← Chapters

အင်မတန်များပြားသော အမတများ ကျဆုံးခြင်းနှင့် အမတနယ်မြေ၏ မဟာမိတ်ငါးဖွဲ့

Vol. 64 Ch. 830

အင်မတန်များပြားသော အမတများ ကျဆုံးခြင်းနှင့် အမတနယ်မြေ၏ မဟာမိတ်ငါးဖွဲ့

Vol. 64 Ch. 830

အချိန်မြစ်အတွင်းမှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသော မြင်ကွင်းနှင့် နှိုင်းယှဉ်ရမည်ဆိုပါက၊ ဤအခိုက်အတန့်တွင် အင်အားစုကြီး နှစ်ခု တည်ရှိရာနယ်မြေ တစ်ခုလုံး ဗြောင်းဆန်လျက် ရှိသည်။

ပေါက်ကွဲသံများနှင့်အတူ စွမ်းအင်မုန်တိုင်းများသည် ပန်းများ ဖူးပွင့်လာသကဲ့သို့ ကောင်းကင်ယံ၌ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေသည်။

အင်အားစုကြီး နှစ်ခုရှိရာ နယ်မြေအတွင်း၌ မရေမတွက်နိုင်သော အာကာသတံခါးများစွာ ဆက်တိုက် ပွင့်လာပြီး ၊ အင်အားစုများစွာမှ စွမ်းအားရှင်ပုဂ္ဂိုလ်များနှင့် အမတတပ်ဖွဲ့များ အစီအရီ ဆင်းသက်လာကြသည်။

"သတ်ကြ! အမတနယ်မြေရဲ့ ဒီကောက်ကျစ်တဲ့ သစ္စာဖောက်တွေကို အကုန်သတ်ပစ်ကြ!"

"မုန်းစရာကောင်းလိုက်တာ ! ငါ့အစ်ကိုဟာ အဲဒီတုန်းက ကောင်းကင်လမ်းစဉ် ကြောင့် သေဆုံးခဲ့ရတာ! ဒီကောင်တွေက ကောင်းကင်လမ်းစဉ်ရဲ့ ခွေးအဖြစ် အစေခံဝံ့တယ်ပေါ့…ဒီနေ့ သူတို့ရဲ့သွေးတွေနဲ့ ကောင်းကင်ဘုံမှာ ရှိနေတဲ့ ငါ့အစ်ကိုအတွက် ယဇ်ပူဇော်မယ်!"

"ငါတို့ အမတနယ်မြေမှာ ဒီသစ္စာဖောက် ခွေးနှစ်ကောင် ထက် ပိုပြီး ရှိနေမှာ သေချာတယ်! ဘာပဲဖြစ်ဖြစ် ဒီနေ့မှာ ဒီအင်အားစုကြီး နှစ်ခုလုံးကို အမြစ်ပြတ်အောင် ချေမှုန်းရမယ်! တခြား သစ္စာဖောက်တွေကို သတိပေးတဲ့အနေနဲ့ လုပ်ပြရမယ်!"

"........"

ဟိန်းဟောက်သံများကြားတွင် အမတဘုရင် အဆင့်ရှိ ကျင့်ကြံသူတစ်ဦးသည် သူ၏ နတ်ဘုရားဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် လွှဲယမ်းလိုက်ရာ စူးရှတောက်ပသော ဓားအလင်းတန်းတစ်စင်း ထွက်ပေါ်လာခဲ့သည်။

ထိုဓားချက်သည် ကျယ်ပြောလှသော ကြယ်တာရာပင်လယ်ကြီးကိုပင် ချောက်ကြီးသဖွယ် နှစ်ခြမ်းခွဲပစ်နိုင်စွမ်း ရှိပုံရသည်။

“ထျန်းရွှမ်းကျူရှန်း အစီအရင်!”

