← Chapters

အခန်း (၆၁၆)

Vol. 51 Ch. 616

အခန်း (၆၁၆)

Vol. 51 Ch. 616

အခန်း 616

ယဲ့လုဖုန်း၏ မျက်လုံးအစုံတွင် အမျက်ဒေါသများ ပြည့်နှက်နေ၏။

တကယ်သာ နန်ပါးထျန်းလုပ်ခဲ့တာမှန်ရင် ငါလုံးဝ လျှော့ပေါ့ပေးမှာ မဟုတ်ဘူး။

ထိုစဉ် ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်၌

“ဘာ”

နန်ပါးထျန်း ထိုင်ခုံမှ ထရပ်လိုက်ကာ ချင်းယင်ကို ပြောသည်။

“စာကိုရှာဖို့ ကျရှုံးခဲ့တဲ့အပြင် လူမိတာပါ ခံလိုက်ရသေးတယ်တဲ့လား”

ချင်းယင်မှ ပြောသည်။

“ခေါင်းဆောင် ကျွန်တော့်အပြစ်ပါ”

နန်ပါးထျန်းသည် ဒေါသပေါက်ကွဲတော့သည်။

“မင်းကို အပြစ်တင်ရမယ်တဲ့လား။ မင်းကြောင့် ငါ့အသတ်ခံရလုနီး ဖြစ်သွားရတာကို မင်းက မင်းကိုအပြစ်တင်ပါလို့ လာတောင်းဆိုနေတယ်ပေါ့လေ။ အမှိုက်ကောင်တွေ မင်းတို့အားလုံးက အမှိုက်ကောင်တွေပဲ”

ထိုအခါ ချင်းယင်သည် အံကိုတင်းတင်းကြိတ်ကာ ဘာမျှမတုံ့ပြန်ဘဲ ခေါင်းငုံ့နေခဲ့သည်။

နန်ပါးထျန်းမှ အော်ဟစ်ကြိမ်းမောင်းသည်။

“ငါ မင်းကို နှစ်ပေါင်းများစွာ ထောက်ပံ့လာခဲ့တာ မင်းက ဒီလိုကိစ္စသေးသေးလေးကိုတောင် မကိုင်တွယ်နိုင်ဘူး။ ငါ မင်းကို ဘယ်နေရာမှာ သွားသုံးစားရမှာလဲ။ မင်းက ဘယ်နေရာမှာ အသုံးကျသေးသလဲ”

ချင်းယင်သည် ဆူပူကြိမ်းမောင်းမှုများကို ပြန်လည်ချေပခြင်းမရှိဘဲ ခေါင်းငုံ့ငြိမ်ခံနေခဲ့သည်။ သို့သော် သူ၏မျက်လုံးများတွင်တော့ အမျက်ဒေါသများကို မြင်တွေ့နိုင်ပါ၏။

ချင်းယင်သည် သွားလေရာအရပ်တွင် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ဦးအဖြစ် လေးစားမှုဖြင့် ဆက်ဆံခံခဲ့ရသော်ငြား ယခုတွင်တော့ ခွေးတစ်ကောင်ကဲ့သို့ စော်ကားခံနေရပေသည်။ ဤသို့ဖြစ်ရပ်မျိုးကို မည်သူကများ အဆင်ပြေနိုင်ပါမည်နည်း။

ချင်းယင် တိတ်ဆိတ်နေစဉ် ဘေးတွင် တည်ငြိမ်စွာရပ်နေခဲ့သည့် ထန်ဇီယွဲ့မှ ပြောသည်။

“ခေါင်းဆောင် အခုက ခန်းမအရှင်သခင်ချင်းကို အပြစ်တင်နေရမယ့်အချိန် မဟုတ်ပါဘူး။ ဖြစ်ခဲ့တာက ဖြစ်သွားခဲ့ပြီးပါပြီ။ ရှောင်မရမှတော့ ပြဿနာကို ဖြေရှင်းဖို့နည်းလမ်းကို စဉ်းစားသင့်ပါတယ်”

“ဖြေရှင်းမယ်တဲ့လား။ ဘယ်လိုဖြေရှင်းမှာလဲ”

နန်ပါးထျန်းသည် ထန်ဇီယွဲ့ကို လှည့်ကြည့်လာ၏။ ထန်ဇီယွဲ့မှ မျက်မှောင်ကြုတ်လျက် ပြောသည်။

“စာထဲမှာ ပါတဲ့ အကြောင်းအရာကို ကျွန်တော်တို့ မသိထားပါဘူး။ စာပါအကြောင်းအရာထဲမှာ ဟာကွက်တစ်ခုခုရှိခဲ့ရင် ကျွန်တော်တို့ဘက်က တစ်ချက်၊နှစ်ချက်ထောက်ပြပြီး ငြင်းခုံနိုင်ပါတယ်။ ကျွန်တော်စိုးရိမ်တာက အကြောင်းအရာကိုပါပဲ”

