← Chapters

အခန်း (၁၆၁)

Vol. 17 Ch. 161

အခန်း (၁၆၁)

Vol. 17 Ch. 161

အခန်း(161)

ကျန်းချင်းတုန်က တိတ်ဆိတ်နေလျက် လိုအပ်သော စာရွက်စာတမ်းများအားလုံးကို အသင့်ပြင်ဆင်ပြီး လူတိုင်းကို လှမ်းခေါ်လိုက်သည်။

“ကောင်းပြီ ... လက်မှတ်ထိုးကြရအောင်”

“ကောင်းပါပြီ”

လီရှန်းက အချက်အလက်များကို သေချာဖတ်ရှုပြီး မှန်ကန်ကြောင်း အတည်ပြုပြီးနောက် သူမ၏ အမည်ကို လက်မှတ်ရေးထိုးလိုက်၏။

ကျန်းရူတုန်ကတော့ ကြည့်ပင် ကြည့်မနေတော့ဘဲ တန်း၍ လက်မှတ်ထိုးလိုက်တော့သည်။

လက်မှတ်ထိုးပြီးနောက် သူတို့သည်က ဝူချောင်ချန်းနှင့်အတူ လိုအပ်သော လုပ်ထုံးလုပ်နည်းများကို အပြီးသတ်ခဲ့ကြ၏။

မည်သို့ပင်ဖြစ်စေ ထိုနေရာကို ဝူချောင်ချန်းထံသို့ ရောင်းချထားပြီးဖြစ်သကဲ့သို့ ငွေများကိုလည်း လက်ခံရရှိပြီးသားဖြစ်ပေသည်။

သူတို့ဘက်မှ စကားတစ်ခွန်းမျှ မဆိုဘဲ လက်မှတ်ထိုးပေးသည်ကို မြင်ချိန်တွင် ဝူချောင်ချန်းမှာ ပို၍ပင် ဝမ်းသာသွားရတော့သည်။

ယခုဆိုလျှင် အရာအားလုံး အဆင်ပြေသွားခဲ့ပြီ ဖြစ်၏။ သူတို့အနေဖြင့် ပိုမိုကြီးမားသော အိမ်တစ်လုံးကို ရရှိနိုင်တော့မည်ဖြစ်ကာ သားဖြစ်သူများကြားတွင်လည်း မိသားစုအမွေခွဲဝေမှုအတွက် ရန်ဖြစ်နေစရာ မလိုတော့ပါချေ။

လက်မှတ်ထိုးပြီးနောက် လီရှန်းနှင့် စုဝေ့ချင်းတို့က ဆေးဝါးစက်ရုံသို့ အမြန်ဆုံး ပြန်သွားခဲ့ကြသည်။

ဝူလီကတော့ သူတို့ ပြည်နယ်မြို့တော်သို့ ပြန်သွားကြပြီဟုသာ ထင်မှတ်ထားသောကြောင့် တားဆီးရန် မကြိုးစားခဲ့ပါချေ။

သို့သော် တစ်ဖက်မှ ကျန်းရူတုန်က ဝူချောင်ချန်း၏ ဦးဆောင်မှုဖြင့် လီဟုန်ကျွင့် လက်ရှိနေထိုင်နေသော အိမ်သို့ သွားရောက်ကြည့်ရှုခဲ့၏။

ကျန်းရူတုန်မှာ ကေဒါဝန်ထမ်းဝင်း၏ အပြင်ဘက်တွင် ရပ်နေရင်း ခံစားချက်များစွာဖြင့် ပြည့်နှက်နေခဲ့သည်။

ကျန်းဟုန်ကျန်း အသက်စွန့်ကာ ရယူခဲ့သော ဤအိမ်သည်က နောက်ဆုံးတွင်တော့ လီဟုန်ကျွင့်နှင့် တခြားအမျိုးသမီးတစ်ဦးတို့ သားသမီးများ ရရှိခဲ့သည့် အိမ်ကြီး ဖြစ်နေခဲ့ချေပြီ။

