← Chapters

အမတဧကရာဇ်မင်း ကျဆုံးခြင်းနှင့် အမတနယ်မြေ၏ ငိုကြွေးသံ

Vol. 64 Ch. 833

အမတဧကရာဇ်မင်း ကျဆုံးခြင်းနှင့် အမတနယ်မြေ၏ ငိုကြွေးသံ

Vol. 64 Ch. 833

အခန်း (၈၃၃) - အမတဧကရာဇ်မင်း ကျဆုံးခြင်းနှင့် အမတနယ်မြေ၏ ငိုကြွေးသံ (Part-1)

အရာအားလုံး ပြီးဆုံးသွားပြီးနောက် ဖော့ကျွင်းဘိုးဘေးသည် အချိန်မြစ်အတိုင်း ဖြည်းညှင်းစွာ ထွက်ခွာသွားခဲ့သည်။ သူသည် နောက်သို့ လှည့်မကြည့်ဘဲ ဤစကားများကိုသာ ရေရွတ်လိုက်သည် ။

"မိုးတိမ်ထက်က နတ်ဘုရားတွေက မိုးတိမ်အောက်က သက်ရှိတွေကို ဂရုမစိုက်ဘူးလို့ ဘယ်သူပြောလဲ”

"ဒီကမ္ဘာကြီးက ပျက်စီးနေခဲ့တာ ကြာခဲ့ပြီ ၊ အကယ်၍ ငါတို့သာ ဂရုမစိုက်ဘဲ နေခဲ့ရင်..."

"ဒေဝလောကကြီးဟာ ဟိုးကတည်းက ပျက်သုဉ်းသွားလောက်ပြီ”

"ပြီးတော့... ချန်ကဲ ပေါ်လာပြီဆိုမှတော့၊ ဒေဝလောကရဲ့ မျှော်လင့်ချက်အနေနဲ့ အဆုံးသတ်နဲ့ ပျက်စီးခြင်းတွေဟာ နောက်ဆုံးနိဂုံးကို ရောက်လာ‌တော့မှာပါ"

.........

ဝုန်း! ဝုန်း! ဝုန်း!

ဤအခိုက်အတန့်တွင် အချိန်မြစ်အတွင်းရှိ အမတဧကရာဇ်မင်းများကြားက တိုက်ပွဲကြောင့် အချိန်မြစ်တစ်ခုလုံး တုန်လှုပ်ကာ ညည်းတွားနေလေ၏။

ကြောက်မက်ဖွယ်ကောင်းသော စစ်ပွဲကြောင့် အချိန်နှင့် အာကာသသည် ရှုပ်ထွေးနေပြီး ၊ လောကကြီးတစ်ခုလုံး ဗြောင်းဆန်နေကာ ယင်နှင့်ယန်တို့သည်ပင် ပြောင်းပြန်ဖြစ်ပေါ်လျက် ရှိသည်။

အဆုံးစွန်‌သော စွမ်းအားများသည် တစ်ခုနှင့် တစ်ခု ကန့်လန့်ပိုင်းဖြတ်လျက် ၊ အဖျက်သဘောဆောင်သော အလင်းတန်းများ ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာကာ ကြောက်မက်ဖွယ်ကောင်းသော ပျက်သုန်းခြင်းမြင်ကွင်းကို ဖော်ကြူးနေလေ၏။

အတုမရှိသော အမတအတတ်များကြောင့် ဖြစ်ပေါ်လာသော အာကာသအက်ကြောင်းများမှာလည်း ပြန်လည် ကောင်းမွန်လာရန် အတော်လေး အချိန်ယူခဲ့ရသည်။

ပူပြင်းလှသော ဧကရာဇ်သွေးများသည် အချိန်မြစ်ကို အနီရောင်အဖြစ် စွန်းထင်းသွားစေခဲ့သည်။

အင်အားစုကြီး နှစ်ခုမှာ အပြီးတိုင် လမ်းဆုံးသွားခဲ့ချေပြီ။

အမတဧကရာဇ်မင်းများမှာ တစ်ယောက်ပြီး တစ်ယောက် ကျဆုံးနေကြပြီး ၊ အချို့သော အမတဧကရာဇ်များမှာ သူတို့၏ စစ်မှန်သော ကိုယ်ခန္ဓာများကို အချိန်ကာလအတွင်း ဝှက်ထားရန် ကြိုးပမ်းခဲ့ကြသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

