အမတနယ်မြေ၏ အထက်၊ အမည်မသိ တည်ရှိမှု မှ လှုပ်ရှားလာခြင်း
Vol. 64 Ch. 836
စကြဝဠာ တစ်ခုလုံးကို ထိုးဖောက်နိုင်စွမ်းရှိသော အဖျက်သဘောဆောင်သော အလင်းတန်းတစ်ခုသည် မိုးကုပ်စက်ဝိုင်းမှ တိုက်ရိုက် ကျဆင်းလာသည်။
ထိုလူလတ်ပိုင်း အမျိုးသားသည် မသိစိတ်မှ ခုခံရန် ကြိုးစားလိုက်သော်လည်း ၊ သို့သော် သူ၏ လက်မောင်းများမှာ ဖြတ်တောက်ခံထားရပြီး ဖြစ်သည်။
တစ်ဖက်လူ မှ အသုံးပြုသည့် မှော်အတတ်များသည် အလွန် ဆန်းကြယ်သောကြောင့် သူ၏ လက်မောင်းများကို ပြန်လည် ကုစား၍ မရနိုင်ဘဲ အဆိုပါ ဖျက်ဆီးခြင်းအလင်းတန်းသည် မိမိ၏ ရင်ဘတ်အား ထုတ်ချင်းထိုးဖောက်သွားသည်ကို ဤအတိုင်း ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
“အားးးးးးးး!!”
ရင်ကွဲမတတ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ၊ ဒီရေအလား တိုးဝင်လာသော နာကျင်မှုကြောင့် ထိုအမျိုးသားမှာ မြေပြင်ပေါ်တွင် တွန့်လိမ်နေကာ ခုခံနိုင်စွမ်း ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။
ထိုစဉ် ပုံရိပ်တစ်ခုသည် မြူခိုးများထဲမှ ဖြည်းညှင်းစွာ လမ်းလျှောက် ထွက်ပေါ်လာပြီး၊ သူ့ခြေအောက်က လူလတ်ပိုင်းအမျိုးသားကို အေးစက်သော အကြည့်ဖြင့် ငုံ့ကြည့်လိုက်သည်။
သေချာကြည့်မည်ဆိုပါက ၊ ဤသူသည် မျဲ့ရှန်း ရှေးဘိုးဘေး နှင့် အတော်လေး ဆင်တူပြီး ၊ ရောင်ဝါကစ တစ်ထပ်တည်း ကျနေကာ ပုံစံခွက်တစ်ခုတည်းမှ ထွက်လာသည့် အလားပင်။
အမှန်အားဖြင့် ဤသူမှာ မျဲ့ရှန်း ရှေးဘိုးဘေး၏ ညီအစ်ကို မဟုတ်ချေ။သူသည် အမတနယ်မြေ၏ အထက်လောကတွင် သွားလာလှုပ်ရှားနေသော မျဲ့ရှန်း ရှေးဘိုးဘေး၏ စစ်မှန်သော ကိုယ်ခန္ဓာပင် ဖြစ်သည်။
မြေပြင်ပေါ်မှ လူလတ်ပိုင်းအမျိုးသားမှာ ထျန်းချန် မူလသခင် ဖြစ်သည်။
သူသည် ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ အမတ ဧကရာဇ် အထက်အဆင့်သို့ ရောက်ရှိသွားခဲ့သော စွမ်းအားရှင်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်မှာ သေချာသည်။
အမတနယ်မြေတွင် ထာဝရအမတစစ်ပွဲ ဆင်နွှဲနေစဉ် တစ်ချိန်တည်းမှာပင် မျဲ့ရှန်း ရှေးဘိုးဘေးနှင့် မျဲ့ရှိန် ရှေးဘိုးဘေး တို့၏ စစ်မှန်သော ကိုယ်ခန္ဓာများသည် အမတနယ်မြေ၏ အထက်လောကတွင် ရှိသော ထိုအင်အားစုကြီး နှစ်ခုမှ အမတဧကရာဇ် အထက် ပုဂ္ဂိုလ်များနှင့် တိုက်ခိုက်ရန် ရွေးချယ်ခဲ့ကြသည်။
ထို့အပြင် ဤသကောင့်သားများကို စည်းမျဉ်းများကို ကျော်လွန်သော ဖြစ်တည်မှုများ ဖြစ်သည်။
အကယ်၍ သူတို့ကို လွှတ်ထားပါက ၊ စူးချန်ကဲအပေါ် မလိုလားအပ်သော သက်ရောက်မှုများ ရှိလာနိုင်သည်။
ယခု သူ၏ အစွမ်းကုန် တိုက်ခိုက်မှုအောက်တွင်၊ ထျန်းချန် မူလသခင်၏ မူလရင်းမြစ်မှာ လုံးဝ ချေမှုန်းခံလိုက်ရပြီဖြစ်ရာ အသုံးမဝင်သော လူတစ်ယောက် ဖြစ်သွားခဲ့ချေပြီ။
“ယွမ်မျဲ့ရှန်း….. မင်း ငါ့ကို သတ်လိုက်ရင် အေးအေးဆေးဆေး နေရမယ်လို့ ထင်နေတာလား”
“မင်းတို့ကို စောင့်ကြိုနေတာက…..”
