အခန်း (၉၅-၉၆)
Vol. 10 Ch. 95-96
အခန်း ၉၅ - ချီလင်မီးတောက်နှင့် ဝုန်းဒိုင်းကြဲမျောက်ဖြူကြီး ပေါ်ထွက်လာခြင်း။
မြေကမ္ဘာချပ်ဝတ် အသက်သွင်းခြင်း ဆိုသည်မှာ ချပ်ဝတ်အလောင်းကောင်များ၏ အတောင့်တင်းဆုံး ခုခံမှုဖြစ်ပြီး ဂုဏ်ထူးဆောင်ဆရာကြီး တစ်ဦးပင်လျှင် ချိုးဖျက်ရန် ခဲယဉ်းလှပေသည်။
ကြေးဝါချပ်ဝတ်အလောင်းကောင်က လက်ဝါးနှစ်ဖက် ယှက်လိုက်သည်နှင့် အလောင်းကောင်အငွေ့အသက် များ ပေါက်ကွဲထွက်လာပြီး ရှေ့တွင် ဧရာမ အလောင်းကောင်ဒိုင်းလွှားကြီးများ ပေါ်လာ၏။ခြေလှမ်းတစ်ရာ နတ်ဘုရားလက်သီးက ထိုဒိုင်းများကို ထိမှန်သည့်အခါ တုန်ဟည်းသော အသံကြီးများ ထွက်ပေါ်လာခဲ့သည်။
“ဒါ ဘယ်လို မိစ္ဆာမျိုးလဲ။”
မြေကမ္ဘာချပ်ဝတ်ပေါ်တွင် အက်ကြောင်းလေးများ ပေါ်လာသည်ကို မြင်လိုက်ရသော ဝံပုလွေ ဟူယန်မှာ အသံရှူပင် ပျောက်ရှသွားခဲ့၏။
ညီအစ်ကိုနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ဟိန်းဟောက်လိုက်ကြပြီး သူတို့ကိုယ်ပိုင် မြေကမ္ဘာချပ်ဝတ်များကိုပါ ချက်ချင်း အသက်သွင်းလိုက်ကြသည်။
“ခြေလှမ်းတစ်ရာ နတ်မင်းလက်သီး... ဒါကို ခံစားကြည့်စမ်း နောက်တစ်ချက် ရော့နောက်တစ်ချက်။”
လက်သီးချက်ပေါင်း ဆယ်ချက်ကျော် ဆက်တိုက် ထိုးပြီးနောက်တွင်မူ လုပေါင်သည် အနည်းငယ် မောဟိုက်လာခဲ့၏။ ဂုဏ်ထူးဆောင်ဆရာကြီး အစစ်အမှန်ပင်လျှင် တစ်ပြိုင်နက်တည်း သုံးချက်ထက် ပိုမထိုးနိုင်ကြောင်း သူ မသိခဲ့ချေ။ခြေလှမ်းတစ်ရာ နတ်မင်းလက်သီးမှာ အားအင်ကုန်ခမ်းမှု အလွန်များသော အဆုံးသတ်ပညာရပ်ဖြစ်သည်။
တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ မမြင်ဖူးသော မြင်ကွင်းကြောင့် လူတိုင်းမှာ အံ့အားသင့်နေကြစဉ် ဟူယန် ညီအစ်ကို၏ မြေကမ္ဘာချပ်ဝတ်များမှာ အက်ကြောင်းများဖြင့် ပြည့်နှက်သွားခဲ့၏။
“သူတို့ကိုယ်သူတို့ အလောင်းကောင်တွေအဖြစ် ပြောင်းလဲထားကြတာပဲ။”
မြောင်မျိုးနွယ်စု ဂုဏ်ထူးဆောင်ဆရာကြီးမကြီးမှာ ထိတ်လန့်သွားခဲ့၏။
“ဝေးဝေးကို ဆုတ်ကြ။”
“ဒုက္ခပဲ။”
မြေကမ္ဘာချပ်ဝတ်က လုပေါင်၏ လက်သီးချက်များကို တောင့်ခံထားနိုင်သော်လည်း အကန့်အသတ်သို့ ရောက်နေပြီဖြစ်၏။လုပေါင်မှာ အတွေ့အကြုံ မရှိသေးသဖြင့် တစ်ယောက်တည်းကိုသာ စုပြုံထိုးခဲ့လျှင် သေချာပေါက် ဖောက်ထွက်သွားမည်ဖြစ်သည်။
ရုတ်တရက် အပူလှိုင်းတစ်ခု ဖြတ်သန်းသွား၏။လုပေါင်သည် သူဘေးချထားသော ချီလင်လေးကို သတိရသွားကာ အမြန်လှည့်ကြည့်လိုက်၏။
ချီလင်လေး၏ ပါးစပ်ထဲတွင် မီးတောက်များ စုစည်းနေသည်ကို မြင်လိုက်ရသော လုပေါင်မှာ တံတွေးမြိုချလိုက်ပြီး
