ကောင်းကင်တံခါးဝကမ္ဘာ၊ အမည်မသိဆုလာဒ်
Vol. 64 Ch. 839
ရွှမ်ယွမ်အမတဧကရာဇ်မင်း၏ ပြောကြားချက်ကို နားထောင်ပြီးနောက်။
စူးချန်ကဲသည်ပင် လွန်စွာ အံ့အားသင့်နေမိသည်။
အမတနယ်မြေတွင် ဤမျှလောက် လျို့ဝှက်သော နေရာတစ်နေရာ ရှိလိမ့်မည်ဟု သူ အမှန်တကယ်ပင် ထင်မှတ်မထားခဲ့ချေ။
ကနဦးအမတဧကရာဇ်မင်း ဆယ့်သုံးပါးသည် ထိုနှစ်က မည်သည့် ဘေးဒုက္ခနှင့် ကြုံတွေ့ခဲ့ရသနည်း။
ကနဦးအမတဧကရာဇ်မင်း ငါးပါးသည် အဘယ့်ကြောင့် ရှေးဦးဧကရာဇ်နယ်မြေတွင် ထာဝရ အိပ်စက်နေရသနည်း။
ကျန်ရှိသော ရှစ်ပါးကား မည်သည့်အရပ်သို့ ရောက်ရှိသွားကြသနည်း။
၎င်းတို့သည် အမတနယ်မြေတွင် အသက်ရှင် ကျန်ရစ်နေကြသေးသလော။
သူ့ကို ပို၍ ခေါင်းရှုပ်စေသောအချက်မှာ အမတနယ်မြေတွင် ကနဦးအမတဧကရာဇ်မင်း ဆယ့်သုံးပါးအကြောင်း မှတ်တမ်းတင်ထားသည်မှာ အလွန်ပင် နည်းပါးပြီး၊ အမတနယ်မြေ၏ ရှေးဟောင်း မှတ်တမ်းစာအုပ်များ၌ပင် မှတ်တမ်းတင်ထားခြင်း မရှိပေ။
သို့သော်လည်း သူ၏ ဦးရီးတော်သည် ဤလျှို့ဝှက်အကြောင်းအရာကို မည်သို့ သိရှိနိုင်ခဲ့သနည်း။
ထို့အပြင် သူ့ကို ပြန်ပြောပြနေသည်မှာ အလွန်ပင် ရှင်းလင်းပြတ်သားပြီး ၊ ထိုကနဦးအမတဧကရာဇ် ဆယ့်သုံးပါးထဲမှ တစ်ပါးက သူ့ကိုယ်တိုင် နှုတ်ဖွင့်၍ လာရောက် ပြောပြခဲ့သည့်အလား ထင်မှတ်ရသည်။
“ အဟမ်း…..”
