← Chapters

မင်း အရင်သေရမယ်

Vol. 115 Ch. 1718

မင်း အရင်သေရမယ်

Vol. 115 Ch. 1718

သို့သော် မဟာနတ္ထိ ရှေးဧကရာဇ်က ဤသို့ဖြစ်လာလိမ့်မည်ဟု အစောကြီးကတည်းက ခန့်မှန်းမိသဖြင့် လှောင်ပြုံးသာ ပြုံးလိုက်မိသည်။

တစ်ယောက်က သုံးစားမရသော အမှိုက်ကောင်ဖြစ်ပြီး နောက်တစ်ယောက်က မိသားစု၏ စောင့်ရှောက်သူ ဖြစ်သည်။ မည်သူက ပိုအရေးပါသလဲ ပြေးကြည့်စရာပင် မလိုပေ။

ယန်ထျန်းရှင်း၏ မျက်လုံးထဲတွင် မိသားစုမေတ္တာဟူသော အရာမျိုး လုံးဝ မရှိပါ။ သူ့တွင် လူနှင့် အရာဝတ္ထုများကို တိုင်းတာသည့် စည်းမျဉ်းတစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ သူတို့က အသုံးဝင်သလား၊ မဝင်သလားပင်တည်း။

ယန်ကျင့်သည် မိသားစု၏ ဖူးဖူးမှုတ်ခြင်း ခံခဲ့ရဖူးသည်။ သူ့တွင် အလွန် မြင့်မားသော ပါရမီနှင့် အရည်အချင်းတို့ ရှိသည်။ ယန်ထျန်းရှင်းက သူ့ထံတွင် အလားအလာတို့ကို မြင်ခဲ့သဖြင့် သူ့ကို နည်းလမ်းပေါင်းစုံဖြင့် အလိုလိုက် ပစားပေးခဲ့ပြီး တစ်နေ့တွင် ယန်ကျင့်ထံမှ ပြန်လည်တုံ့ပြန် ကျေးဇူးဆပ်သည်ကို ပြန်လိုချင်ခဲ့သည်။

သို့သော် ယခု သူက သုံးစားမရသူ ဖြစ်လာပြီး ဘယ်သောအခါမှ မူလခွန်အားကို ပြန်ရနိုင်တော့မည် မဟုတ်ပါ။ ထို့ကြောင့် ယန်ထျန်းရှင်းက သူ့စိတ်ရင်းအမှန်ကို ပြသလာလေပြီ။

တစ္ဆေရှီဗာ ဤနေရာသို့ ရောက်နေခြင်းက ယန်စုန့်ချင်း အမိန့်ပေးလိုက်၍ ဖြစ်ကြောင်း သိသာလှသည်။ ဘယ်လိုလုပ် ယန်ထျန်းရှင်းက မသိဘဲ နေမည်နည်း။

သူသည် အစက မဟာနတ္ထိ ရှေးဧကရာဇ်အား သူ၏ ဆက်ဆံသူအဖြစ် ထားရှိရန် ကြံစည်ခဲ့သည်။ ယခု မဟာနတ္ထိ ရှေးဧကရာဇ်က အသုံးမကျသောသူ ဖြစ်လာသဖြင့် ယန်စုန့်ချင်းကိုသာ သူ၏ ဆက်ဆံသူအဖြစ် ပြန်သတ်မှတ် ရတော့သည်။

“မိသားစုခေါင်းဆောင်၊ ကျွန်မက သခင်လေးရဲ့ လုံခြုံရေးကို စိုးရိမ်လို့ပါ၊ အဲ့ဒါကြောင့် သူ့ကို ကာကွယ်ဖို့ ဒီကို လာခဲ့တာပါ၊ ရလဒ်ကတော့ သခင်လေးရဲ့ ဆရာလို့ ပြောနေတဲ့ အဲ့လူက ကျွန်မကို မညှာမတာ ရိုက်နှက် တော့တာပါပဲ”

တစ္ဆေရှီဗာက အရင်ဆုံး စောဒက တက်လာသည်။ သူမသည်လည်း အခြေအနေကို ရိပ်စားမိလေသည်။ ယခုအခါတွင် သူမ ဘာပြောပြော ယန်ထျန်းရှင်းက သူမဘက်၌ ရပ်တည်ပေလိမ့်မည်။

