← Chapters

အခန်း (၆၁၅)

Vol. 51 Ch. 615

အခန်း (၆၁၅)

Vol. 51 Ch. 615

အခန်း ၆၁၅

မကောင်းတော့ဘူး။ ငါ သခင်ကြီးယဲ့လုကို အသိပေးရမယ်။ သခင်ကြီးယဲ့လု လောကစည်းစိမ်ခံစားနေလည်း ဂရုမစိုက်‌နိုင်တော့ဘူး။ သွားပြောရမှာပဲ။

ချီမုကော ထရပ်ကာ အမိန့်ပေးလိုက်သည်။

“တစ်ယောက်ယောက်လာစမ်း။ ဒီနေရာကို စောင့်ကြည့်ထားကြ။ ငါ အိမ်တော်ကို ပြန်လိုက်ဦးမယ်”

ထို့နောက် ချီမုကောသည် စာရွက်အပိုင်းများကို ယူကာ ယဲ့လုဖုန်းကို လျှောက်တင်ရန်အတွက် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သို့ ပြန်သွားခဲ့သည်။

ချင်းယင်တို့ညီအစ်ကိုသုံးဦးသည် ပန်းပဲရုံထဲမှ ထွက်လာသည့် ချီမုကော၏ မျက်နှာအမူအရာကို မြင်သောအခါ ကျောရိုးအထိတိုင် အေးစိမ့်သွားရသည်။

သေစမ်း၊ တကယ်ကြီး လျှို့ဝှက်စာကို ရှာတွေ့သွားတာတော့ မဟုတ်ဘူးမလား။

မဖြစ်ဘူး။ ခေါင်းဆောင်ကို ချက်ချင်း သွားတင်ပြရမယ်။

သို့ဖြင့် ညီအစ်ကိုသုံးဦးသည် လျင်မြန်သော အရှိန်နှုန်းဖြင့် နံရံများကို ကျော်ကာ အိမ်ခေါင်မိုးများထက်မှ ထွက်ခွာသွားကြသည်။ တစ်ပြိုင်နက်တည်းတွင် ချီမုကောသည်လည်း မြင်းကို အပြင်းနှင်၍ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ဆီ သွားနေသည်။ ရှောင်ဟူသည် ပေါက်စီဆိုင်တွင် ပုန်းကွယ်၍ ထိုမြင်ကွင်းကို ပြုံးပြုံးကြီး ကြည့်နေခဲ့သည်။ ထို့နောက် ဆိုင်ရှင်ကို ပြောသည်။

“ကျွန်တော် အဲဒီဝက်သားနဲ့ကြက်သွန်မြိတ်အစာသွပ်ပေါက်စီကို ထပ်ယူမယ်။ သေချာလေးထုပ်ပိုးပေးပါ။ ကျွန်တော် အိမ်ယူသွားမလို့”

ထိုအခါ ဆိုင်ရှင်မှ ချက်ချင်း အော်ပြောသည်။

“ကောင်းပြီ”

ပေါက်စီသည် ခဏအတွင်း ထုပ်ပိုးပြီးသွား၏။ အဆင့်မြင့်စက္ကူတစ်မျိုးကို သုံးကာ သုံးထုပ်ထုပ်ပေးလိုက်သည်။

ရှောင်ဟူသည် ပေါက်စီထုပ်ကို ကိုင်ကာ ကျားဖြူခန်းမဆီ အမြန်ပြန်လာခဲ့သည်။

ထိုအချိန်၌ ချန်ကျဲ့သည် ခြံဝင်းထဲတွင် သိုင်းလေ့ကျင့်နေသည်။ စူးယွင်ကျင်းသည် ကစားနေသည့် စွင်းယုံ ၊ ရွေ့ရွေ့၊ ယင်ဟုန်မိန်တို့နှင့်အတူ မနီးမဝေးရှိ အဆောင်ထဲတွင် ထိုင်နေသည်။ ထိုကစားပွဲတွင် စွင်းယုံသည် သစ်သားလူသားဖြစ်သည်။ ဤသည်မှာ ချန်ကျဲ့ သူတို့ကို သင်ပေးထားသည့် ကစားနည်းဖြစ်သည်။

ထို့နောက် ရှောင်ဟူပြန်ရောက်လာပြီး ကစားနေသည့် ရွေ့ရွေ့ကိုမြင်သောအခါ ပေါက်စီထုပ်ကို မြှောက်ပြရင်း ခေါ်လိုက်သည်။

“ရွေ့ရွေ့ ပေါက်စီတွေ”

“အင်းး”

ထိုအခါ ရွေ့ရွေ့သည် ချက်ချင်းပြေးလာပြီး ပေါက်စီတစ်လုံးကို ယူစားလိုက်သည်။ ပေါက်စီသည် ပူနွေးနေဆဲဖြစ်၏။