တစ်ချိန်တည်းမှာပင် ၊ အမတဘုရင်များစွာသည် အချင်းချင်း ပူးပေါင်းကာ ၎င်းတို့၏ မူလရင်းမြစ် အမတစွမ်းအားများကို အခြေခံလျက် မိုင်ပေါင်းသောင်းချီ လွှမ်းခြုံနိုင်သော သတ်ဖြတ်ခြင်း အစီအရင်ကြီးတစ်ခုကို ဖော်ဆောင်လိုက်ကြသည်။

ထို့နောက် ဖုန်းယွမ်လှံခန်းမ၏ အမတဘုရင် အများအပြားကို ထိုအထဲတွင် ပိတ်လှောင်ကာ ဝန်းရံထားကြသည်။ ကြောက်ခမန်းလိလိ သတ်ဖြတ်ခြင်းဓားများစွာသည် မိုးပေါက်များကဲ့သို့ ကျဆင်းလာကာ ၎င်းတို့၏ ခန္ဓာကိုယ်များကို မရေမတွက်နိုင်သော အပေါက်များစွာအဖြစ် ဖောက်ထွက်သွားခဲ့သည်။

ကောင်းကင်ဘုံကိုးထပ် ကြယ်တာရာယံထက်တွင်လည်း အစွမ်းထက်သော ပုဂ္ဂိုလ်များစွာ အပြင်းအထန် တိုက်ခိုက်နေကြသည်။

လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် အဆုံးမရှိသော

ဂယ်လက်ဆီများစွာ ပြိုကွဲသွားပြီး ၊ ထောင်ပေါင်းများစွာသော အာကာသ စစ်သင်္ဘောများမှာ ဤအဆုံးစွန်သော အဖျက်စွမ်းအားအောက်တွင် ရေပူဖောင်းများကဲ့သို့ ပျောက်ကွယ်သွားခဲ့ရသည်။

"ဒါက...... ထာဝရ အမတစစ်ပွဲ လား...."

အမတနယ်မြေတစ်ခွင်သို့ လှည့်လည်သွားလာနေကြသော ခေတ်ပြိုင်ပါရမီရှင် များသည်လည်း ဤနေရာ၌ ၎င်းတို့၏ အာရုံများကို စုစည်းထားကြသည်။

အင်အားစုကြီး နှစ်ခု တည်ရှိရာ နယ်မြေတစ်ခုလုံး အလွန်အမင်း ထိန်လင်း တောက်ပနေကာ ၊ မရေမတွက်နိုင်သော ကြယ်တာရာ အပျက်အစီးများသည် ငွေရောင်ဖုန်မှုန့်များသဖွယ် စကြဝဠာတစ်လျှောက် ပျံ့လွင့်နေလေ၏။

အင်အားစုနှစ်ခု တည်ရှိရာ နယ်မြေ အထက်တွင် စည်းတံဆိပ်တော်များ၊ နတ်ဘုရားလှံများ၊ နတ်ဘုရားဓားများ အစရှိသော အမတဧကရာဇ်အဆင့်ရှိ လက်နက်များသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ခိုက်နေကြသည်မှာ ဟင်းလင်းပြင်အလွှာကို ကြေမွသွားစေသည်အထိ ပြင်းထန်လှသည်။

စစ်သင်္ဘောများ၊ အမတလက်နက် များ၊ ချပ်ဝတ်တန်ဆာများ အစရှိသော အပိုင်းအစများသည် ကြယ်မိုးများ ရွာနေသကဲ့သို့ ကျဆင်းလာကာ စကြဝဠာအတွင်း ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်မုန်တိုင်းများကို ဖြစ်ပေါ်စေသည်။

တိုက်ပွဲသံများ၊ အော်ဟစ် ငိုကြွေးသံများနှင့် ကျိန်ဆဲသံများအပြင် မြေကြီးတုန်ခါစေသော စွမ်းအင်ပေါက်ကွဲသံများသည် ထိုနေရာတစ်ဝိုက်တွင် ပဲ့တင်ထပ်လျက် ရှိသည်။

သွေး နှင့် ချီစွမ်းအင်များသည် မြစ်တစ်စင်းအဖြစ် ပေါင်းစည်းသွားပြီး ကြယ်တာရာနယ်မြေထက်တွင် ထူထပ်စွာ စုဝေးနေကြသည်။

