← Chapters

နေနှင့်လကိုကျော်လွန် အမှောင်ထုသည် မရှိမှု ဖြစ်၏

Vol. 10 Ch. 952

နေနှင့်လကိုကျော်လွန် အမှောင်ထုသည် မရှိမှု ဖြစ်၏

Vol. 10 Ch. 952

ဇာမဏီနတ်ဘုရားနန်းတော်ကို ခုံရွှမ်းက လူ့လောကတစ်နေရာသို့ ရွှေ့ပြောင်းထားခဲ့သည်။

ယွမ်ကျိုးနယ် အနောက်တောင်ဘက်တစ်နေရာရှိ မိုးထိအောင်မြင့်သည့် တောင်တစ်တောင်ထက်တွင် ဇာမဏီနတ်ဘုရားနန်းတော် တည်ရှိလေသည်။

လူအများ လှမ်းကြည့်မည်ဆိုလျှင် ထိုနေရာတွင် မှိန်ပျပျအလင်းရောင်လင်းလက်နေသည်ကိုတွေ့ ရမည် ဖြစ်သည်။

ဇာမဏီနတ်ဘုရားနန်းတော်သည် မီးဓာတ်သဘောသဘာဝရှိသည့်အတွက် ပတ်ဝန်းကျင်ဒေသတစ်ခုလုံးက တစ်နှစ်ပတ်လုံး ခြောက်သွေ့နေခဲ့သည်။  သို့သော်… ယခုတော့ တိမ်ခိုးစီးကြောင်းများဖြင့် ဝန်းရံနေပြီး ရေငွေ့များကလည်း အငွေ့ပျံလျှက် ရှိ၏။

အဘယ်ကြောင့်ဆိုသော်… ဇာမဏီနတ်ဘုရားနန်းတော်သို့ ကျင့်စူးရောက်ရှိနေသောကြောင့် ဖြစ်လေသည်။  ကျင့်စူးက ကျင့်ကြံခြင်းအဆင့်တက်သွားသည်မှာမကြာသေးသော်လည်း တန်ခိုးစွမ်းအားများကို ထိန်းချုပ်နိုင်ခြင်း မရှိသေးလေရာ သူမက အသက်ဓာတ်စွမ်းအားများကို ဒီရေအလားစုပ်ယူပြီး ပေမင်ရေနက်အနှစ်သာရများကို ပြန်လည် ထုတ်လွှတ်နေသည့်အတွက် ဇာမဏီနတ်ဘုရားနန်းတော်တွင် ထိုသို့ ဖြစ်နေရခြင်း ဖြစ်သည်။

သူမ၏ ပေမင်ရေနက်စွမ်းအားများက ဇာမဏီနတ်ဘုရားနန်းတော်မှ မီးဓာတ်နှင့်ထိတွေ့သည့်အခါ ရေငွေ့ပျံသည့်အလား ဖြစ်သွားရပြီး ဇာမဏီနတ်ဘုရားနန်းတော်တစ်ခုလုံး ရေခိုးရေငွေ့များ ဖုံးလွှမ်းနေခြင်း ဖြစ်လေသည်။

ထို့ပြင်… ဇာမဏီနတ်ဘုရားနန်းတော်၏အပေါ်ဘက် ကောင်းကင်ပြင်တွင် မိုးကြိုးတိမ်တိုက်များစုဝေးနေပြီး မိုးခြိမ်းသံများလည်း အဆက်မပြတ်ထွက်ပေါ်လျှက် ရှိသည်။

ထိုမိုးကြိုးတိမ်တိုက်များအလယ်တွင်တော့ လူငယ်တစ်ယောက်ရှိနေလေသည်။

ထိုလူငယ်က တင်ပျဉ်ခွေထိုင်နေပြီး မိုးကြိုးတန်ခိုးစွမ်းအားများက သူ့ထံမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။ ထိုလူငယ်မှာ ခုံရွှမ်းပင် ဖြစ်လေ၏။