ရှောင်ဟူမှ ပြောသည်။

“ဘယ်လိုလဲ။ ဒီပေါက်စီက ရွေ့ရွေ့အရင်တစ်ခေါက်က ဘုရားပွဲမှာ စားခဲ့တဲ့ဆိုင်ကလေ။ အရသာကောင်းတယ်မလား”

“အင်း အင်း စားကောင်းတယ်၊ ကျေးဇူးတင်ပါတယ် အစ်ကိုရှောင်ဟူ”

ရှောင်ဟူမှ ရယ်မောလိုက်ပြီး ပြောသည်။

“အားယုံ၊ ဟုန်မိန် လာကြ။ မင်းတို့အတွက်လည်း ပါတယ်”

စွင်းယုံသည် အနည်းငယ် တွန့်ဆုတ်သွား၏။ ယင်ဟုန်မိန်မှ ပြောသည်။

“လူကြီးမင်းဟူ ကျွန်မ မစားတော့ပါဘူး”

ရွေ့ရွေ့မှ ပြောသည်။

“အစ်မဟုန်မိန်၊ အစ်ကိုယုံ စားလေ”

ရွေ့ရွေ့သည် သူတို့ကို ပေါက်စီတစ်ယောက်တစ်လုံးစီ ဝေပေးလိုက်ပြီး နောက်ဆုံးတစ်လုံးကိုတော့ သူ့အတွက်သူ ထားလိုက်သည်။ ပေါက်စီအကြီးကြီးလေးလုံးဖြစ်ရာ နှစ်လုံးကို သူ့အတွက်၊ ကျန်နှစ်လုံးကို သူများကို ကျွေးလိုက်သည်။

ဒီလောက်ဆို ငါမလွန်ပါဘူး၊ ဟုတ်တယ်မလား။

စွင်းယုံနှင့် ယင်ဟုန်မိန်တို့သည် ကနေဦးတွင် ပေါက်စီကိုကိုင်ကာ တွန့်ဆုတ်နေကြသော်ငြား နောက်ဆုံးတွင်တော့ သူတို့လည်း စတင်စားလိုက်ကြသည်။

ထိုစဉ် ချန်ကျဲ့သည် သိုင်းလေ့ကျင့်ခြင်းပြီးဆုံးသွားသဖြင့်‌ ရှောင်ဟူကို လှည့်ကြည့်လာပြီး မေးသည်။

“ဘယ်လိုအခြေအနေရှိလဲ”

ရှောင်ဟူမှ ပြောသည်။

“ချီမုကော ရှာတွေ့သွားပြီထင်တယ်။ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို အလောတကြီး ပြန်သွားတယ်”

ချန်ကျဲ့မှ ပြောသည်။

“ကောင်းတယ်။ ဒီလိုဆို သခင်ကြီးယဲ့လုရဲ့ နန်ပါးထျန်းအပေါ် သံသယက ပိုနက်ရှိုင်းလာလိမ့်မယ်”

ရှောင်ဟူမှ ပြောသည်။

“အို ဒီလောက်အထိ လုပ်ပြီး‌တာတောင် နန်ပါးထျန်းကို ဖြုတ်မချနိုင်သေးဘူးလား”

ချန်ကျဲ့ ရှင်းပြသည်။

“နန်ပါးထျန်းက ကုန်သည်အဖွဲ့ခေါင်းဆောင်အဖြစ်နဲ့ မျန့်ရွှေမှာ ရပ်တည်လာတာ နှစ်၂၀ကျော်ပြီ။ ဘယ်လိုလုပ်ပြီး လွယ်လွယ်ဖြုတ်ချလို့ရမှာလဲ။ အဲဒါအပြင် အခုက သခင်ကြီးယဲ့လုက သူ့ကိုလိုအပ်နေတဲ့အချိန်ဖြစ်နေတယ်။ နန်ပါးထျန်းကို သတ်ဖို့ ငါတို့ လောလို့မရဘူး။ တစ်ကြိမ်ကို တစ်လှမ်းပဲ လှမ်းပြီး သူ့ရဲ့အခြေခံအုတ်မြစ်ကို နှောင့်ယှက်ဖျက်ဆီးရမယ်။ သက်သေတွေ တစ်ခုပြီးတစ်ခုက နန်ပါးထျန်းကို ညွှန်ပြနေတဲ့အခါကျ သခင်ကြီးယဲ့လုလည်း တွန့်ဆုတ်နေခဲ့ရင်တောင် အဆုံးအဖြတ်လုပ်ဆောင်မှုကို လုပ်ရမှာပဲ”

ဤသည်မှာ ချန်ကျဲ့၏အစီအစဉ်ဖြစ်သည်။

နန်ပါးထျန်းအား တစ်ဆင့်ပြီးတစ်ဆင့် တစ်လှမ်းပြီးတစ်လှမ်း‌ ထောင့်စွန်းသို့ တွန်းပို့မည်။

