဲ့ခြင်းဖြစ်၏။

လုပေါင်၏ ပုရွက်ဆိတ် ထိန်းချုပ်မှုမှာ နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်သည်။ အကယ်၍ ထိုပညာသာ ရှိပါက မည်သူမျှ ပုန်းကွယ်နိုင်မည် မဟုတ်ချေ။

“ခေါ်လာတာပေါ့။”

လုပေါင်သည် စိမ်းလန်းစိုပြေသော တောင်တန်းကြီးကို ကြည့်ကာ

“စိတ်မပူပါနဲ့... လူရှာတဲ့ကိစ္စကို ကျွန်တော့်ကိုပဲ လွှဲထားလိုက်။ ကျွန်တော် ကူညီပေးပါ့မယ်။”

ကွက်တိပင်။ သူ၏ အသွင်ပြောင်း ပုရွက်ဆိတ်စစ်သည်များကို စမ်းသပ်ရန် အခွင့်အရေး ရသွားသည်။

ချန်ချုံးရှန်းမှာ အလွန်ဝမ်းသာသွားပြီး အဖန်ဖန် ကျေးဇူးတင်နေတော့၏။

“ကျွန်တော် လူသူကင်းဝေးတဲ့ နေရာတစ်ခု အရင်ရှာလိုက်ဦးမယ်။ဒါနဲ့ ဓာတ်ပုံရှိလား။”

လုပေါင်သည်သူ၏ ကျောပိုးအိတ်ကို အချက်ပြလိုက်၏။ချန်ချုံးရှန်း၏ လမ်းပြမှုဖြင့် သူတို့နှစ်ဦးမှာ ကန့်သတ်နယ်မြေထဲသို့ ဝင်ရောက်သွားကြသည်။

ပစ်မှတ်ကို တွေ့သည်နှင့် သူသည် စီနီယာဖြူကြီးကို လွှတ်ပေးလိုက်မည်ဖြစ်၏။ထိုအခါမှသာ သူသည် မြေပဲနှင့် အစေ့များကို စားရင်း သူတို့၏ အရှုပ်အထွေးဇာတ်လမ်းကို ထိုင်ကြည့်ရုံသာ ရှိတော့သည်။

သစ်ပင်ကြီးတစ်ပင်၏ နောက်ကွယ်သို့ ရောက်သောအခါ တွင်းနက်ကြီးကို ဖွင့်လိုက်ရာ လုပေါင်မှာ အံ့အားသင့်သွားခဲ့၏။

“ကြွက်ဘုရင်... သားရဲဆိုးတစ်ကောင် ဖြစ်သွားပြီလား။”

၎င်း၏ အရွယ်အစားမှာ များစွာ ကြီးမားမလာသော်လည်း တစ်ကိုယ်လုံးမှာ ငွေရောင် ဖြစ်သွားခဲ့၏။အနက်ရောင် မျက်လုံးများမှာလည်း အနီရောင်သန်းနေပြီး သွားနှင့် လက်သည်းများမှာ သိသိသာသာ ကြီးမားကာ အေးစက်စွာ တောက်ပနေသည်။

၎င်း၏ အောက်တွင်မူ ကျွတ်ကျနေသော အမွေးများနှင့် သွားဟောင်းများ ရှိနေခဲ့၏။ ဝါးကြွက် ၃၂ ကောင်စလုံးမှာလည်း အရွယ်အစား ကြီးမားလာပြီး အသွင်ပြောင်းသွားကြသည်။

“နီနီလေး... အသွင်ပြောင်း မီးပုရွက်ဆိတ်တွေ အကုန်လုံး ခေါ်ထုတ်လာခဲ့ ဒီလူနှစ်ယောက်ကို ရှာ။”

