← Chapters

နောက်ကွယ်သတင်းစကားများ

Vol. 10 Ch. 951

နောက်ကွယ်သတင်းစကားများ

Vol. 10 Ch. 951

ရဲ့မော်ထျန်းက တာအိုကျောင်းတော်ကို စောင့်ရှောက်ရသူ ဖြစ်၏။

သူ၏ ကျင့်ကြံခြင်းအဆင့်က လွန်ခဲ့သည့်အတိတ်အချိန်များက မိုးကောင်းကင်တောင်ဘက်တံခါးကို စောင့်ရသည့် နတ်စစ်သည်များထက် မနိမ့်ပေ။

ထို့ကြောင့် ချင်းရှကျောင်းတော်ကိုကာကွယ်ပေးရန် သူ၏တန်ခိုးစွမ်းအားက လုံလောက်လေ၏။

ယခုတော့ သူက သူ့ဘဝနေ့ရက်များကို သဘောကျနေပြီ ဖြစ်သည်။ ပျင်းရိစရာကောင်းသော်လည်း အပူအပင်မရှိသလို မည်သူမှလည်း သူ့ကို ဒုက္ခလာပေးမည့်သူ မရှိပေ။

ဆန်းလျန်က ဘုရင်ရှစ်ပါးနန်းတော်နှင့် ကျောက်စိမ်းဝိညာဉ်နန်းတော်မှ မီးအိမ်များကို သွားရောက်ယူဆောင်ပြီးကတည်းက ဆန်းလျန်ကို မည်သူမှ ရန်မစရဲကြတော့ပေ။

သူ၏လုပ်ရပ်က တစ်ချိန်က မျောက်မင်းစွန်းဝူခုံး ကောင်းကင်ဘုံကို စစ်ချီသကဲ့သို့ ပြင်းထန်ခြင်း မရှိသော်လည်း နတ်ဘုရားများကတော့ အကျိုးအကြောင်း ဆင်ခြင်ခွဲခြားတတ်သူများ ဖြစ်ကြလေသည်။

နောက်ပိုင်း ရွှမ်ဟွမ်မိုးနတ်မင်းဖြစ်သည့် ရွှမ်တုတောက်ကျွင်း ကောင်းကင်ဘုံနန်းတော်သို့ ပြန်ရောက်လာသည့်တိုင် ဆန်းလျန်ကိုတော့ ပြဿနာလာမရှာခဲ့ပေ။

ဤသည်ကိုကြည့်ခြင်းအားဖြင့် လောကတွင် ဆန်းလျန်ကို ရန်စရဲသူ တစ်ယောက်မှမရှိတော့ကြောင်း သက်သေပြလျှက်ရှိသည်။

မည်သူမှ ထုတ်ဖော်ပြောဆိုကြခြင်း မရှိသည့်တိုင် ဆန်းလျန်သည် နတ်ဘုရားတို့၏လောကနှင့် သုံးလောကတစ်ခွင်တွင် ပြိုင်ဘက်ကင်း လောကပထမဖြစ်ကြောင်း အားလုံး၏စိတ်ထဲတွင် အသိအမှတ်ပြုထားလိုက်ကြပြီ ဖြစ်လေသည်။

မည်သူမှ ထိုအကြောင်းကို ကျယ်ကျယ်လောင်လောင်မပြောကြခြင်းမှာ မိုးနတ်မင်းကြီး ရွှမ်တုတောက်ကျွင်းကို အားနာသောကြောင့်ဖြစ်သလို ရွှမ်တုတောက်ကျွင်း အမျက်ရှမည့်ဒဏ်ကိုလည်း မခံလိုကြသောကြောင့် ဖြစ်သည်။

သို့သော်… ထုတ်ဖော်မပြောကြသည့်တိုင် နတ်ဘုရားများက အလုပ်ဖြင့် သက်သေပြခဲ့ကြသည်။

ဥပမာဆိုရသော်… ချင်းရွှမ်နတ်တံခါး၏ အမွေကိုဆက်ခံခဲ့သည့် အသက်ရှည်စေခြင်းကျောင်းတောင်တွင် ရုတ်တရက် လူများစည်ကားလာခြင်းပင် ဖြစ်သည်။