ထျန်းချန် မူလသခင်၏ စကားမဆုံးမီမှာပင် ၊ မျဲ့ရှန်း ရှေးဘိုးဘေးသည် လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။
ဝုန်း !
တစ်ဖက်လူမှာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ တာအိုစည်းချက်များ၏ လွှမ်းခြုံမှုကို ချက်ချင်း ခံလိုက်ရသည်။
“ ဖွဲ့ !”
မျဲ့ရှန်း ရှေးဘိုးဘေးသည် သူ၏လက်ဝါးကို အသာယာ ပြန်ရုတ်သိမ်းလိုက်သည်။ အမှန်အားဖြင့် ၊ မျဲ့ရှန်း ရှေးဘိုးဘေးသည် သူ၏ မှော်အတတ်ဖြင့် ဤလူလတ်ပိုင်းအမျိုးသားကို အရည်ဖျော်ပစ်ရန် ကြံစည်နေခြင်း ဖြစ်သည်။
ဤကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်ထံမှ မှတ်ဉာဏ်များကို တိုက်ရိုက် ထုတ်ယူရန်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် မဟာလမ်းစဉ် မှော်အတတ်ဖြင့် အရာအားလုံးကို အရည်ဖျော်ပစ်ပြီးမှသာ ထို့နောက် သူ၏ နတ်ဘုရားဝိညာဉ်မှ တစ်ဆင့် မူလအစကို ပြောင်းပြန်လှန်ကာ အချိန်ကာလကို ပြန်လည် ကြည့်ရှုနိုင်မည် ဖြစ်ပြီး၊ ထိုမှသာလျှင် အမှန်တရားကို သိနိုင်ပေလိမ့်မည်။
သို့သော် သူ အရည်ဖျော်ပစ်တော့မည့် အခိုက်အတန့်တွင်။
ဝီ! !
ထိုစဉ် ၊ အလွန် ထူးဆန်းသော အရှိန်အဝါတစ်ခုသည် ထျန်းချန် မူလသခင်၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။
“ဒီအရှိန်အဝါက……”
ထိုအရှိန်အဝါကို ခံစားမိလိုက်သော ထျန်းချန် မူလသခင်သည် ဝမ်းသာအားရ ဖြစ်သွားသည်။ ရေနစ်နေသူတစ်ယောက် က ကောက်ရိုးတစ်ချောင်းကို ဆုပ်ကိုင်မိလိုက်သလိုပင်။
“ဒါ အရှင်သခင်ပဲ! အရှင်သခင် လှုပ်ရှားတော့မယ်”
“ဟားဟားဟား! ယွမ်မျဲ့ရှန်း၊ ဒီနေ့တော့ မင်း…..”
သို့သော် မကြာမီမှာပင် သူ၏ ဝမ်းသာအားရ ပြောဆိုသံမှာ ရပ်တန့်သွားသည်။ သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ဖြစ်ပေါ်လာကာ နားမလည်နိုင်မှုများလည်း ပါဝင်နေသည်။
“အရှင်သခင်က ဘာလို့…..”