အဝေးကနေ ကြည့်လျှင်ဖြင့် ၊ ထိုစစ်တလင်းကြီးသည် ရင်နင့်ဖွယ်ရာ ကောင်းသော သွေးနီရောင် နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ထိုပါရမီရှင်များသည် အဆုံးမဲ့ကပ်ဘေး ကို မကြုံခဲ့ဖူးသလို၊ ကမ္ဘာ့ကပ်ဘေး တိုက်ပွဲကြီးတွင်လည်း မပါဝင်ခဲ့ဖူးသဖြင့် လောကကြီးကို ဖရိုဖရဲဖြစ်စေသော စစ်တလင်းကြီးကို မမြင်ဖူးခဲ့ကြချေ။

သို့သော် ဤထာဝရ အမတစစ်ပွဲ တစ်ခုတည်းနှင့်ပင် သူတို့၏ နှလုံးသားကို တုန်လှုပ်စေရန် လုံလောက်သည်။

စစ်မှန်အမတများမှာ ဤစစ်တလင်းတွင် မိုးများရွာချနေသကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြရပြီး ၊ အမတနယ်မြေ၏ အဓိကဒေါက်တိုင်များဖြစ်သော ရွှေအမတ များသည်ပင် ဤတိုက်ပွဲ၌ အနည်းငယ်ကြီးမားသော ပုရွက်ဆိတ်များ၏ ဖြစ်တည်မှုလောက်သာ ရှိကာ သေးငယ်သော လှိုင်းဂယက်တစ်ခုမှလွဲ၍ မည်သည့်အရာကိုမျှ မဖန်တီးနိုင်ကြချေ။

ဤသည်မှာ သူတို့အတွက် သင်ခန်းစာတစ်ခုလည်း ဖြစ်ပေသည်။

အမတနယ်မြေ တစ်ခွင်လုံးသို့ လှည့်လည်နေသော ပါရမီရှင်တိုင်းသည် မိမိတို့ ဂိုဏ်းအတွင်းရှိ အကြီးအကဲများ၏ သင်ကြားဆုံးမမှုကို ရရှိဖူးကြသည်။

ဒေဝလောက ပြန်လည်စတင်ရာခေတ် သည် အဆိုးဆုံးခေတ်ဖြစ်သလို အကောင်းဆုံးခေတ်လည်း ဖြစ်သည်။

ဆိုးသည်ဟု ဆိုရခြင်းမှာ ဤခေတ်တွင် မရေမတွက်နိုင်သော ပါရမီရှင်များစွာ ပေါ်ထွက်လာခြင်း ဖြစ်ပြီး ၊ ကောင်းသည်ဟု ဆိုရခြင်းမှာ အမတနယ်မြေ၏ မဟာလမ်းစဉ်သည် ပြန်လည်နိုးထလာပြီး အခွင့်အရေးများစွာ ထွက်ပေါ်လာခြင်းကြောင့်သာ ဖြစ်သည်။

နောင်တွင် ဖြစ်ပေါ်လာမည့် အမှောင်ထု မူလရင်းမြစ်ကမ္ဘာ ၏ နိုးထလာမှုနှင့် ဒုတိယအကြိမ် အဆုံးမဲ့ကပ်ဘေးကို ရင်ဆိုင်တိုက်ခိုက်လိုပါက ၊ သင်သည် အဆက်မပြတ် သန်မာလာရန် လိုအပ်သည်။

အမတနယ်မြေ၏ မရေမတွက်နိုင်သော သက်ရှိများ အားကိုးရသည့် အတုမရှိသော အမတဘုရင် အဆင့်သို့ ရောက်ရှိမှသာလျှင် ကပ်ဘေးကာလတွင် ခိုင်မာစွာ ရပ်တည်နိုင်မည့် အရည်အချင်း ရှိမည် ဖြစ်သည်။

သူတို့၏လမ်းခရီးသည် ခက်ခဲကာ ရှည်လျားလွန်းပေသည်။

...........