လူသိများကျော်ကြားကြသည့်နတ်ဘုရားများစွာ ၊ ကျင့်ကြံသူများစွာ ၊ နတ်မိစ္ဆာများစွာ အသက်ရှည်စေခြင်းကျောင်းတော်သို့ ရောက်ရှိလာကြလေ၏။ ရောက်ရှိလာကြသူများထဲတွင် မာနကြီးသည့် နတ်ဘုရာများပင် ပါဝင်ကြသေးသည်။

ဒဏ္ဍာရီအရဆိုလျှင် အသက်ရှည်စေခြင်းကျောင်းတော်သည် ချင်းရွှမ်နတ်တံခါးတည်ရှိရာနေရာတွင် တည်ဆောက်ထားခဲ့ခြင်းဖြစ်ပြီး ဆန်းလျန်ထျန်းကျွင်းအနေဖြင့် ယခင်က အကြောင်းအရာများအပေါ်တွင် ခံစားချက် ရှိနေလျှင် သူတို့ကိုလည်း မျက်နှာသာပေးနိုင်သည်ဟု နတ်ဘုရားများ တွေးထင်ခဲ့ကြလေသည်။

ဆန်းလျန်ထျန်းကျွင်း စိတ်မပျော်ရွှင်ပါက သူတို့ အသက်မရှည်နိုင်ဖြစ်ကြရမည်ကို နတ်ဘုရားများ စိုးရိမ်ကြလေသည်။

အသက်ရှည်စေခြင်းကျောင်းတော်တွင် အရင်အချိန်များစွာက ဆန်းလျန်နှင့်ပတ်သက်သည့် ခြေရာလက်ရာ များစွာ ကျန်နေသေးသည်။

တာအိုဆရာသခင်ထိုက်ယီ၏ အရှိန်အဝါကြောင့် တာအိုဆရာလီချင်းဆွေကို မည်သူမှ သွားပြီး ရန်မစရဲကြသလို ဆန်းလျန်ထျန်းကျွင်း၏ အရှိန်အဝါကြောင့် အားလုံးက ရှင်သန်စေခြင်းကျောင်းတော်ကို လေးမြတ်လာရခြင်း ဖြစ်၏။

အကောင်းအဆိုးနားမလည်သူများသည် အဆုံးသတ်လည်းမလှကြလေရာ ဆန်းလျန်ထံမှ မျက်နှာသာရအောင် အားလုံးက အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ကြလေ၏။

ဆန်းလျန်သည် တာအိုဆရာသခင်ကြီးတစ်ပါး မဖြစ်သေးသော်လည်း သူ၏ တန်ခိုးစွမ်းအားများက တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်နိုင်ရန် တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သည်။

သစ်တစ်ပင်ကောင်းတော့ ငှက်တစ်သောင်းနားရဆိုသလို ဆန်းလျန်ကဲ့သို့ အမှီကောင်းကို ရထားသည့် ရဲ့မော်ထျန်း တစ်ယောက်၏ဘဝကတော့ အလွန်အေးဆေး ငြိမ်းချမ်းနေလေ၏။

သို့သော်… သူ့တွင် မကျေနပ်ချက်အနည်းငယ် ရှိလေသည်။

ဘုန်းတော်ကြီးကျွယ်ရှင်းက သူနှင့် တန်ခိုးစွမ်းအား မတိမ်းမယိမ်းဖြစ်သည့်အတွက် အသာထား၍ရသော်လည်း မနေ့တစ်နေ့ကမှ စတင်ကျင့်ကြံသည့် ပိုင်ရှောက်ယွီက သူ့ကို ခြေရာတိုင်းနေခြင်း ဖြစ်၏။