“ကလေးလေး... နိုးပြီလား။”
ချီလင်လေး နိုးလာပြီဖြစ်၏။၎င်းသည် မျက်လုံးဖွင့်လိုက်သည်နှင့် လုပေါင် တိုက်ခိုက်နေသည်ကို မြင်လိုက်ရရာ ဤမိစ္ဆာကြီးများက သူ့ကို ခုနက ရိုက်နှက်ခဲ့သူများဟု ထင်မှတ်သွားခြင်းဖြစ်၏။ လုပေါင်က သူ့ကို ပစ်ချလိုက်ခြင်းဖြစ်ကြောင်း ထိုအကောင်လေး မသိချေ။
“အဝူးးး”
“ချီလင်မီးတောက်။”
မီးတောက်များ မှုတ်ထုတ်လိုက်သည့်အခါ ဟူယန် ညီအစ်ကိုမှာ ပျက်စီးခြင်းဆိုင်ရာ အပူရှိန်ကြီး သူတို့ထံ တိုးဝင်လာသည်ကို ခံစားလိုက်ရ၏။ထိုမီးတောက်ငယ်လေးမှာ ခဏချင်းအတွင်း ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
“မြေကမ္ဘာချပ်ဝတ် ကာကွယ်ကြ”
“အားးးး”
“ဝုန်းးးး”
မီးတစ်ချက် မှုတ်ထုတ်လိုက်ရုံဖြင့် တောအုပ်အတွင်း အပူရှိန်မှာ အမြင့်ဆုံးသို့ ရောက်သွားခဲ့သည်။အလွန်တောင့်တင်းသော မြေကမ္ဘာချပ်ဝတ်မှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။
မီးပင်လယ်ထဲမှ လူရိပ်လေးခု ပြေးထွက်လာကြသော်လည်း သူတို့ကိုယ်ပေါ်ရှိ ရွှေနီရောင် မီးတောက်များကြောင့် အလွန်အမင်း နာကျင်နေကြ၏။
“အလောင်းကောင်အငွေ့အသက် ရစ်ပတ်ခြင်း။”
အလောင်းကောင်အငွေ့အသက်များ အမြောက်အမြား ထွက်ပေါ်လာပြီး မြေပြင်ပေါ်တွင် ဖြန့်ကျဲလိုက်သည့်အခါမှသာ မီးတောက်များ ငြိမ်းသွားခဲ့၏။ချပ်ဝတ်အလောင်းကောင်များပေါ်ရှိ သံကြိုးများမှာလည်း မီးရှိန်ကြောင့် အရည်ပျော်ကျကုန်သည်။
“တိရစ္ဆာန်စုတ်”
ဝံပုလွေလေးဟူယန်က သူ၏ လည်ဂုတ်နောက်မှ နက်မှောင်သော အလောင်းကောင်ဓားတစ်လက်ကို ဆွဲထုတ်ရင်း ဟိန်းဟောက်လိုက်၏။သူ၏ တစ်ကိုယ်လုံးမှာလည်း မီးလောင်သဖြင့် ကတုံး ဖြစ်သွားခဲ့ရပြီဖြစ်သည်။
သူသည် မိမိကိုယ်ကို အလောင်းကောင်အဖြစ် ပြောင်းလဲမထားပါက ချက်ချင်း သေဆုံးသွားမည် ဖြစ်သည်။
ယခုမှသာ ဟူယန် ညီအစ်ကိုမှာ ဘာကြောင့် လူတွေက လုပေါင်အနားကို မကပ်ရဲကြသလဲဆိုသည်ကို နားလည်သွားကြတော့၏။ဒါက လွတ်လမ်းမဟုတ်ဘဲ သူတို့ကိုယ်တိုင် ဝင်လာမိသည့်သေတွင်းပင်ဖြစ်သည်။
လုပေါင်သည် ချီလင်လေးကို ကြည့်လိုက်၏။ မီးတစ်ချက် မှုတ်ပြီးနောက် အကောင်လေးမှာ ဒေါသပြေသွားပုံရကာ ပျောက်ကွယ်သွားသော သူ၏ အင်္ကျီလေးကို ကြည့်ပြီး လုပေါင်ကို လှမ်းကြည့်နေခဲ့၏။
“ထပ်မမှုတ်နဲ့တော့နော်...”
လုပေါင်က ၎င်းကို အမြန် ပွေ့ချီလိုက်၏။ သူသည်လည်း အနည်းငယ် ထိတ်လန့်နေခဲ့ခြင်းဖြစ်သည်။
“သူ့ရဲ့ သွေးမျိုးဆက်က အမှန်တကယ်ပဲ အသွင်ပြောင်းသွားပြီ...”
