← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အပိုင်း ၁၅၉

မထင်မှတ်ထားတဲ့ ရောင်းအား

"Longteng Group ရဲ့ ထုတ်ကုန်သစ် ရောင်းအား သန်း ၃၀ ကျော်သွားတဲ့အတွက် ဂုဏ်ယူပါတယ်"

၂၀၁၉ ခုနှစ်၊ မေလ ၇ ရက်နေ့မှာ Phoenix.com၊ Penguin.com နဲ့ People's Daily Online တို့လို ထိပ်တန်းမီဒီယာတွေရဲ့ မျက်နှာဖုံးမှာ စာလုံးမည်းကြီးတွေနဲ့ ဖော်ပြလိုက်တဲ့ ဒီသတင်းဟာ တစ်နိုင်ငံလုံးကို လှုပ်ခတ်သွားစေခဲ့သည်။

ဧပြီလ ၃၀ ရက်နေ့က စတင်ရောင်းချခဲ့တဲ့ Kaitian ONE တက်ဘလက်ဟာ ၂၄ နာရီအတွင်းမှာတင် အလုံးရေ ၁၀ သန်း ရောင်းချခဲ့ရပြီး၊ အခု ၁၀ ရက်မပြည့်ခင်မှာတင် အလုံးရေ သန်း ၃၀ ကျော်သွားတာပါ။

ဒါဟာ တရုတ်ပြည်တင်မကဘဲ တစ်ကမ္ဘာလုံးကိုပါ အံ့အားသင့်စေခဲ့တဲ့ ရလဒ်ပါ။ ၂၀၁၈ ခုနှစ် တစ်နှစ်လုံးရဲ့ ကမ္ဘာ့တက်ဘလက် တင်ပို့မှုက အလုံးရေ ၁၄၄ သန်းပဲ ရှိခဲ့တာမို့၊ Longteng ရဲ့ သုံးရက်တာ ရောင်းအားဟာ ကမ္ဘာ့ဈေးကွက်ရဲ့ ၅ ပုံ ၁ ပုံနီးပါး ရှိနေတာ ဖြစ်ပါတယ်။

လလင်းဖန်ကိုယ်တိုင်တောင် ဒီလောက်အထိ ရေပန်းစားလာလိမ့်မယ်လို့ မထင်ထားခဲ့မိပေ။ အရည်အသွေးကောင်းမွန်မှု၊ ဈေးနှုန်းချိုသာမှုနဲ့ သပ်ရပ်တဲ့ အသေးစိတ်လက်ရာတွေကြောင့် အသုံးပြုသူ သန်းထောင်ချီရဲ့ အချစ်ကို Longteng က သိမ်းပိုက်နိုင်ခဲ့တာပါ။

ကမ္ဘာ့အဆင့်မြင့်ဆုံး Configuration နဲ့ အသားပေးထားပေမဲ့ Kaitian ONE ရဲ့ ဈေးနှုန်းက ၄၈၈၈ ယွမ် (မြန်မာငွေ ၁၆ သိန်းဝန်းကျင်) သာ ရှိတာကြောင့် သာမန်အလုပ်သမားလူတန်းစားတွေတောင် ဝယ်ယူနိုင်တဲ့ အနေအထားပါ။

ဒါ့အပြင် တစ်နိုင်ငံလုံးမှာရှိတဲ့ Flagship Store ပေါင်း သောင်းနဲ့ချီမှာ "တစ်လအတွင်း အကြောင်းပြချက်မရှိ ပစ္စည်းပြန်လဲနိုင်ခြင်း သို့မဟုတ် ငွေပြန်အမ်းနိုင်ခြင်း" ဆိုတဲ့ ကတိကဝတ်ကိုလည်း ရဲရဲဝံ့ဝံ့ ပေးထားသေးသည်။ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးထားတာမျိုး မဟုတ်ရင် ဘယ်ဆိုင်မှာမဆို ငြင်းဆန်ခြင်းမရှိဘဲ ဝန်ဆောင်မှုပေးနေတာပါ။