ဒီနေ့အဖြစ်အပျက်သည် အမြည်းမျှသာ ဖြစ်၏။

ရှောင်ဟူမှ မေးသည်။

“အစ်ကိုကျိုစစ် ကျွန်တော်နားမလည်ဘူး။ ကျွန်တော်တို့ ဘာလို့ စာတစ်စောင်လုံး အတုမလုပ်ဘဲ တစ်လုံးနှစ်လုံးပဲ အတုလုပ်ရတာလဲ။ ပြီးတော့ ပြာပုံထဲတောင် ထည့်ဖွက်လိုက်သေးတယ်။ ချီမုကောသာ အဲဒီကြေးဇလုံကို သတိမထားမိဘဲ ကျော်သွားရင် ကျွန်တော်တို့အစီအစဉ် ကျရှုံးသွားမယ် မဟုတ်လား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“စာတစ်စောင်လုံး ဖန်တီးလိုက်ရင် တစ်အချက် ဟာကွက်တွေ အများကြီးပေါ်လာလိမ့်မယ်။ နှစ်အချက် လုပ်ကြံထားတာနဲ့ တူနေလိမ့်မယ်။ ဒီလို စာလေးတစ်လုံးနှစ်လုံးပဲ ပြပေးလိုက်တာကျတော့ စိတ်ကူးတွေးတောရမယ့် နေရာလပ်က ပိုကျယ်သွားတယ်။ ရှောင်ဟူ လူတွေကို အန္တရာယ်အပြုဆုံးအရာက ဘာလဲသိလား”

ရှောင်ဟူမှ ဖြေသည်။

“မသိပါဘူး”

“အတွေးလွန်ခြင်းပဲကွ”

“အတွေးလွန်တယ်ဆိုတာ ဘာလဲ”

ရှောင်ဟူ၏အမေးကို ချန်ကျဲ့မှ ရယ်မောလျက် ဖြေသည်။

“ဟားဟား ‌အမျိုးမျိုးလျှောက်ခန့်မှန်းခြင်းတစ်မျိုးပေါ့။ လူတွေရဲ့ လျှောက်ခန့်မှန်းမှုက သက်သေထက် ပိုသက်ရောက်မှုရှိတယ်။ ငါတို့က နန်ပါးထျန်းကို တစ်ချက်တည်းနဲ့ သတ်မှာလည်း မဟုတ်ဘူးလေ။ အဲဒါကြောင့် သခင်ကြီးယဲ့လုက သူ့ကို သံသယဝင်နေသ၍ နန်ပါးထျန်းက ဒီအခြေအနေကို ပြောင်းပြန်လှန်နိုင်မယ့်နေ့ ဘယ်တော့မှ ရောက်လာမှာမဟုတ်ဘူး”

ရှောင်ဟူသည် အနည်းငယ် နားမလည်နိုင်‌သေးရာ မျက်မှောင်ကြုတ်နေ၏။ ချန်ကျဲ့မှ ပြောသည်။

“အင်း နားလည်ဖို့မလိုပါဘူး။ ပွဲသာ ကြည့်နေလိုက်ပါ။ အဲဒါဆိုလုံလောက်ပြီ”

…

ထိုအချိန်၌ ချီမုကောသည် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သို့ ပြန်ရောက်ခဲ့သည်။ ယဲ့လုဖုန်းသည် အနည်းငယ် စိတ်ပျက်ဟန်ဖြင့် အော်လိုက်၏။

“ဒီမိစ္ဆာလေးနှစ်ကောင်တော့…”

ထိုစဉ် ချီမုကောရောက်လာပြီး အကြောင်းကြားသည်။

“သခင်ကြီး အရေးကြီးကိစ္စရှိပါတယ်။ နန်ပါးထျန်း တကယ်ပဲ မိန်ဂိုဏ်းနဲ့ ပူးပေါင်းနေတာ ဖြစ်နိုင်ပါတယ်”

“ဟင်”

ယဲ့လုဖုန်းသည် မျက်နှာအမူအရာပြောင်းလဲသွားပြီး ချီမုကောကို မေးသည်။

“ဘာကြောင့် အဲဒီလိုပြောရတာလဲ”

ချီမုကောက ပြောသည်။

“ခုနက….”

