← Chapters

သွေးချောင်းစီးခြင်းနှင့် သာလွန်အင်အားစု၏ နိဂုံး

Vol. 64 Ch. 834

သွေးချောင်းစီးခြင်းနှင့် သာလွန်အင်အားစု၏ နိဂုံး

Vol. 64 Ch. 834

အမှန်အားဖြင့် သူတို့သည် ယခုအချိန်အထိ တောင့်ခံနိုင်ခြင်းမှာပင် အံ့ဩစရာ ဖြစ်ရပ်တစ်ခုဟု ဆိုရပေလိမ့်မည်။

သူတို့သည် အမတနယ်မြေတစ်ခုလုံး၏ အမျက်ဒေါသဖြင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ပထမဆုံးသော ထိပ်တိုက်တွေ့ဆုံမှုမှာပင် အင်အားစုကြီး နှစ်ခု၏ တပ်ဖွဲ့ အရေအတွက်သည် သန်းပေါင်းများစွာ လျော့ကျသွားခဲ့သည်။

ထို့အပြင် ချန်ယွမ် အမတဧကရာဇ်မင်းသည် ယခုအခါ မိမိကိုယ်တိုင်မှ လွဲ၍ ထျန်းချန်လမ်းစဉ်ဂိုဏ်း၏ အခြားသော အမတဧကရာဇ်မင်းများအားလုံး ကျဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း ခံစားလိုက်ရသည်။

ဖုန်းယွင်လှံခန်းမ၏ အခြေအနေကို သူ မသိသော်လည်း ၊ ၎င်းတို့၏ အင်အားမှာ သူတို့ထက် အနည်းငယ် အားနည်းသည်။

ထို့ကြောင့် ထျန်းချန်အမတဧကရာဇ် အပါအဝင် အခြားသော အမတဧကရာဇ်မင်းများ အားလုံး သေဆုံးသွားလောက်ပြီဟု သူ ခန့်မှန်းမိသည်။

အမှန်အားဖြင့် ချန်ယွမ် အမတဧကရာဇ်မင်းသည် တိုက်ပွဲအတွင်း အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်နှင့် ဆက်သွယ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း သို့သော် တစ်ဖက်မှ မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ချေ။

သူတို့လို စစ်တုရင်ရုပ်များသည် ကောင်းကင်လမ်းစဉ်၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသည်မှာ သေချာသည်။

ပို၍ ဒေါသထွက်စရာကောင်းသည်မှာ သူတို့ဂိုဏ်း၏ အမတဧကရာဇ် အထက်ရှိ ပုဂ္ဂိုလ်များမှာလည်း သူတို့၏ ခေါ်ဆိုမှုကို လျစ်လျူရှုကာ သတင်းစကား တစ်ခွန်းမျှပင် မရောက်ရှိလာခြင်း ဖြစ်သည်။

"တောက်! ဒီနှစ်တွေမှာ ငါတို့ ထျန်းချန်လမ်းစဉ်ဂိုဏ်းနဲ့ ဖုန်းယွင်လှံခန်းမက ဒီခွေးတွေအတွက် ကျွဲလိုနွားလို အလုပ်အကျွေး ပြုခဲ့တာ….ညစ်ပတ်တဲ့အလုပ်တွေ ဘယ်လောက်တောင် လုပ်ပေးခဲ့ရလဲ”

"အခုကျတော့ ငါတို့ကို ဒီလိုမျိုး စွန့်ပစ်လိုက်တယ်ပေါ့….."

ချန်ယွမ် အမတဧကရာဇ်မင်းသည် ရူးသွပ်စွာ ရယ်မောလိုက်ပြန်သည်။

သို့သော် စဉ်းစားကြည့်လျှင်ဖြင့် ၊ လူအများရှေ့တွင် အမှန်တရား ပေါ်ပေါက်သွားသည့် အခိုက်အတန့်မှာပင် သူတို့ကို စောင့်ကြိုနေသည်မှာ မျှော်လင့်ချက်မဲ့သော ပျက်သုဉ်းခြင်းသာ ဖြစ်သည်။

ဝုန်း!