ပေါင်ရှင်းကျီသည်လည်း ကျောချမ်းသွားခဲ့၏။ထိုမီးတောက်ကို မည်သူက တားဆီးနိုင်မည်နည်း။
ချင်ပိုင်လျဲ့က သူ၏ တပည့်မလေးကို ကြည့်ကာ
“တွေ့လား... အရင်က မင်းဆရာလည်း အဲဒီလို မီးတောက်နဲ့ အမှုတ်ခံခဲ့ရတာ။”
ယခင်ကအရှက်ရစရာဟု ထင်ခဲ့သော်လည်း ယခုမူ ဂုဏ်ထူးဆောင်ဆရာကြီးတစ်ဦးနှင့် တန်းတူ အသက်ရှင်ခဲ့သည်ဟု တွေးကာ ဂုဏ်ယူနေသည်ဟု ဆိုရမည်။ ဖြူကြီး ကယ်တင်ခဲ့သည်ကိုမူ သူ မေ့နေခဲ့၏။
ဟူယန် ညီအစ်ကိုသည် ဖုတ်ကောင်ဝိညာဉ် ခန္ဓာကိုယ်အဖြစ် ပြောင်းလဲလိုက်ပြီး သူတို့၏ ခန္ဓာကိုယ်များမှာ သုံးမီတာကျော်အထိ ကြီးမားလာကြကာ ဘီလူးကြီးများအလား ဖြစ်သွားကြသည်။
နဂါးကျားတောင် နတ်ဆရာကြီး၊ လေချန်နှင့် ဘုန်းတော်ကြီးတို့မှာ ချက်ချင်းပင် လှုပ်ရှားလိုက်ကြ၏။ဤကဲ့သို့ ပြင်ပစွမ်းအားကို သုံးလာပါက ဂုဏ်ထူးဆောင်ဆရာကြီး တစ်ဦးနှစ်ဦးနှင့်ပင် တားဆီးရန် မလွယ်ကူတော့ချေ။
လုပေါင်သည် ပေါင်ရှင်းကျီက ဘေးမှ ထိုင်ကြည့်နေသည်ကို မြင်သည့်အခါ မကျေမနပ် ဖြစ်လာခဲ့၏။သူ အတိုက်ခံရတုန်းက အမြန်ဆုံး ပြေးသွားပြီး အခုကျမှ ဘေးထိုင်ကြည့်နေရသလားဟု သူ တွေးမိသည်။
လုပေါင်၏ စိတ်ထဲတွင် အကြံတစ်ခု ရလာခဲ့၏။
“စီနီယာ ပေါင်ရှင်းကျီ... ဒီတစ်ခေါက် ဖြူကြီးကို ပြန်တွေ့ချင်လား။ ဖြူကြီးက စီနီယာ့ကို စောင့်နေတာ အနှစ် ၁၆၀ တောင် ရှိပြီနော်။ ကျွန်တော့်ကို စကားတစ်ခွန်း ပါးလိုက်တယ်... ကြားချင်လား။”
လုပေါင်၏ အသံမှာ လူတိုင်း ကြားနိုင်အောင် ကျယ်လောင်လှ၏။ ပေါင်ရှင်းကျီ၏ အပြုံးမှာ တောင့်တင်းသွားပြီး
“ညီလေး... ဒီကိစ္စကို နောက်မှ ပြောကြတာပေါ့။”
“ကောင်းပြီလေ... ကျွန်တော်လည်း ဝင်မပါတော့ပါဘူး။ စီနီယာက မကြားချင်ဘူးဆိုရင်တော့ ဖြူကြီးကိုပဲ ကိုယ်တိုင်လာပြောခိုင်းလိုက်တော့မယ်။”
လုပေါင်က မကောင်းဆိုးဝါးလေးလို ပြုံးလိုက်၏။ .
‘အဘိုးကြီး.. ဆက်ပြီး ပြုံးနေစမ်းပါဦး။’
“ဘာ...”
ပေါင်ရှင်းကျီမှာ မကောင်းသော အငွှေ့အသက်ကို ခံစားလိုက်ရ၏။
“သားရဲဆင့်ခေါ်ခြင်းး။”
လုပေါင်သည် မြေပြင်ကို လက်ဖြင့် ရိုက်လိုက်ပြီး တွင်းနက်ကြီးကို ချက်ချင်း ဖွင့်လိုက်၏။
“ထွက်လာခဲ့စမ်းးး”
“ဝေါင်းး”
နားကွဲမတတ် ဟိန်းဟောက်သံကြီးနှင့်အတူ ဧရာမ ဖြူဖွေးသော ပုံရိပ်ကြီး တစ်ခု ထွက်ပေါ်လာခဲ့၏။၎င်းသည် သံတုတ်ကြီးကို ကိုင်ထားပြီး ငွေရောင်ချပ်ဝတ်များ ဝတ်ဆင်ထားကာ အဝေးရှိ ပေါင်ရှင်းကျီကို စိုက်ကြည့်နေသည်။
‘ဟင်...ဘာလို့ ချပ်ဝတ်တွေ ဝတ်ထားတာလဲ။’
လုပေါင်ပင်အံ့သြသွားခဲ့၏။
“အမေရေ...”
