အခန်း (၆၁၀)
Vol. 51 Ch. 610
အခန်း 610
မဖြစ်ဘူး။ ငါ ဒီသတင်းကို ခေါင်းဆောင်ဆီ အမြန်တင်ပြရမယ်။ မဟုတ်ရင် ချန်ကျိုစစ် ချောက်ချတာ ခံလိုက်ရလိမ့်မယ်”
ထိုသို့အတွေးဖြင့် ကျုဇစ်သည် ထိတ်ထိတ်ပျာပျာဖြင့် ချွေ့ကျူကို ကြည့်နေခဲ့သည်။ ချွေ့ကျူမှ ပြောသည်။
“ကျုဇစ်”
“ဟင်”
ချွေ့ကျူမှ ပြောသည်။
“ငါတို့ ဒီအကြောင်းကို ခေါင်းဆောင်နန်ကို ပြောသင့်လား၊ ဒါမှမဟုတ် စီရင်စုအုပ်ချုပ်ရေးမှူးကို တိုင်ကြားသင့်လား။ ခန်းမအရှင်သခင်က မိန်ဂိုဏ်းနဲ့ ပူးပေါင်းနေတာ။ ဖမ်းမိသွားရင် မျိုးဆက်၉ဆက် အပြစ်ပေးလို့ရတဲ့ ပြစ်မှုကြီးပဲ။ အဲဒီအခါကျ ငါတို့လို အစေခံလေးတွေလည်း သေချာပေါက် ဒုက္ခရောက်ရမှာပဲ။ ငါ အဖမ်းမခံချင်ဘူး။ ကျုဇစ် နင်ငါ့ကိုကူညီရမယ်”
“ငါတို့ အထက်လူကြီးတွေကို သွားတိုင်ကြားကြရအောင်”
ချွေ့ကျူမှ ကျုဇစ်ကို ပြောသည်။ ထိုအခါ ကျုဇစ်မှ ပြန်ပြောသည်။
“အစ်မချွေ့ကျူ မတုံးအစမ်းပါနဲ့ဗျာ။ ကျွန်တော်တို့လို အစေခံလေးနှစ်ယောက်က သခင်ကို သွားတိုင်ကြားရင် အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ကို ဘယ်သူမှ ယုံကြည်မှာ မဟုတ်ဘူး”
“ဒါပေမဲ့ ငါကိုယ်တိုင် သေချာကြားခဲ့တာလေ။ ငါသက်သေခံနိုင်တယ်”
ကျုဇစ်မှ ပြန်ပြောသည်။
“အစ်မချွေ့ကျူ မနောက်ပါနဲ့ဗျာ။ အစေခံတစ်ယောက်ရဲ့စကားကို ဘယ်သူက ယုံကြည်မှာတဲ့လဲ။ ကျွန်တော်တို့ သခင်ကြီးယဲ့လုကို သွားတိုင်ကြားရင်တောင်မှ ခန်းမအရှင်သခင်က ကျွန်တော်တို့က သူ့ကို ချောက်ချစွပ်စွဲတာပါလို့ ပြောလိုက်ရုံပဲ။ အစ်မနဲ့ ခေါင်းဆောင်တို့ ပူးပေါင်းပြီး သူ့ကိုချောက်ချစွပ်စွဲတာပါလို့တောင် ပြောလို့ရသေးတယ်။ သူကတော့ ဘာမှမဖြစ်ဘဲ လွတ်မြောက်သွားမှာ။ ဒါပေမဲ့ အစ်မချွေ့ကျူအတွက်ကရော”
“အဲဒါကြောင့် အစ်မချွေ့ကျူ တုံးအတဲ့လုပ်ရပ်တွေ မလုပ်ပါနဲ့။ ဒီလိုက အနိုင်ရဖို့မဖြစ်နိုင်ဘူး။ ဒီအကြောင်းကို ဒီတိုင်းမေ့ပစ်လိုက်ပါ။ ဒီလိုမျိုး နောက်တစ်ကြိမ်ရှိလာခဲ့ရင် အစ်မ ကျွန်တော့်ကို လာရှာလှည့်ပါ။ ကျွန်တော် အစ်မကို ကူစဉ်းစားပေးမယ်လေ။ ဘာကိုမှ အလျင်စလို မလုပ်လိုက်နဲ့။ မဟုတ်ရင် အသက်ဆုံးရှုံးရနိုင်တယ်”
“အာ ကောင်းပါပြီ။ ငါ နင်ပြောတဲ့အတိုင်း နားထောင်မယ်”