သူ့အနေဖြင့် သူ၏သမီးအတွက် စိတ်မကောင်းဖြစ်ရသကဲ့သို့ ဒေါသနှင့် ဝမ်းနည်းမှုတို့ကိုလည်း တပြိုင်နက်တည်း ခံစားရသည်။

အခုတော့ လုံးဝ လမ်းခွဲလိုက်ကြပေပြီ။

ကျန်းရူတုန် သက်ပြင်းရှည်တစ်ချက်ကို ချလိုက်ပြီးနောက် သူ၏ ရင်ထဲတွင် ကြာမြင့်စွာ ကိန်းအောင်းနေသော ဖိအားများမှာလည်း ရုတ်တရက် ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

“လောင်ကျန်း?”

ရုတ်တရက် ဘေးကပ်လျက်ရှိ ဝင်းတံခါး ပွင့်လာပြီး ဒါရိုက်တာလျို့က ခေါင်းပြူထွက်လာခဲ့၏။

သူ့အနေဖြင့် အစပိုင်းတွင် ဇဝေဇဝါ ဖြစ်နေသော်လည်း ကျန်းရူတုန်ကို မြင်လိုက်ရသည့်အခိုက်တွင် ချက်ချင်းပင် သဘောပေါက်သွားတော့သည်။

သူ့အနေဖြင့် ဝူချောင်ချန်းနှင့် ကျန်းကျူးရိတို့ကြားမှ အရောင်းအဝယ် ကိစ္စကို သိရှိပြီးသား ဖြစ်ပေသည်။

သူ အနည်းငယ် နောက်ကျသွားခဲ့သည့်အတွက် နောင်တရမိသော်လည်း သူ့အနေဖြင့်လည်း အလုပ်နေရာတစ်ခုကို ရရှိထားပြီးဖြစ်၍ အိမ်ကိုပါ ထပ်မံ၍ လောဘမတက်သင့်တော့ဟု ပြန်လည်စဉ်းစားမိလိုက်၏။

ထို့အပြင်...

“ဒါရိုက်တာလျို့”

ဒါရိုက်တာလျို့ စကားမစမီ ကျန်းရူတုန်က စတင်၍ ပြောဆိုလိုက်သည်။

“ဟုန်ကျန်း ဆုံးပါးသွားတုန်းက နစ်နာကြေး ရခဲ့တယ် မဟုတ်လား”

ဒါရိုက်တာလျို့ ထိတ်လန့်သွားရတော့သည်။

“ဟုတ်တယ်၊ ဟုတ်တယ်... ရှိပါတယ်၊ အဲဒီတုန်းက ရှစ်ရာယွမ်ရခဲ့တာပါ”

ကျန်းချင်းတုန်က ဘေးမှနေ၍ အလေးအနက် ခေါင်းညိတ်ထောက်ခံလိုက်၏။

“ကျွန်တော်နဲ့ ရှန်းရှန်းတို့ ရသင့်ရထိုက်တဲ့ အရာတွေအပေါ်မှာ ဒါရိုက်တာလျို့အနေနဲ့ သေသေချာချာ ဂရုစိုက်ပေးလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်၊

ကျွန်တော်တို့တွေက မိသားစုမဟုတ်တော့ဘူးဆိုမှတော့ အရာရာကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တယ်”

ဒါရိုက်တာလျို့လည်း ခေါင်းညိတ်ရုံမှလွဲ၍ မတတ်နိုင်ပါချေ။

“ကောင်းပါပြီ၊ ကောင်းပါပြီ”

သူ မည်သည်ကို တတ်နိုင်ပါမည်နည်း။

အခု အိမ်သာကျုံးနေရသော လီဟုန်ကျွင့်နှင့် နှိုင်းယှဉ်လျှင် ကျန်းမိသားစုက ပို၍ပင် ရင်ဆိုင်ရခက်ခဲသောသူများ ဖြစ်နေခဲ့ချေပြီ။

