အခန်း (၆၁၁)
Vol. 51 Ch. 611
အခန်း 611
“ငါ ဘယ်တုန်းက စွင်းထျဲချွေ့နဲ့ ပူးပေါင်းဖူးလို့လဲ။ ဒါက လူကို ပေါ်တင်ချောက်ချစွပ်စွဲနေတာပဲ၊ လုပ်ကြံနေတာပဲ”
နန်ပါးထျန်းသည် အခြေအနေကို နားလည်သွားသည်နှင့် ဒေါသကို မထိန်းချုပ်နိုင်ဖြစ်နေ၏။
ချန်ကျိုစစ်က ငါ့ကို လုံးဝ ချောက်ချနေတာပဲ။
သို့သော် ထန်ဇီယွဲ့၏မျက်နှာအမူအရာသည်တော့ ပျက်ယွင်းနေခဲ့သည်။ ဘေးရှိ ချင်းယင်မှ ပြောသည်။
“ဟုတ်ပါတယ် ခေါင်းဆောင်။ ချန်ကျိုစစ်က ခေါင်းဆောင်ကို တမင် ရွှံ့နဲ့ ပစ်ပေါက်နေတာပါ။ ဒါက ဘယ်လိုမှ လက်ခံနိုင်စရာမရှိတာမို့ ကျွန်တော်တို့ စီရင်စုအုပ်ချုပ်ရေးမှူးဆီ သွားပြီး တိုင်ကြားရအောင်ပါ။ ချန်ကျိုစစ်က ကျွန်တော်တို့ကို လျှို့ဝှက်စာနဲ့ ချောက်ချတဲ့အကြောင်း တိုင်ကြားရပါမယ်။ ကျွန်တော်တို့ ဘာမှမလုပ်ခဲ့ဘဲနဲ့ ဘာကိုကြောက်နေရမှာလဲ”
ချင်းယင်မှ ပြတ်သားခိုင်မာစွာ ပြောသည်။
ငါတို့ ဘာမှမလုပ်ခဲ့မှတော့ ဘာကိုကြောက်နေရမလဲ။ အခုတလော ငါတို့ကပဲ အမြဲ သူများချောက်ချတာ ခံနေရတာ၊ ငါတို့ဘက်က ချောက်ချတာ မရှိနေဘူး။
ချန်ကျိုစစ် မင်းက ငါတို့ကိုတောင် ချောက်ချဖို့ ကြံစည်ရဲတယ်ပေါ့လေ။ ငါတို့က မင်းကို ကြောက်နေမယ်ထင်နေလား။ တိုင်ကြားရမယ်၊ စီရင်စုအုပ်ချုပ်ရေးမှူးသွားပြီး တိုင်ကြားရမယ်။ ချန်ကျိုစစ် မင်း ဒီကိစ္စကနေ မလွတ်မြောက်နိုင်စေရဘူး။
ချင်းယင်၏စကားများကို နားထောင်ပြီးနောက် ထန်ဇီယွဲ့မှ မျက်မှောင်ကြုတ်လျက် ပြောသည်။
“တိုင်ကြားမယ်တဲ့လား။ မင်းက ဘာကိုတိုင်ကြားမှာလဲ”
“ချန်ကျိုစစ်က ငါတို့ကို လျှို့ဝှက်စာနဲ့ ချောက်ချစွပ်စွဲဖို့ ကြံစည်တဲ့အကြောင်း တိုင်ကြားမယ်။ ငါတို့ စွင်းထျဲချွေ့နဲ့ ဘာမှ မပူးပေါင်းခဲ့ဖူးဘူး။ ငါတို့ဘက်က မှန်ကန်နေတာပဲ ကိုယ့်အရိပ်ကို ကြောက်နေရဦးမလား။ ချန်ကျိုစစ်က ချောက်ချစွပ်စွဲတာကို ငါတို့က ဘာလို့ကြောက်နေရမှာလဲ”
ချင်းယင်မှ ပြန်ပြောသည်။
“ချောက်ချစွပ်စွဲတယ်တဲ့ာလား။ ဟား ခန်းမအရှင်သခင်ချင်း ဒါက ချောက်ချစွပ်စွဲတာလို့ ပြောလိုက်တာလား”
“ဒါ ဒါက ချောက်ချစွပ်စွဲတာ သိသာနေတာပဲ မဟုတ်ဘူးလား”
ချင်းယင်သည် ထန်ဇီယွဲ့ကိုကြည့်လျက် အထစ်ထစ်အငေါ့ငေါ့ ပြောသည်။