ချီမုကောမှ အဖြစ်အပျက်များကို ပြန်ပြောပြရာ ယဲ့လုဖုန်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ ထို့နောက် ချီမုကော ကမ်းပေးလာသည့် စာရွက်အပိုင်းအစများကို သေချာကြည့်လိုက်သည်။ လက်ရေးသည် အမှန်တကယ်ပင် နန်ပါးထျန်း၏လက်ရေးနှင့် အလွန်တူသည်။

တကယ်ပဲ နန်ပါးထျန်းလား။

ချီမုကောမှ ပြောသည်။

“ကျွန်တော်တို့ မရောက်ခင်က ပန်းပဲရုံကို ချင်းယင်တို့ညီအစ်ကိုသုံးယောက် လာသွားပါတယ်။ သူတို့အခုလိုလုပ်တာ တစ်ခုခုရှာဖို့လို့ သံသယဝင်မိပါတယ်”

ထိုစကားတွင် ယဲ့လုဖုန်းမှာ စာရွက်အပိုင်းများကို တင်းတင်းဆုပ်ကိုင်ရင်း ပို၍ မျက်မှောင်ကြုတ်သွားတော့သည်။

[သံသတ္တုကို ချိတ်ပိတ်…]

[အမြန်ထွက်ခွာပါ]

[ထာဝရမငြိမ်းသတ်တဲ့ အန္တမီးလျံ၊ စုန့်မင်းဆက်ကို ပြန်သိမ်းမယ်….]

“ထာဝရမငြိမ်းသတ်တဲ့ အန္တမီးလျံ၊ စုန့်မင်းဆက်ကို ပြန်သိမ်းမယ်.. တကယ်ပဲ နန်ပါးထျန်းက သူပုန်လား”

ချီမုကောမှ မေးသည်။

“ဒါက ထောင်ချောက်အဆင်ခံရတာ ဖြစ်နိုင်လား”

ယဲ့လုဖုန်း မျက်လုံးမှေးကျဉ်းလိုက်သည်။

“ထောင်ချောက်အဆင်ခံရတာဆို သူဘာလို့ လူလွှတ်ရှာခိုင်းရတာလဲ”

ချီမုကော ဝန်ခံသည်။

“ဒါကိုတော့ ကျွန်တော်လည်း မသိပါဘူး။ ဒီစာရွက်အပိုင်းအစတွေမှာ ပါဝင်တဲ့ စာရဲ့အဓိပ္ပာယ်ကို ကျွန်ျတာ်တို့ရှင်းရှင်းလင်းလင်း မသိနိုင်ပါဘူး။ ဒါမှမဟုတ်…”

ချီမုကော စကားမဆုံးခင် ယဲ့လုဖုန်းမှ ပြောသည်။

“မင်းဆက်မပြောနိုင်တော့ဘူးမလား။ ဒီကိစ္စက မရိုးရှင်းဘူး။ တပ်ဖွဲ့နှစ်ခုစေလွှတ်လိုက်။ တစ်ဖွဲ့ကို နန်ပါးထျန်းဆီ စေလွှတ်ပြီး သူ့ကို လာရှင်းပြခိုင်းလိုက်”

“နောက်တစ်ဖွဲ့ကို တရားရုံးတော်ဆီ လွှတ်လိုက်။ ထန်ဝမ့်နျန်က လက်ရေးတွေကို ခွဲခြားသိတဲ့ပညာမှာ တော်တယ်။ သူ့ကို ဒီစာတွေကို ဘာစစ်ဆေးကြည့်ခိုင်းလိုက်။ လက်ရေးမှာ အမှားအယွင်းရှိနေလား သိရအောင်။ ပြီးတော့ မြို့ထဲက လက်ရေးခွဲခြားပညာရှင်တွေကို အကုန်ဆင့်ခေါ်လိုက်။ ပြီးတော့ အဲဒီလူတွေက ကျားဖြူခန်းမနဲ့ အဆက်အဆံရှိဖူးလားဆိုတာပါ စစ်ဆေးရမယ်”

“ဟုတ်ကဲ့”

သို့ဖြင့် ချီမုကောသည် အမိန့်အတိုင်းလုပ်ဆောင်ရန် ချက်ချင်း ထွက်သွားခဲ့သည်။

ယဲ့လုဖုန်းသည် မျက်ခုံးများတွန့်ချိုးနေခဲ့၏။ သူသည်လည်း ထိုစာမှာ အတုဖြစ်နေမည်ကို စိုးရိမ်နေခဲ့သည်။ လက်ရေးခွဲခြားပညာရှင်များကို ဆင့်ခေါ်စစ်ဆေးခိုင်းရာတွင် ချန်ကျိုစစ်မှ နန်ပါးထျန်းကို ချောက်ချစွပ်စွဲရန်အတွက် လက်ရေးခွဲခြားပညာရှင်များကို လာဘ်‌ထိုးထားခြင်းမရှိအောင် ကာကွယ်ထားရမည်။

ဒီနေ့ကိစ္စကို သေချာစစ်ဆေးရမယ်။ လုံးဝ ရှင်းရှင်းလင်းလင်း တိတိကျကျ စုံစမ်းစစ်ဆေးရမယ်။

All Chapters