လုပေါင်သည်ချန်ချုံးရှန်းပေးသော ဓာတ်ပုံကို ထုတ်ပြလိုက်၏။တောင်ပေါ်တွင် လူရှာသည့် ကိစ္စ၌ သူ့ကို မည်သူမှ ယှဉ်နိုင်မည် မဟုတ်ချေ။

“ကျိ ကျိ”

နီနီလေးသည် ချက်ချင်းပင် အချက်ပြလိုက်တော့သည်။

တွင်းနက်ထဲမှ အနီနက်ရောင်သံချပ်ကာပုရွက်ဆိတ်များမှာ အမြန်ဆုံး ဖြစ်သဖြင့် ဦးစွာ ထွက်ပေါ်လာကာ တောင်တန်းများထဲသို့ ပျောက်ကွယ်သွားကြသည်။ပျံသန်းနိုင်သော မီးပုရွက်ဆိတ်များမှာလည်း အုပ်စုလိုက် ပျံတက်သွားကြ၏။အဆင့်နှစ်ဆင့် အသွင်ပြောင်းထားသော မီးပုရွက်ဆိတ်များနှင့် အခြားအမျိုးအစားများမှာလည်း မီးတောက် စမ်းချောင်းများအလား စီးထွက်သွားကြတော့သည်။

“ပေါင်ရှင်းကျီရဲ့ အငွေ့အသက်...”

စီနီယာဖြူကြီးသည်လည်း နောက်မှ လိုက်ပါလာ၏။၎င်းသည် ပေါင်ရှင်းကျီ၏ အငွေ့အသက်ကို ခံစားမိသည်နှင့် အလွန် စိတ်လှုပ်ရှားသွားခဲ့သည်။

“စီနီယာဖြူကြီး... နေဦးဗျ ခဏနေရင် ကျွန်တော် တွေ့ပေးပါ့မယ်။ အခုတော့ အထဲမှာ ခဏ ပြန်နေပေးပါဦး။မကြာခင်ပါပဲ... ကျွန်တော့်ကို ယုံလိုက်စမ်းပါ။”

လုပေါင်က၎င်းကို အမြန် တားဆီးလိုက်၏။ သူ မပြင်ဆင်ရသေးဘဲ ဤကဲ့သို့ တွေ့ဆုံခြင်းမှာ စိတ်လှုပ်ရှားစရာ မကောင်းဟု သူယူဆလိုက်ခြင်းဖြစ်သည်။

စီနီယာဖြူကြီးသည် သူ့ကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်ကာ တွင်းနက်ထဲသို့ ပြန်ဝင်သွားခဲ့၏။

အသွင်ပြောင်းကျားမှာ ထွက်လာသော်လည်း ၎င်းကိုလည်း ပြန်မောင်းထည့်လိုက်တော့သည်။

ကြွက်ဘုရင်နှင့် ဉာဏ်ရည်ထက်မြက်သော ဝါးကြွက်အုပ်စုကို ကြည့်ကာ လုပေါင်မှာ စဉ်းစားခန်း ဝင်နေခဲ့၏။အကယ်၍ သူ၌ အသွင်ပြောင်း ဝါးကြွက် တစ်သိန်းခန့် ရှိပါက သူတို့ကို ရတနာရှာဖွေရာတွင် အသုံးပြုနိုင်မည် မဟုတ်လော။

တောင်တန်းကြီးများမှာ ရတနာများစွာ ရှိနေသည်ဖြစ်ရာ မီးပုရွက်ဆိတ်များနှင့် ဝါးကြွက်များသာ ရှိပါက ကမ္ဘာပေါ်ရှိ ရတနာအားလုံးမှာ သူ၏ လက်ထဲသို့ ရောက်ရှိလာမည်ဖြစ်သည်ဟု သူ တွေးတောမိသည်။

စကားပြောနေသော ပေါင်ရှင်းကျီသည် ရုတ်တရက် ရပ်တန့်သွားခဲ့၏။ခေတ္တမျှသော အချိန်အတွင်း သူသည် အကျွမ်းတဝင်ရှိသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသော်လည်း ၎င်းမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

“ဖြူကြီးလား...”