ထိုစဉ် ဟင်းလင်းပြင်သည် ဖြည်းညှင်းစွာ ကွဲအက်သွားပြီး အချိန်အက်ကြောင်းတစ်ခု ပေါ်ထွက်လာသည်။

ထို့နောက် တစ်ကိုယ်လုံး တောက်ပလျက် ၊ ကြီးကျယ်ခမ်းနားသော အရှိန်အဝါရှိသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ကြီးကျယ်ခမ်းနားသော ဓားဆန္ဒတစ်ခုက သူ၏ ဘေးတဝိုက်တွင် ဝန်းရံလျက်ရှိနေသည်။

သေချာကြည့်မည်ဆိုပါက ၊ ထိုသူမှာ ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး ရှေးဟောင်းဓားတစ်လက်ကို ဆုပ်ကိုင်ထားသည့် ကွေးယွမ်အမတဂိုဏ်းမှ ကျန့်ရှင်းဘိုးဘေး ပင် ဖြစ်သည်။

"ကျန့်ရှင်း….."

ဤမြင်ကွင်းကို မြင်လိုက်ရသော ချန်ယွမ် အမတဧကရာဇ်မင်း၏ အကြည့်များသည် ကျန့်ရှင်းဘိုးဘေးကို တစစီ ဆွဲဖြဲပစ်ချင်နေသကဲ့သို့ ရန်လိုနေသည်။

မိမိ၏ ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ အခြားသော အမတဧကရာဇ်မင်းများမှာ ကျဆုံးသွားခဲ့ပြီ ဖြစ်ပြီး၊ ရှုံးနိမ့်မှုကို သတ်မှတ်ပြီး ဖြစ်ရာ ၊ မည်သည့်အခြေအနေကိုမှ ပြောင်းလဲလို့မရတော့ချေ။

သို့သော် နောက်ဆုံးအချိန်တွင် သူ၏ ရင်ထဲမှ မကျေနပ်မှုနှင့် နာကျည်းမှုများသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အကယ်၍ ကွေးယွမ်အမတဂိုဏ်းသာ သူတို့နှင့် ကောင်းကင်လမ်းစဉ်ကြားက ဆက်နွှယ်မှုကို ဖော်ထုတ်ခဲ့ခြင်း မရှိပါက ၊ မိမိ၏ ဂိုဏ်းသည် ယခုကဲ့သို့သော ဘေးဒုက္ခမျိုးနှင့် ကြုံတွေ့ရမည် မဟုတ်ချေ။

“ မုန်းစရာပဲ! ငါ ကိုယ်တော် ရှက်စရာကောင်းတဲ့ဘဝနဲ့ နေထိုင်မယ့်အစား ဂုဏ်ကျက်သရေရှိရှိနဲ့ သေမယ်”

“ သေရမယ်ဆိုတောင် အတူတူသေကြတာပေါ့”

ဝုန်း! ! !

ပြင်းထန်သော အမျက်ဒေါသ နှင့် သတ်ဖြတ်လိုစိတ်အောက်တွင် ၊ ချန်ယွမ် အမတဧကရာဇ်မင်း၏ ရောင်ဝါမှာ အစွမ်းကုန် မြင့်တက်လာပြီး မိုးမြေတစ်ခုလုံး တုန်ခါနေသည်။ ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော စွမ်းအားအောက်တွင် ၊ အာကာသဟင်းလင်းပြင်သည်ပင် ဖြည်းဖြည်းချင်း ရွဲ့စောင်းလာသည်။

အမတဘုရင်၏ မိမိကိုယ်ကိုယ် ဖောက်ခွဲမှုသည်ပင် အလွန်အမင်း ကြောက်ဖို့ကောင်းနေပြီ ဖြစ်ရာ၊ အမတဘုရင်ထက် များစွာ သာလွန်သော အမတဧကရာဇ်မင်းတစ်ပါး၏ ဖောက်ခွဲမှုသည် ပျက်စီးခြင်း ကပ်ဘေးကြီးတစ်ခုကို ဆောင်ကြဉ်းလာပေလိမ့်မည်။

၎င်း၏ ဖောက်ခွဲနိုင်စွမ်း အတိုင်းအတာသည် ကျယ်ပြန့်လွန်းသဖြင့် ဤကြယ်တာရာနယ်မြေ တစ်ခုလုံးကို ထိခိုက်စေနိုင်ကာ အရာအားလုံးကို ပြာအဖြစ် ပြောင်းလဲသွားစေနိုင်သည်။

ထို့အပြင် မိမိကိုယ့်ကိုယ် ဖောက်ခွဲခြင်းသည် မိမိ၏ အရာအားလုံးကို ယဇ်ပူဇော်ခြင်းနှင့် အတူတူပင်ဖြစ်ရာ၊ နှစ်ကာလများအတွင်းမှ မိမိ၏ အမှတ်အသားများကို ဖျက်ဆီးပစ်ပြီး ပြန်လည်ဝင်စားမည့် မည်သည့် အခွင့်အရေးကိုမဆို စွန့်လွှတ်လိုက်ခြင်းလည်း ဖြစ်သည်။