ဟူး——
နောက်အခိုက်အတန့်တွင် ၊ ထျန်းချန် မူလသခင်၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော ထူးဆန်းသော စွမ်းအားများသည် အဆက်မပြတ် စုဝေးလာကြကာ ထူးဆန်းသော အနီရင့်ရောင် ချည်မျှင်များအဖြစ် ပြောင်းလဲသွားသည်။
“ဟမ်! မစဉ်းစားနဲ့!”
ပြန်သတိကပ်လာသော မျဲ့ရှန်း ရှေးဘိုးဘေးက အေးစက်စွာ နှာမှုတ်လိုက်သည်။
ဘုန်း!
ချက်ချင်းပင် သူ၏ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
သို့သော် ထိတ်လန့်ဖွယ်ရာ ကောင်းသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ကောင်းကင်ဘုံတစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသော ထိုလက်ဝါးရိုက်ချက်သည် အနီရင့်ရောင် ချည်မျှင်များပေါ်သို့ မကျရောက်မီမှာပင်၊ လေထုထဲရှိ အမည်မသိ စွမ်းအားတစ်ခု၏ သက်ရောက်မှုကြောင့် ရပ်တန့်သွားကာ အဆုံးတွင် တိုက်စားခံလိုက်ရသကဲ့သို့ အနီရင့်ရောင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲ ပျောက်ကွယ်သွားသည်။
“ဒါက…….”
မျဲ့ရှန်း ရှေးဘိုးဘေးမှ ထပ်မံ မလှုပ်ရှားနိုင်မီမှာပင် ၊ အနီရင့်ရောင် ချည်မျှင်တန်းများက ထျန်းချန် မူလသခင်ကို ပိုးအိမ်တစ်ခုကဲ့သို့ ရစ်ပတ်ထားခဲ့သည်။
“အရှင်သခင်! ဘာလို့ ကျွန်တော့်ကို ဒီလိုလုပ်ရတာလဲ “
အက်ကွဲသံ…..
ထို့နောက် ထိုအနီရင့်ရောင် ပိုးအိမ်မှာ ကြောက်ခမန်းလိလိ စွမ်းအားတစ်ခု၏ ဖိသိပ်မှုကို ခံလိုက်ရပုံပေါ်သည်။
အရိုးများ ကြေမွသွားသည့် အသံများနှင့်အတူ ၊ ပိုးအိမ်အတွင်းရှိ ထျန်းချန် မူလသခင်မှာ တဖြည်းဖြည်း ကျုံ့ဝင်သွားခဲ့သည်။
ပထမဦးစွာ ဘတ်စကတ်ဘောလုံး အရွယ်အစားအထိ ဖိသိပ်ခံရပြီးနောက် ၊ ကြက်ဥအရွယ်အစား အဖြစ် ထို့နောက် အနီရင့်ရောင် အစက်အပြောက်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
နောက်ဆုံးတွင် သူ၏ တည်ရှိမှု အငွေ့အသက်များပင် လုံးဝ ချေဖျက်ခံလိုက်ရကာ မည်သည့် အစအနမျှ မကျန်တော့ချေ။
…………
ဤမြင်ကွင်းသည် အလွန်ပင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသဖြင့် မျဲ့ရှန်း ရှေးဘိုးဘေးသည်ပင် အတန်ကြာမှ ပြန်သတိကပ်လာခဲ့သည်။
“ဒါက ဘာဖြစ်သွားတာလဲ…..”