မုတ်ဆိတ်မွေးနှင့်လူသည်လည်း စိတ်အေးသလို သက်ပြင်းချလိုက်ပြီး ခက်ထန်သော အပြုံးမျိုး ပြုံးလိုက်သည်။

ယန်မိသားစုက သူ ထင်ထားသည်ထက် ပိုသွေးအေးသည့်ပုံပင်။ သူ့လို လူသတ်သမားတောင်မှ အဆိပ်ပြင်းမှန်း သိနေသည်။

သို့သော် ဤသည်က အဆင်ပြေပါသည်။ ယင်းက ယန်ထျန်းရှင်းက သူတို့ဘက်၌ ရှိသည်ဟု ဆိုလိုနေပြီး ထိုလူများ ကံဆိုးတော့မည် မဟုတ်ပါတကား။

“ကျွန်မက ယန်မိသားစုရဲ့ စောင့်ရှောက်သူမှန်း သူ သိပြီးတာတောင် ကျွန်မကို လှောင်ရယ်ပြီးတော့ ယန်မိသားစု တစ်ခုလုံးကို သူ ဖျက်ဆီးမယ်လို့တောင် ပြောလိုက်ပါသေးတယ်”

တစ္ဆေရှီဗာက လှောင်ရယ်၍ ယဲ့ဖန်အား ခက်ထန်စွာ ကြည့်နေသည်။

*ဘာ*

ယန်ထျန်းရှင်း ဒေါသူပုန်ထသွားပြီး ယဲ့ဖန်အား အေးစက်စွာ ကြည့်လိုက်သည်။

ယဲ့ဖန်၏ သိုင်းအဆင့်ကို ထိုးထွင်းမြင်လိုက်ပြီးနောက် သူ့မျက်လုံးတွင် အထင်သေးသော အရိပ်အယောင် ဖြတ်ပြေးသွားသည်။

*အင်မော်တယ် ဧကရာဇ်အဆင့် ကိုယ်ပွားလေးကိုများ ငါ လက်တောက်လိုက်ရုံနဲ့ ဖျက်ဆီးပစ်လို့ရတယ်*

“မင်းက ကိုယ်ပွားတစ်ခုဆီမှာ ရှုံးသွားတယ်လို့ ပြောချင်တာလား”

ယန်ထျန်းရှင်းက တစ္ဆေရှီဗာကို အေးစက်စွာ ကြည့်လိုက်ပြီး ဟာသတစ်ခုလို ခံစားမိနေသည်။

တစ္ဆေရှီဗာ၏ အမူအရာက အနည်းငယ် အရှက်ရသွားဟန် ပေါ်လာသည်။ ယန်ထျန်းရှင်းက သူမကို အရူးတစ်ယောက်ဟု သတ်မှတ်လိုက်ကြောင်း သူမ သိနေသည်။ ထို့ကြောင့် သူမ အသည်းအသန် ရှင်းပြ လိုက်သည်။

“မိသားစုခေါင်းဆောင် ဒီလူက သာမန်မဟုတ်ပါဘူး၊ ကျွန်မကို ကိုယ်ပွားနဲ့ အနိုင်ယူခဲ့ရုံတင် မကပါဘူး၊ ကျွန်မရဲ့ သူတော်စင်လက်နက်ကိုတောင် ဖျက်ဆီးခဲ့ပါသေးတယ်”

“ဪ”

ယန်ထျန်းရှင်း အံ့ဩသွားသည်။ ဤသည်က မယုံနိုင်စရာပင်။

*သူ့လက်ထဲက သူတော်စင်လက်နက်ကိုတောင် ဖျက်ဆီးနိုင်စွမ်း ရှိတယ်ဆိုတော့ ဒီကောင်က လွယ်တဲ့သူတော့ မဟုတ်ဘူးပဲ*

သို့သော် သူ့မျက်လုံးထဲမှ လောဘရိပ်က ပိုပြင်းလာပြီး ယဲ့ဖန်၏ လက်ထဲမှ နတ်ဓားကို စိုက်ကြည့်နေသည်။

“ဒီသူတော်စင်လက်နက်ကို ဖျက်ဆီးနိုင်တာက အဲ့ဒါကြောင့်ပဲ ဖြစ်မယ်ထင်တယ် ဟုတ်တယ်မလား”