ထိုအချက်က တကယ်ပင် စိတ်ပျက်စရာကောင်းလေသည်။

သို့သော်… ပိုင်ရှောက်ယွီက ဆန်းလျန်နှင့် ခင်မင်သူဖြစ်သည့်အတွက် ရဲ့မော်ထျန်းက စိတ်ပျက်နေသည့်တိုင် ထုတ်ဖော်ပြသခြင်း မရှိပေ။

သူနှင့် ပိုင်ရှောက်ယွီ မည်သူကသာသည်ကို ပိုင်ရှောက်ယွီကို တစ်ချိန်ချိန်တော့ ပညာပေးလိုက်ဦးမည်ဟု ရဲ့မော်ထျန်း စဉ်းစားနေခဲ့သည်။

ထိုအချိန်မှာပင်… တိုက်တိုက်ဆိုင်ဆိုင် ပိုင်ရှောက်ယွီတစ်ယောက် သူ့ရှေ့သို့ ရောက်လာ၏။

ရဲ့မော်ထျန်းက မသိချင်ယောင်ဆောင်ပြီး မျက်နှာကို တစ်ဖက်သို့ လှည့်ထားလိုက်သည်။

ပိုင်ရှောက်ယွီက…

"လောင်ရဲ့…"

ရဲ့မော်ထျန်းက စကားပြန်ပြောခြင်း မရှိပေ။

မသိချင်ယောင်ဆောင်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။ ထို့ကြောင့် ပိုင်ရှောက်ယွီက ရဲ့မော်ထျန်း၏ ခန္ဓာကိုယ်ကို တွန်းလိုက်လေ၏။

ရဲ့မော်ထျန်းက စိတ်ထဲမှ တွေးလိုက်သည်။

"ဒီကောင်စုတ်လေးကတော့ ကိုင်ပေါက်တာ ခံရတော့မယ်…"

ထို့နောက် ရဲ့မော်ထျန်းက သူ၏ တန်ခိုးစွမ်းအားများကို တိတ်တဆိတ်စုစည်းလိုက်ပြီး ပိုင်ရှောက်ယွီကို ကိုင်ပေါက်ရန် အသင့်ပြင်ဆင်ထားလိုက်သည်။

ပိုင်ရှောက်ယွီကတော့ သူ ကိုင်ပေါက်ခံရကာနီးပြီးကို မသိဘဲ သူ့ကို အရေးမလုပ်သည့် ရဲ့မော်ထျန်း၏ ခြေဖဝါးအောက်ကို ကလိထိုးလိုက်သည်။

ထိုအခါ ရဲ့မော်ထျန်း၏ ခြေဖဝါးထက်မှ တန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး ပိုင်ရှောက်ယွီကို ကန်ထုတ်လိုက်လေသည်။

သို့သော်… ရဲ့မော်ထျန်း၏ နတ်ဆိုးတန်ခိုးစွမ်းအားများက ပိုင်ရှောက်ယွီကို ထိမှန်သွားခြင်း မရှိဘဲ သိမ်မွေ့သည့် စွမ်းအားများအဖြစ်ပြောင်းလဲကာ လေထုထဲတွင် လွင့်ပြယ်သွားသည်။

ရဲ့မော်ထျန်း၏ ခြေကန်ချက်က ပိုင်ရှောက်ယွီကို  မထိခိုက်စေခဲ့ပေ။ ပိုင်ရှောက်ယွီက သူ၏ အင်္ကျီမှ ဖုန်မှုန့်များကို ခါလိုက်ပြီး မတ်တတ်ပြန်ရပ်လိုက်သည်။

သူက ရဲ့မော်ထျန်းကို ကြည့်ပြီး ပြုံးလိုက်ရင်း...

"လောင်ရဲ့ရာ… ကျုပ်က သခင်လေးအမိန့်ပေးလိုက်လို့ လာပြောတာနော် ၊ မင်းက ကျုပ်ကို ဒီလိုမျိုးလုပ်ရသလား…"

ရဲ့မော်ထျန်းက ပိုင်ရှောက်ယွီကိုကြည့်ရင်း ကြိတ်ပြီး အံ့အားသင့်သွားသည်။

"ဒီကောင်လေးက ထိုက်ချိတန်ခိုးစွမ်းအားကိုတောင် နားလည်နေပြီလား…."