ပေါင်ရှင်းကျီသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း ဘာမှ မတွေ့ရှိရချေ။ ၎င်းမှာ စိတ်ထင်ရုံသာ ဖြစ်လိမ့်မည်ဟု သူ ယူဆလိုက်တော့သည်။

အခန်း ၉၄ - မြေကမ္ဘာချပ်ဝတ် အသက်သွင်းခြင်းနှင့် လူငယ်ဂုဏ်ထူးဆောင်ဆရာကြီး

လုပေါင်သည် လက်တစ်ဖက်တွင် ချီလင်လေးကို ပွေ့ချီထားပြီး ကျန်လက်တစ်ဖက်ဖြင့် ကြွက်ဘုရင်ကို ကိုင်ကာ အကဲခတ်နေသည်။

၎င်းသည် အားအနည်းဆုံး သားရဲဆိုး ဖြစ်နိုင်သော်လည်း လက်ရှိ ကြွက်ဘုရင်မှာ ယခင်ကထက် လုံးဝ ခြားနားသော အဆင့်သို့ ရောက်ရှိနေပြီဟုဖြစ်သည်။ထိုကောင်လေးသည် လုပေါင်၏ လက်ထဲတွင် ကုပ်ကုပ်လေး နေနေသော်လည်း ချီလင်လေးကိုမူ အလွန်ပင် ကြောက်ရွံ့နေခဲ့၏။

“ပိုသန်မာအောင် ဆက်ကြိုးစားဦး... ငါတို့ ပြန်ရောက်ရင် မင်းအတွက် ကြွက်စစ်သည် တစ်သိန်းလောက် စီစဉ်ပေးမယ်။”

လုပေါင်သည်အလွန်ကျေနပ်သွားခဲ့၏။နာရီအနည်းငယ်အတွင်း သူ အနည်းငယ် အကုန်အကျခံလိုက်ရုံဖြင့် ဤကဲ့သို့ ရလဒ်ကောင်း ရရှိခဲ့ခြင်းဖြစ်သည်။

‘ရတနာရှာဖွေရေး တပ်ဖွဲ့တစ်ခု ဖွဲ့စည်းရမလား။’

ကြွက်ဘုရင်ကို ပြန်သိမ်းလိုက်ပြီးနောက် လုပေါင်သည် သစ်ပင်ကြီးပေါ်ရှိ နီနီလေးကို လှမ်းကြည့်လိုက်၏။နီနီလေးသည် ပုရွက်ဆိတ်စစ်တပ်ကို ထိန်းချုပ်ကာ ရှာဖွေရေး လုပ်ဆောင်နေခြင်းဖြစ်သည်။

မီးပုရွက်ဆိတ်နီ မြောက်မြားစွာမှာ ပိုက်စိပ်တိုက် ရှာဖွေနေကြပြီး ပိုးကောင်တွင်းများထဲအထိပင် ဝင်ရောက်စစ်ဆေးနေကြ၏။အနီနက်ရောင် သံချပ်ကာပုရွက်ဆိတ်များမှာမူ အမြန်ဆုံးဖြစ်ပြီး ရှာဖွေရေးနယ်မြေကို တဖြည်းဖြည်း ချဲ့ထွင်နေကြသည်။

“ဒါက ဘာလဲ။

နှုတ်ဆိတ်နေသော မြောင်မျိုးနွယ်စု ဂုဏ်ထူးဆောင်ဆရာကြီးမှာ ကောင်းကင်ယံရှိ အနီရောင် အလင်းတန်းလေးများကို လှမ်းကြည့်လိုက်၏။သူမသည် ငယ်စဉ်ကတည်းက အဆိပ်ပိုးမွှားများကို မွေးမြူလာခဲ့သူဖြစ်ရာ ဤအလင်းတန်းများမှာ သာမန်မဟုတ်ကြောင်း ချက်ချင်း သိလိုက်သည်း။

