← Chapters

မိစ္ဆာ နှင့် တာအို

Vol. 10 Ch. 958

မိစ္ဆာ နှင့် တာအို

Vol. 10 Ch. 958

ထျန်းယန်စန်းကျွင်းဘိုးဘိုးသည် ထိပ်တန်းပါရမီရှင်တစ်ယောက် ဖြစ်ပါလျှက် ချင်းရွှမ်နတ်တံခါးကို အဘယ့်ကြောင့် ပျက်စီးလုနီးပါး ဖြစ်စေခဲ့ရပါသနည်းဟု ဟယ်ရှန်းတွေးလိုက်မိသည်။

ထျန်းယန်စန်းကျွင်းဘိုးဘိုးကို ချဉ်းကပ်လာသူက မကောင်းသောအကြံအစည်ဖြင့် ချဉ်းကပ်လာခြင်းလည်း ဖြစ်နိုင်သည်။

သို့သော်… ထျန်းယန်စန်းကျွင်းဘိုးဘိုးက တန်ခိုးစွမ်းအားကြီးမားသူဖြစ်လေရာ မကောင်းသည့်အကြံအစည်ဖြင့်သာ ချဉ်းကပ်လာသူဖြစ်ပါက သေချာပေါက် ရိပ်မိပေလိမ့်မည်။ အဘယ့်ကြောင့် မရိပ်မိရပါသနည်း။ မရိပ်မိသည့်အတွက်သာ အမှားကြီးပြုလုပ်ခဲ့ခြင်း ဖြစ်ဟန်တူလေ၏။

လူတစ်ယောက်သည် ကျင့်ကြံခြင်းအဆင့် အလွန်မြင့်မားလာလျှင် ကံဆိုးမှုများကို ရှောင်တိမ်းနိုင်ပြီး ကံကောင်းမှုများကို ရှာဖွေနိုင်စွမ်းရှိကြသော်လည်း အစစ်ဆေးခံရခြင်းများကို ကြုံရပါက ဖြတ်ကျော်နိုင်ရင် ခဲယဉ်းကြသည်။

ကျိုးထျန်းရွှမ်နွီက ဟယ်ရှန်း၏ အတွေးများကို သိနေဟန်ဖြင့် စကားဆက်ပြောလိုက်သည်။

"အစပိုင်းတုန်းကတော့ အဲဒီလူက မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး ၊ သူ ချင်းရွှမ်နတ်တံခါးကို ရောက်လာကတည်းက အားလုံးရဲ့ အာရုံစိုက်ခြင်းကိုခံရလောက်အောင် အရည်အချင်းရှိတယ်…"

ဟယ်ရှန်းက…

"ဒီလူက မွေးရာပါ တာအိုခန္ဓာနဲ့ မွေးဖွားလာတာမို့လို့လား…"

ရွှမ်နွီနတ်သမီးက ခေါင်းခါရမ်းလိုက်ရင်း…

"ရုပ်ပိုင်းဆိုင်ရာအရဆိုရင် မင်းကတောင် သူ့ထက်သာသေးတယ် ၊ ဒါပေမဲ့ အဲဒီလူက ပါရမီရှင်တစ်ယောက် ဖြစ်နေတာ ၊ ဒီနေရာမှာ ပြောရမယ်ဆိုရင် ချင်းရွှမ်နတ်တံခါးရဲ့ ဆောင်ပုဒ်က 'ကျင်းစဉ်လမ်းကိုလိုက်တော့မယ်ဆိုရင် စိတ်ထားကို အရင်ဆုံးပြုပြင်ရမယ်' ဆိုတာပဲ… ၊ ချင်းရွှမ်နတ်တံခါးက ဒီဆောင်ပုဒ်ကို လက်ကိုင်ထားရုံတင်မကဘူး တပည့်အားလုံးလည်း အဲဒီအတိုင်း လိုက်နာကြရတယ်…"