ချင်ပိုင်လျဲ့မှာ အသံကုန် အော်ဟစ်ကာ ပေါင်ရှင်းကျီကို လှမ်းကြည့်လိုက်၏။
ပေါင်ရှင်းကျီ၏ မျက်နှာမှာ ဖြူဖျော့သွားပြီး နှုတ်ခမ်းများ တုန်ယင်လာခဲ့၏။
“မလုပ်ပါနဲ့... မလုပ်နဲ့ဦး ဖြူကြီး... စိတ်မလောပါနဲ့... ငါ... ငါက...”
“ပေါင်ရှင်းကျီ...”
“ဝူးးးး”
ဖြူကြီးသည် ကောင်းကင်သို့ မော့ကာ ဟိန်းဟောက်လိုက်၏။ထိုအသံမှာ မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်လှရာ လုပေါင်ပင် တုန်သွားခဲ့သည်။ ဖြူကြီး၏ နောက်ထပ် ဘွဲ့အမည်တစ်ခုမှာ ဝုန်းဒိုင်းကြဲမျောက် ဖြစ်ကြောင်း သူ မသိခဲ့ချေ။
နောက်ထပ် မြင်တွေ့လိုက်ရသော မြင်ကွင်းမှာ လုပေါင်ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့၏။နှစ်ပေါင်းများစွာ ကွဲကွာနေသော ချစ်သူများ ပြန်ဆုံလျှင် ငိုယိုဖက်နမ်းကြမည်ဟု သူ ထင်ထားသော်လည်း ယခုမူ ဖြူကြီးသည် လေထဲသို့ ခုန်တက်ကာ သံတုတ်ကြီးဖြင့် ပေါင်ရှင်းကျီကို အားရပါးရ ရိုက်နှက်လေတော့သည်။
“ဖြူကြီး... စိတ်လျှော့ပါဦးးး”
“ပေါင်ရှင်းကျီ...”
“အား... မလုပ်နဲ့”
ဖြူကြီးမှာ ပေါင်ရှင်းကျီနောက်သို့ လိုက်လံ ရိုက်နှက်နေတော့၏။လူနှင့် မျောက်မှာ ခဏချင်းအတွင်း တိုက်ပွဲဝင်နေကြပြီး ပေါက်ကွဲသံများမှာလည်း အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။
“အော်...”
လုပေါင်သည်ခေါင်းကုတ်လိုက်၏။
‘ဘာလို့သူထင်ထားတာနဲ့ လုံးဝ တခြားစီ ဖြစ်နေရတာလဲ။’
“ဖြူကြီးက မျောက်ဖြူကြီးလားး”
“ငါက ဖြူကြီးဆိုတာ ဂုဏ်ထူးဆောင်ဆရာမကြီး တစ်ယောက်လို့ ထင်နေတာ...”
“တကယ့်ကို ကြမ်းတမ်းလိုက်တာ...”
အမှန်တရားကို သိထားသော လူအနည်းငယ်မှလွဲ၍ အခြားသူများမှာ ဖြူကြီးမှာ မျောက်ဖြူကြီးမှန်းယခုမှ သိကြတော့၏။ တိုက်ခိုက်ရန် ပြင်နေကြသော ပညာရှင်များမှာလည်း ယခုအခါ ပွဲကြည့်ပရိသတ်များအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။
အခန်း ၉၆ - ရွှေရောင်အလင်း ဂါထာတော်။
စီနီယာဖြူကြီး၏ သောင်းကျန်းမှုမှာ လုပေါင်၏ တွက်ဆထားမှုထက်များစွာ ကျော်လွန်နေခဲ့၏။
သူသည် ပေါင်ရှင်းကျီအတွက် အကြီးဆုံး နှစ်ထောင်ချီ မီးဝိညာဉ်သီးကို ချန်ထားပေးခဲ့ပါလျက်နှင့် အခုတော့ သူတို့နှစ်ယောက်က ပြန်ဆုံဆုံချင်း ရန်သူတွေလို တိုက်ခိုက်နေကြခြင်းဖြစ်သည်။
‘အချစ်ကနေ အမုန်းအဖြစ် ပြောင်းသွားတာလား။’