စူးချန်ကဲသည် တိတ်ဆိတ်နေပြီး စဉ်းစားတွေးခေါ်နေကာ ရံဖန်ရံကာ သံသယဖြစ်ဖွယ် အကြည့်များဖြင့် လူကို ကြည့်ကြည့်နေတတ်သဖြင့် ရွှမ်ယွမ်အမတဧကရာဇ်မင်းသည် လည်ချောင်းကို ရှင်းလိုက်ပြီး ဆက်ပြောလိုက်သည်။
“ ဒီကနဦးအမတဧကရာဇ် ဆယ့်သုံးပါးနဲ့ ပတ်သက်ပြီး၊ ငါတို့ ဟွမ်ကျီအမတနယ်မြေမှာ သူနဲ့ ဆက်စပ်မှုရှိတဲ့ ရှေးဦးလျှို့ဝှက်နယ်မြေတစ်ခု ထွက်ပေါ်လာခဲ့တယ်”
စူးချန်ကဲ၏ ဦးရီးတော်ဖြစ်သူ အနေဖြင့်၊ ရွှမ်ယွမ်အမတဧကရာဇ်မင်းသည် စူးချန်ကဲ၏ စရိုက်လက္ခဏာကို အတိုင်းအတာတစ်ခုအထိ သိရှိထားသည်ဟု ဆိုနိုင်သည်။
တဖက်လူသည် လိမ္မာပါးနပ်လွန်းပြီး၊ အရိပ်အမြွက် အနည်းငယ် ပေးလိုက်ရုံဖြင့် သူသည် ထိုအရာကို အမှီပြုကာ သင်၏ အတွင်းခံဘောင်းဘီပါမချန် ရအောင် ချွတ်ယူပြလိမ့်မည်။
ကနဦးအမတဧကရာဇ်မင်း ဆယ့်သုံးပါးအကြောင်း ပြောပြမိသည်ကို သူ့ကိုယ်သူ အနည်းငယ် နောင်တရနေမိသည်။
အကြောင်းမှာ၊ ဤကနဦးအမတဧကရာဇ်မင်း ဆယ့်သုံးပါးသည် သူတို့ တားမြစ်စူးမိသားစုနှင့်လည်း အနည်းငယ် ဆက်နွယ်မှုရှိသောကြောင့် ဖြစ်သည်။
သို့သော် ၎င်းတွင်ပါဝင်သော လျှို့ဝှက်အကြောင်းအရာများက အလွန် များပြားလှသဖြင့် ဘေးကင်းရေးအတွက် စူးချန်ကဲကို မပြောပြခြင်းက ပိုကောင်းသည်။
ဤစကားများ ထွက်လာသည်နှင့်၊ စူးချန်ကဲသည် အတွေးများစွာထဲမှ ရုန်းထွက်ကာ ပြန်သတိကပ်လာခဲ့သည်။
“ကနဦးအမတဧကရာဇ်မင်း ဆယ့်သုံးပါးနဲ့ ဆက်စပ်မှုရှိတဲ့ ရှေးဦးလျှို့ဝှက်နယ်မြေလား”
ရှေးဦးလျှို့ဝှက်နယ်မြေသည် ကမ္ဘာဦးအစကတည်းက တည်ရှိခဲ့သော ရှေးကျသော လျှို့ဝှက်နယ်မြေဖြစ်ပြီး၊ ယခု ကနဦးအမတဧကရာဇ် ဆယ့်သုံးပါးနှင့် ဆက်စပ်မှုရှိနေသည်ဆိုပါက ပို၍ပင် ရှေးကျသွားမည် မဟုတ်လော။
“ငါတို့ တားမြစ်စူးမိသားစု စုဆောင်းရရှိထားတဲ့ သတင်းအချက်အလက်တွေအရ….”
ရွှမ်ယွမ်အမတဧကရာဇ်မင်းက ဆက်ပြောသည်။
“ဒီရှေးဦးလျှို့ဝှက်နယ်မြေက ကနဦးအမတဧကရာဇ်မင်း ဆယ့်သုံးပါးထဲက တစ်ပါးနဲ့ ဆက်စပ်မှုရှိနေတယ် “
“ဒါ့အပြင် ဒီရှေးဦးလျှို့ဝှက်နယ်မြေက အရမ်းထူးဆန်းတယ်…အဲ့ဒီကနဦး အမတဧကရာဇ်မင်းက သူ့ရဲ့ အတုမရှိတဲ့ စွမ်းအားတွေနဲ့ ပြုပြင်ပြောင်းလဲထားပုံပဲ”
“ကောင်းကင်အမတနယ်ပယ် အဆင့်ရှိတဲ့ သူတွေကိုသာ ဝင်ခွင့်ပြုပြီး၊ အဲ့အောက် ဒါမှမဟုတ် အဲ့အထက်က ကျင့်ကြံသူတွေ ဝင်ရောက်မိရင် အတွင်းထဲမှာရှိတဲ့ အထူးစွမ်းအားက ပြင်ပကို တိုက်ရိုက် ပို့ဆောင်ပစ်လိမ့်မယ်”