စွေ့ဟွာက ယဲ့ဖန်ကို မြန်မြန် ငြင်းလိုက်ရန် ကြိုးစား၍ မျက်ရိပ်ပြနေသည်။ သို့သော် ယဲ့ဖန်က မြင်ပုံမရဘဲ ပြုံး၍ ပြောလိုက်သည်။

“အဲ့တော့ ဘာဖြစ်လဲ”

*ဒီလူ ရူးနေတာလား*

စွေ့ဟွာ ငိုသာ ငိုလိုက်ချင်တော့သည်။ ဤမျှ တုံးအသောသူကို သူမ ယခုမှ မြင်ဖူးခြင်းပင်။

ယန်ထျန်းရှင်းက သူ့လက်ထဲမှ လက်နက်ကို လိုချင်နေသည်ကို သိနေလျင် ဆင်ခြေပေးလိုက်လျင် မဖြစ်ပေလော။

ယန်ထျန်းရှင်းက ရယ်၍ အမိန့်ပေးလိုက်သည်။

“အဲ့နတ်ဓားကို ပေးစမ်း၊ ဒါဆို ငါ မင်းအလောင်းကို အကောင်းပကတိ ထားပေးမယ်”

ယဲ့ဖန် သေချာပေါက် ပေးလာလိမ့်မည်ဟု သူ ယုံကြည်ချက် ရှိနေသည်။

ယဲ့ဖန်က မည်မျှ တမူထူးခြားနေပါစေ အင်မော်တယ် ဧကရာဇ်အဆင့်၏ ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။ သူ၏ သူတော်စင် ကိုယ်ပွားခန္ဓာကိုယ်က ကိုယ်ပွားကို မဆိုထားနှင့် အင်မော်တယ် ဧကရာဇ်အဆင့်ကိုပင် ခွေးကို သတ်သလို သတ်နိုင်ပေသည်။

စွေ့ဟွာ အလျင်အမြန် ဝင်ပြောလိုက်သည်။

“မိသားစုခေါင်းဆောင် အဲ့လို မလုပ်သင့်ပါဘူး၊ သူက သခင်လေးရဲ့ ဆရာပါ၊ ဒီလိုလုပ်တာ မသင့်တော်ပါဘူး”

*ဟမ်*

“ငါ ဘာလုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာကို မင်းလို အစေခံက ပြောဖို့လိုလို့လား”

ယန်ထျန်းရှင်း ဒေါသထွက်သွားပြီး ဒေါသတကြီး လက်ဖြင့်ဝှေ့ယမ်းလေသည်။

“သွားသေလိုက် ခွေးမ”

ကြောက်စရာကောင်းသော စွမ်းအင်လှိုင်းတစ်ခု ပျံ့လွင့်လာပြီး စွေ့ဟွာအား လွှမ်းခြုံလာသည်။

“သခင်ကြီး သူ့ကို ကယ်ပေးပါ”

ဤသည်ကိုမြင်သော် မဟာနတ္ထိ ရှေးဧကရာဇ် အကြီးအကျယ် မျက်နှာပျက်သွားပြီး အော်ပြောလိုက်သည်။

“ငါ့ရှေ့မှာ လူသတ်တယ်ပေါ့လေ၊ မင်းက ဘာကောင်လဲ”

ယဲ့ဖန်သည်လည်း အသံကျယ်ကျယ်ဖြင့် အော်လိုက်ပြီး ယန်ထျန်းရှင်းအား အထင်မကြီးသော မျက်နှာထားဖြင့် ကြည့်ကာ ဓားကို ချက်ချင်း ဝှေ့ယမ်းလိုက်သည်။

ဓားစွမ်းအင်က ရုတ်ချည်း လွှမ်းမိုးလာ၏။

ချက်ချင်းဆိုသလိုပင် ကြယ်တာရာများ ရွေ့လျားလာပြီး မိုးမြေ လှုပ်ခါလာသည်။ ယန်ထျန်းရှင်း၏ ထိတ်လန့်စရာ ကောင်းသော တိုက်ခိုက်မှုက ချက်ချင်း ပိတ်ဆို့သွားသည်။ ယန်ထျန်းရှင်း၏ တိုက်ခိုက်မှုက ဓားချက် တစ်ချက်တည်းဖြင့် ပျက်ပြယ်သွားသည်။