ထိုစဉ် ချန်ချုံးရှန်းနှင့် လက်နက်အပြည့်အစုံတပ်ဆင်ထားသော အထူးတပ်ဖွဲ့ဝင်များ ရောက်ရှိလာကြ၏။စနိုက်ပါသမားများက နေရာယူထားကြပြီး ဒုံးပစ်လောင်ချာများကဲ့သို့ အဖျက်စွမ်းအားပြင်း အပူစွမ်းအင်သုံး လက်နက်များမှာလည်း ဟူယန် ညီအစ်ကိုထံသို့ ပစ်မှတ်ထားထားကြသည်။
“နဂါးကျားတောင် နတ်ဆရာကြီး... ခင်ဗျား လွန်လာပြီ။”
ဝံပုလွေလေး ဟူယန်က ရုတ်တရက် ဟိန်းဟောက်လိုက်ချိန်တွင် သူတို့၏ ပတ်ဝန်းကျင်၌ လျှပ်စီးများ စတင် ပေါက်ကွဲထွက်လာ၏။နဂါးကျားတောင် နတ်ဆရာကြီးက စတင် လှုပ်ရှားလိုက်ခြင်းပင်ဖြစ်သည်။
“မင်းတို့က လူလို့ အခေါ်ခံရဖို့တောင် တန်ရဲ့လား။”
အဘိုးအိုသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ တစ်လှမ်းချင်း လျှောက်လာခဲ့၏။
အလောင်းကောင်အငွေ့အသက် များ ပေါက်ကွဲထွက်လာပြီး ချပ်ဝတ်အလောင်းကောင် နှစ်ကောင်မှာ ဟူယန် ညီအစ်ကို၏ ရှေ့တွင် ဘယ်နှင့်ညာ ဒိုင်းလွှားကြီးများအလား ကာကွယ်လိုက်ကြ၏။၎င်းတို့၏ ခေါင်းပေါ်ရှိ ရွှေရောင်ဦးချိုများမှ သွေးနီရောင် အငွေ့အသက်များ စုစည်းလာခဲ့သည်။
ရုတ်တရက် ရွှေရောင်အလင်းများ လက်ခနဲ ဖြစ်သွားပြီး နတ်ဆရာကြီး၏ တစ်ကိုယ်လုံးမှာ ရွှေရောင်ဝင်းလက်သွားခဲ့၏။
“ရွှေရောင်အလင်း ဂါထာတော်”
ချင်ပိုင်လျဲ့၏ မျက်လုံးများမှာ မနာလိုစိတ်ကြောင့် နီရဲလာခဲ့၏။ရွှေရောင်အလင်း ဂါထာတော်မှာ အားကောင်းသော တိုက်စစ်နှင့် မကုန်ခမ်းနိုင်သော လျှို့ဝှက်ချက်များ ရှိသည့် အတောင့်တင်းဆုံး ခန္ဓာကိုယ်သန့်စင်ခြင်း ပညာရပ်များထဲမှ တစ်ခုဖြစ်သည်။
“ဘာ ရွှေရောင်အလင်း ဂါထာတော်လဲ။”
လုပေါင်၏ မျက်လုံးများ တောက်ပသွား၏။ ဒီလူတွေက တကယ်ကို လန်းလွန်းလှသည်။
ခဏချင်းအတွင်းမှာပင် နတ်ဆရာကြီးမှာ ငယ်ရွယ်နုပျိုသွားသကဲ့သို့ ဖြစ်သွားပြီး ရွှေရောင်အလင်းအောက်တွင် အလွန်ပင် ခန့်ညားထည်ဝါနေခဲ့သည်။
“ကောင်းကင်နဲ့ မြေကြီးရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဂိုဏ်း... ချီစွမ်းအင်အားလုံးရဲ့ မြစ်ဖျားခံရာ... ဘဝပေါင်း ကုဋေကုဋာ ကျင့်ကြံပြီး ငါ့ရဲ့ နတ်ဘုရားတန်ခိုးကို သက်သေပြမယ်။သုံးလောကအတွင်းနဲ့ အပြင်မှာ တရားဓမ္မကသာ အမြင့်မြတ်ဆုံး... ခန္ဓာကိုယ်ထဲက ရွှေရောင်အလင်းက ငါ့ကို လွှမ်းခြုံ လင်းလက်စေတယ်... ဒါက ရွှေရောင်အလင်း ဂါထာတော်ပဲ...”