ဟု ရဲ့မော်ထျန်း တွေးလိုက်မိ၏။

ဆန်းလျန် အမိန့်ပေးလိုက်သည်ဆိုသည့်စကားကို ကြားလိုက်သည်နှင့် ရဲ့မော်ထျန်း ပြာပြာသလဲဖြစ်သွားပြီး လေးလေးစားစားပင် မေးမြန်းလိုက်သည်။

"သခင်လေးက ဘာအမိန့်ပေးလိုက်တာလဲ…"

ပိုင်ရှောက်ယွီက…

"သခင်လေးက တောင်အောက်ကိုဆင်းပြီး ဘုရင့်နေပြည်တော်ကို သွားရမယ်တဲ့ ၊ ပြီးတော့ ဒီရတနာပစ္စည်းကို ဘုရင့်မြေးတော်ကို ပေးရမယ်တဲ့…"

ပြောပြီးသည်နှင့် ပိုင်ရှောက်ယွီက သူ၏အင်္ကျီရင်ဘတ်ထဲမှ စည်းတံဆိပ်တစ်ခုကို ထုတ်ယူလိုက်သည်။

ထိုစည်းတံဆိပ်က အနက်ရောင်တစ်ဝက် ၊ အဖြူရောင်တစ်ဝက်ဖြင့်ပြုလုပ်ထားသည့် ထိုက်ချိသင်္ကေတ စည်းတံဆိပ် ဖြစ်လေသည်။ ယင်နှင့်ယန် တန်ခိုးစွမ်းအားများက အဆုံးမရှိ အတူတကွ ပေါင်းစပ်ရောယှက်လျှက် ရှိသည်။

သူ၏ ခြေကန်ချက်က ပိုင်ရှောင်ယွီကို အဘယ့်ကြောင့် မထိခိုက်နိုင်သည်ကို ရဲ့မော်ထျန်း ချက်ချင်း သဘောပေါက်သွားသည်။

ဤစည်းတံဆိပ်မှာ သခင်လေးဆန်းလျန် အသစ်ပြုလုပ်ထားသည့် စည်းတံဆိပ်ဖြစ်နိုင်သည်။ ထိုစည်းတံဆိပ် ပိုင်ရှောက်ယွီထံတွင် ရှိနေသည့်အတွက် ရဲ့မော်ထျန်း၏ နတ်ဆိုးတန်ခိုးစွမ်းအားများ အလိုလို လွင့်ပြယ်သွားရခြင်း ဖြစ်သည်။

ထို့ကြောင့် ရဲ့မော်ထျန်း အံ့သြမနေတော့ပေ။

သို့သော်… ရဲ့မော်ထျန်း၏ အတွေးများကိုသိနေသည့်အလား ပိုင်ရှောက်ယွီက ပြုံးလိုက်ရင်း…

"စောစောက မင်းရဲ့ခြေကန်ချက်က ကျုပ်ကို မထိခိုက်တာ ဒီစည်းတံဆိပ်နဲ့ မဆိုင်ဘူးနော်... သိဖို့..."