Penguin Video အပါအဝင် မီဒီယာသစ်တွေကလည်း ဒီကတိကဝတ်ဟာ လက်တွေ့မှာ တကယ်မှန်ကန်ကြောင်း သက်သေပြပေးခဲ့ကြသည်။

Longteng Group ရဲ့ ဂုဏ်သိက္ခာဟာ Nirvana X နဲ့ Kaitian ONE တို့ရဲ့ အရည်အသွေးလိုပဲ ခိုင်မာနေတာကြောင့် တက်ဘလက်ဝယ်ဖို့ စိတ်မကူးဖူးသူတွေတောင် လာရောက်အားပေးကြတဲ့အထိ ဖြစ်လာသည်။

ကျင်းလင်မြို့ရှိ Longteng ရုံးချုပ်မှာတော့ လင်းဖန်က စင်ပေါ်ကနေကြည့်ရင်း လေးနက်သောအသံဖြင့် မေးလိုက်သည်။

- "ဟောင်ကောင်ဘက်က အခြေအနေ ဘယ်လိုရှိလဲ"

"သူဌေးခင်ဗျာ၊ ကျွန်တော်တို့ ဟောင်ကောင်ရဲ့ မိုဘိုင်းဖုန်းနဲ့ တက်ဘလက်ဈေးကွက်ကို အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ပါပြီ"

Longteng ၏ CEO ကျန်းဖန်က မချုပ်တည်းနိုင်သော အပြုံးဖြင့် ဖြေကြားလိုက်သည်။

လက်ရှိ ဟောင်ကောင်ဈေးကွက်မှာ Nirvana X နဲ့ Kaitian ONE ကလွဲရင် ကျန်တဲ့ Samsung၊ Apple တို့လို ကုမ္ပဏီတွေရဲ့ အရောင်းအဝယ်ကတော့ မိုးဖွဲဖွဲရွာသလောက်ပဲ ရှိပါတော့တယ်။ ဟောင်ကောင်သားတွေဟာ စီးပွားရေးအရ ရှေ့တန်းရောက်နေသူတွေဖြစ်လို့ နည်းပညာသစ်တွေကို လက်ခံနိုင်စွမ်း ပိုမြင့်မားကြပါတယ်။ အထူးသဖြင့် ဘဏ္ဍာရေးနဲ့ နိုင်ငံခြားကုန်သွယ်မှု လုပ်ကိုင်သူတွေအတွက် တက်ဘလက်ဟာ အလုပ်လုပ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အခြေခံပစ္စည်းတစ်ခု ဖြစ်နေတာပါ။

"ဈေးကွက်ကတော့ အတော်လေး ပြည့်ဝနေပြီလို့ ပြောလို့ရတာပေါ့"

လင်းဖန်က ဆိုသည်။

"သူဌေးရဲ့ အမျှော်အမြင်က တကယ်ကို မှန်ကန်ပါတယ်"

ကျန်းဖန်က ထောက်ခံလိုက်သည်။

သို့သော် လင်းဖန်ကတော့ အကောင်းမြင်လွန်းခြင်း မရှိဘဲ တည်ငြိမ်စွာ ဆက်ပြောသည်။

"ဒါပေမဲ့ Apple တို့ Samsung တို့နဲ့ ယှဉ်ရင်တော့ ကျွန်တော်တို့က အခြေခံ (Foundation) လိုနေသေးတာ အမှန်ပဲ။ ဒါပေမဲ့ အခု လူကြိုက်များနေတဲ့ အရှိန်အဟုန်အရ 'Longteng' ဆိုတဲ့ နာမည်ဟာ အရည်အသွေးရဲ့ အာမခံချက် ဖြစ်လာပါပြီ။ နောက်တစ်ခေါက် ကျွန်တော်တို့ရဲ့ Nirvana S ထွက်လာရင်တော့ Apple လိုပဲ ရောင်းအားတွေ တောက်လျှောက်တက်မှာ သေချာပါတယ်။"