ချင်ပိုင်လီက တိုးတိုးလေး ရွတ်ဆိုနေခဲ့၏။ သူ၏ အမြင့်ဆုံး ခုခံနိုင်စွမ်းရှိသော ရွှေရောင် နွားရိုင်းခန္ဓာကိုယ်ပင်လျှင် ရွှေရောင်အလင်း ဂါထာတော်၏ မဖောက်ထွင်းနိုင်သော ခုခံမှုကို မယှဉ်နိုင်ချေ။
ခုခံစစ်က ရွှေကိုယ်ထည်ဖြစ်ပြီး တိုက်စစ်ကမူ အမြင့်ဆုံးသော လျှပ်စီးပညာရပ် ပင် ဖြစ်ပေတော့သည်။
ချပ်ဝတ်အလောင်းကောင်များမှာ အားအင်များကို စုစည်းကာ သွေးနီရောင် စွမ်းအင်များကို မြားများအဖြစ် ပြောင်းလဲလိုက်ကြ၏။
“သွေးအလောင်းကောင်မြားးးး”
ဟူယန် ညီအစ်ကို၏ ဟိန်းဟောက်သံနှင့်အတူ သွေးရောင်မြားနှစ်စင်းမှာ လျှပ်စီးအလား ပျံသန်းသွားသော်လည်း နတ်ဆရာကြီးကမူ မမြင်သည့်အလား တည်ငြိမ်နေခဲ့၏။
သွေးရောင်အလင်းနှင့် ရွှေရောင်အလင်း... သွေးရောင်မြားများမှာ တဖြည်းဖြည်း အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်ကို မြင်လိုက်ရသည့်အခါ လူတိုင်း ကျောချမ်းသွားကြ၏။ဟူယန် ညီအစ်ကိုမှာမူ ပို၍ ထိတ်လန့်သွားခဲ့ရသည်။ထိုသို့သော တိုက်စစ်မျိုးကပင် သူ၏ ကိုယ်ရောင်အလင်းကို မဖောက်နိုင်ပါလား။
‘သူက ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ။’
“မင်းတို့က အရမ်း အားနည်းလွန်းနေတယ်။”
နတ်ဆရာကြီးကအေးစက်စွာ ပြောလိုက်ပြီးနောက် လက်ဝါးထဲတွင် လျှပ်စီးများ လက်ခနဲ ဖြစ်သွား၏။
“လျှပ်စီးလက်ဝါးး”
“မြေကမ္ဘာချပ်ဝတ် အသက်သွင်းခြင်းးး”
“ကာကွယ်ကြ။”
နတ်ဆရာကြီးသည် လက်တွေ့တွင် တိုက်ခိုက်လေ့မရှိဘဲ တစ်သက်လုံး ရှုံးနိမ့်ခြင်းမရှိခဲ့သူဖြစ်ရာ အိုမင်းနေပြီဖြစ်သော်လည်း အလွန်ပင် ကြောက်စရာကောင်းနေဆဲ ဖြစ်သည်။
“ဝုန်းးးး”
လက်ဝါးလျှပ်စီးက ထိမှန်သွားပြီဖြစ်၏။
မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်လှရာ လုပေါင်မှာ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေခဲ့၏။မြေကမ္ဘာချပ်ဝတ်မှာ ချက်ချင်းပင် ပျက်စီးသွားပြီး အားပြင်းသော လျှပ်စီးများက ချပ်ဝတ်အလောင်းကောင်နှစ်ကောင်နှင့် ဟူယန် ညီအစ်ကိုတို့ကို လွှမ်းခြုံသွားတော့သည်။
အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီးနောက် မကြာမီမှာပင် ငြိမ်သက်သွားခဲ့၏။
“အဟွတ်... အဟွတ်*”
နတ်ဆရာကြီးမှာ ချောင်းဟန့်လိုက်ပြီးနောက် ရွှေရောင်အလင်းများ ပျောက်ကွယ်သွားကာ ယခင်ကဲ့သို့ အားနည်းသော အဘိုးအိုအသွင်သို့ ပြန်ပြောင်းသွားခဲ့၏။
“ဘုရားရေ...”
လုပေါင်မှာ ချီလင်လေး၏ ခေါင်းကို ပုတ်ရင်း ကြောက်လန့်သွားခဲ့၏။
‘ဒီအဘိုးကြီးကဘယ်သူ့ကို လှည့်စားဖို့ အားနည်းချင်ယောင် ဆောင်နေတာလဲ ဘယ်သူကများ အဲဒီတိုက်ကွက်ကို ခံနိုင်မှာလဲ။’
ချီလင်လေးကမူ ပျင်းရိစွာဖြင့် သမ်းဝေနေပြီး ဂရုမစိုက်သည့်ဟန် ရှိသည်။
ဟူယန် ညီအစ်ကိုမှာမူ သေလုနီးပါး ဖြစ်သွားခဲ့ပြီဖြစ်၏။