ရဲ့မော်ထျန်းက ပိုင်ရှောက်ယွီ၏စကားကို မယုံသလိုဖြင့် မော့ကြည့်လိုက်သည်။

ပိုင်ရှောက်ယွီက အလွန်ဂုဏ်ယူနေသည့်ဟန်ဖြင့်…

"ကျုပ် သခင်လေးကိုသွားတွေ့တော့ သူက ဒီတံဆိပ်တော်ကို ထွင်းနေတာ ၊ အဲဒါနဲ့ ကျုပ်က ဘေးက ထိုင်ကြည့်နေတာပေါ့ ၊ သခင်လေးက တာအိုတန်ခိုးစွမ်းအားတွေ တံဆိပ်တော်ထဲကို ထည့်သွင်းလိုက်တော့ ကျုပ်ကိုယ်ထဲကိုပါ တာအိုတန်ခိုးစွမ်းအားတွေ ဝင်သွားတာ ၊ အဲဒါကြောင့် မင်းရဲ့ ခြေကန်ချက်က ကျုပ်ကို ဘာမှ မဖြစ်စေတာပေါ့ ၊ ကျေးဇူးပဲ ၊ မင်းကြောင့် ငါ့ဝိညာဉ်မှာ ဘာအစွမ်းတွေရှိလဲဆိုတာ နားလည်သွားရပြီ…"

ရဲ့မော်ထျန်းက…

"မင်းက သောက်ပေါကောင်ပဲ ၊ ဘယ်လိုတန်ခိုးစွမ်းအားမျိုးရရ သောက်ပေါက သောက်ပေါပဲ…"

ပိုင်ရှောက်ယွီက…

"မင်း ကျုပ်ကို ကြည့်မရဘူးမဟုတ်လား ၊ ကျုပ်လည်း မင်းကို ကြည့်မရပါဘူး ၊ ဒါပေမဲ့ စောင့်နေလိုက် ၊ ကျုပ်ဆိုတဲ့ ပိုင်သခင်လေးက ဘယ်လောက်အစွမ်းထက်လဲဆိုတာ မင်းကိုပြမယ်…"

ရဲ့မော်ထျန်းသည် ကျိကျိုက်ထျန်းကောင်းကင်ဘုံတွင် ကြီးပြင်းခဲ့သူဖြစ်လေရာ သူက အစကတည်းက ရိုင်းစိုုင်းသူ ဖြစ်သည်။

ယခု ဆန်းလျန်လက်အောက်တွင် ရောက်နေပြီဖြစ်သော်လည်း သူ၏ စရိုက်က ပျောက်ကွယ်မသွားသေးပေ။

"လုပ်ရဲရင်လုပ်လိုက်လေ ၊ သေသွားမယ်…"

ရဲ့မော်ထျန်း၏ အေးစက်သည့်မျက်နှာထားကြောင့် ပိုင်ရှောက်ယွီ အနည်းငယ်ထိတ်လန့်သွားသော်လည်း ဟန်ကိုယ့်ဘို့ လုပ်လိုက်သည်။

"မင်းကို ကြောက်နေစရာလား…"

ဘုန်းတော်ကြီးကျွယ်ရှင်း ရွှေခန္ဓာကျင့်စဉ် ကျင့်ကြံနေသည်ကို ပိုင်ရှောက်ယွီ သိထားသည်။

ထို့ကြောင့် ကျွယ်ရှင်းကိုသာ ရဲ့မော်ထျန်းနှင့် ရန်တိုက်ပေးလိုက်မည်ဆိုလျှင် သူက လက်တစ်ချက်ပင် မြှောက်စရာမလိုဘဲ သူတို့ (၂)ယောက်တိုက်ခိုက်သည့်ပွဲကို ဖျာခင်းပြီး ကြည့်ရုံသာ ဖြစ်သည်။

ရဲ့မော်ထျန်းကတော့ ပိုင်ရှောက်ယွီ၏အတွေးများကို သိရှိခြင်း မရှိပေ။

သူက မာရ်နတ်လက်အောက်တွင် အလုပ်လုပ်ခဲ့ဖူးသူဖြစ်သော်လည်း မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်ကို သိပ်ပြီး မသိရှိပေ။ ထို့ကြောင့် ပိုင်ရှောက်ယွီ၏ အတွေးများကို မခန့်မှန်းနိုင်ပေ။

ထို့ပြင်… ချင်းရှကျောင်းတော်ပတ်ဝန်းကျင်တွင် ထိုသို့သော မိစ္ဆာပညာမျိုးကို အသုံးပြု၍မရပေ။ အသုံးပြုပါကလည်း သိပ်ပြီး အစွမ်းမထက်လှပေ။