ယန်ထျန်းရှင်း အကြီးအကျယ် မျက်နှာပျက်သွားပြီး မယုံနိုင်သည့် အမူအရာ ပေါ်လာသည်။ တစ်ဖက်လူ၏ ကိုယ်ပွားက သူ၏ တိုက်ခိုက်မှုကို ပျက်ပြယ်အောင် လုပ်နိုင်သည်တဲ့လား။ အိပ်မက်ဆန်လွန်းလှသည်။

*ဒီကောင်က တကယ်ပဲ အင်မော်တယ် ဧကရာဇ်အဆင့်လား*

တစ္ဆေရှီဗာနှင့် အခြားသူများ ထိတ်လန့်သွားသည်။ သူတို့ ယဲ့ဖန်ကို မယုံနိုင်သလို ကြည့်နေမိကြသည်။ သူတော်စင်အဆင့်၏ ကိုယ်ပွားသည် အင်မော်တယ် ဧကရာဇ်အဆင့်ကိုပင် ခွေးကို သတ်သလို သတ်နိုင်၏။

သူတော်စင်အဆင့် တစ်ယောက်က အင်မော်တယ် ဧကရာဇ်အဆင့်ကိုပင် အသာလေး သတ်နိုင်သဖြင့် ကိုယ်ပွားဆိုလျင် ပြောနေစရာပင် မလိုတော့ပါ။ သို့သော် သူ့အရှေ့မှလူက တကယ် ဖယ်ရှားလိုက်သည်တဲ့လား။

ဤသည်က ကိုးပြည်နယ်တွင်း၌ အကြီးမားဆုံး ဆန်းကြယ်မှုလိုပင်။

အင်မော်တယ် ဧကရာဇ်အဆင့်၏ ကိုယ်ပွားက သူတော်စင်အဆင့်၏ ကိုယ်ပွားကို တားဆီးနိုင်ခြင်း။ ကြောက်စရာ ကောင်းလိုက်လေခြင်း။

ထိုအခိုက်တွင် တစ္ဆေရှီဗာ၏ မျက်နှာက ဖြူရော်လာလေသည်။

ယန်ထျန်းရှင်းတောင်မှ မသုန်မှုန်ဘဲ မနေနိုင်အောင် ဖြစ်သွားပြီး မျက်လုံးတွင် ကြောက်ရွံ့စိတ်နှင့် စိုးရိမ်စိတ်တို့ ပြည့်နေသည်။

သူ တကယ် ကြောက်လန့်နေသည်။ ဤမျှ ထူးဆန်းသောသူကို သူ တစ်ခါမှ မမြင်ဖူးပါ။ သူ နောင်တရနေ၏။

ယန်ကျင့်၌ ဤသို့ ကြီးမြတ်သော ဆရာတစ်ယောက် ရှိနေမှန်း သူ သိခဲ့ပါက ဘယ်လိုပဲလုပ်ရလုပ်ရ မိတ်ဆွေ ဖြစ်အောင် ကြိုးစားမိမှာပင်။

ယန်ကျင့်က အမှိုက်ကောင် ဖြစ်သွားလျင်တောင်မှ ဤထူးဆန်းသော လူ၏ အကူအညီနှင့်ဆိုလျင် မူလ အခြေအနေသို့ ပြန်ရောက်နိုင်လောက်သည်။

ယန်ကျင့်က တစ်သက်လုံး အမှိုက်ကောင် ဖြစ်နေလျင်တောင်မှ ဤသို့ ထူးဆန်းသောသူနှင့် ယန်မိသားစုက မိတ်ဆွေ ဖြစ်နိုင်မည်ဆိုလျင် နောင်အနာဂတ်၌ သူတို့ အကျိုးအမြတ် ရမည်မှာ အသေအချာပင်။

သို့သော် ယခုအခါတွင်မှ တစ်ခုခု ပြောချင်လျင်လည်း နောက်ကျသွားလေပြီ။

ထို့နောက် သူ့မျက်မှောင်ကြုတ်လိုက်ပြီး မျက်လုံးတွင်းမှ လူသတ်ချင်သော အရိပ်အယောင်က ပိုမို ပြင်းထန် လာသည်။