ထို့အပြင် ကျန်းရူတုန်နှင့် လီရှန်းတို့သည်က ထိုနစ်နာကြေးတွင် ဝေစုပါဝင်သင့်သည်ဟု သူသည်လည်း ခံစားမိ၏။

စက်ရုံဘက်မှ ငွေများကို လီဟုန်ကျွင့်အား ပေးအပ်ခဲ့သော်လည်း လီဟုန်ကျွင့်က ထိုငွေများကို အလွဲသုံးစား ပြုလုပ်ခဲ့သည်။

ထို့ကြောင့် လီဟုန်ကျွင့်အနေဖြင့် ထိုငွေများကို ပြန်လည်ရရှိရန် နည်းလမ်းရှာမှဖြစ်ပေတော့မည်။

ကျန်းရူတုန်က နစ်နာကြေးကိစ္စကို ပြောဆိုပြီးနောက် ကျန်းကျူးရိနှင့်အတူ ပြန်လာခဲ့တော့သည်။

နစ်နာကြေးငွေများအတွက် ဒါရိုက်တာလျို့ တစ်ဦးတည်းသာ စိုးရိမ်ပူပန်လျက် ကျန်ရစ်ခဲ့တော့၏။

သူက ကျန်းချင်းတုန်ကို အပြစ်တင်လိုက်လေ၏။

“ဒုတိယစက်ရုံမှူးကျန်း... ခင်ဗျားကတော့ စကားပြောတာ အရမ်းမြန်တာပဲ၊ လီဟုန်ကျွင့်ဆီက ငွေတွေကို ဘယ်လိုလုပ်ရမလဲ၊ ကျွန်တော့်ကို အကြံလေးတစ်ခုလောက် ပေးပါဦးလား”

“သတ်မှတ်ထားတဲ့ ပမာဏအထိ ရောက်အောင် အဲဒီဇနီးမောင်နှံရဲ့ လစာထဲကနေ လစဉ် ဖြတ်တောက်လိုက်ရမှာပေါ့၊ ဒါမှမဟုတ်ရင်လည်း သူတို့ရဲ့ အလုပ်နေရာကို ပြန်ရောင်းခိုင်းရမယ်၊

သူက အခု သန့်ရှင်းရေးသမားဖြစ်နေပေမဲ့ ဒါက သူ့ရဲ့ နိုင်ငံရေးနောက်ခံ မကောင်းလို့ ဖြစ်တာလေ၊

လက်တွေ့မှာ သူ့ကို တရားဝင် ဝန်ထမ်းတစ်ဦးအဖြစ် သတ်မှတ်ထားတုန်းပဲ *၊

ခင်ဗျားရော စိတ်မရင်စားဘူးလား၊ အဲဒီတုန်းက ခင်ဗျားရဲ့ အငယ်ဆုံးသားအတွက် အလုပ်နေရာဝယ်ဖို့ ယွမ်ခြောက်ရာ အကုန်ခံခဲ့တာပဲမလား”

( t/n : ပြစ်မှုမှတ်တမ်းရှိနေတဲ့အတွက် အိမ်သာသန့်ရှင်းရေး သွားလုပ်နေရပေမဲ့ အလုပ်နေရာမှာ တရားဝင်သတ်မှတ်ထားတာက အရင် ရာထူးနေရာအတိုင်းရှိနေတုန်းပဲလို့ ပြောချင်တာပါ )

ဒါရိုက်တာလျို့မှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။

သူသည်က လီဟုန်ကျွင့်ကို လှည့်ဖျားနိုင်သည်ဟု ယုံကြည်မှုရှိသော်လည်း ကျန်းချင်းတုန်ကိုတော့ မလှည့်စားနိုင်ပါချေ။

သို့သော်လည်း ဖုံးကွယ်ထားရန် အကြောင်းမရှိတော့ပေ။ ဝူချောင်ချန်းပင်လျှင် အိမ်ရာရပိုင်ခွင့်ကို ဝယ်ယူခဲ့ပြီးပြီ မဟုတ်ပါလား။