ဤဘက်တွင် တိုက်ပွဲပြီးသွားသော်လည်း ပေါင်ရှင်းကျီ၏ တိုက်ပွဲမှာမူ ပို၍ ပြင်းထန်လာ၏။ကျောက်တုံးများ ကွဲအက်ကာ သစ်ပင်များ ကျိုးပဲ့နေပြီး စီနီယာဖြူကြီး၏ ဟိန်းဟောက်သံနှင့်အတူ ပေါင်ရှင်းကျီ၏ အသနားခံသံများကိုလည်း ရံဖန်ရံခါ ကြားနေရသည်။
သတိလစ်နေသော ဟူယန် ညီအစ်ကိုကို ကြည့်ပြီးနောက် လုပေါင်၏ အကြည့်က မလှုပ်မယှက် ရှိနေသော ချပ်ဝတ်အလောင်းကောင် နှစ်ကောင်ထံ ရောက်သွား၏။
‘တိုက်ပွဲထဲမှာ စက်ရုပ် တစ်ကောင်ကို မောင်းနှင်ရသလိုမျိုးကို ဘယ်သူက မနာလိုဘဲ နေမှာလဲ။’
လုပေါင်သည် ချီလင်လေးကို ပွေ့ကာ ထိုအလောင်းကောင်များအနားသို့ ပြေးသွားလိုက်၏။ထိုအလောင်းကောင်များမှာ လျှပ်စီးဒဏ်ကြောင့် ထိန်းချုပ်မှု လွတ်သွားသော်လည်း ခန္ဓာကိုယ်မှာမူ ထိခိုက်မှု သိပ်မရှိလှချေ။
၎င်းမှာ လျှပ်စီးကြောင့် ခန္တာကိုယ် ထိန်းချုပ်မှုပိုင်းတွင် ပြဿနာတက်သွားခြင်းသာ ဖြစ်သည်။
“ခြေလှမ်းတစ်ရာ နတ်မင်းလက်သီးး”
ချီလင်လေးကို မြေပြင်ပေါ် ခဏချထားပြီး လုပေါင်က ခြေလှမ်းတစ်ရာ နတ်မင်းလက်သီးကို ထပ်မံ ထိုးလိုက်၏။
လက်သီးတစ်ချက်စီ ထိုးလိုက်သည့်အခါ ချပ်ဝတ်အလောင်းကောင်များမှာ ဆယ်မီတာကျော်အထိ လွင့်ထွက်သွားပြီး လုပေါင်ကမူ ချက်ချင်း ပြေးသွားကာ တစ်ကောင်ကို ဖမ်းကိုင်လိုက်၏။
“သိမ်းဆည်းလိုက်ပြီဖြစ်၏။
“အဲဒါတွေက သခင်နဲ့ သွေးစာချုပ်ချုပ်ထားတဲ့ အလောင်းကောင်တွေပဲ ခိုးသွားလည်း အလကားပဲ သခင်သစ်ကို ပြန်တိုက်ခိုက်လိမ့်မယ်။”
လေချန်သည်လုပေါင်၏ စရိုက်ကို သိသဖြင့် သတိပေးလိုက်၏။
သူသည် နတ်ဆရာကြီး၏ ခွန်အားကြောင့် အံ့သြနေရဆဲ ဖြစ်သည်။
ခဏချင်းအတွင်းမှာပင် ချပ်ဝတ်အလောင်းကောင် တစ်ကောင် ပျောက်ကွယ်သွား၏။
“သိုလှောင်အိတ်လား။”
“မဖြစ်နိုင်တာ...”
သိုလှောင်အိတ်များမှာ အလွန်ရှားပါးပြီး နဂါးကျားတောင် နတ်ဆရာကြီးထံတွင် ရှိသော အိတ်မှာပင် အလွန်သေးငယ်ကာ ပစ္စည်းအနည်းငယ်သာ ဆံ့သည်။
ယခုမူ အခြားအလောင်းကောင် တစ်ကောင်ပါ ပျောက်ကွယ်သွားပြန်ပြီ။
လုပေါင်သည် ဟူယန် ညီအစ်ကို၏ အလောင်းကောင်ဗူး အလောင်းကောင်ဓားနှစ်လက်နှင့်သွေးနီရောင် ကျောက်စိမ်းဆွဲသီး တစ်ခုကိုပါ သိမ်းဆည်းလိုက်၏။ဤအရာများမှာ လျှပ်စီးနှင့် ချီလင်မီးတောက်အောက်တွင် မပျက်မစီး ကျန်ရှိနေသော အရာများဖြစ်သည်။
ချီလင်လေးမှာလည်း အနားသို့ ပြေးလာပြီး လုပေါင်ကို မော့ကြည့်လိုက်၏။”
“ရပါတယ် မင်းရဲ့ အင်္ကျီလေးတွေက တန်ဖိုးကြီးပေမဲ့ အခုတော့ ပျက်စီးသွားပြီလေ အဲဒီအစား ဒါတွေကို လျော်ကြေးအဖြစ် ယူလိုက်ကြတာပေါ့။”
လုပေါင်သည်အရှက်မရှိ ပြောဆိုရင်း ချီလင်လေးကို ပွေ့ချီလိုက်၏။
“အဝူးးး”
ချီလင်လေးကလည်း သူ၏ ကိုယ်ပေါ်မှ အဝတ်အစားလေးများ ပျောက်ကွယ်သွားသည်ကို ကြည့်ကာ အတည်ပေါက် ခေါင်းညိတ်ပြသည်။
‘မှန်တာပေါ့’
“အဲ... ခုနက မင်းယူလိုက်တဲ့ ကျောက်စိမ်းဆွဲသီးကို ငါ့ကို တစ်ချက်ပြပါဦး။”