ဤသည်မှာ မိမိ၏ မူလဝိညာဉ်ကို ဖျက်ဆီးခြင်း၏ ပေးဆပ်ရသည့် တန်ဖိုးပင် ဖြစ်သည်။ အမှောင်ထု စစ်ပွဲကာလအတွင်းမှာပင် ၊ အမတဧကရာဇ် အဆင့်ရှိ ပုဂ္ဂိုလ်များမှာ ယခုကဲ့သို့သော ကံတရားအကျိုးဆက်ကို ခံယူကာ မိမိကိုယ်ကိုယ် ဖောက်ခွဲခြင်းမျိုး မလုပ်ဝံ့ကြချေ။

သို့သော် ယခုအခါ ချန်ယွမ် အမတဧကရာဇ်မင်းသည် ဝန်လေးခြင်းမရှိ ဤကဲ့သို့ ရွေးချယ်လိုက်ခြင်းမှာ သူ၏ ရင်ထဲတွင် ကွေးယွမ်အမတဂိုဏ်းအပေါ် ထားရှိသော သတ်ဖြတ်လိုစိတ်နှင့် အမျက်ဒေါသသည် မည်မျှ ကြီးမားကြောင်းကို သိနိုင်သည်။

သို့သော် သူ၏ရှေ့တွင် ရပ်နေသော ကျန့်ရှင်းဘိုးဘေးမှာ မည်သည့် တားဆီးမှုမျှ မလုပ်ခဲ့ချေ။ သူသည် ချန်ယွမ် အမတဧကရာဇ်မင်းကို အေးစက်စွာ ကြည့်နေရင်း ၊ ဤစကားနှစ်လုံးကိုသာ ထုတ်ပြောလာခဲ့သည်။

"လူအ”

သူ၏ စကားသံအဆုံးတွင် ၊ ချန်ယွမ် အမတဧကရာဇ်မင်း၏ အဆက်မပြတ် မြင့်တတ်လာသော ရောင်ဝါတို့သည် ရုတ်တရက် ရပ်တန့်သွားပြီး ဒီရေအလား အလျင်အမြန် ပြန်လည် ဆုတ်ယုတ်သွားသည်။

"ဒါ….."

အလွန်အမင်း အံ့ဩမှုကြောင့် ချန်ယွမ် အမတဧကရာဇ်မင်းမှာ ရွှံ့ရုပ်တစ်ခုကဲ့သို့ နေရာတွင်ပင် တောင့်တောင့်ကြီး ဖြစ်သွားသည်။

"ငါ့ရဲ့ စစ်မှန်တဲ့ ကိုယ်ခန္ဓာက ဘယ်လိုလုပ်….."

ချန်ယွမ် အမတဧကရာဇ်မင်း၏ လေသံမှာ တုန်ရီနေပြီး ၊ သူ၏ မျက်နှာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်မှုများ ပေါ်ထွက်လာခဲ့သည်။

ဤအခိုက်အတန့်တွင် သူသည် မိမိ၏ စစ်မှန်သော ကိုယ်ခန္ဓာနှင့် ဆက်သွယ်မှု ပြတ်တောက်သွားသည်ကို ခံစားလိုက်ရသည်။

အချိန်မြစ်ထဲတွင် ဝှက်ထားသော သူ၏ စစ်မှန်သော ကိုယ်ခန္ဓာကို တစ်ဖက်လူမှ ရှာတွေ့သွားခဲ့ပြီး ချေမှုန်းခံလိုက်ရသည်မှာ သေချာသည်။

ဒါပေမဲ့ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

သူသည် မိမိ၏ ကိုယ်ခန္ဓာကို ကောင်းကောင်း ဖုံးကွယ်ထားနိုင်ခဲ့ပြီး ၊ အချိန်ကာလ၏ အမှတ်အသားများကိုပင် တမင်တကာ ဖျက်ပစ်ခဲ့သည်။ သို့သော် တစ်ဖက်လူသည် မည်သို့ ဤမျှ မြန်မြန်ဆန်ဆန် ရှာတွေ့သွားသနည်း။