သူတို့သည် အခြားသော အမတဧကရာဇ်မင်းများ၏ အစွမ်းထက်ဆုံးသော မှော်အတတ်များဖြင့် ရှာဖွေခြင်း ခံရကာ အချိန်ကာလနှင့်အတူ ပြာအဖြစ် ချေမှုန်းခံလိုက်ရသည်။

အချို့သော အမတဧကရာဇ်မင်းများမှာ မကျဆုံးလိုသဖြင့် ဒူးထောက်အရှုံးပေးကာ အမှားများကို ပြင်ဆင်ပါ့မည်ဟု တောင်းပန်ကြသော်လည်း၊

သို့သော် အမတနယ်မြေ၏ ဒေါသမီးမှာ အဆုံးစွန်ထိ တောက်လောင်နေပြီ ဖြစ်သောကြောင့် သူတို့၏ တောင်းပန်သံများမှာ အရာမထင်ခဲ့ပေ။

သူတို့၏ အရိုးနှင့် အသားများသည် ပြာအဖြစ် ချေမှုန်းခံလိုက်ရပြီး စိတ်ဝိညာဉ်များကိုပင် ဒေါသထွက်နေသော အမတဧကရာဇ်မင်းများက အရည်ဖျော်ချပစ်ခဲ့သည်။

ထိုအခိုက်အတန့်တွင် သက်ရှိအပေါင်းတို့သည် တစ်စုံတစ်ခုကို ခံစားမိလိုက်ကြပြီး ထိတ်လန့်တကြားဖြင့် မိုးကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြသည်။

…….

"အမတဧကရာဇ်မင်း တစ်ပါး ကျဆုံးသွားပြီ......"

အမတနယ်မြေ၏ ကျင့်ကြံသူများ ဖြစ်သည်နှင့်အလျောက် ၊ သူတို့သည် ကောင်းကင်နှင့် မြေကြီး၏ အပြောင်းအလဲအပေါ် အကဲဆက်သော အာရုံခံစားမှုများ ရှိကြသည်။

တိုက်ပွဲဖြစ်ပွားရာ ကြယ်တာရာနယ်မြေတွင် သိပ်သည်းသော အမတစွမ်းအားများဖြင့် ဖုံးလွှမ်းနေပြီး ပတ်ဝန်းကျင်ရှိ အမတနယ်မြေများစွာသို့ပင် ပျံ့နှံ့သွားခဲ့သည်။

၎င်းတို့သည် ဒေဝလောက၏ နိယာမတရားများအဖြစ်သို့ ပြောင်းလဲသွားသည်မှာ ထင်ရှားပေသည်။

အမတဘုရင် သို့မဟုတ် အမတဧကရာဇ် အဆင့်ရှိ ပုဂ္ဂိုလ်များ သေဆုံးသွားသောအခါ သူတို့ တစ်သက်တာလုံး ကျင့်ကြံခဲ့သော ကျင့်ကြံမှုများသည် အလိုအလျောက် ပြိုကွဲသွားပြီး အမတနယ်မြေသို့ ပြန်လည် အကျိုးပြုရစမြဲ ဖြစ်သည်။

ဤသည်မှာ အမတနယ်မြေ မဟာလမ်းစဉ် ၏ စည်းမျဉ်းတစ်ခုပင် ဖြစ်သည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်များသည် သက်ရှိထင်ရှားစဉ်က မည်မျှပင် ဆိုးသွမ်းသည့် အမှုများကို ပြုလုပ်ခဲ့ပါစေ၊ သေဆုံးပြီးနောက်တွင်မူ စကြဝဠာထဲကိုသာ ပြန်လာကြရပေလိမ့်မည်။

ဤမြင်ကွင်းကို လူတိုင်း ကြိုတင်ခန့်မှန်းထားပြီး ဖြစ်သော်လည်း ၊ အမှန်တကယ် ဖြစ်လာချိန်တွင် အမတနယ်မြေတစ်ခုလုံး မလွှဲမရှောင်သာ တုန်လှုပ်ချောက်ချားခဲ့ရသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် စစ်တလင်းရှိရာ ကြယ်တာရာနယ်မြေသို့ ကြည့်ကာ သက်ပြင်းချမိကြသည် ။

“ အမတတို့ရဲ့ အထွတ်အထိပ်... လောကထက် ဝင့်ထည်နိုင်ပါစေဦးတော့.... ထာဝရ မပျက်သုဉ်းနိုင်တဲ့ အမတဧကရာဇ်မင်းဆိုတောင်.... နောက်ဆုံးတော့ ပျက်စီးခြင်း ကံကြမ္မာကနေ မလွတ်မြောက်နိုင်ပါ့လား....."