“လိုအပ်ချက်တွေနဲ့ မကိုက်ညီဘဲ အတင်းအကြပ် ဝင်ရောက်သူတွေဟာ လေဟာပြင်ထဲကနေ တိုက်ရိုက် ပစ်ချခြင်း ခံရနိုင်တယ်”
သို့သော် စူးချန်ကဲအနေဖြင့် ဆက်စဉ်းစားရန်ပင် အချိန်မရလိုက်ဘဲ စနစ်၏ အသံသည် ရုတ်ချည်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
【ဒင်း! စနစ်မှ တာဝန်အသစ်ကို တွေ့ရှိခဲ့ပါသည်】
【ကျေးဇူးပြု၍ ပိုင်ရှင် ရှေးဦးလျှို့ဝှက်နယ်မြေ (ကောင်းကင်တံခါးဝကမ္ဘာ) သို့ သွားရောက်ပြီး ကောင်းကင်တံခါးဝ သင်္ချိုင်းမျိုးနွယ်စု၏ ယုံကြည်မှုကို အောင်မြင်စွာ ရရှိပြီးနောက်၊ အတွင်းအကျဆုံး ကောင်းကင်တံခါးဝ လျှို့ဝှက်ရင်းမြစ်နေရာသို့ သွားရောက်ရန်၊ ဆုလာဒ်- အမည်မသိ 】
စနစ်၏ စကားကို ကြားလိုက်ရသဖြင့် စူးချန်ကဲ၏ စိတ်ထဲရှိ ထိတ်လန့်မှုသည် ပို၍ ပြင်းထန်လာသည်။
“ဒီ ရှေးဦးလျှို့ဝှက်နယ်မြေကို ကောင်းကင်တံခါးဝကမ္ဘာလို့ ခေါ်တာလား”
“ဒီကောင်းကင်တံခါးဝ သင်္ချိုင်းမျိုးနွယ်စုကရော ဘယ်သူတွေလဲ…..”
“ဒါ့အပြင် ဒီတစ်ခါ စနစ်ရဲ့ ဆုလာဒ်က… အမည်မသိ ဆုလာဒ်တဲ့လား”
သူသည် စနစ်၏ တာဝန် အများအပြားကို လက်ခံခဲ့ပြီး စနစ်၏ ထူးခြားသော ဆုလာဘ် အများအပြားကိုလည်း ရရှိခဲ့ဖူးသည်။
သို့သော် ဤအမည်မသိ ဆုလာဒ်ကို ပထမဆုံး အကြိမ်အဖြစ် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
ဤကောင်းကင်တံခါးဝကမ္ဘာသည် ထိုမျှရိုးရှင်းမည် မဟုတ်ကြောင်း သူ တွေးမိသည်။
ဤအရာဖြင့် သူသည် ကနဦးအမတဧကရာဇ်မင်း ဆယ့်သုံးပါးနှင့် ပတ်သတ်သော အမှန်တရားအချို့ကို သိရှိနိုင်ကောင်း သိရှိနိုင်ပေလိမ့်မည်။
………..
ကောင်းကင်တံခါးဝကမ္ဘာသို့ သွားရောက်ရန် ကောင်းကင်အမတနယ်ပယ်သို့ ရောက်ရှိရန် လိုအပ်သဖြင့် စူးချန်ကဲနှင့် လော့ရန်ယွီတို့သည် တားမြစ်စူးမိသားစုတွင် နေထိုင်၍ အဆင့်တတ်လှမ်းရန် စီစဉ်ထားကြသည်။
ကောင်းကင်အမတနယ်ပယ်သို့ တတ်လှမ်းပြီးနောက် အတူတကွ သွားရောက်ကြမည် ဖြစ်သည်။
တံခါးပိတ်မကျင့်ကြံမီ ၊ စူးချန်ကဲသည် အားရှင်းကို မိသားစုဘိုးဘေးများထံ အပ်နှံခဲ့ပြီး သေချာ ပြုပြင်ပေးရန် တောင်းဆိုခဲ့သည်။
အားရှင်းသည် ကျောက်ဟွ အမတဧကရာဇ်မင်းမှ ကျန်ရစ်ခဲ့သော တစ်ခုတည်းသော သဲလွန်စဖြစ်ပြီး၊ သူသည် အားရှင်းကို ခေတ်ကာလ၏ ဖုန်မှုန့်များအဖြစ် နစ်မြုပ်သွားမည်ကို မလိုလားခဲ့ပေ။
………..
