လက်နက်များကို စတင်သွန်းလုပ်ခြင်း
Vol. 64 Ch. 840
ဤကဲ့သို့ သော မဟာလမ်းစဉ် အစီအရင်ကို တည်ဆောက်လိုပါက ၊ ကောင်းကင်နှင့်မြေကြီး၏ အဖိုးတန်ရတနာ အမြောက်အမြား လိုအပ်သည်။
ထို့အပြင်၊ ဤကဲ့သို့သော မဟာအစီအရင်များကို အခြေခံအားဖြင့် ဘိုးဘွားပိုင် နယ်မြေထဲတွင် ထားရှိကာ ဂိုဏ်း၏အကြီးအကဲများ ကျင့်ကြံမှုကို ချိုးဖျက်နိုင်ရန်အတွက် ကူညီပေးလေ့ရှိသည်။
သို့သော် မိမိ၏ တားမြစ်စူးမိသားစုသည် ဤကဲ့သို့သော မဟာအစီအရင်ကို ကျင့်ကြံခန်းမထဲတွင် တည်ဆောက်ထားသည်။
ဘယ်ထောင့်ကနေ ကြည့်ကြည့် ၊ မိမိ၏ မိသားစုသည် “ချမ်းသာကြွယ်ဝမှု”ကို အဆုံးစွန်ထိ ကျင့်သုံးနေဟန် ရသည် ။
ကျင့်ကြံခြင်းမပြုမီတွင် စူးချန်ကဲသည် နတ်ဘုရားလက်နက် အမတမျှော်စင်၏ မူလရင်းမြစ် အမွေအနှစ်ဖြစ်သော ကောင်းကင်ရတနာ ဖန်ဆင်းခြင်းအတတ်ကို ဦးစွာ သင်ယူရန် စီစဉ်လိုက်သည်။
အကြောင်းမှာ၊ မိမိ၏ ကောင်းကင်လမ်းစဉ် အာဏာစက်ဓား၊ ဓားဓားသေတ္တာကိုးလက်နှင့် ကောင်းကင်နှင့်မြေကြီး စစ်တုရင်ဘုတ်တို့ကို ထပ်မံ အဆင့်မြင့်တင်နိုင်ရန်အတွက် သူ့အနေဖြင့် ဤလက်နက်ပစ္စည်းသွန်းလုပ်ခြင်း နည်းလမ်းကို သေချာပေါက် သင်ယူရပေမည်။
စူးချန်ကဲသည် တွန့်ဆုတ်မနေတော့ဘဲ စနစ်ထံမှ ကောင်းကင်ရတနာ ဖန်ဆင်းခြင်းအတတ်ကို ထုတ်ယူလိုက်ပြီး၊ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို စတင် လည်ပတ်လိုက်သည်။
တစ်ဖက်တွင်။
စူးချန်ကဲ၏ တောင်းဆိုချက်အရ တားမြစ်စူးမိသားစုမှ လက်နက်ပစ္စည်း သွန်းလုပ်ခြင်းအတတ်ကို ကျွမ်းကျင်သော ဘိုးဘေးများသည် အားရှင်းကို ဝိုင်းရံထားကြသည်။
“ချန်ကဲ ပြောတဲ့အတိုင်း အားရှင်းလို့ခေါ်တဲ့ ဒီသံမဏိစက်ရုပ်က ကျောက်ဟွ အမတဧကရာဇ်မင်းရဲ့ ဘဝတစ်သက်တာလုံး ကြိုးစားအားထုတ်ပြီး ဖန်တီးထားတာပဲ….”
“ကျောက်ဟွ အမတဧကရာဇ်မင်းဟာ ငါတို့ အမတနယ်မြေရဲ့ လက်နက်ပစ္စည်း သွန်းလုပ်ခြင်း ထိပ်တန်းဆရာကြီးဆိုတဲ့အတိုင်းပဲ…. ဒီလို သံမဏိစက်ရုပ် သတ္တဝါတစ်ကောင်ကို ဖန်တီးနိုင်တာ အမတနယ်မြေတစ်ခုလုံး တစ်ခါမှ မကြားဖူးတဲ့အရာပဲ…..”