“စီရင်စုအုပ်ချုပ်ရေးမှူးကို ငါတို့ ချန်ကျိုစစ်ရဲ့ကျားဖြူခန်းမထဲ ထည့်ထားတဲ့ သူလျှိုဆီကနေ ချန်ကျိုစစ်က ခေါင်းဆောင်နဲ့ စွင်းထျဲချွေ့နဲ့ ပူးပေါင်းထားတဲ့ လျှို့ဝှက်စာအတုကို ဖန်တီးထားပြီး ခေါင်းဆောင်ကို ချောက်ချစွပ်စွဲဖို့ ကြံစည်နေတာကို သိခဲ့ရပါတယ်လို့ သွားပြောမှာလား”
“ဟုတ်တယ်။ အဲဒီလိုသွားပြောရမှာပေါ့”
“ဟား ခန်းမအရှင်သခင်ချင်း ခင်ဗျားပြောကြည့်ပါဦး။ ခင်ဗျားပြောသလို လုပ်လိုက်ရင် စီရင်စုအုပ်ချုပ်ရေးမှူးက ငါတို့ဘက်က တမင်ကြံစည်ထားတဲ့ အကြံအစည်လို့ ထင်သွားမယ် မဟုတ်ဘူးလား။ အရှေ့မြို့ဂိတ်တံခါးတုန်းက ကိစ္စကလည်း နည်းနည်း မသင်္ကာစရာကောင်းခဲ့တယ်။ စီရင်စုအုပ်ချုပ်ရေးမှူးက အစကတည်းက ငါတို့ကို သံသယဝင်နေပြီးပြီ။ အခု ချန်ကျိုစစ်က ငါတို့ကို ချောက်ချစွပ်စွဲဖို့ရည်ရွယ်ချက်နဲ့ စွင်းထျဲချွေ့ရဲ့ပန်းပဲရုံမှာ ခေါင်းဆောင်နဲ့ စွင်းထျဲချွေ့နဲ့ ပူးပေါင်းထားတဲ့ လျှို့ဝှက်စာအတုကို ဖွက်ထားပါတယ်လို့ သွားပြောလိုက်ရင် ဘယ်လိုဖြစ်မယ်ထင်လဲ”
“စီရင်စုအုပ်ချုပ်ရေးမှူးက ငါတို့ကို ယုံကြည်လိမ့်မယ်ထင်သလား”
ချင်းယင် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
“ဘာလို့ မယုံကြည်ရမှာလဲ”
“ဘာလို့ဆို အခုအချိန်မှာ ငါတို့ရဲ့လှုပ်ရှားမှုတွေက ချန်ကျိုစစ်ထက် ပိုပြီး သံသယဝင်စရာကောင်းနေလို့ပဲ။ ငါတို့က အပြစ်သားအဖြစ် သတ်မှတ်ခံထားရပြီးပြီ။ ဒီလိုအချိန်မျိုးမှာ ဒီလိုကိစ္စမျိုးကို သွားတိုင်ကြားလိုက်တာက ဘောင်းဘီထဲ ရွှံ့ပေခံလိုက်သလိုပဲ— ဘယ်လိုကြည့်ကြည့် ညစ်ထေးနေတော့မှာ”
ထန်ဇီယွဲ့မှ ပြောသည်။
“ဒါပေမဲ့ ငါတို့ ချောက်ချစွပ်စွဲခံရတာက အမှန်တရားပဲလေ”
ချင်းယင်သည် စိတ်မယိမ်းယိုင်ပေ။
“ချန်ကျိုစစ်က ငါတို့ကို ချောက်ချစွပ်စွဲခဲ့တာကို သူက ဘယ်လိုလုပ်ပြီး အပြစ်လွတ်ကင်းနိုင်မှာလဲ။ ချန်ကျိုစစ်က ငါတို့အနေနဲ့ တရားမျှတမှုရယူနိုင်မယ့်လမ်းမရှိအောင်အထိ အဖြူကို အမည်းပြောင်းနိုင်မှာတဲ့လား”
ထန်ဇီယွဲ့ ခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းခါရမ်းသည်။
“ချန်ကျိုစစ်က ငါတို့ကို ချောက်ချစွပ်စွဲတဲ့အကြောင်း သက်သေပြချင်ရင် ချန်ကျိုစစ်နဲ့ စွင်းထျဲချွေ့နဲ့ ပူးပေါင်းတယ်ဆိုတဲ့ သက်သေကို အရင်တွေ့အောင်ရှာရမယ်။ အဲဒီတော့မှ ချန်ကျိုစစ်က သက်သေအတုဖန်တီးပြီး ငါတို့ကို ချောက်ချစွပ်စွဲတဲ့အကြောင်း သက်သေပြနိုင်မှာ”