တားမြစ်စူးမိသားစု၏ အတွင်းကျဆုံးနေရာတွင် ၊
ဟွမ်ကျီအမတမြို့တော်သည် ကြီးမားသော မြို့တစ်မြို့ဖြစ်သော်လည်း ၊ ၎င်းသည် သီးခြားကမ္ဘာတစ်ခုဖြစ်ကာ ကြီးမားပြီး အကန့်အသတ်မရှိ ကျယ်ဝန်းသည်။
လော့ရန်ယွီနှင့် ခေတ္တ ခွဲခွာပြီးနောက်။
အကြီးတန်းတစ်ဦး၏ ခေါင်းဆောင်မှုအောက်တွင် စူးချန်ကဲသည် ၎င်းနှင့်အတူ အတွင်းပိုင်းထဲသို့ တစ်လျှောက်လုံး လိုက်ပါသွားသည်။
ကောင်းကင်ယံရှိ မိုးတိမ်များနှင့် သက်ဝင်လှုပ်ရှားနေသော ရောင်ခြည်အလင်းများကြား ခမ်းနားထည်ဝါသော အမတတောင်များသည် မိုးကောင်းကင်အထက်တွင် ဆိုင်းငံ့မျှောလွင့်နေကြသည်။
ကောင်းကင်ဘုံကိုးထပ်မှ ရေတံခွန်အလား စီးဆင်းနေသော နဂါးငွေ့တန်းသည် ဤလောက တစ်ခုလုံးကို အိမ်မက်ဆန်သော အရာအဖြစ် ထင်ဟပ်နေသည်။
မြင့်မားသော မိုးကောင်းကင်အထက်မှ အောက်သို့ ငုံ့ကြည့်လိုက်ဖြင့် ၊ အောက်ဘက်ရှိ နတ်ဘုရားမြေပေါ်တွင် မရေတွက်နိုင်သော အမတဆေးဖက်ဝင် အပင်များနှင့် နတ်ဘုရားသစ်ပင်များ စိုက်ပျိုးထားပြီး၊ အရုဏ်ဦး၏ အလင်းရောင်ကဲ့သို့ တလက်လက် တောက်ပနေသည်။
ခဏအကြာတွင်။
တားမြစ်စူးမိသားစုမှ အကြီးတန်းသည် စူးချန်ကဲကို ခေါ်ဆောင်ကာ အတွင်းကျဆုံးအပိုင်းတွင် ရှိသည့် ရှေးဟောင်း ခန်းမ တစ်ခု ရှေ့သို့ ရောက်ရှိလာခဲ့သည်။
“ချန်ကဲ သခင်ငယ်”
“ဒါက မင်း လိုအပ်သလို လက်နက်သွန်းလုပ်နိုင်မယ့် ထျန်းရှင်ခန်းမပဲ”
“ ကျွန်တော်တို့တွေ ထျန်းရှင်ခန်းမမှာ လက်နက်ပစ္စည်းသွန်းလုပ်ရေး ပစ္စည်းတွေနဲ့ ဆေးလုံး အမျိုးမျိုးကို ပြင်ဆင်ထားပြီးပါပြီ”
ထိုအကြီးတန်းက ဦးညွှတ်ကာ ပြောလိုက်သည်။
“ချန်ကဲ သခင်ငယ် မလုံလောက်ဘူးလို့ ထင်ရင် ဘယ်အချိန်မဆို ကျွန်တော်တို့ကို ဆက်သွယ်နိုင်ပါတယ်၊ ကျွန်တော်တို့ အမြန်ဆုံး ပို့ဆောင်ပေးပါ့မယ်”
“ကျေးဇူးတင်ပါတယ်”
ထိုအကြီးတန်း ထွက်ခွာသွားပြီးနောက်။
စူးချန်ကဲသည် သူ့ရှေ့က ခန်းမကြီးကို ကြည့်လိုက်သည်။