“အားလုံးပဲ... ရှာဖွေရေး လုပ်နေပါပြီ။ ကျေးဇူးပြုပြီး ဒီမှာပဲ ခေတ္တစောင့်ပေးကြပါ။ သူတို့ကို တွေ့တာနဲ့ ရဟတ်ယာဉ်နဲ့ ချက်ချင်း သွားကြပါမယ်။”

ကျိုးထျန်ဖန်းကပညာရှင်များကို နေရာချပေးလိုက်၏။

“အဲဒါ မလိုတော့ဘူး ထင်တယ်ဗျ။”

နဂါးကျားတောင် နတ်ဆရာကြီး၏ မျက်ဝန်းများမှာ လက်ခနဲ ဖြစ်သွားခဲ့၏။သူ၏ ခန္ဓာကိုယ်မှာ ငှက်တစ်ကောင်ကဲ့သို့ ပေါ့ပါးစွာဖြင့် တောင်တန်းကြီးများဆီသို့ လျှပ်စီးကဲ့သို့ ပြေးထွက်သွားသည်ဟု။

“အဲဒီ မြခွေးအိုကြီးနှစ်ကောင်ဘာလို့ ဒီလောက် အလျင်စလို ဖြစ်နေသလဲဆိုတာ အံ့သြစရာ မရှိတော့ဘူး... ငါတို့လည်း သွားကြည့်ကြတာပေါ့။”

လေချန်လည်းသတိပြုမိလိုက်၏။ ဂုဏ်ထူးဆောင်ဆရာကြီးများ၏ အာရုံခံစားမှုမှာ အလွန်ထက်မြက်လှရာ အနီးအနားရှိ ပညာရှင်များ၏ အရှိန်အဝါကို ချက်ချင်း သိနိုင်သည်။

“သွားကြစို့။”

“ဒု-ဥက္ကဋ္ဌကျိုး... သာမန်လူတွေကို ဖယ်ထုတ်ထားလိုက်ပါ။ ကျန်တာ ငါတို့ တာဝန်ယူမယ်။”

လူရိပ်များမှာ တစ်ဦးပြီးတစ်ဦး နေရာမှ ပျောက်ကွယ်သွားကြတော့သည်။

လုပေါင်သည် သူတို့ကို ဤမျှ မြန်မြန် တွေ့ရှိလိမ့်မည်ဟု မထင်ထားခဲ့ချေ။အသွင်ပြောင်း မီးပုရွက်ဆိတ်တစ်ကောင်က ကျောက်တုံးများကြားတွင် ပုန်းကွယ်နေသော လူလေးဦးကို တွေ့ရှိလိုက်ခြင်းဖြစ်၏။

မျက်နှာသေနှင့် အမြွှာညီအစ်ကို နှစ်ဦးမှာ အတူတကွ ရပ်နေကြသည်။

သူတို့၏ နောက်ကွယ်တွင် အရပ် ခုနစ်ပေကျော်မြင့်သော ထူးဆန်းသည့် သတ္တဝါကြီး နှစ်ကောင် ရှိနေခဲ့၏။၎င်းတို့မှာ ရွှေရောင်မျက်နှာဖုံး တပ်ထားပြီး ကောင်းကင်သို့ ထိုးထွက်နေသော ရွှေရောင်ဦးချိုများ ရှိကြကာ ကြေးဝါချပ်ဝတ်များ ဝတ်ဆင်ထားပြီး သံကြိုးများဖြင့် ပတ်နှောင်ထားခြင်းဖြစ်၏။

သူတို့၏ ရှည်လျားသော ဆံပင်စိမ်းများမှာ လေမတိုက်ဘဲ လှုပ်ရှားနေပြီး ခန္ဓာကိုယ်မှ အနက်ရောင် အငွေ့အသက်များ ထွက်ပေါ်နေသည်။