"ဟူး...... ငါတို့ အမတနယ်မြေရဲ့ အမတဧကရာဇ်မင်း‌တွေ ဖြစ်ပါလျက်နဲ့.... ကိုယ့်ရဲ့ ဇာတိမြေကို သစ္စာဖောက်ပြီး ကောင်းကင်လမ်းစဉ်ရဲ့ ခွေးတွေ ဖြစ်ခဲ့ရတာ.... နှမြောဖို့ ကောင်းလိုက်တာ.... တကယ်ကို နှမြောဖို့ ကောင်းတယ်”

ထိုစဉ် လောကတစ်ခွင်၌ နာရေးခေါင်းလောင်းသံများ အစီအရီ ထွက်ပေါ်လာပြီး ၊ ပြင်းထန်သော ဝမ်းနည်းပူဆွေးမှု ခံစားချက်များ ပျံ့နှံ့လာကာ အမတနယ်မြေတစ်ခုလုံးကို ညည်းတွားသံများဖြင့် ဖုံးလွှမ်းသွားစေသည်။

လောကကြီးမှာ ညည်းတွားလျက် ၊ မဟာလမ်းစဉ်သည်ပင် ငိုကြွေးနေလေ၏ ။

သွေးနီရောင် နိယာမများဖြင့် ဖွဲ့စည်းထားသော နတ်ဘုရားများနှင့် ဗုဒ္ဓပုံရိပ်များမှာ မျက်နှာကို လက်ဖြင့်အုပ်ကာ ငိုကြွေးနေကြသည်။

စစ်တလင်း၊ ကြယ်တာရာ နယ်မြေအလွန်နှင့် အမတနယ်မြေ၏ အနက်ရှိုင်းဆုံး နေရာများအထိ ထိုကဲ့သို့သော အုံ့မှိုင်းသည့် မြင်ကွင်းများဖြင့် ဖုံးလွှမ်းနေသည်။

အမတနယ်မြေရှိ သက်ရှိတိုင်း ဤမြင်ကွင်းကို ကြည့်ရင်း ရင်ထဲ၌ ဖော်ပြရန်ခက်ခဲသော ဝမ်းနည်းမှုများကို ခံစားနေကြရသည်။

ထိုသူများမှာ သူတို့ အမတနယ်မြေ၏ အမတဧကရာဇ်မင်းများပင် မဟုတ်လော။

လူသားအားလုံး၏ အထက်တွင် ဂုဏ်ယူစွာ ရပ်တည်နေခဲ့ကြသူများ ဖြစ်သည်။

နောင်တစ်ချိန် အမှောင်ထု နိုးထလာချိန်တွင် သူတို့သည် အဓိက ဒေါက်တိုင်များ ဖြစ်လာကြမည်မှာ သေချာသည်။

သို့သော် ယခုတွင်မူ အမတနယ်မြေကို သစ္စာဖောက်ခဲ့သည့်အတွက် အမတနယ်မြေအတွင်းရှိ အင်အားစုများနှင့် အကျိုးမဲ့ တိုက်ခိုက်ရင်း အင်အားပြုန်းတီးခဲ့ရသည်။

ဒါ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ! ?

...........

အမတနယ်မြေ ပူးပေါင်းစစ်တပ်၏ တိုက်ခိုက်မှုအောက်တွင် ၊ အင်အားစုကြီး နှစ်ခုမှ စွမ်းအားရှင်များမှာ တစ်ယောက်ပြီး တစ်ယောက် ကျဆုံးနေကြသည်။

စစ်မှန်အမတ အဆင့်မှာ ပုရွက်ဆိတ်များကဲ့သို့ပင် မရေမတွက်နိုင်အောင် သေဆုံးခဲ့ကြရပြီး ၊ စစ်မှန်အမတ အောက်ရှိ လွတ်မြောက်နယ်ပယ်အဆင့်ရှိ ကျင့်ကြံသူများမှာ ဖုန်မှုန့်လောက်ပင် အရေးမပါတော့ချေ။

သွေးနှင့် အရိုးများဖြင့် ဖွဲ့စည်းထားသော သွေးမြစ်ကြီးသည် နယ်မြေ တစ်ခုလုံးကို ဖုံးလွှမ်းထားလေ၏။

“အခြေအနေက ဒီအထိ ရောက်မှတော့.... အတူတူ သေကြတာပေါ့!”