“အွန်း…ဒီမဟာလမ်းစဉ် အမှတ်အသားရဲ့ အစီအစဉ်တကျ တည်ဆောက်ပုံက …..ဒါ တကယ်ကို ရှားပါးတယ်လို့ ဆိုရမှာပဲ… ဒီလို ဆန့်ကျင်ဘက်လို့ ထင်ရတဲ့ ပုံစံနှစ်ခုကို ဘယ်လိုလုပ်ပြီးများ ပေါင်းစပ်နိုင်ခဲ့တာလဲ”
တားမြစ်စူးမိသားစုမှ ဘိုးဘေးများမှာ အံ့အားသင့်စွာဖြင့် ရှိနေကြပြီး တစ်ချိန်တည်းမှာပင် ခေါင်းရှုပ်သွားကြသည်။
စူးချန်ကဲ၏ စကားအရ ၊ အားရှင်းတွင် ချို့ယွင်းချက်များ ဖြစ်ပေါ်နေသဖြင့် ပြန်လည်ပြုပြင်ရန် လိုအပ်သည်ဟု ဆိုသည်။
သို့သော် မိမိတို့၏ စူးစမ်းလေ့လာမှုအရ ၊ အားရှင်း၏ ကိုယ်ခန္ဓာတွင် ရေးထွင်းထားသော မဟာလမ်းစဉ် အမှတ်အသားများနှင့် အမတစွမ်းအင်ပို့လွှတ်သည့် အချက်အချာနေရာတွင် မည်သည့်ထူးဆန်းမှုမှ မရှိချေ။
သူတို့၏ အမြင်တွင် အားရှင်းသည် ဆန္ဒအလျောက် အိပ်ပျော်သွားပြီး သူကိုယ်တိုင် ပြင်ပလောက၏ အရာအားလုံးကို ပိတ်ဆို့ထားခြင်းသာ ဖြစ်သည်။
ပြန်လည်နိုးထလာပြီး သခင် ထွက်ခွာသွားပြီဟူသော အမှန်တရားကို လက်ခံလိုက်ခြင်းထက်၊
အားရှင်းသည် မှတ်ဉာဏ်ထဲက သခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် မှီခိုကာ နစ်မြောနေလိုသည့် စိတ်ဆန္ဒက ပို၍ များပြားသည်။
ကျောက်ဟွ အမတဧကရာဇ်မင်းသည် အားရှင်းကို ဤလောကရှိ အရာတိုင်းကို ခံစားစေလိုသည်။
သို့သော် အားရှင်းမှာမူ ၊ ကျောက်ဟွ အမတဧကရာဇ်မင်းနှင့် ပတ်သတ်၍ သတိရလိုစိတ်က ပို၍ ပြင်းထန်သည်။
ကျောက်ဟွ အမတဧကရာဇ်မင်း ပြောခဲ့သလိုပင်။ မိမိ သွားပြီးနောက် အားရှင်းသည် မိမိအား မေ့ပျောက်သွားမည်ကို သူ မလိုလားပေ။
ထို့ကြောင့် ဤကဲ့သို့ သခင်နှင့် ပထမဆုံး ဆုံတွေ့ခဲ့သော အိပ်မက်ထဲတွင် ထာဝရ အိပ်ပျော်သွားခြင်းက အကောင်းဆုံး နိဂုံးသာ ဖြစ်ပေလိမ့်မည်။
………
စူးချန်ကဲသည် ကျင့်ကြံခြင်းတွင် အာရုံနစ်မြုပ်နေစဉ် ၊
ကြယ်များကဲ့သို့ တောက်ပနေသော ရွှေရောင် မှော်သင်္ကေတများသည် စူးချန်ကဲ၏ ဘေးပတ်ပတ်လည်တွင် ရစ်ဝဲနေကာ နတ်ဘုရားတစ်ပါးအလား အသွင်ဖော်ဆောင်နေသည်။
ထို့အပြင် တာအိုစည်းချက်များသည် သူ၏ ဦးနှောက်ထဲတွင် စဉ်ဆက်မပြတ် လှည့်လည်ထွက်ပေါ်နေသည်။
“မဟာလမ်းစဉ် ငါးဆယ်၊ ကောင်းကင်ဆင့်ကဲဖြစ်စဉ် လေးဆယ့်ကိုး၊ ဖန်တီးခြင်း တစ်ခု…..”