သို့သော် ကျန့်ရှင်းဘိုးဘေးသည် အပိုစကားများ ပြောရလောက်အောင်အထိ စိတ်မရှည်တော့ပေ။ သူတို့ ကွေးယွမ်အမတဂိုဏ်းတွင် အမတဧကရာဇ် အဆင့်ရှိ ပုဂ္ဂိုလ်များစွာ ရှိပေရာ ၊ အချိန်မြစ်ထဲတွင် ပုန်းအောင်းနေသော ကိုယ်ခန္ဓာတစ်ခုကို ရှာဖွေရန်မှာ ဘာခက်မည်နည်း။

နောက်အခိုက်အတန့်တွင် ကျန့်ရှင်းဘိုးဘေးသည် မိုးနှင့်မြေကို ဖြတ်တောက်နိုင်စွမ်းရှိသော ဓားစွမ်းအင်များကို ဆက်တိုက် ထုတ်လွှတ်လိုက်သည်။

ရွှမ်း! ရွှမ်း!

ဟင်းလင်းပြင်အတွင်း နတ်အလင်းများ လျှပ်တပြက် တောက်ပသွားသည်။

ဓားစွမ်းအင်များသည် တစ်ခုနှင့် တစ်ခု ကန့်လန့်ပိုင်းဖြတ်သွားကြပြီး၊ မျက်စိတမှိတ်အတွင်းမှာပင် ချန်ယွမ် အမတဧကရာဇ်မင်း၏ ခန္ဓာကိုယ်ကို ဆွဲဖြဲပစ်လိုက်သည်။

"ငါ….. မကျေနပ်ဘူး!!"

မကျေနပ်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီးနောက်၊

ချန်ယွမ် အမတဧကရာဇ်မင်းသည် ဓားစွမ်းအင်များကြောင့် အပိုင်းပိုင်းအပြတ်ပြတ် ဆုတ်ဖြဲခံလိုက်ရကာ ၊ လေပြည်တစ်ချက် အဝှေ့တွင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့လေသည်။

ဤသို့ဖြင့် ထျန်းချန်လမ်းစဉ်ဂိုဏ်း၏ အမတဧကရာဇ်မင်း အားလုံးတို့သည် အပြီးတိုင် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ဤသည်မှာ သာလွန်အင်အားစု (၁၈)ခု ထဲမှ တစ်ခုသည် လုံးဝ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း အမှတ်အသားပြုလိုက်ခြင်းပင် ဖြစ်သည်။

………

ဤထာဝရအမတစစ်ပွဲ၏ အတိုင်းအတာမှာ အမတနယ်မြေ သမိုင်းတစ်လျှောက်လုံးတွင် ကြီးကျယ်ခမ်းနားသည်ဟု ဆိုနိုင်သော်လည်း၊ အမြန်ဆုံး အဆုံးသတ်သွားသည့် အမတစစ်ပွဲတစ်ခုလည်း ဖြစ်ပေသည်။

အမတနယ်မြေမဟာမိတ်တပ်ဖွဲ့နှင့် ကွေးယွမ်အမတဂိုဏ်းတို့၏ တိုက်ခိုက်မှုအောက်တွင် ၊ အင်အားစုကြီး နှစ်ခုစလုံး နှစ်ရက်ပင် မပြည့်လိုက်ဘဲ ဂိုဏ်း၏ အမတဧကရာဇ်မင်းများ အပါအဝင် ဂိုဏ်းသားအားလုံး သုတ်သင်ခံလိုက်ရသည်။

ဤမျှ တိုတောင်းလှသော အချိန်သည် ရှေးယခင်မှ ယနေ့အထိ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ ပုံမှန်အားဖြင့် ထာဝရအမတစစ်ပွဲများသည် သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးရန် လပေါင်းများစွာ ကြာမြင့်တတ်သော်လည်း ၊ ယခုတွင်မူ နှစ်ရက်အတွင်းမှာပင် အပြီးသတ်သွားခဲ့သည်။

ထျန်းချန်လမ်းစဉ်ဂိုဏ်းနှင့် ဖုန်းယွင်လှံခန်းမတို့၏ လက်ကျန်အင်အားစုများ မကျန်ရစ်စေရန်အတွက် အမတနယ်မြေမှ အင်အားစုများသည် “အပြစ်ရှိသူတစ်ဦးကို လွှတ်ပေးခြင်းထက် အပြစ်မဲ့သူသုံးထောင်ကို သတ်ခြင်းက ပိုကောင်းသည်” ဟူသော မူကို ဆုပ်ကိုင်ကာ ၎င်းတို့၏ လက်အောက်ခံ အင်အားစုမှ မရေမတွက်နိုင်သော အသက်ပေါင်းများစွာကို သုတ်သင်ပစ်ခဲ့ကြသည်။

All Chapters