"ဒါကြောင့် ချင်းရွှမ်နတ်တံခါးကို ဝင်တဲ့အခါ လမ်းတစ်လမ်းကို ဖြတ်ကျော်ရတယ် ၊ အဲဒီလမ်းက လူတွေရဲ့ စိတ်နှလုံးကို စစ်ဆေးတဲ့ ဝမ့်ရှင်းလမ်းပဲ ၊ နတ်တံခါးကို အသစ်ရောက်လာတဲ့ တပည့်တွေရဲ့စိတ်နေစိတ်ထားကို အဲဒီလမ်းက စစ်ဆေးတယ် ၊ နတ်တံခါး တစ်ခါဖွင့်တိုင်း ဝမ့်ရှင်းလမ်းကို ဖြတ်ကျော်လာနိုင်တဲ့ ပထမဆုံးလူငယ်(၁၀)ယောက်ကို တပည့်အဖြစ် လက်ခံတယ်…"

"ချင်းရွှမ်နတ်တံခါး တည်ရှိခဲ့တာ ကြာလှပြီဆိုပေမယ့် ဝမ့်ရှင်းလမ်းကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်တဲ့သူဆိုလို့ နည်းနည်းပဲ ရှိတယ် ၊ ဒါပေမဲ့ အဲဒီလူကတော့ ဝမ့်ရှင်းလမ်းကို စံချိန်တင်လောက်အောင် အချိန်တိုအတွင်း ဖြတ်သန်းလာနိုင်ခဲ့တယ် ၊ အဲဒါကြောင့် ဂိုဏ်းတစ်ခုလုံးက အရမ်းအံ့အားသင့်ပြီး သူ့ကို အာရုံစိုက်ခဲ့ကြတာပဲ…  ၊ သူ့ကို ချင်းရွှမ်နတ်တံခါးက တပည့်တွေသာမကဘူး ဆရာသခင်တိုင်းကလည်း စိတ်ဝင်စားကြတယ် ၊ သူ့နာမည်က 'ယန်ရွှီး' တဲ့…"

"အဲဒီလူက တော်တယ် ၊ ထက်မြက်တယ် ၊ ကျင့်စဉ်အတော်များများကို တစ်ခဏအတွင်း သင်ယူနိုင်စွမ်းရှိတယ်… ၊ ချင်းရွှမ်နတ်တံခါးက ကျင့်စဉ် (၁၀၈)ခုလုံးကို သူ လေ့လာခဲ့တယ် ၊ ကျင့်စဉ် (၁၀၈)ခုလုံးကို သိရှိပြီး နှစ် (၁၀၀)တောင်မကြာသေးခင် နတ်ဘုရားတစ်ပါး အဖြစ် အဆင့်တက်ရောက်နိုင်ခဲ့တယ်…"

ဟယ်ရှန်း အံ့သြခြင်းမက အံ့သြသွားရသည်။

သူမသည်လည်း နတ်ဘုရားတစ်ပါး ဖြစ်ပေ၏။ တာအိုကျင့်စဉ်များအားလုံးမှာ နတ်ဘုရားတစ်ပါးအဖြစ် အသက်ရှည်ရှည်နေနိုင်ရန်နှင့် အသိဉာဏ်ပညာကျယ်ပြန့်စေသည့် ကျင့်စဉ်များဖြစ်ကြလေရာ အားလုံးက တန်ဖိုးရှိကြသည်။

သို့သော်… သူမကတော့ နတ်ဘုရားတစ်ပါး ဖြစ်သော်လည်း ထိုသို့သော ကျင့်စဉ်များစွာကိုတော့ လေ့ကျင့်နိုင်မည် မဟုတ်ပေ။

ရွှမ်နွီနတ်သမီးပြောသည်မှာ မှန်လေသည်။ ထို ယန်ရွှီးဆိုသည့်ပုဂ္ဂိုလ်သည် သူမထင်ထားသည်ထက်ပိုပြီး နက်နဲဆန်းကျယ်လွန်းနေလေသည်။