လမ်းအဆုံးကို ရောက်ရှိနေပြီ ဖြစ်သော အမတဘုရင် တစ်ဦးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

သူသည် သူ၏ ခန္ဓာကိုယ်ထဲမှ အမတရင်းမြစ်ကို တိုက်ရိုက် အသက်သွင်းလိုက်ကာ သူ၏ ခန္ဓာကိုယ်၊ မူလဝိညာဉ်၊ အသွေးအသား နှင့် အမတလက်နက် စသည့် အရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျ ဖောက်ခွဲပစ်လိုက်သည်။

သူတို့သည် အမတနယ်မြေ၏ သစ္စာဖောက်များ ဖြစ်သည့်အတွက် အသက်ရှင်ကျန်ရစ်လျှင်ပင် လူတိုင်း၏ ကဲ့ရဲ့ရှုတ်ချမှုကို ခံရမည်ကို သိကြသည်။ ထိုသို့ဖြစ်မည့်အစား နောက်ဆုံးအချိန်အထိ ရူးသွပ်သွားခြင်းက ပို၍ ကောင်းပေမည်။

ဝုန်း ——! !

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်းသည် အရပ်ရှစ်မျက်နှာတစ်ခွင် သို့ လွင့်စဉ်ရိုက်ခတ်သွားပြီး၊ ကြယ်တာရာနယ်မြေ တစ်ခုလုံးကို တုန်ခါသွားစေသည်။

အဖျက်သဘောဆောင်သော လှိုင်းတံပိုးများ ဖြတ်သန်းသွားလေရာ နေရာတိုင်း ၊ လောကရှိ အရာအားလုံးတိုင်းသည် ပြာအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

အဆိုပါ အင်အားအောက်တွင် ၊ အမတနယ်မြေမှ စွမ်းအားရှင် တော်တော်များများ သေဆုံးသွားခဲ့ရသည်။

"တောက်! ဒီခွေးတွေ ရူးသွားပြီ!"

"မြန်မြန်! သူတို့နဲ့ ဝေးဝေးနေကြ! အဝေးကနေပဲ မှော်အတတ်ကို သုံးပြီး သတ်ကြ!"

သတိရှိသော ပုဂ္ဂိုလ်များက အော်ဟစ် သတိပေးလိုက်ကြသည်။

သို့သော် ပထမဆုံးသော အမတဘုရင်၏ ကိုယ့်ကိုယ့်ကိုယ် ဖောက်ခွဲမှုအပြီးတွင် ၊ အရပ်ရှစ်မျက်နှာတစ်ခွင် မှ ကျင့်ကြံသူများသည် ကွင်းဆက်တုံ့ပြန်မှုကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် မိမိကိုယ်ကိုယ် ဖောက်ခွဲပစ်ခဲ့ကြသည်။

ဝုန်း ! ဝုန်း !

တိုက်ပွဲကြောင့် ဖရိုဖရဲဖြစ်နေသော နယ်မြေအတွင်း ၊ မီးရှူးမီးပန်းများ ပေါက်ကွဲလေသကဲ့သို့ စွမ်းအားများစွာ ပေါက်ကွဲထွက်လာပြီး ၊ ယင်းအတွင်းရှိ အရာအားလုံးကို အပြီးတိုင် ချေမှုန်းဖျက်ဆီးပစ်ခဲ့လေသည်။

.........

အခန်း (၈၃၃) - အမတဧကရာဇ်မင်း ကျဆုံးခြင်းနှင့် အမတနယ်မြေ၏ ငိုကြွေးသံ (Part-2)

အခြားတစ်ဖက်တွင်။

ဖုန်းယွင်လှံခန်းမ တည်ရှိရာ အမတကုန်းမြေတွင်။

ကွေးယွမ်အမတဂိုဏ်းနှင့် အခြားသော အမတနယ်မြေ အင်အားစုများ၏ တပ်ဖွဲ့များသည် နောက်ဆုံးတွင် တဖက်လူ၏ ခံစစ်ကို ထိုးဖောက်နိုင်ခဲ့သည်။