ချွေ့ကျူသည် သိသိသာသာ တုန်လှုပ်နေ၏။ ကျုဇစ်သည်တော့ ဤသတင်းကို ပြန်သွားပြီး တင်ပြရန် စိတ်လှုပ်ရှားနေခဲ့သည်။ သို့ဖြင့် ချွေ့ကျူကို ပြောသည်။
“အစ်မချွေ့ကျူ ဒီနေရာမှာ ခဏလောက် စိတ်ငြိမ်အောင် နေလိုက်ဦး။ ပြန်မသွားခင် အရင်ဆုံး စိတ်တည်ငြိမ်အောင် လုပ်သွားမှ ဖြစ်မှာ။ ကျွန်တော် အရင်ပြန်နှင့်လိုက်မယ်။ မဟုတ်လို့ ကျွန်တော်တို့နှစ်ယောက် အတူရှိနေတာကို တစ်ယောက်ယောက်မြင်သွားရင် သံသယဝင်ခံရနိုင်တယ်”
“အာ ကျုဇစ် ငါနဲ့အတူ နည်းနည်းလောက် ထပ်နေပေးပါဦး”
ချွေ့ကျူမှ တောင်းဆိုသည်။ ထိုအခါ ကျုဇစ်မှ ပြန်ပြောသည်။
“အစ်မချွေ့ကျူ ကျွန်တော် တကယ် ထပ်နေလို့မဖြစ်တော့ဘူး။ ကျွန်တော်သွားမှဖြစ်မယ်”
ထိုသို့ပြောလျက် ကျုဇစ်သည် အလျင်စလို ပြေးထွက်သွားခဲ့သည်။ ဤသို့သတင်းမျိုးသည် အချိန်နှောင့်နှေးစေ၍ မဖြစ်ချေ။ ခေါင်းဆောင်ကို ချက်ချင်း အကြောင်းကြားရပေမည်။
ချန်ကျိုစစ်က တကယ် ကောက်ကျစ်တာပဲ။ စွင်းထျဲချွေ့နဲ့ ခေါင်းဆောင်တို့ ပူးပေါင်းထားတဲ့ စာသက်သေအတူကိုတောင် စွင်းထျဲချွေ့ရဲ့ပန်းပဲရုံထဲမှာ ဖွက်ထားလိုက်သေးတယ်။ အဲဒီစာကို စီရင်စုအုပ်ချုပ်ရေးမှူးသာ ရှာတွေ့သွားခဲ့ရင် ရလဒ်ကောင်းထွက်လာနိုင်မှာတဲ့လား။
ထိုသို့တွေးတောလျက် ကျုဇစ်သည် အမြန်ပြေးထွက်သွားခဲ့သည်။
ထိုစဉ် ချွေ့ကျူသည် မြင်ကွင်းမှ ပျောက်ကွယ်သွားသည့် ကျုဇစ်ကိုကြည့်နေခဲ့သည်။ သူမ၏မျက်လုံးများသည် ဖြည်းဖြည်းချင်း ပြန်လည်တည်ငြိမ်သွားခဲ့ပြီး ခုနကကဲ့သို့ စိုးရိမ်ထိတ်လန့်နေခြင်းများ မရှိတော့ပေ။ သူမသည် သရုပ်ဆောင်နေခြင်း ဖြစ်ပါ၏။ သူမသည် ထိုသို့ကဏ္ဍများတွင် ထူးချွန်သည်။
ထို့နောက် စစ်ရှီးနှင့်အတူ ကျားဖြူခန်းမအဖွဲ့သားများ ကျောက်တုံးကျောက်ဆောင်များနောက်မှ ထွက်လာသည်။ ချွေ့ကျူသည် စစ်ရှီးကို ကြည့်လိုက်ပြီး ပြောသည်။
“လူကြီးမင်းစစ်ရှီး ကျွန်မ အမှားမလုပ်ခဲ့မိပါဘူးနော်”
စစ်ရှီးမှ ပြုံးလိုက်ပြီး ပြောသည်။
“လုပ်တာအရမ်းကောင်းတယ်။ မိန်းကလေးချွေ့ကျူ ပင်ပန်းသွားရပါပြီ။ အခု အတွင်းခြံဝင်းကို ပြန်သွားနိုင်ပါပြီ”
“ဟုတ်ကဲ့ ဒါဆို ကျွန်မ သွားလိုက်ပါဦးမယ်”
ချွေ့ကျူသည် အရိုအသေပြုနှုတ်ဆက်ပြီး ထွက်ခွာလာခဲ့သည်။ ချွေ့ကျူ အဝေးသို့ရောက်သွားသောအခါ စစ်ရှီးသည် အဖွဲ့သားနှစ်ဦးကို ပြောလိုက်သည်။