ထိုသို့ဖြစ်စေရန် ဆန်းလျန်က တမင်သက်သက် ပြုလုပ်ထားခြင်း မဟုတ်ပေ။

ချင်းရှကျောင်းတော်သည် တာအိုကာရံညီလျှက်ရှိပြီး ထိုသို့သော်သက်ရောက်မှုများ အလိုလို ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ရဲ့မော်ထျန်းနှင့် ပိုင်ရှောက်ယွီ သတ်နေကြသော်လည်း တကယ်တမ်း တစ်ယောက်နှင့်တစ်ယောက် မုန်းတီးနေကြခြင်း မဟုတ်ပေ။ တကယ်တမ်းသာ သူတို့ မတည့်ကြပါက ဆန်းလျန် စိတ်မကြည်ဖြစ်ပြီး အပြစ်ပေးခံရပေလိမ့်မည်။

ထို့နောက်တွင်တော့ ဆန်းလျန်ပေးသည့်အမိန့်အတိုင်း သူတို့ ချင်းရှတောင်အောက်သို့ အတူတူ ဆင်းသွားကြတော့၏။

ချင်းရှတောင်တွင် ဝိညာဉ်စွမ်းအားများဖြင့် ပိုမိုပြည့်ဝလာပြီး မိုင်ထောင်ပေါင်းများစွာ ကျယ်ပြန့်သည့် ချင်ပြည်နယ်တစ်ခုလုံးမှာလည်း မြေသြဇာကောင်းမွန်ကာ သာယာဝပြောသည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။

များစွာသောငှက်များ ၊ သားရဲတိရိစ္ဆာန်များနှင့် သစ်ပင်များ ၊ အင်းစက်ပိုးမွှားများ ၊ ငါးများ၏ အသိဉာဏ်ပညာများလည်း တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ အချို့ဆိုလျှင် တာအိုတရားအခြေခံများကိုပင် သိရှိနေကြပြီ ဖြစ်သည်။

ဤပြောင်းလဲမှုအားလုံးက ဆန်းလျန်နှင့် ဆက်စပ်ပတ်သက်နေလေသည်။

"သူတော်စင်များကျက်စားရာအရပ်၌ သာမာန်ငှက်ငယ်သည်ပင် ဇာမဏီငှက်ကိုရင်ဆိုင်နိုင်သည်" ဆိုသည့် စကားပုံအလားပင် ဖြစ်လေ၏။

ပိုင်ရှောက်ယွီနှင့် ရဲ့မော်ထျန်းတို့ တောင်ပေါ်မှ ဆင်းသွားကြပြီးသည့်နောက် ဆန်းလျန်က သူ၏ ထိုက်ကျိမူလဝိညာဉ်ခန္ဓာ ကိုယ်ခွဲဖြင့် ကူးဝေေ၀ကို သွားရောက်တွေ့ဆုံလေသည်။

ယခု ဆန်းလျန်သည် ထိုက်ကျိ ၊ ထိုက်စု ၊ ထိုက်ယိဆိုသည့် မူလဝိညာဉ်ခန္ဓာ ကိုယ်ခွဲများကို ကျင့်ကြံအောင်မြင်ခဲ့ပြီ ဖြစ်သည်။

ထိုက်ကျိကိုယ်ခွဲသည် ဆန်းလျန်နှင့် တစ်ပုံစံတည်း ဖြစ်သည်။

သို့သော်… အဖြူရောင်ဝတ်စုံကိုသာ အမြဲတမ်းဝတ်ဆင်လေ့ရှိပြီး အင်္ကျီလက်တွင် ထိုက်ချိယင်ယန်သင်္ကေတကို ရေးထိုးထားလေသည်။

လေထန်နေသည့်အတွက် အဖြူရောင်ဝတ်ဆင်ထားသည့် ဆန်းလျန်၏ ထိုက်ကျိကိုယ်ခွဲသည် လေနှင့်လွင့်မျောသွားတော့မည့် တိမ်ဖြူတစ်စအလား ထင်မှတ်ရသည်။