*ငါ့အရှေ့ကလူ သေကိုသေရမယ်*

*အခု အင်မော်တယ် ဧကရာဇ်အဆင့်နဲ့တောင် ဒီလောက် ကြောက်ဖို့ကောင်းနေတာ၊ နောက်ပိုင်း သူတော်စင် အဆင့်ကိုသာ တက်သွားနိုင်ရင် ငါတောင်မှ သူ့ပြိုင်ဘက် မဖြစ်နိုင်လောက်ဘူး*

“ငါ့မျိုးနွယ်ကို ထိခိုက်အောင်လုပ်တယ်၊ ငါ့မိသားစုကို စော်ကားတယ်၊ မင်း သေလိုက်တော့”

ယန်ထျန်းရှင်းက ယဲ့ဖန်ကို အေးတိအေးစက်ဖြင့် အထင်သေးစွာ ကြည့်နေသည်။

ယခုအခါတွင် ယဲ့ဖန်ကို ရန်စမိခဲ့ပြီးပြီ ဖြစ်သဖြင့် တစ်ခုတည်းသော နည်းလမ်းက ဖြစ်လာမည့် ဤခြိမ်းခြောက်မှုကို လုံးဝ သတ်လိုက်ရန်သာ ဖြစ်သည်။ ထို့ကြောင့် ယဲ့ဖန် သေကိုသေရပေမည်။

ယဲ့ဖန် လှောင်ရယ်လိုက်သည်။

“ဒီလူက ခင်ဗျားမြေးကို သတ်တယ်၊ သူ့ကို အပြစ်ပေးရမယ့်အစား ခင်ဗျားက ကယ်လိုက်တဲ့ ကျုပ်ကို သတ်ချင်တယ်ပေါ့ ဟုတ်လား”

“ဘာဖြစ်ခဲ့တာလဲဆိုတာ ငါပဲ ဆုံးဖြတ်မယ်၊ ငါ့လူက အမှားလုပ်ရင် ငါပဲ အပြစ်ပေးမယ်၊ ဘာလို့ မင်းလို အပြင်လူက ဝင်ပါနေတာလဲ”

ယန်ထျနန်းရှင်းက လူသတ်ချင်နေသော အကြည့်ဖြင့် ယဲ့ဖန်အား အေးစက်စွာ ကြည့်နေသည်။ ဤသည်က ကျိုးကြောင်း မဆီလျော်ချေ။

“ဒီလိုဆိုရင် ကျုပ်က ခင်ဗျားခွေးကို သတ်လို့မရပင်မယ့် ခင်ဗျားကတော့ ကျုပ်တပည့်ကို သတ်လို့ ရတယ်ပေါ့လေ”

ယဲ့ဖန် ပျက်ရယ်ပြုလိုက်သည်။

“အဲ့လိုဆိုမှတော့ ဘာမှပြောနေစရာ မလိုတော့ဘူး၊ တိုက်မယ်”

ပါးကိုက်နားကိုက် လုပ်မှာပင်။

“မင်းရဲ့ အင်မော်တယ် ဧကရာဇ်အဆင့် ကိုယ်ပွားခန္ဓာကိုယ်လေးနဲ့လား၊ ဟာသပဲ”

ယန်ထျန်းရှင်းက ဘဝင်မြင့်နေပြီး ခြေထောက်ကို ဆောင့်လိုက်သောအခါ အလွန် တောက်ပသော အလင်းရောင်က ကောင်းကင်ယံ၌ တောက်ပလာလေသည်။

ထို့နောက် သူ့အနောက်တွင် နတ်ဘုရား ပဲ့ထိန်းဘီးများ ပေါ်လာပြီး နတ်ဘုရား အငွေ့အသက်များက အဆက်မပြတ် စီးဆင်းလာသည်။ ထိုနတ်ဘုရား ပဲ့ထိန်းဘီးများတွင် တာအို အမှတ်အသားများ ရေးထွင်းလာပြီး ရိုးရှင်း၍ ကြီးမြတ်ကာ စွမ်းအားကြီးလှသည်။

ထို့နောက် ဘာမှထပ်မပြောတော့ဘဲ ဒေါသတကြီး တိုက်ခိုက်လေသည်။

ဤတိုက်ခိုက်မှုသည် မိုးမြေကိုပင် တုန်ခါစေနိုင်လောက်ပြီး အလင်းတန်းများက ပတ်ဝန်းကျင်အနှံ့ ပျံ့လွင့်လာကာ ၎င်း၌ အတောမသတ်နိုင်သော စွမ်းအင်များ ပါဝင်နေ၏။