သူတို့သည် ဂိုဏ်း၏ အဓိက ကမ္ဘာငယ်အတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာကြသည်။

အဆိုပါ တပ်ဖွဲ့များ ဖြတ်သန်းသွားလေရာ နေရာတိုင်း ၊ အလောင်းများ တောင်လိုပုံကာ သွေးချောင်းများစွာ စီးဆင်းရလေသည်။

" ခွေးတစ်သိုက် ! အမတနယ်မြေကို သစ္စာဖောက်ရုံတင်မကဘူး၊ ငါတို့ဂိုဏ်းရဲ့ ချန်ကဲ ဆက်ခံသူကိုပါ လုပ်ကြံဖို့ ကြံစည်ရဲတယ် !"

"ဒီနေ့ မင်းတို့ အားလုံးကို ငရဲပြည်အထိ ပို့ပစ်မယ်!"

ကွေးယွမ်အမတဂိုဏ်း၏ စစ်သင်္ဘောပေါင်းများစွာသည် တစ်ပြိုင်နက် ဟိန်းဟောက်နေကြသည်။

သင်္ဘောဦးပိုင်းရှိ ရှေးဟောင်း အစီအရင်များမှ တောက်ပသော နတ်အလင်းတန်းများစွာ ထွက်ပေါ်နေပြီး ၊ နိယာမတရားများ ထပ်ဆင့် ပေါင်းစည်းသွားချိန်တွင် ၎င်းတို့သည် အဖျက်သဘောဆောင်သော အလင်းတန်းများအဖြစ် ပြောင်းလဲကာ ဟင်းလင်းပြင်ကို ထိုးဖောက်လျက် ဖုန်းယွင်လှံခန်းမ၏ ကျန်ရှိနေသော စစ်သင်္ဘောများထံသို့ ပစ်ခွင်းဝင်ရောက်သွားကြသည်။

ဖုန်းယွင်လှံခန်းမ၏ ကျန်ရှိနေသော စစ်သင်္ဘောများမှာ အရှုံးပေးခြင်းမရှိဘဲ ခုခံ တိုက်ခိုက်ခဲ့ကြသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

အပြန်အလှန် ပစ်ခတ်မှု တစ်ကြိမ်မျှဖြင့် ၊ ဖုန်းယွင်လှံခန်းမ၏ နောက်ဆုံး စစ်သင်္ဘောအုပ်စုမှာ နတ်အလင်းများအောက်တွင် ပြာအဖြစ် ပျောက်ကွယ်သွားခဲ့ရသည်။

ဖုန်းယွင်လှံခန်းမမှ စွမ်းအားရှင်များမှာလည်း ထိုအခြေအနေကို မြင်ပြီး လုံးဝ ရူးသွပ်သွားကြသည်။

၎င်းတို့သည် မိမိတို့ ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအားများကို အသက်သွင်းကာ ကွေးယွမ်အမတဂိုဏ်း၏ စစ်သင်္ဘောများထံသို့ မိမိကိုယ်ကိုယ် အဆုံးစီရင်သည့် နည်းလမ်းဖြင့် ဝင်ရောက် တိုက်ခိုက်ကြသည်။

"ဟားဟားဟား! ထာဝရ အမတစစ်ပွဲ.... မသေမချင်း အဆုံးမသတ်ဘူး”

"ဒီနေ့ ငါတို့ သေရမယ်ဆိုတောင် မင်းတို့ရဲ့ နာမည်တွေကို သံသရာမြစ်ရေမှာ ရေးထိုးပြီး အတွင်းနတ်ဆိုးရဲ့ ငရဲမှာ ထာဝရ ကျရောက်ပါစေလို့ ကျိန်စာတိုက်ခဲ့မယ်!"

ထိုသူများထဲတွင် အမတဘုရင် များစွာ မပါဝင်သော်လည်း၊ သို့သော် ရွှေအမတများ၏ မိမိကိုယ်ကိုယ် ဖောက်ခွဲမှုသည် ကွေးယွမ်အမတဂိုဏ်း၏ စစ်တပ်ကို အသင့်တင့် ထိခိုက်စေခဲ့သည်။

"ဟာသပဲ .. သေခါနီး ရုန်းကန်နေတဲ့ ပုရွက်ဆိတ်တွေကများ”

"ငါတို့ကို ငရဲပြည်အထိ ဆွဲခေါ်ဖို့ အရည်အချင်း ရှိလို့လား”

ကွေးယွမ်အမတဂိုဏ်းမှ အမတဘုရင် ခေါင်းဆောင် အချို့က အထင်အမြင်သေးစွာ ပြုံးလိုက်ကြသည်။

လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် မဟာလမ်းစဉ် အမှတ်အသားများဖြင့် ပြည့်နှက်နေသော မှော်အဆောင် စာရွက်များစွာ ထွက်ပေါ်လာခဲ့သည် ။

ဝုန်း !