ဖုန်းလောကထဲကို ရောက်တာ တစ်နှစ်မပြည့်သေးသလို၊ တက်ဘလက်လောကထဲ ရောက်တာလည်း လပိုင်းပဲ ရှိသေးပေမဲ့ ဆယ်စုနှစ်တစ်ခုမက အတွေ့အကြုံရှိတဲ့ ကမ္ဘာ့အဆင့်မီ ကုမ္ပဏီတွေကို ကျော်တက်နိုင်ခဲ့တာဟာ လင်းဖန်အတွက် ကျေနပ်စရာ အောင်မြင်မှုတစ်ခုပါပဲ။

ထိုစဥ်ကျန်းဖန်က အကြံပြုချက်အသစ်တစ်ခု ပေးလာသည်။

- "လက်ရှိမှာ ဟောင်ကောင်ကနေတစ်ဆင့် အရှေ့တောင်အာရှနဲ့ ဗြိတိန်အထိ ဝယ်လိုအားတွေက ပြည်တွင်းကထက် မနည်းပါဘူး။ ဒါကြောင့် ဝမ်ချန်း (Wancheng) မှာ စက်မှုဇုန်အသစ်တစ်ခု ထပ်ဆောက်ဖို့ လိုမလားလို့ပါ"

လက်ရှိ ရှန်ချန်စက်မှုဇုန်က ထုတ်လုပ်မှုအရှိန်ဟာ ဝယ်လိုအားကို မမီတော့။ အရှေ့တောင်အာရှ ဈေးကွက် potential ကလည်း အခုမှ စတင်တူးဆွနေရတုန်းမို့ ထုတ်လုပ်မှုမမြှင့်ရင် ပစ္စည်းပြတ်လပ်မယ့် အန္တရာယ် ရှိလာနေသည်။

"အရှေ့တောင်အာရှက Kaitian ONE အလုံးရေ ဘယ်လောက်လောက် ထပ်ယူနိုင်မယ်လို့ မင်းထင်လဲ"

လင်းဖန်က လေးနက်စွာ မေးလိုက်သည်။

"ကျွန်တော် ထင်တာတော့ ဟောင်ကောင်နဲ့ အရှေ့တောင်အာရှမှာ Nirvana X ၁၀ သန်း ရောင်းရရင်ပဲ အမြင့်ဆုံးပဲလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ အဲဒီ ၁၀ သန်းဆိုတာ အစပဲ ရှိပါသေးတယ်"

ဟု ကျန်းဖန်က ဆိုသည်။

လင်းဖန်ကတော့ အင်တာနက် သိပ်မတွင်ကျယ်သေးတဲ့ အရှေ့တောင်အာရှမှာ တက်ဘလက်တွေ အမြောက်အမြား သုံးနိုင်ပါ့မလားလို့ သံသယရှိပေမဲ့၊ ကျန်းဖန်ရဲ့ အကြံပြုချက်ကို သဘောတူပြီး ဝမ်ချန်းမှာ ထုတ်လုပ်မှုအခြေစိုက်စခန်းတစ်ခု တည်ဆောက်ဖို့ ခွင့်ပြုလိုက်သည်။ ပစ္စည်းပြတ်တာထက်စာရင် ပိုလျှံနေတာက ပိုကောင်းတာပေါ့။

မကြာသေးခင်ကလည်း အစိုးရ၊ စစ်တပ်နဲ့ ပြည်တွင်းကုမ္ပဏီကြီးတွေဆီကနေ Kaitian ONE တွေကို ရုံးသုံးပစ္စည်းနဲ့ ဝန်ထမ်းလက်ဆောင်တွေအဖြစ် အမြောက်အမြား မှာယူချင်တဲ့ သတင်းတွေ ရောက်လာသည်။

ဒီအော်ဒါတွေကလည်း နည်းမှာမဟုတ်ပေ။

ဒါဟာ Longteng အတွက်တင် အကျိုးရှိတာမဟုတ်ဘဲ၊ ပြည်တွင်းဖြစ်ကို အားပေးတယ်ဆိုတဲ့ နာမည်ကောင်းကိုပါ ကုမ္ပဏီကြီးတွေက ရရှိသွားတာမို့ အားလုံးအတွက် 'Win-Win' အခြေအနေပါပဲ။

....................................................