ကျိုးထျန်းရွှမ်နွီက…

"မင်းသိတဲ့အတိုင်းပဲလေ ၊ မင်းသာဆိုရင် မင်းနဲ့သင့်တော်တဲ့ ကျင့်စဉ်တစ်ခု ကျင့်ကြံဖို့တောင် အတော်လေး ကြိုးစားရမှာ ၊ မင်းကို ဟိုးအရင် ချင်းရွှမ်နတ်တံခါးက လူတွေလောက် မတော်ဘူးလို့ ပြောတာ မဟုတ်ဘူးနော် ၊ တကယ်တော့ အဲဒီကျင့်စဉ် (၁၀၈)ခုမှာ ပေါ့သေးသေးကျင့်စဉ် တစ်ခုမှ မပါဘူး ၊ တစ်ချို့ကျင့်စဉ်တွေဆိုရင် မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့ကြပြီး အသိပညာနက်နဲမှုတွေ စုပေါင်းထားကြတာ ၊ တကယ့် ဂန္ထဝင်တွေပါပဲ…"

"ဒါပေမဲ့ ကတယ်တမ်းကျ လူအနည်းငယ်လောက်ပဲ နတ်ဘုရားဖြစ်တဲ့အထိ ကျင့်ကြံနိုင်ခဲ့ကြတယ် ၊ အဲဒီခေတ်တုန်းက လူ့လောကရဲ့ အသက်ဓာတ်စွမ်းအားတွေက မလုံလောက်ဘူး ၊ ဒါကြောင့် မိုးကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်ပြီဆိုရင် နတ်ဘုရားတွေက လူ့လောကထဲမှာ မနေကြတော့ဘဲ လောကကို ကျော်လွန်ပြီး စကြာဝဠာထဲကို ထွက်ခွာသွားလေ့ ရှိကြတယ်…"

"ချင်းရွှမ်နတ်တံခါးရဲ့ ကျင့်စဉ် (၁၀၈)ခုမှာ မတူညီတဲ့ အခြေခံအဓိပ္ပါယ်တွေ ရှိတယ် ၊ ဒါကြောင့် ယန်ရွှီး မတိုင်ခင်မျိုးဆက်မှာ အဲဒီ ကျင့်စဉ် (၁၀၈)ခုလုံးကို နားလည်အောင်လုပ်နိုင်တဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူး ၊ ဒါပေမဲ့… ယန်ရွှီးဟာ အဲဒီလို ကျင့်စဉ် (၁၀၈)ခုလုံးကို နားလည်ခဲ့လို့လည်း လမ်းမှားကို ရောက်သွားခဲ့ပြီး ကျင့်စဉ်လမ်းမှာ ကြီးမားတဲ့အတားအဆီးနဲ့ ရင်ဆိုင်ရတော့တယ်…  ၊ တကယ်တော့ တာအိုကျင့်စဉ်တွေဟာ အမှားတွေကို ဖြတ်တောက်ထားကြတယ် ၊ ဒါပေမဲ့ များများနားလည်လာလေလေ ရှေ့ဆက်ရမယ့်လမ်းက ေ၀ဝါးလာလေပဲ ၊ အဲဒီလိုေ၀ဝါးလာလေ လမ်းမှားရောက်ဖို့ နီးစပ်လေပဲ ၊ အတတ်ကျူးအရူးဖြစ်ဆိုသလို အများကြီးတတ်သိနားလည်နေတဲ့သူဟာ လမ်းမှားမရောက်အောင် သတိနဲ့ထိန်းနိုင်ဖို့ အရမ်းခက်တယ်… ၊ ယန်ရွှီးကကျင့်ကြံခြင်းမှာ ပါရမီရှိတဲ့သူတစ်ယောက်ဖြစ်လို့ အဲဒါတွေကို သဘောပေါက်နားလည်သွားခဲ့တယ်…."

"ဒါပေမဲ့ သဘောပေါက်သွားတဲ့အချိန်မှာ နောက်ပြန်ဆုတ်ဖို့ ခက်ခဲသွားခဲ့ပြီ ၊ အဲဒီတော့ သူ့အနေနဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းပဲ ရှာဖို့ရှိတော့တယ်… ၊ အဲဒီတုန်းက ချင်းရွှမ်နတ်တံခါးက ဆရာသခင်တွေကလည်း သူ့စိတ်ထဲက သံသယတွေကို ဖြေရှင်းမပေးနိုင်ခဲ့ကြဘူး ၊ ကံကောင်းတာက သူက ထိုက်ဝေ့ထိုင်ခန်းမဆောင်မှာ အမြဲတမ်း ကျင့်စဉ်တွေကို သွားပြီးလေ့လာလေ့ရှိတော့ ထိုက်ဝေ့ထိုင်ခန်းမဆောင်က နတ်ဘုရားအဘိုးအိုက ပေါ့သေးသေး မဟုတ်ဘူးဆိုတာ သူသိလိုက်တယ်…"