“ဘယ်လိုများလဲ”

ထန်ဇီယွဲ့မှ ဆက်ပြောသည်။

“ကျွန်တော်စိုးရိမ်တာက အကြောင်းအရာက မငြင်းခုံနိုင်တဲ့အရာဖြစ်နေမှာကိုပါ”

နန်ပါးထျန်းမှ ပြောသည်။

“ငါ တကယ် ဘာမှမလုပ်ခဲ့တာတောင်မှ အဲဒီလိုအကြောင်းအရာမျိုး ရှိလာနိုင်ပါ့မလား။ ချန်ကျိုစစ်က တကယ်ပဲ ငါ့ကို အပြစ်ပုံချနိုင်ပါ့မလား”

ထန်ဇီယွဲ့မှ ပြန်ပြောသည်။

“ချန်ကျိုစစ်က သာမန်အတွေးအမြင်နဲ့ ဆုံးဖြတ်သုံးသပ်လို့ရတဲ့သူမျိုး မဟုတ်ပါဘူး”

နန်ပါးထျန်းသည် စိုးရိမ်ပူပန်မှုကြောင့် မျက်ခုံးများ သိသိသာသာ တွန့်ချိုးနေခဲ့သည်။ ထန်ဇီယွဲ့မှ အကြံပြုသည်။

“တကယ်တော့ ငြင်းခုံလို့ရနိုင်မယ့် နည်းလမ်းတစ်ခုရှိပါတယ်။ စာက အတုလုပ်ထားတာဆိုရင် သေချာပေါက် ဟာကွက်ရှိပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ လက်ရေးခွဲခြားတဲ့ပညာရပ်မှာ ကျွမ်းကျင်တဲ့သူကို ဆင့်ခေါ်ပြီး လက်ရေးကို နှိုင်းယှဉ်စစ်ဆေးပေးဖို့ သခင်ကြီးယဲ့လုကို တောင်းဆိုနိုင်ပါတယ်။ ပြီးတော့ ကျွန်တော်က ဒီလိုအရာမျိုးမှာ အတော်လေး တတ်သိတာကြောင့် ရှေ့တန်းကနေ ရင်ဆိုင်ပေးနိုင်ပါတယ်”

ထိုအခါ နန်ပါးထျန်းသည် ထန်ဇီယွဲ့ကို ကြည့်လျက် ပြောသည်။

“အဲဒါလည်း နည်းလမ်းကောင်းတစ်ခုပဲ။ ဒါဆို ဒီကိစ္စကို ခန်းမအရှင်သခင်ထန် ငါ မင်းကို အပ်နှံလိုက်ပါပြီ”

ထန်ဇီယွဲ့မှ ခေါင်းညိတ်သည်။

“ခေါင်းဆောင် ကျွန်တော့်ကို ကျေးဇူးတင်ဖို့မလိုပါဘူး”

သူတို့စကားပြောနေစဉ် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရ၏။ မကြာမီတွင် ငါးဖမ်းကုန်သည်အဖွဲ့သားတစ်ဦး ရောက်လာပြီး ပြောသည်။

“ခေါင်းဆောင် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က ရောက်လာပါတယ်။ ခေါင်းဆောင်ကို အခုချက်ချင်း စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ဆီ အစည်းအဝေးလာတက်ရောက်စေချင်ပါတယ်တဲ့”

ထိုအခါ နန်ပါးထျန်းမှ မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

“သူတို့ရောက်လာကြပြီ”

ထန်ဇီယွဲ့မှ ပြောသည်။

“ခေါင်းဆောင် ကျွန်တော် ခေါင်းဆောင်နဲ့ အတူလိုက်ခဲ့မယ်”

နန်ပါးထျန်းမှ ပြောသည်။

“ကောင်းပြီ။ ချင်းယင် မင်း အိမ်တော်မှာပဲနေ၊ ဘယ်မှလျှောက်မသွားနဲ့။ ချန်ကျိုစစ်ရဲ့ထောင်ချောက်ထဲ ကျမသွားရအောင် အစစအရာရာ သတိထားပါ။ ဒီတစ်ကြိမ်တာဝန်ကို ရှုံးနိမ့်ခဲ့တာအတွက်တော့ ငါပြန်လာမှ စာရင်းရှင်းမယ်”

ထိုအခါ ချင်းယင်သည် ချက်ချင်း လက်ချင်းယှက်အရိုအသေပြုသည်။

“ကျွန်တော်နားလည်ပါပြီ”