ချင်ပိုင်လျဲ့မှာအနားသို့ ပြေးလာသော်လည်း မကပ်ရဲဘဲ အဝေးမှနေ၍ ချီလင်လေးကို လှမ်းကြည့်ကာ မေးလိုက်၏။
“ကျောက်စိမ်းဆွဲသီး။ဘယ်ကျောက်စိမ်းဆွဲသီးလဲ။”
လုပေါင်ကဘာမှမသိသည့်ဟန်ဖြင့် ပြန်မေးလိုက်၏။
‘ခင်ဗျားဘာတွေ ပြောနေတာလဲ ကျွန်တော် ဘယ်တုန်းက ယူလို့လဲ။’
“…
‘ငါတို့ကို မျက်စိကန်းနေတယ်လို့ ထင်နေတာလား။’
“ဖြူကြီး တော်တော့... မတိုက်နဲ့တော့ ထပ်တိုက်နေရင် ငါ ပြန်ခုခံတော့မှာနော်။”
ပေါင်ရှင်းကျီကနောက်ဆုံးတွင် အော်ဟစ်လိုက်ရ၏။အဆင့်တက်သွားသော စီနီယာဖြူကြီးမှာ အလွန်ပင် ကြမ်းတမ်းလွန်းသဖြင့် သူ မနည်း ခုခံနေရသည်း။
“ဝူးးး”
စီနီယာဖြူကြီးမှာ ထိုစကားကြောင့် ပို၍ စိတ်လှုပ်ရှားသွားပုံရကာ ၎င်း၏ အရွယ်အစားမှာ ထပ်မံ ကြီးမားလာပြီး တစ်ကိုယ်လုံးမှာ အဖြူရောင်အလင်းများ ထွက်ပေါ်လာကာ အပူရှိန်များလည်း မြင့်တက်လာခဲ့၏။
တစ်ချိန်တည်းမှာပင် ပေါင်ရှင်းကျီကလည်း လက်ဝါးနှစ်ဖက် ပူးလိုက်ရာ သူ၏ တစ်ကိုယ်လုံးမှာလည်း အဖြူရောင်အလင်းများ ထွက်ပေါ်လာခဲ့သည်ဟု ဆိုရမည်။
“မျောက်သိုင်းပညာ ပြိုင်ပွဲပဲ အားလုံး နောက်ဆုတ်ကြ။”
“သူတို့ အတည်ပေါက် တိုက်ကြတော့မယ်။”
“နောက်ဆုတ်။”
မျောက်သိုင်းပညာကို တီထွင်ခဲ့သူနှင့် ၎င်းကို ပထမဆုံး သင်ယူခဲ့သော လူသားတို့၏ တိုက်ပွဲမှာ လုပေါင် ထင်ထားသကဲ့သို့ မဟုတ်ချေ။ဤဂုဏ်ထူဆောင်ဆရာကြီးများထဲတွင် မည်သူမျှ ရိုးရှင်းသူ မရှိကြချေ။
ဟူယန် ညီအစ်ကို နဂါးကျားတောင် နတ်ဆရာကြီး၊ စီနီယာဖြူကြီး၊ ပေါင်ရှင်းကျီ... အားလုံးမှာ လုပေါင်ကို အံ့အားသင့်စေခဲ့၏။
ကံကောင်းစွာဖြင့် နီနီလေးသည် မီးပုရွက်ဆိတ်နီတပ်သားများကို ဟွိုင်ရို့တောင်တန်းကြီး၏ အနက်ရှိုင်းဆုံးနေရာသို့ ခေါ်သွားခဲ့သဖြင့်သာ အသေအပျောက် မရှိခဲ့ခြင်းဖြစ်သည်။
စီနီယာဖြူကြီးက သူ၏ သံတုတ်ကြီးကို ပစ်ချလိုက်ပြီး ပေါင်ရှင်းကျီကလည်း ရှောင်တိမ်းခြင်း မပြုတော့ချေ။
အဖြူရောင်အလင်းတန်း နှစ်ခုမှာ အလွန်ပင် စူးရှလှပြီး သူတို့၏ အရှိန်မှာလည်း ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။
“ဒါက ချီလင်သားရဲလား။”
ရှန်ကွမ်းဟုန်လွမ်သည် အနားသို့ တိုးကြည့်လိုက်၏။ထိုသားရဲဆိုးကြီးမှာ မျက်နှာစိမ်းနှင့် အစွယ်ကြီးများရှိကာ ငါးမီတာကျော် မြင့်ပြီး နွားတစ်ကောင်ကို တစ်လုပ်တည်း မျိုနိုင်သည်ဟု သူမ၏ ဆရာက ပြောဖူးသည်ဟု ဆိုရမည်။
‘ဒါပေမဲ့... ဒါက အရမ်း သေးလွန်းနေတာ မဟုတ်ဘူးလား။’
သူမသည် သူမ၏ ဆရာကို လှည့်ကြည့်လိုက်၏။
‘သူကတော့တကယ်ကို လေကြီးတာပဲ။’
“ဘာ ချီလင်သားရဲလဲ ဒါက ခြင်္သေ့ပေါက်လေးပါ။”
လုပေါင်ကပြတ်ပြတ်သားသား ငြင်းဆိုလိုက်၏။
‘လျှောက်မပြောနဲ့ဦးလေ သတင်းတွေ ပျံ့သွားရင် ငါ နောက်ကျမှ ဝက်လိုဟန်ဆောင်ပြီး ကျားကို ဘယ်လို စားရတော့မှာလဲ။’