"အဲဒီအချိန်က သွေးနီရောင်ဝတ်လူကို အနိုင်ယူလိုက်လို့ ထျန်းယန်စန်းကျွင်းဘိုးဘိုး လောကတစ်ခွင်မှာ နာမည်အရမ်းကြီးခဲ့တာက ကြာနေခဲ့ပြီ ၊ ဒါကြောင့် သူ့အကြောင်းကို သိတဲ့သူက သိပ်မရှိတော့ပြန်ဘူး ၊ ယန်ရွှီးကတော့ ဗဟုသုတလည်းနှံ့စပ်တဲ့သူဆိုတော့ အဘိုးအိုအကြောင်း နည်းနည်းသိတယ် ၊ ဒါနဲ့ သူက အဘိုးအိုဆီမှာ အကြံဉာဏ်တောင်းတယ်…"

"နတ်ဘုရားအဘိုးအိုကလည်း ယန်ရွှီးတောင်းတဲ့ အကြံဉာဏ်ကို မငြင်းဆန်ခဲ့ဘူး ၊ ဘာလို့လဲဆိုတော့ အဲဒီအချိန်တုန်းက သူကိုယ်တိုင်လည်း ကျင့်စဉ်လမ်းမှာ အစစ်ဆေးခံရမှုနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်လို့ပဲ… ၊ သူတို့ (၂)ယောက်က တွေ့တာတောင် နောက်ကျနေသေးတယ် ၊ သူတို့ အပြန်အလှန် ကျင့်စဉ်တွေ ဆွေးနွေးကြပြီး အကြံဉာဏ်အသစ်အဆန်းတွေလည်း ရခဲ့ကြတယ်… ၊ နောက်တော့ သူတို့နှစ်ယောက်ပေါင်းပြီး တာအိုကျင့်စဉ်တစ်ခု တီထွင်ခဲ့ကြတယ်…"

"အဲဒီ တာအိုကျင့်စဉ်ရဲ့ အဓိကအယူအဆကတော့ ကျွမ်ကျိုး အိမ်မက်ထဲမှာ လိပ်ပြာတစ်ကောင်ဖြစ်သွားတာကို အခြေခံထားခဲ့တယ် ၊ ဒါကြောင့် အဲဒီကျင့်စဉ်ကို 'အိပ်မက်လိပ်ပြာ' ကျင့်စဉ်လို့ အမည်ပေးခဲ့ကြတယ်… ၊ နောက်ပိုင်း နတ်ဘုရားအဘိုးအိုက ယန်ရွှီးနဲ့ ရင်းနှီးလာတော့ အရင်တစ်ခေါက် ချင်းရွှမ်နတ်တံခါးကို ရောက်လာဖူးတဲ့ သွေးနီရောင်ဝတ်လူရဲ့ သွေးဓားကျင့်စဉ်အကြောင်း ယန်ရွှီးကို ပြောပြလိုက်မိတယ် ၊ အဲဒီမှာ ယန်ရွှီး အမြင်တွေပွင့်သွားပြီး အရမ်းကို အံ့သြစရာ အကြံဉာဏ်တစ်ခုကို ရခဲ့တယ်…"