အပိုင်း ၁၆၀

ဒူဘိုင်းမှ ဆက်သွယ်လာခြင်း

"စစ်တပ်လက်အောက်က လူတွေက အခုထိ ဇွတ်လုပ်နေတုန်းပဲလား"

ရုတ်တရက် လင်းဖန် တစ်ခုခုကို သတိရသွားပြီး မမေးဘဲ မနေနိုင်တော့ပေ။ စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ သိပ္ပံသုတေသန အဖွဲ့အစည်းတွေရဲ့ အော်ဒါတွေကို သူ သိပ်စိတ်မဝင်စားပေမဲ့၊ စစ်သေနာပတိချုပ်ရုံးကပါ နှုတ်ဆက်စကား ပါလာတာကြောင့် လုံးဝ လျစ်လျူရှုထားလို့တော့ မရချေ။ တစ်နည်းအားဖြင့် "ကြည်ဖြူပေးပါ" ဆိုတဲ့ သဘောမျိုးပေါ့။

"သူဌေး အဲဒီလူတွေက တကယ်ကို ပူးပေါင်းဆောင်ရွက်ချင်ပုံရပါတယ်"

ကျန်းဖန်က ခေတ္တစဉ်းစားပြီး ပြန်ဖြေသည်။

"ဒီတစ်ခေါက်တော့ ကျွန်တော်တို့ တင်ပြထားတဲ့ ဈေးနှုန်းကို သူတို့ ငြင်းခုံမနေတော့ဘူး ဒါပေမဲ့ အော်ဒါက နည်းနည်း ရှုပ်ထွေးနေတယ်"

"အင်း..."

လင်းဖန်က ခေါင်းငြိမ့်ရင်း တည်ငြိမ်စွာ ဆိုသည်။

- "ခင်ဗျားပဲ ချင့်ချိန်ပြီး လုပ်လိုက်ပါ။ Longteng Group ရဲ့ ထုတ်ကုန်တွေက ဈေးကွက်မှာ စမ်းသပ်ပြီးသားဖြစ်လို့ ကမ္ဘာ့ထိပ်တန်းအဆင့် ရောက်နေပြီဆိုတာ လူတိုင်းသိတယ်။ သူတို့ မကျေနပ်ရင်တောင် Nirvana X နဲ့ Kaitian ONE ထက် ကောင်းတဲ့ စမတ်ဖုန်းနဲ့ တက်ဘလက်ကို ရှာမတွေ့နိုင်ဘူးဆိုတာ ဝန်ခံရလိမ့်မယ်။"

Nirvana S ထွက်လာတဲ့အခါကျရင်တော့ ရွေးချယ်ခွင့်က စစ်တပ်သုတေသနအဖွဲ့တွေဆီမှာ ရှိတော့မှာ မဟုတ်ပါဘူး။ အဲဒီအချိန်ကျရင် တစ်ကမ္ဘာလုံးက အသုံးပြုသူတွေ အလုအယက် ဝယ်ကြမှာမို့လို့ အရပ်ဘက် အော်ဒါတွေနဲ့တင် လက်မလည်အောင် ဖြစ်နေမှာပါ။

"ဒါနဲ့ သူတို့ကို ပြောလိုက်ဦး၊ အခုချက်ချင်း မဝယ်ရင် ဈေးတက်တော့မယ်လို့။"

လင်းဖန်က အေးအေးလူလူပင် ထပ်ပြောလိုက်သည်။

ခေတ်က တိုးတက်နေပြီး လူမှုပတ်ဝန်းကျင်ကလည်း ပြောင်းလဲနေတာပါ။ အလုပ်သမားခတွေ တက်နေသလို ကုန်ကြမ်းဈေးနှုန်းတွေကလည်း အချိန်နဲ့အမျှ ပြောင်းလဲနေသည်။