“ကောင်းကင်ကို အရည်ပျော်သတ္တုအဖြစ် ၊ မြေကြီးကို မီးဖိုအဖြစ် အသုံးပြုလျက် ၊ ကောင်းကင်ဆင့်ကဲဖြစ်စဉ်များ ဖြစ်စေကာ လောကကို ဖန်တီးမည်….”
သူ၏ ပတ်ဝန်းကျင်တွင် ရစ်ဝဲနေသော မှော်သင်္ကေတများ ပို၍ တောက်ပလာသည်နှင့်အမျှ၊ နက်နဲသော မဟာလမ်းစဉ်၏ တာအိုစည်းချက်များသည် မိုးကောင်းကင်အထက်မှ ကျဆင်းလာကာ ကြည်လင်ဖောက်ထွင်းမြင်ရသော မှော်သင်္ကေတ ပုံစံများအဖြစ် ပြောင်းလဲသွားသည်။
အထူးသဖြင့် မှိန်ဖျော့စွာ ထုတ်လွှတ်လိုက်သော ကြောက်ခမန်းလိလိ အရှိန်အဝါသည် အရာအားလုံးကို ထုလုပ်ဖန်တီးနိုင်သော အနှစ်သာရများ ပါဝင်နေပုံရသည်။
………
အချိန် မည်မျှ ကုန်ဆုံးသွားသည်ကိုပင် မသိတော့ချေ။
စူးချန်ကဲသည် တစ်စုံတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
သူ၏ မျက်လုံးများကို ဖွင့်ကာ လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။
ဝီ !!
သူ၏ လက်ဖဝါးကို ဗဟိုပြု၍ လေဟာပြင်ထဲ၌ အထူး မှော်သင်္ကေတများဖြင့် ဖန်တီးထားသော အစီအရင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအစီအရင် တစ်ခုလုံးသည် တောက်ပသော အလင်းများကို ထုတ်လွှတ်နေကော အချိန်အားလျော်စွာ မှိန်လိုက် တောက်လိုက် ဖြစ်နေသည်။
သေချာကြည့်မည်ဆိုပါက ၊ အဆိုပါ အစီအရင်တစ်ခုလုံးသည် ပြင်းထန်စွာ လောင်မြိုက်နေသော ဗလာမီးလျှံ အစုအဝေးများဖြင့် ဖွဲ့စည်းထားပုံရသည်။
ထို့နောက် စူးချန်ကဲသည် သူ့လက်ကို ဖိချလိုက်သည်နှင့်၊
ဝုန်း !!