"မိစ္ဆာလမ်းစဉ်နဲ့ တာအိုလမ်းစဉ်ဆိုတာ ယင် နဲ့ ယန်လိုပဲ ခွဲခြားမရနိုင်ဘူး… ၊ အိပ်မက်လိပ်ပြာကျင့်စဉ်က လမ်းမှန်ကျင့်စဉ်တစ်ခုလို့ ဆိုနိုင်ပေမယ့် ယန်ရွှီးရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်း မပေးနိုင်ခဲ့ဘူး… ၊ ဘာလို့လဲဆိုတော့ အိပ်မက်လိပ်ပြာကျင့်စဉ်ရဲ့ နောက်ဆုံးအဆင့်က ဘဝကို လွင့်မျောသွားစေပြီး အိပ်မက်တစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်တာမျိုး ဖြစ်လို့ပဲ ၊ ပြီးတော့မှ အိပ်မက်က ပြန်နိုးထာတာမျိုးပေါ့… ၊ အနှစ်ချုပ်ပြောရရင် သဘာဝနှင့်တွေ့ဆုံခြင်းလို့ ပြောလို့ရတယ်…"

"ဒါပေမဲ့ ယန်ရွှီးက မာနကြီးတယ် ၊ သူက သွေးဓားကျင့်စဉ်အကြောင်း သိသွားတဲ့အခါ အခြားအကြံဉာဏ်တစ်ခု ရသွားခဲ့တယ် ၊ လောကမှာ လူသားတွေ ရှင်သန်နေထိုင်တဲ့အခါ ခံစားချက် (၇)ပါး ၊ ဆန္ဒ (၆)ပါး နဲ့ နေထိုင်ကြတယ် ၊ အဲဒါ သဘာဝပဲ မဟုတ်ဘူးလား… ၊ ပြီးတော့ အဲဒါက စစ်မှန်တဲ့ကျင့်စဉ်လမ်းရဲ့ အယူအဆလို့လည်း ပြောလို့ရတယ် ၊ ယန်ရွှီးက ဒီအကြောင်းကို စဉ်းစားမိတဲ့အခါမှာ ကိစ္စတစ်ခုလုပ်ဖို့ တွေးလိုက်တယ် ၊ သူသာ အဲဒါကို အောင်မြင်အောင် လုပ်နိုင်ရင် ကျင့်စဉ် (၁၀၈)ခုလုံး သူ ေ၀ဝါးနေတာ ပြဿနာမရှိနိုင်တော့ဘူး ၊ ဘာလို့လဲဆိုတော့ တာအိုရဲ့သဘောသဘာဝက သဘာဝတရားဖြစ်တယ်လို့ ယူဆလို့ရလို့ပဲ…"

"သူသာ သဘာဝတရားကို လွယ်လွယ်နဲ့ စီးမျောပြောင်းလဲနိုင်ရင် လောကမှာ ဘယ်လိုပုံစံနဲ့မဆို ရင်ဆိုင်လို့ရပြီလေ ၊ သူ အဲဒီအကြောင်းတွေကို စဉ်းစားရင်း စိတ်ဝင်စားစရာကောင်းလွန်းလို့ ရပ်တန့်မရခဲ့ဘူး… ၊ အဲဒီအချိန်တုန်းက ယန်ရွှီးစိတ်ထဲဘာတွေကြံစည်နေလဲဆိုတာ နတ်ဘုရားအဘိုးအိုကသိပေမယ့် သူ့မှာလည်း အိပ်မက်လိပ်ပြာကျင့်စဉ်ရဲ့ အားနည်းချက်တွေကို အာရုံစိုက်နေရတာရယ် ၊ ယန်ရွှီးရဲ့စိတ်ကူးတွေကလည်း အိပ်မက်လိပ်ပြာကျင့်စဉ်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတော့ သူ့အတွက် အကျိုးရှိနေတယ်လေ…"

"နောက်တော့ နတ်ဘုရားအဘိုးအိုရဲ့ လမ်းညွှန်ပေးမှုနဲ့ပဲ ယန်ရွှီးဟာ ကျင့်စဉ်တစ်ခုကို တီထွင်နိုင်ခဲ့တယ် ၊ အဲဒီကျင့်စဉ်ကို မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်လို့ အမည်ပေးခဲ့တယ်… ၊ အဲဒီ မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံပြီးတဲ့နောက်မှာ ယန်ရွှီးဟာ ချင်းရွှမ်နတ်တံခါးရဲ့ ကျင့်စဉ် (၁၀၈)ခုလုံးကို လွတ်လွတ်လပ်လပ် ထုတ်ဖော်အသုံးပြုသွားနိုင်တော့တာပဲ…"