၎င်းသည် ကျောက်စိမ်းရင်ပြင်ပေါ်တွင် တည်ရှိသော ခမ်းနားထည်ဝါသည့် နန်းဆောင်တစ်ခု ဖြစ်သည်။
တားမြစ်စူးမိသားစု ဆိုသည့်အတိုင်း ၊ တံခါးပိတ် ကျင့်ကြံအားထုတ်ရန် ပြုလုပ်ထားသော ခန်းမတစ်ခုမျှသာ ဖြစ်သော်လည်း ခမ်းနားထည်ဝါစွာ တည်ဆောက်ထားသည်။
နန်းဆောင်ပေါ်တွင် ထွင်းထုထားသော ပုံစံများသည် ရှေးကျကာ နက်နဲသည်။ ထောင်ပေါင်းများစွာသော မဟာလမ်းစဉ် စာလုံးများသည် မိုးမြေသဘောတရားများ ပါဝင်နေပုံရပြီး စုတ်ချက်တစ်ခုချင်းစီးတိုင်းက မြင့်မြတ်ပြီး သာမန်မဟုတ်သည့် ခံစားမှုကို ပေးစွမ်းနေသည်။
တိုကင်ပြားကို တံခါးကြီးပေါ်ရှိ အခေါင်းပေါက်ထဲသို့ ထည့်သွင်းပြီးနောက်တွင် ၊ ရှေးကျပြီး လေးလံသော ကျောက်စိမ်းတံခါးကြီးသည် အားတစ်ခု၏ ဆွဲငင်မှုကို ခံလိုက်ရသကဲ့သို့ အတွင်းဘက်သို့ ဖြည်းညင်းစွာ ပွင့်သွားသည်။
ခန်းမကြီးထဲတွင် လက်နက်ပစ္စည်း သွန်းလုပ်ရေး ပစ္စည်းများ၊ အမတရတနာများ နှင့် အဖိုးတန် ဆေးဝါးများ အပြည့်ရှိနေသည့်အပြင် ၊ နတ်ဘုရားသံသတ္တုဖြင့် ပြုလုပ်ထားသော အဆင့်မြင့် လက်နက်ပစ္စည်းသွန်းလုပ်ရေး ပစ္စည်းများ ၊ အဆင့်မြင့် ဆေးမီးဖိုများပင် ရှိသည်။
“ဒါက…..”
အတွင်းသို့ ခြေလှမ်းချလိုက်သည့် အခိုက်အတန့်မှာပင်၊ စူးချန်ကဲသည် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခုက အရပ်လေးမျက်နှာမှ ပျံ့နှံ့ထွက်ပေါ်လာကာ သူ့တစ်ကိုယ်လုံး ရစ်ပတ်သွားသည်ကို ခံစားလိုက်ရသည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ပင်ပန်းနွမ်းနယ်မှု အားလုံးသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး ၊ အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားဟန် ရသည်။
“မိုးနဲ့မြေကြားက အမတစွမ်းအင်တွေကို စုဆောင်းနိုင်တဲ့ မဟာလမ်းစဉ် အစီအရင်တစ်ခုကို ထည့်သွင်း တည်ဆောက်ထားတာပဲ….”
အကြောင်းရင်းကို သိရှိသွားသော စူးချန်ကဲသည် ခေါင်းခါကာ ရယ်မိလေတော့သည်။