ယခုရက်များအတွင်းတွင် ခုံရွှမ်း၏အသွင်အပြင်က တဖြည်းဖြည်း ငယ်ရွယ်၍လာသည်။ သူ၏မျက်ခုံးများက ပိုမိုထက်ရှလာပြီး သူ့ကိုကြည့်ရသည်မှာ မာနကြီးသည် လူငယ်လေးတစ်ယောက်အသွင်ဆောင်နေသည်။

သူ့ကိုကြည့်ရသည်မှာ အလွန်ငယ်ရွယ်ပြီး နူးညံ့သိမ်မွေ့သည့် လူငယ်လေးတစ်ယောက်နှင့် ဆင်တူတူနေလေရာ လေတိုက်လျှင်ပင် လွင့်သွားတော့မည့်အလား ထင်မှတ်ရသည်။

သို့သော်… သူ့ကို အားနည်းသည့်လူငယ်တစ်ယောက်ဟု ထင်သွားလျှင်တော့ အမှားကြီးမှားပေလိမ့်မည်။

ကျင့်စူးပင်လျှင် ခုံရွှမ်းမည်မျှ တန်ခိုးစွမ်းအားကြီးမားလာသည်ကို ခံစားနိုင်လေသည်။ သို့သော်… သူမ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ခုံရွှမ်း၏ ကျင့်ကြံခြင်းအဆင့် အနက်ရှိုင်းဆုံးအထိတော့ ထိုးဖောက်သိမြင်နိုင်ခြင်း မရှိသေးပေ။

သူမက ထိပ်တန်းအဆင့်ဓားသိုင်းကို သင်ယူတတ်မြောက်ခဲ့ပြီဖြစ်ပြီး ကျွယ်ရှန်းနတ်ဓားကိုအသုံးပြုကာ လောကတစ်ခုလုံးကိုပင် ပြောင်းလဲပစ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

သို့သော်… မိုးကြိုးတိမ်တိုက်များအလယ်တွင် ခုံရွှမ်းကျင့်ကြံနေသည်ကို တွေ့မြင်ရသည့်အခါ ခုံရွှမ်းနှင့် နှိုင်းယှဉ်လျှင် သူမ များစွာ လိုအပ်သေးကြောင်း ချက်ချင်းသိရှိလိုက်သည်။

ခုံရွှမ်းသည် ဒြပ်စင်စွမ်းအား (၅)မျိုးကို ယင်နှင့်ယန် ပေါင်းစပ်ကျင့်ကြံနေသည်ကို ကျင့်စူးသိရှိထားသော်လည်း ဒြပ်စင်စွမ်းအား (၅)မျိုးကို ယင် နှင့် ယန်နှင့် မည်သို့ပေါင်းစပ်သည်ကိုတော့ ကျင့်စူးသိရှိခြင်း မရှိပေ။

ခုံရွှမ်းသည် ကိုယ်ပိုင်ကျင့်စဉ်လမ်းကို လျှောက်လှမ်းနေခြင်း ဖြစ်လေသည်။

ကျင့်စူးက…

"ဆရာဘိုးဘိုးပြောတာကို ငါ အမြဲတမ်းနားထောင်ခဲ့ရတယ် ၊ တာအိုကိုရှာဖွေချင်တယ်ဆိုရင် 'နေနှင့်လကိုကျော်လွန်ပြီး အမှောင်ထုက မရှိမှု' ဖြစ်တယ်ဆိုတာကို သိရှိအောင် ကြိုးစားရမယ်တဲ့ ၊ အခု ရူပနတ်ဘုရားမင်းကြီးက အဲဒီအဆင့်ကို ရောက်နေပြီထင်တယ် ၊ ငါ သူ့ကို အားကျလိုက်တာ…"

