← Chapters

အခန်း (၁၆၁-၁၆၂)

Vol. 17 Ch. 161-162

အခန်း (၁၆၁-၁၆၂)

Vol. 17 Ch. 161-162

အပိုင်း ၁၆၁

"အာရပ်ကမ္ဘာမှာ ကျောက်စိမ်းနဲ့ စိန်တွေစီထားတဲ့ ဖုန်းတွေ ထုတ်ဖို့ဆိုတာ တကယ်ကို စိတ်ကူးကောင်းပဲဗျ။"

​ကျန်းဖန်ရဲ့ အဆိုပြုချက်ကို နားထောင်ရင်း လင်းဖန် ပြုံးလိုက်မိသည်။ ဒူဘိုင်းက သူဌေးတွေက ပိုက်ဆံထက် ဂုဏ်ပကာသနကို ပိုမက်မောကြတာ လူတိုင်းအသိပဲမဟုတ်လား။

Patek Philippe နာရီတွေလိုမျိုး ဖုန်းလောကမှာလည်း ဇိမ်ခံပစ္စည်း (Luxury) အဖြစ် ရပ်တည်နိုင်ရင် လုံထန်ရဲ့ အဆင့်အတန်းက နောက်တစ်ဆင့် တက်သွားမှာ အသေအချာပါပဲ။

​".. အင်္ဂလိပ်စာ Version (British English) Kaitian ONE တွေကို အရင်ပို့ကြည့်လိုက်ပါ အာရပ်သူဌေးတွေက အမေရိကန်ကို သိပ်မကြည်ပေမဲ့ ဗြိတိန်ယဉ်ကျေးမှုနဲ့ ဘာသာစကားကိုတော့ ရင်းနှီးပြီးသားပဲ ဒူဘိုင်းမှာ Flagship Store ဖွင့်ဖို့ လုပ်ထုံးလုပ်နည်းတွေကို သူတို့ကတစ်ဆင့် အကူအညီတောင်းကြည့်ပေါ့"

လင်းဖန်က လမ်းညွှန်လိုက်သည်။

​တကယ်တော့ ကမ္ဘာ့ထိပ်တန်း မိသားစုကြီးတွေဟာ ဗြိတိသျှ အင်္ဂလိပ်စာကို ပိုပြီး အလေးထားကြတာပါ။ ရာစုနှစ်ပေါင်းများစွာ ကမ္ဘာကို လွှမ်းမိုးခဲ့တဲ့ အရှိန်အဝါက အခုထိ ရှိနေတုန်းပဲလေ။ လုံထန်ရဲ့ ၁၀၀ ရာခိုင်နှုန်း သတ္တုကိုယ်ထည်ကိုမှ ရွှေဖြူ၊ ပလက်တီနမ်တို့နဲ့ အစားထိုးလိုက်ရင်တော့ ဒူဘိုင်းသူဌေးတွေ အကြိုက်တွေ့မှာ မြေကြီးလက်ခတ်မလွဲပါပဲ။

​စကားပြောနေစဉ်မှာပဲ မိုရှင်းယာ ဝင်လာပြီး ဧည့်သည်သုံးဦး ရောက်နေကြောင်း သတင်းပို့လာသည်။

​"ကျန်းဖန်... ခင်ဗျားအရင်သွားပြီး ကိစ္စတွေကို စီစဉ်လိုက်ပါ ရှင်းယာ... သူတို့ကို အထဲဖိတ်လိုက်ပါ"

​ရောက်လာတဲ့သူတွေကတော့ သာမန်လူတွေမဟုတ်ပေ။ ဟောင်ကောင် ဆက်သွယ်ရေးဘုရင် လီကျဲခိုင်၊ E-commerce လောကရဲ့ လူကြမ်းမင်းသား လျူယွီတုန်နဲ့ Penguin အင်ပါယာရဲ့ အရှင်သခင် မာဟွာထန် တို့သာ ဖြစ်သည်။

သူတို့ သုံးယောက်လုံး တစ်ပြိုင်တည်း ရောက်လာတာက လုံထန်ရုံးချုပ်ကိုတောင် ပိုပြီး တောက်ပသွားစေသလိုပင်။

​လျူယွီတုန်ကို ကြည့်ပြီး လင်းဖန် လေးစားမိသည်။ သူက တကယ့် လယ်သမားမျိုးရိုးကနေ တက်လာပြီး လက်တွေ့ကျကျ စီးပွားရေးလုပ်ငန်းတွေကို ဖော်ဆောင်ပေးနေသူပါ။ မာဟွာထန်ကတော့ ပြောစရာမလိုအောင် လူငယ်မျိုးဆက်ပေါင်းများစွာရဲ့ လူမှုဘဝကို Q.Q တို့ Weixun တို့နဲ့ ပြောင်းလဲပေးခဲ့သူဖြစ်သည်။

​"ဟားဟား အကိုတို့ သုံးယောက်လုံး အလုပ်တွေ ဒီလောက်များတာကို ဘယ်လိုဖြစ်ပြီး ကျွန်တော့်ဆီ အတူတူ ရောက်လာကြတာလဲ"