ကျန်းချင်းတုန်၏ မေးခွန်းမှာ “သူ စိတ်ဝင်စားလား” ဟု မေးနေခြင်းသာဖြစ်နိုင်ကြောင်း တွေးမိလိုက်သည်။

“စိတ်မဝင်စားဘူးလို့ ပြောရင်တော့ အလိမ်အညာဖြစ်မှာပေါ့၊ လူတိုင်းမှာ ဆွေမျိုးမိတ်ဆွေတွေ ရှိကြတာပဲ၊

ဒါပေမဲ့ ကျွန်တော်ကတော့ မလောပါဘူး ခင်ဗျား လိုအပ်တယ်ဆိုရင်တော့ ရအောင် ကြိုးစားကြည့်ပေါ့”

ကျန်းချင်းတုန်၏ သားနှစ်ယောက်လုံးမှာ အလုပ်အကိုင် အသီးသီးရှိနေကြပြီးဖြစ်ကာ အိမ်ထောင်လည်း ကျပြီးပေပြီ။

သူ၏ မြေးကလည်း မမွေးသေးသည့်အတွက် သူ အလောတကြီး မလိုအပ်ပါချေ။

ဒါရိုက်တာလျို့က အတော်လေး စိတ်လှုပ်ရှားသွားရ၏။

သူ၏ သားများအားလုံး အလုပ်ရကြပြီဖြစ်သော်လည်း သူ၏ အငယ်ဆုံးသား လျို့ချန်လီက အိမ်ထောင်မကျသေးပါချေ။

အကယ်၍ သူ့တွင် တရားဝင်ဝန်ထမ်း အလုပ်နေရာတစ်ခုသာ ရှိနေပါက ချွေးမရွေးချယ်ရာတွင် ထိုအလုပ်နေရာကို ပေးမည်ဟူပြောမည်ဆိုပါက ပို၍ စိတ်ကြိုက်ရွေးချယ်နိုင်မည် မဟုတ်ပါလား။

မည်သို့ပင်ဖြစ်စေ လူတိုင်းက မြို့ပေါ်တွင် အခြေချနိုင်ရန်အတွက် အဆက်အသွယ်ကောင်းများ ရှာဖွေနေကြသည်ပင်။

ကျန်းချင်းတုန်က ဒါရိုက်တာလျို့ကို တစ်ချက်ကြည့်ကာ ရင်ထဲတွင် သက်ပြင်းချမိပြီး အိမ်သို့ ပြန်လာခဲ့တော့သည်။

ဤလူများမှာ တစ်နေ့ထက်တစ်နေ့ ပို၍ မာနကြီးလာကာ ပို၍လောဘကြီးလာကြချေပြီ။

ကံကောင်းစွာဖြင့် သူ၏ သားနှစ်ဦးလုံးမှာ အထည်လိပ်စက်ရုံတွင် အလုပ်မလုပ်ကြပါချေ။

သူသည်လည်း သူသက်တမ်းတစ်လျှောက်တွင် စက်ရုံမှူးဖြစ်ရန် မျှော်လင့်ချက် မရှိတော့သည့်အတွက်ကြောင့် နောက်ထပ် နှစ်အနည်းငယ်မျှ အလုပ်လုပ်ပြီးလျှင် အနားယူကာ သားနှင့် ချွေးမတို့၏ မြေးကလေးများကို ကူညီထိန်းကျောင်းပေးရန်သာ ဆုံးဖြတ်ထားတော့သည်။

ထို့ကြောင့်ပင် သူ့အနေဖြင့် အထည်လိပ်စက်ရုံ၏ အတက်အကျ လောကဓံများတွင် ပါဝင်ပတ်သက်ခြင်း မပြုတော့ပါချေ။

လီရှန်းနှင့် စုဝေ့ချင်းတို့ ဆေးဝါးစက်ရုံသို့ ပြန်ရောက်ချိန်တွင် နေ့လည်(7) နာရီခွဲခန့် ရှိနေပြီ ဖြစ်သည်။