ပတ်ဝန်းကျင်ရှိ မီးပုရွက်ဆိတ်နီများကို ကြည့်ကာ တစ်ယောက်က အေးစက်စွာ ပြောလိုက်၏။

“မြောင်မျိုးနွယ်စုက ကောင်မလေး... နင်က အကောင်သစ်တွေ မွေးထားတာပဲ။ငါတို့တောင် ပုန်းမရတော့ဘူး။ ဘာလဲ... ငါတို့ကို ရန်စတော့မလို့လား။”

စွမ်းအင် လှိုင်းတစ်ခု ဖြတ်သန်းသွားပြီးနောက် စုရုံးနေသော မီးပုရွက်ဆိတ်များမှာ ခေတ္တတန့်သွားပြီး တောင်တန်းများထဲသို့ အမြန်ဆုံး ပြန်လည် ပျောက်ကွယ်သွားကြသည်။

လုပေါင်မှာ ပထမဆုံး ရောက်ရှိလာသူဖြစ်၏။သူသည် ချီလင်လေးကို ပွေ့ချီကာ ကျောက်တုံးကြီးပေါ်တွင် ရပ်နေရင်း အမြွှာညီအစ်ကိုနောက်က သတ္တဝါကြီးများကို ဖုန်းဖြင့် ဓာတ်ပုံရိုက်နေခဲ့သည်။

‘တရုတ်ဗားရှင်း Iron Man လား။’

‘တကယ့်ကို လန်းလွန်းတယ်။’

နဂါးကျားတောင် နတ်ဆရာကြီးမှာလည်း ချက်ချင်း ရောက်ရှိလာ၏။

“နတ်ဆရာကြီးကို ဂါရဝပြုပါတယ်။”

ညီအစ်ကိုနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အလေးပြုလိုက်ကြသော်လည်း သူတို့ စိတ်ထဲတွင် တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလိုက်၏။ဂုဏ်ထူးဆောင်ဆရာကြီးတစ်ဦးက ဘာကြောင့် ကိုယ်တိုင် ပေါ်လာရသလဲဆိုသည်ကို သူတို့ မသိနိုင်အောင် ဖြစ်နေသည်။

နတ်ဆရာကြီးမှာမူ နှုတ်ဆိတ်နေခဲ့၏။

အကျွမ်းတဝင်ရှိသော အရှိန်အဝါများ ထပ်မံ ပေါ်ထွက်လာသည့်အခါညီအစ်ကိုနှစ်ဦး၏ မျက်နှာမှာ ပို၍ ဖြူဖျော့သွားခဲ့သည်။တစ်ဦးပြီးတစ်ဦး ပေါ်လာသော ဂုဏ်ထူးဆောင်ဆရာကြီးများကို ကြည့်ကာ သူတို့မှာ အိမ်မက်မက်နေသည်ဟုပင် ထင်မှတ်နေကြ၏။

‘ဂုဏ်ထူးဆောင်ဆရာကြီး နောက်ထပ် တစ်ယောက် နောက်ထပ် တစ်ယောက်။’

‘ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။’

“ငါ မင်းတို့ကို စိနခေါ်မယ်။”

ချင်ပိုင်လျဲ့ကဟိန်းဟောက်၍ ထွက်ပေါ်လာ၏။ သူ၏ တစ်ကိုယ်လုံးတွင် သွေးအဆီအနှစ် စွမ်းအင်များ ဖုံးလွှမ်းနေပြီး နွားလားဥဿဘ ပုံရိပ်တစ်ခု ဝေဝါးစွာ ပေါ်ထွက်နေသည်။

ပေါင်ရှင်းကျီက လက်ဝှေ့ယမ်းကာ ချင်ပိုင်လျဲ့ကို တားဆီးလိုက်၏။

“စိတ်မလောပါနဲ့... မင်း အခု သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။”