ဆယ်မိနစ်လောက်အကြာမှာ သူတို့ကို မြင်တော့ လင်းဖန်က ပြုံးရင်း ကြိုဆိုလိုက်သည်။

​မာဟွာထန်နဲ့ လျူယွိတုန်တို့ကတော့ ချက်ချင်းစကားမပြောသေးဘဲ လုံထန်ရဲ့ ဧရာမရုံးချုပ်ကြီးကို အံ့သြတကြီး လှည့်ကြည့်နေကြသည်။

ဧကပေါင်း ထောင်ချီကျယ်ဝန်းတဲ့ ဒီဝန်းကြီး၊ အထပ် ၁၀၀ နီးပါး မြင့်တဲ့ အဆောက်အအုံကြီးနဲ့ သုတေသန စင်တာတွေဟာ မြို့ငယ်လေးတစ်ခုလိုပါပဲ။

​"တောက်... မင်း ဘာလို့ ကျင်းလင်ကို ရွေးခဲ့လဲဆိုတာ ငါ အခုမှ သိတော့တယ်"

မာဟွာထန်က စနောက်သလို ပြောလိုက်သည်။

​"ဟုတ်ပကွာ၊ ငါသာဆိုရင်လည်း ဒီနေရာကိုပဲ ရွေးမှာ"

လျူယွိတုန်ကလည်း အလေးအနက် ထောက်ခံလာသည်။

​လင်းဖန်ကတော့ ခါးသက်သက် ပြုံးရင်း

"အကိုတို့ကလည်း ကျွန်တော့်ကို မနောက်ပါနဲ့၊ ကျွန်တော်က လူမမည်လေး တစ်ယောက်ပါ"

လင်းဖန်က ထိုသို့နှိမ့်ချပြောလိုက်ပေမဲ့၊ မာဟွာထန်တို့ကတော့ ဒါကို လက်မခံချင်ပေ။ သူတို့အတွက် လင်းဖန်ဟာ ဥက္ကဋ္ဌ တစ်ဦးတင်မကဘဲ လုံထန်ရဲ့ ဝိညာဉ်ဖြစ်တဲ့ သိပ္ပံပညာရှင်ကြီး တစ်ဦး ဖြစ်နေလို့ပါ။

​..........................................................

အပိုင်း ၁၆၂

"ကျွန်တော်တို့ရဲ့ ရုံးချုပ်ကြီးကို လာကြည့်ရုံသက်သက်နဲ့တော့ အကိုတို့ သုံးယောက်လုံး ဒီလောက်ထိ လူစုံတက်စုံ ရောက်လာကြမယ် မထင်ဘူးနော်"

​လင်းဖန်က ပြုံးစစဖြင့် စကားလမ်းကြောင်း လွှဲလိုက်သည်။ တကယ်တော့ သူ့စိတ်ထဲမှာ သူကိုယ်တိုင်က ထူးခြားလှတယ်လို့ မခံစားရပေမဲ့၊ တရုတ်နိုင်ငံရဲ့ နည်းပညာကဏ္ဍမှာတော့ သူဟာ မရှိမဖြစ်လူသား ဖြစ်နေသည်။

Nirvana ဖုန်းတွေနဲ့ တန်ရွမ်စနစ်ဆိုတာ နိုင်ငံတကာက Apple နဲ့ Android တို့ကို ယှဉ်ပြိုင်နိုင်တဲ့အထိ တရုတ်တို့ရဲ့ ဂုဏ်ဆောင် ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့ပြီမဟုတ်လား။

​ဒီတစ်ခေါက်မှာတော့ အရင်က မိတ်ဖက်နှစ်ဦးအပြင် ဟောင်ကောင်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် လီကျားချန်းရဲ့ ကိုယ်စားလှယ်အဖြစ် လီကျဲခိုင်ပါ ပါဝင်လာတာကြောင့် အခြေအနေက ပိုပြီး လေးနက်သွားသည်။

​"ဥက္ကဋ္ဌလင်း... ကျွန်တော့်ဖခင်ကိုယ်စား ကျွန်တော် သဘောတူပါတယ် လီမိသားစုအနေနဲ့ ဒီစီမံကိန်းမှာ ၁၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံဖို့ အသင့်ပါပဲ"

လီကျဲခိုင်က တုန့်ဆိုင်းမနေဘဲ ချက်ချင်းဆိုသည်။

​မာဟွာထန်ကလည်း လင်းဖန်ကို အားမလိုအားမရ ကြည့်ရင်း

"လင်းညီလေး... အခြေအနေတွေက ဒီအထိ ရောက်နေပြီဆိုတော့ မစောင့်သင့်တော့ဘူး မဟုတ်လား"