“ကျုဇစ်ကို စောင့်ကြည့်ထား။ သူ သတင်းပို့တဲ့လမ်းကြောင်းကို သေချာစောင့်ကြည့်။ အဲဒီကြွက်လေးတွေက တကယ် ဖမ်းဖို့ခက်ခဲတာပဲ”
“ဟုတ်ကဲ့”
အဖွဲ့သားနှစ်ဦးသည် ချက်ချင်းနာခံကာ ထွက်ခွာသွားခဲ့သည်။ စစ်ရှီး စိတ်ကျေနပ်စွာ တောက်တောက်ပပ ပြုံးလိုက်သည်။ သတင်းအချက်အလက်တစ်ခုကို အသုံးချရုံဖြင့် ကျားဖြူခန်းမအတွင်း နန်ပါးထျန်းထည့်သွင်းထားသည့် သူလျှိုများ၏ ဆက်သွယ်မှုကွန်ယက်တစ်ခုလုံးကို သိရှိနိုင်တော့ပေမည်။
ထို့ပြင် ဤသတင်းသည် နန်ပါးထျန်းအား သေချာပေါက် နေမထိထိုင်မသာဖြစ်စေလိမ့်မည် ဖြစ်သည်။
စစ်ရှီးလည်း စိတ်ကျေနပ်စွာ ရယ်မောလျက် ထိုနေရာမှ ထွက်သွားခဲ့သည်။
…
ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်၌
နန်ပါးထျန်းသည် ဒေါသူပုန်ထကာ စာကြည့်ခန်းထဲရှိ မြင်မြင်သမျှ ပစ္စည်းများကို ပစ်ပေါက်ဖျက်ဆီးပစ်နေ၏။ ထို့နောက် အပြင်ဘက်ကို လက်ညှိုးညွှန်လျက် အော်ဟစ်အမိန့်ပေးသည်။
“ငါ့ဇနီးကို ဘယ်သူပြန်ပေးဆွဲသွားလဲ ရှာကြစမ်း။ မင်းကို သူ့ကို ရှာမလာနိုင်ရင် ငါမင်းတို့အားလုံးကို သတ်ပစ်မယ်။ သောက်သုံးမကျတဲ့ အမှိုက်ကောင်တွေ အမှိုက်ကောင်တွေ”
ဘေးတွင်ရပ်နေသည့် ထန်ဇီယွဲ့နှင့် ချင်းယင်တို့သည် နန်ပါးထျန်း၏ အော်ဟစ်ကြိမ်းမောင်းသံများကို ဘာမျှမပြောဝံ့ဘဲ နားထောင်နေကြသည်။ ဤသို့အခြေအနေတွင် သူတို့လည်း ဘာမျှ တုံ့ပြန်မပြောရဲပါချေ။
ထို့နောက် နန်ပါးထျန်းသည် ထန်ဇီယွဲ့ကို လက်ညှိုးညွှန်လျက် ပြောလာ၏။
“ကျားဖြူခန်းမကို သူလျှိုတွေ လွှတ်ထားတယ်လို့ မင်းပြောခဲ့တယ် မဟုတ်ဘူးလား။ သတင်းက ဘယ်မှာလဲ။ ဘယ်သူမှ လာမတင်ပြကြသေးဘူးလား”
ထန်ဇီယွဲ့မှ ပြောသည်။
“ခေါင်းဆောင် ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။ မကြာခင် သတင်းရတော့မှာပါ”
နန်ပါးထျန်းမှ ပြန်ပြောသည်။
“အဲဒီသူလျှိုတွေလည်း သောက်သုံးမကျတဲ့ အမှိုက်တွေပဲ။ ဒီလိုသတင်းလေးကိုတောင်မှ ရအောင် မလုပ်နိုင်ဘူး”
ထန်ဇီယွဲ့ ပါးစပ်ပိတ်နေလိုက်သည်။ ထိုစဉ် အပြင်ဘက်မှ လူတစ်ယောက် အပြေးဝင်လာပြီး ထန်ဇီယွဲ့အား တီးတိုးပြောသည်။ ကနဦးတွင် ထန်ဇီယွဲ့၏ မျက်နှာအမူအရာသည် တည်ငြိမ်နေသော်ငြား နောက်ပိုင်းတွင် မျက်နှာအမူအရာ ရုတ်ချည်း ပြောင်းလဲသွား၏။