သူမဘေးတွင်ရှိနေသည့် ကွေလိက…

"နင်ပြောမှပဲ ငါ သတိရမိတယ် ၊ ခုံရွှမ်းက ဆန်းလျန်ကြောင့် ဒဏ်ရာရသွားတာ ၊ ဒါပေမဲ့ ဒဏ်ရာရသွားလို့လည်း ဒီလို အကျိုးကျေးဇူးရသွားတာပဲ ၊ အင်း… နေနှင့်လကိုကျော်လွန်ပြီး အမှောင်ထုက မရှိမှု ဖြစ်တယ်… တဲ့ ၊ အံ့သြစရာကောင်းတဲ့ အမှန်တရားပဲ…"

ကျင်းစူးက လေထဲတွင်လွင့်နေသည့် ကွေလိ၏ အင်္ကျီမှ အစိမ်းရောင်ဖဲကြိုးစကို လှမ်းဆွဲလိုက်သည်။

ထို့နောက် ဖဲကြိုးစကို လက်ဖြင့်ဆော့ကစားနေပြီး ရယ်မောလိုက်ရင်း…

"ဒီတော့ ခုံရွှမ်းကို ဒဏ်ရာရအောင်လုပ်လိုက်တဲ့အတွက် နင်က ဆန်းလျန်ကို ကျေးဇူးဆပ်သင့်တယ် မထင်ဘူးလား…"

ကွေလိက…

"ဒါဖြင့် နင်ကရော…"

ကျင့်စူးက…

"ငါက ဘာလုပ်ရမှာလဲ…"

ကွေလိက သူ၏အဝတ်အစားများနှင့် ဆော့ကစားနေသော ကျင့်စူး၏လက်ကို ဖမ်းဆုပ်လိုက်သည်။

"နင် ဒီလို အဆင့်မြင့်ဓားသိုင်းတစ်ခု ကျင့်ကြံအောင်မြင်လာတာ ချင်းရွှမ်နတ်တံခါးနဲ့ ပတ်သက်နေတာပဲလေ ၊ ဘာလို့ဆို ဆရာဘိုးဘိုးယွမ်ချင်းက ချင်းရွှမ်နတ်တံခါးကို တည်ထောင်ခဲ့တဲ့သူမဟုတ်လား ၊ ငါ သိပ်တော့သေချာမသိပေမယ့် နင် ဒီလိုကျင့်ကြံနိုင်တာ တန်ပါတယ်ဟာ…"

"နင်က တော်တော်ဆိုးတာပဲ ၊ ငါကပဲ ချင်းရွှမ်နတ်တံခါးကို အကြွေးတင်နေသလိုလိုနဲ့ ၊ တကယ်တော့ နင်ကသာ ချင်းရွှမ်နတ်တံခါးကို အကြွေးတင်နေတာ…"

ကျင့်စူး၏ လက်ချောင်းများမှ ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာပြီး ကျင့်စူးက ကွေလိကို ကုတ်ဆွဲမည့်ဟန် ပြုလိုက်သည်။

ကျင့်စူးက ထိပ်တန်းဓားသိုင်းပညာကို ကျင့်ကြံထားသူဖြစ်သည်။ ကွေလိက ကျင့်ကြံခြင်းအဆင့် အတော်အတန်မြင့်မားသည့်တိုင် ကျင့်စူး၏ ကုတ်ဆွဲချက်ကိုတော့ ရှောင်တိမ်းရန် မတတ်နိုင်ခဲ့ပေ။

ကွေလိက နောက်သို့ ခုန်ဆုတ်လိုက်ပြီး တခစ်ခစ်ရယ်မောရင်း…

"ချစ်တဲ့မမ… ငါက မမကို စ တဲ့ဟာကို…"

ကွေလိက သနားစရာမျက်နှာငယ်လေး လုပ်ပြသည့်အခါ ကျင့်စူး သူ၏လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး မာနကြီးသည့် မျက်နှာထားဖြင့် ခေါင်းကိုမော့ထားလေသည်။

ကွေလိက…

"ဆန်းလျန်ကို ကိစ္စကြီးတစ်ခုလုပ်ဖို့အတွက် ငါသွားတွေ့ဦးမယ် ၊ ဘာကိစ္စကြီးလဲဆိုတော့ နင့်ကို စကားနားထောင်အောင် ကြိုးနဲ့ချည်ပြီး ရိုက်ခိုင်းရမယ့် ကိစ္စကြီးပဲ…"