လက်သင်္ကေတ တစ်ခုကို ဖော်ဆောင်ကာ ညွှန်ကြားလိုက်သည်နှင့် ၊ အဆိုပါ မှော်အဆောင်စာရွက်များမှ တောက်ပသော အမတအလင်းများ ထွက်ပေါ်လာသည်။

ဤလျို့ဝှက်ဆန်းကြယ်သော စွမ်းအားများအောက်တွင် ဟင်းလင်းပြင်သည် တဖြည်းဖြည်း ကျုံ့ဝင်လာပုံရသည်။

မိမိကိုယ်ကိုယ် ဖောက်ခွဲတော့မည့် ကျင့်ကြံသူများသည် အဆိုပါ စွမ်းအား၏ တားဆီးခြင်း ခံလိုက်ရသည်။

"ဒါ ဘယ်လိုဖြစ်တာလဲ”

ဖုန်းယွင်လှံခန်းမမှ လူများမှာ ကြောင်အမ်းသွားကြပြီး ၊ သူတို့၏ မျက်နှာပေါ်က ရူးသွပ်မှုများသည် ထိုအခိုက်အတန့်တွင် အေးခဲသွားသည်။

"ဟမ်... ငါတို့ ကွေးယွမ်အမတဂိုဏ်းရဲ့ မဟာလမ်းစဉ်ရဲ့ လျို့ဝှက်ဆန်းကြယ်မှုကို မင်းတို့လို လူတွေက ဘယ်နားလည်နိုင်ပါ့မလဲ”

"ငါတို့ ကွေးယွမ်အမတဂိုဏ်းက မင်းတို့ကို ဘယ်လိုသေစေချင်သလဲ၊ မင်းတို့ အဲဒီအတိုင်းပဲ သေရမယ် “

"အမတနယ်မြေကို သစ္စာဖောက်ပြီး ငါတို့ဂိုဏ်းရဲ့ ဆက်ခံသူ သခင်ကို လုပ်ကြံတဲ့ကောင်တွေ၊ ဒီလောက် လွယ်လွယ်နဲ့ သေရမယ်လို့ မထင်နဲ့”

ခေါင်းဆောင် ဖြစ်သူ အမတဘုရင်က အမိန့်ပေးလိုက်သည် ။

"သတ်ကြ! ဒီကောင်တွေကို အရှင်လတ်လတ် တစ်ယောက်မကျန် ခုတ်ပိုင်း သတ်ပစ်ကြ!"

အကြွင်းမဲ့ အင်အားအောက်တွင် ဖုန်းယွင်လှံခန်းမ၏ အဓိက ကမ္ဘာငယ်လေးမှာလည်း အပြီးတိုင် ကျဆုံးသွားခဲ့ရလေပြီ။

မျက်စိတမှိတ်အတွင်းမှာပင် ၊ ငိုကြွေးသံများက အရပ်ရပ်မှ ထွက်ပေါ်လာပြီး လေထုထဲတွင် သွေးနံ့များဖြင့် ပြည့်နှက်သွားခဲ့သည်။

"ဂိုဏ်းချုပ်! ဂိုဏ်းချုပ် ဘယ်မှာလဲ”

တစ်ဖက်သတ် သတ်ဖြတ်မှုအောက်တွင် ဖုန်းယွင်လှံခန်းမမှ ကျင့်ကြံသူ အချို့မှာ စိတ်ဓာတ်များ ပြိုလဲကာ မျှော်လင့်ချက်မဲ့စွာ အော်ဟစ် ငိုကြွေးနေကြသည်။

မိမိတို့၏ ဂိုဏ်းချုပ် ထွက်ပေါ်လာကာ ဂိုဏ်းကို ဘေးဒုက္ခမှ ကယ်တင်ပေးရန် တောင့်တနေကြသည်။

"ဂိုဏ်းချုပ်လား”

"မင်းတို့ ဂိုဏ်းချုပ်က ဒီမှာလေ”

……….