“ဒါပေမဲ့ အခုအချိန်မှာ ချန်ကျိုစစ်က မိန်ဂိုဏ်းနဲ့ ပူးပေါင်းတဲ့အကြောင်း သက်သေမရှိသေးဘူး။ လက်ရှိအခြေအနေမှာ မိန်ဂိုဏ်းနဲ့ ပူးပေါင်းတဲ့သူလို့ သံသယဝင်ဖို့အကောင်းဆုံးက ငါတို့ဖြစ်နေတယ်”
ထန်ဇီယွဲ့ ခါးသီးစွာ ရယ်မောလိုက်သည်။
ချင်းယင်မှ မျက်လုံးအပြူးသားဖြင့် ပြောသည်။
“ဘာ။ အခု ငါတို့က သူပုန်တွေဖြစ်သွားပြီလား။ ဒီလောကကြီးမှာ တရားမျှတမှုဆိုတာ မရှိတော့ဘူးလား”
နန်ပါးထျန်းလည်း မျက်မှောင်ကြုတ်နေ၏။
ငါလိုဖြောင့်မတ်မှန်ကန်တဲ့ ကုန်သည်အဖွဲ့ခေါင်းဆောင်တစ်ယောက်က သူပုန်လို့ အမည်တပ်ခံရတာ ဟာသပဲ မဟုတ်လား။
ငါ့ဘက်က ကြည့်ရင် ချန်ကျိုစစ်က မကောင်းတဲ့ကောင်ပဲ။ ရာထူးအာဏာကို အနိုင်အထက်သိမ်းယူဖို့ ကြံစည်တယ်။ အထက်လူကြီးကို ရိုသေလေးစားမှု မရှိဘူး။ အဆင်အခြင်မဲ့ပြုမူတယ်။ ခေါင်းဆောင်ဖြစ်တဲ့ ငါ့ကို ချောက်ချစွပ်စွဲဖို့ ကြံစည်တယ်။ ဒီပြစ်မှုတွေအားလုံးက အဲဒီချန်ကျိုစစ်ကို ရက်ရက်စက်စက် ကွပ်မျက်ပစ်ဖို့ လုံလောက်တယ်။
အခုတော့ ချန်ကျိုစစ်က ငါကမှ သူပုန်တစ်ယောက်ဖြစ်ပြီး မကောင်းတဲ့ကောင်ပါလို့ စွပ်စွဲနေတယ်။ ဒါက လူကို ပေါ်တင်ချောက်ချနေတာပဲ မဟုတ်ဘူးလား။
ပြီးတော့ ငါလိုချင်တာက ငါနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းကို ပြန်သိမ်းယူချင်ခဲ့ရုံပဲ။ အဲဒါက ဘာမှားလို့လဲ။
ဒါက ဒုက္ခသုက္ခတွေ နှစ်ထောင်ချီကျရောက်ချိန်မှာ လူကောင်းတွေ အသက်မရှည်တာနဲ့ ဘာကွာခြားသေးလို့လဲ။
ထိုသို့အတွေးဖြင့် နန်ပါးထျန်းသည် ထန်ဇီယွဲ့ကို ကြည့်၍ ပြောသည်။
“ဇီယွဲ့ မင်းက ငါ့ရဲ့ အိပ်စက်နေတဲ့နဂါးပဲ။ မင်းပြော၊ ဒီလိုကျပ်တည်းနေတဲ့ အခြေအနေမျိုးမှာ ငါတို့ဘာလုပ်သင့်လဲ”
ထိုအခါ ထန်ဇီယွဲ့ နန်ပါးထျန်းကို ကြည့်လိုက်သည်။
“ခေါင်းဆောင် ဒီတစ်ကြိမ်မှာ ချန်ကျိုစစ်က လေဟာပြင်နည်းဗျူဟာကို အသုံးပြုထားတာပါ။ တစ်ချက်မှားသွားတာနဲ့ ကျွန်တော်တို့ အားလုံးဆုံးရှုံးသွားရမှာပါ”
နန်ပါးထျန်းမှ ထန်ဇီယွဲ့ကို ပြောသည်။
“အဲဒီတော့ သူ့ရဲ့အဲဒီဗျူဟာကို ဘယ်လိုချိုးဖျက်ရမလဲ”
ထန်ဇီယွဲ့မှ ပြောသည်။
“ကျွန်တော် နားလည်မိသလောက်တော့ ချန်ကျိုစစ်က ဒီသတင်းစကားကို ကျွန်တော်တို့ကို တမင်ကြားသိစေချင်ခဲ့တာလို့ ထင်ပါတယ်”
“ဘာ”
ချင်းယင်မှ ထန်ဇီယွဲ့ကို ကြည့်၍ ပြောသည်။
“ခန်းမအရှင်သခင်ထန် ခင်ဗျား အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းပါနဲ့။ ချန်ကျိုစစ်က ဒီလိုအရေးကြီးတဲ့ သတင်းအချက်အလက်မျိုးကို ငါတို့ကိုသိခွင့်ပေးရအောင် ရူးနေလို့လား”