သူတို့နှစ်ဦးလုံးမှာ အိမ်သို့ ပြန်ရန် အချိန်မရှိသောကြောင့် ရုံးခန်းသို့သာ တန်းတန်းမတ်မတ် သွားခဲ့ကြ၏။

အထဲသို့ ဝင်လိုက်သည်နှင့် ဖန်ထုံက လီရှန်းထံသို့ ထမင်းချိုင့်တစ်လုံး ကမ်းပေးလိုက်လေ၏

“ဒီမှာ .. ဒါက ဒါရိုက်တာလော် အခုလေးတင် လာပို့သွားတာ၊ နင် ဒီမနက် အလုပ်တွေ များနေမှာဆိုတော့ မနက်စာ စားဖို့ အချိန်မရှိလောက်ဘူးလို့ ပြောသွားတယ်”

“ကျေးဇူးပါပဲ”

လီရှန်းက ကျေးဇူးတင်စကားဆိုကာ ထမင်းချိုင့်ကို လက်ခံလိုက်၏။

ထမင်းချိုင့်ကို ဂွမ်းအိတ်လေးဖြင့် စွပ်ထားသောကြောင့် ထုတ်လိုက်ချိန်တွင် အနည်းငယ် ပူနွေးနေဆဲပင်။

လီရှန်း ဖွင့်ကြည့်လိုက်ချိန်တွင် အငွေ့တထောင်းထောင်းထနေသော အသားဘန်းမုန့်ကြီး နှစ်လုံးကို တွေ့လိုက်ရလေ၏။ ဘေးမှ ဖန်ထုံပင် အံ့သြသင့်စွာရေရွက်လာသည်။

“ဒီအသားဘန်းမုန့်က ထမင်းစားဆောင်ကဘန်းမုန့်နဲ့ မတူဘူးပဲ”

ဖန်ထုံက မနာလိုဖြစ်စွာဖြင့် ပြောလိုက်လေ၏။

“ငါတို့ရဲ့ ဒါရိုက်တာလော်ကတော့ နင့်အပေါ် တကယ့်ကို ကောင်းတာပဲ”

လီရှန်းက အပြုံးတစ်ခုဖြင့်ပြောလိုက်လေ၏။

“ကျွန်မရဲ့ ယောက္ခမက တကယ်ကို စိတ်ထားကောင်းတဲ့သူပါပဲ”

မည်သို့ပင်ဖြစ်စေ သူမသည်က မိဘနှင့် သားသမီး မေတ္တာတရားအကြောင်းရေးသားထားသည့် နိုဗယ်တစ်ပုဒ်၏ အမျိုးသမီး ဇာတ်လိုက်တစ်ဦး မဟုတ်ပါလား။

ဒါရိုက်တာလော်သည်က နှုတ်ကြမ်းသော်လည်း စိတ်ထားနူးညံ့သည့် ပုံစံမျိုး ဖြစ်ပေသည်။

လော်ယွီရှို့မှာ ဝူလီအပေါ် မကျေနပ်မှုများ ရှိခဲ့လျှင်ပင် သူမ၏ အပြုအမူများမှာ အမြဲတစေ မှန်ကန်မှုများသာရှိပြီး မမျှမတ မလုပ်ခဲ့ပါချေ။

“ဘာလဲ... အစ်မလည်း အစ်မရဲ့ယောက္ခမနဲ့ အတူနေချင်လို့လား”

“ဒါဆိုရင်တော့ ထားလိုက်ပါတော့”

ဖန်ထုံက ချက်ချင်းပင် လက်ကာပြလိုက်ပြီး သူမ၏ ယောက္ခမအကြောင်းကို ညည်းညူတော့သည်။

“သူမကတော့ လုံးဝကို ဘက်လိုက်တတ်တာ၊ သူမရဲ့ သားကြီးမိသားစုကိုပဲ ဂရုစိုက်တာလေ”