ယဲ့ဖန်က လက်ထဲမှ နတ်ဓားကို တင်းနေအောင် ကိုင်ထားပြီး လက်ရှိတွင် ပေါ့ပေါ့တန်တန် သဘောမထားရဲပေ။ တစ်ဖက်လူက သူတော်စင်အဆင့် ဖြစ်သဖြင့် သူ အထင်သေး၍ မဖြစ်ချေ။

ထိုအခိုက်တွင် အမြင်အာရုံများစွာ ပေါ်လာသည်။

နေကိုးစင်းက ကောင်းကင်ယံ၌ လွှမ်းမိုးလာသည်။ ဓားအသိက နိုင်ငံကို စိုးမိုးလာ၏။ ငရဲမြင်ကွင်းသည်လည်း ထွက်ပေါ်လာလေသည်။

“အမြင်အာရုံ သုံးခုတောင်လား”

တစ္ဆေရှီဗာ တအံ့တဩ ရေရွတ်လိုက်ပြီး ထိုင်းမှိုင်းသော အမူအရာ ဖြစ်လာလေသည်။

*မိစ္ဆာ*

*ဒီလူက မိစ္ဆာပဲ*

ယန်ထျန်းရှင်း မျက်နှာ မည်းမှောင်သွားသည်။

*ဒီလူက ခန့်မှန်းမရဘူးပဲ၊ ဒီလိုလူနဲ့ ရန်သူ ဖြစ်တာ အန္တရာယ်များလွန်းတယ်*

ထိုအခိုက်တွင် ယန်ထျန်းရှင်းသည် ယန်စုန့်ချင်းကို တစ်စစီ စုတ်ဖြဲချင်စိတ် ပေါက်နေသည်။

ယဲ့ဖန်က သူ့ထံ တည်ငြိမ်အေးဆေးသော အမူအရာဖြင့် လျှောက်လာနေပြီး မသိလျင် ကောင်းကင်ဘုံ ဧကရာဇ်က လောကထဲသို့ ဆင်းလာသည်ဟု ထင်မှတ်ရသည်။ ယန်ထျန်းရှင်းတောင်မှ ဖိအားကို ခံစားမိသည်။

ယဲ့ဖန်၏ ခန္ဓာကိုယ်တွင် နတ်ဆိုးမီးတောက်များ တောက်လောင်လျက် ရှိပြီး သွေးများ ပွက်ပွက်ဆူနေပုံက တစ်လောကလုံးကို ရှင်းလင်းလှုပ်ခါနိုင်သော တာအိုစွမ်းအင် မီးတောက်တစ်ခုနှင့် တူနေသည်။

ရုတ်တရက် သူက တစ္ဆေရှီဗာကို အေးစက်ခက်ထန်စွာ ကြည့်လာသည်။

“မင်း အရင် သေရမယ်”

တစ္ဆေရှီဗာ မျက်နှာပျက်သွားသည်။ သို့သော် သူမ မတုံ့ပြန်နိုင်ခင်မှာပင် ကြီးမားပြင်းထန်သော စွမ်းအင်က သူမထံ စုစည်းလာ၏။

လေဟာနယ် အက်ကွဲလာပြီး တောတောင်ရေမြေ ပျက်စီးလာ၏။ ဤနေရာမှာ မြေအနေအထားကလည်း ပြောင်းလဲ လာလေသည်။

ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်က မုန်တိုင်းထန်နေသည် လှိုင်းလုံးအလား အပြေး ရိုက်ခတ်ကာ ယန်ထျန်းရှင်းထံ ဦးတည်လာသည်။

ထိုစဉ် ယန်ထျန်းရှင်း၏ တိုက်ခိုက်မှုက အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားပြီး အမြင်အာရုံ သုံးခုက ပေါင်းစပ်သွားပြီး စွမ်းအားက သုံးဆ ဖြစ်သွားသည်။

ယန်ထျန်းရှင်း အံ့ဩသွားသည်။ သူ၏ အားကုန်သုံးထားသည့် တိုက်ကွက်ကို ထိုလူက အသာလေး ဖျက်ဆီးလိုက် သည်တဲ့လား။