ထိုစဉ် အထက်ကောင်းကင်ယံမှ နတ်ဘုရားတစ်ပါး၏ အေးစက်သံကဲ့သို့သော စကားတစ်ခွန်းကို ရုတ်တရက် ကြားလိုက်ရသည်။

ဝုန်း! !

ချက်ချင်းဆိုသလိုပင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုက အရပ်ရပ်သို့ ပဲ့တင်ထပ်သွားခဲ့သည်။

တောက်ပသော နတ်ဘုရားလှံတစ်စင်သည် တစ်စုံတစ်ယောက်ကို ထိုးစိုက်လျက်ရှိနေကာ ၊ ၎င်းသည် အထက်ကောင်းကင်မှ ဝုန်းခနဲ ကျဆင်းလာသည်ကို မြင်လိုက်ရသည်။

ဤလှံချက်သည် မိုးကောင်းကင်မှ ဆင်းသက်လာသော နတ်ဘုရားသက်တံတစ်ခုကဲ့သို့ပင် ထင်မှတ်ရပြီး ၊ ဘိုးဘေးပိုင်နက်ထဲသို့ တိကျစွာ ထိုးစိုက်သွားခဲ့သည်။

၎င်းသည် ဘိုးဘေးပိုင်နက်ကို ချေမှုန်းဖျက်ဆီးပစ်လိုက်ပြီး ၊ တစ်ချိန်တည်းမှာပင် ဖုန်မှုန့်များထောင်းထောင်း ထသွားသည်။

ဒုန်း ဒုန်း !!

ကျောက်အကျိုးအပဲ့များနှင့် ထောင်းထောင်း ထနေသော ဖုန်မှုန့်များသည် နေရာအနှံ့ လွင့်စဉ်ကာ အချိန်အတော်တန် ကြာပြီးနောက်မှသာလျှင် မီးခိုးမြူများမှာ တဖြည်းဖြည်း လွင့်ပါးသွားခဲ့သည်။

"ဒါက....."

ဖုန်းယွင်လှံခန်းမမှ ကျင့်ကြံသူများမှာ လှံရှည် စိုက်ဝင်ရာ နေရာသို့ ကြည့်မိလိုက်ကြပြီး ၊ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လူတိုင်း၏ မျက်လုံးအိမ်များမှာ ကျုံ့ဝင်သွားကြသည်။

တစ်ချိန်တည်းမှာပင် သူတို့၏ နောက်ဆုံး ယုံကြည်ချက်နှင့် မျှော်လင့်ချက်များမှာလည်း လုံးဝ ပြိုလဲပျက်စီးသွားခဲ့သည်။

သူတို့နှလုံးသားထဲတွင် အနှိုင်းမဲ့ဟု ယူဆထားသော ထျန်းချန်းအမတဧကရာဇ်မင်းသည် ယခုအခါတွင် နတ်ဘုရားလှံဖြင့် ရင်ဘတ်ကို ထိုးဖောက်ခံထားရပြီး ဘိုးဘေးပိုင်နက်အတွင်း၌ သံမှိုဖြင့် ရိုက်သွင်းခံထားရသကဲ့သို့ ပုံပျက်ပန်းပျက် ဖြစ်နေသည်။

ရွှေရောင်သွေးများသည် ထိုးဖောက်ခံထားရသော နေရာမှ စဉ်ဆက်မပြတ် စီးကျနေသည်။

"ဒါကဘယ်လို..... ဖြစ်....."

ထျန်းချန်းအမတဧကရာဇ်မင်းသည် သူ့ပါးစပ်ကို ကျယ်ကျယ် ဟထားသော်လည်း ၊ သူ၏ အသက်ရှူသံသည် လွန်စွာ အားနည်းနေပြီး ဖြစ်ကာ ပါးစပ်ထဲမှ သွေးများ အဆက်မပြတ် အန်ထွက်နေသည်ကလွဲ၍ မည်သည့် စကားတစ်လုံးမျှ မပြောနိုင်ခဲ့ချေ။

"ဂိုဏ်းချုပ်!!"