“သေချာလား”
ထိုအဖွဲ့သားမှ ပြောသည်။
“အမှန်ပါပဲ။ ဒီသတင်းက တစ္ဆေချောင်ဆီကနေ လာတာပါ။ အမှားမရှိနိုင်ပါဘူး”
ထန်ဇီယွဲ့မှ အံကြိတ်လျက် ပြောသည်။
“ချန်ကျိုစစ် မင်းက တကယ်ကောက်ကျစ်တာပဲ”
ထို့နောက် ထန်ဇီယွဲ့သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လက်ဝှေ့ရမ်းလိုက်ရင်း ပြောသည်။
“မင်းသွားလို့ရပြီ”
“ဟုတ်ကဲ့”
အဖွဲ့သားသည် နာခံစွာ ချက်ချင်းထွက်ခွာသွားခဲ့သည်။ ထို့နောက် နန်ပါးထျန်းသည် ထန်ဇီယွဲ့၏ မျက်နှာအမူအရာပျက်ယွင်းသွားခြင်းကြောင့် မေးလာသည်။
“သတင်းတစ်ခုခုရလို့လား”
ထန်ဇီယွဲ့မှ ပြန်ပြောသည်။
“ဟုတ်ပါတယ်။ သတင်းကောင်းရှိပါတယ်။ ခေါင်းဆောင်ရဲ့ဇနီး သခင်မကို ကျားဖြူခန်းမက ခေါ်သွားခဲ့တာ မဟုတ်ပါဘူး။ ချန်ကျိုစစ်လုပ်တာ မဟုတ်ပါဘူး”
“ဟမ် သူမဟုတ်ဘူးလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
နန်ပါးထျန်းသည် သူ့စိတ်ထဲ တရားခံမှာ ချန်ကျိုစစ်ဟု သေချာနေရသည့်အကြောင်းအရင်းကို နားမလည်ပါချေ။ ထန်ဇီယွဲ့မှ ရှင်းပြသည်။
“ခေါင်းဆောင် အခြေအနေအရ ဒီသတင်းက အမှန်ပါပဲ။ တကယ့်ကို ချန်ကျိုစစ်ရဲ့လက်ချက် မဟုတ်ပါဘူး”
“အဲဒါက သတင်းကောင်းလို့ သတ်မှတ်လို့ရလို့လား”
နန်ပါးထျန်းသည် စိတ်မကျေနပ်ပေ။ ထန်ဇီယွဲ့မှ ပြန်ပြောသည်။
“သေချာပေါက် သတင်းကောင်းပေါ့ဗျာ။ သခင်မကို ခေါ်သွားတာက ချန်ကျိုစစ် မဟုတ်ဘဲ တခြားသူဆိုရင် သူတို့လိုချင်တာ တစ်ခုခုရှိပါလိမ့်မယ်။ သူတို့မှာ လိုချင်တာရှိမယ်ဆိုရင် တောင်းဆိုချက်လုပ်လာမှာပါပဲ။ အဲဒါဆို သခင်မကို ကယ်တင်နိုင်ပါလိမ့်မယ်”
နန်ပါးထျန်းမှ မေးသည်။
“အဲဒီတော့ ဒီသတင်းကောင်းအပြင် သတင်းဆိုးရှိသေးလား”
ထန်ဇီယွဲ့မှ ပြန်ပြောသည်။
“ဟုတ်ပါတယ်။ ချန်ကျိုစစ်က မိန်ဂိုဏ်းနဲ့ ပူးပေါင်းပြီး ခေါင်းဆောင်ကို ချောက်ချခဲ့တာ အမှန်ပါပဲ။ အခု သူတို့က စွင်းထျဲချွေ့ရဲ့ပန်းပဲရုံမှာ ခေါင်းဆောင်နဲ့ မိန်ဂိုဏ်းနဲ့ ပူးပေါင်းတဲ့ လျှို့ဝှက်စာကို ဖွက်ထားပြီး သခင်ကြီးယဲ့လုကို တိုင်ကြားဖို့ စီစဉ်နေပါတယ်”
“ဘာ”
နန်ပါးထျန်းသည် ထခုန်မိသွားရကာ မျက်နှာအမူအရာသည်တော့ ထိတ်လန့်အံ့ဩမှုနှင့် အမျက်ဒေါသများ ပြည့်နှက်နေခဲ့သည်။