Longteng အနေနဲ့ ပြည်တွင်းဖြစ်ကို အားပေးတဲ့ ကုမ္ပဏီအဖြစ် ရပ်တည်ချင်ပေမဲ့ ကုန်ကျစရိတ်တွေ တက်လာရင်တော့ မူလဈေးနှုန်းအတိုင်း ဆက်ရောင်းဖို့ မလွယ်ကူပေ။

သူတို့လုပ်ရမှာက ကုန်ကျစရိတ်ကို တတ်နိုင်သလောက် လျှော့ချပြီး စားသုံးသူတွေက တခြားတံဆိပ်တွေနဲ့ ယှဉ်ကြည့်တဲ့အခါ Longteng ဟာ စေတနာရှိတဲ့ လုပ်ငန်းတစ်ခု ဖြစ်ကြောင်း သက်သေပြဖို့ပါပဲ။ ဒါက ပြည်တွင်းကလူတွေအတွက်ပါ။ နိုင်ငံခြားသားတွေအတွက်ကတော့ ဈေးကြီးကြီးပဲ ပေးရမှာပေါ့။

"ဟားဟား သူဌေးသာအဲဒီလိုပြောလိုက်ရင်တော့ အဲဒီလူတွေ ပူထူသွားကြမှာပဲ"

ဟု ကျန်းဖန်က ရယ်မောရင်း ဆိုသည်။ ဈေးတက်မယ့် သတင်းထွက်လာရင် စစ်တပ်တင်မကဘဲ ပုဂ္ဂလိက ကိုယ်စားလှယ်တွေပါ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြတော့မှာပါ။

"အဲဒီလူတွေ တကယ်ပဲ ပိုက်ဆံမရှိရင် တစ်ခုခုနဲ့ လဲလှယ်ဖို့ ပြောလိုက်လေ။"

လင်းဖန်၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရောင်အဝါတစ်ခု ပေါ်လာပြီး သူက အဓိပ္ပာယ်ပါပါ ဆက်ပြောသည်။

- "စစ်တပ်သုတေသနအဖွဲ့တွေက ဖုန်းနဲ့ OS ပိုင်းမှာ ကျွန်တော်တို့ကို မမီပေမဲ့၊ သူတို့လက်ထဲမှာ အရေးကြီးတဲ့ နည်းပညာတွေ အများကြီးရှိတယ်။ စကားပုံအတိုင်းပဲ 'စစ်ဘက်သုံး နည်းပညာက အမြဲတမ်း အကောင်းဆုံး' ပဲ မဟုတ်လား။"

သတ္တုသုတေသန (Metal Research) လိုမျိုး ကိစ္စရပ်တွေမှာ စစ်တပ်ဆီက မူပိုင်ခွင့် ခွင့်ပြုချက်သာ ရခဲ့ရင် Longteng ဟာ အခုထက် ပိုမြန်မြန် ဖွံ့ဖြိုးလာမှာပါ။

"သူဌေးက... စစ်ဘက်ဆိုင်ရာ နည်းပညာတွေကို ဆိုလိုတာလား"

ကျန်းဖန်က အံ့သြတကြီး မေးလိုက်သည်။

"ဟုတ်တယ်။ အဲဒီအဖွဲ့အစည်းတွေက ပိုက်ဆံမရှိတာ မဟုတ်ပေမဲ့ သုံးဖို့ကျတော့လည်း အကန့်အသတ်တွေ ရှိနေတာလေ။ Nirvana X နဲ့ Kaitian ONE တွေကို ဒီလောက်အများကြီး ဝယ်ဖို့ဆိုတာ မလွယ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ဒီပိုက်ဆံလေးကို မက်နေတာ မဟုတ်ဘူး။ သူတို့ဆီက နည်းပညာအချို့ကို ရယူပြီး ပစ္စည်းတွေနဲ့ လဲလှယ်ပေးလိုက်ရင် နှစ်ဦးနှစ်ဖက် အဆင်ပြေတာပေါ့။"