သူ၏ လက်ဖဝါးထဲတွင် ဆိုင်းငံ့နေသော မီးလျှံအစီအရင်သည် နတ်ဘုရားစွမ်းအားတစ်ခု ထည့်သွင်းခံလိုက်ရသကဲ့သို့ မြေကြီးပေါ်သို့ အလိုအလျောက် ပျံ့နှံ့သွားသည်။
ခဏလေးအတွင်းတွင် မဟာလမ်းစဉ်၏ တောင်လောက်နေသော မီးတောက်များသည် ဤနေရာရှိ တစ်ခုလုံးကို လောင်ကျွမ်းသွားစေသည်။
အလွန်မြင့်မားသော အပူချိန်သည် ဟင်းလင်းပြင်ကိုပင် အနည်းငယ် ရွဲ့စောင်းသွားစေပြီး ၊ ခန်းမထဲတွင် ရေးထွင်းထားသော အစီအရင်များကိုပင် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားစေကာ အချိန်မရွေး ပြိုလဲသွားနိုင်သည့်ပုံပေါက်သည်။
သို့သော် လူကို ကြောက်ရွံ့စေသည့် အချက်မှာ ဤနတ်ဘုရားမီးတောက်အတွင်း၌ ရှိနေသော စူးချန်ကဲသည် အနည်းငယ်မျှ သက်ရောက်မှု မရှိသကဲ့သို့ မည်သည့် ခံစားချက်မျှ မရှိဘဲ ရှိနေခြင်းပင်။
သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရုံဖြင့် ၊ မူလက တဟုန်းဟုန်း တောက်လောက်နေသော မဟာလမ်းစဉ် မီးတောက်သည် ချက်ချင်းပင် ဆုတ်ခွာသွားပြီး ပူပြင်းသော အပူလှိုင်းများပင် လုံးဝ ပျောက်ကွယ်သွားသည်။
“ နည်းစနစ်ဖြင့် အစီအရင်ကို ရေးထွင်းပြီး… လမ်းစဉ်ကို မီးလျှံအဖြစ် ပြောင်းလဲတယ်…”
“ဒီ ကောင်းကင်ရတနာ ဖန်ဆင်းခြင်းအတတ်ကို ကျင့်ကြံရင်းနဲ့ လမ်းစဉ်မီးလျှံကို ထိန်းချုပ်နိုင်တဲ့ စွမ်းအား ရလာလိမ့်မယ်လို့ ထင်မထားဘူး…. ဒါ မျှော်လင့်မထားတဲ့ အကျိုးကျေးဇူးပဲ “
“ယခု နောက်တစ်ဆင့်ကို ဆက်သွားနိုင်ပြီ”
ထို့နောက် စူးချန်ကဲသည် ကျောက်ဟွ အမတဧကရာဇ်မင်း ပေးခဲ့သော အာကာသသိုလှောင် လက်စွပ်ကို ထုတ်ယူလိုက်သည်။
အတွေးတစ်ချက် လှုံ့ဆော်လိုက်ရုံဖြင့် ၊ အာကာသလက်စွပ်မှ တောင်လိုစုပုံနေသော နတ်ဘုရားကျောက်သံသတ္တုများ ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်ရတနာ ဖန်ဆင်းခြင်းအတတ်ကို သိရှိနားလည်ပြီးနောက်တွင် စူးချန်ကဲသည် လက်နက်ပစ္စည်း သွန်းလုပ်ခြင်း၏ အခြေခံ အချက်အလက်များကို သဘာဝအတိုင်း ကျွမ်းကျင်လာခဲ့သည်။
ဤအခိုက်အတန့်တွင်၊ စူးချန်ကဲသည် ယခင်က အမည်မသိသော အမတကျောက်သံ သတ္တုများ၏ အမည်နှင့် အသုံးဝင်ပုံများကို သိရှိသွားခဲ့ပြီ ဖြစ်သည်။
“ဟုန်ယွမ် သန့်စင်သတ္တုကျောက်က…. အမတလက်နက်ကို ပြန်လည် သန့်စင်ဖို့ အဆင့်မြင့် ကုန်ကြမ်းပဲ…”
“ဒီကောင်းကင်အလွန် နတ်သံသတ္တုကလည်း သာမန်ပစ္စည်း မဟုတ်ဘူး…. အလေးချိန် ၁၀၀ကီလိုဂရမ်နီးပါး .. ဒါဆို လုံလောက်ပြီ ထင်တယ် ….”
အခြေအနေကို ဆန်းစစ်ပြီးနောက်၊
စူးချန်ကဲ၏ စိတ်ထဲတွင် ပို၍ပင် ထိတ်လန့်လာသည်။
ဤကုန်ကြမ်းများသည် ယခုခေတ် အမတနယ်မြေ၌ပင် အလွန်ရှားပါးပြီး ၊ အများစုမှာ ထိုခေတ်က အထူးထုတ်ကုန်များပင် ဖြစ်သည်။