“မဖြစ်နိုင်တာ သူတို့က... နေဦး ဒါက ရွှေချပ်ဝတ် အလောင်းကောင်ရဲ့ အရှိန်အဝါလား။”

ချင်ပိုင်လျဲ့သည်ဒေါသထွက်နေရာမှ သေချာကြည့်လိုက်သည့်အခါ သူ၏ အရှိန်အဝါမှာ သုံးပုံတစ်ပုံခန့် လျော့ကျသွားခဲ့သည်။

ရွှေချပ်ဝတ် အလောင်းကောင် တစ်ကောင်တည်းနှင့်ပင် ဂုဏ်ထူးဆောင်ဆရာကြီးတစ်ဦးကို ယှဉ်နိုင်သည်ဆိုလျှင် နှစ်ကောင်ဆိုပါက မည်သို့ဖြစ်မည်နည်း။

ထို့အပြင် ရှန်းရှီးဝံပုလွေ ညီအစ်ကိုမှာလည်း ဂုဏ်ထူးဆောင်ဆရာကြီးအောက် အဆင့်တွင် ပြိုင်ဘက်ကင်းသူများ ဖြစ်ကြသည်။သူတို့၏ စွမ်းအားမှာ အလောင်းကောင်များပေါ်တွင်သာ မူတည်နေခြင်း မဟုတ်ချေ။

“သူတို့က ရွှေချပ်ဝတ် အလောင်းကောင် အစစ်အမှန် မဖြစ်သေးဘူး။ရွှေကိုဝါးမျိုးပြီး ချပ်ဝတ်ဖွဲ့တဲ့ နောက်ဆုံးအဆင့်ကို ရောက်နေကြတာ။ရွှေလုံလောက်ရင် မကြာခင် အစစ်အမှန် ဖြစ်လာလိမ့်မယ်။ အရင်က ခိုးသွားတဲ့ ရွှေတွေကို သူတို့ ဝါးမျိုးထားတာ ဖြစ်ရမယ်။”

လေချန်က အားကျစွာဖြင့် ကြည့်နေခဲ့၏။ သားရဲထိန်းကျောင်းခြင်း အလောင်းကောင် ထိန်းချုပ်ခြင်းနှင့် အဆိပ်ပိုးမွှား မွေးမြူခြင်းတို့မှာ လူတိုင်း လိုချင်ကြသော စွမ်းအားများ ဖြစ်ကြသည်။

သို့သော် လူတိုင်းက ထိုသို့ မလုပ်ဆောင်နိုင်ကြချေ။

“ဝံပုလွေ ဟူယန်... ဝံပုလွေလေး ဟူယန်... မင်းတို့ ညီအစ်ကို လက်နက်ချလိုက်တာ ပိုကောင်းမယ်။မင်းတို့က သာမန်လူ အများကြီးကို သတ်ခဲ့တာဆိုတော့ ငါတို့ မင်းတို့ကို လွှတ်ပေးလို့ မရဘူး။”

ကျိုးထျန်ဖန်း ရောက်ရှိလာသော်လည်း အနားသို့ မကပ်ရဲချေ။

သူသည် ထိပ်တန်းပညာရှင် ဖြစ်သော်လည်း အားအနည်းဆုံးသူ ဖြစ်သည်။ဟူယန် ညီအစ်ကိုမှာလည်း ထိပ်တန်းအဆင့် ဖြစ်သော်လည်း ဂုဏ်ထူးဆောင်ဆရာကြီးတစ်ဦးနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိကြ၏။

“ပုရွက်ဆိတ်တွေပဲ... သေသွားလည်း ဘာဖြစ်လဲ။”

ဝံပုလွေ ဟူယန်က အေးစက်စွာ ပြောလိုက်၏။သူ၏ အကြည့်က လုပေါင်ရှိရာသို့ ရောက်သွားချိန်တွင် သူ အံ့အားသင့်သွားခဲ့သည်။