ဒါပေမဲ့ ဒီနည်းပညာတွေဟာ နိုင်ငံတော်ရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေတော့ မဖြစ်စေရပါဘူး။ သူတို့က ပေးချင်ရင်တောင် Longteng ဘက်က ယူရဲမှာ မဟုတ်ပါဘူး။

"စိတ်ချပါ ကျွန်တော် နားလည်ပါပြီ။"

ကျန်းဖန်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေသည်။

ခဏအကြာတွင် ကျန်းဖန်က တစ်ခုခုကို သတိရသွားပြီး

- "သူဌေး ဆွေးနွေးစရာ တစ်ခု ကျန်ပါသေးတယ်။ မနေ့က မနက် ၁ နာရီမှာ ဟောင်ကောင်ဘဏ်ခွဲဆီကို ဒူဘိုင်း (Dubai) ကနေ ဖုန်းခေါ်လာပါတယ်။"

"အော်... သဲကန္တာရနိုင်ငံက သူဌေးကြီးတွေလား"

လင်းဖန်က စိတ်ဝင်တစား မေးလိုက်သည်။

"ဟုတ်ပါတယ်၊ သူတို့က ကျွန်တော်တို့ရဲ့ Nirvana X နဲ့ Kaitian ONE ကို တကယ်ပဲ စိတ်ဝင်စားနေကြတာပါ။"

ဒူဘိုင်းဆိုတာ ကမ္ဘာကျော်တဲ့ မြို့တစ်မြို့ဖြစ်ပြီး မင်းသား၊ မင်းသမီးတွေနဲ့ သူဌေးကြီးတွေ စုဝေးရာနေရာပါ။ သူတို့က သဲကန္တာရထဲမှာ နေပေမဲ့ မြေအောက်က ရွှေမည်း (ရေနံ) တွေကြောင့် မရေမတွက်နိုင်တဲ့ ကြွယ်ဝမှုတွေကို ပိုင်ဆိုင်ထားကြတာပါ။ အကယ်၍ Longteng သာ အဲဒီမှာ ခြေကုပ်ရခဲ့ရင် နိုင်ငံတကာ ချဲ့ထွင်မှုက ပိုမြန်လာမှာပါ။

"သူတို့က ဘာပြောလဲ"

"သူတို့က Nirvana X ထက်စာရင် Kaitian ONE ကို ပိုပြီး သဘောကျနေကြတယ်။ ဒါပေမဲ့ ထူးဆန်းတာက အဲဒီသူဌေးကြီးတွေက Nirvana S ရဲ့ သတင်းကို ဘယ်ကရလဲမသိဘူး၊ အဲဒီဖုန်းကို သုံးပြီး သူတို့ဆီမှာ ဈေးကွက်ချဲ့ထွင်ဖို့ စိတ်ဝင်စားနေကြတယ်ဗျ။"

"အော်... Nirvana X ကို မယူဘဲ Nirvana S ကိုမှ လိုချင်တယ်ပေါ့။ သူတို့က တော်တော် ဇီဇာကြောင်တာပဲ။"

လင်းဖန်က ပြုံးရင်း ဆိုသည်။

စွမ်းဆောင်ရည်အရဆိုရင် Nirvana S နဲ့ သာမန် Version က သိပ်မကွာပေမဲ့၊ Kaitian ONE ကတော့ Longteng ရဲ့ အကောင်းဆုံး မူပိုင်ခွင့်တွေ အကုန်ထည့်ထားတာမို့ တက်ဘလက်လောကမှာတော့ အဆင့်အတန်းက ပိုမြင့်ပါတယ်။ ဒါပေမဲ့ အဲဒီသူဌေးကြီးတွေရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲဆိုတာတော့ သူ သေချာမသိသေးချေ။ ဖုန်းအလုံးရေ အနည်းငယ်ကို Customize လုပ်ပြီး ဝယ်ချင်ရုံတင်လား၊ ဒါမှမဟုတ် တခြား ရည်ရွယ်ချက် ရှိနေသလားဆိုတာကိုပေါ့။

......................................................

All Chapters