"သေစမ်း! ကိစ္စတွေက ဒီလောက်အထိ ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး....."

ထျန်းယွီ့အမတဧကရာဇ်မင်း သည် အဝေးသို့ လှမ်းကြည့်ရင်း မျက်မှောင်ကြုတ်လျက် ပြောလိုက်သည် ။

"အမတနယ်မြေရဲ့ ကောင်းကင်လမ်းစဉ်က ကောင်တွေ ပေါ်မလာတာ ကြာပြီ၊ ပေါ်လာတာနဲ့ ငါတို့ကို ဒီလောက် ကြီးမားတဲ့ အပြောင်းအလဲတွေ ပေးလိမ့်မယ်လို့ မထင်ထားဘူး..... တကယ်ကို မုန်းစရာကောင်းတယ်!"

သူသည် ကွေးယွမ်အမတဂိုဏ်း ကို မကြည်ဖြူသော်လည်း ၊ သို့သော် ကွေးယွမ်ထက် အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်ကို ပို၍ မုန်းတီးသည်။

၎င်းတို့သည် အမတနယ်မြေတစ်ခုလုံး၏ ရန်သူဖြစ်ပြီး အမတနယ်မြေ၏ စနစ်တစ်ခုလုံးကို လုံးဝ ပြောင်းလဲပစ်ရန် စိတ်ကူးယဉ်‌နေသော ဖြစ်တည်မှုများ ဖြစ်ကြသည်။

"ဒါပေမဲ့ ငါ နားမလည်တာ တစ်ခုရှိတယ်"

ဘေးနားရှိ တောက်ခွင်း အမတဧကရာဇ်မင်း က ရုတ်တရက် ဆိုလိုက်သည်။

“ဒီအင်အားစုကြီး နှစ်ခုနဲ့ ကောင်းကင်လမ်းစဉ်ရဲ့ ဆက်နွှယ်မှုကို ကွေးယွမ်အမတဂိုဏ်းက ဘယ်လိုသိသွားတာလဲ”

သူတို့နှစ်ဦးသည် တားမြစ်အင်အားစု ကိုးခုတွင် ပါဝင်သော အရှင်သခင်များ ဖြစ်သည်နှင့်အ‌လျောက် ၊ အမတနယ်မြေ အနှံ့အပြားတွင် သူလျှိုများစွာ ထားရှိထားသည်။

အမတနယ်မြေ၏ လှုပ်ရှားမှုတိုင်းကိုလည်း အမြဲ စောင့်ကြည့်နေခဲ့သည်။ သူတို့သည် ထိုအင်အားစု နှစ်ခုတွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိခဲ့သော်လည်း ၊ သို့သော် တစ်ဖက်လူသည် သစ္စာဖောက်တစ်ဦးဖြစ်ကြောင်း သက်သေပြနိုင်မည့် တိကျသောအထောက်အထား မရှိခဲ့ချေ။

ကွေးယွမ်အမတဂိုဏ်းမှ လက်ဦးမှုယူကာ တိုက်ခိုက်မှသာလျှင် အမှန်တရားက ပေါ်ထွက်လာခြင်း ဖြစ်သည်။

"ဟမ်! ကွေးယွမ်အမတဂိုဏ်းက လူတွေက ဘယ်လောက်တောင် ထူးဆန်းလဲဆိုတာ မင်းလည်း သိသားပဲ!"