ကွေလိ၏စကားဆုံးသည်နှင့် ကျင့်စူး၏ လက်မှ ဓားဝိညာဉ် ထပ်မံထွက်ပေါ်လာပြန်လေရာ ကွေလိ ခုန်ရှောင်လိုက်ရပြန်သည်။

"ဒါဖြင့် မင်းက ကျုပ်ဆီကိုလာပြီး ကျင့်စူးကို ဆုံးမပေးဖို့ တောင်းဆိုမလို့ပေါ့လေ… ဟုတ်လား ကွေလိ…"

ကွေလိနှင့် ကျင်စူး၏ အနီးအပါးမှ ယောကျ်ားလေးသံတစ်သံ ထွက်ပေါ်လာခြင်း ဖြစ်၏။

သူတို့ (၂)ယောက်လုံး လန့်သွားပြီး အသံထွက်ပေါ်လာရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။

ထိုအခါ လရောင်ခြည်အလာ ဖြူစင်သည့် ဝတ်စုံကိုဝတ်ဆင်ထားသည့် ဆန်းလျန်ကို တွေ့လိုက်ရပြီး ဆန်းလျန်က သူတို့ (၂)ယောက်ကိုကြည့်ကာ ရယ်မောနေလေသည်။

ဆန်းလျန်ကို တွေ့သည့်အခါ ကွေလိရော ကျင့်စူး (၂)ယောက်လုံး ရှက်သွားကြသည်။ ဆန်းလျန် ဘယ်အချိန်ကတည်းက သူတို့ (၂)ယောက်အနားသို့ ရောက်နေသည်လဲ သူတို့ မသိပေ။

သို့သော်… ဆန်းလျန်၏ စကားပြောဟန်ကိုကြည့်ရသည်မှာ မိန်းကလေး (၂)ယောက်ပြောသမျှစကားများအားလုံးကို ကြားသွားဟန် ရှိသည်။

ကျင့်စူးက…

"ဆန်းလျန်… ရှင်က မပြောမဆိုနဲ့ ရောက်လာတာကိုး…"

ဆန်းလျန်၏ပုံစံက နူးညံ့သိမ်မွေ့ပြီး ရယ်ရယ်မောမောရှိနေသည့်အတွက် ကျင့်စူးက ထိုသို့ စကားပြောရဲခြင်း ဖြစ်သည်။

ထို့ပြင်… ဆန်းလျန်ကို ထိုသို့ ရန်ထောင်ရဲသူဆို၍ လောကတွင် ကျင့်စူးတစ်ယောက်သာ ရှိနိုင်လေသည်။

အမှန်တော့… ဤသို့ဖြစ်ရသည်မှာ သူမ ကျင့်ကြံထားသည့် ဓားသိုင်းကြောင့် ဖြစ်လေသည်။ ဓားသိုင်းကျင့်ကြံသူများက စိတ်ခံစားချက်ထက်မြက်ပြီး အရာရာကို ဓားဖြင့်သာ ဖြေရှင်းလိုကြသည်။

စန့်ချင်တာအိုဆရာသခင်၏ မရဏဓား (၄)လက်သည် နတ်ဘုရားများကို တစ်ချက်တည်းဖြင့် သုတ်သင်သတ်ဖြတ်ပစ်နိုင်သည့် ကြောက်မက်ဖွယ်ရာ ဓားများ ဖြစ်ကြသည်။ ထိုဓားများသည် လောကတွင် သွေးချောင်းစီးမှုများကို အမြဲတမ်း ဖြစ်စေခဲ့လေသည်။

ထို့ပြင် ထုန်ထျန်းအရှင်သခင်၏ စိတ်ဓာတ်သဘောသဘာဝကလည်း ဓားသွားအလား ထက်ရှပြီး ကြောက်ရွံ့ခြင်း ကင်းမဲ့သည်။