‘ဘာလို့အဲ့ဘက်တွင် လူမရှိရတာလဲ။’

‘ဒီလူတွေက ငါတို့ကို လွှတ်ပေးချင်နေတာလား။’

ဝံပုလွေလေး ဟူယန်လည်း သတိထားမိလိုက်၏။လုပေါင်၏ ဘေးတွင် မည်သူမှ မရှိသော်လည်း အခြား သုံးဖက်စလုံးတွင် ဂုဏ်ထူးဆောင်ဆရာကြီးများ ရှိနေကြသည်။

ညီအစ်ကိုနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ကောင်းကင်တွင် ရဟတ်ယာဉ်များ နီးကပ်လာပြီဖြစ်ရာ သူတို့ ဆက်မနေနိုင်တော့ချေ။

ဂုဏ်ထူးဆောင်ဆရာကြီးများပင် နည်းပညာမြင့် လက်နက်များကြောင့် သေဆုံးခဲ့ရသည့် သာဓကများ ရှိနေသည်ဖြစ်ရာ သူတို့မှာ ဂုဏ်ထူးဆောင်ဆရာကြီး မဖြစ်သေးသဖြင့် ပို၍ပင် စိုးရိမ်ရသည်ဟု ဆိုရမည်။

“ရှူး...”

“ရှူး...”

ဝံပုလွေ ညီအစ်ကိုနှစ်ဦးမှာ လုပေါင်ရှိရာဘက်သို့ ရုတ်တရက် ပြေးထွက်လိုက်ကြပြီး ချပ်ဝတ်အလောင်းကောင်များကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားသည်။

လုပေါင်သည် ဘေးမှ ကြည့်နေစဉ် ရုတ်တရက် အန္တရာယ်က သူ့ထံ ကျရောက်လာသဖြင့် အလွန် ဒေါသထွက်သွားခဲ့၏။သူသည် လက်ထဲမှ ချီလင်လေးကို ပစ်ချလိုက်သည်။သူတို့က သူ့ကို အနိုင်ကျင့်ရလွယ်သောသူဟု ထင်နေကြခြင်းလား။

“ခြေလှမ်းတစ်ရာ နတ်မင်းလက်သီးးးး။”

ချီလင်လေးမှာ အိပ်ပျော်နေစဉ် ရုတ်တရက် မြေပြင်ပေါ်သို့ ပစ်ချခံလိုက်ရသဖြင့် ချက်ချင်း နိုးလာခဲ့၏။၎င်းသည် ပတ်ဝန်းကျင်ကို ကြည့်ကာ မျက်ဝန်းများမှ မီးတောက်များ ထွက်ပေါ်လာပြီး ဝတ်ထားသော အင်္ကျီမှာလည်း ပြာဖြစ်သွားသည်။

“ပြေးကြ”

“အမြန်... ထွက်သွားကြ။”

“ဒီသောက်ပေါ နှစ်ယောက်ကတော့။”

ဂုဏ်ထူးဆောင်ဆရာကြီးများမှာ ပထမဆုံး တုံ့ပြန်လိုက်ကြ၏။ဟူယန် ညီအစ်ကို လုပေါင်ရှိရာသို့ ပြေးသွားသည်ကို မြင်သည့်အခါ သူတို့ မှားယွင်းသွားကြောင်း သိလိုက်သည်။သူတို့သည် လမ်းဖွင့်ပေးထားခြင်း မဟုတ်ဘဲ ချီလင်လေးကို မကပ်ရဲသဖြင့် ခပ်ဝေးဝေးမှ နေနေကြခြင်းသာ ဖြစ်၏။