ဟု မေးလိုက်သည်။

Penguin Group အတွက် ကျိဖုပေါင်ဆိုတာ သူတို့ရဲ့ လူမှုကွန်ရက်လုပ်ငန်းစုကြီးကို ကမ္ဘာပတ်စေမယ့် တွန်းအားတစ်ခုပါ။ လက်ရှိမှာ Penguin ရဲ့ ငွေပေးချေမှုစနစ်နဲ့ Jindong တို့ဟာ အဆင်သင့် ပေါင်းစည်းပြီးနေပါပြီ။

ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ကျိဖုပေါင်ဟာ တရုတ်ပြည်ရဲ့ ဒုတိယအကြီးဆုံး ငွေပေးချေမှုစနစ် ဖြစ်လာမှာပါ။

​လျူယွီတုန်ကလည်း

"ဟုတ်တယ် လင်းညီလေး၊ အချိန်ဆွဲနေရင် ပြည်တွင်းမှာ ကျိဖုပေါင်ကို အကောင်အထည်ဖော်ဖို့ ပိုခက်သွားလိမ့်မယ် အခု ဟောင်ကောင်သားတွေက mainland ကလူတွေလိုပဲ အဆင်ပြေပြေ ငွေပေးချေချင်နေကြပြီ"

ဟု ထောက်ခံလိုက်သည်။

​လင်းဖန်က သူတို့သုံးဦးကို သေချာကြည့်ပြီးနောက် တည်ငြိမ်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။

- "အားလုံးက မစောင့်နိုင်တော့ဘူးဆိုရင်တော့ ကျွန်တော် အတည်ပြုချက်ပေးပါရစေ နောက်တစ်ပတ်ကျရင် ဟောင်ကောင်က လုံထန်ဘဏ်ခွဲမှာ ကျိဖုပေါင်ကို တရားဝင်စတင်ကြောင်း ကြေညာပါမယ် အဲဒီအချိန်ကျရင် စိတ်ဝင်စားတဲ့သူတွေ လာရောက် ဝယ်ယူနိုင်ပါပြီ။"

​"ဥက္ကဋ္ဌလီ... ဟောင်ကောင်ဘက်က လူတွေနဲ့ ဆက်သွယ်ဖို့ တာဝန်ယူပေးပါ ပြည်တွင်းကိစ္စကိုတော့ အကိုမာနဲ့ အကိုလျိုတို့ပဲ စီစဉ်ပေးကြပါ"

​ဒီစကားကို ကြားလိုက်ရတဲ့အခါ သူတို့သုံးဦးစလုံးရဲ့ မျက်နှာမှာ အပြုံးတွေ ဝေဆာသွားရသည်။ အရင်က ၁ ဘီလီယံပေးတုန်းက ငြင်းခဲ့တဲ့သူတွေဟာ အခု ၃ ဘီလီယံပေးရမယ်ဆိုရင်တောင် သွားကြိတ်ပြီး ဝယ်ကြမှာ အသေအချာပါပဲ။ ဘာလို့လဲဆိုတော့ ဒါဟာ အရှုံးမရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း အားလုံး သိနေကြလို့ပါ။

​အလုပ်ကိစ္စတွေ ပြီးသွားတဲ့အခါမှာတော့ လျိုယိတုန်းက စနောက်လာသည်။

- "ဟား လင်းညီလေး... မင်းရဲ့ Kaitian ONE ကတော့ ဈေးကွက်မှာ တကယ်ကို ပွဲဆူနေတာပဲနော် Jindong Mall တစ်ခုတည်းကတင် ၅ သန်းကျော် ရောင်းလိုက်ရတယ်။"

​မာဟွာထန်ကလည်း ဝင်နောက်သည်။

- "ဒါက သာမန်ရောင်းတာ မဟုတ်ဘူး၊ 'ရက်စက်တဲ့ လုပ်ကွက်' တစ်ခုလို့ ခင်ဗျားနထင်ဘူးလား Apple ကိုပဲ ပစ်မှတ်ထားတာ မဟုတ်ဘဲ ပြည်တွင်းက တခြားထုတ်လုပ်သူတွေကိုပါ ဈေးကွက်ထဲကနေ ကန်ထုတ်လိုက်သလို ဖြစ်နေတာ လူတွေကတော့ မင်းကို မနာလိုဖြစ်ပြီး သေတော့မှာပဲ! ဟားဟား"

​လင်းဖန်က ခေါင်းခါရင်း

"အကိုတို့ကလည်း... တစ်ကမ္ဘာလုံးက တစ်နှစ်ကို သန်း ၁၄၀ ကျော် ရောင်းရတာကို ကျွန်တော်က သန်းအနည်းငယ်ပဲ ရောင်းရသေးတာပါ။ ဘာမှ မဖြစ်ပါဘူး"

ဟု ဆိုသော်လည်း၊ လီကျဲခိုင်ကမူ

"မနည်းပါဘူးဗျာ၊ ဟောင်ကောင်မှာဆို ၁၀ ယောက်မှာ ၉ ယောက်က Kaitian ONE ကို ကိုင်နေကြတာ လုံထန်ဆိုရင် အကောင်းဆုံးပဲလို့ လူတွေက အာမခံနေကြပြီ"

ချီးကျူးလိုက်သည်။

All Chapters