နန်ပါးထျန်းထွက်သွားသောအခါ ချင်းယင်သည် နန်ပါးထျန်း၏နောက်ကျောပြင်ကို ကြည့်နေခဲ့သည်။ သူ၏မျက်လုံးများတွင် နာကျည်းမုန်းတီးခြင်းများ ပြည့်နှက်နေခဲ့ပေသည်။

ကျုပ်က ခင်ဗျားရဲ့သစ္စာရှိခွေးတစ်ကောင်အဖြစ် ခက်ခဲပင်ပန်းမှုတိုင်းကို စောဒကတက်ခြင်းမရှိဘဲ အမြဲသည်းခံလိုက်နာလာခဲ့တာကို ခင်ဗျားက ကျုပ်ကို ဒီလောက်အထိ စော်ကားပြစ်တင်တယ်။ ကျုပ်ကို တကယ်ကြီး ခင်ဗျားရဲ့ခွေးတစ်ကောင်လို ဆက်ဆံနေတာပဲ။

ထိုစဉ် တည့်တိုးဆန်ပွင့်လင်းမှုဖြင့် ကျော်ကြားသည့် ချင်းပေါင်မှ ပြောသည်။

“အစ်ကိုကြီး နန်ပါးထျန်းက အရမ်းလွန်သွားပြီ။ အစ်ကိုကြီးကို လူအများရှေ့မှာ သိက္ခာချတယ်… သူက ငါးဖမ်းကုန်သည်အဖွဲ့မှာ သူ့ကို တကယ်သစ္စာစောင့်သိတဲ့သူ ဘယ်သူတွေကျန်နေသေးလဲဆိုတာ မမြင်နိုင်ဘူးပဲ။ သူက သစ္စာဖောက်နဲ့ သစ္စာစောင့်သိသူကိုတောင် မခွဲခြားနိုင်ဘဲ အမှားအမှန်ကိုလည်း ခွဲခြားမသိနိုင်တဲ့သူပဲ”

“ပါးစပ်ပိတ်ထားစမ်း”

ချင်းယင်မှ ရုတ်တရက် အော်ငေါက်လိုက်ရာ ချင်းပေါင်သည် မကျေမနပ်သော အကြည့်တို့ဖြင့် ပြန်လည်တုံ့ပြန်လာ၏။

“ကျွန်တော်ပြောတာမှားလို့လား”

ထို့နောက် ချင်းပေါင်မှ ဆက်ပြောသည်။

“အစ်ကိုကြီး အစ်ကို၂ ကျွန်တော်မမှားဘူးလေ။ ကျွန်တော်တို့အသက်တွေကို အဲဒီနန်ပါးထျန်းအတွက် ပေးဆပ်လိုက်ရင်တောင် ကျွန်တော်တို့ သူ့ဆီကနေ ကျေးဇူးတင်ချီးမွမ်းစကားတစ်ခွန်းတောင် ပြန်ရမှာမဟုတ်ဘူးဗျ”

ထိုအခါ ချင်းယ၍်သည် မျက်လုံးတို့မှေးကျဉ်းလိုက်ရင်း ပြောသည်။

“အခုကစပြီး အဲဒီလိုစကားမျိုးတွေ မပြောဖို့ တားမြစ်တယ်”

ချင်းဟူနှင့် ချင်းပေါင်တို့ အပြန်အလှန်ကြည့်လိုက်ကြသည်။

ငါတို့အစ်ကိုကြီးက တခြားလူတစ်ယောက်ရဲ့ ခွေးဖြစ်ရတာကို စွဲလမ်းသွားပြီလား။

သို့သော် ချင်းယင်၏မျက်လုံးများတွင် အဓိပ္ပာယ်ဖော်ဆောင်မရနိုင်သည့် အငွေ့အသက်များ ထင်ဟပ်နေခဲ့သည်— တခြားလူရဲ့ခွေးဖြစ်ရတာကို စွဲလမ်းနေပြီတဲ့လား ဟား…

…

ကျားဖြူခန်းမ၌ စစ်ရှီးသည် အပြင်မှ အပြေးပြန်လာခဲ့ကာ ချန်ကျဲ့နှင့်ရှောင်ဟူတို့ စိတ်လက်အေးဆေးစွာ ငါးလုံးတန်းကစားနည်း ကစားနေကြသည်ကိုမြင်သောအခါ အရိုအသေပြုလိုက်ပြီး ပြောသည်။

“ခန်းမအရှင်သခင် တရားရုံးတော်ရှေ့က အကြံပေးချန်နဲ့ တခြား မြို့ထဲမှာ လက်ရေးခွဲခြားပညာရပ်မှာ နာမည်ကြီးတဲ့ ကျွမ်းကျင်သူတွေကို သခင်ကြီးယဲ့လုက စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို ဆင့်ခေါ်ခဲ့ပါတယ်”