မယုံနိုင်စရာ ကောင်းလှပေသည်။

ကြောက်မက်ဖွယ်ကောင်းသော လူသတ်လိုသည့် အငွေ့အသက်က တစ္ဆေရှီဗာထံ ကျဆင်းလာသည်။

“မဖြစ်ဘူး၊ မိသားစုခေါင်းဆောင် ကျွန်မကို ကယ်ပါဦး”

တစ္ဆေရှီဗာ ကြက်သီးတဖြန်းဖြန်းထကာ ကြောက်လန့်သွားသည်။ ယဲ့ဖန်က သူမကို ယန်ထျန်းရှင်းရှေ့၌ သတ်နိုင်လိမ့်မည်ဟု သူမ တစ်ခါမှ ထင်မထားမိပါ။

*ဘယ်လိုလုပ် ဒီလူက အရမ်း သန်မာနေတာလဲ*

“မင်း လုပ်ရဲလား”

ယန်ထျန်းရှင်း မျက်ခုံးပင့်လိုက်ပြီး ဒေါသထွက်သွားသည်။ သူ့လူကို သူ့အရှေ့၌ သတ်ခြင်းက သူ့အား မျက်နှာ ဖြတ်ရိုက်လိုက်သလိုပင်။

ထို့နောက် ယန်ထျန်းရှင်းက ယဲ့ဖန်ကို ဒေါသတကြီး လက်ဝါးဖြင့် ရိုက်ချလာသည်။

“မျိုးမစစ်ကောင် သေပေတော့”

ထိုအင်အားက ကောင်းကင်ကိုပင် လှုပ်ခါစေနိုင်သည်အထိ အစွမ်းကြီးလှသည်။

သို့သော် ယဲ့ဖန် အထင်သေးစွာ ပြုံး၍ လက်ထဲမှ ဓားဖြင့် ပြန်ခုတ်ပိုင်းလိုက်သည်။

“ဝုန်း”

ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက်တွင်မူ ယန်ထျန်းရှင်း၏ လက်ဝါးက တုန်ခါ၍ နောက်သို့လွင့်သွားကာ ယဲ့ဖန်၏ တိုက်ခိုက်မှုကလည်း တစ္ဆေရှီဗာထံ ကျရောက်လာသည်။

“ရွှစ်”

သွေးများ ချက်ချင်း ပန်းထွက်လာပြီး တစ္ဆေရှီဗာက ဤဖိအားအောက်၌ အသားတုံး ဖြစ်သွားလေသည်။ ယဲ့ဖန်ကြောင့် သူမ တစ်စစီ ဖြစ်သွားလေသည်။

ဦးခေါင်းခွံ အက်ကွဲသွားသည်။ ထို့နောက် ပခုံးရိုး၊ ကျောရိုး၊ ခါးဆစ်ကျောရိုး၊ ခြေထောက်ရိုး။

ခေါင်းစခြေဆုံး အရိုးများ တစ်စစီ ဖြစ်ကုန်သည်။

“ဘုတ်”

အသားတုံးများ မြေကြီးပေါ် တဘုတ်ဘုတ် ကျလာသည့် မြင်ကွင်းက ထိတ်လန့်စရာပင်။

ယန်ထျန်းရှင်း ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်နေသည်။ ယဲ့ဖန်က တစ္ဆေရှီဗာကို တကယ် သတ်ခဲ့လေသည်။ ယင်းကလည်း သူ့မျက်စိရှေ့တွင် သတ်လိုက်ခြင်း ဖြစ်သည်။

ကိုယ်ပွားခန္ဓာကိုယ်က အင်မော်တယ် ဧကရာဇ်အဆင့် သိုင်းပညာရှင်ကို အနိုင်ယူခဲ့ခြင်း။ သူမကို သတ်ပင် သတ်လိုက်သေးသည်။

ဤသည်က သူတော်စင်အဆင့်မှပင် လုပ်နိုင်သည့် နည်းလမ်းပင်တည်း။ ပို၍ ဆိုးသည်မှာ ယဲ့ဖန်က ယန်ထျန်းရှင်းကို လျစ်လျူရှု၍ သူ့ခွေးအား သူ့ရှေ့၌ သတ်လိုက်ခြင်းပင်။

“မင်း … မင်း တော်တော် သတ္တိကောင်းနေတယ်ပေါ့လေ”

All Chapters