စိတ်တိုနေသော ချီလင်လေးနှင့် နီးနီးကပ်ကပ် နေရခြင်းမှာ အလွန် ကြောက်စရာကောင်းလှပေသည်။ထိုအကောင်လေးက တစ်ချက်မှုတ်ထုတ်လိုက်ရုံနှင့် ဂုဏ်ထူးဆောင်ဆရာကြီးတစ်ဦးပင် ဒုက္ခရောက်နိုင်သည်။

ကျိုးထျန်ဖန်းမှာမူ ကြောင်အမ်းအမ်း ဖြစ်နေခဲ့၏။

‘ခင်ဗျားတို့ဘာလို့ အကုန် ထွက်ပြေးနေကြတာလဲ။ဟူယန် ညီအစ်ကိုက ဒီလောက်တောင် သန်မာသွားလို့လား။’

သို့သော် နောက်ထပ် မြင်တွေ့လိုက်ရသော မြင်ကွင်းမှာ လူတိုင်းကို အံ့အားသင့်သွားစေခဲ့၏။

“ခြေလှမ်းတစ်ရာ နတ်ဘုရားလက်သီး”

“ခြေလှမ်းတစ်ရာ နတ်ဘုရားလက်သီး... လူငယ်ဂုဏ်ထူးဆောင်ဆရာကြီး။”

လူငယ်ဂုဏ်ထူဆောင်ဆရာကြီး ဆိုသည်မှာ ဒဏ္ဍာရီထဲတွင်သာ ရှိသည်။ခြေလှမ်းတစ်ရာ နတ်ဘုရားလက်သီးမှာ ဂုဏ်ထူးဆောင်ဆရာကြီးများ၏ အမှတ်အသားပင် ဖြစ်၏။ လုပေါင်သည် မြဲမြံစွာ ရပ်တည်ပြီး လက်သီးဖြင့် ထိုးလိုက်သည့်အခါ ပညာရှင်အားလုံး ထိတ်လန့်သွားကြသည်။

သွေးနီရောင် လက်သီးရိပ်မှာ လေထုကို ဖြတ်သန်းကာ တဟုန်ထိုး ထွက်ပေါ်သွားခဲ့၏။

လုပေါင်သည် ထိုသို့ ထိုးလိုက်ရသည့်အတွက် ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းသွားသည်ဟု ခံစားလိုက်ရ၏။သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များနှင့် သွေးအဆီအနှစ်များမှာ အလွန် ပြင်းထန်နေသဖြင့် ထုတ်လွှတ်ရန် လိုအပ်နေခြင်းဖြစ်သည်။

“ဂုဏ်ထူးဆောင်ဆရာကြီး”

ဝံပုလွေဟူယန်၏ မျက်ဝန်းများမှာ တုန်လှုပ်သွားခဲ့၏။သူတို့ ညီအစ်ကိုမှာ ကြေးဝါချပ်ဝတ် အလောင်းကောင်နောက်သို့ အမြန်ဆုံး ပုန်းကွယ်လိုက်ကြသည်။

ဤလူငယ်မှာ အမှန်တကယ်ပင် ဂုဏ်ထူဆောင်ဆရာကြီး တစ်ဦး ဖြစ်နေခဲ့၏။

နောက်ထပ် မြင်တွေ့လိုက်ရသော မြင်ကွင်းမှာ သူတို့ တစ်သက်မမေ့နိုင်စရာပင် ဖြစ်တော့သည်။

“ခြေလှမ်းတစ်ရာ နတ်ဘုရားလက်သီး... သတ်ပစ်။”

လက်သီး တစ်ချက်၊ နောက်တစ်ချက်၊ နောက်ထပ် တစ်ချက်... လုပေါင်သည် ဂုဏ်ထူဆောင်ဆရာကြီးများ၏ အမြင့်ဆုံးပညာရပ်ကို အဆက်မပြတ် ထိုးနှက်နေခဲ့သည်။

“မြေကမ္ဘာချပ်ဝတ် အသက်သွင်းခြင်း။”

“ကာကွယ်ကြ။”

All Chapters