သူ ငါတို့ကို ချောက်ချစွပ်စွဲဖို့ ကြံစည်နေတဲ့အကြောင်း ငါတို့မသိမှာ စိုးရိမ်နေတာလား။
ထန်ဇီယွဲ့မှ ပြောသည်။
“ခန်းမအရှင်သခင်ချင်းပြောတာ အမှန်ပါပဲ”
ချင်းယင် မျက်မှောင်ကြုတ်လိုက်သည်။
“ဘာအဓိပ္ပာယ်လဲ”
ထန်ဇီယွဲ့မှ ပြောသည်။
“ချန်ကျိုစစ်က ဒီသတင်းကို ကျွန်တော်တို့သိအောင် တမင်ခွင့်ပြုပေးလိုက်တာပါ။ ကျွန်တော်တို့ဘက်က ဒီသတင်းကို စောစောသိရှိပြီးတော့ စိတ်လိုက်မာန်ပါနဲ့ ပြဿနာဖန်တီးဖို့ မျှော်လင့်နေတာပါ”
“စိတ်လိုက်မာန်ပါနဲ့ ပြဿနာဖန်တီးဖို့ မျှော်လင့်တာတဲ့လား”
ချင်းယင်သည် နားမလည်သေးပေ။ နန်ပါးထျန်းသည်တော့ မျက်မှောင်ကြုတ်နေ၏။ ထန်ဇီယွဲ့မှ ဆက်ပြောသည်။
“ကျွန်တော်တို လူအပေါင်းရဲ့ ရယ်စရာဟာသကြီး ဖြစ်လာတာကို သူလိုချင်နေတာ။ သူက ကျွန်တော်တို့ကို တမင် စော်ကားနေတာပါ”
“အဲဒီသောက်ရူးကောင်ကတော့ သူ့မှာ ရည်ရွယ်ချက်ကောင်းမရှိနိုင်တာ ငါသိသားပဲ”
ချင်းယင်သည် စားပွဲကို ရိုက်ချလိုက်သည်။ ထိုအခါ နန်ပါးထျန်းမှ ပြောသည်။
“ခန်းမအရှင်သခင်ထန်ကို စကားဆုံးအောင် ပြောခိုင်းလိုက်ဦး”
ထန်ဇီယွဲ့မှ ဆက်ပြောသည်။
“ဒီလိုအရေးကြီးတဲ့ သတင်းမျိုးက ချန်ကျိုစစ်မသိအောင် ဘယ်လိုစိမ့်ထွက်လာနိုင်သလဲ တွေးနေခဲ့တာ အခုတော့ ကျွန်တော် အပြည့်အဝ နားလည်သွားခဲ့ပြီ။ တကယ်တော့ ချန်ကျိုစစ်က ကျွန်တော်တို့ကို ရွေးချယ်စေချင်နေတာပဲ”
“ဘာကိုရွေးချယ်ရမှာလဲ”
နန်ပါးထျန်းမှ မေးသည်။
ထန်ဇီယွဲ့မှ ပြောသည်။
“သူ့ရဲ့ရည်ရွယ်ချက်က ရှင်းလင်းပါတယ်။ ချန်ကျိုစစ်က စွင်းထျဲချွေ့ပန်းပဲရုံမှာရှိနေတဲ့ လျှို့ဝှက်စာအတုအကြောင်းကို ကျွန်တော်တို့ကို သိစေခဲ့တယ်။ အဲဒီစာ ပေါ်ထွက်သွားရင် အဲဒါက ကျွန်တော်တို့အတွက် ခြိမ်းခြောက်မှုကြီးတစ်ခုပဲ။ ဒါပေမဲ့ ကျွန်တော်တို့မှာ ရွေးချယ်စရာရှိတယ်။ အဲဒါက အဲဒီစာ စီရင်စုအုပ်ချုပ်ရေးမှူးလက်ထဲကို မရောက်ခင်မှာ ကျွန်တော်တို့ဘက်က ရအောင်ယူဖို့ပဲ။ အဲဒါဆို အားလုံးအဆင်ပြေသွားလိမ့်မယ်”
“ဒါပေမဲ့ ကျွန်တော်တို့ စာကို ယူဖို့ကြိုးစားနေတုန်းမှာ စီရင်စုအုပ်ချုပ်ရေးမှူးလက်ထဲ မိသွားခဲ့မယ်ဆိုရင်တော့…”
ထန်ဇီယွဲ့မှ ဆက်ပြောသည်။
“အဲဒါဆိုရင်တော့ အဲဒီစာက ကျွန်တော်တို့နဲ့ အမှန်တကယ် သက်ဆိုင်နေပါတယ်လို့ သက်သေပြလိုက်တာပါပဲ”