ချန်ပေသိုသည်လည်း ထိုသို့ပင် ဖြစ်၏။ အကြောက်တရားကင်းမဲ့ပြီး အရာရာကို မထီမဲ့မြင်ပြုကာ ဓားဖြင့်သာ ဖြေရှင်းတတ်လေသည်။

သို့သော်… နောက်ဆုံးတော့ ဆန်းလျန်၏လက်ဝယ် ကျဆုံးခဲ့ရသည်ပဲ ဖြစ်သည်။

ဆန်းလျန်က ကျင့်စူးကို စိတ်ဆိုးဒေါသထွက်ခြင်းမရှိသော်လည်း သူမ၏ အသွင်အပြင်သည် ဓားသိုင်း၏ လွှမ်းမိုးမှုကို ခံရပြီး ဓားသမားတစ်ယောက်နှင့်တူလာသည်ကို သတိထားလိုက်မိသည်။

အနာဂတ်တွင် ဓားသိုင်းပညာကိုသာ သေသေချာချာ မထိန်းချုပ်နိုင်လျှင် သေခြင်းရှင်ခြင်း ကံကြမ္မာများစွာဖြင့် သူမ ရင်ဆိုင်ရပေလိမ့်မည်။

သို့သော်… ဆန်းလျန် သူမကို မည်သည့်အကြံဉာဏ်မှ မပေးမိပေ။

အနာဂတ်တွင်  သူမဘ၀ စိတ်အေးချမ်းသာစွာ နေထိုင်လိုသည်ဆိုလျှင် နည်းလမ်းတစ်ခုသာ ရှိသည်။ ဓားသိုင်းပညာကို သူမ စွန့်လွှတ်ရပေလိမ့်မည်။

သို့သော်… ကျင့်စူးက ဓားသိုင်းကို စွန့်လွှတ်မည့်ဟန် မရှိပေ။

ကျင့်စူးကိုကြည့်ရင်း "အရာအားလုံးက ကံကြမ္မာအတိုင်းပဲ" ဟုသာ ဆန်းလျန် တွေးတောလိုက်မိသည်။

ဆန်းလျန်က ရှေ့သို့ အနည်းငယ်တိုးလိုက်ရင်း…

"မိုးနဲ့မြေက ကျုပ်နေရာပဲ ၊ ကျုပ် သွားချင်သလိုသွား ၊ လာချင်သလိုလာမှာပေါ့ ၊ ပြောနေစရာလိုလို့လား…"

ကျင့်စူးက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး…

"ရှင်က ဘာအဆန်းတကျယ်တွေ ပြောဦးမလို့လဲ ၊ တရားတော့ လာမဟောနဲ့နော် ၊ ပျင်းလွန်းလို့…"

ဆန်းလျန်က ရယ်မောလိုက်ရင်း…

"တော်ပြီ… ကျုပ်လည်း မင်းကို ဆုံးမနိုင်မှာ မဟုတ်ဘူး…"

ကျင့်စူးက…

"ဒါပေမဲ့ ရှင်က မပြောမဆိုရောက်လာလို့ တောင်းပန်မယ်ဆိုရင်တောင် ကျွန်မတို့ (၂)ယောက်က မခံယူဝံ့ပါဘူး…"

ကျင့်စူးပြောသည့်စကားက အမှန်ပင် ဖြစ်၏။

ဆန်းလျန်သည် မိုးနှင့်မြေတွင် အဆင့်အမြင့်ဆုံး နတ်ဘုရားတစ်ပါးဖြစ်ပြီး ကောင်းကင်ဘုံနန်းတော်သည်ပင် သူ့ကို ပြဿနာမရှာရဲပေ။

ကျင့်စူးလို အခြေအနေမတည်ငြိမ်သည့် နတ်မိစ္ဆာတစ်ပါးက ဆန်းလျန်ကို အဘယ်မှာ စိတ်ဆိုးဒေါသထွက်အောင် လုပ်ဝံ့ပါမည်နည်း။