ချန်ကျဲ့ စစ်ရှီးကို မော့ကြည့်လိုက်ပြီး ပြောသည်။

“အို အဲဒါက မကောင်းဘူးလား။ စစ်ရှီး ဒီကိုလာပြီး ဟူဇစ်ကို ကူပေးလိုက်ဦး။ ဒီသနားစရာကောင်လေးက ထပ်ပြီး ရှုံးပြန်တော့မယ်”

စစ်ရှီးသည် စိတ်ရှုပ်ထွေးသွားဟန်ဖြင့် ချန်ကျဲ့ကို ပြောသည်။

“ခန်းမအရှင်သခင် ဘာလို့ ဒီလောက်တောင် စိတ်အေးလက်အေးဖြစ်နေတာပါလဲ။ အကြံပေးချန်က လက်ရေးခွဲခြားပညာရပ်မှာ အရမ်းတော်ပါတယ်။ လက်ရေးအတုလုပ်တဲ့သူ ဘယ်သူမှ သူ့မျက်လုံးအောက်ကနေ မလွတ်မြောက်နိုင်ပါဘူး”

“ပြီးတော့ ထန်ဇီယွဲ့လည်း ရှိသေးတယ်။ သူလည်း ဒီနယ်ပယ်မှာ ကျွမ်းကျင်တဲ့သူပဲ။ အကယ်၍ စာထဲက လက်ရေးက အတုဆိုတာ သူတို့သိသွားရင် ကျွန်တော်တို့ရဲ့အစီအစဉ်က အလဟသဖြစ်သွားမယ် မဟုတ်လား”

စစ်ရှီးမှ စိုးရိမ်ပူပန်စွာပြောနေသော်ငြား ရှောင်ဟူသည် မော့ကြည့်လာပြီး ပြောသည်။

“ညီနောင်ရှီး ကျွန်တော် ဒီတစ်ကွက်ကို ဘယ်လိုရွှေ့ရမလဲ။ ဒီလိုလုပ်ရင် အဆင်ပြေလောက်လား”

စစ်ရှီးမှ ပြန်ပြောသည်။

“ဟူဇစ် မင်းရဲ့ကျားစေ့ကို မင်းချချင်တဲ့နေရာမှာသာ ချလိုက်စမ်းပါ”

“ခန်းမအရှင်သခင် နည်းနည်းလေးမှ စိတ်မပူဘူးလား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ဘာကိုစိတ်ပူရမှာလဲ”

စစ်ရှီးမှ ပြောသည်။

“ကျွန်တော် အကြံပေးချန်နဲ့ တခြားလက်ရေးခွဲခြားပညာရှင်တွေကို ငွေနည်းနည်းလောက် လာဘ်ထိုးထားခဲ့ရမှာ။ အဲဒီလိုသာ လုပ်ထားခဲ့ရင် ကျွန်တော်တို့ အခုလောက် ပူပန်နေရမှာ မဟုတ်ဘူး။ အဲဒီပညာရှင်တွေသာ စာကို တစ်ချက်ကြည့်လိုက်တာနဲ့ အတုမှန်း သိသွားကြရင် ကျွန်တော်တို့ရဲ့ အားစိုက်ထုတ်မှုတွေအားလုံး အချည်းနှီးဖြစ်သွားလိမ့်မယ် မဟုတ်လား”

“အဲဒါက အတုပါလို့ မင်းကိုဘယ်သူပြောလဲ”

ချန်ကျဲ့သည် စစ်ရှီးကို ပြုံးလျက် ကြည့်နေခဲ့သည်။ စစ်ရှီးသည် နားမလည်နိုင်စွာဖြင့် ပြောသည်။

“ခန်းမအရှင်သခင်၊ စာက အတု မဟုတ်ဘူးဆိုရင် နန်ပါးထျန်းကိုယ်တိုင် ရေးခဲ့တာလား”

ချန်ကျဲ့သည် ကျားခုံထက် ကျားစေ့တစ်စေ့ကို နေရာချပြီးနောက် ပြုံးလိုက်သည်။

“အမှန်ပဲ။ နန်ပါးထျန်းကိုယ်တိုင်ရေးထားတာ”

“ဟင်”

စစ်ရှီး ကြောင်အမင်သက်သွား၏။

ခန်းမအရှင်သခင် ဒါက ဘာတွေပြောနေတာပါလဲ။ နန်ပါးထျန်းက အဲဒီလိုစာမျိုးကို ဘာလို့ရေးမှာလဲ။

ထိုစဉ် ချန်ကျဲ့သည် ပြုံးရယ်လျက် ကျားခုံထက်သို့ လက်ညှိုးညွှန်ပြကာ ပြောသည်။

“ဟူဇစ် မင်းထပ်ရှုံးပြန်ပြီ”

All Chapters