သို့သော်လည်း သူမ၏ ယောက္ခမအပေါ် ကျေနပ်သည့်အချက် တစ်ခုတော့ ရှိသေးသည်။

“ဒါပေမဲ့ သူမက ကိုယ့်ကိုယ်ကိုယ် လေးစားမှုတော့ အရမ်းကြီးတယ်၊ ပြီးခဲ့တဲ့နှစ်က သူမ နေမကောင်းဖြစ်တုန်းက သားကြီးကို ငါတို့ဆီ အကြောင်းမကြားခိုင်းဘူး

သူမက သားကြီးကိုပဲ ငယ်ငယ်လေးကတည်းက အမြဲတမ်းပိုချစ်ခဲ့တာဆိုတော့ သားကြီးနဲ့ပဲ တစ်သက်လုံးနေမယ်လို့ ပြောတယ်”

တချို့သောအချက်များတွင် ဤကဲ့သို့ ခေါင်းမာလွန်းသော ယောက္ခမမျိုးမှာ အတော်လေး ကောင်းမွန်လွန်းပေသည်။

အနည်းဆုံးတော့ သူမ ရွေးချယ်ထားသောသူနှင့်သာ အတူနေထိုင်ပြီး အကျိုးအမြတ်အားလုံးကို သားကြီးမိသားစုကို ပေးပြီး၊ ဒုက္ခရောက်သည့်အချိန်မျိုးတွင်တော့ တခြားသားများထံ လာရောက်အပူကပ်မည်ဟူသော အတွေးမျိုး မရှိပါချေ။

ဖန်ထုံက ငွေကြေးပိုင်း၌ စေးနှဲသူ မဟုတ်ပါချေ။ သူမနှင့် သူမ၏ ခင်ပွန်းမှာ လစာကောင်းသော ကျွမ်းကျင်လုပ်သားများ ဖြစ်ကြသည်။

ယခုအချိန်တွင် သူတို့က အိမ်ပိုင်ရှိကြပြီး ကလေးလည်း မရှိသေးပေ။ ထို့အတူ ငွေဖြုန်းတတ်သူများလည်း မဟုတ်ကြသောကြောင့် ငွေကြေးပိုင်းတွင် အခက်အခဲ မရှိကြပါချေ။

တစ်ဖက်တွင် ယောက္ခမ၏ ကြားဝင်စွက်ဖက်မှုများ မရှိသောကြောင့် ထိုဇနီးမောင်နှံမှာ အလွန်ပင် ပျော်ရွှင်စရာကောင်းသော ဘဝကို ပိုင်ဆိုင်ထားကြပေသည်။

လီရှန်းက အတော်လေး ဗိုက်ဆာနေခဲ့ပြီး အလုပ်စတင်ရမည့် အချိန်လည်း နီးကပ်နေပြီ ဖြစ်၍ ဖန်ထုံ၏ ညည်းညူသံများကို နားထောင်ရင်း အသားဘန်းမုန့်ကြီး နှစ်လုံးကို စားပွဲတွင်တင်ကာ စားလိုက်တော့သည်။

စားပြီးသွားချိန်တွင်မှသာ သူမက ထို အသားဘန်းမုန့်ကြီး နှစ်လုံးကို ကုန်စင်အောင် စားနိုင်ခဲ့သည့်အတွက် အံ့ဩသွားရပြီး ခဏမျှ ကြောင်အသွားရ၏။

ယနေ့ခေတ်ကာလတွင် အသားဘန်းမုန့်များမှာ အစာသွတ် အမြောက်အမြားဖြင့် စေတနာပါစွာ ပြုလုပ်ထားခြင်းဖြစ်ပေ၏။

သူမသည် ဗိုက်ကို ပွတ်သပ်ရင် ပြောလိုက်မိသည်။

“နေ့လယ်စာတောင် စားဖို့ မလိုတော့ဘူး”

သူမ စားပြီးသွားမှသာ အတော်လေး ဗိုက်ပြည့်သွားကြောင်းကို သတိပြုမိခဲ့ရသည်။

*

All Chapters