သူတို့က ခင်မင်ကြသူများဖြစ်သည့်အတွက်သာ ယခုကဲ့သို့ ပြုမူပြောဆိုနေခြင်း ဖြစ်လေသည်။ တကယ်တမ်း ဆန်းလျန်ကို ဒေါသထွက်စေမည့်အလုပ်မျိုး သူမလည်း မလုပ်ရဲပါချေ။

လက်ရှိတွင် ကွေလိ၏ ကျင့်ကြံခြင်းအဆင့်မှာ ကျင့်စူးအောက် နိမ့်ကျနေလေရာ သူမက ဆန်းလျန်ကို ပိုပြီး ပြဿနာမရှာရဲပေ။

သို့သော်… ကွေလိက ထိုကိစ္စများကို တွေးတောမိခြင်း မရှိပေ။

ကျင့်စူးနှင့် ဆန်းလျန် စကားများနေကြသည့်အချိန် သူမက စိတ်ရှုတ်နေပြီး....

"ဆန်းလျန်… မင်း ရုတ်တရက်ကြီးရောက်လာတော့… လက်ဖက်ခြောက်မရှာရသေးဘူး ၊ ခဏလေး…  လက်ဖက်ရည်သွားပြင်ဆင်လိုက်ဦးမယ်…"

ဆန်းလျန်က သူမကို လက်ဖက်ခြောက်ကောင်းကောင်းနှင့် လက်ဖက်ရည်တိုက်ရန် ချင်းဆွေထျန်းကောင်းကင်ဘုံတွင် ပြောခဲ့သည်ကို သတိရသွားပြီး ကွေလိက ပြောလိုက်ခြင်း ဖြစ်သည်။

ဆန်းလျန်က…

"မလုပ်နဲ့တော့… ၊ ခုံရွှမ်း ခဏနေရင် ကျင့်ကြံတာ ပြီးတော့မယ်…"

ဆန်းလျန်၏ စကားကြောင့် ကွေလိနှင့် ကျင့်စူးတို့ မိုးကြိုးတိမ်တိုက်များရှိရာသို့ လှမ်းကြည့်လိုက်ကြသည်။

သို့သော်… မည်သည့်ထူခြားချက်မှ မတွေ့ရှိရပေ။

သို့သော်… ဆန်းလျန်ပြောသည့်စကားက အမှားမရှိနိုင်သည့်အတွက် သူတို့ ခေါင်းညိတ်ပြလိုက်ကြလေသည်။

ဆန်းလျန်က စောင့်ကြည့်နေလေသည်။

ကွေလိနှင့်ကျင့်စူးကတော့ အသက်ပင်မရှူနိုင်ပဲ မိုးကြိုးတိမ်တိုက်များကို ကြည့်နေကြသည်။

ခဏအကြာတွင်တော့ … မိုးကြိုးတိမ်တိုက်များ ပျောက်ကွယ်သွားပြီး ခုံရွှမ်းကောင်းကင်ထက်မှ ဆင်းသက်လာလေသည်။

ခုံရွှမ်း၏ ပတ်ပတ်လည်တွင် ထူးခြားနက်ရှိုင်းသည့် အသံများလှည့်ပတ်နေပြီး ထိုအသံများက အဆုံးမရှိပေ။

တာအိုဝါဒစကားဖြင့်ပြောရလျှင် ထိုအခြေအနေကို တာအိုနှင့်တစ်သားတည်းကျသည့်အခြေအနေဟု ပြောနိုင်လေသည်။ သို့သော်… ခုံရွှမ်းကတော့ ဗုဒ္ဓဘာသာကျင့်စဉ်များဘက်သို့ အလေးသာသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်လေ၏။