သူ၏ ပုံသဏ္ဍန်သည် လောကရှိ နတ်ဘုရားများစွာထက် အသရေဖြင့် တင့်တယ်လျှက် ရှိသည်။

ကူးဝေေ၀က…

"မင်း ခုံရွှမ်းကို သွားတွေ့မလို့လား ၊ ဒါနဲ့ ဘာကိစ္စရှိလို့ ခုံရွှမ်းကို သွားတွေ့မှာလဲ…"

ဆန်းလျန်က ကူးဝေေ၀ကို ဆန်းရော့ရှီအကြောင်း ပြောပြလိုက်သည်။

ကူးဝေေ၀က ဆန်းလျန်ပြောပြသည်ကို နားထောင်ပြီးသည့်နောက်…

"ဒီလိုသာဆိုရင် မင်း ပိုပြီးတော့တောင်စောစော သွားသင့်သေးတယ်…"

ဆန်းလျန်က…

"အခု ကျုပ်ရဲ့မူလဝိညာဉ်ခန္ဓာက ထိုက်ကျိကိုယ်ခွဲကို အစ်မ တွေ့မြင်ရတာပါ ၊ လောလောဆယ်မှာ ကျုပ် တာအိုကို အမြင့်ဆုံးအဆင့် နားလည်နိုင်အောင် ကြိုးစားနေတယ် ၊ ဒါကြောင့် ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး အစ်မကို ထပ်ပြီး သင်ပြပေးနိုင်တော့မယ် မထင်ဘူး ၊ တိမ်ဖြူစိမ်းချောင်းလေးမှာ ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်အကြောင်း သဘောတရားတွေ ထည့်သွင်းထားတယ် ၊ အစ်မ အချိန်ရရင် လေ့လာလို့ရတယ်…"

ကူးဝေေ၀က ခေါင်းညိတ်လိုက်ရင်း…

"အစ်မ သိပါပြီ ၊ ပြီးတော့ အစ်မ မင်းကို ပြောစရာတစ်ခုရှိသေးတယ် ၊ အခု အစ်မ အတိတ်ဘဝက အကြောင်းတွေကို အတော်များများ မှတ်မိနေပါပြီ ၊ အဲဒီတော့ အစ်မစဉ်းစားထားတာလေးတွေရှိလို့ မင်းနဲ့ တိုင်ပင်ချင်လို့…"

ဆန်းလျန်က…

"ဘာကိစ္စများလဲ အစ်မ…"

ကူးဝေေ၀က…

"အစ်မက ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်ကို တာအိုဝါဒရဲ့ အခြေခံအဖြစ် အသုံးပြုချင်တယ် ၊ ချင်းရွှမ်နတ်တံခါးက လက်ဆင့်ကမ်းခဲ့တဲ့ ကျင့်စဉ်တစ်ခုအဖြစ်ကနေ ခွဲထွက်ချင်တယ် ၊ အရင်တုန်းက ချင်းရွှမ်နတ်တံခါးကနေ အသက်ရှည်စေခြင်းကျောင်းတော် ခွဲထွက်သွားသလိုမျိုးပေါ့…"

ဆန်းလျန်က…

"ဒါဆိုရင်တော့ အစ်မ ကျင်းချင် အသက်ကြီးလာတဲ့အထိ စောင့်ရလိမ့်မယ် ၊ ပြီးမှ အစ်မဖြစ်ချင်တဲ့ ဆန္ဒကို သူ့ကိုပြောပါ…"

ကူးဝေေ၀က တစ်ချက်ပြုံးလိုက်ရင်း…

"ဒါလည်း ဟုတ်တာပဲ ၊ တကယ်တော့ ကျင်းချင်က ချင်းရွှမ်နတ်တံခါးရဲ့ နောက်ဆုံး ဂိုဏ်းချုပ်ပဲ မဟုတ်ဘူးလား…"

***

All Chapters