"မဟုတ်ဘူး ၊ ကျင့်စဉ် (၁၀၇)ခုကိုပဲ သုံးလို့ရလိမ့်မယ် ၊ ဘာလို့လဲဆိုတော့ အရမ်းနက်နဲတဲ့ ကျင့်စဉ်တစ်ခုရှိခဲ့တယ် ၊ ယန်ရွှီးဟာ အဲဒီကျင့်စဉ်ကိုတော့ လုံး၀ နားမလည်နိုင်ခဲ့ဘူး ၊ အဲဒီကျင့်စဉ်ကတော့ ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်လို့ ခေါ်တယ်…"

ဟယ်ရှန်းက စိတ်ထဲမှ တွေးလိုက်သည်။

"ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်တဲ့… ၊ ထိုက်ရွှီးဆိုတဲ့ အဓိပ္ပါယ်က 'မရှိမှု' ပဲ ၊ 'မရှိမှုကျေးရွာ' ကိုလည်း ထိုက်ရွှီးလို့ ခေါ်ကြတယ် မဟုတ်လား ၊ ဘယ်သူကများ ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်ဆိုပြီး နာမည်ပေးခဲ့ပါလိမ့်…"

ကျိုးထျန်းရွှမ်နွီ စကားဆက်ပြောသည့်အခါ သူမ၏ သံသယများ တစ်ခါတည်း ရှင်းပြီးသား ဖြစ်သွားသည်။

"ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်ကို တီထွင်ခဲ့တဲ့သူက တာအိုဆရာလီချင်းဆွေပဲ ၊ တကယ်တော့ အဲဒီအချိန်တုန်းက တာအိုဆရာလီချင်းဆွေက ချင်းရွှမ်နတ်တံခါးကို ပံ့ပိုးပေးဖို့အတွက် လူပြန်ဝင်စားခဲ့တာ ၊ အဲဒီ လူပြန်ဝင်စားတဲ့ ဘဝမှာပဲ ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်ကို တီထွင်ခဲ့တယ် ၊ လောကမှာ ရန်သူအပေါင်းကို အောင်နိုင်ချင်ရင် ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်ကို ကျင့်ကြံပါလို့တောင် ဆိုစမှတ်ရှိကြတယ် ၊ အဲဒီအချိန်ကတည်းက ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်ကို လောကရဲ့ ထိပ်တန်းကျင့်စဉ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြတယ်…"

"ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီကျင့်စဉ်က တာအိုဆရာလီချင်းဆွေရဲ့ ပြီးပြည့်စုံတဲ့ ကျင့်စဉ်တစ်ခုပဲ ၊ တကယ့်ကို အံ့သြစရာလည်းကောင်းတယ် ၊ နောက်ပိုင်းမှာ ပြိုင်ဘက်ကင်းတာအိုဆရာတစ်ယောက်ဟာ အဲဒီကျင့်စဉ်ကို ကျင့်ကြံပြီး လောကတစ်ခုလုံးက ရန်သူတွေကို အနိုင်ယူခဲ့တယ် ၊ အဲဒါကြောင့် အဲဒီပညာကို ထိပ်တန်းအဆင့် ကျင့်စဉ်တစ်ခုလို့ပြောတာဟာ အပိုပြောတာ မဟုတ်ဘူး…"

ဟယ်ရှန်း စဉ်းစားလိုက်သည်။

"ဘယ်လိုလူမျိုးက ဒီလောက်တော်ရတာလဲ… ၊ အရင်တုန်းက လောကမှာ တော်တဲ့လူတွေ အရမ်းကိုများတာပဲ…"

သို့သော်… ကျိုးထျန်းရွှမ်နွီက သူမကို ထိုသူအကြောင်း ဆက်ပြောမပြဘဲ ယန်ရွှီးအကြောင်းကိုသာ ဆက်ပြောပြခဲ့လေသည်။

ဟယ်ရှန်းမှာလည်း သိချင်စိတ်ဖြင့် ဆက်လက်နားထောင်နေမိလေတော့သည်။

***

All Chapters