"ဂိုဏ်းချုပ် ရှုံးနိမ့်သွားပြီ! ငါတို့ရဲ့ ဖုန်းယွင်လှံခန်းမတော့ လုံးဝ ဇာတ်သိမ်းသွားပြီ”

ကြောင်အမ်းနေရာမှ သတိပြန်ဝင်လာသော ဖုန်းယွင်လှံခန်းမမှ ကျင့်ကြံသူများသည် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်ငိုကြွေးလေတော့သည်။

မူလကတည်းက ကွေးယွမ်အမတဂိုဏ်းနှင့် အမတနယ်မြေမဟာမိတ်တပ်ဖွဲ့ ကို မယှဉ်နိုင်သော သူတို့သည် ဤမြင်ကွင်းကို မြင်လိုက်ရပြီးနောက်တွင် စိတ်ဓာတ်များ ပြိုလဲသွားကာ ခုခံလိုစိတ်ပင် မရှိကြတော့ချေ။

သို့သော် ကွေးယွမ်အမတဂိုဏ်းနှင့် အမတနယ်မြေမဟာမိတ်တပ်ဖွဲ့တို့သည် ထိုအကြောင်းကြောင့် လက်တွန့်သွားခြင်း မရှိပေ။

မိမိတို့၏ လက်ထဲက အမတလက်နက်များကို လွှဲယမ်းကာ ဖုန်းယွင်လှံခန်းမရှိ လူတိုင်းကို ဆက်လက် သုတ်သင်နေခဲ့ကြသည်။

အဝေးမှ လှမ်းကြည့်မည်ဆိုပါက ၊ ဖုန်းယွင်လှံခန်းမ တည်ရှိရာ နယ်မြေတွင် ကြီးမားသော သွေးစွမ်းအင်များဖြင့် ဖုံးလွှမ်းနေပြီး၊ အဆောက်အဦးများ၊ တောင်တန်းများနှင့် ရတနာကျွန်းများအားလုံးတို့သည် အဆုံးတွင် သွေးပင်လယ်ကြီးအတွင်းသို့ ပျောက်ကွယ်သွားခဲ့လေသည်။

.........

တစ်ချိန်တည်းမှာပင် ၊

ထျန်းချန်လမ်းစဉ်ဂိုဏ်း၏ ဘိုးဘေးပိုင်နယ်မြေ။

ယခင်က ကောင်းကင်ယံ၌ ဝဲပျံကာ တည်ရှိနေသော နတ်ဘုရားကျွန်းများ နှင့် နတ်အလင်းတန်းများ ကျဆင်းနေသော နယ်မြေသည် ယခုအခါ စစ်မီးတောက်များဖြင့် ဖုံးလွှမ်းနေလေ၏။

ဘယ်နေရာကိုပင် ကြည့်ကြည့် ၊ ကျိုးပဲ့နေသော အမတလက်နက်များနှင့် တစစီ ဖြစ်နေသော အလောင်းများမှာ အဆုံးမရှိသော ငရဲပြည်တစ်ခုကဲ့သို့ပင်။

ကြီးမားသော ဥက္ကာခဲကျင်းကြီးတစ်ခုအတွင်း၌ ၊

"ဟားဟားဟား..... နှစ်သိန်းပေါင်းများစွာ စုဆောင်းလာတဲ့ အမွေအနှစ်တွေ ..... ဒီနေ့မှာတော့ အကုန် ပျက်စီးသွားပြီပေါ့”

ချန်ယွမ် အမတဧကရာဇ်မင်းသည် ရူးသွပ်စွာ ရယ်မောနေခဲ့သည်။ ထာဝရ မပျက်စီးနိုင်သော သူ၏ အမတခန္ဓာကိုယ်သည် အက်ကွဲကြောင်းကြီးများစွာဖြင့် ပြည့်နှက်နေသည်။

ပူနွေးသော သွေးများသည် အဆက်မပြတ် စီးကျနေပြီး ၊ တစ်ချိန်က လောကတစ်ခွင်ကို ဖိနှိပ်နိုင်ခဲ့သော အမတဧကရာဇ်မင်းမှာ ယခုအခါတွင် လမ်းဘေးသူတောင်းစားကဲ့သို့ပင် ဖရိုဖရဲဖြစ်ကာ ရှက်စရာကောင်းနေသည်။

သူ၏ အသက်ရှူသံမှာ အားနည်းနေပြီး ၊ လေထဲတွင် တောက်လောင်နေသော ဖယောင်းတိုင်မီးကဲ့သို့ အချိန်မရွေး ငြိမ်းသွားနိုင်သည့် အခြေအနေတွင် ရှိနေသည်။

All Chapters