ထျန်းယွီ့အမတဧကရာဇ်မင်းက ဆိုလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ကိစ္စတွေက ဒီအဆင့်ထိ ရောက်သွားပြီဆိုတော့ အင်အားစုနှစ်ခု ပျက်စီးဖို့က သေချာသလောက်ပဲ၊ ငါတို့ ဝင်မပါတာ ပိုကောင်းမယ် ၊ အော်... ဒါနဲ့ ခဏနေရင် ငါတို့ ထျန်းယွမ် နတ်ဘုရားမင်းဆက် ကို တစ်ခေါက် သွားရဦးမယ် ၊ ထျန်းယွမ် အမတဧကရာဇ်က သူ့သား သေဆုံးသွားတာကို အခုထိ မကျေမနပ် ဖြစ်နေတုန်းပဲ “

"ငါတို့ သူ့ကို သတိပေးဖို့ နည်းလမ်းရှာရမယ်…အခုအချိန်က ကွေးယွမ်အမတဂိုဏ်းကို ရန်စရမယ့် အချိန်မဟုတ်သေးဘူး”

"ငါလည်း အဲ့လိုပဲ တွေးတယ်"

တောက်ခွင်း အမတဧကရာဇ်မင်းက ခေါင်းညိတ်လိုက်သည်။

ထျန်းယွမ် နတ်ဘုရားမင်းဆက်သည် မကြာသေးမီက တားမြစ်အင်အားစု ကိုးခုထဲတွင် ပါဝင်လာနိုင်ခြင်းမှာ သူတို့၏ အကူအညီများစွာ ပါဝင်သည်။

ထျန်းယွမ်နတ်ဘုရားမင်းဆက်ကို အထောက်အပံ့ပေးထားခြင်းမှာ အန္တိမတာအိုတရားစီရင်ရေးအဖွဲ့ နှင့် အမတသခင် တရားစီရင်ရေးရုံးတော်တို့၏ မဟာမိတ်ဖွဲ့သည့် နည်းလမ်းတစ်ခု ဖြစ်သည်။

တစ်ဖက်မှာ တားမြစ် စူးမိသားစု၊ ကွေးယွမ်အမတဂိုဏ်း အပြင် သံသရာစက်ဝန်း အမတမင်းဆက်တို့က မဟာမိတ်အဖြစ် ရှိနေကြပြီး ၊ လိုအပ်ပါက ယောင်ကွမ်အမတဂိုဏ်းကိုပါ ထည့်သွင်းစဉ်းစားနိုင်သည်။

အကြောင်းမှာ ထိုအင်အားစုကြီး လေးခုသည် အလွန် ရင်းနှီးလွန်းသဖြင့် ယင်းက သူတို့ကို အနည်းငယ် စိုးရိမ်ပူပန်စေသည်။

အခြားရွေးချယ်စရာ မရှိတော့သဖြင့် သူတို့သည် ဤအဓိက အင်အားစုကြီးများကို တန်ပြန်ရန် မဟာမိတ်အဖွဲ့တစ်ခု ဖွဲ့စည်းရုံသာ ရှိတော့သည်။

အမတနယ်မြေ၏ ရှေးဟောင်းအင်အားစုများ ပေါ်မလာသေးသည့် အခြေအနေတွင် အမတနယ်မြေကို အုပ်စု (၃) စု ခွဲခြားနိုင်သည်။

ပထမအုပ်စုမှာ တားမြစ် စူးမိသားစု၊ ကွေးယွမ်အမတဂိုဏ်း၊ သံသရာစက်ဝန်း အမတမင်းဆက် နှင့် ယောင်ကွမ်အမတဂိုဏ်းတို့ ပါဝင်သော "စူးချန်ကဲ၏ နောက်ခံမဟာမိတ်"အဖွဲ့ပင် ဖြစ်သည်။

ဒုတိယအုပ်စုမှာ အန္တိမတာအိုတရားစီရင်ရေးအဖွဲ့၊ အမတသခင် တရားစီရင်ရေးရုံးတော် နှင့် ထျန်းယွမ် နတ်ဘုရားမင်းဆက်တို့ ပါဝင်သော " အာဏာရှင် မဟာမိတ်"အဖွဲ့ ဖြစ်သည်။

တတိယအုပ်စု မှာ လောလောဆယ် ပေါ်မလာသေးသော ရွှေကျီးကန်းနတ်ဘုရား မင်းဆက် နှင့် သုံဟွမ်မိစ္ဆာမဟာမိတ်တို့ပင် ဖြစ်သည်။

All Chapters