အမှန်တော့… သိပ်ပြီး ခြားနားခြင်းမရှိဘဲ အတူတူပင် ဖြစ်လေသည်။

ခုံရွှမ်းကို ကြည့်ပြီး ဆန်းလျန်၏စိတ်ထဲမှ လေးစားခြင်း ဖြစ်မိသည်။

ခုံရွှမ်းသည် မိုးနှင့်မြေတွင် ရှာမှရှားသည့် ပါရမီရှင်တစ်ယောက် ဖြစ်၏။ သူက ဓမ္မလမ်းစဉ်ကို ဒြပ်စင်စွမ်းအား (၅)မျိုးဖြင့် ပေါင်းစပ်နိုင်ခဲ့သည်။ သူ့တွင် တန်ခိုးစွမ်းအားများ မရှိတော့သည့်အချိန်ဆိုလျှင်တောင်မှ ဒြပ်စင်စွမ်းအား (၅)မျိုးကို လိုသလို ဆင့်ခေါ် အသုံးပြုနိုင်စွမ်း ရှိမည် ဖြစ်သည်။

"နေနှင့်လကိုကျော်လွန်ပြီး အမှောင်ထုသည် မရှိမှု ဖြစ်သည်" ဆိုသည့်အဆင့်ထက် ခုံရွှမ်းက ကျော်လွန်နေပြီ ဖြစ်သည်။ထို့ပြင် ခုံရွှမ်းကိုကြည့်ရသည်မှာ တိုက်ခိုက်မှုစွမ်းအားများလည်း အဆမတန် မြင့်တက်လာဟန်ရှိလေသည်။

ဆန်းလျန်က ခုံရွှမ်းကို သုတ်သင်ပစ်ချင်သည်ဆိုလျှင်တောင်မှ စကြာဝဠာလမ်းကြောင်းထဲတွင် လှည့်ပတ်နေသည့် ခုံရွှမ်း၏ ဒြပ်စင်စွမ်းအားလမ်းကြောင်းများကိုပါ လိုက်လံသုတ်သင်ပစ်ရမည် ဖြစ်လေသည်။

ထိုသို့ ပြုလုပ်ရန်က မလွယ်ကူလှပေ။ စကြာဝဠာ၏ မူလအရင်းအမြစ်ကို နာကျင်ထိခိုက်စေပါက သဘာဝတရားမှ ဒဏ်ခတ်အပြစ်ပေးခြင်းကို ပြင်းထန်စွာခံရမည်ဖြစ်သည်။

ဆန်းလျန်က သဘာဝတရား၏ ဒဏ်ခတ်အပြစ်ပေးခြင်းကို ကြောက်ရွံ့ခြင်း မရှိသော်လည်း ထိုသို့ ဒဏ်ခတ်ခံရပါက သူနှင့်ပတ်သက်ဆက်နွယ်သူများပါ ထိခိုက်ခံစားရမည် ဖြစ်လေသည်။

သို့သော်… ခုံရွှမ်းကို သုတ်သင်ပစ်ရန် ဆန်းလျန် အစကတည်းက တွေးမထားခဲ့ပေ။

ထို့ကြောင့်… ဆန်းလျန်ကိုယ်တိုင်ရောက်မလာဘဲ သူ၏ထိုက်ကျိကိုယ်ခွဲကို စေလွှတ်လိုက်ခြင်းဖြစ်သည် မဟုတ်ပါလား။

သို့သော်… ဆန်းလျန်၏ ထိုက်ကျိကိုယ်ခွဲသည် ယင်နှင့်ယန် ကာရံညီနေပြီး တာအိုတရားနှင့် တစ်သားတည်းကျနေသည့်အတွက် ဆန်းလျန်အစစ်နှင့် ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ၊ တန်ခိုးစွမ်းအား အရာအားလုံး အတူတူပင် ဖြစ်သည်။

ဝတ်ဆင်သည့်ဝတ်စုံက အဖြူရောင်ဖြစ်သွားခြင်းသာ ကွာခြားလေ၏။

ခုံရွှမ်းကတော့ သူ၏ကျင့်စဉ်လမ်း များစွာ အဆင့်မြင့်တက်သွားသည်ဟု တွေးထင်ထားခဲ့သော်လည်း ဆန်းလျန်ကို တွေ့လိုက်ရသည့်အခါတွင်တော့ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားရလေတော့သည်။

***

All Chapters