မျဲ့ရှန်း ရှေးဘိုးဘေးမှာ မျက်မှောင်ကြုတ်သွားသည်။
“ဒီကောင် ပြောတဲ့ အရှင်သခင်ဆိုတာ ဘယ်သူလဲ”
ထျန်းချန် မူလသခင် ပြောသော အရှင်သခင်သည် အဘယ့်ကြောင့် သူ့ကို သတ်ပစ်ရသနည်း။
ပြောစရာပင် မလိုချေ။ မျဲ့ရှန်း ရှေးဘိုးဘေးအနေဖြင့် ၊ ထျန်းချန် မူလသခင်၏ မှတ်ဉာဏ်များမှတစ်ဆင့် မိမိ၏ အချက်အလက်များ သိသွားမည်ကို စိုးရိမ်သဖြင့် သက်သေဖျောက်သည့် အနေဖြင့် တိုက်ရိုက် သတ်ပစ်လိုက်ခြင်းပင် ဖြစ်သည်။
ယင်းက မျဲ့ရှန်း ရှေးဘိုးဘေးကို ခေါင်းခဲသွားစေသည်။
မူလက ထိုအဖိုးကြီးမှာ မိမိ၏ ဖမ်းဆီးခြင်းကို မခံရစေရန် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ကြံစည်ခဲ့သည်။
သူသည် ထျန်းချန် မူလသခင်ကို အနိုင်နိုင် ဖမ်းဆီးနိုင်ခဲ့သော်လည်း ၊ စစ်ဆေးမေးမြန်းခြင်း မပြုရသေးမီမှာပင် ထိုအမည်မသိ “အရှင်သခင်” ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
“ထားပါတော့လေ”
မျဲ့ရှန်း ရှေးဘိုးဘေးက ခေါင်းယမ်းလိုက်သည်။
“အချိန်အရ တွက်ကြည့်မယ်ဆိုရင် မျဲ့ရှိန်လည်း ဖုန်းယွင်လှံခန်းမက အဲဒီအဖိုးကြီး နှစ်ယောက်ကို ဖမ်းမိလောက်ပြီထင်တယ် “
“သူတို့ကနေ သတင်းအချက်အလက် အချို့ ရထားနိုင်လောက်မယ်”
ဝုန်း!
ထိုစဉ် ၊
ကြီးကျယ်ခမ်းနားသော တာအိုစည်းချက်တစ်ခုသည် ဤမဟာလမ်းစဉ် အာကာသထဲသို့ ဆင်းသက်လာပြီး၊ တောက်ပသော အလင်းလှိုင်းတံပိုးများသည် မဟာလမ်းစဉ် တံခါးပေါက်တစ်ခုအဖြစ် ဖြည်းဖြည်းချင်း ပေါင်းစည်းသွားသည်။
ခေတ္တအကြာတွင် ၊ မျဲ့ရှိန် ရှေးဘိုးဘေး၏ ပုံရိပ်သည် ထိုတံခါးထဲမှ ထွက်ပေါ်လာသည်။
မျဲ့ရှန်း ရှေးဘိုးဘေးခမျာ ဘာမှတောင် မနှုတ်ဆက်လိုက်ရချေ။ မျဲ့ရှိန် ရှေးဘိုးဘေးက စိတ်ဓာတ်ကျနေသော လေသံဖြင့် ဆိုလိုက်သည်။
“အမည်မသိ တည်ရှိမှုတစ်ခုက ငါ့လက်ထဲကနေ ဖုန်းယွင် မူလသခင်ကို တိုက်ရိုက် သတ်ပစ်လိုက်တယ်!”
“ဘယ်လို “
“မျဲ့ရှိန်၊ မင်းလည်း အဲ့လိုကြုံလိုက်ရတာလား”
မျဲ့ရှန်း ရှေးဘိုးဘေးသည် အံ့အားသင့်စွာဖြင့် ရေရွတ်မိသည်။
မျဲ့ရှိန် ရှေးဘိုးဘေးသည် ဤမျှ မြန်မြန် ရောက်ရှိလာနိုင်ခြင်းမှာ အထူးပြုလုပ်ထားသော နေရာရွေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုထားသောကြောင့် ဖြစ်သည်။ ၎င်းမှာ သူတို့နှစ်ဦး၏ သီးသန့် မဟာလမ်းစဉ် လျို့ဝှက်ချက်လည်း ဖြစ်သည်။
အကယ်၍ အကွာအဝေးအရ တွက်ချက်မည်ဆိုပါက ၊ သူတို့နှစ်ဦး တည်ရှိရာ နေရာများသည် တစ်ခုနှင့်တစ်ခု မိုင်သန်းပေါင်းများစွာ ဝေးကွာပေသည်။
သို့သော် ထိုအမည်မသိ တည်ရှိမှုသည် နေရာနှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း လှုပ်ရှားနိုင်သည်။
ထို့အပြင် သူတို့၏ မျက်မှောက်တွင်ပင် အင်အားစုကြီး နှစ်ခုမှ လူများကို သတ်ဖြတ်သွားနိုင်ခြင်းမှာ တဖက်လူ၏ အင်အားသည် သူတို့နှစ်ဦးထက် မနိမ့်ကျသည်မှာ ထင်ရှားပေသည်။